← Chapters

အခန်း (၉၅)

Vol. 8 Ch. 95

အခန်း (၉၅)

Vol. 8 Ch. 95

ရှောင်ကျန်းသည် ဖခင် သေဆုံးပြီးမှ မွေးဖွားလာသည့် ကလေးဖြစ်သည်။ သူမ မမွေးဖွားမီ သူမ၏ ဖခင်သည် မတော်တဆမှုဖြင့် ဆုံးပါးသွားခဲ့ပြီး မိခင်မှာလည်း သူမကို မီးဖွားရင်း သေဆုံးခဲ့ရသဖြင့် မောင်နှမနှစ်ဦးနှင့် အဘိုးကြီးသာ ကျန်ရစ်ခဲ့သည်။

ထိုစဉ်က အသက်ငါးဆယ်ကျော်၊ ရာထူးကြီးသော အဘိုးကုသည် သူတို့ကို အမြဲတမ်း ဂရုမစိုက်နိုင်ခဲ့သဖြင့် ရှောင်ပင်းက အစ်ကိုတစ်ယောက်၏ တာဝန်ကို ယူခဲ့ပြီး ညီမဖြစ်သူအတွက် အရာအားလုံးကို ပြင်ဆင်ပေးခဲ့သည်။

ငယ်စဉ်ကတည်းက ညီမကို ဂရုစိုက်ခဲ့ရသောကြောင့် ရှောင်ပင်းသည် အလွန်နူးညံ့သိမ်မွေ့သူ ဖြစ်သည်။ သူတို့ အပြင်ထွက်ကစားသောအခါ သူသည် ရှောင်ကျန်းကို ခြင်းတောင်းလေး တစ်ခုထဲ ထည့်၍ ထမ်းပိုးထားလေ့ရှိသည်။

ကျိသော်၏ မျက်လုံးများတွင် လွမ်းဆွတ်မှုများ ပေါ်လာတော့သည်။ ပစ္စည်းကို စစ်ဆေးပြီးနောက် သူက ကောယန်၏ အဒေါ်ထံ ပြန်ပေးလိုက်သည်။

"ဒီအကြောင်း ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်။"

ကောယန်၏ အဒေါ်သည် ဤစကားကို ကြားသောအခါ မျက်ရည်များ စီးကျလာ၏။ "ကျွန်မ ဘာမှ မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ ကလေးမရဲ့ မိသားစုအခြေအနေအရ၊ သူ့ကို ပြုစုပျိုးထောင်ခဲ့တဲ့ သူ့အဘိုးကို စိတ်မချမ်းမသာနဲ့ သေဆုံးသွားရအောင် ကျွန်မ မလုပ်ရက်ပါဘူး။"

သူမက မသိဘူးဟုသာ အတင်းအကျပ် ငြင်းဆိုနေခဲ့ပါက ကျိသော်နှင့် လင်းချောင်တို့သည် ကြိုးစားအားထုတ်ကာ ဆက်စုံစမ်းရဖွယ်ရှိပြီး ဘာရလဒ်မှမရရှိဘဲ ဖြစ်နေနိုင်သည်။

ကောယန်၏အဒေါ်သည် ကြင်နာတတ်သူ ဖြစ်သည်။ ထိုသ်ို့မဟုတ်ပါက သူမသည် ထိုမိန်းကလေးကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးခြင်း၊ ပညာသင်ကြားပေးခြင်းနှင့် ကောလိပ်သို့ ပို့ပေးခြင်းတို့ကိုပင် ပြုလုပ်ခဲ့မည် မဟုတ်ပေ။

"ဒါကို ပြန်ယူသွားပြီး အဘိုးကြီးကို ပြလိုက်ပါ။"

သူမက မျက်နှာကိုသုတ်ကာ ခုတင်ပေါ်တွင် လေးလံစွာ ထိုင်ချလိုက်သည်။

"ကျွန်မ ဇာတိရွာကနေ အပြန်လမ်းမှာ ရှောင်ဟွာကို တွေ့ခဲ့တာပါ။ ဇူလိုင်လလောက်ကပေါ့။ ကျွန်မ ယောက္ခမ အပြင်းအထန် ဖျားနေလို့ ပြန်လာဖို့အတွက် ကြေးနန်း ရခဲ့တာ။ အဲ့ဒီတုန်းက ကျွန်မ ပြန်မသွားချင်ခဲ့ဘူး..."

သူမသည် မကြာသေးမီကပင် ပြင်းထန်သောအဖျားကြောင့် သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရသည်။ အပြင်လောကသည်လည်း ရှုပ်ထွေးနေပြီး ဆေးရုံများတွင် အတွေ့အကြုံမရှိသေးသော လူငယ်များသာ ရှိသည်။ မည်သူကမှ သူမ၏ ရင်ခွင်ထဲတွင် သေဆုံးသွားသော ကလေးကို မကယ်တင်နိုင်ခဲ့ပေ။ သူတို့တွင် သမီးလေးတစ်ယောက်တည်းသာ ရှိခဲ့ရာ သူမ၏ကမ္ဘာကြီး ပျက်စီးသွားသလို ခံစားခဲ့ရသည်။ သို့သော် ယောက္ခမ အပြင်းအထန် ဖျားနေသဖြင့် ပြန်လာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။

"ကံမကောင်းရင် ရေအေးသောက်တာတောင် သွားမှာညပ်တတ်တယ်လေ။ ဘတ်စ်ကားက ခရီးမရောက်ခင် ပျက်သွားပြီး ပြင်လို့မရတော့ဘူး။ ယာဉ်မောင်းက သိပ်မဝေးတော့ဘူးဆိုပြီး လမ်းလျှောက်ဖို့ ပြောခဲ့တယ်။ ကျွန်မ ပိုပြီး စိတ်မကောင်းဖြစ်လာပြီး လမ်းလျှောက်ရင်း ငိုနေခဲ့ရာက မတော်တဆ လမ်းမှား ဝင်သွားမိတယ်။ အဲ့ဒီမှာ ရှောင်ဟွာကို တွေ့ခဲ့တာ။"

ထိုကလေးမသည် တောင်ပေါ်မှပြုတ်ကျခဲ့ပုံရပြီး အင်္ကျီနှင့်ဘောင်းဘီများ စုတ်ပြဲနေကာ ဖိနပ်တစ်ဖက် ပျောက်နေပြီး ခေါင်းတွင်လည်း ဒဏ်ရာရထားသည်။

"ပထမတော့ ကျွန်မက သူမကို သေပြီလို့ ထင်ခဲ့တာ။ ခေါင်းက သွေးတွေက တစ်ဝက်လောက် ခဲနေပြီ။ ဒါပေမဲ့ ထိကြည့်လိုက်တော့ အသက်ရှူနေတုန်းပဲ။ ဒါနဲ့ ကျွန်မ သူ့ကို ပွေ့ချီပြီး မြို့ထဲကို ခေါ်သွားခဲ့တယ်။"

တောင်ပေါ်လမ်းကို လျှောက်ရသည်ကပင် အမျိုးသမီးတစ်ဦးအတွက် ခက်ခဲနေချိန်တွင် အသက်ရှစ်နှစ် သို့မဟုတ် ကိုးနှစ်ခန့်ရှိ ကလေးတစ်ဦးကို ထမ်းပိုးရသည်မှာ ပို၍ပင် ခက်ခဲလိမ့်မည်။ သူမသည် မြို့ထဲတွင် ယုံကြည်စိတ်ချရသော ဆရာဝန်ကို ရှာမတွေ့ခဲ့သဖြင့် ဒေသခံ တ်ိုင်းရင်းဆေးဆရာတစ်ဦးကသာ ကလေးကို ဆေးမြစ်များဖြင့် ကုသပေးခဲ့ရသည်။

"ကျွန်မ မြို့ထဲမှာ နှစ်ရက်လောက်စောင့်ပြီး ကလေး ပျောက်ဆုံးသွားတဲ့သူ ရှိမရှိ ပတ်ပတ်လည် မေးကြည့်ခဲ့တယ်။ ဘယ်သူကမှ မရှိဘူးတဲ့။ သူမကလည်း နိုးလာတဲ့အခါ ဘာမှ မသိတော့ဘူး။ ကျွန်မလည်း ယောက္ခမက မစောင့်နိုင်တော့မှာ စိုးရိမ်တာနဲ့ သူမကို ပြန်ခေါ်လာခဲ့တယ်။ သူမက ကျွန်မကလေးနဲ့ အရမ်းတူနေလို့ ကိုယ့်သမီးအရင်းလို မွေးစားခဲ့တာ။"

သူမ ခေတ္တရပ်နားပြီး ကျိသော်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။

"ကလေး ပျောက်သွားတုန်းက ရှင်တို့ လိုက်မရှာဘူးလား။ သူမကိုယ်ပေါ်မှာ အညိုအမည်းစွဲ ဒဏ်ရာတွေ ကျွန်မ တွေ့ခဲ့တယ်။"

သူမသာ အညိုအမည်းစွဲ ဒဏ်ရာများကို မမြင်ခဲ့ရဘူးဘဲ ကလေးကို ဘယ်သူမှ လိုက်မရှာခဲ့ဘူးဆိုလျှင်၊ ကလေးက စွန့်ပစ်ခံရသည်ဟု ယူဆပြီး ခေါ်ယူခဲ့မိမည် မဟုတ်ပေ။

ကျိသော်၏ မျက်နှာအမူအရာသည် မှောင်မိုက်သွား၏။ "သူမမှာ အညိုအမည်းစွဲဒဏ်ရာတွေ ရှိနေခဲ့တာ သေချာရဲ့လား?"

အသက် လေးဆယ်မှ ငါးဆယ်ကြားရှိသော ကောယန်၏ အဒေါ်သည် စကားထစ်အစွာဖြင့် ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်၊ အဝတ်အစားတွေအောက်မှာ ရှိနေတာ။ သူမကို အဝတ်အစားတွေ လဲပေးတုန်းက ကျွန်မ တွေ့ခဲ့ရတာ။"

လင်းချောင်သည် ကျိသော် ဘာကြောင့် စိတ်မကောင်းဖြစ်နေသည်ကို နားလည်လိုက်၏။ အဘိုးကုနှင့် ကုရှောင်ပင်းတို့သည် ရှောင်ကျန်းကို ချစ်ခင်ကြသည့်အတွက် တစ်စုံတစ်ယောက်က ထိုဒဏ်ရာများရအောင် သေချာပေါက် ရိုက်နှက်ခဲ့ခြင်း ဖြစ်မည်။ သူမက ထိုသူ၏ လက်ကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်၏။ ယခုတစ်ကြိမ်တွင် သူမ လက်ကို ပြန်မရုပ်ရသေးမီမှာပဲ သူက သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ထိုနွေးထွေးမှုကို အသုံးပြုကာ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ခဲ့သည်။

"သူမ ပျောက်ဆုံးသွားပြီး ရက်အနည်းငယ်အကြာမှာပဲ သူမအစ်ကိုက တောင်ပေါ်မှာ မတော်တဆမှုဖြစ်သွားခဲ့ပြီး၊ သူမအဘိုးကလည်း အလုပ်သမားပြုပြင်ရေး လုပ်နေရတုန်း ဆိုးဆိုးရွားရွား ဖျားနာခဲ့ရတယ်။"

ဤအကြောင်းကို ကြားသောအခါ ကောယန်၏အဒေါ် နားလည်လိုက်သည်။ ကုမိသားစုသည် ကံဆိုးမိုးမှောင် ကျရောက်ခဲ့ပြီး အဘိုးကုသည်လည်း ခက်ခဲသော အခြေအနေတွင် ရှိနေခဲ့ရာ ကလေးကို ရှာဖွေရန် မတတ်နိုင်ခဲ့ပေ။ သူမ သက်ပြင်းချလိုက်သည်။

ထိုသက်ပြင်းချသံထဲမှ ဝန်ထုပ်ဝန်ပိုးကို ထိုနေရာတွင် ရှိနေသူတိုင်း ခံစားလိုက်ရသည်။ ရှောင်ကျန်းသည် ကြင်နာတတ်သောသူများနှင့် တွေ့ဆုံရခြင်းမှာ တယ်ကို ကံကောင်းသည်။ ထိုသို့သာ မဟုတ်ခဲ့ပါက၊ သို့မဟုတ် ပိုဆိုးသည်မှာ၊ လူဆိုးများနှင့်သာ တွေ့ဆုံခဲ့ပြီဆိုပါက ဘယ်လို ဖြစ်သွားမည်လဲ။

တိတ်ဆိတ်မှုထဲတွင် ကောယန်၏ အဒေါ်သည် ကျိသော်ကို ကြည့်လိုက်ပြီးနောက် လင်းချောင်ကို ကြည့်ကာ စကားပြောရန် တုံ့ဆိုင်းနေခဲ့သည်။

"ပြောစရာရှိရင် ဆက်ပြောပါ။"

လင်းချောင်က ရိုးသားစွာ အားပေးလိုက်သည်။

"အဒေါ် ဒီနေ့ ဒီအကြောင်းကို မျှဝေပေးခဲ့တဲ့အတွက် ကျွန်မတို့ရော၊ အဘိုးကပါ တကယ်ကိုကျေးဇူးတင်မိပါတယ်။"

စိတ်တည်ငြိမ်သွားပြီဖြစ်သော ကျိသော်က ထပ်ဖြည့်ပြောလ်ိုက်သည်။

"သူမရဲ့ အဘိုးအတွက် တစ်ခုခု မှာချင်တာရှိတယ်ဆိုရင် ကျွန်တော် ဆက်သွယ်ပေးလို့ရပါတယ်။"

သူမက အားမရှိသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။ "ရှင်တို့ သိတဲ့အတိုင်းပဲ၊ ကျွန်မတို့က ရှောင်ဟွာကို ကိုယ့်သမီးအရင်းလိုပဲ အမြဲ ဆက်ဆံခဲ့တာ။"

လင်းချောင် ချက်ချင်း နားလည်လိုက်သည်။ သူမသည် ရှောင်ကျန်းကို သူမ၏ မိသားစုအရင်းနှင့် ပြန်လည် ဆက်သွယ်စေလိုခြင်း မရှိသေးပေ။

ကောယန်၏ အဒေါ်က ဆက်ပြောလိုက်သည်။ "ကျွန်မတို့ သူမကို ဒီအကြောင်း တစ်ခါမှ မပြောဖူးဘူး။ ကျွန်မနဲ့ ကျွန်မယောက်ျားမှာ ဒီသမီးလေး တစ်ယောက်ပဲ ရှိတာပါ။ ရှင်တို့... ခဏလောက် စောင့်ပေးလို့ မရဘူးလား။"

သူမက လျင်မြန်စွာ ရှင်းပြလိုက်သည်။ "သူမအဘိုးက သူမကို အသိအမှတ်ပြုတာကို မလိုချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါက ရုတ်တရက်ကြီး ဖြစ်လာတာမို့လို့ပါ။ ကျွန်မတို့လည်း ပြင်ဆင်ဖို့ အချိန်လိုပါတယ်။"

ကျိသော် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ကောယန်၏ အဒေါ်ကို တည့်တည့်ကြည့်လိုက်သည်။ "ကျွန်တော် သူ့ကို ပြောပြလိုက်ပါ့မယ်။ ဘာပဲဖြစ်ဖြစ်၊ ဒီနေ့အတွက်နဲ့ ဒီနှစ်တွေအားလုံးအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။"

ဤစကားက ကောယန်၏ အဒေါ်ကို မျက်ရည်ကျစေခဲ့သည်။ "ကျေးဇူးတင်ရအောင် ကျွန်မက သူမကို မွေးခဲ့တာ မဟုတ်ပါဘူး။ သူမသာ မရှိခဲ့ရင် ဒီနှစ်တွေကို ဘယ်လို ဖြတ်သန်းရမယ်ဆိုတာ ကျွန်မတို့ သိမှာမဟုတ်ဘူး။"

ကလေးတစ်ယောက် ဘေးတွင်ရှိနေခြင်းက သူတို့ ဆုံးရှုံးခဲ့ရသည့်ကလေးကို သတိရစေလျှင်တောင် သူတို့အတွက် မျှော်လင့်ချက်ကို ပေးခဲ့သည်။ အလုပ်ကြောင့် ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ သူတို့ကို အမေ၊ အဖေ ဟု ခေါ်မည့်သူ၊ ခြေထောက်ကို နှိပ်နယ်ပေးမည့်သူ၊ အစီရင်ခံစာ မှတ်တမ်းများကို ပြသပြီး ပထမရခဲ့ကြောင်း ပြောပြမည့်သူ ရှိနေခဲ့သည်။

ကောယန်၏ အဒေါ်အိမ်မှ ထွက်ခွာလာသောအခါ လင်းချောင်က ကျိသော် သူမ၏လက်ကို အချိန်တိုင်း ဆုပ်ကိုင်ထားခဲ့သည်ကို သတိထားမိခဲ့သည်။

ကျိသော်လည်း သတိထားမိသွားပြီး ခဏတာ ရပ်တန့်ပြီးနောက် လက်ကို ပြန်လွှတ်လိုက်သည်။

"ကောယန်ဆီကနေ သစ်သီးဝယ်ကြရအောင်။"

သူတို့၏ ကားက ထ်ိုနေရာတွင် ရပ်ထားတုန်း ဖြစ်သောကြောင့် သူတို့ ပြန်ရဦးမည်ဖြစ်သည်။ ကောယန်က လူကို ရှာဖွေရာတွင် ကူညီပေးခဲ့သည့်အတွက် သူမကို ကျေးဇူးတင်သင့်သည်။ စိတ်ဖိစီးမှုများ လျော့ကျသွားပြီမို့လို့ လင်းချောင်က ဦးဆောင်ပြီး ကောယန်ရဲ့ဆိုင်ကို ဖြတ်လမ်းမှ သွားခဲ့သည်။

မြို့လယ် အလယ်တန်းကျောင်းကို ဖြတ်လျှောက်ရင်း ကျိသော် ရပ်လိုက်သည်။ သူ့အကြည့်ကို သတိထားမိသော လင်းချောင်က ပြောလိုက်၏။

"ယွဲ့ဟွာက ဒီကနေ ကျောင်းပြီးခဲ့တာပါ။ ဂုဏ်ထူးဆောင် စာရင်းထဲမှာ သူ့နာမည် ပါပါတယ်။ ကြည့်ချင်လား။"

"မင်းလည်း ဒီမှာ ကျောင်းတက်ခဲ့တာလား။" ကျိသော်က မေးလိုက်၏။

ဒီစကားက လင်းချောင်ကို အံ့အားသင့်စေသည်။ "ဟုတ်တယ်လေ။"

သူမသည် မူလလင်းချောင် မဟုတ်သည့်အတွက် ထိုအကြောင်းကို မစဉ်းစားမိခဲ့ဘဲ၊ သူမ ကူးပြောင်းလာချိန်တွင် ကျောင်းပြီးနေခဲ့ပြီ ဖြစ်သည်။ ကျိသော်သည် ယခင်က ထိုသို့သော မေးခွန်းများကို မေးလေ့မရှိသူဖြစ်သည်။ သို့သော် သူက မေးခဲ့သည်သာမက ကျောင်းတံခါးဝသို့ပါ လျှောက်သွားခဲ့သေးသည်။

သူမက သူ့ အနောက်ကလိုက်သွားခဲ့သည်။ ထိုနေ့က တနင်္ဂနွေနေ့ ဖြစ်ပြီး အတန်းများ မရှိ။ အစောင့်ချထားသူကို နှုတ်ဆက်ပြီး ကျောင်းသူဟောင်း တစ်ဦးအနေဖြင့် လာရောက်လည်ပတ်လိုကြောင်း ရှင်းပြပြီးနောက် ဂိတ်စောင့်က သူမတို့ကို ဝင်ခွင့်ပြုခဲ့သည်။

လင်းချောင် လက်ရှိ သင်ကြားနေသော အလယ်တန်းကျောင်းနှင့် နှိုင်းယှဉ်လျှင် မြို့နယ်အလယ်တန်းကျောင်းက ပိုမို သေးငယ်သည်။ အဆောက်အအုံများအားလုံးက တစ်ထပ်တည်းသာဖြစ်ပြီး၊ အထက်တန်းအဆင့် တစ်ခုစီတိုင်းတွင် ဝိဇ္ဇာနှင့် သိပ္ပံနှစ်ခုပေါင်းမှ အတန်းလေးခုသာ ရှိသည်။

သစ်သားဆိုင်းဘုတ်များသည် စာသင်ခန်းတံခါးများတွင် ချိတ်ဆွဲထားပြီး အတန်းနံပါတ်များကို ဖော်ပြနေသည်။ အတွင်းတွင် စားပွဲခုံများနှင့် ကုလားထိုင်များသည် ပုံစံမတူဘဲ ရောနှောနေပြီး ဆရာ၏ စားပွဲပေါ်ရှိ မြေဖြူဘူးသည် မပစ်ဘဲ ထားရှိသော တိုနေသည့် မြေဖြူတုံးများဖြင့် ပြည့်နေခဲ့သည်။

ကျိသော်သည် လင်းချောင် ကျောင်းသူဘဝကပုံစံနှင့် စာသင်ကြားနေစဉ်က ပုံစံကို ရုတ်တရက် မြင်ချင်လာသည်။

"နောက်ထပ် ဟောပြောပွဲ ဘယ်တော့လုပ်ဦးမလဲ။"

ဤမထင်မှတ်ထားသော မေးခွန်းကြောင့် လင်းချောင် ခေါင်းလှည့်လိုက်သည်။ သူမကို တမင်တကာ စူးစိုက်ကြည့်နေသော သူကို တွေ့လိုက်ရပြီး သူ့မျက်လုံးများတွင် ထူးဆန်းသည့်အရာတစ်ခုခု အသစ်ပါလာသည်ကို တွေ့လိုက်ရသည်။

သူမ သဘောမပေါက်မီ နှင်းပွင့်တစ်ပွင့် ကျလာသည်ကို တွေ့လိုက်ရပြီး ထိုအရာက သူမ၏ အာရုံကို ဖမ်းစားလိုက်သည်။

"နှင်းကျနေတာလား။"

သူမ၏ ဖြူဖျော့သော လက်ကို ဆန့်တန်း၍ ဖမ်းယူလိုက်သည်။

"ဒါက ဒီနှစ်ရဲ့ ပထမဆုံး နှင်းကျတာ ပဲဖြစ်ရမယ်၊ မဟုတ်ဘူးလား။"

"ဟုတ်တယ်။ ယန်ဒူမှာ ဒီနှစ် နှင်းမကျသေးဘူး။"

ကျိသော် ပြန်ဖြေလိုက်သော်လည်း သူ့အကြည့်က သူမ၏ မျက်နှာပေါ် ရှိနေဆဲပင်။

လင်းချောင် ကောင်းကင်ကို မော့ကြည့်ရင်း ရင်ထဲမှ လေးနက်နေသည့်အရာတစ်ခု လွင့်ပြယ်သွားသလို ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးများသည် ကျနေသော နှင်းပွင့်များထက် ပိုမိုတောက်ပနေခဲ့သည်။

ကျိသော်က သူမကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး သူမက စိတ်ကျေနပ်သွားကာ ပြောလိုက်၏။

"အဝတ်တွေ မစိုခင် ပြန်ကြစို့။"

သူမက သူ့ကို လှည့်ပြောသောအခါမှ သူက အသံတိုးတိုးဖြင့် "အင်း" ဟု တုံ့ပြန်ခဲ့သည်။

သို့သော်လည်း သူတို့၏ ဆံပင်များတွင် နှင်းများ အနည်းငယ် ကပ်ပါလာခဲ့သည်။ ကောယန်၏ ဆိုင်သို့ ပြန်ရောက်သောအခါ ကျိသော်က ကားထဲမှ မျက်နှာသုတ်ပဝါ တစ်ထည်ကို လင်းချောင်အတွက် ယူလာခဲ့ပြီး သူတို့၏ ကိုယ်ကိုသုတ်ရင်း ဝင်လာခဲ့သည်။ ကောယန်သည် ဖောက်သည်တစ်ဦးအား ပဲငံပြာရည် ရောင်းနေကာ အလုပ်များနေသော်လည်း ခဏနားပြီး မေးလိုက်။။

"အဆင်ပြေခဲ့ရဲ့လား။"

"သတင်းကောင်းပါပဲ။"

လင်းချောင်က ယွဲ့ဟွာအကြောင်းကို ခေတ္တ မပြောသေးဘဲထားခဲ့သည်။

"နင်နဲ့ နင့်ရဲ့ အဒေါ်ကို အခုလို အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

"အရေးမကြီးပါဘူး။"

ကောယန်က ပဲငံပြာရည်ပုံးကို ပိတ်ကာ ပိုက်ဆံယူလိုက်သည်။ သူမသည် လင်းချောင်နှင့် ကျိသော််ကို ကြည့်လိုက်ပြီး မေးလိုက်၏။

"ပြန်ဖို့ အလျင်မလိုဘူးမလာ။ နေ့လယ်စာ စားပြီးမှ သွားလေ။"

"အဘိုးက ငါတို့ကို စောင့်နေလို့ပါ။"

လင်းချောင်က အနည်းငယ် မတတ်သာသော အမူအရာဖြင့် ပြောလိုက်သည်။

အဘိုးကုသည် သူမတို့ ဒီကိုလာခဲ့သည်ကိုရော ယွဲ့ဟွာအကြောင်းကိုပါ မသိသည့်တိုင် သူတို့ကတော့ အမြန်ပြန်ပြီး သူ့ကို ပြောပြကာ စိတ်အေးချမ်းသွားစေချင်သည်။

"နားလည်ပါတယ်။ ရှာဖွေခဲ့တာက နှစ်ပေါင်းများစွာ ကြာပြီလေ။" ကောယန် ခေါင်းညိတ်လိုက်သည်။

"နင်တို့ လမ်းမှာ စားဖို့ သစ်သီးတွေ ထည့်ပေးလိုက်ဦးမယ်။"

ကောယန်သည် ပွင့်လင်းပြီး ရက်ရောသူဖြစ်သည်။ လင်းချောင် ငြင်းဆန်တော့မည်အလုပ် ကျိသော်က တိတ်တဆိတ် ပိုက်ဆံအများအပြား ယူလိုက်၏။

"မင်းမှာ သစ်သီးတွေ ဘယ်လောက်ရှိသေးလဲ။ ကျွန်တော်တို့ အကုန်ယူမယ်။"

"အကုန်လုံးလား။" ကောယန် အံ့အားသင့်သွားသည်။

"သစ်သီး ဒီလောက်အများကြီး ဘာလုပ်မလို့လဲ။"

"အခြားသူတွေကို ပေးဖို့ပါ။"

ကျိသော် ပြောလိုက်သည်။ ကောယန် ကန့်ကွက်ရန် မကြိုးစားရသေးခင်မှာပဲ သူက ငွေပေးပြီးသားဖြစ်နေကာ သေတ္တာများကို သယ်ဆောင်ရန် ရှောင်ဖန်းကို ခေါ်လိုက်သည်။

မကြာခင်မှာပဲ ကောယန်၏ ဆိုင်ရှေ့က သစ်သီးသေတ္တာတန်းများ အားလုံး ရှင်းလင်း သွားတော့သည်။ သူမက လျှော့စျေးပေးချင်သော်လည်း ထိုစုံတွဲက ကားမောင်းကာ ထွက်သွားနှင့်ပြီဖြစ်သည်။

"မင်းသူငယ်ချင်းက တော်တော် ချမ်းသာပြီး ရက်ရောတယ်နော်။" အိမ်နီးချင်းတစ်ဦးက အံ့အားသင့်စွာ မှတ်ချက်ပေးလိုက်သည်။

ကောယန်သည် ပိုက်ဆံထုပ်ကို ကိုင်ထားရင်း ပြောလိုက်၏။ "ဘာလို့ လင်းဝေ့လိုမျိုးပဲ လူတိုင်းက ငါ့ကို အမြဲတမ်း ပိုက်ဆံတွေ ထိုးပေးနေကြတာလဲ။"

လင်းချောင်ကတော့ ကျိသော် ဘာကြောင့် ထိုသို့ လုပ်သည်ကို နားလည်၏။ သူက အလွန်ကျေးဇူးတင်နေပြီး ရိုးရှင်းသော ကျေးဇူးတင်စကားက မလုံလောက်ဘူးဟု ခံစားရသည်။

မျှော်လင့်ထားသည့်အတိုင်း ကားမောင်းထွက်လာပြီး ခဏအကြာတွင်ပဲ ကျိသော်က ရှောင်ဖန်းကို ကားလှည့်ခိုင်းကာ ကောယန်၏ အဒေါ်အိမ်တွင် သစ်သီးတစ်သေတ္တာလုံးကို ချထားခိုင်းခဲ့သည်။ ထို့နောက် သူက လင်းချောင်ကို မေးလိုက်၏။

"မင်းရဲ့ အမေအိမ်က ဘယ်ရွာမှာလဲ။"

လူကို ရှာတွေ့ခြင်းသည် လျိုယွိလန်၏ စေ့စေ့စပ်စပ် လုပ်ဆောင်မှုနှင့် စေတနာကြောင့်ဖြစ်သည်။ သူမသည် လင်းချောင်အတွက် ထပ်မံ စုံစမ်းပေးခဲ့သည်။ ထိုသို့သာ မဟုတ်ပါက လွဲချော်သွားနိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

လင်းချောင်သည် လိပ်စာ ပေးလိုက်ပြီး၊ အကြိမ်အနည်းငယ် ရောက်ဖူးသော ရှောင်ဖန်းက မှတ်မိသည်။ ထို့နောက် ထိုစုံတွဲသည် ယန်မိသားစုထံ သွားရောက်လည်ပတ်ကာ ထိုနေရာတွင်လည်း သစ်သီးတစ်သေတ္တာကို ထားခဲ့သည်။

လျိုယွိလန် အလွန်အံ့အားသင့်နေခဲ့သည်။ အထူးသဖြင့် ကြင်နာဟန်မရှိသော ကျိသော်က ဝင်လာသည်နှင့် "အမေ" ဟု ခေါ်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ပစ္စည်းများကို စတင်ရွှေ့ပြောင်းနေခြင်းပင်။

လင်းချောင်က သူမလက်ကို ကိုင်လိုက်ပြီး ပြောလိုက်၏။ "အမေ၊ ဒီတစ်ခါ အမေက တကယ်က်ို အကူအညီဖြစ်ခဲ့ပါတယ်။"

လျိုယွိလန်လည်း နောက်ဆုံးတွင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ "သဲလွန်စ တစ်ခုခု တွေ့ခဲ့လား။"

"ဟုတ်ပါတယ်၊ အမေ စိတ်အေးရအောင် ကျွန်မတို့ ကိုယ်တိုင် လာပြောတာပါ။"

သစ်သီးများကို ပို့ဆောင်ပြီးနောက် ထိုစုံတွဲသည် ယန်မိသားစုအိမ်တွင် ကြာကြာမနေခဲ့ဘဲ ချက်ချင်း ထွက်ခွာလာခဲ့ရာ ညမမှောင်မီ ယန်ဒူသို့ ပြန်ရောက်သွားပြီး စစ်ဆေးရုံသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

အဘိုးကုသည် စိတ်ဓာတ်ကောင်းမွန်နေပုံရပြီး စာဖတ်မျက်မှန် တပ်ကာ သတင်းစာ ဖတ်နေသည်။ သူတို့ကို မြင်သောအခါ လာမည့်အပတ်တွင် ဆေးရုံမှ ဆင်းရန် စီစဉ်ထားကြောင်း ပြောပြလိုက်သည်။

ကျိသော်က သစ်သီးများကို အစ်မကြီးတုထံ ပေးလိုက်သည်။ "နည်းနည်း ပိုပြီးဆေးပေးပါ။ ကျွန်တော့် ဒရိုင်ဘာ ရှောင်ဖန်း အောက်ထပ်မှာ စောင့်နေတယ်။"

အပြင်ထွက်စေချင်သောကြောင့် ပြောလိုက်ခြင်းဖြစ်သည်။ အစ်မကြီးတု နားမလည်သော်လည်း အဘိုးကုကတော့ သေချာပေါက် နားလည်သည်။ သူမ ထွက်သွားသည်နှင့် သူက အသံတိုးတိုးဖြင့် မေးလိုက်၏။

"ဘာဖြစ်နေတာလဲ။"

ကျိသော် ဘာမှမပြောဘဲ၊ ကောယန်၏ အဒေါ်ထံမှယူလာသော မက်မွန်စေ့ ထွင်းထုထားသော ပန်းခြင်းတောင်းလေးနှင့် ယွဲ့ဟွာ၏ မကြာသေးမီက ဓာတ်ပုံတစ်ပုံကို ပြလိုက်သည်။

အဘိုးကု၏ မျက်လုံးများသည် ၎င်းတို့ပေါ်တွင် ချက်ချင်း စွဲကပ်သွားတော့သည်။ သူ၏ အရေတွန့်နေပြီဖြစ်သော လက်များသည် အချိန်အကြာကြီး တုန်ယင်နေပြီးမှ ထိုခြင်းတောင်းလေးနှင့် ဓာတ်ပုံကို ကောက်ယူကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ဒါတွေကို ဘယ်မှာ တွေ့ခဲ့တာလဲ။"

"လင်းချောင်ရဲ့ ဇာတိရွာမှာပါ။"

ကျိသော်က လင်းချောင် မည်သို့ ရင်းနှီးသော မျက်နှာကို မှတ်မိကြောင်း၊ သူမ၏ မိသားစုကို ဆက်သွယ်ခဲ့ပုံနှင့် မည်သို့ အတည်ပြုခဲ့ပုံတို့ကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

အဘိုးကုသည် တိတ်ဆိတ်စွာ နားထောင်နေခဲ့ပြီး သူ၏ လက်များမှာလည်း အဆက်မပြတ် တုန်ယင်နေခဲ့သည်။ ခဏအကြာတွင် သူက မေးလိုက်၏။

"ရှောင်ကျန်း ဒီနှစ်တွေတစ်လျှောက် ဘယ်လိုနေခဲ့လဲ။"

"ကောင်းကောင်းမွန်မွန် နေခဲ့ရပါတယ်။"

လင်းချောင်က ပြောလိုက်သည်။ "သူမရဲ့ မွေးစားမိဘတွေမှာ သူမတစ်ယောက်တည်းပဲ သမီးအဖြစ် ရှိတာမလို့ မြတ်နိုးကြပါတယ်။ သူမ မနှစ်က ကောလိပ်ဝင်ခွင့်ရခဲ့ပြီး အခု ယန်ဒူမှာ စာသင်နေပါတယ်။"

"ကောင်းတယ်၊ ကောင်းတယ်။"

အဘိုးကုသည် နှစ်ကြိမ်တိုင်တိုင် ရေရွတ်ခဲ့ပြီး မျက်ရည်များကို မထိန်းနိုင်ခဲ့ပေ။

All Chapters