← Chapters

ဘယ်သူ့ကို ကယ်တင်သင့်လဲ

Vol. 143 Ch. 2135

ဘယ်သူ့ကို ကယ်တင်သင့်လဲ

Vol. 143 Ch. 2135

လင်းရီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ " တကယ်ပဲ အဲ့လိုကိစ္စမျိုး ရှိနေတယ်လား... "

သက်လတ်ပိုင်း အမျိုးသမီးမှာ စိုးရိမ်ပူပန်လွန်း၍ မျက်ရည်လည်ရွဲနှင့် ဖြစ်လို့နေသည်။ " အမှန်ပါပဲ အရာရှိကြီးရှင် ... ကျွန်မတို့လည်း တကယ့်ကို ကြံရာမရ ဖြစ်နေလို့ပါ ... တောင်းပန်ပါတယ်... ကျွန်မတို့ကို ကူညီပေးပါဦး... "

" ပြန်ပြီး အခုလောလောဆယ် စောင့်နေလိုက် ... ကျုပ် ဒီကိစ္စကို မနက်ဖြန် မကူးခင် ဖြေရှင်းပေးမယ်... "

" ဟုတ်ကဲ့ ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ် အရာရှိကြီးရှင့် ... ဒီလူတွေက တကယ့်ကို ဥပဒေမဲ့လွန်းပါတယ် ... "

" အရင် ပြန်နှင့်လိုက် ... ကျုပ် ခုချက်ချင်းပဲ ဒီကိစ္စကိုင်တွယ်လိုက်မယ် .... "

" ဒါဆိုလည်း ကျွန်မ အရာရှိကြီးကို အနှောင့်အယှက် မပေးတော့ပါဘူး... "

သက်လတ်ပိုင်း အမျိုးသမီး ထွက်သွားသည့် အချိန်မှာပဲ ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ ချိန်ကိုက်သား ပြန်ရောက်လာခဲ့ကြ၏။

“ အစ်ကိုရီ … ဘာဖြစ်တာလဲတဲ့ … ရှင့်ကိုကြည့်ရတာ စိတ်တိုနေသလိုပဲ…”

“ မှန်တယ် … ဟိုကောင် ယန်ချီဖုန်း တော်တော်ဂြိုလ်မွှေထားတဲ့ကောင် …” လင်းရီ ပြောလိုက်ပြီး “ အဲ့ကောင်က ခေါင်းဆောင် အလုပ်သမားတစ်ချို့ကို ရိုက်နှက်ပြီး ကိစ္စကို ရေးကြီးခွင်ကျယ် မလုပ်ဖို့ ပြောတယ်တဲ့လေ … အခု သူတို့ အကုန် ဆေးရုံတင်ထားရပြီ … ကျန်တဲ့လူတွေလည်း ကြောက်ကြတော့ လုပ်အားခကို ဆက်မတောင်းရဲကြတော့ဘူး …”

“ သူတို့ အကြည့်တွေ တစ်ခုခုမှားနေပါတယ်လို့ ကျွန်မ တွေးနေတာ လက်စသတ်တော့ ဒါကြောင့်ကိုး … ဘာဖြစ်လဲ မေးတော့လည်း သူတို့က မဖြေဘူး …. ဟိုကောင် ယန်ချီဖုန်းက တော်တော်ကြီးကို ခြိမ်းခြောက်ထားတာပဲ ဖြစ်ရမယ် …” ကျန်းဇီရှင်း စကားလျှာလိပ်သည်ထိအောင် ဒေါသထွက်နေခဲ့သည်။ “ သေစမ်း … ကျွန်မ အခုချက်ချင်းပဲ အဲ့သေချင်းဆိုးကို သွားဖမ်းခေါ်လာခဲ့မယ် …”

“ ဖမ်းဖို့ မလိုဘူး …” လင်းရီ ပြောလိုက်ပြီး “ သူ စောနကတင် ငါ့ကို လာဘ်ထိုးဖို့ ကြိုးစားနေလို့ အချုပ်ထဲ ခဏပို့ထားတယ် … ဝင်သွားတာနဲ့ တွေ့ပြီ …”

ပြောပြီးသည်နှင့် လင်းရီ လှည့်ထွက်လာခဲ့ပြီး စခန်း၏ အချုပ်ခန်းဘက်သို့ ဦးတည်လိုက်လေသည်။

ယခုလောလောဆယ်၌ ယန်ချီဖုန်းကို အချုပ်ခန်းထဲတွင် သော့ခတ်ထားပြီး သူ့ လာဘ်ထိုးငွေ ယွမ်ငါးသောင်းကို ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းထားခဲ့သည်။

နောက်ဆက်တွဲ ကိစ္စအတွက်ကတော့ ထပ်ပြီး ညွှန်ကြားလာသည်ကို စောင့်ဆိုင်းဖို့ လိုလေသည်။

အချုပ်ခန်းထဲတွင် ယန်ချီဖုန်းနှင့်အတူ သော့ခတ်ခံထားရသည့် အခြား နှစ်ယောက်လည်း ရှိနေခဲ့၏။

တစ်ယောက်က အရက်မူးရင်း ကားမောင်းသည့်လူ ဖြစ်ပြီး ကျန်တစ်ယောက်က ရိုက်နှက်ခြိမ်းခြောက်မှုကြောင့်ပင်။

ယန်ချီဖုန်း အထဲဝင်လာသည်ကို မြင်တော့ ရန်ဖြစ်သည့် လူက သူ့ ခြေထောက်ကိုချိတ်လျက် တည်ငြိမ်သည့် မျက်နှာထားဖြင့် မေးမြန်းလာသည်။

“ ညီကို … မင်း ဘာအမှုနဲ့လဲ …”

“ လူနည်းနည်းလေးကို သင်ခန်းစာပေးမိလိုက်တာ … အဲ့ဒါနဲ့ ဒီထဲ ထည့်ခံလိုက်ရတာပဲ …”

“ ဒါဆို ရန်ဖြစ်တာပေါ့ … ငါတို့ချင်း အတူတူပဲ …”

“ ငါ့ကို မင်းနဲ့ ဆွဲမထည့်နဲ့ …” ယန်ချီဖုန်း မောက်မာစွာ ပြောဆိုလိုက်ပြီး “ ငါက ယွမ်သန်းဂဏန်းရှိတဲ့ ကန်ထရိုက်တာ သူဌေး … မင်းလိုကောင်က ငါနဲ့ ယှဉ်နိုင်လို့လား …”

ဤသည်ကိုကြားတော့ အမျိုးသား နှစ်ဦး၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး လေးစားမှုအသစ်ဖြင့် ကြည့်လာခဲ့ကြသည်။

ဒီလူက ဒိတ်ဒိတ်ကျဲကြီးပဲ … သူတို့ အပြစ်ပြုမိလို့ မရဘူး …

“ ဒါဆို မင်းက တော်တော် အထင်ကြီးဖို့ ကောင်းတဲ့လူပဲ … အဲ့တာကို ဘာလို့ ဒီထဲ ရောက်လာတာ …”

“ နည်းနည်း ကံခေသွားလို့ပေါ့ကွာ … ဒါပေမယ့် ငါ့အစ်ကိုကြီးကို ဆက်သွယ်ထားပြီးပြီ … သူ ခဏနေ လူလွှတ်ပြီး ငါ့ကို ပြန်ထုတ်ပေးတော့မှာ …” ယန်ချီဖုန်း ပြောလိုက်သည်။ “ မင်းတို့ နှစ်ကောင် ငါ့ကို ရယ်စရာအတွေးတွေ ကြံဖို့ စိတ်မကူးနဲ့နော် … ဒီလိုနေရာမျိုးကို ဆယ်ကြိမ်မကဘူး ငါရောက်ဖူးတယ် … မင်းတို့ ဝါးနိုင်တာထက် ပိုမာတဲ့ အရိုးကို မကိုက်မိဖို့ ဂရုစိုက် …”

“ ဒါပေါ့ ဒါပေါ့ … ငါတို့လည်း ဘာစိတ်ကူးမှ မရှိပါဘူး …” နှစ်ယောက်လုံးက ဖော်လံဖားသည့် လေသံများဖြင့် ပြောဆိုလိုက်ကြသည်။

ယန်ချီဖုန်း ခြေထောက်ချိတ်၍ ထိုနှစ်ကောင်အား အာရုံထားမနေတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ကျောထောက်နောက်ခံရှိ၏။ သူ့ အစ်ကိုကြီးထံသို့လည်း ဖုန်းဆက်ထားပြီး ဤကိစ္စကို ဖြေရှင်းပေးမည်ဟူ၍ ကတိစကား ရထားသေးသည်။။

သို့သော် လင်းရီနှင့် အဖြစ်အပျက်ကို ပြန်တွေးမိတော့ သူ့မှာ ဒေါသမထွက်ဘဲ မနေနိုင်အောင် ဖြစ်လာရလေသည်။

ကန်ထရိုက်တာ အလုပ်ကို လုပ်ကိုင်လာသည်မှာ နှစ်ပေါင်းမနည်းတော့ပြီ ဖြစ်သော်လည်း ဤမျှ အမြင်ကန်းသည့် လူတစ်ယောက်ကိုတော့ သူ့တစ်သက် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

အပြင်သို့ ပြန်ရောက်သည်နှင့် ထိုသို့သော လူစားမျိုးများကို အမှတ်သည်းခြေရှိသွားလောက်သည်အထိ သင်ခန်းစာ ပေးပစ်မည်ဟု သူ့စိတ်ထဲ တေးထားလိုက်၏။

ထိုအချိန် ကော်ရစ်ဒါဘက်မှ လမ်းလျှောက်သံတို့ ထွက်ပေါ်လာသည်။

လင်းရီနှင့် ကျန်နှစ်ဦးမှာ တံခါးပေါက်ဝတွင် ထွက်ပေါ်လာခဲ့ကြ၏။

ဤသည်ကို မြင်တော့ အခြား အမျိုးသားနှစ်ဦးမှာ အံ့အားတကြီး သက်ပြင်းမချဘဲ မနေနိုင်ချေ။

ဒီရဲ့ ကန်ထရိုက်တာတွေက တယ်လည်း ဩဇာညောင်းကြပါလားဟ ….

အထဲရောက်တာ ဖင်ပူအောင်တောင် မထိုင်ရသေးဘူး လာထုတ်ပေးတဲ့လူက ရှိနေပြီ …

ဒီလို အဆက်အသွယ်မျိုးက သူတို့ ကြိုက်သည်ရှိ၊ မကြိုက်သည်ရှိ လေးစားဖို့ ထိုက်တန်တယ်….

ယန်ချီဖုန်းက လင်းရီကို ပျင်းရိပျင်းတွဲ တစ်ချက်ကြည့်ပြီး အခြားဘာမျှ ပြောဆိုခြင်း မရှိပေ။ ကုတင်ပေါ်သို့ ကျောတစ်ဝက်မှီထားရင်း လက်နှစ်ဖက်ကို နောက်သို့ ပစ်ထားကာ အနားယူနေသည့် ဘုရင်ကြီးတစ်ပါးသဖွယ် သက်တောင့်သက်သာ ဖြစ်နေခဲ့၏။

ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။

ဤသေချင်းဆိုးက ရိုက်နှက်ချင်စရာ ကောင်းလောက်အောင် ဟိတ်ဟန်ကြွားလွန်းသည်ဟု ခံစားနေရ၏။

အစ်ကိုရီက ဒီကို လူကိုယ်တိုင် ရောက်လာတာတောင် သကောင့်သားက ဟိတ်ဟန်ထုတ်နေ၀ံ့သေးတယ်ပေါ့ ….

“ မင်းငါ့ကို ဒီခေါ်လာတုန်းက ကိုယ့်ကိုယ်ကို သိပ်ဟုတ်လှပြီ ထင်နေတာမဟုတ်ဘူးလား … အခုတော့လည်း မင်းကိုယ်တိုင် ငါ့ကို ပြန်လာထုတ်ပေးရတာပဲမလား …” ယန်ချီဖုန်းက ထူးမခြားနားသည့် လေသံဖြင့် ပြောဆိုလိုက်သည်။

“ မင်းက ပေးတဲ့ အခွင့်အရေးကို တန်ဖိုးမထားတတ်မှတော့ မင်းလိုကောင် ဒီတစ်သက် ကြီးပွားမှာ မဟုတ်ဘူး ….”

ကျန်နှစ်ယောက်မှာ ယန်ချီဖုန်းကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။ ယန်ချီဖုန်း၏ လုပ်ရပ်အပြုအမူကို သူတို့နှစ်ဦးမှာ အံ့ချီးမဆုံး ဖြစ်နေမိခဲ့ကြ၏။

ဒီလူကပဲ ဖြုံချင်စရာ ကောင်းလွန်းပါတယ် … ရဲအရာရှိကိုတောင် ဒီလိုလေသံနဲ့ ဒီလို စကားမျိုးတွေ ပြောဝံ့နေတယ် …

ဖြောင်း …

လင်းရီ စကားအပို ပြောမနေဘဲ ယန်ချီဖုန်းကို ကန်ကျောက်၍ သကောင့်သားအား တစ်ထပ်ကုတင်ထပ်မှ ပြုတ်ကျစေလိုက်၏။

“ ဒီထဲရောက်နေတာတောင် လေသံက တစ်ပြားမှ မလျှော့သွားဘူး … မင်းကိုယ်မင်း ဟန်ကိုယ့်အသီးတွေ ဘာတွေ စားထားတယ်ထင်နေလား ….”

လင်းရီ၏ ကန်ကျောက်ခြင်းကို ခံလိုက်ရ၍ ယန်ချီဖုန်းမှာ ကုတင်ထက်မှ ပြုတ်ကျသွားခဲ့ပြီး ကြမ်းပြင်ပေါ်သို့ နှစ်ပတ်သုံးပတ်ခန့် လူးလှိမ့်သွားခဲ့ပြီး သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။

“ စောက်ရဲအရာရှိကောင်... ငါ့အစ်ကိုကြီးဆီ ဖုန်းဆက်ပြီးတာတောင် မင်းက ငါ့ကို လက်ပါဝံ့နေသေးတယ်ပေါ့ …”

“ ဘယ်သူက မင်းရဲ့ စောက်အစ်ကိုကြီးကို ဂရုစိုက်နေလို့ … အဲ့ကောင် ပေါ်လာလည်း ငါမင်းကို ရိုက်ဦးမှာပဲ …”

ဘေးမှ ရပ်ကြည့်နေသူတစ်ဦးမှာ ရုတ်တရက် ပြောင်းလဲသွားသည့် မြင်ကွင်းကို ကြည့်ရင်း လုံးဝ ကြက်သေသေနေမိခဲ့ကြသည်။

ဒီမှာ ဘာတွေ ဖြစ်နေတာလဲ …

ပြောတော့ အားလုံး စီစဉ်ထားပြီးပြီဆို … အဲ့တာဆို သူက ဘာလို့ ရိုက်နှက်ခံနေရတာလဲတဲ့ …

ယန်ချီဖုန်း၏ ခေါင်းတစ်ခုလုံး တဝီဝီ မြည်နေပြီး နာကျင်မှုကြောင့် ဝမ်းဗိုက်ကို လက်ဖြင့် အုပ်ထားခဲ့ကာ ပြောစရာစကား ပျောက်ဆုံးနေခဲ့မိ၏။

လင်းရီ သကောင့်သားအား ဘာဖြစ်ဖြစ် အာရုံထားမနေဘဲ အပေါ်စီးမှ ငုံ့ကြည့်၍ ပြောလိုက်သည်။

“ ငါ မင်းရဲ့ ကြောင်သူတော် လုပ်ရပ်ကို သိထားပြီးပြီ … မင်းက အလုပ်သမားတွေကို လူငှားပြီး ရိုက်နှက်လိုက်သေးတယ် ဟုတ်လား … အဲ့လိုမှ သူတို့ ဒီကိစ္စကို ထပ်မမေးတော့မှာလေ .. မင်းက တကယ့်ကို မသတီချင်စရာ အတော်ကောင်းတဲ့ကောင်ပဲကွ ..”

ယန်ချီဖုန်း၏ အမူအရာမှာ ဆိုးရွားသထက် ဆိုးရွားလာခဲ့၏။

“ မင်း အကုန်လုံး သိသွားခဲ့ပြီပေါ့ …”

“ အဲ့လို ပါမွှားလောက်လေးကို ငါ့ဆီက ဖုံးကွယ်လို့ ရမယ် ထင်နေလား …” ပြောပြီးနောက် လင်းရီ စိတ်တိုလာပြီး သကောင့်သားအား ထပ်မံ ကန်ကျောက်လိုက်သည်။

ထို့နောက် ကျန်းဇီရှင်းဘက်သို့ လှည့်၍ “ သူ့အမှုကို မင်း ဘယ်လို ကိုင်တွယ်မယ် စိတ်ကူးထားလဲ …”

“ ယွမ်ငါးသောင်းကို ဘဏ္ဍငွေအဖြစ် သိမ်းပြီး ဆယ့်ငါးရက် ချုပ်နှောင်ထားမယ် …”

“ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် အရာရှိတစ်ယောက်ကိုပေးတဲ့ ပိုက်ဆံပမာဏက ယွမ် တစ်သောင်းကျော်သွားခဲ့ရင် လာဘ်ထိုးတာ ဖြစ်သွားပြီ … တရားရုံးတင်တာနဲ့ ထောင်ဒဏ် ငါးနှစ်ပဲ … ပြီးတော့ သူက အလုပ်သမားတွေကို လုပ်အားခ မပေးဘဲ ဆိုင်းငံ့ထားတဲ့အပြင် သူတစ်ပါးရဲ့ အသက်အိုးအိမ်ကိုလည်း ခြိမ်းခြောက်နှောင့်ယှက်ခဲ့သေးတယ် … လက်ရှိ သူ့ အပြစ်တွေနဲ့ဆို ထောင် ဆယ်နှစ်လောက်ကျဖို့ လုံလောက်တယ် …”

“ သူ့မှာ အရင်က ပြစ်မှု မှတ်တမ်းတွေ ရှိခဲ့ဖူးတယ်ဆိုရင် ပြစ်ဒဏ်က အခုထက်တောင် ပိုပြီး ကြီးလေးလောက်တယ် …” ကျန်းဇီရှင်း ထပ်ပေါင်းပြောလိုက်၏။

“ အဲ့တာကောင်းတယ် …” လင်းရီ ပြောလိုက်ပြီး “ သူ့ရဲ့ ဘဏ်အကောင့်ကို ပိတ်ထားဖို့ တရားရုံးကို လျှောက်ထားလိုက် .. ပြီးရင် အလုပ်သမားတွေရဲ့ လုပ်အားခတွေ ပြန်ရတာ သေချာအောင်လည်း လုပ်ရမယ် …”

“ ဟုတ်ကဲ့ … နားလည်ပါပြီ အစ်ကိုရီ …”

ယန်ချီဖုန်း၏ အသားအရောင်မှာ သိသိသာသာပြောင်းလဲသွားခဲ့တော့သည်။ သူ့ကို ဒဏ်ကြေးတပ်၍ ချုပ်နှောင်ထားသည်ကို လွန်ကြူးသည်ဟု သူ မထင်မိပေ။ မည်သို့ပင်ဆိုစေ ရက်အနည်းငယ် ကြာပြီးနောက်တွင် ပြန်ထွက်ရမှာပဲ ဖြစ်၏။

သို့သော် သူ့ကို ဆယ်စုနှစ်တစ်ခုစာ ထောင်ချထားမည်ဆိုပါက သူ၏ ဒုတိယ ဘဝသက်တမ်းသည် အလကား ဖြစ်သွားလိမ့်မည် မဟုတ်ပါလော။ ထို့ပြင် သူ့ဘဏ်အကောင့်သည်လည်း ပိတ်စို့ခံထားရဦးမည်။ ထိုငွေများကို ပြည်သူပိုင်အဖြစ် သိမ်းသွားမည်လောလည်း သူ မပြောတတ်။

“ မင်းတို့ကောင်တွေ အရမ်း လွန်မလာကြနဲ့ … ငါ ဘာအမှားမှ မလုပ်ထားဘူး … မင်းတို့ငါ့ကို ထောင်ချပိုင်ခွင့်မရှိဘူး …” ယန်ချီဖုန်း အပြင်းအထန် တုံ့ပြန်လိုက်သည်။

“ မင်း မြေနိုး .. မင်းကိုယ်မင်း ဘာလုပ်ခဲ့လဲ မသိဘူးလား … ဒါမှမဟုတ် ငါကပဲ မင်းလုပ်ခဲ့တာတွေကို ပြန်ပြောပြဖို့ လိုသေးတာလား … မင်းလိုကောင်ကို ထောင်ဆယ်နှစ်ချတယ်ဆိုတာ လျော့ပေါ့ပေးရာတောင် ကျနေသေးတယ် …”

လင်းရီ၏ ငေါက်ငမ်းမှုကြောင့် ယန်ချီဖုန်းသည် တုန်ယင်သွားခဲ့ပြီး အသံမထွက်ဝံ့တော့ချေ။ အသံထွက်ပါက စိတ်တိုပြီး သူ့ကို ပြန်ရိုက်လာမှာကို ကြောက်ရွံ့နေမိလေသည်။

လင်းရီတို့ သုံးဦးလည်း ထိုနေရာ၌ ကြာကြာဆက်မနေဘဲ ပြန်ထွက်လာခဲ့ကြသည်။

ကိစ္စရပ်တို့က ယခုအခြေအနေသို့တိုင် ရောက်လာခဲ့ပြီး ဖြစ်သဖြင့် ယန်ချီဖုန်းကို သူတို့သေချာကိုင်တွယ်ဖို့ လိုသည်။ သို့သော် အဆိုပါ အလုပ်သမားများအတွက် တစ်ခုတည်းသော လျော်ကြေးကတော့ ပိုက်ဆံပင်။ သူတို့လည်း ထိုမျှလောက်သာ လုပ်ပေးဖို့ တတ်နိုင်သည်။

မသိလိုက်ခင် အချိန်အတွင်းမှာပဲ အလုပ်ဆင်းချိန်သို့ ရောက်လို့လာခဲ့၏။ လင်းရီ စခန်း၌ အချိန်လွန်အောင် မနေတော့ဘဲ ဝမ်ရင်း၏ နေရာသို့ မောင်းထွက်လာခဲ့လိုက်သည်။

ကားမောင်းနေစဉ်တွင် လင်းရီ စနစ်၏ မစ်ရှင်အကြောင်း အတွေးနက်နေမိသည်။ ‘ ကယ်တင်ခြင်း ‘ ဆိုသည့် စကားလုံး၏ အနက်အဓိပ္ပာယ်ကို သူ မည်သို့ ကောက်ချက်ချရမှန်း မသိဖြစ်နေသည်။

သူ့ ဘေးနားဝန်းကျင် ရှိနေသည့်လူတိုင်းတွင်လည်း ကိုယ်စီ လုံခြုံရေး သက်တော်စောင့်များ ရှိကြသည်။ သူတို့ထဲ မည်သူကများ သူ၏ ကယ်တင်ပေးမှုကို လိုအပ်လိမ့်မည်နည်း။

စနစ်၏ ‘ ကယ်တင်ခြင်း ‘ဆိုသည့် တာဝန်ကို လင်းရီ တကယ်ပဲ နားမလည်နိုင်တော့ချေ။

ထို့ပြင် စနစ်၏ သဘောသဘာဝအရ အတွေ့အကြုံမှတ် တစ်သိန်းခွဲဆိုသည်မှာ နည်းပါးသည့် ပမာဏဟု မဆိုနိုင်ပေ။ ခက်ခဲမှုကလည်း ယခင်တစ်ခေါက် မစ်ရှင်ကထက် ပိုလိမ့်မည်မှာ ကျိန်းသေသည်။

ဒီတော့ မေးခွန်းထုတ်ရမည့်အရာကား …

သူက မည်သည့် စောက်ကျိုးနည်း ကယ်တင်မှုကို သွားရှာဖွေရမည်နည်း။

သောက်ကျိုးနဲ စနစ်ကလည်း သူ့ကို သဲလွန်စလေး တစ်ခုလေးပင် မပေးချေ။

All Chapters