← Chapters

ညီမ အိမ်ပြန်ချင်တယ်

Vol. 143 Ch. 2136

ညီမ အိမ်ပြန်ချင်တယ်

Vol. 143 Ch. 2136

မိနစ် လေးဆယ်ခန့် မောင်းနှင်ပြီးသည့်နောက် လင်းရီသည် ဝမ်ရင်း၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။

သူ့တွင် အိမ်သော့အပိုရှိသဖြင့် သော့ဖွင့်၍ အိမ်ထဲသို့ ဝင်လိုက်၏။

သူ အိမ်ထဲသို့ ခြေချလိုက်သည့် အချိန်မှာပဲ ချက်ပြုတ်နေသည့် အိုးခွက်ပန်းကန်သံတို့က နားအတွင်းသို့ ချင်းနင်းဝင်ရောက်လို့လာသည်။

“ ဝင်ခဲ့လေ … အစ်မ နင့်ကို လာကြိုမနေတော့ဘူး … ဟင်းတွေက ခဏဆိုရတော့မယ် … ပြီးရင် စားကြတာပေါ့ ….”

“ အလျင်လိုစရာမလိုပါဘူး အစ်မရင်း … အေးအေးဆေးဆေးလုပ်ပါ .. ကျွန်တော်တို့ နှစ်ယောက်တည်း ရှိတာကို အများကြီးလည်း လုပ်မနေနဲ့ … ရိုးရိုးရှင်းရှင်းလေးဆိုလည်း ရတယ် …”

“ ငါ့မောင်က ရှားရှားပါးပါး အလည်လာတာလေ … ဒီတော့ အစ်မနင့်ကို ကောင်းကောင်းချက်ကျွေးချင်တာပေါ့လို့ …. ငါ့လက်ရာကို နင် တမ်းတမ်းစွဲသွားမှ ဒီကို ခဏခဏ လာချင်နေမှာ …”

လင်းရီ ကူကယ်ရာမဲ့စွာ ရယ်မောရင်း များများစားစား ဆိုမနေတော့ဘဲ ဝမ်ရင်း စိတ်ကြိုက်သာ လုပ်ခွင့်ပြုထားလိုက်သည်။

မိနစ် နှစ်ဆယ်ခန့် ကြာပြီးသည့်နောက် ဝမ်ရင်းက ဟင်းလေးပွဲနှင့် အရည်သောက်စွပ်ပြုတ်တစ်ပွဲကို စားပွဲပေါ်သို့ သယ်ဆောင်လာသည်။ လေထုအငွေ့အသက်ကို ပိုပြီး သက်ဝင်လှုပ်ရှား ရှိစေရန်အတွက် ဝိုင်နီတစ်လုံးကိုလည်း ယူလာခဲ့၏။

“ ဒီ ဟင်းတွေ ချက်တတ်အောင်သင်ထားတာ မကြာသေးဘူး … စားကြည့်ပါဦး …”

လင်းရီ ဟင်းတစ်မျိုးစီကို နည်းနည်းချင်းစီ မြည်းကြည့်လိုက်ပြီး ထို့နောက် စိတ်ထဲရှိသည့်အတိုင်း မှတ်ချက်ပြုလိုက်သည်။

အရင်ဦးဆုံး သူမ၏ ဟင်းချက်လက်ရာကို အသိအမှတ်ပြုသည်။ ထို့နောက် ဆက်ပြီး တိုးတက်စေရန်အတွက် အကြံပေးစကား အနည်းငယ် ပြောကြားလိုက်၏။

ဝမ်ရင်းကလည်း လင်းရီ ချီးမွမ်းသည့် အသံကို ကြားတော့ ပျော်ရွှင်နေခဲ့လေသည်။ သူတို့နှစ်ဦး၏ ညစာ ထမင်းဝိုင်းလေးမှာ သက်တောင့်သက်သာဖြစ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့ပြီး ပြင်ပလောကကြီးကို မေ့လျော့လောက်သည်အထိပင်။

နှစ်ဦးလုံးက အဆိုပါ အခိုက်အတန့်ကို စိတ်ကျေနပ်မှု အပြည့်ဖြင့် မွေ့လျော်နေခဲ့ကြ၏။ ငြီးငွေ့ဖွယ် သံသရာလည်နေသည့် အလုပ်ချိန်ဇယားများကြားထဲတွင် ဤသည်ကလည်း နွေးထွေးမှုတစ်မျိုးပင်။

“ လုလုရော ဘယ်လိုနေသေးလဲ … ကျွန်တော်တောင် သူနဲ့ မတွေ့ဖြစ်တာ အတော်ကြာနေပြီ … ကျောင်းမှာ အစစအရာရာ အဆင်ပြေနေတယ်မလား ….”

“ အဲ့ကောင်မလေးအကြောင်းတော့ မမေးစမ်းနဲ့ … အရင်တစ်ပတ်ကပဲ အစ်မတို့ ရန်ဖြစ်ထားကြသေးတယ် …”

“ ဟမ် … ဘာလို့ …”

“ ကောင်မလေးက အလှအပ ခွဲစိတ်မှု လုပ်ချင်လို့တဲ့လေ … အစ်မကလည်း သဘာမတူဘူး … ဘာလို့ဆို အန္တရာယ်ကင်းတယ် မထင်လို့… အဲ့တာနဲ့ စကားများကြတာပဲ…”

“ ဖျော်ဖြေရေးနယ်ပယ်ထဲမှာ အချောအလှတွေက မှိုလိုပေါတယ် … လုလုက လှတယ်ဆိုပေမယ့် အထူးတလှယ်ကြီး လှနေတာမျိုး မဟုတ်ဘူး … သူ အဲ့လိုမျိုး ခံစားနေရတာ နားလည်ပေးလို့ ရပါတယ် …”

“ ဒါပေမယ့် ပြဿနာက အလှအပ ခွဲစိတ်မှု ကိုယ်၌ကိုက အန္တရာယ်မကင်းဘူးလေ … အင်တာနက်ပေါ်မှာ ခွဲစိတ်မှု မအောင်မြင်ဘဲ ရှိရင်းစွဲ အလှတောင် ပျက်စီးသွားခဲ့တဲ့လူတွေကို အစ်မ အများကြီး မြင်ခဲ့ဖူးတယ် … သူတို့ကို ကြည့်လိုက်ရင် လူမကျ ၊ တစ္ဆေမကျနဲ့ လုလုကို အဲ့လိုမျိုး အဖြစ်ခံမှာထက်စာရင် သူ့ကို ဖျော်ဖြေရေး နယ်ပယ်ထဲ ပေးမဝင်ဘဲ နေလိုက်တော့မယ် …”

“ ဒါဆိုလည်း ရိုးရိုးရှင်းရှင်းလေးတွေပဲ လုပ်ဖို့ နားချကြည့်ပေါ့ … ဟိုလိုဟာတွေ မထည့်ပဲနဲ့လေ … အဲ့လိုသာဆို ဘေးထွက်ဆိုးကျိုးလည်း သိပမရှိဘူး … အရမ်းကြီး စိုးရိမ်နေစရာလည်း မလိုတော့ဘူး ….”

“ အဲ့လိုလုပ်တာက အန္တရာယ်ကင်းတာ နင် သေချာလို့လား …” ဝမ်ရင်း မသေချာသေးပေ။

“ ကျွန်တော်ကိုယ်တိုင် ခွဲစိတ်ပေးလိုက်မယ် … ဘာပြဿနာမှ မရှိစေရဘူး …”

“ နင်ကိုယ်တိုင် ခွဲစိတ်ပေးမယ်ဆိုရင်တော့ အစ်မ စိတ်မပူတော့ဘူး … တခြား ဆရာဝန်တွေကို အစ်မ သိပ်မယုံစားရဲဘူး …”

ဝမ်ရင်း မတ်တပ်ရပ်ပြီး ဆံပင်ကို လက်ချောင်းလေးများဖြင့် သပ်၍ “ အစ်မရင်း နင်နဲ့ မတွေ့ရတာကို အတော်ကြာပြီ … အပိုကိစ္စတွေနဲ့ အချိန်မဖြုန်းတော့ဘူး … ဒီမှာ ခဏစောင့်နေလိုက် …”

ဝမ်ရင်း သူမ၏ အိပ်ခန်းထဲတွင် အလျင်စလို ပြေးသွားခဲ့ပြီး မတူညီသည့် အနက်ရောင် စတော်ကင် ဒီဇိုင်းနှစ်ခုနှင့် အတွင်းခံ အမျိုးမျိုးကို ပြန်ပြီး ယူလာခဲ့သည်။ ထို့နောက် လင်းရီကို မြှူဆွယ်စွာ ကြည့်လိုက်ရင်း “ မြန်မြန်လေး စကြရအောင်လား … နင်နဲ့ မတွေ့ရတာ ကြာတော့ အစ်မမှာ လွမ်းမိလွန်းလို့ သေလုမတတ်ပဲ..."

“ ဒါဆိုလည်း တစ်ခုချင်းစီတိုင်းကို ရွှေလိုအဖိုးတန်အောင် အသုံးချလိုက်ကြတာပေါ့ …”

နောက်ဆက်တွဲ လိုက်ပါလာသည်က ရင်းနှီးချောမွေ့ပြီး အပေးအယူမျှသည့် ပြင်းထန်သည့် တိုက်ပွဲကြီးတစ်ခုပင်။

နောက်သုံးနာရီကျော်ကြာသည်ထိတိုင်အောင် လင်းရီနှင့် ဝမ်ရင်းတို့နှစ်ဦးမှာ တိုက်ပွဲ စစ်မြေပြင်ကို တစ်မျိုးပြီး တစ်မျိုးပြောင်း၍ တိုက်ပွဲနည်းစနစ်ပေါင်းစုံကို ကျင်လည်စွာ အသုံးချနေခဲ့ကြသည်။

ဆိုဖာ၊ မီးဖိုချောင် ၊ ရေချိုးခန်း ၊ မှန်ရှေ့ …. သူတို့ တိုက်ပွဲငယ်လေးများ၏ ခြေရာလက်ရာတို့ကလည်း နေရာစုံအောင် ပျံ့နှံ့နေခဲ့တော့သည်။

ပုံမှန်နေရာဖြစ်သည့် ကုတင်သည်သာလျှင် သူတို့နှစ်ဦး၏ လျစ်လျူရှုခြင်းကို ခံထားခဲ့ရ၏။

ကလင် ကလင် ကလင် …

တိုက်ပွဲ ပထမအကျော့ပြီး၍ ရေသောက်ခေတ္တ အနားဖြေနေပြီး နောက်တစ်ကျော့ ထပ်မံစတင်ရန် အစပျိုးနေသည့် အချိန်မှာပဲ ဝမ်ရင်း၏ ဖုန်းသံက မြည်ဟည်းလာခဲ့သည်။ သူမ ကိုင်ကြည့်ပြီးနောက် နှုတ်က ထေ့ငေါ့သည့် မှတ်ချက်ကို မဆိုဘဲ မနေနိုင်ခဲ့ချေ။

“ နောက်ဆုံးတော့ ဒီအစ်မဆီ ဖုန်းဆက်ရကောင်းမှန်း သိပြီပေါ့ …”

“ မမ … နင် အခု ဘယ်မှာလဲ …”

“ ဘာဖြစ်လို့ … အိမ်မှာပဲပေါ့ …”

“ ညီမ အပြင်ရောက်နေလို့ … အဲ့တာ လာကြိုပေးပါလားလို့ …”

“ နင် ဒီအချိန်ကြီး ကျောင်းမှာ ရှိနေသင့်တာ မဟုတ်ဘူးလား … နင် ဘယ်တွေ လျှောက်သွားနေတာလဲ ဟမ် …” ဝမ်ရင်း၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး “ နင် ငါ့ စကားကို နားမထောင်ဘဲ ကိုယ့်ဘာကိုယ် သွားခွဲစိတ်ခဲ့တာတော့ မဟုတ်ဘူးမလား …”

“ မဟုတ်ပါဘူး … ညီမ အခု အတန်းဖော် သူငယ်ချင်းတွေနဲ့ … ပြီးတော့ ဒါရိုက်တာ နည်းနည်းနဲ့ ပရိုဂျူဆာ တစ်ချို့လည်း ရှိတယ်... သူတို့နဲ့အတူ ညစာစားနေတာ … ဒါပေမယ့် သူတို့ရဲ့ အပြုအမူတွေက နည်းနည်း မူမမှန်သလိုပဲ … ညီမ ဒီမှာ ဆက်မနေချင်တော့ဘူးမမ … ညီမကို လာကြိုပေးရမယ်နော် …”

“ နင် အခု ဘယ်မှာလဲ … မမ အခုချက်ချင်း လာခဲ့မယ် …”

“ ရှန်ရီလာ ဟိုတယ် အခန်း 408 မှာ ….”

“ အဲ့မှာ စောင့်နေ … အစ်မ အခုချက်ချင်း လာနေပြီ …”

ဖုန်းချပြီးနောက် ဝမ်ရင်း အလျင်အမြန်ထ၍ သူမ၏ မလုံမလဲ အဝတ်အစားများကို ချက်ချင်း ချွတ်လိုက်ပြီး လင်းရီကို ပြောလိုက်သည်။

“ လုလု အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ ညစာစားနေတာ ကြည့်ရတာ တစ်ခုခုတော့ မူမမှန်ဘူး … နင်လည်း ငါနဲ့လိုက်ခဲ့ … “

“ ညစာ စားနေတယ်ဟုတ်လား … ဘယ်သူတွေနဲ့လဲတဲ့ …” လင်းရီ တည်ကြည်လေးနက်သည့် အမူအရာဖြင့် မေးမြန်းလိုက်သည်။

“ အစ်မလည်း အသိအကျ မလိုဘူး … လုလု‌ ပြောတာနဲ့ ဒါရိုက်တာနဲ့ ပရိုဂျူဆာနည်းနည်းနဲ့ ဆိုလားပဲ…”

“ သွားစို့ … အတူသွားကြည့်ကြမယ် …”

ရန်စီကြောင့် လင်းရီသည် ဖျော်ဖြေရေး နယ်ပယ်အပေါ် နားလည်မှု တစ်ချို့ ရှိထားသည်။

ထိုနယ်ပယ်ထဲတွင် သိက္ခာရှိသည့် အမျိုးသား၊ အမျိုးသမီးဆိုသည်မှာ အမှန်တကယ်ကို ခပ်ရှားရှားပင်။

လုလုက ကျောင်းတက်နေဆဲ ကျောင်းသူလေး တစ်ဦးမျှသာ ဖြစ်ပြီး ထိုကဲ့သို့သော လူမှုရေးဝိုင်းများ တက်ရောက်ရန် မသင့်လျော်သေးချေ။

ဝမ်ရင်း အဝတ်အမြန် လဲ၍ အိမ်ထဲကနေ လင်းရီနှင့်အတူ ထွက်လာခဲ့သည်။

ထိုစဉ် … ဟိုတယ် လေးလွှာ၏ အမျိုးသမီး သန့်စင်ခန်းထဲတွင် ဝမ်လုနှင့် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးတို့မှာ စိုးရိမ်ပူပန်စွာဖြင့် တီးတိုးပြောဆိုနေခဲ့ကြလေသည်။

“ အစ်မလီ … အခု ဆယ်နာရီတောင် ကျော်နေပြီ … ညီမ အိမ်ပြန်ချင်ပြီ …”

ဝမ်ရင်း တောင်းဆိုသည့် လေသံဖြင့် ပြောလိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ထားသည့် အမူအရာက သူမ၏ မျက်နှာထက်တွင် ဖြစ်ပေါ်နေသည်။

အစ်မလီဟု သူမခေါ်ဆိုနေသည့်လူ၏ နာမည်က လီဖုန်းကျယ်ဖြစ်ပြီး လူမသိ၊ သူမသိ မော်ဒယ် အေးဂျင့်တစ်ဦးပင်။

သူမကိုယ်သူမ မော်ဒယ်အေးဂျင့်ဟု နာမည်တပ်ထားသော်လည်း ငယ်ရွယ်ပျိုမြစ်သည့် ကောလိပ်ကျောင်းသူ အလှအပလေးများကို စုဆောင်းပြီး မော်ဒယ်လုပ်ခွင့်ရမည်ဟု မျှော်လင့်ချက်ပေး၍ နယ်ပယ်ထဲရှိ အကောင်ကြီးကြီးများများ၏ ထူးဆန်းသည့် ရမ္မက်ဆန္ဒရိုင်းတို့အား ဖြည့်ဆည်းပေးနိုင်ရန် ဈေးကောင်းကောင်းနှင့် ပွဲစားလုပ်နေသည့်လူပင်။

ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင်တော့ ဝမ်လုက သူမ၏ အဓိက ပစ်မှတ်သားကောင် ဖြစ်သွားခဲ့ရသည်။

“ ဒင်နာက မပြီးသေးဘူးလေဟယ် … နင်က ဘာလို့ ပြန်တော့မှာလဲ …” လီဖုန်းကျယ်က ပြောလိုက်ပြီး “ နင် နားထောင်စမ်း … ဒါရိုက်တာကျောက်က မကြာခင် ဇာတ်ကားရိုက်တော့မှာ .. ပြီးတော့ သူတို့က အခု သင့်တော်မယ့် သရုပ်ဆောင်တွေ လိုက်ရှာနေတာနော်… နင့်ရဲ့ ပုံပန်းသွင်ပြင်နဲ့ ဟန်အမူအရာကလည်း အတော်လေးကောင်းတော့ နင့်ကို ဇာတ်ကားထဲ တတိယ အမျိုးသမီး ဇာတ်ဆောင်နေရာမှာ သုံးချင်နေတာ … နင် အခု ထွက်သွားရင် ရုပ်ရှင်ရိုက်နိုင်မယ့် အခွင့်အရေး လွတ်သွားလိမ့်မယ် … နင် ပြန်ချင်တာ သေချာပြီလား …”

“ ဒါပေမယ့် သူတို့က အရမ်း ကြောက်ဖို့ကောင်းတယ် … ညီမ သူတို့နဲ့ အတူ ထိုင်ပြီး စားရတာ သက်တောင့်သက်သာ မဖြစ်ဘူး …”

“ ကြောက်ဖို့ကောင်းတယ် ဟုတ်လား… နင် ဘယ်တစ်ယောက်ကို ပြောနေတာ …”

“ အရပ်ရှည်ရှည် ၊ မာဆယ်ကြီးတွေနဲ့ အလယ်မှာ ထိုင်နေတဲ့ တစ်ယောက်လေ …”

“ နင်ပြောနေတာ ဒါရိုက်တာကျောက်ကိုလား …” လီဖုန်းကျယ် တခစ်ခစ် ရယ်မောလိုက်ပြီး “ ဒါရိုက်တာကျောက်က နင် စိတ်ကူးထားတဲ့ သူဌေးတွေနဲ့ မတူဘူး … သူက စလုံးရေစကနေ တစ်ဆင့်ချင်း တစ်လှမ်ချင်း လှမ်းပြီးမှ အောင်မြင်လာခဲ့တဲ့လူ … အဲ့တာကြောင့်မို့ မျက်နှာကြောက တည်ကြည်လေးနက်ပြီး ကြောက်စရာကောင်းတဲ့ပုံ ပေါ်နေတာ …”

“ နင်လည်း သိပါတယ် … ဒီဇာတ်ကားကို သူပဲ ရင်းနှီးမြုပ်နှံထားတာလေ … နောက်ဆုံး ဆုံးဖြတ်ချက်က သူ့အပေါ်ပဲ မူတည်တယ် … သူက ဒီနေ့ ထမင်းဝိုင်းမှာ အရေးကြီးဆုံး လူပုဂ္ဂိုလ်ပဲ …”

“ ပြီးတော့ နင် သိအောင် တစ်ခါတည်း ပြောထားလိုက်မယ် … နယ်ပယ်ထဲ လူတော်တော်များများက အဲ့လို မျက်နှာကြော ရှိတယ်ဆိုပေမယ့် တကယ့်တကယ်ကျတော့ လူတိုင်းထက်တောင် ပိုပြီး ဖြောင့်မတ်မှန်ကန်သေးတယ် .. နင့် မရင့်ကျက်တဲ့ ဦးနှောက်လေးနဲ့ အတွေးတွေ လျှောက်လွန်မနေနဲ့ … ငါကရော ကိုယ့်ညီမကိုယ် လှည့်စားပါ့မလား ဟုတ်တယ်မလား ….”

“ ဒါပေမယ့် အခုက တကယ်ကြီး နောက်ကျနေပြီလေ …”

“ နင်ကတော့လေ ... ငါ ဒီလောက်ထိ အာပေါက်အောင် ရှင်းပြပြီးတာတောင် ဘာလို့ အခုထိ သဘောမပေါက်နိုင်ရသေးတာလဲ ….” လီဖုန်းကျယ် အနည်းငယ် လေသံမာလာခဲ့ပြီး “ နင်က အခု ဒုတိယနှစ်ကို ရောက်နေပြီ… ဖျော်ဖြေရေးနယ်ပယ်ထဲမှာ တခြားလူတွေထက် ပိုစောပြီး အဆက်အသွယ် တည်ဆောက်ထားနိုင်ရင် နင်နဲ့ ရွယ်တူတွေထက် … မဟုတ်သေးဘူး … နင့် စီနီယာတွေကိုတောင် ကျော်တက်သွားနိုင်လိမ့်ဦးမယ် … နင် ဒီအခွင့်အရေးကြီးကို လွဲချော်သွားလို့ကတော့ နောက်တစ်ကြိမ် ပြန်ရနိုင်ပါ့မလား ငါ အာမခံ မခံနိုင်ဘူးနော် ….”

ဝမ်လု ချီတုံချတုံ ဖြစ်လာခဲ့ရသည်။

နာမည်ကြီး မင်းသမီးတစ်လက် ဖြစ်လာနိုင်မည့် အခွင့်အရေး …

ထိုကဲ့သို့သော ဖျားယောင်းသွေးဆောင်မှုကို လူ ဘယ်လောက်များများကများ ငြင်းဆန်နိုင်ပါမည်နည်း။

“ ညီမ စဉ်းစားလိုက်ဦးမယ် အစ်မလီ … ခဏနေ ပြန်လိုက်လာခဲ့မယ် …”

All Chapters