← Chapters

အခြေအတင် ဖြစ်ကြခြင်း

Vol. 143 Ch. 2137

အခြေအတင် ဖြစ်ကြခြင်း

Vol. 143 Ch. 2137

“ ကောင်းပြီလေ … အစ်မ အရင်ပြန်နှင့်မယ် … အခန်းထဲမှာ ဧည့်သည်တွေ အများကြီး စောင့်နေကြတုန်းပဲ … “ လီဖုန်းကျယ် ပြောလိုက်ပြီး “ နင်လည်း မြန်မြန်လုပ်ဦးနော် … အခန်းထဲမှာ ရှိတဲ့လူအတွေ အကုန်လုံးက ဖျော်ဖြေရေး နယ်ပယ်ထဲမှာ အကောင်ကြီးကြီးတွေချည်းပဲ … နင် သူတို့ကို အကြာကြီး စောင့်ရအောင် လုပ်ရင် သူတို့ သေချာပေါက် မပျော်မရွှင် ဖြစ်သွားလိမ့်မယ် … အဲ့တာက နင်ရမယ့် အကျိုးအမြတ်တွေ အပေါ် ထိခိုက်လာနိုင်တယ်နော် … ငါ ဘာပြောချင်နေလဲ နင်နားလည်တယ်မလား …”

“ ညီမ သိပါတယ် …”

လီဖုန်းကျယ်သည် ဝမ်လု၏ ပခုံးကို ပုတ်ပေးရင်း သန့်စင်ခန်းထဲက ထွက်သွားခဲ့သည်။

ဝမ်လု သူမ၏ ဖုန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း မိနစ်ဝက်မျှ ကြာအောင် အတွေးနက်နေမိခဲ့၏။ သို့တိုင် ဝမ်ရင်း သူမကို လာကြိုမည့် အချိန်အား စောင့်ဆိုင်းလိုက်မည်ဟု ဆုံးဖြတ်ခဲ့ဆဲပင်။

သူမက ဖျော်ဖြေရေးနယ်ပယ်ထဲသို့ ဝင်ရောက်ရန် စိတ်အားထက်သန်နေသော်လည်းပဲ အခန်းထဲ ရှိနေကြသည့် လူများအကြောင်း တွေးလိုက်သည်နှင့် သူမစိတ်ထဲ ကြောက်ရွံ့မှုတို့ ပြည့်နှက်လာခဲ့ရသည်။ အကယ်၍ တစ်စုံတစ်ရာ မှားယွင်းမှု မရှိခဲ့ဘူးဆိုပါက အဆင်ပြေသည်။ သို့သော် အကယ်၍ ရှိခဲ့မည်ဆိုလျှင်တော့ နောင်တရရန် အခါနှောင်းသွားလိမ့်မည်။

ဟင်း ~~~

ထိုအကြောင်း တွေးတောရင်း ဝမ်လု အများအပြား စိတ်ပေါ့ပါးသွားခဲ့ကာ သီးသန့်ခန်းထံသို့ တည်ငြိမ်သည့် ခြေလှမ်းတို့ဖြင့် ဦးတည်လိုက်သည်။

သီးသန့်ခန်းထဲတွင်တော့ လူဒါဇင်ခန့် ရှိနေသည်။

အမျိုးသား ငါးဦး၊ အမျိုးသမီး ခြောက်ဦးနှင့် ဝမ်လုကိုပါ ထည့်တွက်လိုက်မည်ဆိုပါက စုစုပေါင်း လူဆယ့်နှစ်ဦး ရှိသည်။

လီဖုန်းကျယ် အပြင် ဝမ်လု၏ အတန်းဖော်သူငယ်ချင်း မိန်းကလေးများ ဖြစ်ကြသည့် သုန်းယောင်နှင့် ချန်ယွီ့ဖေးတို့လည်း ရှိနေခဲ့ကြသည်။ သူမတို့နှစ်ဦး၏ သွင်ပြင်က အတော်လေး မနူးမနပ် ဖြစ်နေခဲ့ပြီး ထိုအချင်းအရာကိုလည်း ၎င်းတို့နှစ်ဦး၏ ဝတ်စားဆင်ယင်မှုမှတဆင့် ထင်သာစွာ မြင်တွေ့နိုင်သည်။

ကျန်သုံးဦးကတော့ လီဖုန်းကျယ် ခေါ်လာခဲ့သည့် အင်တာနက် ဆယ်လီ မိန်းကလေး သုံးဦးဖြစ်ကာ အကုန်လုံးက ရုပ်ရည်ရော ကိုယ်လုံးကိုယ်ပေါက်ပါ ကောင်းမွန်ကြ၏။ ၎င်းတို့ကတော့ မြှူဆွယ်သည့် အဝတ်အစားများကို ပို၍ ရဲတင်းစွာ ဝတ်ဆင်ထားခဲ့ကြသည်။

ကျန်ရှိနေသည့် အမျိုးသား ငါးဦးထဲတွင် လေးဦးက ကြမ်းတမ်းသည့် နှုတ်ခမ်းမွေးတို့ဖြင့် မျက်မှန်ကိုယ်စီ တပ်ဆင်ထားခဲ့ကြကာ ဖျော်ဖြေရေး နယ်ပယ်ထဲရှိ ပုံမှန် သက်လတ်ပိုင်း တော်တော်များများနှင့် ကွဲပြားနေသည်။

ကျန်ရှိသည့် တစ်ဦးတည်းသာလျှင် ပိုပြီး ပုံမှန်ဆန်နေခဲ့၏။

၎င်း၏ ကိုယ်လုံးကိုယ်ပေါက်က ထွားကြိုင်းသည်ဟု မဆိုနိုင်သော်ငြား ကြွက်သားကြီးများကိုတော့ ထင်ရှားစွာ မြင်တွေ့နိုင်လေသည်။ သူက ရိုးရှင်းသည့် အဖြူရောင် ရှပ်ကိုသာ ဝတ်ဆင်ထားခဲ့ပြီး အပေါ်ကြယ်သီးနှစ်လုံးကို ဖြတ်ထားကာ ရင်ဘက်တွင် ထိုးထားသည့် တက်တူးတစ်ပိုင်းတစ်စကို လှစ်ဟာပြထား၏။

ထို့ပြင် သူ့ထံမှနေ၍ ခြိမ်းခြောက်သည့် အရှိန်အဝါများကိုလည်း ရရှိနေသည်။

အမျိုးသား၏ နာမည်က ကျောက်ရုံချန် ဖြစ်ပြီး ကျိုးဟိုင်ရှိ အိမ်ခြံမြေဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု၏ ဥက္ကဌပင်။

သို့သော်… သူက အခြားသော စီးပွားရေးသမားများနှင့် မတူညီပါဘဲ ကျောက်ရုံချန်သည် မြင့်မားသည့် ပညာရေးသင်ကြားမှုကို မရရှိခဲ့ပါက မူလတန်း ဒုတိယနှစ်ဖြင့် ကျောင်းထွက်ခဲ့ကာ အပြင်လောကထဲတွင် လူမိုက်သေးသေးလေး လုပ်ခဲ့သည်။

ယခင်နှစ်များတစ်လျှောက် ကြမ်းတမ်းရက်စက်သည့် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုရင်း ကျိုးဟိုင်တွင် ခြေကုပ်တစ်ခု ယူလာနိုင်ခဲ့ကာ နာမည်ကျော်ကြားသည့် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာခဲ့သည်။

အခန်းထဲတွင် လူဒါဇင်ခန့်က စားပွဲဝိုင်းတွင် အတူထိုင်နေခဲ့ကြပြီး ဖန်ခွက်များ အဆက်မပြတ် တိုက်နေခဲ့ကြကာ သက်ဝင်လှုပ်ရှားသည့် လေထုအခြေအနေကို ဖန်တီးနေခဲ့ကြလေသည်။

“ လုလု အပြင်သွားတာ ဘာလို့ ဒီလောက်ကြာနေတာလဲတဲ့ …” ကျောက်ရုံချန် လက်ထဲတွင် စီးကရက် ကိုင်ထားပြီ မေးလိုက်သည်။

“ အခန်းထဲ လူတစ်ယောက် ပျောက်နေတာက တကယ့်ကို စိတ်ကသိကအောက် ဖြစ်စရာပဲ … အရက်သောက်ရတာ မုဒ်တောင် သိပ်မလာတော့ဘူး …”

ရုပ်ရှင်ဇာတ်ကား၏ ရင်းနှီးမြုပ်နှံသူ ဖြစ်သောကြောင့် ကျောက်ရုံချန်သည် ဤစားပွဲတွင် အတော်လေး ဩဇာညောင်းသည်။

ထို့ပြင် ယနေ့ ညစာ ထမင်းဝိုင်း၌ သူ တန်ဖိုးအထားဆုံးကလည်း ဝမ်လုလေးပင်။

မိတ်ကပ် ထူလပျစ်လိမ်းကျံထားသည့် အခြားသူများနှင့် မတူပါဘဲ သူမကို တစိမ့်စိမ့်ကြည့်လေလေ ၊ ပိုပြီး နှစ်သက်သဘောကျမိလေလေပင်။ သူမက အဆိုပါ အညှာလွယ်ပြီး အပေါစားဆန်သည့် မိန်းမများနှင့် မတူညီပါဘဲ ဝါးလို့ကောင်းမည့် အရိုးနုလေးပင်။

ထို့ကြောင့် စားသောက်နေစဉ်တွင် သူ့ဘက်က ထိုကောင်မလေးကို အထူးတလှယ် အာရုံစိုက်ထားခဲ့သည်။

“ ဥက္ကဌကျောက် … လုလုက သန့်စင်ခန်းသွားနေတာ ခဏဆို ပြန်လာတော့မှာပါ …” လီဖုန်းကျယ်က တခစ်ခစ် ရယ်သွမ်းရင်း ပြောလိုက်ပြီး “ ကျွန်မတို့ မိန်းကလေးတွေအကြောင်းလည်း သိရဲ့သားနဲ့ … သန့်စင်ခန်းထဲရောက်ရင် အမြဲတမ်း မိတ်ကပ်ပြင်လိုက်ရမှလေ … သူ ခဏလောက်ဆို ပြန်ရောက်လာလောက်ပြီ …”

“ အဲ့တာတော့ ဟုတ်တယ် …”

“ ဥက္ကဌကျောက်ရှင့် … ကျွန်မ ရှင့်ကို တစ်ခွက် ဂုဏ်ပြုပေးပါရစေ …” ဝမ်လု၏ စီနီယာ သုန်းယောင်က အရက်ငှဲ့ပေးရင်း ပြောလာခဲ့သည်။

ကျောက်ရုံချန် ရင်းနှီးထားသည့် ဇာတ်ကားထဲတွင် နေရာနှစ်နေရာ ကျန်နေသေးပြီး တစ်ခုက တတိယ အမျိုးသမီး ဇာတ်ဆောင်နေရာနှင့် ကျန်တစ်ခုက စတုတ္ထ အမျိုးသမီး ဇာတ်ဆောင်နေရာပင်။

အဆင့်တစ်ခုလေးမျှသာ ခြားနားသော်လည်းပဲ စခရင်ပေါ်တွင် ရရှိနိုင်မည့် မိနစ်အချိန်ကိုတော့ အထင်သွားသေး၍ မရချေ။

အကယ်၍ ကံကောင်းခဲ့မည်ဆိုပါက တတိယ အမျိုးသမီး ဇာတ်ဆောင်နေရာတွင် သရုပ်ဆောင်၍လည်း ကြည့်ရှုသူ ပရိသတ်များ၏ အသိအမှတ်ပြုခြင်းကို ခံရကာ နာမည်ကျော်ကြားလာနိုင်သည်။ သို့ပေမယ့် စတုတ္ထနေရာကတော့ ထိုသို့ မဟုတ်။ စကား ခွန်းအနည်းငယ် ပြောရုံမျှသာ လိုအပ်ပြီး ပရိသတ်ကလည်း သူမကို အရေးမပါသည့် အပိုဇာတ်ကောင်တစ်ခုအနေနှင့်သာ ရှုမြင်သွားလိမ့်မည်။

ထို့ကြောင့်ပဲ သုန်းယောင်က ကျောက်ရုံချန်ကို ချဉ်းကပ်၍ ဝမ်လု၏ နေရာတွင် အစားထိုးလိုနေခြင်းပင်။

“ သောက်ကြတာပေါ့ …” ကျောက်ရုံချန် ငြင်းဆန်ခြင်း မပြု။ သူ့ခွက်ကို မြှောက်လိုက်သည်။

မည်သို့ပင်ဆိုစေ သုန်းယောင်၏ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်လည်း ဆိုးသည့်ထဲ မပါပေ။

“ ရှင်နဲ့ ခွက်အတူ တိုက်ရမှာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ … ကျေးဇူးတင်ပါတယ် ဥက္ကဌကျောက်ရှင့် …”

သုန်းယောင်က အရက်သောက်နိုင်စွမ်း မြင့်မားပြီး ခွက်ကို တစ်ချက်တည်းနှင့် အပြတ်ဖြတ်လိုက်ပြီး အကျိုးသက်ရောက်မှုကို စူးစမ်းချင်မိနေသည်။ ခွက်ကို ကုန်အောင်သောက်ပြီးသည့်နောက် သုန်းယောင်က နောက်တစ်ခွက် ပြန်ငှဲ့ကာ ကျောက်ရုံချန်ထဲသို့ တစ်ဖန်ခွက်တိုက်ရန် ဟန်ပြင်လိုက်သည်။

“ ဥက္ကဌကျောက်ရှင့် … ကျွန်မကို ဒီနေ့ ထမင်းစားဖိတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် … ရှင့်လို ထူးချွန်ပြီး အရည်အချင်းရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ ဆုံတွေ့ခွင်ရတယ်ဆိုတာ တကယ်ကို ဂုဏ်ယူစရာပါပဲ … ကျွန်မ နောက်တစ်ခွက် ဂုဏ်ပြုပါရစေ …”

ကျောက်ရုံချန်မှာ မြှောက်ပင့်သည့် စကားလုံးတို့ကြောင့် လပေါ်ရောက်လုမတတ် ဖြစ်နေခဲ့တော့သည်။

ချီးမွမ်းခံရသည့် အဆိုပါ ခံစားချက် ၊ လူ အသိမှတ်ပြုတာ ခံရသည့် အဆိုပါ ခံစားချက် ၊ ထိုအရာက သူ အမြဲတမ်း ရရှိရန် ကြိုးစားနေခဲ့သည့် အရာပင် မဟုတ်လော။

သို့သော် ထိုအချိန်မှာပဲ သီးသန့်ခန်းတံခါးက တွန်းပွင့်လာခဲ့ပြီး ဝမ်လု အထဲသို့ ဝင်လာခဲ့သည်။

“ ဟော … လုလု ပြန်လာပြီ …”

ဝမ်လု ဝင်လာသည်ကိုမြင်တော့ လီဖုန်းကျယ်က မတ်တပ်ရပ်၍ သူမအား ကြိုဆိုလိုက်သည်။

ကျောက်ရုံချန်ကလည်း ပင့်မြှောက်ခါနီး သူ၏ အရက်ခွက်ကို ချကာ ဝမ်လုထံသို့ အကြည့်ပို့လိုက်သည်။ ဤသည်က သုန်းယောင်ကို မကျေမချမ်း ဖြစ်စွာဖြင့် မျက်မှောင်ကြုတ်သွားစေခဲ့လေသည်။

မျက်နှာထက်တွင် အပြုံးအနည်းငယ် ဖြစ်ပေါ်လာအောင် ဝမ်လု အတင်းအကြပ် ပြုလုပ်၍ သူမ၏ ထိုင်ခုံနေရာသို့ ပြန်ထိုင်ချလိုက်၏။

“ ကဲ … ငါကတော့ ကိုယ့်ခွက်ကို ဖြည့်ထားပြီးပြီ … မင်း ပြန်ရောက်လာမှာကိုပဲ စောင့်နေတာ …”

သုန်းယောင်၏ အမူအရာ ကွက်ခနဲ ပျက်သွားခဲ့သည်။ သူမ ရည်ရွယ်ခဲ့သည့် အရက်ခွက်က အခြားတစ်ယောက်အတွက် သတို့သမီး ပွဲတက်ဝတ်စုံ ဖြစ်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

“ ဥက္ကဌကျောက်ရှင့် … ကျွန်မ တကယ့်ကို တောင်းပန်ပါတယ် … ကျွန်မ ဆက်မသောက်နိုင်တော့လို့ပါ … အရက်အစား ရေနွေးကြမ်းသောက်ပေးမယ်လေ …”

ဝမ်လုက ထပ်မသောက်နိုင်တော့သည်ကို ကြားသိလိုက်ရတော့ ကျောက်ရုံချန်၏ မျက်နှာထက်တွင် ပျော်ရွှင်သည့် အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။

ဤသည်ကလည်း သူလိုချင်နေသည့် ရလဒ်ပင်။

“ လုလု … မင်းအဲ့လိုတော့ မရဘူးလေ … အစကတည်းက ဟုတ်တိပတ်တိလည်း သောက်တာမဟုတ်ဘူး … အဲ့တာကို ဘယ်နားက ဆက်မသောက်နိုင်ရတော့မှာ …” ကျောက်ရုံချန် အပြုံးလေးဖြင့် ပြောလိုက်သည်။

“ ကဲ နည်းနည်းလေးပဲထပ်သောက် … မင်း အရက်အစား ရေနွေးကြမ်းသောက်မယ်ဆိုရင် ငါ့ကို မျက်နှာသာမပေးလိုက်တာပဲ …”

“ ဟုတ်တယ် လုလု ... ဥက္ကဌကျောက်ကတောင် ဒီလို ပြောလာနေပြီဆိုမှတော့ နည်းနည်း‌လောက် ထပ်သောက်လိုက်နော်….” လီဖုန်းကျယ်လည်း ကူပြီး ဝင်ပြောပေးလိုက်သည်။

“ ညီမ ဆက်သောက်နေရင် လုံးဝ အသိစိတ်သွားတော့မှာ အစ်မလီ … ညီမ တကယ်ကြီး ထပ်မသောက်နိုင်တော့တာ …”

အတွေးတစ်ခုနှင့်အတူ ဝမ်လု၏ စိတ်မှာ ပိုင်းဖြတ်ပြီးသား ဖြစ်နေခဲ့သည်။

ဤကဲ့သို့သော အခြေအနေမျိုး၌ သူမ လုံးဝ လုံးဝ အသိစိတ် လွတ်ကင်းသွား၍ မဖြစ်ချေ။

ကျောက်ရုံချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး သာမန်ဆန်သော်လည်း အနည်းငယ် တင်းမာနေသည်ဟု ထင်ရသည့် လေသံဖြင့် “ လုလု … တတိယ အမျိုးသမီး ဇာတ်ဆောင်နေရာက မင်းအပိုင်ပဲလို့ ငါတို့ စောနလေးတင် သဘောတူထားပြီးသားနော်… ဒါပေမယ့် မင်းသိတဲ့အတိုင်းမှာ ဒီနေ့ခေတ်မှာ မင်းသမီးဖြစ်ချင်နေတဲ့လူတွေများ ရိုက်သတ်လို့တောင် မကုန်နိုင်ဘူး … မင်းအတွက် ချန်ထားပေးတယ်ဆိုပေမယ့် အခြေအနေတွေက ပြောင်းလဲလို့ ရနေတုန်းပဲ … အဲ့ဒီ နေရာအတွက်တောင် မင်း သောက်ဖို့ ဆန္ဒမရှိဘူးလား …”

“ ကျွန်မ တကယ်ပဲ မရတော့လို့ပါ … ဥက္ကဌကျောက်ကို စိတ်ပျက်စေမိရင် တောင်းပန်ပါတယ် …”

ဘန်း …

ကျောက်ရုံချန်းက စားပွဲကို ရုတ်တရက်ကြီး ရိုက်နှက်လာခဲ့ပြီး စားပွဲတွင် ထိုင်နေသည့် လူတိုင်းကို ထိတ်လန့်မှုကြောင့် ထခုန်လုနီးပါး ဖြစ်သွားစေခဲ့သည်။

သူတို့အားလုံး ယခုလို အခြေအနေမျိုးတွေ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

“ ဝမ်လု … မင်း ငါ့ကို မလေးမစားလုပ်နေတာလား …” ကျောက်ရုံချန်သည် သူ၏ ညင်သာနူးညံ့သည့် မျက်နှာဖုံးကို ဖယ်၍ လုံးလုံးလျားလျား ကြမ်းတမ်းလာခဲ့ပြီး ဝမ်လုအား ကျိန်ဆဲလိုက်သည်။

“ ငါ မင်းကို ဒီစောက်အရက် သောက်ခိုင်းနေတာ မင်းကများ ငါ့ကို ငြင်းတယ်ပေါ့ … မင်းကိုယ်မင်း ဖြူစင်သန့်ရှင်းတဲ့ သူတော်စင်မများ ထင်နေလား … ဒီနေ့ … မင်း ဆန္ဒရှိရှိ မရှိရှိ ဒီ ခွက်ကို သောက်ရမယ် …”

ခေတ္တကြာမျှ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီးနောက်ပိုင်းတွင် ဝမ်လု ပြန်ပြီး တည်ငြိမ်သွားခဲ့သည်။

ဤသည်က တစ်စုံတစ်ယောက် သူမအား မျက်နှာချင်းဆိုင်၍ ဆဲရေးတိုင်းထွာသည်ကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးဖြင်းပင်။

“ ဟင့်အင်း … ကျွန်မ မသောက်ဘူး …”

ဝမ်လု အလျှော့ပေးခြင်း မရှိ။ “ ရှင်လည်း ပိုက်ဆံလေး နည်းနည်းလောက် ရှိတိုင်းနဲ့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်မနေနဲ့ … ဒီဇာတ်ကားမှာလည်း ကျွန်မ သရုပ်မဆောင်တော့ဘူး … ကျွန်မကို ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့ ….”

လီဖုန်းကျယ် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ဤနှစ်များ တစ်လျှောက်တွင် သူမ မိန်းကလေး တော်တော်များများကို ခေါ်လာခဲ့ဖူးပြီး အားလုံးက ဤသူဌေးကြီးများ၏ ဩဇာအောက်၌ ဝပ်တွားခယသွားခဲ့ရတာချည်း ဖြစ်၏။

သို့သော် ဝမ်လုကတော့ တစ်ဖက်နှင့်ပင် ပြိုင်၍ ငြင်းခုန်နေသည်။

ဤမိန်းကလေးကို ဤနေရာသို့ ခေါ်လာခဲ့မိတာ သူမ အမြင်ကန်းမိခဲ့နေ၍ပဲ ဖြစ်ပေတော့မည်။

“ မင်း စောက်သုံးမကျတဲ့ ကောင်မ … မင်းကိုယ်မင်း သိပ်ဟုတ်လှပြီ ထင်နေတယ်ပေါ့ ဟမ် …” ကျောက်ရုံချန် ဒေါသထွက်လွန်း၍ မဖွင့်ရသေးသည့် အရက်တစ်ပုလင်းကို ဆွဲယူလိုက်ပြီး စားပွဲပေါ်သို့ ဘန်းခနဲ ချလိုက်သည်။

“ ဒီ ပုလင်းကုန်အောင်သောက်စမ်း … ကုန်ရင် မင်းကို ဒီနေရာကနေ ထွက်သွားခွင့်ပြုမယ် …”

All Chapters