အရေးကြီးတဲ့ အခိုက်အတန့်
Vol. 143 Ch. 2138
ဤသည်ကို မြင်တော့ လီဖုန်းကျယ် စတင် အထိတ်တလန့် ဖြစ်လာသည်။ သူမက အဆက်အသွယ် ဖြစ်မြောက်ရေး လွယ်ကူချောမွေ့စေရန်အတွက် ဆောင်ရွက်ပေးရသည့် သာမန် ရိုးရိုးရှင်းရှင်း ကြားပွဲစားလေး တစ်ဦးမျှသာ ဖြစ်ပြီး သူမ မိတ်ဆက်ပေးသည့်လူအချင်းချင်း တစ်ယာက်ကိုယ် တစ်ယောက် နှစ်သက်သဘောကျဖို့ မျှော်လင့်သည်။ သို့မှသာ သူမလည်း ကြားထဲကနေပြီး အကျိုးအမြတ် အနည်းငယ် ရရှိနိုင်မှာ ဖြစ်၏။
သို့သော် ယခု … နှစ်ဖက်ခြမ်းလုံးက အချေအတင် ဖြစ်နေကြလေပြီ။
ကျောက်ရုံချန်၏ သမိုင်းကို သူမ အနည်းငယ်သိရှိထားခဲ့ပြီး ထိုလူက ဘာမဆို ပြုလုပ်ဝံ့သည့် လူမိုက်တစ်ဦးပင်။
အကယ်၍ ဝမ်လုကသာ အရက်တစ်ပုလင်းလုံးကို ကုန်အောင် သောက်ရမည်ဆိုပါက သူမ သေဆုံးသွားလိမ့်မည်။
“ ဥက္ကဌကျောက် … ကျေးဇူးပြုပြီး စိတ်ကို ငြိမ်ငြိမ်ထားပါဦးရှင် … သူက ဒီတိုင်း သာမန်မိန်းကလေးတစ်ယောက်ပါပဲ .. အခုမှ ဒုတိယနှစ် တက်တုန်း ရှိသေးတာ … သူက ဘာမှလည်း နားမလည်သေးဘူး … သူနဲ့ အဆင့်အတန်းချင်း သွားညှိနေစရာ မလိုပါဘူး …”
“ ငါ ကျောက်ရုံချန် ဘယ်လိုလူစားမျိုးလဲ မင်း အပြင်ထွက်ပြီး ပတ်မေးကြည့်လိုက် … သူ ဒီနေ့ ဒီပုလင်း ကုန်အောင် မသောက်ဘူးဆိုရင် ထွက်သွားဖို့ကို မစဉ်းစားနဲ့ …”
“ ဒါပေမယ့် ဒီပုလင်းထဲမှာ အရက်ပါ၀င်နှုန်းက ၅၀ ရာခိုင်နှုန်းတောင် ကျော်တယ်လေ … သူက ဒီတိုင်း သာမန် မိန်းမငယ်လေးပဲဟာ ဘယ်လိုလုပ် ကုန်အောင် သောက်နိုင်မှာလဲ …”
“ သူ မသောက်ဘူးဆို ငါတို့ အတူ ဆက်သောက်ကြမယ် … ဒီလို ကိစ္စမျိုး ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့ဘူးလို့ သဘောထားပေးလိုက်မယ် …”
ကျောက်ရုံချန်၏ အမူအရာ ပျော့ပျောင်းလာသည်ကို မြင်တော့ လီဖုန်းကျယ် စိတ်သက်သာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။
အရက်ခွက် အနည်းငယ် ထပ်သောက်ရသည်က တစ်ပုလင်းလုံး ကုန်အောင် သောက်ရသည်ထက်တော့ သာ၍ ကောင်းပါသေးသည်။
ဤသည်ကို စဉ်းစားမိတော့ လီဖုန်းကျယ်သည် ဝမ်လုကို တံတောင်ဖြင့်တွတ်၍ အချက်ပြလိုက်ပြီး ကျောက်ရုံချန်ကို အရက်ခွက်ဖြင့် ဂုဏ်ပြု၍ ဤပြဿနာအား ဖြေရှင်းရန် ပြောလိုက်သည်။
“ ကျွန်မ အရက်တစ်စက်လေးမှ ထပ်မသောက်နိုင်ဘူး …” ဝမ်လု မတ်တပ်ရပ်၍ သူမ၏ အိတ်ကိုလွယ်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
“ ထွက်သွားချင်တယ်ပေါ့ … အဲ့လိုလုပ်လို့ရမှာလား …”
ထိုအချိန်မှာပဲ သီးသန့်ခန်း တံခါး တွန်းပွင့်လာခဲ့ပြီး ကျောက်ရုံချန်၏ ဒရိုင်ဘာက အပြင်ဘက်မှ ဝင်လာခဲ့ကာ ဝမ်လု၏ လမ်းကို ပိတ်ဆို့ထားသည်။
“ ရှင် ဒါ ဘာလုပ်တာလဲ …”
ဝမ်လု ကျောက်ရုံချန်ကို ဒေါသတကြီးနှင့် စိုက်ကြည့်လိုက်သည်။
“ ငါ မင်းကို မပြောခဲ့ဘူးလား … ငါနဲ့ အတူသောက်ပေးမလား .. ဒါမှမဟုတ် အရက် တစ်ပုလင်းလုံး ကုန်အောင် သောက်မလား … မဟုတ်ရင် မင်း ထွက်သွားလို့ မရဘူး …”
“ ကျွန်မလည်း ပြောခဲ့ပြီးပြီ … ကျွန်မ အရက်တစ်စက်လေးမှ ထပ်မသောက်နိုင်တော့ဘူး …” ဝမ်လု လုံးဝ ကြောက်ရွံ့ခြင်း မရှိချေ။
ဝမ်ရင်း၏ ကျောထောက်နောက်ခံ ရှိထားသဖြင့် ဤလူများအား ကြောက်ရွံ့နေစရာ မလိုချေ။
“ ဟက် … အဲ့ကိစ္စ မင်း ဆုံးဖြတ်ရမှာ မဟုတ်ဘူး …”
ပြောပြီးသည်နှင့် ကျောက်ရုံချန်က ဒရိုင်ဘာကို အကြည့်တစ်ချက် ပေးလိုက်သည်။ တစ်ဖက်သူကလည်း အလိုက် သိတတ်စွာဖြင့် ရှေ့သို့ တက်လာပြီး ဝမ်လု၏ လက်ကို ချုပ်နှောင်ကာ ထိုင်ခုံသို့ ပြန်ဆွဲလာခဲ့၍ သူမကို ထိုင်ခုံတွင် အတင်းအကြပ် ထိုင်ခိုင်းထားလိုက်သည်။
ထို့နောက် စားပွဲပေါ်တွင် ငှဲ့ထားသည့် အရက်ခွက်ကို ယူပြီး ဝမ်လုရှေ့တွင် ကိုင်ထားလိုက်၏။
“ သောက် …”
“ ငါ ပြောပြီးပြီ .. ငါ တစ်ငုံတောင် မသောက်ဘူး …”
“ ငိုးတဲ့မှပဲ … ဖာနံ့ထွက်နေတဲ့ တက္ကသိုလ်ကျောင်းသူကများ အင်နိုးစန့်ယောင် လာဆောင်နေတယ် …” ကျောက်ရုံချန် နှာမှုတ်လိုက်ပြီး “ သူ မသောက်ဘူးဆို ပါးစပ်ထဲ လောင်းထည့်ပေးလိုက် … ပြီးတော့ ဒီနေ့ …. တကယ် ရက်စက်တာက ဘာလဲဆိုတာ သူ သိအောင် ပြပေးလိုက် …”
“ နားလည်ပါပြီ ဥက္ကဌကျောက် …”
ဒရိုင်ဘာက ပုလင်းကို ယူ၍ လောင်းထည့်ရန် အသင့်ဖြစ်နေသည်။ သို့သော် ဝမ်လုက အခွင့်အရေးမပေးချေ။ သူမ နိုင်သမျှအားနှင့် ရုန်းကန်နေခဲ့၏။
“ ရုန်းကန်နေသေးတယ်ပေါ့ … ကြိုက်တယ် … မင်းလို ခေါင်းမာတဲ့ ကောင်မလေးတွေကိုမှ ကြိုက်တာ …”
“ ဥက္ကဌကျောက်က အထင်ကြီးစရာပါပဲ .. သူ့လို မြင်းရိုင်းလေးတွေကို မင်းလို လူစားမျိုးကပဲ ထိန်းကျောင်းပေးနိုင်မှာ …” ဆံပင်အရှည်နှင့် ဒါရိုက်တာကပြောလိုက်သည်။
“ ဥက္ကဌကျောက် … ငါလည်း ကူညီပေးမယ် .. ဒီ ခွေးမက မနာခံတတ်သေးဘူးပဲ…" လက်ထောက် ဒါရိုက်တာကလည်း လမ်းလျှောက်လာရင်း ပြောလိုက်သည်။
ရှိနေကြသည့် အမျိုးသားများအားလုံး မတ်တပ်ရပ်၍ ဝမ်လုထံသို့ ချဉ်းကပ်လာခဲ့ကြပြီး သူမ၏ လက်မောင်းများကို ချုပ်ထား၍ ထိုင်ခုံပေါ်တွင် မလှုပ်နိုင်အောင် ထိန်းထားခဲ့ကြသည်။ ထိုမြင်ကွင်းကို ကျောက်ရုံချန်ကတော့ ရွှင်မြူးစွာဖြင့် ဆေးလိပ်ဖွာရင်း ကြည့်နေလေသည်။
“ ငါတို့ သူ့ကို ထိန်းထားပြီးပြီ ဥက္ကဌကျောက် …”
ကျောက်ရုံချန်က ဇာတ်ကားကို ရင်းနှီးမြုပ်နှံသူ ဖြစ်သောကြောင့် အုပ်စုထဲတွင် သူ၏ စကားက ဩဇာအညောင်းဆုံးပင်။
ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာများ၊ ရုပ်ရှင်ရိုက်ကူးသည့် ဝန်ထမ်းများအားလုံးက သူ့ အပေါ် နာနာခံခံနှင့်ရှိကာ အဘိုးရှေ့ရောက်နေသည့် မြေးလေးများကဲ့သို့ ဖြစ်နေခဲ့ကြ၏။
ကျောက်ရုံချန်သည် လက်ကျန် ဆေးလိပ်တိုကို မီးငြိမ်းသတ်၍ အပြုံးလေးဖြင့် ထရပ်လိုက်ပြီး စားပွဲပေါ်က အရပ်ပုလင်းကို ကိုင်ကြည့်လိုက်သည်။ ထို့နောက် ယုတ်မာတော့မည့် အပြုံးကြီးဖြင့် ဝမ်ရင်းထံသို့ ချဉ်းကပ်လာသည်။
“ မင်းက ကိုယ့်ဝိတ်ကိုယ်ကျ မသိဘဲ ငါ့ကို အပြစ်ကင်းချင်ယောင်ဆောင်လာပြီး လာကစားချင်နေတယ်ပေါ့ … ဒီနေ့ မင်း ဒီပုလင်း ကုန်အောင် သောက်သွားရမယ် …."
“ ဝူး ဝူး ဝူး ….”
ဝမ်လု ဆက်ပြီး တိုက်ခိုက်နေဆဲပင်။ သို့သော် သူမ၏ အံကို လက်ဖြင့် ညှစ်ထားခြင်း ခံရသည့်အတွက် လည်ချောင်းသံတစ်ချို့ကိုသာ ပြုလုပ်နိုင်ခဲ့လေသည်။
လီဖုန်းကျယ်ကတော့ ကြောက်ရွံ့မှုကြောင့် တုန်ခါနေခဲ့ပြီး အခြားမည်သည့် စကားကိုမျှ ဝင်မပြောရဲခဲ့ချေ။ သူမ၏ ထိုင်ခုံတွင်သာ နာခံတတ်သည့် မျက်နှာပေးလေးဖြင့် ငြိမ်ငြိမ်ထိုင်နေခဲ့၏။
ကျောက်ရုံချန်ကဲ့သို့သော လူစားမျိုးကို သူမ စော်ကားဖို့ မတတ်နိုင်ကြောင်း ကိုယ့်ကိုယ်ကို နားလည်သည်။
သို့သော် ဘေးတွင် ထိုင်နေသည့် သုန်းယောင်ကတော့ ဝမ်လု၏ ဝမ်းနည်းဖွယ်ရာ မြင်ကွင်းကို ဝမ်းသာအားရ ဖြစ်နေသည့် အမူအရာဖြင့် ကြည့်ရှုနေခဲ့၏။
“ ဝမ်လုရယ် … နင် ဘာလို့ အဲ့လိုတွေ လုပ်နေရတာလဲ … ဥက္ကဌကျောက်က နင့်ကို ဂုဏ်ပြုအရက်တိုက်တယ်ဆိုတာ လေးစားမှုပြတာပဲလေ … ဒါတောင် နင်က သူ့ကို မျက်နှာမပေးဘဲ ငြင်းဆန်နေတယ် … ဒါ ဂုဏ်ပြုအရက်ကို ကောင်းကောင်းသောက်ခိုင်းတော့ မသောက်ဘဲ အခု အတင်းအကြပ်သောက်နေရပြီပဲမလား ….”
“ မင်းက စည်းမျဉ်းတွေကို နားလည်သားပဲ ကောင်မလေး …” ကျောက်ရုံချန်က သုန်းယောင်ကို ကြည့်လိုက်ပြီး “ ဒီည ငါ့ဆီလာခဲ့ … ပြီးရင် ဇာတ်ကားထဲက တတိယ အမျိုးသမီး ဇာတ်ကောင်နေရာ မင်းရပြီ …”
ဤသည်ကို ကြားတော့ သုန်းယောင်၏ မျက်လုံးအရောင် လင်းလက်လာလေသည်။
“ ကျေးဇူးတင်ပါတယ် ဥက္ကဌကျောက် … ကျေးဇူးတင်ပါတယ် … ကျွန်မ အဲ့ဒီ ဇာတ်ကောင်မှာ သေချာ သရုပ်ဆောင်ပြီး ရှင့်ကို စိတ်မပျက်စေရပါဘူး ….”
ကျောက်ရုံချန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် အရက်ပုလင်းကို မြင့်မြင့်မြှောက်၍ အပြုံးလေးဖြင့် “ ဒီ မောက်ထိုင်က သာမန်လူတွေတောင် သောက်နိုင်တာ မဟုတ်ဘူး… ဒီနေ့ ငါမင်းဖို့ အထူးတလှယ် ထုတ်လာခဲ့ခိုင်းထားတာ … မင်း ဦးနှောက်ထဲမှာ စွဲစွဲမြဲမြဲ မှတ်မိနေအောင်လို့ပေါ့ …”
ဝမ်လု၏ မျက်လုံးတို့ ပြူးကျယ်နေခဲ့ပြီး ထိတ်လန့်ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော် အခြားသူများ၏ ဝိုင်းဝန်းဖိနှိပ် ချုပ်နှောင်ထားခြင်းကို ခံထားရသည့်အတွက် လည်ချောင်းသံများကိုသာ ပြုလုပ်နိုင်လေသည်။
“ ဟားဟား … လာလေရော့ … ဒီနေ့ အရက်ရဲ့အရသာ ဘယ်လောက် ……….”
ဝုန်း …
ကျောက်ရုံချန် စကားမဆုံးသေးခင်မှာပဲ ရုတ်ချည်းဆိုသလို ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။
မသိစိတ်အလျောက် သီးသန့်ခန်းထဲရှိ လူတိုင်း အေးခဲသွားခဲ့ကြကာ အသံလားရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
တံခါးပေါက်ဝတွင် ရပ်တန့်နေသည့် လူကတော့ လင်းရီနှင့် ဝမ်ရင်းတို့ကလွဲ၍ အခြားသူမဟုတ်ပါချေ။
“ မမ…. ခဲအို ….”
အခြားသူများ ရှော့ခ်ရနေသည်ကို အခွင့်ကောင်းယူ၍ ဝမ်ရင်း အလျင်စလို ပြေးသွားခဲ့သည်။
“ မကြောက်နဲ့တော့နော် … အားလုံး အဆင်ပြေသွားပြီ …”
ဝမ်ရင်း နှစ်သိမ့်စကားဆိုရင်း ဝမ်လု၏ ကျောကို ပွတ်သပ်ပေးလိုက်သည်။
ယခုအချိန်၌ အခန်းထဲရှိ အခြေအနေကို အရင်ကိုင်တွယ်ဖို့လိုအပ်လေသည်။
“ မင်းတို့နှစ်ယောက်က သူ့ဆွေမျိုးတွေလား …” ကျောက်ရုံချန်က သူ့ အရက်ပုလင်းကို အေးဆေးချရင်း မေးမြန်းလိုက်သည်။
“ မင်း ဘယ်လိုထင်လဲ ….” လင်းရီ ပြန်မေးလိုက်၏။
“ ကောင်းပြီလေ … မင်းတို့နှစ်ယောက်က သူ့ကို လာကြိုပြီဆိုမှတော့ ငါ တခြား မပြောတော့ဘူး . သူ့ကို ခေါ်သွားလိုက်တော့ … ငါတို့ ညစာ ဆက်စားလိုက်ဦးမယ် …”
အနည်းငယ် နှမြောစရာ ကောင်းသည်ဟု တွေးတောမိသော်လည်းပဲ ဤသည်က သူအဝေးဆုံး သွားနိုင်သည့် အကွာအဝေး ဖြစ်ကြောင်းကို ကျောက်ရုံချန် နားလည်သည်။
အကယ်၍ သူသာ ဆက်ပြီး အကျယ်ချဲ့နေဦးမည်ဆိုပါက ခြေလွန်လက်လွန်တွေ ဖြစ်ကုန်လိမ့်မည်။
“ ထွက်သွားရမယ် ဟုတ်လား … မင်းက ငါ့တူမလေးကို အတင်းအကြပ် သောက်ခိုင်းထားပြီးမှ ဒီလိုစကားမျိုးပြောပြီး ပြန်ပို့လိုက်ရိုး ထုံးစံလား ..”
ကျောက်ရုံချန် လင်းရီကို မော့ကြည့်လာခဲ့သည်။
“ သူက နာမည်ကြီးချင်တယ် … ငါ ရင်းနှီးမြုပ်နှံထားတဲ့ ဇာတ်ကားထဲမှာ သရုပ်ဆောင်ချင်တယ် … အဲ့တာကြောင့် ငါသူ့ကို နည်းနည်းသောက်ခိုင်းလိုက်တယ် … အဲ့တော့ ဘာဖြစ်လဲ ….”
“ ဟက် … စောက်ရေးမပါတာ …”
လင်းရီ အေးစက်စွာ တစ်ချက် ရယ်သွမ်း၍ “ ဆိုတော့ ဒါက မင်းရဲ့ ကျိုးကြောင်းဆီလျော်ပါတယ်ဆိုတဲ့ ဆင်ခြေပေါ့ …”
“ မဟုတ်လို့လား … ဒါက ဒီနယ်ပယ်ရဲ့ စည်းမျဉ်းပဲ … မင်း လိုချင်နေရာ ရောက်ချင်ရင် သူ့စည်းမျဉ်းတွေကို လိုက်နာရမှာ သဘာဝပဲ …” ကျောက်ရုံချန် ပြောလိုက်သည်။
“ ဒီက စည်းမျဉ်းက အရက်သောက်တာပေါ့ …”
“ အတိအကျပဲ .. ဘာလဲ .. အဲ့တာ ပြဿနာရှိလို့လား …” ကျောက်ရုံချန် ပြန်မေးလိုက်ပြီး “ မင်း မြန်မြန် ထွက်သွားလိုက်တော့ .. ငါတို့ စားသောက်နေတာကို လာမရှုပ်နဲ့ …”
လင်းရီ ရှည်ရှည်ဝေးဝေး ပြောဆိုနေခြင်း မရှိဘဲ ကျောက်ရုံချန်အနားသို့ ရောက်လာခဲ့ပြီး စားပွဲပေါ်ရှိ အရက်ဖြူကို ကောက်ကိုင်ကြည့်လိုက်သည်။
“ သက်တမ်း ၂၀ ရှိတဲ့ မောက်ထိုင် … မင်းတော်တော် ရက်ရောတဲ့ကောင်ပဲ ..”
“ ငါတို့အဆင့်မှာ ဒါတွေပဲ သောက်တယ် …” ကျောက်ရုံချန် ပြောလိုက်ပြီး “ ပြီးတော့ မင်းရဲ့ တူလေးကို မောက်ထိုင် သောက်ခိုင်းတာ ဘယ်လောက် ရက်ရော …….”
ခွမ်း …
အရက်ပုလင်း ကိုင်ထားသည့် လင်းရီသည် ကျောက်ရုံချန်၏ ဦးခေါင်းကို အားပါပါနှင့် ရိုက်ခွဲပစ်လိုက်၏။
ကျောက်ရုံချန် နာကျင်စွာ ညည်းညူ၍ သူ့ဦးခေါင်းကို ကိုင်ထားခဲ့ရသည်။ အခန်းထဲရှိ အခြား အမျိုးသမီးများကတော့ ကြောက်လန့်အားကြီးစွာဖြင့် အော်ဟစ် နေခဲ့ကြလေသည်။
“ ငါ့ သူဌေးကို ထိဝံ့နေတယ်ပေါ့ … မင်း သတ္တိ သိပ်ကောင်းနေတဲ့ကောင်ပဲ ..”
ကျောက်ရုံချန်၏ ဒရိုင်ဘာက လျင်မြန်စွာ လှုပ်ရှားလာခဲ့သည်။ ခွေးခြေခုံကို ကောက်မ၍ လင်းရီထံသို့ အားဖြင့် ရိုက်ချလာသည်။
လင်းရီ လက်တစ်ဖက်မြောက်၍ ခွေးခြေခုံကို တားထားလိုက်သည်။ ထို့နောက် ကွဲနေသည့် အရက်ပုလင်းဖြင့် တစ်ဖက်လူ၏ ဝမ်းဗိုက်သို့ ဇွပ်ခနဲ ထိုးလိုက်၏။