← Chapters

ကျိုးဟိုင်ရဲ့ ကောင်းကင်ထက်မှာ လင်းရီကို ဘယ်သူလွန်ဆန်နိုင်မှာလဲ

Vol. 143 Ch. 2139

ကျိုးဟိုင်ရဲ့ ကောင်းကင်ထက်မှာ လင်းရီကို ဘယ်သူလွန်ဆန်နိုင်မှာလဲ

Vol. 143 Ch. 2139

ဒရိုင်ဘာ၏ လှုပ်ရှားမှုက ချက်ချင်းအေးခဲသွားသည်။ သူ၏ မျက်လုံးတို့ ပြူးကျယ်နေပြီး ဝမ်းဗိုက်ကို လက်ဖြင့် ဆုပ်ကိုင်ကာ ကြမ်းပြင်သို့ ဒယီးဒယိုင်လဲကျသွားခဲ့လေသည်။

ဒရိုင်ဘာ၏ ဖြစ်ရပ်ကို မြင်တော့ လေထုပင် ပေါက်ပြဲလောက်သည်အထိ ကျယ်လောင်သည့် အော်ဟစ်သံတို့က တစ်ဖန် ထွက်ပေါ်လာခဲ့ကာ အမျိုးသီးများ အားလုံး တံခါးပေါက်ဝသို့ ကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားခဲ့ကြသည်။

လင်းရီ ထိုလူများကို သူနှင့် မဆိုင်သဖြင့် အာရုံစိုက်ခြင်း မရှိခဲ့ပေ။

သို့သော် ကျန်ရှိနေကြသည့် အမျိုးသားများကတော့ ကြောက်လန့်လွန်း၍ တစ်ပိုင်းသေနေကြပြီး ဖြစ်၏။ သူတို့ မတ်တပ်ရပ်နေသည့် နေရာတွင် ကတုန်ကယင် ဖြစ်စွာဖြင့် မတ်တပ်ရပ်နေရင်း အသံတစ်သံပင် မထွက်ဝံ့ကြချေ။

လင်းရီသည် ကျောက်ရုံချန် အနားသို့ ချဉ်းကပ်လာခဲ့ပြီး သူ၏ ဆံပင်ကို စုကိုင်၍ ခေါင်းကို အပေါ်သို့ ဆွဲမော့လိုက်၏။

“ မင်းကိုယ်မင်း သိပ်ဟုတ်လှပြီ ထင်နေတယ်ပေါ့ ... အခုလို အချင်းချင်း သင့်သင့်မြတ်မြတ်ရှိကြတဲ့ လူ့အဖွဲ့အစည်းကြီးထဲမှာတောင် မင်းက ဒီလို လုပ်ရပ်မျိုးတွေ လုပ်ဝံ့နေတယ်ဆိုတော့ ဘယ်သူ မင်းကို အဲ့လို သတ္တိမျိုး ပေးလိုက်တာလဲ …”

ကျောက်ရုံချန်သည် လင်းရီကို ကြည့်ရင်း အသက်ကို ပြင်းပြင်းထန်ထန် ရှူသွင်းနေခဲ့၏။

“ မင်းကြည့်ရတာ မြေအောက်လောကနဲ့ ရင်းနှီးတဲ့ပုံပဲ … ငါ့ နာမည်ကျောက်ရုံချန် … ဒီလောက်ဆို လုံလောက်လား …”

“ ငရဲကို သွားလိုက် …”

လင်းရီ သူ၏ ဦးခေါင်းကို စားပွဲသို့ စိုက်လိုက်ပြီး အငွေ့ တထောင်းထောင်းထနေသည့် စွပ်ပြုတ်ပန်းကန်လုံးကြီးထဲ ခေါင်းစိုက်လိုက်ကာ ပန်းကန်လုံးအား အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားစေခဲ့သည်။

ကျောက်ရုံချန်းမှာ စွပ်ပြုတ်ပန်းကန်ထဲ ခေါင်းစိုက်ရင်း နာကျင်စွာ ညည်းညူသံပြုနေလျက် သူ၏ မောက်မာမှုများအားလုံး ပျောက်ကွယ်သွားခဲ့ရလေပြီ။

“ ညီကို … ငါ အရှုံးပေးတယ် … ငါ့ကို မရိုက်ပါနဲ့တော့ … မင်း ကြိုက်ဈေးပြောလိုက် … ငါအခုချက်ချင်း ပေးလိုက်မယ် …”

မတူကွဲပြားသည့် အခြေအနေအောက်ဘက်၌ ကျောက်ရုံချန်၏ အတွေ့အကြုံ ကြွယ်ဝသည် သူ့အား အလျင်အမြန် လက်လျှော့ အရှုံးပေးသွားစေခဲ့သည်။

သို့သော် လင်းရီမှာ ရက်စက်ကြမ်းတမ်းလွန်းလှပြီး ကျောက်ရုံချန်၏ ဦးခေါင်းကို စားပွဲနှင့် ထပ်ခါတလဲလဲ ရိုက်နှက်နေသည်။

အကယ်၍ သူသာ အရှုံးဝန်မခံဘဲ မတောင်းပန်ဘူးဆိုပါက သူ ဘာဖြစ်လာမလဲဆိုတာကို မည်သူကမျှ သေချာပြောနိုင်မည် မဟုတ်ချေ။

လင်းရီ လက်တစ်ဖက်ပင့်မြှောက်၍ ကျောက်ရုံချန်ကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး သူ၏ အကြည့်က တခြား အမျိုးသားများပေါ်သို့ ကျရောက်သွားခဲ့သည်။

“ မင်းတို့အကုန်လုံးလည်း တစ်စိတ်တည်း တစ်ဉာဏ်တည်းတွေပဲ မလား …”

“ ငါ .. ငါတို့ … “

ဒါရိုက်တာနှစ်ဦးနှင့် ဇာတ်ညွှန်းရေးဆရာမှာ ကြောက်လန့်လွန်း၍ စကားတစ်ခွန်းပင် ဆုံးအောင် မပြောနိုင်ကြတော့ချေ။ သူတို့ ချက်ချင်းပဲ ကြမ်းပြင်သို့ ဒူးထောက်လိုက်ကြ၏။

“ ညီကို … ငါတို့ မှားမှန်းသိပါပြီ … ကျေးဇူးပြုပြီး ငါတို့ကို ဗွေမယူပါနဲ့ …”

“ မင်းတို့ ငါ့တူမလေးကို ထိခိုက်အောင် လုပ်နေတုန်းက ဒီမျက်နှာတွေ မဟုတ်ပါဘူး … မင်းတို့ ပုံစံတွေက လူကိုပဲ အရှင် လတ်လတ် ဝါးစားတော့မလိုလို … အခုကျတော့ ဒူးတွေထောက်ပြီး ဘာလုပ်နေကြတာ …”

အမျိုးသား လေးဦးမှာ တုန်ယင်နေခဲ့ကြပြီး စကားပြောဖို့ကို မဆိုထားနှင့်။ ခေါင်းပင် မော့မကြည့်ဝံ့ကြချေ။

“ ဒီလိုလုပ်… ငါ မင်းတို့ကို ခက်ခဲအောင် မလုပ်တော့ဘူး … ဒီနေရာက လေးလွှာဆိုတော့ ဒီကနေ ခုန်ချလိုက် … ဒါဆိုရင် ဒီကိစ္စ ဒီမှာ တင်ပြီးပြီ …”

“ အောက်ကို ခုန်ချရမှာလား …”

သူတို့၏ အမူအရာများမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ကြပြီး နှလုံးမှာ လည်ချောင်းဝမှတစ်ဆင့် အပြင်သို့ ခုန်ပေါက်ထွက်လာလုမတတ် ဖြစ်သွားခဲ့သည်။

“ ညီကို .. ငါတို့ အမှား ငါတို့ ဝန်ခံပေးပြီးပြီလေ … ငါတို့ကို ပေးသွားလိုက်ပါတော့ကွာ … ငါတို့ လျော်ကြေးလည်း ပေးပါ့မယ် … ပြီးခဲ့တာတွေကို ပြီးခဲ့တဲ့အတိုင်းပဲ ရှိပါစေတော့ … ပြီးတော့ မင်း နောင်ကျ တစ်ခုခု လိုအပ်တာတွေ ရှိခဲ့ရင် ငါတို့ကို ဖုန်းတစ်ချက်ပဲ ခေါ်လိုက် … ငါတို့ သေချာပေါက် ကူညီပေးမယ် … ဒီလောက်ထိ သွားဖို့ မလိုပါဘူး …”

စောနလေးတင် ထုံထိုင်းနေအောင် ရိုက်နှက်ခံထားရသည့် ကျောက်ရုံချန်သည် ယခု အနည်းငယ် သက်သာလာခဲ့ပြီး လင်းရီနှင့် စပြီး ညှိနှိုင်းဆွေးနွေးနေသည်။

“ ငါ မဖြေရှင်းနိုင်တဲ့ ပြဿနာကို မင်းက ဖြေရှင်းပေးရအောင် မင်းကိုယ်မင်း ဘာကောင်ထင်နေလို့ …”

“ ဟုတ်တယ် ဟုတ်တယ် … မင်းက ကြမ်းတယ်ဆိုတာ ငါ ဝန်ခံတယ် …” ကျောက်ရုံချန် ပြောလိုက်ပြီး “ ငါ ဖုန်းခေါ်လို့ရအောင် မင်းငါ့ကို အချိန်နည်းနည်းလောက် ပေးနိုင်မလား …”

လင်းရီ၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့ပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ “ မင်းက မရိုးသားဘူးပဲ .. ရတယ် ခေါ်စမ်း … ဘယ်သူ မင်းဘက်က လိုက်ပေးရဲလဲ ငါကြည့်ဦးမယ် …”

ကျောက်ရုံချန်သည် တုန်ယင်နေသည့် သူ၏ အခြားလက်တစ်ဖက်ဖြင့် ဖုန်းကို ထုတ်လာခဲ့သည်။

“ အစ်ကိုဟောင် … ငါ ထမင်းစားနေတုန်း ပြဿနာ နည်းနည်းတက်နေလို့ … မင်း လာပြီး ငါ့ကို ဖြေရှင်းပေးနိုင်မလား …”

“ ဘာကိစ္စလဲ … မင်း လူသတ်မိပြန်ပြီလား …”

“ ငါက သူများကို ရိုက်တာ မဟုတ်ဘူး … ငါက သူများ ရိုက်တာ ခံနေရတာ …"

“ ဘာကွ … ဖုန်းစပီကာ ဖွင့်လိုက် … ငါ သူနဲ့ စကားပြောမယ် …”

ကျောက်ရုံချန်သည် စပီကာ ခလုတ်ကို နှိပ်၍ ဖုန်းထဲရှိ လူအား ပြောလိုက်သည်။

“ အစ်ကိုဟောင် … ငါဖွင့်ပြီးပြီ … သူ အခု ငါ့ဘေးနားမှာတင်ပဲ …”

“ ညီကို … မင်း ဘယ်သူလဲ … ကျောက်ရုံချန်က ငါ့ညီပဲ … ငါတို့ချင်း ကလေးတုန်းကတည်းက ရင်းနှီးခဲ့တဲ့ကောင်တွေ … မင်း ငါ လီဟောင်ကို နည်းနည်းလေးမှ မျက်နှာသာ မပေးချင်ဘူးလား …”

“ အဲ့စကားတွေ ငါ့လာပြောမနေနဲ့ … ငါ့နာမည် လင်းရီ … ကျိုးဟိုင်မှာ မင်း ဒီနာမည် ကြားဖူးတယ်မလား …”

“ လင်းရီ … မင်း … မင်းက အဲ့ဒီ သခင်လေးလင်းလား …”

“ မင်း သိထားတဲ့အတိုင်းပဲ …”

“ ကျောက်ရုံချန် … ၊ မြည်းက မင်းခေါင်းကို ကန်ခဲ့လို့ ရူးနှမ်းနေတာလား … မင်း သခင်လေးနဲ့ ဘယ်လိုတောင် ဇယားသွားရှုပ်ဝံ့နေတာ … မင်း အသက်မရှင်ချင်ဘူးဆိုလည်း ကိုယ့်ဘာကိုယ်သွားသေလိုက် … ငါ့ကိုလာဆွဲမခေါ်နဲ့ …”

လီဟောက်၏ ဆူငေါက်ခြင်းကို ခံလိုက်ရပြီးသည့်နောက် ကျောက်ရုံချန်မှာ လုံးဝ ရှုပ်ထွေးသွားခဲ့တော့သည်။ ကြောက်မယ်ဖွယ် တစ်စုံတစ်ရာကို သတိပြုမိသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဆောင်းတွင်းရောက်နေသည့်နှယ် အေးစက်သွားခဲ့၏။

“ အစ်ကိုဟောင် … သူက တကယ်ကြီး ကျိုးဟိုင်ရဲ့ နာမည်ကြီး သခင်လေးလင်းလား …”

“ ဒီလို ကိစ္စမျိုးကို ငါက နောက်ပြောင်ပြီး ပြောမယ်လို့ မင်းထင်လား … ငါ ဒီကိစ္စ မကိုင်တွယ်နိုင်ဘူး … သခင်လေးလင်း ဘယ်လိုပဲ ဆုံးဖြတ် ၊ ဆုံးဖြတ် … မင်း လက်ခံရမယ် .. ငါ့ကို ဖုန်းထပ်မခေါ်လာနဲ့တော့ …”

လီဟောက် အကြမ်းပတမ်း ဖုန်းချသွားခဲ့ပြီး ပြဿနာမီးက သူ့ဘက်သို့ ကူးပြောင်းလာမည်ကို ကြောက်ရွံ့နေခဲ့သည်။

ကျောက်ရုံချန်နှင့် အခန်းထဲရှိ လူတိုင်းမှာ တောင့်တင်းနေခဲ့ကြပြီး သူတို့ စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေခဲ့ကြ၏။

ထိုက်တောင်ကြီးက ရှေ့တွင် ရှိနေပါလျက်နှင့် သူတို့က အမြင်ကန်းပြီး စော်ကားမိခဲ့လိမ့်မည်ဟု သူတို့ကိုယ်သူတို့ လုံးဝ မျှော်လင့်မထားခဲ့ကြချေ။

သို့သော် ဒါရိုက်တာနှစ်ဦးနှင့် ဇာတ်ညွှန်းရေးဆရာတို့၏ နားလည်နိုင်စွမ်းကတော့ အနည်းငယ် နှောင့်နှေးနေခဲ့၏။ သူတို့တွေ ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ရာကို အပြစ်ပြုမိခဲ့ပြီဖြစ်ကြောင်း သိရှိပါသော်လည်း ထိုလူ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းကြောင်းကိုတော့ သူတို့ အပြည့်အဝ နားမလည်ခဲ့ကြချေ။

“ မလှုပ်နဲ့ … မင်းတို့လက်တွေ မြှောက်ထားကြစမ်း …”

ထိုအချိန်မှာပဲ တံခါးဝထံမှ အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့ပြီး ရဲအရာရှိများ ရောက်ရှိလာလေသည်။

လင်းရီ တစ်ချက်လှမ်းကြည့်လိုက်၏။ ထိုမျက်နှာများက သူနှင့် စိမ်းသက်နေသည်။

မျှော်လင့်ထားသည့်အတိုင်း ဟိုတယ်ရှိ တာဝန်ရှိသူများက ရဲကို အကြောင်းကြားလိုက်ခြင်းပင်။

ရဲများရောက်လာခဲ့သည်ကို မြင်တော့ အခန်းထဲရှိ လူတိုင်း သူတို့၏ ကယ်တင်ရှင်ကို မြင်တွေ့လိုက်ရသည်နှယ် ကမန်းကတမ်း ပြေးသွားခဲ့ကြသည်။

“ အရာရှိကြီး ကျေးဇူးပြုပြီး ကူညီပါဦးဗျာ… ဒီလူက ငါတို့ကို လေးလွှာကနေ ခုန်ချခိုင်းနေတယ် … မင်းငါတို့ကို ကယ်တင်ရမယ်နော်…”

ဦးဆောင်လာသည့် ရဲအရာရှိက လင်းရီကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ အမူအရာမှာ မြင်သာလောက်အောင်ကို အေးစက်နေသည်။

“ ဒီလို ကိစ္စမျိုးတောင် လုပ်ခိုင်းတယ်ဆိုတော့ မင်းက တကယ်ကို ဥပဒေမဲ့တဲ့ကောင်ပဲ …”

“ ဒီကိုလာခဲ့ … ငါမင်းနဲ့ စကားနည်းနည်းပြောချင်တယ် …”

လင်းရီ ပြုံးလိုက်ပြီး လက်ယပ်ပြကာ ခေါင်းဆောင်ရဲအရာရှိကို ဘေးဘက်တစ်နေရာသို့‌ ခေါ်ဆောင်သွားခဲ့သည်။ သူတို့ချင်း မိနစ်အနည်းငယ်မျှ စကားတီးတိုးပြောနေခဲ့ကြ၏။

လင်းရီ ပြောသမျှကို ရဲအရာရှိက ဆက်တိုက် ခေါင်းညိမ့်နေရင်း သူ၏ အမူအရာကလည်း ပိုပြီး ဖော်ရွေလာနေသည်။

စကားပြောဆိုပြီးနောက် ခေါင်းဆောင် ရဲအရာရှိက သူ့အသင်းထံသို့ ပြန်ရောက်လာခဲ့ပြီး “ ပြန်ကြမယ် … ဒီကိစ္စ သူတို့ဘာသူတို့ ဖြေရှင်းလိမ့်မယ် …”

ဤသည်ကို ကြားတော့ ဒါရိုက်တာနှစ်ယောက်နှင့် ဇာတ်ညွှန်းရေးဆရာတို့မှာ နေရာ၌ပင် ကြက်သေသေသွားခဲ့ကြသည်။

ရဲအရာရှိများက သူတို့တွေ ဤဟိုတယ်ထဲကနေ နစ်နာသူများအဖြစ် လုံခြုံစွာ ထွက်ခွာနိုင်စေမည့် နောက်ဆုံးသော မျှော်လင့်ချက်ပင်။ ပြီးသည့်နောက် ရန်ကျင်းသို့ ပြန်၍ ကျိုးဟိုင်သို့ နောက်လည်း မလာတော့သလို ၊လာလည်းနောက်တော့မည် မဟုတ်ပေ။ သို့သော် ရဲအရာရှိများက စကား ခွန်းအနည်းငယ် ပြောပြီးနောက်တွင် ထိုအတိုင်းပဲ ပြန်ဆုတ်ခွာကြတော့မည်တဲ့လော။

ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲ …

ကျောက်ရုံချန်မှာတော့ ကြမ်းပြင်တွင်ထိုင်ရင်း ကြက်သေသေနေခဲ့သည်။

ထိုအခါမှပဲ သူ့စိတ်ထဲ ကြောက်ရွံ့မှု အစစ်အမှန်ကို ခံစားမိသွားခဲ့တော့၏။

ရဲများ ရောက်ရှိလာခဲ့သည်။ သို့သော် လင်းရီ စကားတစ်ခွန်းဖြင့် သူတို့အားလုံး ပြန်ထွက်သွားခဲ့ကြ၏။

သခင်လေးလင်းကတော့ တကယ်လည်း သခင်လေးလင်းပါပဲ …

ကျိုးဟိုင်မှာ သူ့ကို ဘယ်သူမှ အပြစ်ပြုလို့ မစွမ်းသာဘူး …

ရဲများထွက်ခွာသွားပြီးနောက် လင်းရီလည်း ထိုနေရာ၌ ဆက်နေစရာ အကြောင်းမရှိတော့ချေ။

သို့သော် မထွက်ခွာမီ သူ၏ အကြည့်က အခန်းထဲရှိနေသည့် လူတိုင်းသို့ ယှက်သန်းသွားခဲ့ပြီး အေးစက်စက်လေသံဖြင့် ဆိုလိုက်၏။

“ ငါ ပြောဖို့လိုအပ်တာတွေ ပြောခဲ့ပြီးပြီ … ငါ ပြောတဲ့အတိုင်း မင်းတို့ မလိုက်နာဘူးဆို မင်းတို့ ဒီကျိုးဟိုင်ထဲကနေ ရှင်လျက် ထွက်မသွားနိုင်စေရဘူးလို့ အာမခံတယ် …”

All Chapters