← Chapters

ငါနဲ့က ပျော်ဖို့ မကောင်းလို့လား

Vol. 143 Ch. 2141

ငါနဲ့က ပျော်ဖို့ မကောင်းလို့လား

Vol. 143 Ch. 2141

“ မင်း အဲ့လို ထင်နေတာ မင်းရဲ့ ဦးစားပေးအရာက ရောထွေးနေလို့ပဲ ..”

ဝမ်လု လင်းရီကို မော့ကြည့်လိုက်ပြီး “ အစ်ကိုရီက ဘာကို ပြောချင်နေတာလဲ … ညီမ နားမလည်လို့ …”

“ မင်းက မင်းရဲ့ ရုပ်ရည်ကို မင်းရဲ့ အားသာချက်လို့ ထင်နေတယ်ဆိုရင် နေရာရဖို့ ခဲယဉ်းလိမ့်မယ် ..” လင်းရိ ပြောလိုက်သည်။ “ ဘာလို့ဆို လိုက်စထွင်းလွင့်တဲ့ နယ်ပယ်မှာပဲ ဖြစ်ဖြစ် ဖျော်ဖြေရေး နယ်ပယ်မှာပဲ ဖြစ်ဖြစ် ရုပ်ရည်ကြည့်ကောင်းတဲ့လူတွေက ရေတွက်လို့ မကုန်နိုင်အောင်ကိုပဲ … အဲ့မှာတင် မင်းရဲ့ အားသာချက်က မရှိတော့ဘူး …”

“ ဒါပေမယ့် မင်းရဲ့ ရုပ်ရည်ကို အစိတ်အပိုင်း တစ်ခု အနေနဲ့ပဲ သဘောထားလိုက်မယ်ဆိုရင်တော့ ဧရာမ အကျိုးကျေးဇူးတွေ ရနိုင်တယ် … ဥပမာပေးရရင်ကွာ .. တကယ်လို့ မင်းက ဆရာဝန် ၊ ရှေ့နေ ၊ ရဲအရာရှိ … ဘာညာသာရကာ ဖြစ်မယ် … အဲ့တာအပြင်ကို မင်းရဲ့ ရုပ်ရည်ကလည်း ကြည့်ကောင်းနေမယ်ဆိုရင် ဘောနပ်စ်ပဲ မဟုတ်လား .. ဘယ်သူ့ကိုမဆို မင်းအသာလေး ရိုက်သတ်လို့ ရနေပြီ … နားလည်ပြီလား …”

“ နားလည်ပြီ …”

ဝမ်လု တည်ကြည်စွာ ခေါင်းညိတ်လိုက်သည်။ “ အစ်ကိုရီ ဆိုလိုချင်တဲ့ သဘောက ကျွန်မရဲ့ သရုပ်ဆောင် အရည်အချင်းကို တိုးတက်အောင် လုပ်တဲ့နေရာမှာ အာရုံစိုက်ထားစေချင်တာမလား …”

“ ဟုတ်တယ် … ဖျော်ဖြေရေး နယ်ပယ်ထဲ အောင်မြင်ဖို့ဆို ကြည့်ကောင်းတဲ့ ရူပကာ ရှိဖို့ရယ် ၊ ကောင်းမွန်တဲ့ အရည်အချင်းရှိဖို့ရယ် ၊ … အခု မင်းက လှနေပြီးသားဆိုတော့ အရည်အချင်းကို တိုးတက်အောင် လုပ်လိုက်တာနဲ့ အဆင်ပြေပြီးသားပဲ … မင်းလည်း နားလည်နေပြီဆိုတော့ ငါ ထပ်မပြောတော့ဘူး … သွားပြီး အခြေအနေ ဘယ်လိုရှိလဲ ကြည့်လိုက် … မကိုင်တွယ်နိုင်တာ တစ်ခုခု ရှိရင် ငါ့ဆီ ဖုန်းဆက်လိုက် …”

“ အွန်း … ညီမ အခုသွားတော့မယ် တာ့တာ …”

“ သွား ….”

ဝမ်လု ကားထဲကားထဲက ထွက်လာခဲ့ပြီးသည့်နောက် လင်းရီသည် ပါကင်နေရာတစ်ခုရှာဖွေ၍ ရန်စီ၏ ရုံးခန်းထံသို့ ရောက်ရှိလာခဲ့သည်။

သူ ရောက်သွားသည့် အချိန်၌ သူမက ဖုန်းပြောနေသည်။ တစ်ဝက်သာလျှင် စားရသေးသည့် ပေါက်စီနှင့် ပဲနို့ကလည်း သူမဘေးတွင် ရှိနေခဲ့၏။

လင်းရီ ဝင်လာသည်ကို မြင်တော့ ရန်စီသည် ဖုန်းကို အမြန် စကားဖြတ်၍ သူ့အား ကြိုဆိုရန် မတ်တပ်ရပ်လိုက်သည်။

“ နင် စားခဲ့ပြီလား …”

“ စားခဲ့ပြီ …” လင်းရီ ဆိုဖာပေါ်တွင် ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး “ မင်းရော အလုပ်ရှုပ်နေလား … ရှုပ်နေတယ်ဆို ငါ ထွက်သွားပေးမယ် …”

“ ဒီတိုင်း အသေးအမွှားလေးတွေပါဟယ် … ခဏဆို ပြီးပြီ …” ရန်စီက ကော်ဖီ တစ်ခွက် ဖျော်ပေး၍ လင်းရီ ရှေ့တွင် ချပေးလိုက်သည်။

“ ငါ စောနက ကြည့်ပြီးတော့ စဉ်းစားနေတာ နင့် မိတ်ဆွေရဲ့ ညီမလေးကို အမျိုးသမီး အဓိက ဇာတ်ကောင်နေရာမှာ ကြိုးစားကြည့်ခိုင်းရင် ကောင်းမလားလို့ …”

“ ဟင် …” လင်းရီ ချက်ချင်း ကျောမတ်သွားခဲ့ပြီး “ မင်း လာနောက်နေတာလား … သူက အခုမှ ကောလိပ် ဒုတိယနှစ် ရှိသေးတာနော် … အဲ့တာကို မင်းက အဓိကဇာတ်ကောင်နေရာမှာ သရုပ်ဆောင်စေချင်တယ်ပေါ့ … သူ ဇာတ်လမ်းကို ဖျက်စီးမိမှာ မင်း မကြောက်ဘူးလား … လျှောက်လုပ်မနေနဲ့ … သူ့ကို အတွေ့အကြုံ နည်းနည်းရအောင်ပဲ အခွင့်အရေးပေးလိုက် … သူ့အရည်အချင်းတွေ တိုးတက်လာတော့မှ နေရာပေးလည်း မနောက်ကျသေးဘူး…”

“ နင် ထင်နေသလောက်ကြီးလည်း ချဲ့ကားနေတာမျိုး မဟုတ်ပါဘူးဟာ …” ရန်စီ ပြောလိုက်ပြီး “ အဓိကက ငါတို့ နောက်ရိုက်မယ့် ဇာတ်လမ်းက ကျောင်းတွင်း တက္ကသိုလ် လူငယ် အချစ်ဇာတ်လမ်း … လုံလောက်တဲ့ အရည်အချင်းတွေနဲ့ အမျိုးသမီး သရုပ်ဆောင်တွေ အများကြီး ရှိတယ် … ဒါပေမယ့် သူတို့မှာ ဟိုလို ခံစားချက်မျိုးကျ မခံစားရဘူး … ဘယ်လိုပဲပြောပြော ရှိတဲ့ အကုန်လုံးကလည်း နာမည်ရှိထားပြီးတဲ့ အသက်သုံးဆယ်ကျော်တွေချည်းပဲလေ … အဲ့လို ကျောင်းတွင်း အချစ်ဇာတ်လမ်းတွေ ရိုက်ဖို့က သိပ်အဆင်မပြေတော့ဘူး … ဒါကြောင့်မို့ ဒီလူငယ် သရုပ်ဆောင်လေးတွေနဲ့ ကြိုးစားကြည့်ရင် ကောင်းမလားလို့ စဉ်းစားနေတာ … တစ်ခုခု အံ့အားသင့်စရာ ပေါ်လာရင်လည်း ပေါ်လာနိုင်တာပဲလေ …”

ရန်စီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းရီ တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်သည်။ “ ကောင်းပြီလေ … မင်းလုပ်ချင်သလိုသာလုပ် .. ဒါပေမယ့် သူ့ရဲ့ အရည်အချင်းတွေကတော့ ပြည့်မီရမယ် … ဘယ်လိုပဲပြောပြော မင်းကို နောက်ကောက်ကျန်အောင် ဆွဲထားတဲ့လူ ရှိနေရင် မင်း ရှေ့ကို ရောက်နိုင်မှာ မဟုတ်ဘူး …”

“ ငါနားလည်ပါတယ် … ခဏကျရင် ငါကိုယ်တိုင် တစ်ချက် သွားကြည့်မှာ …”

“ ကောင်းပြီ … ဒါဆို မင်းအလုပ်မင်းလုပ်တော့ … ငါလည်း နည်းနည်းအားတုန်း မင်းရဲ့ ကုမ္ပဏီထဲ လျှောက်ပတ်ကြည့်လိုက်ဦးမယ် …”

“ ဘာလို့ လျှောက်ပတ်ကြည့်မှာလဲ … ငါ့ရုံးခန်းက ပျော်ဖို့ မကောင်းလို့လား …”

“ မင်းရုံးခန်းထဲမှာ ကြည့်စရာ ဘာရှိလို့ … တစ်ချက်ကြည့်လိုက်တာနဲ့ အကုန်မြင်ပြီးနေတာကို ပျော်စရာ ဘာရှိလို့ …”

ရန်စီ ကျီစယ်စွာ ပြုံးလိုက်ရင်း “ တကယ်ပဲ … ရုံးခန်းထဲမှာတော့ ပျော်စရာ မရှိဘူး … ဒါပေမယ့် ပြတင်းပေါက် အပြင်ဘက်မှာ လူတွေ အများကြီးနော် … နင် မစမ်းကြည့်ချင်ဘူးလား …”

လင်းရီ သဘောပေါက်သွားခဲ့သည် “ အဲ့တာဆိုရင်တော့ စမ်းကြည့်သင့်တာပေါ့ … မျက်နှာကြက်ထိနေတဲ့ မှန်ပြတင်းပေါက်တွေက ငါ့အိမ်ထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာ အမှန်ပဲ …”

“ နင် အဲ့လိုပြောမယ်မှန်း ငါသိသားပဲ …”

နောက် တစ်နာရီ ကြာသည်အထိ နှစ်ယောက်မှာ မှန်ပြတင်းပေါက်ရှေ့တွင် ရပ်ရင်း ပုံစံအမျိုးမျိုးကို စမ်းသပ်ကြည့်နေခဲ့ကြသည်။

နှစ်ဦးလုံးက စိတ်လှုပ်ရှားရင်ဖိုမှုနှင့် စိတ်ဓာတ်တက်ကြွမှုကို အဆုံးစွန်ထိတိုင် ခံစားနေကြရ၏။

ပြီးသည့်နောက် နှစ်ဦးလုံး လန်းဆန်းအားပြည့်သွားခဲ့ကြသည်။

ရန်စီက စတော်ကင် အဟောင်းကို ချွတ်၍ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီး အသစ်တစ်စုံကို လင်းရီ၏ ရှေ့မှာပဲ လဲဝတ်လိုက်သည်။

“ သွားကြစို့ … လူရွေးပွဲက ခဏဆို ပြီးတော့မှာ … တစ်ချက် သွားကြည့်ကြမယ် …”

“ ငါ လာခဲ့တုန်းက လူတွေ အများကြီး တန်းစီနေတာပါ … ဒီလောက် အမြန်ကြီး ပြီးသွားမယ်ဆိုတာ သေချာလို့လား …”

“ သူက အလုပ်အင်တာဗျူးလို မဟုတ်ဘူး … အချိန် ဘယ်လောက်မှ မပေးရဘူး ..” ရန်စီ ပြောလိုက်ပြီး “ လက်ထောက် ၀န်ထမ်းတွေက အရင်ဦးဆုံး အကြမ်းဖျင်း တစ်ချက် စကန်ဖတ်ကြည့်လိုက်ကြမယ် … တကယ်လို့ ရိုက်မယ့် ဇာတ်လမ်းနဲ့ သင့်တော်တဲ့ သွင်ပြင် မရှိဘူးဆိုရင် လူရွေးပွဲတောင် ဝင်ဖြေခွင့်မရဘဲ ချက်ချင်း ထုတ်ပယ်ခံရမှာ … ကျန်တဲ့လူတွေကတော့ တစ်ယောက်ကို လေးငါးဆယ်မိနစ်လောက် အစမ်းသရုပ်ဆောင်ခိုင်းကြည့်ပြီးရင် ပြီးပြီ … ဘယ်လောက်မှကို မကြာတာ …”

“ လေးငါးဆယ်မိနစ်တည်း …" လင်းရီ အသံကို မြင့်၍ မေးလိုက်မိသည်။ " အဲ့လောက် အချိန်တိုတိုလေးနဲ့ ဘာတွေ ရှာတွေ့နိုင်မှာမို့လို့ …”

“ တွေ့နိုင်တာပေါ့ … အတွေ့အကြုံရှိတဲ့ ဒါရိုက်တာတွေဆို အစမ်းသရုပ်ဆောင်တာကို ကြည့်စရာတောင် မလိုဘူး … လူကို တစ်ချက်ကြည့်တာနဲ့ ဒီလူ ဘယ်လိုစွမ်းဆောင်နိုင်မလဲ ပြောနိုင်ပြီးသား … တော်တော်လေး မြန်တယ် …”

ရန်စီ သူမ၏ ဆံပင်ကို စည်းလိုက်ပြီး ရင့်ကျက်ပြီး အရှိန်အဝါကြီးသည့် အမျိုးသမီးအသွင်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

“ အောက်သွားပြီး ကြည့်ကြစို့ … နင်ခေါ်လာခဲ့တဲ့ လူကို ငါလည်း တော်တော်လေး စိတ်ဝင်စားနေတာ …”

“ သွားကြတာပေါ့ …”

…..

ဒုတိယထပ်ရှိ ကုမ္ပဏီ ညီလာခံ အခန်းထဲတွင် လူရွေးပွဲ ဖြေရန် ရောက်လာခဲ့ကြသည့် သရုပ်ဆောင်များအားလုံး ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့ကြသည်။

တော်တော်များများက ၎င်းတို့၏ အစမ်းသရုပ်ဆောင်မှုကို ပြသပြီးသွားခဲ့ပြီး လူအနည်းငယ်သာလျှင် ကျန်ရစ်တော့လေသည်။

ဝမ်လုက အခန်း၏ ထောင့်တစ်နေရာတွင် ထိုင်နေပြီး လက်သီးကို ကျစ်‌နေအောင် ဆုပ်ထားကာ တစ်စုံတစ်ရာကို တီးတိုးရေရွတ်နေခဲ့ပြီး သူမ စိတ်လှုပ်ရှားနေသည်မှာ သိသာလှ၏။

အဘယ်ကြောင့်ဆိုသော် ဤသည်က ပထမဆုံးအကြိမ် လူရွေးပွဲသို့ ရောက်လာခဲ့ခြင်း ဖြစ်ပြီး မည်သို့ ဖြစ်သွားမလဲဆိုတာကို သူမ မပြောနိုင်ချေ။

“ အဲ့ကောင်မလည်း ဒီနေ့ ဒီကို လာမယ်လို့ ထင်မထားဘူး … ဆိုးလိုက်တဲ့ကံ …”

တံခါးပေါက်ဘေးတွင် ထိုင်နေသည့် သုန်းယောင်က မှတ်ချက်စကားပေးလိုက်သည်။

အကယ်၍ သူမသာ ကျောက်ရုံချန်၏ ဇာတ်ကားထဲတွင် နေရာတစ်နေရာရဖို့ အာမခံချက် ရှိခဲ့မည်ဆိုပါက ဤနေရာသို့ ရောက်လာခဲ့မှာ မဟုတ်ချေ။ သို့သော် မနေ့ည အဖြစ်အပျက်ကြောင့် သူမ ဤနေရာသို့ အလျင်အမြန် ရောက်လာခဲ့ပြီး တစ်နေရာ ပါဝင်ခွင့်ရရန် မျှော်လင့်နေခဲ့လေသည်။

သို့သော် သူမကို အံ့အားသင့်သွားစေခဲ့သည်က ဝမ်လုလည်း ရောက်လာခဲ့ခြင်းပင်။

“ သူ့ကို ခေါင်းထဲ ထားမနေနဲ့ … လူရွေးပွဲတုန်းက ဒါရိုက်တာ နင့်ကို အများကြီး ချီးမွမ်းနေခဲ့တာပဲဟာ … ငါ့အထင် သူ နင့်ကို သဘောကျသွားလောက်ပြီ … အဲ့ကောင်မမှာ အခွင့်အရေး မရှိတော့ဘူး …” သုန်းယောင်၏ အတန်းဖော် ချန်ယွီ့ဖေးက ပြောလိုက်သည်။

“ ဒီနေ့ ဒီဇာတ်လမ်းရဲ့ တတိယ အမျိုးသမီး ဇာတ်လိုက်နေရာကို ရမှာ သေချာတယ် … ဒါပေမယ့် နည်းနည်းလေး ကံဆိုးတယ်လို့ တွေးမိရုံပါပဲ … ဒုတိယနှစ် တက်နေတဲ့ အသစ်လေးကများ ငါနဲ့ တကယ်ကြီး လာပြိုင်ချင်နေသေးတယ် သူ့အတိုင်းအဆသူ မသိဘူးပဲ …”

“ ကဲပါ … စိတ်ကို လျှော့ထား … နင်က တတိယ အမျိုးသမီး ဇာတ်လိုက် ဖြစ်လာနေပြီကိုပဲ သူနဲ့ ပြိုင်တုနေစရာ အကြောင်းမရှိဘူး …”

“ ငါလည်း စိတ်ရှုပ်ခံမနေပါဘူးနော်…”

“ ဝမ်လု … လာခဲ့တော့ … နင် ဖြေရမယ့် အလှည့်ရောက်ပြီ …” ဝန်ထမ်းတစ်ဦးက အပြင်ဘက်ကနေ ရောက်လာခဲ့ပြီး နာမည်ခေါ်လိုက်သည်။

“ ဟုတ် ဟုတ် … ကျွန်မ အခုပဲ လာနေပြီ …”

ဝမ်လု ကမန်းကတမ်း တုံ့ပြန်လိုက်ပြီး သူမ၏ အင်္ကျီ အဝတ်အစားကို သပ်ရပ်အောင် ပြုပြင်ကာ တံခါးပေါက်ဝသို့‌ လျှောက်သွားခဲ့သည်။

“ ဂျူနီယာလေး … ကောင်းကောင်း သရုပ်ဆောင်ခဲ့နော်.. ဒါက မနေ့ည ထမင်းဝိုင်းလိုမျိုး ကိုယ့်ရဲ့ သွင်ပြင်က စကားပြောတဲ့ နေရာ မဟုတ်တော့ နင် သရုပ်ဆောင်သာ ဆိုးရွားခဲ့ရင် ဖယ်ချခံရမှာပဲ …” သုန်းယောင်က ဓားဝှက်ထားသည့် အပြုံးမျိုးဖြင့် ပြောလိုက်သည်။

မနက်ခင်း ရောက်လာကတည်းက ဝမ်လုသည် သုန်းယောင်နှင့် ချန်ယွီ့ဖေးတို့ကို မြင်သော်လည်း သူမ လျစ်လျူရှုထားခဲ့သည်။

သို့တိုင် တစ်ဖက်က စကားစပြောလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။

“ စီနီယာအစ်မက ငါ့ကို စိတ်ပူပေးဖို့ မလိုပါဘူး …” ဝမ်လုကတော့ သူမ၏ စိတ်အနှောင့်အယှက် ဖြစ်နေသည့် အမူအရာကို ဖုံးကွယ်မထားဘဲ “ ပြီးတော့ မှတ်ထားလိုက် … ငါ ဒီရဲ့ ဇာတ်ကောင်ကို ရမှာ သေချာတယ် … ဒီတော့ အဖြေမထွက်ခင် အောင်ပွဲခံစောမနေနဲ့ …”

“ ယုံကြည်ချက် ရှိတာ ကောင်းပါတယ် … ဒါပေမယ့် ယုံကြည်မှု လွန်ကဲတာကတော့ မောက်မာတာ ဖြစ်သွားပြီ …” သုန်းယောင် ပြောလိုက်ပြီး “ နင်က သရုပ်ဆောင်ပညာကို လေ့လာတာ တစ်နှစ်တည်း ရှိသေးတယ် … သရုပ်ဆောင်ဖူးတဲ့ အတွေ့အကြုံလည်း မရှိဘူး … ဘယ်အရာကများ နင့်ကို ငါနဲ့ ယှဉ်နိုင်တယ်လို့ အတွေးဝင်အောင် လုပ်လိုက်တာပါလိမ့် …” သုန်းယောင်က ရင်ဘက်ရှေ့ လက်ကိုပိုက်ပြီး မော်ကြွားသည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။

“ တကယ်လို့ ကျောက်ရုံချန်သာ နင့်ကို မနေ့ညက စိတ်မဝင်စားခဲ့ဘူးဆိုရင် တတိယ အမျိုးသမီး ဇာတ်လိုက် နေရာက ငါ့အတွက်ပဲ ဖြစ်ရမှာ … ပြီးတော့ … နင့် အလှည့်တောင် ရောက်မှာ မဟုတ်ဘူး …”

“ ဟုတ်တယ် … နင့်ရဲ့ အရည်အချင်းတွေက ငါတို့ကို ကျော်နိုင်တယ်လို့ နင် တကယ်ကြီး ထင်နေတာလား … အိပ်မက်မက်နေလိုက် …” ချန်ယွီ့ဖေးလည်း ဝင်ပြောလိုက်သည်။

သုန်းယောင်နှင့် ချန်ယွီ့ဖေးတို့မှာ စီနီယာတို့၏ ထုံးတမ်းကို မပျက်တမ်း လိုက်နာ၍ ဂျူနီယာအညွှန့်လေးကို ရိုက်ချိုးရန် ကြိုးစားနေခဲ့ကြလေသည်။

All Chapters