← Chapters

အမျိုးသမီး အဓိက ဇာတ်လိုက်နေရာကို စမ်းကြည့်

Vol. 143 Ch. 2142

အမျိုးသမီး အဓိက ဇာတ်လိုက်နေရာကို စမ်းကြည့်

Vol. 143 Ch. 2142

“ အခုချိန် အဲ့ဒါတွေ လာပြောနေလို့ ဘာထူးသွားမှာ … တကယ့် ရလဒ် ထွက်လာခဲ့တဲ့အချိန်ကျမှ စကားပြောကြတာပေါ့ …” ဝမ်လု မလျော့တမ်း ပြောလိုက်သည်။

“ ဟက်ဟက် …. နင် အခုသွားလိုက် … နင် ဘာတတ်နိုင်လဲဆိုတာ ငါတို့ကို ပြပေးလိုက် …”

ဝမ်လု ခွန်းတုံ့ပြန်မနေဘဲ ရိုးရှင်းစွာဖြင့် လှည့်ထွက်လာခဲ့လိုက်သည်။ ထို့နောက် သူမ၏ ခံစားချက်များကို တည်ငြိမ်စေရန် ခေတ္တအချိန် ယူရင်း လူရွေးပွဲ အစမ်းသရုပ်ဆောင်ရန် ပြင်ဆင်လိုက်သည်။

မကြာမီ လင်းရီနှင့် ရန်စီတို့နှစ်ဦးလုံး ဓာတ်လှေကားဖြင့် ဒုတိယထပ်သို့ ရောက်လာခဲ့ကြကာ အတွင်းဘက်အကျဆုံး အခန်းဘက်သို့ ဦးတည်လာခဲ့ကြသည်။ အနောက်တံခါး ပြတင်းပေါက်နားတွင် ရပ်တန့်လိုက်သောအခါ၌ အတွင်းတွင် အစမ်းသရုပ်ဆောင်နေသည့် ဝမ်လုကို မြင်တွေ့လိုက်ရလေသည်။

“ အဲ့တာ နင် ခေါ်လာခဲ့တဲ့ ကောင်မလေးလား …”

လင်းရီ ခေါင်းညိတ်လိုက်သည်။

“ သူ့ ရုပ်လေးက တကယ် မဆိုးဘူး … ဒါပေမယ့် ဝိတ်လေး နည်းနည်းလောက် ထပ်ချနိုင်မယ်ဆို ပိုကောင်းမယ် …”

“ သူ့ အရပ်က ၁.၇ မီတာနီးနီး ရှိတာကို ပေါင်က ၁၀၀ တောင် မပြည့်ဘူးလေ … ဝိတ်တက်လာအောင် ပိုပြီး စားပေးသင့်တာ မဟုတ်ဘူးလား …”

“ သူသာ ဝိတ်တက်လာရင် မင်းသမီး လုပ်လို့ရမှာတောင် မဟုတ်တော့ဘူး …”

လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားလိုက်ပြီး ထို့နောက် နားလည်သွားခဲ့သည်။

“ ကင်မရာက လူကို ပိုပြီး ဝတဲ့ပုံ ပေါက်စေတာကြောင့်လား …”

“ ဉာဏ်ကောင်းသားပဲ …”

“ ကောင်းပြီလေ … မင်းပြောတာကို ငါ သူ့ကို ပြန်ပြောပေးလိုက်မယ် … ဒါပေမယ့် သူ့ အရည်အချင်း ဘယ်အနေအထားရှိလဲ အရင်ကြည့်ကြတာပေါ့ …”

ရန်စီက တံခါးနောက်ကွယ်ကနေ ချောင်းကြည့်နေခဲ့ပြီး ဒါရိုက်တာကိုလည်း ဝမ်လုအား အပိုမိနစ်ပိုင်းခန့် သရုပ်ဆောင်ခွင့် ပေးရန် ဖုန်းဆက်ထားခဲ့သည်။

“ ဘယ်လိုထင်လဲ …”

“ သူ့ သရုပ်ဆောင်တာ နည်းနည်းလေး မသိမ်မွေ့ဘူး … တစ်ချို့ အနုစိတ်တဲ့ နေရာလေးတွေမှာ ခပ်တောင့်တောင့် ဖြစ်နေတယ် … ဒါပေမယ့် ကြီးကြီးမားမား ပြဿနာတော့ မဟုတ်ပါဘူး… နှစ်လလောက် ဒါရိုက်တာဘေးနား နေခိုင်းလိုက်ရင် သူ့ကို သေချာသင်ပေးလိုက်လို့ ရတယ် … အသေးစိတ်ကိုတော့ ဒါရိုက်တာနဲ့ သေချာဆွေးနွေးဖို့ လိုသေးတာပေါ့ …”

“ အိုကေလေ … မင်းပဲ ကိုင်တွယ်လိုက်တော့ …”

ခေတ္တကြည့်ရှုပြီးနောက် နှစ်ယောက်မှာ ရုံးခန်းထဲသို့ ပြန်သွားခဲ့ကြသည်။ ထိုအချိန် အစမ်းသရုပ်ဆောင်ပြပြီးသည့် ဝမ်လုက နောက်ဆုံးရလဒ်ကို သိရှိရန်အတွက် ခန်းမထဲသို့ ပြန်ရောက်လာသည်။

သုန်းယောင်၏ နှုတ်ခမ်းက ထေ့ငေါ့စွာဖြင့် တွန့်ကွေးတက်သွားခဲ့ပြီး စောင်းရွဲ့သည့် လေသံမျိုးဖြင့် “ တစ်ယောက်ယောက်ကများ သူတို့ကိုယ်သူတို့ တတိယ အမျိုးသမီး ဇာတ်လိုက်နေရာကို ရနိုင်တယ်ဆိုပြီး လေကြီးသွားခဲ့တာ မဟုတ်ဘူးလား … အခုကြည့်ရတာတော့ ထင်ထားတဲ့ အတိုင်း ဖြစ်မလာတဲ့ပုံပါပဲ ..”

“ ငါ မရဘူးလို့ နင် ဘယ်လိုလုပ်ပြီး သိလဲ … ရလဒ်ကဖြင့် ထွက်တောင် ထွက်မလာသေးတဲ့ဟာ …”

“ ရလဒ်က ထွက်မလာသေးဘူး … ဒါပေမယ့် ငါက လက်ထောက် ဒါရိုက်တာရဲ့ အမြင်ကို ဖမ်းစားပြီးသွားခဲ့ပြီလေ … သူတို့ပြောတာ ငါ့ရဲ့ သရုပ်ဆောင်ပိုင်းကို အတော်လေး စိတ်ကျေနပ်တယ်ဆိုပဲ … ငါက တတိယ အမျိုးသမီးဇာတ်လိုက်နေရာနဲ့ လိုက်တယ်လို့ ထင်နေကြတာ … အဲ့နေရာက ငါ့အိတ်ထောင်ထဲ ရောက်နေပြီးသားလို့တောင် ပြောလို့ရတယ် … ဂျူနီယာလေး အတွက်ကတော့ … စိတ်မကောင်းပေမယ့်လည်း ဆောရီးပါနော်…”

ဝမ်လု အံ့အားသင့်သွားခဲ့ရသည်။ သူမ အချိန်အတော်ကြာအောင် ပြင်ဆင်ခဲ့ပါသော်လည်း ယခုလို ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

“ နောက်ဆုံး ရလဒ်တွေက အခုထိ ထွက်မလာသေးဘူး … ဘယ်သူနိုင်မယ်ဆိုတာလည်း မသေချာသေးဘူး … နင်တို့ သိပ်အပျော်စောလွန်းမနေနဲ့ …”

“ ကောင်းပြီလေ … ငါတို့ စောင့်ကြည့်ကြတာပေါ့ … ဘာပဲပြောပြော လူရွေးပွဲကလည်း ပြီးခါနီးပြီပဲဟာ ….”

ဝမ်လု ခွန်းတုံ့ပြန်ခြင်း မပြုခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမကိုယ်သူမ မသေချာသောကြောင့်ဖြစ်၏။

သုန်းယောင်က အမှန်တွေ ပြောနေတာလား မသေချာပေ။

ရလဒ်ကို ရင်တထိတ်ထိတ်နှင့် စောင့်ဆိုင်းနေခဲ့ရင်း မိနစ်နှစ်ဆယ် ၊ နာရီဝက်ခန့်ကြာပြီးသည့်နောက် လူရွေးပွဲသည်လည်း ပြီးဆုံးသွားခဲ့သည်။ ရလဒ်ကြေညာရန်သာ ကျန်တော့၏။

ထိုအချိန် လင်းရီ ၊ ရန်စီနှင့် ကုမ္ပဏီရှိ ဒါရိုက်တာများက ဟောခန်းဘက်သို့ ဦးတည်လာနေခဲ့ကြသည်။

“ ဒါရိုက်တာစွန်း … ဒီနေ့ လူရွေးပွဲရောက်လာတဲ့ သရုပ်ဆောင်တွေကို ဘယ်လိုထင်လဲ … သင့်လျော်မယ့် တစ်ယောက်ယောက်ကိုများ မျက်စိကျမိသေးလား …”

ဒါရိုက်တာစွန်းဟု ရန်စီ နာမည်တပ် ခေါ်ဆိုလိုက်သည့်လူက စွန်းရုံရှန်းဟု အမည်တွင်ပြီး သူမတို့ ကုမ္ပဏီ နောက်ရိုက်ကူးမည့် တက္ကသိုလ်ကျောင်းတွင်း အချစ်ဇာတ်လမ်း၏ ဒါရိုက်တာပင်။

“ ငါကတော့ သုန်းယောင်ဆိုတဲ့ ကောင်မလေးက အတော်လေး မဆိုးဘူးလို့ ထင်တယ် … သူက တတိယ အမျိုးသမီး ဇာတ်လိုက်နေရာနဲ့ အတော်လေး ကိုက်ညီတယ် …”

“ ဝမ်လုကိုရော … ရှင် သူ့ကို ဘယ်လိုမြင်လဲ …”

ရုပ်ရှင်နယ်ပယ်ထဲ ကျင်လည်နေကြသည့် လူတိုင်းက ကလိမ်ကကျစ် မဟုတ်သည့်တိုင် ဉာဏ်များကြသူများပင်။

ရန်စီက လူရွေးပွဲပြုလုပ်စဉ်တွင် ဝမ်လု အမည်ရသည့် ကောင်မလေး တစ်ယောက်ကို သေချာ အာရုံစိုက်ထားပေးဖို့ ပြောခဲ့ပြီး … သူတို့နှစ်ဦးကြားတွင် အဆက်အသွယ် တစ်ချို့ ရှိနေမည်မှာ ကျိန်းသေသည်။

သို့သော် ကုမ္ပဏီ၏ လုပ်ထုံးလုပ်နည်းများနှင့် တွေးခေါ်ပုံတို့အပေါ် အခြေခံ၍ ယခုလို အချိန်အခါမျိုးတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်က ပိုပြီးတော့မှ သင့်လျော်သည်။ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ ဥက္ကဌရန်က ချမှတ်ပေးလိမ့်မည်။

“ အဲ့ကောင်မလေးလည်း မဆိုးပါဘူး … တော်တော်လေးကို အဖြူထည်ဆန်တဲ့ ခံစားချက်မျိုးပေးတယ် … ဒါပေမယ့် တတိယ အမျိုးသမီးဇာတ်လိုက်ရဲ့ ကာရိုက်တာက ဗီလိန် … ပြီးတော့ သူ သရုပ်ဆောင်တဲ့ အချိန်မှာ ဗီလိန်ဆန်တဲ့ အငွေ့အသက်မျိုး သူ့ဆီကနေ မခံစားမိဘူး … တတိယ အမျိုးသမီး ဇာတ်လိုက်နေရာနဲ့ မကိုက်ညီဘူးလို့ ပြောလို့ရတယ် … ဒီတော့ ဒီရဲ့ နေရာအတွက်ဆိုရင်တော့ သုန်းယောင်လို့ ခေါ်တဲ့ မိန်းကလေးက ပိုပြီး ကိုက်ညီတယ်လို့ ထင်တယ် …” စွန်းရုံရှန်းက အပြုံးလေးဖြင့် ပြောလိုက်သည်။

“ ဒါပေမယ့် ဥက္ကဌရန်က ဝမ်လုကို အလားအလာပိုရှိတယ်လို့ထင်ရင် ငါတို့ သူနဲ့ ရိုက်ကြတာပေါ့ … နည်းနည်းလောက်လေး ထောက်ပြ ၊ သင်ပြပေးလိုက်ရင် အမှားအယွင်း မရှိဘဲ သရုပ်ဆောင်နိုင်မှာပါ …”

“ အဲ့လို လုပ်ဖို့ မလိုဘူး … ကျွန်မ ရှင် အကဲဖြတ်တာကို ယုံတယ် … ဒါပေမယ့် ကျွန်မ တခြားစဉ်းစားထားတာ တစ်ခုတော့ ရှိတယ် …”

“ ကျေးဇူးပြုပြီး ပြောပါ ဥက္ကဌရန် …”

“ သူ့ကို အမျိုးသမီး အဓိက ဇာတ်လိုက်နေရာမှာ သရုပ်ဆောင်ခိုင်းမယ်ဆို ဘယ်လိုထင်လဲ …”

“ အာ …. အမျိုးသမီး အဓိက ဇာတ်လိုက်နေရာမှာလား …” စွန်းရုံရှန်း၏ အမူအရာ သိပ်မကောင်းတော့ချေ။ “ ဥက္ကဌရန် … မင်း လျှောက်ပြောနေတာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်နော်….”

“ ဒါပေါ့ … ကျွန်မ အတည်ပြောနေတာ …” ရန်စီ ပြောလိုက်ပြီး “ ရှင် အရင်တစ်ခါ ရွေးထားတဲ့ လျိုဖေးဖေးက အချိန်ဇယား ကြပ်နေရုံတင် မကသေးဘူး … သူတောင်းတဲ့ ကြေးကလည်း သန်း ၈၀ တောင် … အဲ့ပမာဏက တော်တော်များတယ် … ကျွန်မတို့ ရိုက်ကူးရေးရဲ့ တခြား ဘတ်ဂျက်တွေအပေါ် သွားထိနိုင်တယ် … ဒီအချက်တွေ ထည့်သွင်းပြီး စဉ်းစားကြည့်တော့ ကျွန်မ သူ့နေရာကို တခြား မင်းသမီး တစ်ယောက်နဲ့ အစားထိုးလိုက်ရင် ကောင်းမလားလို့ စဉ်းစားနေတာ … ပြီးတော့ ဝမ်လုက တကယ်လည်း အကျင့်စရိုက်ကောင်းမွန်တဲ့ ကောင်မလေးပဲလေ … ဖြူစင်ပြီး အပြစ်ကင်းစင်တယ် … နည်းနည်းလောက်လေးသာ လေ့ကျင့်ပေးလိုက်ရင် ဒီရဲ့ ဇာတ်ကောင်နေရာမှာ သေချာပေါက် ကောင်းကောင်း သရုပ်ဆောင်နိုင်တယ် … ဘယ်လိုပဲဖြစ်ဖြစ် တက္ကသိုလ် ကျောင်းတွင်း အချစ်ဇာတ်လမ်းတွေဆိုတာ ထွေထူး သရုပ်ဆောင်အရည်အချင်းတွေ သိပ်ပြီး လိုအပ်တာ မဟုတ်ဘူးလေ … ရှင် ဘယ်လိုထင်လဲ …”

“ အဲ့တာတော့ အမှန်ပဲ …”

စွန်းရုံရှန်း လေးနက်စွာ တွေးတောလိုက်ပြီး “ သူ့ကို စမ်းကြည့်ခိုင်းလို့ အဆင်ပြေတယ် … ပြီးတော့ အခန်းတစ်ချို့က သူ တစ်ယောက်တည်း သရုပ်ဆောင်ရမယ့် အခန်းတွေလေ … တကယ်လို့ အဆင်မပြေဘူးဆိုလည်း သူ့နေရာမှာ အချိန်မီ အစားထိုးလို့ရတယ် ..”

“ ဒါဆိုလည်း အဲ့လိုပဲ လုပ်ကြတာပေါ့ …”

ရန်စီ၏ စီမံခန့်ခွဲမှုအပေါ် လင်းရီ မည်သည့် ကန့်ကွက်မှုမျှ မပြုလုပ်ခဲ့ချေ။

သူ ပြောဖို့ လိုအပ်သည်များအားလုံး ပြောထားပြီး ဖြစ်ပြီး အဆက်အသွယ်တစ်ချို့ ပါဝင်ပတ်သက်နေခဲ့လျှင်ပင် ကုမ္ပဏီ၏ အကျိုးစီးပွားနှင့် စပ်လျဉ်းသည့် ကိစ္စတွင်တော့ သူ ဟာသ မလုပ်ချေ။ အခြေအနေကို သေချာလေး ကိုင်တွယ်သင့်၏။

“ ဒါဆိုလည်း မင်းတို့ လုပ်စရာရှိတာ ဆက်လုပ်ကြတော့ … ငါအရင် အောက်ဆင်းနှင့်တော့မယ် …”

“ နင် ငါတို့နဲ့ အတူမလိုက်ဘူးလား …”

“ ငါ မသွားတာပဲ ကောင်းလိမ့်မယ် … ဒါပေမယ့် ငါတို့ရဲ့ ဆက်ဆံရေးကို မဖော်ထုတ်နဲ့ … တကယ်လို့ တစ်ခုခုဆို တင်းကြပ်ရခက်သွားလိမ့်မယ်…”

“ နင်ပြောတာ မှန်တယ် … အမှီခိုကင်းတာက အကောင်းဆုံးပဲ …’

စကားအနည်းငယ် ပြောဆိုပြီးနောက် လင်းရီ အောက်ထပ်သို့ ဆင်းသွားခဲ့ပြီး သူ့ကားထဲသို့ ပြန်ရောက်လာခဲ့ကာ ဝမ်လု ပြန်အလာကို စောင့်ဆိုင်းနေခဲ့သည်။

ထိုအချိန်တွင် လက်ထောက်ဝန်ထမ်း တစ်ဦးက ဟောခန်းထဲသို့ ဝင်လာခဲ့ပြီး ရှိနေကြသည့် လူများအားလုံးကို ခြုံငုံကြည့်၍ ကြေညာလိုက်သည်။

“ သုန်းယောင် … ကျေးဇူးပြုပြီး အဆင့်သင့် လုပ်ထားပေးပါ … နောက်အပတ်ကျရင် ရုပ်ရှင်ရိုက်ဖို့ လုပ်ရပါမယ် …”

ရလဒ် ကြေညာသည့် နည်းလမ်းက အတော်လေး သာမန်ဆန်သည်ဟု ထင်ရ၏။ သို့သော် နယ်ပယ်ထဲရှိသည့်လူတိုင်းက သုန်းယောင် ရွေးချယ်ခံလိုက်ရပြီဆိုတာကို သိကြလေသည်။

ဤသတင်းကိုကြားတော့ သုန်းယောင်မှာ ပျော်ရွှင်မှုကြောင့် ထခုန်လုနီးပါး ဖြစ်သွားခဲ့သည်။

တတိယ အမျိုးသမီး ဇာတ်လိုက်နေရာမျှသာ ဖြစ်သော်လည်းပဲ သူမကဲ့သို့ ကျောင်းတက်နေဆဲ ကျောင်းသူတစ်ယောက်အဖို့ အင်မတန် ရှားပါးသည့် အခွင့်အရေးကြီးပင်။

“ ကျွန်မကို ဒီလို အခွင့်အရေး ပေးတဲ့အတွက် ဒါရိုက်တာစွန်းကို ကျေးဇူးတင်ပါတယ် …”

“ မလိုပါဘူး … ပြန်ပြီးတော့ ကောင်းကောင်းသာ ပြင်ဆင်ထား … ရှင့်ရဲ့ ရိုက်ကူးမယ့် အချိန်ဇယားက လဝက်ကနေ ရက်နှစ်ဆယ်အထိ ဖြစ်လိမ့်မယ် … ဒီတော့ လုံလုံလောက်လောက် ပြင်ဆင်ထားဖို့ မမေ့နဲ့ …” ဝန်ထမ်းက အပြုံးဖြင့် ပြောလိုက်သည်။

“ ဟုတ်ကဲ့ … ကျွန်မ ဂရုစိုက်မှာပါ …”

လူရွေးပွဲ ရလဒ်ကို ကြေညာပြီးနောက် ဝန်ထမ်းက ပြန်လည် ထွက်ခွာသွားခဲ့သည်။ ဟောခန်းထဲရှိ အခြားသူများကတော့ ဝမ်းနည်းစိတ်ပျက် ကြေကွဲနေခဲ့ကြလေသည်။

ဤခု အခွင့်အရေးကြီးကို ဆုံးရှုံးလိုက်ရသဖြင့် သူတို့တွေ နောက်ထပ် အခွင့်အရေးအသစ်တစ်ခုကို ဆက်လက် ရှာဖွေရတော့မည်။

ခေါင်းကို မြင့်မြင့်မော့ထားရင်း သုန်းယောင် ဝမ်လုကို ကြည့်လိုက်၏။ “ ဘယ်လိုလဲ … ငါနဲ့ ပြိုင်ချင်သေးလား … နင့်ကိုယ်နင် အထင်တွေ သိပ်ကြီးနေတာ ဘယ်လောက်တောင် ရယ်ချင်စရာ ကောင်းထားလိုက်လဲ …”

ဝမ်လုကတော့ ရွေးချယ် မခံရသည့်အတွက် များများစားစား နောင်တရမိခြင်း မရှိပေ။ ဤအတိုင်း လင်းရီအတွက် အနည်းငယ် ဝမ်းနည်းနေမိခြင်းသာ။

“ ဘာလို့ တိတ်နေတာလဲ … အရှုံးပေးသွားပြီလား … “သုန်းယောင် ညှာတာမှုကင်းမဲ့စွာဖြင့် ဆက်လက် တိုက်ခိုက်လိုက်သည်။

“ နင့် ‘ စီနီယာအစ်မ ‘ဆီကနေ များများသင်ယူစမ်း … ငါ နာမည်ကြီးလာတဲ့ အချိန်ကျရင် နင့်ကို ဂရုစိုက်ပေးလို့တောင် ရဦးမယ် … မဟုတ်ရင် နင့် အခု လက်ရှိ ပုံစံမျိုးနဲ့ ငါ ကူညီလို့ရရင်တောင် မကူညီပေးချင်ဘူး …”

“ ဒီတိုင်း တတိယ ဇာတ်လိုက်နေရာလေးပဲမလား … ကိုယ့်ကိုယ့်ကို အားရကျေနပ်မနေနဲ့ … ငါလည်း နင့်အကူအညီကို ဘယ်တော့မှမလိုဘူး …”

“ စကားကတော့ အလာချည်းပဲ … ဒါပေမယ့် ငါလည်း နင်နဲ့ ဖက်ပြိုင်ပြီး မပြောချင်တော့ပါဘူး …” သုန်းယောင် အားရဝမ်းသာ ဖြစ်နေသည့် လေသံဖြင့် “ ငါ့ ရုပ်ရှင် လွှင့်တဲ့ အချန်ကျရင် ဗွီအိုင်ပီ လက်မှတ်တွေဝယ်ပြီး အားပေးဖို့သာ မမေ့နဲ့ …”

အနိုင်ရသူသည်သာ အဆုံးသတ်တွင် ရယ်မောနိုင်သူ ဖြစ်ပြီး ရှုံးနိမ့်သူတွင် အခွင့်အရေးမရှိပေ။ ဤတစ်ကြိမ်တွင်တော့ ဝမ်လု ဘာမျှ ပြန်မပြောနိုင်တော့။ မည်သို့ပင်ဆိုစေ သူမက ရွေးချယ်ခြင်း မခံရပေ။

“ ဟေး ဟေး ဝမ်လု … ခဏလေး စောင့်ပါဦး …”

သူမ တံခါးပေါက်ဝမှ ထွက်ခွာတော့မည့် အချိန်မှာပဲ စွန်းရုံရှန်း၏ အသံကို ဝမ်လု ကြားလိုက်ရသည်။

“ ဒါရိုက်တာစွန်းက ကျွန်မကို ပြောနေတာလား …”

“ ဒီရဲ့ တတိယ အမျိုးသမီး ဇာတ်လိုက်နေရာက မင်းနဲ့ သိပ်မလိုက်လို့ … ဒါကြောင့်မို့ မင်းကို အဓိက ဇာတ်လိုက် မင်းသမီးနေရာမှာ သရုပ်ဆောင်ကြည့်ခိုင်းချင်နေတာ … ထွက်မသွားသေးနဲ့ဦး …”

All Chapters