← Chapters

အခန်း (၅၇၆)

Vol. 42 Ch. 576

အခန်း (၅၇၆)

Vol. 42 Ch. 576

“ကောင်းတယ်!”

ထိုထိတ်လန့်စရာ ပွဲသိမ်းမြင်ကွင်းကို မြင်လိုက်ရသောအခါ တာအိုကျင့်ကြံသူ အားလုံး ပျော်ရွှင်စွာဖြင့် အော်ဟစ်ကြပြီး ဝမ်းသာအားရ မျက်ရည်များပင်ကျကုန်ကြသည်။

“ဟားဟား ငါ့အစ်ကိုကြီးက ပြိုင်ဘက်ကင်းပဲ!” ကျိပါရှောင် ပျော်ရွှင်မြူးထူးစွာ လက်ခုပ်တီးလိုက်သည်။

“မင်းက ငါတို့ယင်းယန်သူတော်စင်နယ်မြေရဲ့ ကံကောင်းခြင်းကြယ်ပွင့်တစ်ပွင့် ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

ပုံမှန်အားဖြင့် အဓိပ္ပာယ်မရှိသည့်စကားများနှင့် ကြွားဝါဂုဏ်ဖော်ရသည်ကိုကြိုက်တတ်သော လူငယ်လေးအား ကြည့်ရင်း ယင်းယန်သူတော်စင်သခင်သည် ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

တစ်ချိန်တည်းမှာပင် သူကိုယ်တိုင်လည်း အမြင်ပွင့်သွားသလို ခံစားမိရ၏။

ဉာဏ်အလင်းမသေမျိုး တစ်ဦးက မသေမျိုးဘုရင်တစ်ပါးကို သတ်နိုင်သည်လော။

ဒါက ဘယ်လို ပါရမီ အရည်အချင်းမျိုးလဲ?

အကြီးအကဲယဲ့ လက်ခံထားသော တပည့်တိုင်း ထူးခြားကြသည်မှာ ငြင်းမရသောအချက်ပင်။

တပည့်များကိုယ်တိုင်က ဤမျှနက်နဲနေလျှင် ဆရာသခင်က ပိုလို့ပင် နားမလည်နိုင်စရာ တည်ရှိမှုမျိုး ဖြစ်ပေရော့မည်။

ထိုအကြောင်းအား တွေးမိသော်။

ယင်းယန်သူတော်စင်သခင်မှာ ယဲ့ကျွင်းလင် နှလုံးသားထက်မှ ပို၍ပင် လေးစားကြည်ညိုလာကာ ဘုရားအဖြစ် ထိုင်ကိုးကွယ်ချင်စိတ်ပါ ပေါက်မိသည်။

“အစ်ကိုကြီး၊ မောနေပြီလား? မြန်မြန် ဆင်းလာပြီး နားပါတော့!” ကျိပါရှောင်က စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းလိုက်သည်။

ပိုမိုကြီးမားသော အန္တရာယ်တစ်ခု ချဥ်းကပ်လာသည်ကို မသိပါဘဲ...

ဓားတစ္ဆေကို သတ်ပြီးနောက် လီဝူကျယ်သည် ကောင်းကင်ထက်တွင် ဝါဂွမ်းလေးလို လွင့်မျောနေရင်း ပြိုင်ဘက်မရှိတော့ခြင်းကြောင့် အတော်လေး စိတ်မကြည်မလင်ဖြစ်နေရသည်။

“အား!”

ကောင်းကင်ထက်မော့ကာ တစ်ဖန်အော်ဟစ်ဟိန်းဟောက်ပြန်သည်။ သူ၏ ခန္ဓာကိုယ်တွင် ဆူနာမီလှိုင်းများကဲ့သို့ ဖောက်ပြန်ရုန်းကြွနေသော နတ်ဆိုးချီစွမ်းအင်ဖြင့် ဖုံးလွှမ်းနေသည်။ သူ့စိတ်ထဲတွင် လူသတ်လိုသောဆန္ဒဖြင့်သာ ပြည့်နှက်နေပြီး တားဆီးလို့မရနိုင်တော့ချေ။

ထို့နောက် လီဝူကျယ် ရုတ်တရတ် လည်ပြန်လှည့်လာကာ သူ၏ သွေးနီရောင်လွှမ်းသော ကြောက်မက်ဖွယ် မျက်လုံးတစ်စုံက အောက်ဘက် ပုရွက်ဆိတ်အုံကြီးကဲ့သို့ တစ်ပြုံလိုက်စုပုံနေသော တာအိုကျင့်ကြံသူများကို အေးစက်စွာ လှည့်ပတ်ကြည့်လိုက်သည်။

ကြောက်မက်ဖွယ် ဖိနှိပ်မှု ခံစားချက်တစ်ခုက ယင်းယန်သူတော်စင်နယ်မြေပေါ်တွင် ဆင်းသက်လာသည်။ ပြင်းပြသော အားပေးသံများလည်း ရုတ်ချည်း တိတ်ဆိတ်သွားသည်။

သူတို့အားလုံး မလုံမခြုံခံစားချက်ဖြင့် ကျောရိုးများ စိမ့်တက်လာသည်။

ဘာတွေ ဖြစ်နေတာလဲ?

တစ်ယောက်ကိုသတ်ရတာ မဝလိုက်လို့ ငါတို့ကိုပါ သတ်ချင်နေတာလား?

“ငါ့အစ်ကိုကြီး၊ သူ… ဒီနေ့ သိပ်… မူမမှန်ဘူးထင်တယ်။” ကျိပါရှောင် မျက်လုံးနည်းနည်းပြူးလာပြီး တံတွေးတစ်ချက်ကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။

သူ ရုတ်တရတ် တစ်ချိန်က ဟုန်ချန်ယဲ့ ဖော်ထုတ်ပြောပြခဲ့သော အရေးကြီး အချက်အလက်တစ်ခုကို သတိရမိသည်။ လီဝူကျယ် ရူးသွပ်သွားသောအခါ မြင်မြင်ကရာ လိုက်လံခုတ်ထစ်သတ်ဖြတ်တတ်သည်ဟု။

အစပိုင်းတွင် သူ ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်မိသော်ငြား အခုတော့ လုံးလုံးယုံကြည်မိလေပြီ။

“သေကြ!”

ထိုစကားတစ်လုံးက ပတ်ပတ်လည် ဆယ်မိုင်အကွာအဝေးအထိ ပဲ့တင်ထပ်ပျံ့နှံ့သွားခဲ့သည်။

လီဝူကျယ်သည် သူ၏ ဓားရှည်ကို မြှောက်ပြီး အောက်ဘက်သို့ ခုတ်ပိုင်းလိုက်သည်။ ယင်းယန်သူတော်စင်နယ်မြေကို တစ်ချက်တည်းဖြင့် နှစ်ပိုင်းခွဲဖို့ ရည်ရွယ်ထားသကဲ့သို့။

“ပြေး၊ အား အား အား!”

မရေမတွက်နိုင်သော တပည့်များနှင့် အကြီးအကဲများ ထိတ်လန့်စွာဖြင့် ပြန့်ကျဲသွားကာ မြင်ကွင်းတစ်ခုလုံး ရှုပ်ထွေးသွားခဲ့သည်။

“အစ်ကိုကြီးလီ၊ စိတ်ငြိမ်ငြိမ်ထားပါ!”

မှိုဘုရင်က အံတင်းတင်းကြိတ်ကာ တားသည်။ ဤအချိန်တွင် လီဝူကျယ်ကို တားဆီးနိုင်သူ သူတစ်ယောက်သာရှိသည်ပင်။

ရွှစ်

သက်ဝင်စိုပြေသော အစိမ်းရောင် ကာကွယ်ရေးဒိုင်းတစ်ခု မြင့်တက်လာသည်။ ရှေးဟောင်းစာလုံး သင်္ကေတများဖြင့် အလှဆင်ထားကာ အဆုံးမဲ့စွမ်းအားတစ်ခုကို ထုတ်လွှတ်နေလျက်။

ဒုန်း!

အစိမ်းရောင် ကာကွယ်ရေးဒိုင်းမှာ တစ်ဖက်လူ၏ဓားချက်ကို အားပြင်းစွာ ခုခံလိုက်နိုင်သော်ငြား မျက်နှာပြင်တစ်ခုလုံး ထိန်းမရစွာ တုန်ခါသွားရလေ၏။

“အား”

မှိုဘုရင်၏ မျက်နှာအမူအရာမှာလည်း အတော်လေး နာကျင်သွားရဟန်ပင်။ သူ၏ လက်သင်္ကေတများမှာ အဆက်မပြတ် ပြောင်းလဲနေကာ ကာကွယ်ရေးဒိုင်းထဲသို့ မသေမျိုးချီကို မပြတ်ပို့လွှတ်နေရသည်။

လီဝူကျယ် အပြစ်မဲ့သူများအား အကြောင်းမဲ့သတ်ဖြတ်ခြင်းမှ ကာကွယ်ထိန်းသိမ်းဖို့ သူ့တွင် တာဝန်ရှိသည်။ တစ်ချိန်တည်းမှာပင် လီဝူကျယ်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို တည်ငြိမ်စေဖို့ အချိန်ဆွဲထားရင်း ကြိုးစားကြည့်ရပေဦးမည်။

“ငါ့လမ်းကို ဖြတ်တားရဲတဲ့သူ အားလုံးသေ!!!” လီဝူကျယ်၏ အသံမှာ အက်ကွဲနေလျက် ကြားဝင်တားဆီးသူရှိသောကြောင့် ဒေါသထွက်နေသည်။ သူ၏ မျက်လုံးများမှာ သွေးရောင်တောက်လျက် တစ်စုံတစ်ဦးအား အရှင်လတ်လတ် ကိုက်စားချင်နေသည့်အလား။

ဓားချက်များက တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ထွက်ပေါ်လာကာ ကာကွယ်ရေးဒိုင်းမှာ သူ၏ စိတ်ထွက်ပေါက်တစ်ခုနှယ် ပုံချခံလိုက်ရသည်။

ဒုန်း! ဒုန်း!

ဒုန်း! ဒုန်း!

မိုးကြိုးကဲ့သို့ ပြင်းထန်သော အနက်ရောင် ဓားရောင်ခြည်များ သိပ်သည်းစွာ ဆင်းသက်လာကာ ကာကွယ်ရေးဒိုင်းကို အဆက်မပြတ် ရိုက်ခတ်သည်။

“အွတ်!” မှိုဘုရင် သွေးတစ်ပွက်အန်ကာ မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ကျသွားသည်။

သူ့ကျောနောက်တွင် အစိမ်းရောင် ကြာပန်းတစ်ပွင့်က ထူးထူးဆန်းဆန်း ထွက်ပေါ်လာခဲ့၏။

ရွှစ်~

စိမ်းပြာရောင် အသက်စွမ်းအင်များစွာ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှည့်ပတ်နေပြီး မှိုဘုရင်၏ အတွင်းပိုင်းဒဏ်ရာများကို လျင်မြန်စွာ ကုသနေစဉ် ကာကွယ်မှုဒိုင်းကိုလည်း တစ်ချိန်တည်း ထိန်းသိမ်းထားရသေးသည်။

သိထားရမည့်တစ်ချက်မှာ လီဝူကျယ်သည် ယခုအချိန်တွင် အစွမ်းကုန်ထုတ်သုံးထားခြင်းဖြစ်သောကြောင့် ကြောက်ခမန်းလိလိ အားကောင်းနေသည်။ သူ၏ ပြင်းထန်သော ဦးတည်တိုက်ခိုက်မှုအောက်တွင် မှိုဘုရင် ဤမျှဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းမှာ အတော်လေးအံ့သြဖွယ်ကောင်းနေပြီ ဖြစ်၏။

“အစ်ကိုကြီးလီ၊ ကျေးဇူးပြုပြီး၊ အသိဝင်ပါတော့…”

မှိုဘုရင်မှာ နာကျင်ခံစားနေရသော မျက်နှာအမူအရာဖြင့် အတွင်းပိုင်းရှိ လျင်မြန်စွာ ယိုယွင်းနေသော မသေမျိုး ချီစွမ်းအင်ကိုလည်း ခံစားမိနေသည်။ ဒီအတိုင်းဆက်သွားလျှင် နောက်ဆုံးတွင် ကာကွယ်ရေးဒိုင်း ကျိုးပဲ့သွားမည်သာပင်။

သူသာ တောင့်မခံနိုင်တော့ပါက ဤနေရာရှိ လူတိုင်းသေရပေမည်။

"ကံကြမ္မာကိုတော့ ရှောင်လွှဲလို့မရပါဘူးလေ"

ယင်းယန်သူတော်စင်သခင်သည် ပြေးမနေတော့ဘဲ မြေပြင်ပေါ်တွင် လဲကျသွားကာ ခါးသီးစွာ ရယ်မောလိုက်သည်။

ဝံပုလွေကိုရှောင်ပြေးရာမှ ကျားရဲနှင့် ထိပ်တိုက်တွေ့ဆုံရခြင်း။

သူ့စိတ်ဓာတ်မှာ ဤမျှစနောက်ကျီစယ်ခံရအပြီး ဆက်လက်သန်မာနိုင်ခြင်းမရှိတော့။

လင်တုရှိုက အံကြိတ်သံဖြင့် ပြောသည်။

“တာအိုရောင်းရင်းလီက အသိစိတ်လွတ်နေတာပဲ။ သူ့စိတ်ထဲမှာပြည့်နေတဲ့ လူသတ်အတွေးတွေကို အချိန်မီမဖယ်ရှားနိုင်ရင် အရာအားလုံး ထိန်းချုပ်မရဖြစ်ကုန်လိမ့်မယ်"

“ပြဿနာက ဖြေရှင်းဖို့ နည်းလမ်းမရှိတာပဲ"

“ဒါဆိုရင်…” ကျိပါရှောင်၏ မျက်လုံးမှာ ဖျတ်ခနဲတစ်ချက်လက်သွားကာ နဖူးထက်တွင် ပဲစေ့အရွယ်ချွေးပေါက်များ စိမ့်ထွက်လာသည်။ သူ တစ်ခုခုကို နားလည်နိုင်တော့မလို ခံစားရ၏။

ရုတ်တရပ် အတွေးတစ်ခုက သူ့စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်။

“အားလုံးပဲ အရမ်းမလန့်ကြပါနဲ့၊ ကျွန်တော့်မှာ ဖြေရှင်းနည်းတစ်ခု ရှိတယ်!!”

All Chapters