ဘယ်တော့ အရေးယူဖြေရှင်းဖို့ စီစဉ်ထားလဲ
Vol. 67 Ch. 995
မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများ နေရာချထားရေးကို ဆုံးဖြတ်ပြီးနောက် ချက်ချင်း ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
မကြာမီပင် ရှနိုင်ငံတော်၏ ကြေညာချက်သည် မြူခိုးဒေသရှိ ဂိုဏ်းပေါင်းစုံသို့ ပျံ့နှံ့သွားခဲ့သည်။ ကြေညာချက်၏ အကြောင်းအရာကို မြင်သောအခါ လူတိုင်း နောက်ဆုံးတွင် စိတ်သက်သာရာရသွားကြသည်။
သူတို့သည် သတ်မှတ်ထားသော ဧရိယာတစ်ခုတွင် ချုပ်နှောင်ခံထားရသော်လည်း နဂါးနက်ခရိုင်သည် ကြီးမားလှသည်။ ထို့ကြောင့် မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူအားလုံးကို နေရာချထားပေးနိုင်သည်။
မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းကို ဖျက်သိမ်းခြင်းနှင့် ပတ်သက်၍ ကျင့်စဉ်ကျင့်သူအများစုက စိတ်ပါလက်ပါ ထောက်ခံခဲ့ကြသည်။ မူလက သူတို့သည် ထိုဂိုဏ်းများ၏ တပည့်များ မဟုတ်ကြပေ။ မြူခိုးဒေသ၏ အဓိက အင်အားစုသုံးခုက အခြားဂိုဏ်းများကို ရှင်းလင်းရန် ပူးပေါင်းတိုက်ခိုက်ခဲ့သဖြင့် ကျင့်စဉ်ကျင့်သူအများစုသည် ထိုအင်အားစုသုံးခုထဲမှ တစ်ခုသို့ စိတ်မပါပဲ ဝင်ရောက်ခဲ့ကြရသည်။
သူတို့အတွက်မူ ဂိုဏ်းများဖျက်သိမ်းမှုသည် လွတ်လပ်မှု ပြန်လည်ရရှိခြင်းဟု ဆိုလိုသည်။ သို့သော် မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းတို့အတွက်တော့ သတင်းကောင်းမဟုတ်သည်မှာ သေချာသည်။
အထူးသဖြင့် လင်ဟူဂိုဏ်းအတွက်ဖြစ်သည်။ ယခု လင်ဟူဂိုဏ်း၏ အကြီးအကဲအများစုသည် ရှင်းလင်းခံခဲ့ရပြီး အားကောင်းသော ကျင့်စဉ်ကျင့်သူများ မရှိသလောက် ဖြစ်နေသည်။
လင်ဟူဂိုဏ်း ဖျက်သိမ်းပြီးသည်နှင့် သူတို့အင်အားစု လုံးဝ ပျက်စီးသွားဖွယ်ရှိသည်။
မြူခိုးမှော်ဂိုဏ်းကမူ လင်ဟူဂိုဏ်းနှင့် နှိုင်းယှဉ်လျှင် အခြေအနေ ပိုမိုကောင်းမွန်နေဆဲဖြစ်သည်။ ဂိုဏ်း၏ တပည့်ရင်းများ ရှိနေဆဲဖြစ်ပြီး ယင်ယန်နယ်ပယ်အဆင့် ရှိသည့် စုဟန်ယန်လည်း အသက်ရှင်နေသေးသည်။ ထို့ကြောင့် မြူခိုးမှော်ဂိုဏ်းသည် လောလောဆယ်တွင် ပျက်စီးသွားမည်မဟုတ်ပေ။
…….
မြူခိုးမှော်ဂိုဏ်း၏ မိုးပျံလှေပေါ်တွင်။
စုဟန်ယန်သည် သူမ၏ လက်ထဲမှ ကြေညာချက်ကို ကြည့်ရင်း အတွေးနက်နေခဲ့သည်။ လက်ရှိတွင် ဟန်ယွမ်ခိုင်နောက်သို့ လိုက်ပါကာ ပိရှကမ္ဘာမှ ထွက်ခွာလာခဲ့သည့် နဂိုမြူခိုးမှော်ဂိုဏ်းမှ လူများ မိုးပျံလှေ၏ ကုန်းပတ်ပေါ်တွင် ရှိနေကြသည်။
ထို့နောက် ဂိုဏ်းအကြီးအကဲတစ်ဦးက စကားစပြောလာသည်။
“အကြီးအကဲစု။ အခု နတ်ဆိုး သေသွားပြီဆိုတော့ ကျွန်မတို့ ဂိုဏ်းအတွက် တစ်ရက်တောင် ဂိုဏ်းချုပ်မရှိပဲ နေလို့မရပါဘူး။ ရှင်က တစ်ဦးတည်းသော ယင်ယန်နယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူဖြစ်ပြီး ဂိုဏ်းချုပ်နေရာက ရှင်နဲ့ပဲ ထိုက်တန်ပါတယ်။”
ထိုစကားကို ကြားသောအခါ စုဟန်ယန် ချက်ချင်း တုံ့ပြန်ခြင်း မရှိခဲ့ပေ။ မြူခိုးမှော်ဂိုဏ်း၏ အခြားကျင့်စဉ်ကျင့်သူများကလည်း စတင်ပြောဆိုလာကြသည်။
“အကြီးအကဲစု။ အခု ရှနိုင်ငံတော်က မြူခိုးမှော်ဂိုဏ်းနဲ့ လင်ဟူဂိုဏ်းကို ဖျက်သိမ်းဖို့ ရည်ရွယ်နေပါတယ်။ လင်ဟူဂိုဏ်းကလည်း အကြီးအကျယ် ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတော့ ပျက်စီးသွားနိုင်ခြေများပါတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ ရှင် ရှိပါသေးတယ်။ ရှင် ရှိနေရင် ကျွန်မတို့ဂိုဏ်း ဖျက်သိမ်းခံရရင်တောင်မှ တခြားအင်အားစုတွေထက် ပိုအားကောင်းနေဦးမှာပါ။”
“အကြီးအကဲစု။ ခင်ဗျား ဂိုဏ်းချုပ်ရာထူးကို လက်ခံရပါမယ်။ ခင်ဗျားက ထျန်းချုံတောင်ထိပ်သခင်ရဲ့ တပည့်ရင်း ဖြစ်ပါတယ်။ စွမ်းအားအရရော၊ နောက်ခံအရရော ဂိုဏ်းချုပ်ရာထူးက ခင်ဗျားအတွက်ပဲ ဖြစ်သင့်ပါတယ်။”
ကျင့်စဉ်ကျင့်သူများ၏ မှတ်ချက်များကို နားထောင်ပြီးနောက် စုဟန်ယန် နောက်ဆုံးတွင် စကားပြောလိုက်သည်။
“ထပ်ပြောနေစရာ မလိုတော့ပါဘူး။ မြူခိုးမှော်ဂိုဏ်းအသစ်ကို မူလက ကျွန်မနဲ့ ဟန်ယွမ်ခိုင်တို့က တည်ထောင်ခဲ့ကြတာပါ။ ဟန်ယွမ်ခိုင် သေသွားပြီဆိုတော့ ဂိုဏ်းတစ်ခုလုံးကို စီမံခန့်ခွဲရမယ့် တာဝန်ကို ကျွန်မ ယူရမှာက သဘာဝကျပါတယ်။”
“ဒီနေ့ကစပြီး ကျွန်မက မြူခိုးမှော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ပဲ။”
သူမ၏ စကားဆုံးသည်နှင့် မြူခိုးမှော်ဂိုဏ်း၏ ကျင့်စဉ်ကျင့်သူများ တညီတညွတ်တည်း ဒူးထောက်လိုက်ကြပြီး တစ်သံတည်းဖြင့် ကြွေးကြော်လိုက်ကြသည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။”
စုဟန်ယန်က ခပ်အေးအေးပင်
“အားလုံး ထကြပါ”
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။”
ထို့နောက် စုဟန်ယန် သူမ၏ လက်ထဲမှ ကြေညာချက်ကို ဆက်လက်ကြည့်ရှုနေခဲ့သည်။ သူမ၏ စိုးရိမ်မှုများသည် ဂိုဏ်းချုပ်ရာထူးနှင့် ပတ်သက်၍ မဟုတ်ပေ။ သူမ၏ တိုက်ရိုက်တပည့်နှစ်ဦးနှင့် ပတ်သက်၍သာ ဖြစ်သည်။
မြူခိုးမှော်ဂိုဏ်းသည် ယခင်က မြူခိုးဒေသတွင် အင်အားအကြီးဆုံး အင်အားစုဖြစ်ခဲ့သည်။ ယခုတော့ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ပြီး နတ်ဆိုး ဟန်ယွမ်ခိုင်လည်း သေဆုံးသွားပြီဖြစ်သည်။
သို့သော် ဂိုဏ်းကို ခွဲခြမ်းပြီး သိမ်းသွင်းထားသော အင်အားစုများကို လွတ်လပ်စွာ ရပ်တည်စေလျှင်ပင် မြူခိုးမှော်ဂိုဏ်း၏ အင်အားသည် ထျန်းချန်ကမ္ဘာတွင် ဒုတိယနေရာ၌ ရပ်တည်နိုင်သေးသည်။
ထို့ကြောင့် ဆွမ်ဧကရာဇ်က မြူခိုးမှော်ဂိုဏ်းကို ယုံကြည်နိုင်မည် မဟုတ်ပေ။ အထူးသဖြင့် သူတို့ထဲတွင် နတ်ဆိုးကျင့်စဉ်ကျင့်သူတစ်ဦးက ဂိုဏ်းချုပ်အဖြစ် ပေါ်ပေါက်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ ဆွမ်ဧကရာဇ်သည် မြူခိုးမှော်ဂိုဏ်းအပေါ် အမြဲသတိထားနေမည်ဖြစ်ပြီး သံသယအချို့ပင် ရှိနေနိုင်သေးသည်။
သူမ၏ တပည့်နှစ်ဦးက သူမနှင့် မြူခိုးမှော်ဂိုဏ်းအတွက် သေချာပေါက် စကားပြောပေးကြမည်ကိုလည်း စုဟန်ယန် သိသည်။ ထို့ကြောင့် သူမ စိုးရိမ်နေခြင်း ဖြစ်သည်။
ဝူကျန်းဝမ်နှင့် လီချင်ရို့တို့က သူမနှင့် မြူခိုးမှော်ဂိုဏ်းအတွက် အလွန်အကျွံ ထောက်ခံပြောဆိုပါက ဆွမ်ဧကရာဇ် မည်သို့ တွေးမည်နည်း။ သူမ၏ တပည့်နှစ်ဦးက သူမ၏ လွှမ်းမိုးမှုကို ခံနေရသည်ဟု သို့မဟုတ် သူမက သူတို့ကို ထိုသို့ပြောဆိုရန် ညွှန်ကြားခဲ့သည်ဟု ခံစားရနိုင်မည် မဟုတ်ပါလား။
ဒါက ဆွမ်ဧကရာဇ်၏ ဘေးရှိ သူတို့၏ အဆင့်အတန်းများကို ထိခိုက်စေနိုင်ဖွယ်ရှိသည်။
စုဟန်ယန် သူမဘာသာသူမ တွေးလိုက်သည်။ အခွင့်အရေးရလျှင် သူမ၏ တပည့်နှစ်ဦးကို သတိပေးရမည်။ အနာဂတ်တွင် မြူခိုးမှော်ဂိုဏ်းအကြောင်း တတ်နိုင်သမျှ မပြောရန်နှင့် သူတို့၏ အကျိုးအတွက် ဂိုဏ်းနှင့် ဆက်သွယ်မှုကို လုံးဝဖြတ်တောက်ရန် ပြောရမည်။
………
ရက်အနည်းငယ်ကြာပြီးနောက်။
ဖေးဟုန်နတ်လှေအတွင်း။
လုချန်း၏ အိပ်ခန်းထဲတွင်။
ဤအချိန်တွင် လုချန်းသည် ဝူကျန်းဝမ်၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ထားပြီး လီချင်ရို့က သူ၏ ဘေးတွင် ထိုင်နေခဲ့သည်။ ထိုမြင်ကွင်းမှာ အလွန် သဟဇာတဖြစ်နေသည်။
ဤအချိန်တွင် လီချင်ရို့က
“မင်းကြီးက ကျွန်မတို့ရဲ့ ဆရာမကို ဘယ်တော့ အရေးယူဖြေရှင်းဖို့ စီစဉ်ထားသလဲဆိုတာ သိချင်ပါတယ်။”
ဤမေးခွန်းကို ကြားသောအခါ လုချန်း ခပ်ရေးရေး ပြုံးလိုက်သည်။ သူ၏ လက်များက ဝူကျန်းဝမ်၏ ခန္ဓာကိုယ်အား ထိတွ့ရင်း
“ကိုယ်က သူ့ကို ဘာလို့ အရေးယူဖြေရှင်းရမှာလဲ။”
“ကိုယ်က သူ့ကို တစ်ခုခု အရေးယူတာမျိုး မလုပ်သင့်ဘူး မဟုတ်လား။ အဲ့ဒီလိုလုပ်ရင် လူကြီးသူမကို တော်တော်လေး မရိုသေရာကျသွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက မင်းတို့ရဲ့ ဆရာပဲလေ။”
လုချန်း၏ စကားကို ကြားသောအခါ လီချင်ရို့ စိတ်ထဲ တိတ်တိတ်ကလေး ရယ်လိုက်သည်။ ဤလူက သူမ၏ စကားကို နားလည်မှုလွဲသွားသည်ဟု မယုံပေ။ အဘယ်ကြောင့်ဆိုသော် သူမ ပြောသည့် “အရေးယူ” ဟူသော အဓိပ္ပာယ်က ထိုသို့မဟုတ်သောကြောင့် ဖြစ်သည်။
လုချန်းက သူတို့၏ ဆရာမကို သူ၏ မိဖုရားဆောင်ထဲသို့ နောက်ဆုံးတွင် ထည့်သွင်းလိမ့်မည်ဟု သူမနှင့် ဝူကျန်းဝမ်တို့သည် တညီတညွတ်တည်း ယုံကြည်ထားကြသည်။ ထို့ကြောင့် သူမမေးသော မေးခွန်းမှာ လုချန်းက သူတို့၏ ဆရာမကို သူ၏ မိန်းမဖြစ်အောင် မည်သည့်အချိန်တွင် ပြုလုပ်ရန် စီစဉ်ထားသနည်းဟူ၍ ဖြစ်သည်။
လုချန်းက ဆက်လက်၍
“အခု မင်းတို့ရဲ့ ဆရာမက မြူခိုးမှော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်နေတော့ သူသာမရှိရင် ဂိုဏ်းတစ်ခုလုံး ဖရိုဖရဲဖြစ်သွားလိမ့်မယ်။ လောလောဆယ် သူ့ကို မြူခိုးမှော်ဂိုဏ်းမှာပဲ နေခိုင်းလိုက်ပါဦး။”
“ဒီဂိုဏ်းအင်အားစုတွေကို ကိုင်တွယ်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့တဲ့အခါကျရင် သူ့ကို ဘာလုပ်ရမလဲဆိုတာ စဉ်းစားကြတာပေါ့။”
သူ စကားပြောနေစဉ်မှာပင် လုချန်း၏ လက်က အနည်းငယ် တင်းကျပ်သွားသည်။ သူ၏ ရင်ခွင်ထဲတွင် မှီခိုနေသော ဝူကျန်းဝမ်လည်း မထိန်းချုပ်နိုင်ပဲ ညည်းသံသဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် လုချန်းက သူ၏ ခေါင်းကို လှည့်ကာ ဘေးရှိ လီချင်ရို့ကို ကြည့်လိုက်သည်။
“မင်းတို့ရဲ့ ဆရာမ ထျန်းချန်တိုက်ကို ရောက်နေတာ ရက်တော်တော်ကြာနေပြီ။ မင်းတို့နှစ်ယောက် သူ့ကို ဘာလို့ သွားမတွေ့ကြတာလဲ။”
မြူခိုးမှော်ဂိုဏ်း ထျန်းချန်တိုက်သို့ ဝင်ရောက်လာသည့်နေ့တွင် လီချင်ရို့နှင့် စုဟန်ယန်ကို ခဏခန့်သာ တွေ့ဆုံခဲ့သည်။ နောက်ရက်များတွင် ဝူကျန်းဝမ်နှင့် လီချင်ရို့တို့နှစ်ဦးစလုံးသည် မိုးပျံလှေပေါ်တွင် လုချန်းကို ပြုစုရင်း နေထိုင်ခဲ့ကြပြီး မြူခိုးမှော်ဂိုဏ်း၏ မိုးပျံလှေသို့ တစ်ခါမှ သွားရောက်လည်ပတ်ခြင်း မရှိခဲ့ပေ။
လီချင်ရို့က တည်ငြိမ်စွာဖြင့်
“မင်းကြီးက စကားမစသေးပဲ ကျွန်မတို့က ထျန်းချန်ကို ကျူးကျော်တဲ့ အင်အားစုတွေနဲ့ ဘယ်လိုလုပ်ပြီး ပေါင်းသင်းရဲမှာလဲ။”
ထိုစကားကို ကြားသောအခါ လုချန်းက ပြုံးလိုက်ပြီး
“သူက မင်းတို့ရဲ့ ဆရာမပဲ။ မင်းတို့ ကြိုက်တဲ့အချိန် သွားတွေ့နိုင်တယ်။”
“မြူခိုးမှော်ဂိုဏ်းက အခု ရှနိုင်ငံတော်ကို သစ္စာခံပြီးပြီဆိုတော့ ရှနိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီ။”
ထို့နောက် လီချင်ရို့က
“ကျေးဇူးတင်ပါတယ် မင်းကြီး”
ထိုအခိုက်တွင် ဝူကျန်းဝမ်က ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် လုချန်း၏ ရင်ခွင်ထဲမှ အားပျော့စွာ ပြောလိုက်သည်။
“ကျေးဇူး... ကျေးဇူးတင်ပါတယ် မင်းကြီး။”
အမျိုးသမီးနှစ်ဦးစလုံးသည် သူတို့၏ ဆရာမနှင့် ပြန်လည်ဆုံစည်းရန် တောင့်တနေခဲ့ကြသည်။ သူတို့သည် ဤရက်များတွင် နတ်လှေပေါ်၌ လုချန်းကို ပြုစုရင်း သူ၏ သဘောထားကို အကဲခတ်နေခဲ့ကြသည်။ ယခု လုချန်းက စကားစလိုက်ပြီဖြစ်သောကြောင့် သူတို့၏ ဆရာမနှင့် တွေ့ဆုံရန် ယုံကြည်စိတ်ချစွာ သွားရောက်နိုင်ပြီ ဖြစ်သည်။
ဤအချိန်တွင် လုချန်းက ဝူကျန်းဝမ်ကို လှည့်လိုက်ပြီး သူမ၏ ပိုးသားကဲ့သို့သော ဆံပင်ကို ပွတ်သပ်ကာ ခံစားချက်ပြည့်ဝသော မျက်လုံးများထဲသို့ စိုက်ကြည့်ရင်း
“ကျန်းဝမ် မင်းရဲ့ ခုခံမှုက အားနည်းလာတယ်။”
တစ်ချိန်က အင်အားကြီးမားသော မင်းသမီးတစ်ပါးဖြစ်ခဲ့သော ဝူကျန်းဝမ် ဤအခြေအနေသို့ ရောက်ရှိသွားသည်ကို မြင်ရခြင်းက လုချန်း၏ စိတ်အတွင်း၌ ထူးဆန်းသော ဂုဏ်ယူမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
လုချန်းစကားပြောပြီးနောက် လှပသော ဝူကျန်းဝမ်၏ မျက်နှာပေါ်တွင် ရှက်သွေးဖြာသွားခဲ့သည်။ တစ်နေ့တွင် ဤသို့ဖြစ်လာမည်ဟု သူမလည်း ဘယ်တုန်းကမှ မတွေးခဲ့ပေ။
ကလေးမွေးဖွားပြီးနောက် လုချန်းအပေါ် သူမ၏ စွဲလန်းမှုများ ပိုမိုပြင်းထန်လာပြီး ဤယောက်ျားအပေါ် ပိုမိုမှီခိုလာခဲ့သည်။ လုချန်း၏ ထိတွေ့မှုတိုင်းသည် သူမကို လုံးဝ အားအင်ကုန်ခမ်းစေပြီး သူ၏ ရင်ခွင်ထဲသို့ မှီခိုလိုစိတ်ကို ဖြစ်ပေါ်စေသည်။
ဝူကျန်းဝမ်၏ အခြေအနေကို မြင်သောအခါ လီချင်ရို့လည်း ခံစားချက်မျိုးစုံကို ခံစားလိုက်ရသည်။ သူတို့နှစ်ဦးစလုံးသည် တစ်ချိန်က အထက်စီးမှ အမြဲနေ၍ ယောက်ျားအချစ်တော်များသာ ထားဖြစ်မည်ဟု ထင်ခဲ့ကြသည်။ သို့သော် ယောက်ျားတစ်ယောက်၏ အနိုင်ယူခြင်းကို သူတို့နှစ်ဦးစလုံး ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ထို့နောက် လုချန်း ဖြည်းညင်းစွာ ကိုင်းလိုက်ကာ ဝူကျန်းဝမ်ကို ပွေ့ဖက်လိုက်ပြီး သူ၏ အလုပ်ကို ဆက်လက်လုပ်ဆောင်ရင်း
“မိန်းကလေးတို့။ ကိုယ် တစ်ခုခု သတိရသွားတယ်။”
လီချင်ရို့က
“ဘာများပါလဲ”
လုချန်းက အသက်ပြင်းပြင်းရှူကာ
“မင်းတို့ရဲ့ ဆရာမက ပိရှကမ္ဘာက လာတာ။ မြူခိုးဒေသက ကျင့်စဉ်ကျင့်သူတွေရဲ့ အစည်းအဝေး မတိုင်ခင် ပိရှကမ္ဘာအကြောင်း သိရအောင် ကိုယ် သူ့ကို နှစ်ယောက်တည်း တွေ့ချင်တယ်။”
ထိုစကားကို ကြားသောအခါ အမျိုးသမီးနှစ်ဦး၏ နှလုံးများ တုန်လှုပ်သွားခဲ့သည်။
တကယ်တော့ ဤကာမစိတ်ကြီးသူသည် သူတို့၏ ဆရာမကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
လီချင်ရို့က
“မင်းကြီးက ကျွန်မတို့ ဆရာမရဲ့ ခန္ဓာကိုယ်ကို လိုချင်တယ်ဆိုရင် ဘာလို့ ပတ်ဝန်းကျင်သိအောင် လျှောက်လုပ်နေမှာလဲ။ မြူခိုးမှော်ဂိုဏ်းက လက်နက်ချပြီးပြီလေ။ မင်းကြီးက အမိန့်တစ်ရပ် ထုတ်ပြန်လိုက်ရုံနဲ့ ကျွန်မတို့ရဲ့ ဆရာမကို မင်းကြီးရဲ့ ဘေးမှာ ထားနိုင်ပါတယ်။”
လုချန်းက သူ၏ လုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်ရင်း ဝူကျန်းဝမ်၏ လှပသော မျက်နှာကို ကြည့်ကာ လီချင်ရို့၏ မှတ်ချက်ကို ရယ်မောလိုက်သည်။
“မင်းပြောနေတဲ့စကားကို ကြည့်ပါဦး။ မင်းက ကိုယ့်ကို မြင်သမျှ မိန်းမတိုင်းကို ပိုင်ဆိုင်ချင်တဲ့ ကာမဘီလူးလို့ မြင်နေတာလား။”
လီချင်ရို့က အလုပ်ရှုပ်နေသော လုချန်းကို တစ်ချက်ခိုးကြည့်ကာ ရယ်မောရင်း
“မင်းကြီးက အဲ့ဒီလို မဟုတ်ဘူးလား။”
လုချန်းက
“ကောင်းပြီလေ... မင်းက ကိုယ့်ကို အဲ့ဒီလို စွပ်စွဲနေမှတော့ ကိုယ် ကြေညာလိုက်တော့မယ်။ ကိုယ် မင်းတို့ရဲ့ ဆရာမကို တကယ်ပဲ စွဲလန်းမိနေပြီ။ သူနဲ့ ရင်တွင်းစကားတွေပြောချင်တယ်။ ရာသီအလိုက် ကဗျာတွေနဲ့ အချစ်ဇာတ်လမ်းတွေကို ဆွေးနွေးချင်တယ်။”
လုချန်းက သူ၏ အတွေးများကို ပွင့်ပွင့်လင်းလင်း ဖော်ပြလိုက်သည်ကို မြင်သောအခါ လီချင်ရို့ စကားမပြောနိုင်တော့ပဲ ဖြစ်သွားခဲ့သည်။
လုချန်း၏ မျက်စိကျခြင်းကို ခံရသော အမျိုးသမီးတစ်ဦးသည် သူ၏ လက်မှ ဘယ်တော့မှ မလွတ်မြောက်ခဲ့ပေ။ စုဟန်ယန်ကို သူ၏ လက်ထဲမှ လွတ်မြောက်အောင် ကူညီရန်လည်း လီချင်ရို့ထံ၌ ရည်ရွယ်ချက်မရှိပေ။
သူမ၏ လက်ရှိအတွေးမှာ စုဟန်ယန်၏ ခုခံမှုကို မည်သို့လျှော့ချရမလဲဆိုတာ ဖြစ်သည်။ သူတို့၏ ဆရာမသည် အပျိုစင်အဖြစ် နေထိုင်ခဲ့ပြီး ယောက်ျားများကို စိတ်မဝင်စားပဲ သူမ၏ ကျင့်စဉ်ကိုသာ အာရုံစိုက်ခဲ့သည်။ အကယ်၍ လုချန်းသာ သူတို့၏ ဆရာမကို သူ၏ မိန်းမအဖြစ် အတင်းအကျပ် ပြုလုပ်ပါက သူ့အား အလွန်မုန်းတီးနိုင်သည်။
လီချင်ရို့က ညည်းညူနေသော ဝူကျန်းဝမ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်
“ကျွန်မရဲ့ ဆရာမက ယောက်ျားတွေနဲ့ အမြဲတမ်း ဝေးဝေးနေခဲ့တာ။ မင်းကြီးက သူ့ရဲ့ အပျိုစင်ဘဝကို ဘယ်လိုရယူဖို့ စီစဉ်ထားလဲ။ အာဏာနဲ့ ခြိမ်းခြောက်ပြီးလား။ ဒါမှမဟုတ် အင်အားသုံးပြီးလား။”
သူလိုချင်သော အမျိုးသမီးများကို ရယူရာတွင် အမြဲတမ်း ရက်စက်ခဲ့သော လုချန်းသည် သူမနှင့် ဝူကျန်းဝမ်တို့နှစ်ဦးစလုံးထံမှ အပျိုစင်ဘဝကို တိုက်ရိုက် ရယူခဲ့သည်။ ထို့ကြောင့် သူတို့၏ ဆရာမအပေါ် သူ၏ ချဉ်းကပ်ပုံအား လီချင်ရို့ သိချင်နေခဲ့သည်။
လုချန်း ထိုမေးခွန်းကို မဖြေခဲ့ပေ။ သူ၏ ခေါင်းကို လှည့်ကာ လီချင်ရို့ကို ကြည့်လိုက်ပြီး ပြုံးကာ
“ချင်ရို့။ မင်းရဲ့ အပျိုစင်ဘဝကို အတင်းအဓမ္မ ရယူခဲ့တာနဲ့ ပတ်သက်ပြီး မင်း အခုထိ အငြိုးအတေးတွေ အများကြီး ရှိနေသေးတယ်လို့ ကိုယ်ဘာလို့ ခံစားနေရတာလဲ။”
လီချင်ရို့က တည်ငြိမ်သော အမူအရာဖြင့် “အဲ့ဒီတုန်းက ကျွန်မက အကျဉ်းသားတစ်ယောက်ပဲ။ အပျိုစင်ဘဝကို ဆုံးရှုံးရတာက ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။”
“ဒါက ကိုယ် မင်းကို ဂရုမစိုက်နိုင်ခဲ့လို့ပါ။”
သူ၏ စကားဆုံးသည်နှင့် လုချန်းက လက်လှမ်းကာ လီချင်ရို့ကို သူ့အနားသို့ ဆွဲယူပြီး သူမ၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။