စုဟန်ယန်၏ သံသယများ
Vol. 67 Ch. 996
လုချန်း၏ လက်ရှိအင်အားဖြင့် လီချင်ရို့နှင့် ဝူကျန်းဝမ်တို့ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ဖို့က ကြီးမားသည့် ကိစ္စမဟုတ်ပေ။
ဟုတ်ပါသည်။ လုချန်းသည် ယခင်ကကဲ့သို့ မျိုးဆက်နှင့် သာယာမှုများကိုသာ အဓိကမထားတော့ပေ။ ထိုအစား သူ၏ ကျင့်စဉ်ကို ပိုမိုအာရုံစိုက်လာခဲ့သည်။
အမျိုးသမီးနှစ်ဦးနှင့် ရက်အနည်းငယ်ကြာ ကျင့်ကြံပြီးနောက် မြူခိုးမှော်ဂိုဏ်း၏ မိုးပျံလှေဆီသို့ သူတို့ အတူတကွ သွားကြသည်။ ကျင့်စဉ်ကျင့်သူများ ညီလာခံ မစတင်မီတွင် မြူခိုးဒေသရှိ ကျင့်စဉ်ကျင့်သူများအားလုံး နေရာတွင် စောင့်ဆိုင်းနေကြပြီဖြစ်သည်။
မြူခိုးမှော်ဂိုဏ်းသို့ သွားရာလမ်းတွင် နေရာတိုင်း၌ တရားထိုင်နေသော ကျင့်စဉ်ကျင့်သူများကို မြင်တွေ့နိုင်သည်။
ထျန်းချန်ကမ္ဘာရှိ စိတ်ဝိညာဉ်စွမ်းအင်သည် မြူခိုးဒေသကဲ့သို့ မသိပ်သည်းသော်လည်း ပိုမိုဘေးကင်းလုံခြုံသည်။ ကျင့်စဉ်ကျင့်သူများသည် ကျင့်ကြံနေစဉ် အာကာသ ဝဲဂယက်ထဲသို့ ရုတ်တရက် လွင့်ပါသွားပြီး သေဆုံးရမည်ကို ကြောက်ရွံ့စရာမလိုတော့ချေ။ ထိုကဲ့သို့သော ဘေးကင်းလုံခြုံသော ကျင့်ကြံမှုပတ်ဝန်းကျင်တွင် ကျင့်စဉ်ကျင့်သူများ၏ လေ့ကျင့်မှုအရှိန် သိသိသာသာ တိုးတက်လာခဲ့သည်။
ဤအချိန်တွင် စုဟန်ယန်သည်လည်း မြူခိုးမှော်ဂိုဏ်း၏ မိုးပျံလှေပေါ်တွင် တရားထိုင်ကာ ကျင့်ကြံနေခဲ့သည်။ ဟန်ယွမ်ခိုင်၏ သွေးဆာနည်းဗျူဟာပုံစံကြီးကြောင့် သူမ၏ ခန္ဓာကိုယ်သည် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ပြီး ပြန်လည်သက်သာရန် အချိန်လိုအပ်နေသည်။
…….
မြူခိုးမှော်ဂိုဏ်း။
မိုးပျံလှေ။
စုဟန်ယန်သည် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်ကို အငမ်းမရ စုပ်ယူကာ သူမ၏ အတွင်းဒဏ်ရာများကို အဆက်မပြတ် ကုသနေခဲ့သည်။ ထိုစဉ် မြူခိုးမှော်ဂိုဏ်းမှ အကြီးအကဲတစ်ဦးက သူမအနားသို့ ချဉ်းကပ်လာပြီး
“ဂိုဏ်းချုပ်။ ခင်ဗျားရဲ့ တပည့်နှစ်ယောက် ရောက်လာပါတယ်။”
ထိူစကားကို ကြားသောအခါ စုဟန်ယန် နှလုံးတုန်သွားပြီး သူမ၏ လှပသော မျက်လုံးများ ချက်ချင်း ပွင့်လာခဲ့သည်။
မြူခိုးမှော်ဂိုဏ်း၏ လက်ရှိအခြေအနေမှာ အနည်းငယ် အနေရခက်နေသည်။ ထို့ကြောင့် သူမ၏ တပည့်ရင်းနှစ်ဦးကို မြူခိုးမှော်ဂိုဏ်းနှင့် အလွန်အကျွံ မဆက်သွယ်စေလိုပေ။
မည်သို့ပင်ဖြစ်စေ သူတို့သည် ယခု ဆွမ်ဧကရာဇ်၏ မိန်းမများ ဖြစ်ကြသည်။ အကယ်၍ သူတို့ ဆွမ်ဧကရာဇ်အား ဂိုဏ်းအတွက် ပြောဆိုပေးပြီး မြူခိုးမှော်ဂိုဏ်းနှင့် အနီးကပ်ဆက်သွယ်နေသည်ကို မြင်တွေ့ရပါက နောက်ဆုံးတွင် ဆွမ်ဧကရာဇ် သူတို့အပေါ် မကျေမနပ်ဖြစ်လာလိမ့်မည်။
စုဟန်ယန် သူမ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းကာ အကြီးအကဲအား
“သူတို့ကို အပေါ်တက်ခိုင်းလိုက်ပါ။”
သူတို့ကို မြူခိုးမှော်ဂိုဏ်းနှင့် ခပ်ခွာခွာနေရန် မည်သို့သတိပေးရမလဲဟု သူမ စဉ်းစားနေခဲ့သည်။ ယခု သူတို့ကိုယ်တိုင် ရောက်လာကြပြီ ဖြစ်သဖြင့် ထိုအကြောင်းကို ပြောဆိုရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာခဲ့သည်။
ခဏအကြာတွင် ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ စုဟန်ယန်၏ ရှေ့တွင် ပေါ်လာကြသည်။ သူတို့ကို မြင်သောအခါ စုဟန်ယန်က ဝိညာဉ်ကျောက်တုံးအချို့ကို ချက်ချင်း ထုတ်ယူကာ သူတို့ပတ်လည်တွင် ပစ်ချလိုက်ကာအသံလုံသော နည်းဗျူဟာပုံစံတစ်ခုကို ချက်ချင်း တည်ဆောက်လိုက်၏။
အသံလုံ နည်းဗျူဟာပုံစံအတွင်း၌ သူတို့ပြောသော စကားများကို အပြင်မှ ကြားနိုင်မည်မဟုတ်ပေ။
နည်းဗျူဟာပုံစံ တည်ဆောက်ပြီးနောက်
စုဟန်ယန် စကားစလိုက်သည်။
“ချင်ရို့၊ ကျန်းဝမ် မင်းတို့ မလာသင့်ဘူး။”
လီချင်ရို့နှင့် ဝူကျန်းဝမ်တို့ ခဏခန့် အံ့အားသင့်သွားပြီးနောက် လီချင်ရို့က မေးလိုက်သည်။
“ဘာလို့ အဲ့ဒီလိုပြောရတာလဲ ဆရာမ။”
စုဟန်ယန်က ရှင်းပြသည်။
“မင်းတို့က အခု ဆွမ်ဧကရာဇ်ရဲ့ မိန်းမတွေ။ မြူခိုးမှော်ဂိုဏ်းက ကျူးကျော်သူ အင်အားစုလို့ သတ်မှတ်ခံထားရတယ်။ ဆွမ်ဧကရာဇ်က မင်းတို့ မြူခိုးမှော်ဂိုဏ်းနဲ့ ဒီလောက် ရင်းနှီးနေတာကို မြင်ရင် သံသယတချို့ ဖြစ်ပေါ်လာနိုင်တယ်။ ဒါက မင်းတို့အတွက် မကောင်းဘူး။”
စုဟန်ယန်၏ စကားကို ကြားသောအခါ လုချန်းက သူတို့ကို နားလည်မှုလွဲသွားမည်ကို သူမ ကြောက်ရွံ့နေခြင်းဖြစ်ကြောင်း အမျိုးသမီးနှစ်ဦး ချက်ချင်း သဘောပေါက်သွားကြသည်။
ထို့နောက် ဝူကျန်းဝမ်က
“ဆရာမ စိတ်ချပါ။ ကျွန်မတို့ မြူခိုးမှော်ဂိုဏ်းကို မင်းကြီးရဲ့ ညွှန်ကြားချက်အရ လာခဲ့တာပါ။”
ထိုစကားကို ကြားသောအခါ စုဟန်ယန်က စူးစမ်းစွာ မေးလိုက်သည်။
“ဆွမ်ဧကရာဇ်ရဲ့ ညွှန်ကြားချက်အရ ဟုတ်လား။ သူက မင်းတို့ကို လာခွင့်ပြုခဲ့တာလား။”
လီချင်ရို့က
“ကျွန်မတို့က ဆရာမကို လာတွေ့ချင်တာပါ။ ဒါ့ကြောင့် သူ့ကိုပြောပြပြီး သူ့ရဲ့ ခွင့်ပြုချက်ကို ရခဲ့ပါတယ်။”
လီချင်ရို့ထံမှ အဖြေရသောအခါ စုဟန်ယန် ထိုကိစ္စကို ဆက်လက်မတွေးတော့ပေ။ သူတို့ ဆွမ်ဧကရာဇ်၏ ခွင့်ပြုချက်ရထားပါက အဆင်ပြေသည်။
သူမ မလိုချင်ဆုံး အခြေအနေက သူတို့ မြူခိုးမှော်ဂိုဏ်းသို့ တိတ်တဆိတ်လာရောက်လည်ပတ်ပြီး နောက်ပိုင်းတွင် ဆွမ်ဧကရာဇ် ရှာဖွေတွေ့ရှိသွားခြင်းကို ဖြစ်သည်။
စုဟန်ယန်က ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ကို ကြည့်လိုက်သည်။ သူတို့နှစ်ဦးစလုံးသည် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိနေကြပြီး သူတို့၏ ကျင့်စဉ်ခရီးကို စတင်နေကြပြီ ဖြစ်သည်။ ဆရာတစ်ယောက်အနေနှင့် သူမ တပည့်နှစ်ဦး၏ တိုးတက်မှုကို စုဟန်ယန် အမြဲတမ်း အလေးအနက်ထားခဲ့သည်။
ထိုအခိုက်တွင် ဝူကျန်းဝမ်က
“ဆရာမ။ ဂိုဏ်းချုပ်က သွေးဆာနည်းဗျူဟာပုံစံကြီးကို အသုံးပြုတုန်းက ဆရာမက အတွင်းထဲမှာ ရှိနေခဲ့တာ မဟုတ်လား။ အခု ဘယ်လိုခံစားရလဲ။ ဆရာမရဲ့ ခန္ဓာကိုယ်မှာ နေလို့မကောင်းတာများ ရှိနေသေးလား။”
စုဟန်ယန်က အပြုံးဖြင့်
“သာမန်ဒဏ်ရာအနည်းငယ်ပဲ ရခဲ့တာပါ။ ပြင်းပြင်းထန်ထန် ဘာမှမဖြစ်ပါဘူး။”
စုဟန်ယန် စကားဆုံးသည်နှင့် ဝူကျန်းဝမ်က သူမ၏ ဘေးသို့ ရောက်သွားပြီး သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ စုဟန်ယန် ခဏခန့် အံ့အားသင့်သွား၏။ ဝူကျန်းဝမ် ဘာလုပ်နေသည်ကို သူမ နားမလည်ခဲ့ပေ။
သို့သော် နောက်တစ်ခဏတွင် အေးမြသော စိတ်ဝိညာဉ်စွမ်းအင်တစ်ခု သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။ ထိုစွမ်းအင်သည် သူမ၏ အတွင်းဒဏ်ရာများကို လျင်မြန်စွာ ကုသပေးကာ မယုံနိုင်လောက်အောင်
သက်သောင့်သက်သာဖြစ်စေခဲ့သည်။
ဒါက...
အံ့အားသင့်စွာဖြင့် စုဟန်ယန်က မေးလိုက်သည်။
“ကျန်းဝမ်။ ဒီလို ကုသပေးနိုင်တဲ့ ကျင့်စဉ်နည်းစနစ်မျိုး မင်းကို ဘယ်သူသင်ပေးတာလဲ။”
ကျင့်စဉ်ကျင့်သူများသည် ဒဏ်ရာများကို ပြန်လည်သက်သာစေနိုင်သည့် စွမ်းရည်အချို့ရှိသော်လည်း မည်သည့်ကျင့်စဉ်မှ ဤမျှ ထိရောက်မှုမရှိပေ။ ဝူကျန်းဝမ်၏ စိတ်ဝိညာဉ်စွမ်းအင်သည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး ချက်ချင်းဆိုသလို သူမ၏ ဒဏ်ရာများသည် ပျောက်ကင်းလုနီးပါး ဖြစ်သွားခဲ့သည်။
၎င်းက အထူးကျင့်စဉ်နည်းစနစ်တစ်ခုဖြစ်ကြောင်း အလွန်ရှင်းလင်းသည်။
ဝူကျန်းဝမ်အား ထိုကဲ့သို့သော နည်းစနစ်ကို သူမ မသင်ကြားပေးခဲ့သလို သူမကိုယ်တိုင်လည်း မတတ်ကျွမ်းပေ။
ဝူကျန်းဝမ်က
“ဒါက ဆွမ်ဧကရာဇ်က သင်ပေးခဲ့တဲ့ ကျင့်စဉ်နည်းစနစ်ပါ။ သူ့ရဲ့ မိဖုရားတွေအားလုံး တတ်ကြပါတယ်။”
စုဟန်ယန်က
“သြော်။ ဒီလိုကိုး”
ဝူကျန်းဝမ်ထံ၌ ဤမျှ ထိရောက်သော ကုသမှုနည်းစနစ်ရှိခြင်းမှာ အဓိပ္ပာယ်ရှိသည်။ ၎င်းသည် ဆွမ်ဧကရာဇ်ထံမှ ဖြစ်သည်။ နတ်လှေနှင့် ဝူကျန်းဝမ်ကို သင်ကြားပေးခဲ့သော ကျင့်စဉ်နည်းစနစ်ကို ထည့်သွင်းစဉ်းစားပါက ဆွမ်ဧကရာဇ်၏ နောက်ခံမည်မျှ ကြီးမားကြောင်း ရှင်းလင်းနေသည်။
ထိုအခိုက်တွင် ဆွမ်ဧကရာဇ်အပေါ် စူးစမ်းလိုစိတ်များ စုဟန်ယန်၏ရင်ထဲ တစ်ဖန်ပြန်လည် တိုးပွားလာခဲ့သည်။ ဆွမ်ဧကရာဇ် မည်သည့်အင်အားစုက လာတာလဲ၊ ဟန်ယွမ်ခိုင်၏ ကိစ္စများကို သူ မည်သို့သိခဲ့လဲဆိုတာကို သူမ သိလိုစိတ်ပြင်းပြနေခဲ့သည်။
အကယ်၍ ဆွမ်ဧကရာဇ်သာ ဟန်ယွမ်ခိုင်၏ ကိစ္စများကို ဖော်ထုတ်ခြင်းမရှိခဲ့ပါက သူမနှင့် ဂိုဏ်းသားများလည်း သူတို့၏ ဆရာကို အကြီးဆုံးအစ်ကိုကြီး ဟန်ယွမ်ခိုင်က သတ်ခဲ့ကြောင်းကို သိကြဦးမည် မဟုတ်ပေ။
ထိုအချိန်တွင် စုဟန်ယန် သက်ပြင်းသဲ့သဲ့ချလိုက်ပြီးနောက်
“ကျန်းဝမ်၊ ချင်းရို့ မင်းတို့နှစ်ယောက်ကြောင့် ငါ အသက်ရှင်နိုင်ခဲ့တာ။ မင်းတို့သာ ဆွမ်ဧကရာဇ်ရဲ့ မိန်းမတွေ မဖြစ်ခဲ့ရင် ငါ လည်း ဒီလောကကြီးကနေ ထွက်ခွာသွားလောက်ပြီ။”
စုဟန်ယန်၏ အမြင်တွင် ဆွမ်ဧကရာဇ် သူမအပေါ် အရေးမယူခဲ့ခြင်းမှာ သူမ၏ တပည့်နှစ်ဦးကြောင့် ဖြစ်နိုင်သည်။ သူတို့က လုချန်းအား သူမအတွက် ကြားဝင်အသနားခံခဲ့သောကြောင့်သာ လုချန်းက သူမကဲ့သို့ ယင်ယန်နယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူတစ်ဦးအား မရှင်းလင်းခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မြူခိုးမှော်ဂိုဏ်းသည် ကျူးကျော်သူဘက်မှ ဖြစ်သည်။ သူမကဲ့သို့ အားကောင်းသော ယင်ယန်နယ်ပယ်အဆင့် ကျင့်စဉ်ကျင့်သူတစ်ဦး မြူခိုးမှော်ဂိုဏ်းတွင် ဆက်လက်ရှိနေခြင်းက ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။
စုဟန်ယန်၏ စကားကို ကြားသောအခါ လီချင်ရို့ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ချက်ချင်း ပြောလိုက်သည်။
“ဆရာမ။ ကျွန်မတို့ မရှိရင်တောင်မှ ဆွမ်ဧကရာဇ်က ဆရာမကို သတ်မှာ မဟုတ်ပါဘူး။”
စုဟန်ယန်က နားမလည်စွာဖြင့်
“ဘာလို့လဲ”
လီချင်ရို့က
“ဘာလို့လဲဆိုတော့ ဆွမ်ဧကရာဇ်က ဆရာမကို သဘောကျနေလို့ပါ”
ဒါက...
ဝူကျန်းဝမ်နှင့် စုဟန်ယန်တို့နှစ်ဦးစလုံး မှင်တက်သွားကြသည်။ လီချင်ရို့ထံမှ ထိုကဲ့သို့သော စကားမျိုး ထွက်လာလိမ့်မည်ဟု ဝူကျန်းဝမ်လည်း မမျှော်လင့် ထားခဲ့ပေ။ သူမ ဆရာမ လက်ခံနိုင်ရန် အချိန်အနည်းငယ် ပေးဖို့ သူမ စဉ်းစားထားခဲ့သည်။ တိုက်ရိုက်ပြောဆိုပါက သူတို့၏ ဆရာမ လုံးဝ လက်ခံမည် မဟုတ်ပေ။
ဆွမ်ဧကရာဇ်က သူမ၏ အလှကို တကယ်တပ်မက်နေမည်ဟု စုဟန်ယန်လည်း မမျှော်လင့်ထားခဲ့ပေ။ ကျင့်စဉ်လောကတွင် သူမကို လိုက်လံပိုးပန်းသူများ မရှိသည်တော့မဟုတ်ပေ။
သို့သော် ဆွမ်ဧကရာဇ်သည် အတွေ့အကြုံ ရယူနေသော အင်အားကြီးတစ်ခုမှ လူတစ်ဦးဟု သူမ မြင်ထားခဲ့သည်။ ထို့ကြောင့် သူ၏ အဓိကအာရုံစိုက်မှုမှာ ကျင့်စဉ်အပေါ်တွင်သာ ဖြစ်ပြီး မိန်းမတို့၏ ဆွဲဆောင်မှုအပေါ် စိတ်ဝင်စားမှုနည်းပါးမည်ဟု ထင်ခဲ့သည်။
အဘယ့်ကြောင့် ဆွမ်ဧကရာဇ်က သူမကို စိတ်ဝင်စားရသနည်း။
သတိပြန်ဝင်လာသောအခါ စုဟန်ယန်က ချက်ချင်း ပြောလိုက်သည်။
“ချင်ရို့။ မဟုတ်တာတွေ မပြောနဲ့။ ငါက မင်းတို့ရဲ့ ဆရာလေ။ ဆွမ်ဧကရာဇ်ရဲ့ မိန်းမ ဘယ်လိုဖြစ်နိုင်မှာလဲ။”
လီချင်ရို့နှင့် ဝူကျန်းဝမ်တို့ ယနေ့ လာရောက်ခြင်းမှာ ဆွမ်ဧကရာဇ်၏ ကိုယ်စား လာရောက်ခြင်း ဖြစ်နိုင်သည်ဟုလည်း စုဟန်ယန် သဘောပေါက်သွားခဲ့သည်။ မဟုတ်လျှင် ဆွမ်ဧကရာဇ်က သူတို့နှစ်ဦးကို မြူခိုးမှော်ဂိုဏ်းသို့ စေလွှတ်လိမ့်မည် မဟုတ်ပေ။
စုဟန်ယန်က အမှန်တကယ်ပင် မနှစ်မြို့သော အမူအရာ ပြသသည်ကို မြင်သောအခါ လီချင်ရို့က
“ဆရာမ။ ဆွမ်ဧကရာဇ်က ကာမဂုဏ်လိုက်စားသူ တစ်ယောက်ပါ။ သူ သဘောကျတဲ့ မိန်းမတိုင်း နောက်ဆုံးမှာ သူ့ရဲ့ လက်ထဲကနေ မလွတ်မြောက်နိုင်တော့ပါဘူး။”
လီချင်ရို့၏ စကားကို ကြားသောအခါ စုဟန်ယန်၏ တုန်လှုပ်သွားခဲ့သည်။ ထို့နောက် သူမက လီချင်ရို့နှင့် ဝူကျန်းဝမ်တို့ကို တစ်ချက်ကြည့်ကာ
“ဒါဆိုရင် မင်းတို့နှစ်ယောက်ကိုလည်း သူက အတင်းအကျပ်...”
စုဟန်ယန် ဆက်မပြောတော့ပေ။
လီချင်ရို့က ထိုကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်ကို မြင်သောအခါ ဝူကျန်းဝမ် ဆက်လက်ဖုံးကွယ်မနေတော့ပေ။ သူမက စကားစလိုက်သည်။
“ဆရာမ။ အစပိုင်းမှာ ကျွန်မတို့ကို ဆွမ်ဧကရာဇ်က အတင်းအကျပ် ခိုင်းစေခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မိန်းမတွေ ဖြစ်လာပြီးနောက်မှာ သူက ကျွန်မတို့ကို ဘယ်လိုနည်းနဲ့မှ ကန့်သတ်တာမျိုး မရှိပါဘူး။ နောက်ဆုံးမှာတော့ ကျွန်မတို့ သူ့ကို ချစ်မိသွားခဲ့ပါတယ်။”
ဒါက...
စုဟန်ယန် နားလည်ရခက်နေခဲ့သည်။ အကယ်၍ ဆွမ်ဧကရာဇ်က သူ၏ မိန်းမများဖြစ်လာရန် အတင်းအကျပ် ခိုင်းစေခဲ့ပါက သူ့ကို မည်သို့ ချစ်မိသွားနိုင်မည်နည်း။
အနီးရှိ လီချင်ရို့က ပြောလိုက်သည်။
“တပည့် သိပါတယ်။ ကျွန်မတို့ ဒီကာမစိတ်ကြီးတဲ့သူကို ဘယ်လိုလုပ်ပြီး ချစ်မိသွားနိုင်လဲဆိုတာကို ဆရာမ နားလည်ရခက်နေမှာပဲ။ အထူးသဖြင့် အတင်းအကျပ် ခိုင်းစေမှုနဲ့ စတင်ခဲ့တာဆိုတော့။”
လီချင်ရို့က ဆက်လက်၍
“ဆွမ်ဧကရာဇ်ရဲ့ အကြီးမားဆုံး အားနည်းချက်က အလှအပကို ချစ်မြတ်နိုးတာပဲ။ ဒါကလွဲရင် သူ့မှာ တခြားအပြစ်အနာအဆာ မရှိသလောက်ပဲ။ သူက သူ့ရဲ့ မိဖုရားအားလုံးကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ သူတို့ကို ကျင့်ကြံဖို့ ကျင့်စဉ်နည်းစနစ်တွေ ပေးတယ်။ သူတို့ရဲ့ အင်အားကို တိုးတက်အောင် ကူညီပေးတယ်။ ပြီးတော့ သူ့ရဲ့ မိန်းမအားလုံးကိုလည်း အရမ်းဂရုစိုက်တယ်။ နောက်ပြီး သူက ရုပ်ရည်ချောမောပြီး အင်အားကြီးမားတယ်။ ဘယ်သူကများ သူ့ကို နောက်ဆုံးမှာ မချစ်မိဘဲ နေနိုင်မှာလဲ။”
“ခံစားချက်မရှိပဲ မွေးဖွားလာတဲ့ မိန်းမတွေတောင်မှ ဆွမ်ဧကရာဇ်ရဲ့ မိန်းမတွေ ဖြစ်လာပြီးနောက်မှာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို တဖြည်းဖြည်း ပြန်လည်ရရှိလာကြတယ်။”
လီချင်ရို့၏ စကားကို ကြားသောအခါ စုဟန်ယန် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ဆွမ်ဧကရာဇ်သည် ကျင့်စဉ်လောကရှိ အင်အားကြီးတစ်စု၏ သားတော်ဖြစ်သည်မှာ ရှင်းလင်းနေသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် အဆင့်နိမ့်ကမ္ဘာမှ အမျိုးသမီးများအတွက် အလွန်ဆွဲဆောင်မှုရှိနေပြီး ဖြစ်သည်။
အကယ်၍ ဆွမ်ဧကရာဇ်က သူ၏ မိန်းမများအပေါ် အနည်းငယ် ကောင်းပြပါက လီချင်ရို့တို့ အနေနှင့် သူ့ကို အကူအညီမဲ့စွာ ချစ်မိသွားခြင်းမှာ သဘာဝကျပေသည်။
အမျိုးသမီးများသည် အင်အားကြီးသူကို သဘောကျကြသည်။ ဆွမ်ဧကရာဇ်သည် အင်အားကောင်းရုံသာမက သူ၏ မိန်းမများအပေါ်လည်း ကောင်းပြီး ရုပ်ရည်လည်း ချောမောသည်။ ထိုကဲ့သို့သော ယောက်ျားကို မည်သည့်အမျိုးသမီးက မချစ်ပဲ နေနိုင်မည်နည်း။
သို့သော်...
စုဟန်ယန်က
“ဆွမ်ဧကရာဇ်က မင်းတို့နဲ့အတူရှိနေတဲ့အခါ မင်းတို့ကို ဘယ်လိုဆက်ဆံတယ်ဆိုတာ ငါမသိပေမဲ့ သတိတော့ပေးရမယ်။ ဆွမ်ဧကရာဇ်ရဲ့ နောက်ခံက ရိုးရှင်းမှာမဟုတ်ဘူး။ သူ့နောက်ကွယ်မှာ ကျင့်စဉ်လောကရဲ့ ကြီးမားတဲ့ ဂိုဏ်းတစ်ခု ဒါမှမဟုတ် အင်အားကြီးတစ်ခု ရှိနေမှာ သေချာတယ်။”
“အဲ့ဒီလို အဆင်မြင့်တဲ့ ပုဂ္ဂိုလ်တစ်ယောက်အတွက် မိန်းမ မရှားဘူး။ ဘာလို့ အဆင့်နိမ့်ကမ္ဘာက မိန်းမတွေကို စိတ်ဝင်စားရမှာလဲ။ သူက မင်းတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်ဆိုရင် ဒါက ဟန်ဆောင်မှုတစ်ခု ဖြစ်နိုင်ခြေ အရမ်းများတယ်။ ဒါမှမဟုတ် သူမှာ တခြားလျှို့ဝှက်ရည်ရွယ်ချက်တစ်ခုခု ရှိနေနိုင်တယ်။”
စုဟန်ယန်သည် အဆင့်မြင့်ကျင့်စဉ်ကမ္ဘာမှ ကျင့်စဉ်ကျင့်သူတစ်ဦးဖြစ်ပြီး ဗဟုသုတကျယ်ပြန့်သည်။ အခြားသူများ၏ ခံစားချက်များကို လှည့်ဖြားသော ကျင့်စဉ်ကျင့်သူများစွာကို သူမ မြင်တွေ့ခဲ့ဖူးသည်။
အချို့သည် အထူးလမ်းစဉ်များကို ကျင့်ကြံပြီးနောက် ခံစားချက်များကို လှည့်ဖြားကာ သူတို့၏ ကျင့်စဉ်ဖော်များကို သူတို့အတွက် သေဆုံးရန် ဆန္ဒရှိစေပြီး ထိုမှတစ်ဆင့် သူတို့၏ လမ်းစဉ်ကို အောင်မြင်အောင် ကူညီခိုင်းကြသည်။
ဆွမ်ဧကရာဇ်ကဲ့သို့သော အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးက သူ၏ မိန်းမများအပေါ် တက်ကြွစွာ ကောင်းမွန်နေခြင်းသည် ပြဿနာရှိနေ ကြောင်း ရှင်းလင်းသည်။
သာမန်အင်အားကြီးဂိုဏ်းတစ်ခု၏ တပည့်များပင်လျှင် မာနထောင်လွှားကြပြီး မိမိကိုယ်ကို သာလွန်သည်ဟု ယူဆကြသည်။ ဆွမ်ဧကရာဇ်ကဲ့သို့ နတ်လှေတစ်စင်းကို ထုတ်ပြနိုင်သူတစ်ဦးဆိုလျှင် ဆိုဖွယ်ရာပင် မရှိချေ။
ဆွမ်ဧကရာဇ်က သူမ၏ တပည့်နှစ်ဦးကို ကျင့်စဉ်မီးဖိုအဖြစ် သို့မဟုတ် သူ၏ လမ်းစဉ်ကို အောင်မြင်ရန်အတွက် ယဇစ်ပူဇော်ရန် သဘောထားနေသလားဟု စုဟန်ယန် ယခု အလေးအနက် သံသယဝင်လာခဲ့သည်။