← Chapters

ဆွမ်ဧကရာဇ်က ဘယ်လိုလူမျိုးလဲဆိုတာ တွေ့ချင်နေတာ

Vol. 67 Ch. 997

ဆွမ်ဧကရာဇ်က ဘယ်လိုလူမျိုးလဲဆိုတာ တွေ့ချင်နေတာ

Vol. 67 Ch. 997

စုဟန်ယန်၏ သတိပေးစကားကို ကြားသောအခါ လီချင်ရို့နှင့် ဝူကျန်းဝမ်တို့ အနည်းငယ် အံ့အားသင့်သွားကြသည်။ သူတို့ ထိုအချက်များကို အစက ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပေ။ လုချန်း၏ ဇနီးမယားများ ဖြစ်လာကတည်းက သူ့ကို ကာမရာဂကြီးသူတစ်ဦးဟုသာ ထင်မှတ်ခဲ့ကြသည်။

သို့သော် နောက်ပိုင်းတွင် လုချန်း၏အင်အားက သူတို့ထင်ထားသည်ထက် များစွာကြောက်မက်ဖွယ်ကောင်းကြောင်း သိလာကြသည်။ ထို့ကြောင့် သူသည် အဆင့်မြင့်ကျင့်စဉ်လောကမှလာပြီး ထူးခြားသည့်နောက်ခံအရှိန်အဝါ ရှိရမည်ဟု သူတို့ နားလည်ခဲ့ကြ၏။ ထိုအခါမှ လုချန်း သူတို့အပေါ် အဘယ်ကြောင့် ဤမျှကောင်းပေးနေရသနည်းဟု သူတို့ အံ့ဩခဲ့ကြသည်။

ဟုတ်ပါသည်။ ထိုအချိန်က သူတို့ ထိုအကြောင်းကို ရံဖန်ရံခါသာ တွေးမိခဲ့ကြသည်။ တိကျသောအကြောင်းရင်းကို နက်နက်နဲနဲ မစဉ်းစားခဲ့ကြပေ။ လုချန်း၏ စိတ်နေသဘောထားက ထိုကဲ့သို့ဖြစ်သည်ဟုသာ ရိုးရိုးရှင်းရှင်းစွာ ယူဆခဲ့ကြသည်။

စုဟန်ယန်က လီချင်ရို့နှင့် ဝူကျန်းဝမ်တို့ကို ဆက်လက်သတိပေးလိုက်သည်။

“ချင်ရို့၊ ကျန်းဝမ် မင်းတို့က အောက်ကမ္ဘာက လာခဲ့ကြတော့ ဆွမ်ဧကရာဇ်ပိုင်ဆိုင်တဲ့ နတ်လှေရဲ့ တန်ဖိုးကြီးပုံကို သဘောပေါက်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် သူ့ရဲ့ နောက်ခံအရှိန်အဝါ ဘယ်လောက်ကြီးလဲ ဆိုတာကိုလည်း နားလည်နိုင်မှာ မဟုတ်ဘူး။”

“ပြောရရင်တော့ ငါလာခဲ့တဲ့ အဆင့်မြင့် ကျင့်စဉ် ကမ္ဘာက ကမ္ဘာတစ်ခုလုံးကို အုပ်စိုးနေတဲ့ အုပ်ချုပ်သူတွေတောင် ဒီလိုအဆင့်အတန်းမျိုးရှိတဲ့ နတ်လှေတစ်စင်းကို ပိုင်ဆိုင်ဖို့ မလွယ်ဘူး။”

“နတ်လှေပေါ်က အစီအရင်ကွက်တွေကိုကြည့်ပြီး ဆုံးဖြတ်ရရင် လှေရဲ့အဆင့်က ကောင်းကင်ဘုံအဆင့်ကို ရောက်နေလောက်ပြီ။ ဒါမှမဟုတ် သူတော်စင်အဆင့်တောင် ဖြစ်နိုင်တယ်။”

စုဟန်ယန်၏အမြင်တွင် လီချင်ရို့နှင့် ဝူကျန်းဝမ်တို့သည် အောက်ကမ္ဘာသူများဖြစ်ကြသည်။ ထို့ကြောင့် လုချန်း၏နောက်ခံအရှိန်အဝါ မည်မျှကြီးသည်ကို သူတို့နားလည်နိုင်စွမ်း မရှိကြပေ။ ထိုအချက်ကပင် လုချန်း သူတို့အပေါ် အဘယ်ကြောင့် ဤမျှကောင်းပေးနေရသည်ကို မမြင်နိုင်စေပဲ သူ့အား ကာမရာဂကြီးသူတစ်ဦးဟုသာ ထင်နေစေသည်။

စုဟန်ယန်၏ စကားကို ကြားသောအခါ အမျိုးသမီးနှစ်ဦး၏ ရင်ထဲ တုန်လှုပ်သွားကြသည်။

လုချန်း၏ နောက်ခံအရှိန်အဝါ ကြီးမားနိုင်ပြီး နတ်လှေသည်လည်း အလွန်တန်ဖိုးကြီးနိုင်သည်ကို သူတို့ သိခဲ့ကြ၏။ သို့သော် လုချန်းထုတ်ပြခဲ့သော နတ်လှေသည် ကောင်းကင်ဘုံအဆင့် သို့မဟုတ် သူတော်စင်အဆင့်ပင် ဖြစ်နိုင်သည်ကိုမူ သူတို့ သဘောမပေါက်ခဲ့ကြချေ။

ဤသို့တွေးကြည့်လျှင် လုချန်း၏နောက်ခံအရှိန်အဝါသည် သူတို့မှန်းဆထားသည်ထက်ပင် ပို၍ကြီးမားနိုင်သည် မဟုတ်ပါလား။

သူမ၏ စကားကိုကြားပြီးနောက် တပည့်နှစ်ယောက် အတွေးထဲနစ်မြောသွားသည်ကိုမြင်သောအခါ စုဟန်ယန်လည်း သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်သည်။ သူတို့ ဤအရာများကို တစ်ခါမှ မစဉ်းစားခဲ့ဖူးကြောင်း သူမ သိနေသည်။

ထို့နောက် စုဟန်ယန်က

“တကယ်လို့ သူက မင်းတို့ပြောသလို သူ့မိန်းမတွေအပေါ် တကယ်ပဲကောင်းတယ်ဆိုရင် သတိထားရမယ်။ သူက သူ့ရဲ့လမ်းစဉ်ကြီးအတွက် လမ်းခင်းနေတာ ဖြစ်နိုင်တယ်။ မင်းတို့အားလုံး သူ့ကိုချစ်ကြိုက်သွားပြီး နောက်ဆုံးမှာ သူ့အတွက် ဆန္ဒအလျောက် အသက်စတေးပေးကြဖို့ သူက လိုလားနေတာပဲ။”

“နောင်တစ်ချိန် မင်းတို့ အဆင့်မြင့်ကျင့်စဉ်ကမ္ဘာကို သွားတဲ့အခါ ဒီလိုကိစ္စမျိုးက ကျင့်စဉ် ကမ္ဘာမှာ သိပ်ကိုအဖြစ်များတယ်ဆိုတာ နားလည်လာလိမ့်မယ်။ ကျင့်စဉ်ဖော်ရဲ့ ခံစားချက်တွေကို လှည့်စားတဲ့လူတွေ အများကြီး ငါ တွေ့ဖူးတယ်။ ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် အတူတူပဲ။”

စုဟန်ယန်၏ သတိပေးစကားကြောင့် အမျိုးသမီးနှစ်ဦးလည်း လုချန်းကို အမှန်ပင် သံသယဝင်လာကြသည်။ သို့သော် မကြာမီမှာပင် သတိပြန်ဝင်လာကြပြီး ဝူကျန်းဝမ်က

“ဆရာမ။ တကယ်လို့ ဆွမ်ဧကရာဇ်က တပည့်ရဲ့ ခံစားချက်တွေကို တကယ်ပဲ လှည့်စားနေတယ်ဆိုရင်တောင် တပည့် လက်ခံထားပြီးသားပါ။ အခု တပည့်က သူ့ရဲ့ရင်သွေးမွေးထားပြီးပြီဆိုတော့ သူ့ကို ထားသွားလို့ မဖြစ်နိုင်တော့ဘူး။ တစ်နေ့နေ့မှာ သူက တပည့်ကို သူ့အတွက် သေပေးဖို့ တကယ်ပဲ လိုအပ်လာခဲ့ရင် တပည့် လုံးဝ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။”

ဒီတော့...

စုဟန်ယန်၏ မျက်ခုံးများ တွန့်သွား၏။ သူမ၏တပည့်များ ဆွမ်ဧကရာဇ်ကို ဒီလောက်အထိ ချစ်မြတ်နိုးလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ဆွမ်ဧကရာဇ်က သူတို့၏ ခံစားချက်များကို လှည့်စားနေနိုင်သည်ကို သိလျက်နှင့်ပင် သူတို့သည် သူ့အတွက် သေပေးရန် ဆန္ဒရှိနေကြသည်။ ဆွမ်ဧကရာဇ်သည် သူတို့ကို ဤအခြေအနေအထိ ကျရှုံးသွားအောင် ပြုလုပ်နိုင်ခဲ့သည်။

အခြေအနေက ဤသို့ဖြစ်လေလေ ဆွမ်ဧကရာဇ်က သူတို့ကို ယဇ်ပူဇော်စရာ တစ်မျိုးမျိုးအဖြစ် သတ်မှတ်ထားကြောင်း ပို၍သက်သေပြနေလေလေ ဖြစ်သည်။ ယခု ဝူကျန်းဝမ်သည် အသေခံတပ်သားတစ်ဦးနှင့် ဘာမှမခြားတော့ပေ။

သူမ၏တပည့်နှစ်ဦး ဆွမ်ဧကရာဇ်၏ ကျင့်စဉ်မီးဖိုများ သို့မဟုတ် ယဇ်ပူဇော်ခံပစ္စည်းတစ်မျိုးမျိုးအဖြစ် အသုံးချခံရမည့်အရေးကို တွေးမိသောအခါ စုဟန်ယန် အလွန် စိတ်မကောင်းဖြစ်သွားသည်။

ယခုအခါ လီချင်ရို့နှင့် ဝူကျန်းဝမ်တို့ကို သူမ မည်သို့ပင်ပြောစေကာမူ အသုံးဝင်မည်မဟုတ်ကြောင်း သူမ သိ၏။ နှစ်ဦးစလုံးသည် ဆွမ်ဧကရာဇ်ကို ချစ်ကြိုက်မိပြီး နက်ရှိုင်းစွာ နစ်မွန်းနေကြပြီဖြစ်သည်။

သူတို့ကို ဆွမ်ဧကရာဇ်ထံမှ ထွက်သွားရန် မည်မျှပင် ဖျောင်းဖျစေကာမူ သူတို့ မလုပ်နိုင်ကြပေ။ ထို့ပြင် သူမသာ ဆက်လက်၍ ဖျောင်းဖျနေပါက သူမနှင့် သူတို့ ရန်သူများပင် ဖြစ်သွားနိုင်သည်။

အကောင်းဆုံးနည်းလမ်းမှာ ဆွမ်ဧကရာဇ်အား သူတို့ကို လွှတ်ပေးရန် တောင်းဆိုခြင်းပင် ဖြစ်သည်။

ထိုသို့ စိတ်ထဲတွင် တွေးလျက် စုဟန်ယန် အစီအစဉ်တစ်ခု ချမှတ်လိုက်၏။

သူတို့၏ဆရာတစ်ယောက်အနေနှင့် သူတို့ ယဇ်ပူဇော်ခံများ ဖြစ်သွားသည်ကို သူမ လက်ပိုက်ကြည့်မနေနိုင်ချေ။ သူမ သူတို့ကို ကယ်တင်ရမည်ဖြစ်သည်။ သူတို့ လွတ်မြောက်ဖို့ ကူညီရန် နည်းလမ်းတစ်ခု ရှာရပေမည်။

ထိုသို့ စိတ်ထဲတွင်တွေးရင်း စုဟန်ယန် လီချင်ရို့ကို ကြည့်ကာ မေးလိုက်သည်။

“ချင်ရို့။ ဆွမ်ဧကရာဇ်က မင်းကို မြူခိုးမှော်ဂိုဏ်းရဲ့ မိုးပျံလှေပေါ် လာခွင့်ပေးတယ်ဆိုတော့ သူက ငါ့ဆီ သတင်းစကားတစ်ခုခု ပါးခိုင်းလိုက်ချင်လို့ပဲ မဟုတ်လား။”

လီချင်ရို့က ဘာကိုမှ ဖုံးကွယ်မထားပဲ တိုက်ရိုက်ဖြေလိုက်သည်။

“သူက ဆရာမနဲ့ နှစ်ယောက်တည်းတွေ့ပြီး

ပိရှကမ္ဘာနဲ့ပတ်သက်တဲ့ ကိစ္စတချို့ကို မေးချင်လို့ပါတဲ့။”

စုဟန်ယန်က

“ကောင်းပြီလေ။ ငါလည်း ဆွမ်ဧကရာဇ်က ဘယ်လိုလူမျိုးလဲဆိုတာ တွေ့ချင်နေတာ။”

“မနက်ဖြန်ကျရင် ငါ မင်းတို့နဲ့အတူ နဂါးနက်မြို့တော်ကို လိုက်ခဲ့မယ်။”

ယဇ်ပူဇော်ခံရနိုင်မည့် ကိစ္စများကို စုဟန်ယန် ဆက်မပြောလိုတော့ပေ။ ကျင့်စဉ်ဖော်များအတွက် မိမိကိုယ်ကို စတေးခဲ့ကြသည့် ကျင့်ကြံသူများစွာကို သူမ တွေ့မြင်ခဲ့ဖူးသည်။ ဆက်လက်ပြောဆိုနေ၍လည်း ဘာမှပြောင်းလဲမည်မဟုတ်ကြောင်း သူမ သိနေသည်။

ပြဿနာ၏ အရင်းမြစ်မှာ ဆွမ်ဧကရာဇ်ထံတွင် ရှိ၏။ သူတို့ကို ကယ်တင်ရန်အတွက် သူမ ဆွမ်ဧကရာဇ်နှင့် တွေ့ရန် လိုအပ်သည်။

ထို့နောက် စုဟန်ယန်လည်း စကားလမ်းကြောင်းလွှဲလိုက်ပြီး ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ထံမှ ရှမင်းဆက်အကြောင်းကို စုံစမ်းမေးမြန်းပြီး သူတို့ ဆွမ်ဧကရာဇ်၏မိန်းမများအဖြစ် တဖြည်းဖြည်း မည်သို့ဖြစ်လာခဲ့ကြပုံကို နားထောင်ခဲ့၏။

ဝူကျန်းဝမ်နှင့် လီချင်ရို့တို့၏စကားကို နားထောင်ပြီးနောက် လုချန်းအပေါ် စူးစမ်းချင်စိတ်များ စုဟန်ယန်စိတ်ထဲ ပို၍ပြင်းပြလာသည်။ လုချန်း လုပ်ခဲ့သော ကိစ္စရပ်များစွာသည် ကျင့်စဉ်လောကနှင့် သက်ဆိုင်ပုံသိပ်မရပေ။

သို့သော် သူသည် အရည်အချင်းပြည့်ဝသော ဧကရာဇ်တစ်ပါးဖြစ်ကြောင်းကိုတော့ ငြင်းဆို၍ မရနိုင်ပေ။

ထိုအချက်က သူမ၏မှန်းဆချက်ကို ပို၍အတည်ပြုပေးလိုက်၏။ ထိုကဲ့သို့ ရည်မှန်းချက်ကြီးသော ဧကရာဇ်တစ်ပါးသည် ကာမရာဂကြီးသူတစ်ဦးနှင့် လုံးဝမတူပေ။ သူ တစ်စုံတစ်ခုကို ကြံစည်နေရတာသာ ဖြစ်သည်။

ဆရာတပည့်သုံးဦးသည် အသံလုံနည်းဗျူဟာပုံစံအတွင်း၌ တစ်နေ့နှင့်တစ်ညလုံး စကားပြောဆိုခဲ့ကြ၏။ နောက်တစ်နေ့ နံနက်တွင် စုဟန်ယန်သည် ဝူကျန်းဝမ်နှင့် လီချင်ရို့တို့နောက်သို့ လိုက်၍ နဂါးနက်မြို့တော်သို့ သွားခဲ့သည်။

ကျင့်စဉ်ကျင့်သူများနှင့် ပထမဆုံး အ‌စည်းအဝေး ကို ကျင်းပမည်ဖြစ်သောကြောင့် လုချန်းလည်း လှေပေါ်မှ မြေပြင်သို့ ဆင်းသက်လာခဲ့သည်။ နဂါးနက်တိုင်းပြည်၏ ယခင်နန်းတော်ဟောင်း ရှိနေဆဲဖြစ်သည်။ ထိုနေရာက လုချန်းတည်းခိုရာနေရာ ဖြစ်သည်။

နေရာင်ခြည်တစ်တန်းသည် ပြတင်းပေါက်ဘောင်မှတစ်ဆင့် ဝင်ရောက်လာပြီး ဖြူဆွတ်သောအသားအရေပေါ်သို့ ကျရောက်၏။ နွေးထွေးသောနေရောင်ခြည်သည် နှစ်ခြိုက်စွာ အိပ်မောကျနေသော ယွမ်ရှန်ရှန်ကို နိုးထစေခဲ့သည်။

သူမ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူမ လုချန်း၏ကိုယ်ပေါ်တွင် လှဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ နှစ်ဦးသားသည် သူတို့၏ ကျင့်စဉ်ကျင့်နေသည့် ပုံစံအတိုင်း ရှိနေဆဲဖြစ်၏။ လုချန်း၏ကိုယ်မှ အပူငွေ့ကိုခံစားမိပြီး ယခင်ညက အဖြစ်အပျက်များကို ပြန်သတိရသောအခါ ယွမ်ရှန်ရှန်၏ အေးစက်သောပါးပြင်ပေါ်တွင် ရှက်သွေးရောင် အနည်းငယ်သန်းသွားသည်။

ထိုအခိုက်တွင် လုချန်းလည်း မျက်လုံးဖွင့်လိုက်သည်။ သူ့ကို ငုံ့ကြည့်နေသော ယွမ်ရှန်ရှန်ကို မြင်သောအခါ သူက အနည်းငယ်ပြုံးလိုက်ပြီး

“ဆရာမ ဘာလို့ နောက်နည်းနည်းလောက် ထပ်မအိပ်တာလဲ။”

ယွမ်ရှန်ရှန်က ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ပြောသည်။

“အိပ်နေလို့ ကောင်းတာဘာမှ မရှိဘူး။”

ကျင့်စဉ်ကျင့်ကြံသူများသည် ညတိုင်း အိပ်စက်ရန် မလိုအပ်ပေ။ သူမ လျှို့ဝှက်လဝန်းနန်းတော်တွင် ရှိနေစဉ်ကလည်း လုံးဝနီးပါး မအိပ်စက်ခဲ့ချေ။ လုချန်း၏ဇနီးဖြစ်လာသည့် အချိန်မှစ၍ သူမတွင် အိပ်စက်သည့်အကျင့် ရလာခဲ့သည်။

သို့သော် သူမအိပ်နေသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ထိုကဲ့သို့သော လှုပ်ရှားမှုမျိုးတွင် ပါဝင်နေခြင်းသာ ဖြစ်သည်။

ထိုအချိန်တွင် ယွမ်ရှန်ရှန် ထထိုင်လိုက်၏။ သူမ ထလိုက်သည်နှင့် လုချန်း၏အခြားလက်တစ်ဖက်က သူမ၏ခါးကို ဆုပ်ကိုင်ကာ ပြန်ဆွဲချလိုက်သည်။ သူက သူမ၏ကိုယ်ကို ခိုင်မြဲစွာဖိကပ်ထားပြီး ခွဲခွာခွင့်မပေးခဲ့ပေ။

ယွမ်ရှန်ရှန် လုချန်းကို ချက်ချင်း စူးစိုက်ကြည့်လိုက်၏။ လုပ်စရာရှိသည်များအားလုံး လုပ်ပြီးသွားသော်လည်း ဤလူက သူမအနားကပ်နေချင်တုန်း ဖြစါသည်။

လုချန်းကတော့ ယွမ်ရှန်ရှန်၏အကြည့်ကို လုံးဝဂရုမစိုက်ခဲ့ပေ။

ထို့နောက် ယွမ်ရှန်ရှန်က

“မြူခိုးဒေသက အင်အားစုတွေကို ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားလဲ။”

ယွမ်ရှန်ရှန်တွင် ထရန် ရည်ရွယ်ချက်မရှိ တော့သည်ကို မြင်သောအခါ လုချန်းက ကျောပြင်ကို ညင်သာစွာပွတ်သပ်ပေးရင်း

“အဲ့ဒီကျင့်စဉ်ကျင့်သူတွေကို ရှနိုင်ငံထဲ သိမ်းသွင်းဖို့ စီစဉ်ထားတယ်။ ပြီးတော့ သူတို့ကို ရှစစ်သည်တော်တွေအဖြစ် ပြောင်းလဲပစ်မယ်။”

ယွမ်ရှန်ရှန်က

“ကျင့်စဉ်ကျင့်သူတွေက အမြဲတမ်း လွတ်လပ်မှုကို ချစ်မြတ်နိုးကြတယ်။ အများစုက ရိုင်းစိုင်းပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်ကြတယ်။ သူတို့အတွက် ရှတပ်ထဲ ဝင်ဖို့ဆိုတာ မလွယ်လောက်ဘူး။”

လုချန်းနှင့် အတူရှိနေသည်မှာ ကြာပြီဖြစ်သောကြောင့် ရှနိုင်ငံတော်၏အခြေအနေနှင့် ယွမ်ရှန်ရှန် အလွန်ရင်းနှီးနေ၏။ ရှတပ်၏ စစ်စည်းကမ်းက တင်းကျပ်ပြီး သေးငယ်သောကိစ္စရပ်များကိုပင် အလေးအနက်ထားကြောင်း သူမ ကောင်းစွာသိသည်။

များသောအားဖြင့် ဂိုဏ်းအင်အားစုများမှ တပည့်များသည် နာခံမှုမရှိတတ်ကြပေ။ သူတို့သည် ရှတပ်သို့ဝင်ရောက်ပြီး လိုက်လျောညီထွေဖြစ်အောင် မနေထိုင်ကြပါက ရှစစ်တပ် ဘယ်လိုပုံစံ ပြောင်းလဲသွားမည်ကို မြင်ယောင်ကြည့်ရန်ပင် မလွယ်ပေ။

ယွမ်ရှန်ရှန်၏ စကားဆုံးသွားပြီးနောက် လုချန်း၏လက်များက သူမ၏ကိုယ်ပေါ်သို့ လှည့်လည်သွား၏။ သူမကတော့ လုချန်း၏ လှုပ်ရှားမှုများကို ဂရုမစိုက်ပဲ နေလိုက်သည်။

လုချန်းက

“အခြေအနေတွေ ကောင်းနေသရွေ့တော့ ဝင်လာမယ့်လူတွေ အမြဲရှိမှာပဲ။ ဟိုစိတ်စွမ်းအင်ဆန်ကိုရော ဆရာမ ဘယ်လိုထင်လဲ။”

ထိုစကားကို ကြားသောအခါ သူမ မကြာသေးမီက စားသုံးနေသည့် စိတ်ဝိညာဉ် စွမ်းအင်ဆန်ကို ယွမ်ရှန်ရှန် သတိရသွား၏။ လုချန်းသည် ထိုဆန်များကို အတော်စောစောကတည်းက စိုက်ပျိုးခဲ့ကြောင်း သူမလည်း သိခဲ့သည်။ သို့သော် ထိုအချိန်က ကမ္ဘာ၏စိတ်ဝိညာဉ်စွမ်းအင်သည် မပေါများခဲ့ပေ။ ထို့ကြောင့် စိုက်ပျိုးရရှိသည့် စွမ်းအင်ဆန်သည် လူတစ်ဦး၏အင်အားကို တိုးမြှင့်ပေးနိုင်သော်လည်း အာနိသင်ကတော့ များစွာမထူးခြားပေ။ ကျင့်စဉ်လောကရှိ သာမန်စိတ်ဝိညာဉ်အပင်များလောက်ပင် အာနိသင်မရှိပေ။

သို့သော် ထျန်းချန်ကမ္ဘာတွင် စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်မြင့်တက်လာသည့် အချိန်မှစ၍ စွမ်းအင်ဆန်တွင်ပါဝင်သော စိတ်ဝိညာဉ်စွမ်းအားများ ပိုမိုကြွယ်ဝလာသည်။ ကျင့်စဉ်အဆင့်ကို တိုးမြှင့်ရာတွင် ၎င်း၏အာနိသင်က ပို၍ထင်ရှားလာ၏။

ရှစစ်သည်များ၏ ကျင့်စဉ်အဆင့်များလည်း လျင်မြန်စွာတိုးတက်လာသည်။ အကြောင်းမှာ သူတို့သည် စစ်တန်းလျားများတွင် စွမ်းအင်ဆန်ကို အခါအားလျော်စွာ စားသုံးကြသောကြောင့် ဖြစ်သည်။

ထို့နောက် ယွမ်ရှန်ရှန်က

“စွမ်းအင်ဆန်က သာမန်ကျင့်စဉ်ကျင့်သူတစ်ယောက်အတွက် တကယ် ဆွဲဆောင်မှုရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ အကျိုးအမြတ်တွေနဲ့ မျှားပြီး သူတို့ကို စစ်တပ်ထဲဝင်ဖို့ ဆွဲဆောင်မယ်ဆိုရင် သူတို့ဝင်လာရင်တောင် တိုက်ခိုက်ရေးအင်အားတစ်ခုအဖြစ် ဖွဲ့စည်းဖို့ ခက်တယ်။ သူတို့က မင်းအတွက်၊ ရှနိုင်ငံတော်အတွက် တကယ်တိုက်ခိုက်ပေးမှာ မဟုတ်ဘူး။”

လုချန်းက ပြုံး၍

“ ဒီလိုပြောကြ‌ကြေးဆိုရင် ဒီကမ္ဘာပေါ်က လူအများစုက အဖွဲ့အစည်းတွေထဲကို အကျိုးအမြတ်တွေကြောင့် ဝင်ကြတာပဲ။ လူတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စုအတွက် တကယ်တိုက်ခိုက်ပေးချင်ကြတာမှ မဟုတ်တာ။”

“လူတိုင်းမှာ ကိုယ်ပိုင်အကျိုးစီးပွားရှိကြတယ်။ ဒါက ပုံမှန်ပဲ။ အရင်ဆုံး သူတို့ကို နဂါးတပ်ထဲ ဝင်ခိုင်းလိုက်မယ်။ အကျိုးအမြတ် လုံလုံလောက်လောက် ရှိနေသရွေ့ သူတို့ကို ရှနိုင်ငံတော်အတွက် တိုက်ခိုက်ခိုင်းလို့ ရနိုင်ပါတယ်။”

“သစ္စာစောင့်သိမှုဆိုတာ အမြဲတမ်း ရှားပါးတဲ့ ကုန်ပစ္စည်းပဲ။ အဲ့ဒါကို အလွန်အကျွံ လိုက်ရှာဖို့ ကျွန်တော် မစဉ်းစားထားဘူး။ အဓိက လက်အောက်ငယ်သားတွေ သစ္စာရှိနေဖို့ပဲ လိုတယ်။”

ယွမ်ရှန်ရှန်လည်း ခဏခန့် စဉ်းစားလိုက်ပြီး လုချန်းပြောသည်က အကျိုးကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရသည်။ သို့သော် သူ့ကို သတိပေးလိုက်သေး၏။

“ဒါဆိုရင်တော့ မင်း မျက်စိရှင်ရှင်ထားတာ ပိုကောင်းမယ်။ ငါ့လိုမျိုး ကျေးဇူးကန်းတဲ့လူတစ်စုကို အကြီးအကဲရာထူးတွေ ပေးခဲ့တဲ့ အမှားမျိုး မလုပ်မိစေနဲ့။”

သူမ ထျန်းချန်ကမ္ဘာတွင် လျှို့ဝှက်လဝန်းနန်းတော်ကို တည်ထောင်ခဲ့စဉ်က တပည့်များ၏ သစ္စာစောင့်သိမှုကို ဂရုမစိုက်ခဲ့ပေ။ ရလဒ်အနေဖြင့် သူမရာထူးတိုးပေးခဲ့သော အကြီးအကဲတစ်စုသည် ယခင်ဧကရာဇ်ဆီ ဘက်ပြောင်းသွားခဲ့ကြသည်။

လုချန်းက ပြုံးလျက်

“ဒါပေါ့”

စကားသံဆုံးသည်နှင့် လုချန်း၏အခြားလက်တစ်ဖက်ကလည်း ယွမ်ရှန်ရှန်၏ခါးကို ပတ်သွား၏။ ထို့နောက် သူအနည်းငယ်လှုပ်ရှားလိုက်ရာ ယွမ်ရှန်ရှန်လည်း လုချန်း၏ နံနက်စောစောစီးစီး ပေါ့ပျက်ပျက်နိုင်မှုကို သဘောမတူသည့်အကြည့်ဖြင့် ချက်ချင်း ကြည့်လိုက်သည်။

ယွမ်ရှန်ရှန်နှင့် ပျော်ရွှင်ဖွယ်အချိန်များ ဆက်လက်ကုန်ဆုံးရန် လုချန်း ရည်ရွယ်နေစဉ်မှာပင် တံခါးဝမှ ပိုင်ချင်းချင်း၏အသံ ထွက်ပေါ်လာသည်။

“မင်းကြီး။မြူခိုးမှော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်က တွေ့ခွင့်တောင်းနေပါတယ်။”

All Chapters