သဘောတူညီချက်တစ်ခု လုပ်နိုင်တယ်
Vol. 67 Ch. 998
တံခါးဝမှ ပိုင်ချင်းချင်း၏ အသံကို ကြားသောအခါ လုချန်း အနည်းငယ် ကြောင်သွားပြီး သူ စတင်ခဲ့သော လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ အစက လန်းဆန်းတက်ကြွစေဖို့ လေ့ကျင့်ခန်းဆက်လုပ်ရန် သူရည်ရွယ်ထားခဲ့သည်။
ယွမ်ရှန်ရှန်လည်း လုချန်းကို နှမြောတသဖြစ်သော အမူအရာဖြင့် ကြည့်ကာ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
“ကြည့်ရတာ မင်းရဲ့ မိဖုရားဆောင်ထဲမှာ မိန်းမတစ်ယောက် ထပ်တိုးတော့မယ်ထင်တယ်။”
ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ လုချန်းက သူမ၏ အေးစက်ပြီး နှင်းကဲ့သို့ ဖြူဖွေးသော မျက်နှာကို ငုံ့ကြည့်ကာ
“ ကျွန်တော် ဘာလို့ မနာလိုတဲ့ အငွေ့အသက် ရနေရတာလဲ။ ဆရာမ ရော အနံ့မရဘူးလား”
ယွမ်ရှန်ရှန်က ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်၏။
“ဘာမနာလိုတာလဲ။ ဘာအနံ့မှ မရပါဘူး”
လုချန်းက စနောက်သည့်လေသံဖြင့် မေးလိုက်သည်။
“ဆရာမ မနာလိုဖြစ်နေတာလား”
“ငါက ဘာလို့ မနာလိုဖြစ်ရမှာလဲ။ မင်းရဲ့ မိဖုရားဆောင်ထဲက မိန်းမတွေ ဒီလောက်များတာ ငါသာ မနာလိုဖြစ်တတ်ရင် နေ့တိုင်း ရှာလကာရည်လို ချဉ်နေမှာပေါ့။”
လုချန်းကို တစ်ဦးတည်း ပိုင်ဆိုင်လိုစိတ် ယွမ်ရှန်ရှန်ထံ၌ အမြဲရှိခဲ့သည်။ ပိုင်ဆိုင်လိုစိတ် ပြင်းပြသော်လည်း သူ့ကို တစ်ယောက်တည်း အပိုင်စီးထား၍ မရနိုင်ကြောင်း သူမ သိ၏။
အကယ်၍ တစ်နေ့တွင် သူမ လုချန်းကို တစ်ဦးတည်း ပိုင်ဆိုင်နိုင်ခဲ့လျှင် ပထမဆုံး ဒုက္ခရောက်ရမည့်သူက သူမသာ ဖြစ်နိုင်သည်။ ထိုအချက်နှင့် သင့်မြတ်အောင် သူမ နေထိုင်တတ်နေပြီဖြစ်သည်။
သူမအတွက် လုချန်းကို အသုံးပြုခွင့် ရရှိရုံမျှဖြင့် လုံလောက်၏။ ပိုင်ဆိုင်ခွင့်ကမူ သူ၏ မိဖုရားဆောင်ရှိ မိဖုရားများအားလုံးနှင့် သက်ဆိုင်သည်။ ထို့ကြောင့် အတူမျှဝေသုံးစွဲခြင်းက ကြီးကျယ်သောကိစ္စ မဟုတ်တော့ပေ။
လုချန်း၏ မိဖုရားဆောင်၌ အခြားမိန်းမများ ရှိနေခြင်းကြောင့် သူ၏ အာရုံစိုက်မှုက သူမအပေါ်တွင်သာ အမြဲရှိနေမည် မဟုတ်ပေ။ သူမလည်း ရံဖန်ရံခါ အနားယူနိုင်သဖြင့် အတော်လေး ကောင်းသည်။
ထိုအခိုက်တွင် ယွမ်ရှန်ရှန် ထရန်ပြင်လိုက်သော်လည်း သူ၏ လက်များက သူမ၏ ခါးပေါ်တွင် ခိုင်မြဲစွာ ရှိနေဆဲဖြစ်သည်။ သူမ သူ့ထံမှ ခွဲခွာ၍ မရခဲ့ပေ။
ယွမ်ရှန်ရှန်က လုချန်း၏ မျက်လုံးများကို ကြည့်ကာ
“မင်းရဲ့ ကစားစရာအသစ် ရောက်လာပြီလေ။ သူ့ကို သွားမတွေ့ဘူးလား။ ဘာလို့ ဒီလိုတွယ်ကပ်နေသေးတာလဲ။”
လုချန်းက ပြုံးလျက်
“စပြီးပြီဆိုတော့ သေသေချာချာ အဆုံးသတ်သင့်တာပေါ့။”
သူစကားပြောနေစဉ်မှာပင် ယွမ်ရှန်ရှန်ကို ပွေ့ဖက်ကာ သူ၏ အလုပ်ကို ဆက်လုပ်ခဲ့သည်။
လုချန်း အမြန်ဆုံး ပြီးမြောက်စေပြီး သူ၏ ချစ်သူအသစ်နှင့် တွေ့ဆုံစေရန်အတွက် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ယွမ်ရှန်ရှန် ချက်ချင်း အသက်သွင်းလိုက်သည်။
…….
တစ်ချိန်တည်းမှာပင်။
ဝူကျန်းဝမ်နှင့် လိီချင်ရို့တို့သည် စုဟန်ယန်ကို အဆောင်တစ်ခုသို့ ခေါ်ဆောင်လာပြီး လုချန်းကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြ၏။
အမျိုးသမီးသုံးဦး နှစ်နာရီနီးပါး စောင့်ဆိုင်းခဲ့သော်လည်း လုချန်းကို မတွေ့ရသေးပေ။ လိီချင်ရို့နှင့် ဝူကျန်းဝမ်တို့လည်း လုချန်း ဘာလုပ်နေလဲဆိုတာကို သဘာဝအတိုင်း သံသယဝင်မိကြသည်။
အချို့သော လှုပ်ရှားမှုများဖြင့် အလုပ်များနေချိန်မှလွဲ၍ အခြားအချိန်များတွင် သူ အမြဲတမ်း ချက်ချင်း ပေါ်လာနိုင်စွမ်းရှိသည်။
သူတို့ လုချန်းအား စောင့်ဆိုင်းနေစဉ် လိီချင်ရို့က စုဟန်ယန်ကို သတိပေးလိုက်သည်။
“ဆရာမ။ ဆရာမ လုချန်းကို ဘယ်လိုထင်ထားထင်ထား သူက သူ့ကိုယ်သူ ကာမရာဂကြီးတဲ့သူတစ်ယောက်ပုံ ပြသတတ်တယ်။ သူ ဆရာမနဲ့ တွေ့တဲ့အခါ ဆရာမ ခန္ဓာကိုယ်ကို လာကိုင်တွယ်နိုင်တယ်။ တကယ်လို့ ဆရာမ မလိုလားဘူးဆိုရင် အကွာအဝေးတစ်ခုမှာ နေဖို့ ကြိုးစားပါ။”
လုချန်း၏ ကာမရာဂကြီးသော အပြုအမူသည် ဟန်ဆောင်မှုတစ်ခုသာဖြစ်သည်ဟု စုဟန်ယန် ယုံကြည်ကြောင်း လိီချင်ရို့ သိ၏။ ထို့ကြောင့် ဟန်ဆောင်မှုတစ်ခု အမှန်တကယ် ဖြစ်နေလျှင်ပင် သတိထားရန် သူမက သတိပေးခဲ့ခြင်း ဖြစ်သည်။
ကာမရာဂကြီးသော အပြုအမူကို ဟန်ဆောင်၍ ရနိုင်သော်လည်း လုချန်း၏ လုပ်ရပ်များကတော့ အစစ်အမှန်များ ဖြစ်ကြ၏။ သူသဘောကျသော မိန်းမတစ်ဦးကို မြင်သည်နှင့် လှုပ်ရှားမှုပြုလုပ်ပြီး သူမကို သူ၏ မိန်းမအဖြစ် သိမ်းပိုက်ရန် ဘယ်သောအခါမှ တုံ့ဆိုင်းလေ့ မရှိပေ။
သို့ဖြစ်၍ လုချန်း အမှန်တကယ် ကာမစိတ်ကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ သူ၏ မိန်းမများထဲမှ တစ်ဦးမဖြစ်ချင်ပါက သူနှင့် အကွာအဝေးတစ်ခုတွင် နေရန်နှင့် သူ့ကို မဆွပေးမိရန် အရေးကြီးသည်။ မဟုတ်ပါက ဒီနေ့ နဂါးနက်မြို့တော်မှ သူမ အကောင်းပကတိ ထွက်ခွာသွားနိုင်မည် မဟုတ်ချေ။
သူမ တပည့်၏ အကြံပေးစကားကို ကြားသောအခါ ဆွမ်ဧကရာဇ်သည် သူမ၏ တပည့်များ ပြောသကဲ့သို့ ကာမစိတ်ကြီးပြီး ပထမဆုံး တွေ့ဆုံမှုမှာပင် အလွယ်တကူ လက်ပါတတ်သလားဆိုတာကို စုဟန်ယန် သိလိုစိတ်ပြင်းပြနေ၏။ ထိုအပြုအမူမျိုးက အတော် လွန်လွန်ကဲကဲ နိုင်ပုံရသည်။
ကျင့်စဉ်ကမ္ဘာတွင် ယင်ယန်ညီမျှခြင်း ကျင့်စဉ် ကျင့်သုံးသော နတ်ဆိုးကျင့်စဉ်ကျင့်သူများသာ မိန်းမတစ်ဦးကို မြင်လျှင်မြင်ချင်း ကိုင်တွယ်တတ်ကြ၏။ ဂိုဏ်းကြီးများမှ ကျင့်စဉ်ကျင့်သူများကတော့ အနည်းဆုံးတော့ ဟန်ဆောင်ကြပေမည်။
စုဟန်ယန်၏ လုချန်းအပေါ် အထင်အမြင်များ ပိုဆိုးလာစဉ်မှာပင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ချင်ရို့။ မင်း ဘာတွေပြောနေတာလဲ။ မင်းရဲ့ ဆရာက ကိုယ့်ရဲ့ ဆရာပဲလေ။ ကိုယ်က ကိုယ့်ရဲ့ ဆရာကို ဘယ်လိုလုပ် မလေးမစား လုပ်နိုင်မှာလဲ။”
ထိုအသံကို ကြားသောအခါ အမျိုးသမီးသုံးဦး အဆောင်ဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်ကြရာ ရွှေနက်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လုချန်း သူတို့ထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။
လုချန်း ချဉ်းကပ်လာသည်ကို မြင်သောအခါ လိီချင်ရို့က အေးစက်သော မျက်နှာဖြင့်
“ရှင် ဘယ်လိုလူစားမျိုးလဲဆိုတာ ကျွန်မတို့အားလုံး ကောင်းကောင်းသိပါတယ်။”
“ရှင် ဒီလောက်ကြာကြာ ပေါ်မလာတာလည်း ရှင့်ရဲ့ ဆရာမကို အနိုင်ကျင့်နေခဲ့တာ ဖြစ်ရမယ်။”
လုချန်းက ရယ်မောလျက်
“အနိုင်ကျင့်တယ်ဟုတ်လား။ ကိုယ်က သူ့ကို ကျင့်စဉ်အတွက် ကူညီပေးနေခဲ့တာပါ။ ကိုယ့်ကို အဲ့ဒီလောက် အထင်မလွဲစမ်းပါနဲ့။”
လိီချင်ရို့ လုချန်းကို ဤမျှ ပွင့်ပွင့်လင်းလင်း ပြောဆိုနေသည်ကို မြင်သောအခါ စုဟန်ယန် အံ့အားသင့်သွား၏။ လုချန်းသည် အင်အားကြီး ဂိုဏ်းကြီးတစ်ခုမှ ကျင့်စဉ်ကျင့်သူတစ်ဦး ဖြစ်နိုင်သည်ကို ဘေးဖယ်ထားလျှင်ပင် သူသည် ယခု ရှဧကရာဇ် ဖြစ်နေသည်။ သို့သော် သူ၏ မိဖုရားဖြစ်သော လိီချင်ရို့က သူ့ကို ဤမျှ ပွင့်လင်းစွာ ပြောဆိုရဲနေ သည်။
အဓိကအချက်မှာ လုချန်းက ဒါကို အနည်းငယ်မျှ စိတ်ဆိုးပုံမရခြင်း ဖြစ်၏။ လုချန်းသည် သူ၏ မိန်းမများ ပြောပြသည့်အတိုင်း သူ၏ မိဖုရားများကို အလွန်ကောင်းမွန်စွာ ဆက်ဆံပြီး အမှန်တကယ်လည်း အလိုလိုက်ကြောင်း ထင်ရှားသည်။
အခြေအနေက ထိုသို့ဖြစ်လေလေ ဤအမျိုးသမီးများ၏ ချစ်ခင်မှုကို သူ တမင်သက်သက် ပျိုးထောင်နေခြင်းဖြစ်ကြောင်း ပို၍ သက်သေပြနေလေလေ ဖြစ်သည်။ တစ်နေ့နေ့တွင် သူ၏ လမ်းစဉ် အောင်မြင်အောင် ကူညီပေးရန်အတွက် သူတို့ကို ဆန္ဒအလျောက် အသက်စတေးစေရန် ရည်ရွယ်နေနိုင်သည်ဟု ယူဆရသည်။
ထိုအတွေးက စုဟန်ယန်၏ အတွင်းစိတ်ထဲမှ ဆုံးဖြတ်ချက်ကို ပိုခိုင်မာသွားစေသည်။
သူမသည် သူမ၏ တပည့်နှစ်ဦး လုချန်း၏ ဘေးမှ ထွက်ခွာနိုင်စေရန် ကူညီရမည်ဖြစ်ပြီး သူတို့ကို သူ၏ လမ်းစဉ်ကြီးအတွက် ယဇ်ပူဇော်ခံများ ဖြစ်မသွားစေရပေ။
ထိုအခိုက်တွင် စုဟန်ယန်လည်း ကျောက်ခုံမှ ထရပ်လိုက်ကာ အဆောင်ငယ် အပြင်ဘက်ရှိ လုချန်းဘက်သို့ လှည့်ကာ အရိုအသေပေးလျက်
“မင်းကြီးကို ဂါရဝပြုပါတယ်”
လုချန်းက ပြုံးလျက်
“ထုံးစံတွေ ထားလိုက်ပါ ဂိုဏ်းချုပ်စု။ ခင်ဗျားက ကျန်းဝမ်နဲ့ ချင်ရို့တို့ရဲ့ ဆရာမဆိုတော့ ကျွန်တော်တို့က မိသားစုဝင်လို ဖြစ်နေပါပြီ။”
ထို့နောက် လုချန်းက လိီချင်ရို့နှင့် ဝူကျန်းဝမ်တို့အား
“ကျန်းဝမ်၊ ချင်ရို့ ကိုယ် မင်းတို့ ဆရာမနဲ့ သီးသန့်စကားပြောချင်တယ်။”
ထိုစကားကို ကြားသောအခါ ထိုအမျိုးသမီးနှစ်ဦးလည်း လုချန်း ဘာလုပ်ရန် စီစဉ်နေသည်ကို သိလိုက်ကြပြီး သူတို့၏ စိတ်ထဲတွင် စိုးရိမ်စိတ် အနည်းငယ် ပိုတိုးလာခဲ့သည်။
သို့သော် နှစ်ဦးစလုံးသည် သူတို့၏ နေရာများမှ ထကာ အဆောင်ပြင် ထွက်သွားကြ၏။
လိီချင်ရို့နှင့် ဝူကျန်းဝမ်တို့ နှစ်ဦးစလုံး အဆောင်ထဲမှ ထွက်သွားပြီးသည်နှင့် လုချန်းလည်း အဆောင်အတွင်းသို့ ဝင်လိုက်ကာ စုဟန်ယန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လျက် ပြုံးကာ
“ဂိုဏ်းချုပ်စု ထိုင်ပါဦး။”
စုဟန်ယန်က
“ကျေးဇူးတင်ပါတယ် မင်းကြီး”
ထို့နောက် သူမ ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။ ထိုအခိုက်အတန့်ကို အသုံးချကာ လုချန်း သူမကို အကဲခတ်လိုက်၏။
စုဟန်ယန်သည် အလွန်လှပပြီး လောကီပကာသနကင်းစင်သော ကျက်သရေကို ထုတ်လွှတ်နေသည်။ သူမသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုမျိုး ထွက်ပေါ်နေသည်။ မြေပြင်သို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးနှင့် တူလှ၏။
လုချန်း သူမကို စိုက်ကြည့်နေသည်ကို မြင်သောအခါ စုဟန်ယန် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း မကြာမီမှာပင် ဖြစ်ပျက်နေသည့် အရာကို သဘောပေါက်သွားသည်။ သို့သော် လုချန်း၏ ကာမစိတ်ကြီးမှုက ဟန်ဆောင်မှုတစ်ခုသာဖြစ်သည်ဟု သူမ ယုံကြည်နေဆဲဖြစ်သည်။
ထို့နောက် စုဟန်ယန်က ဦးစွာ မေးလိုက်သည်။
“မင်းကြီးက ဘာကြောင့် တွေ့ဆုံဖို့ တောင်းဆိုရသလဲဆိုတာ သိခွင့်ရှိမလား။”
လုချန်းက ချက်ချင်း မဖြေပဲ စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကို ကောက်ယူကာ သူမအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
“ဒီလက်ဖက်ရည်က အတော်လေးကောင်းတယ်။ ပြီးတော့ ကျင့်စဉ်ကျင့်ရာမှာလည်း အထောက်အကူပြုနိုင်တယ်။ ဂိုဏ်းချုပ်စု မြည်းစမ်းကြည့်သင့်တယ်။”
အများကြီး မစဉ်းစားပဲ စုဟန်ယန်က
“ကျေးဇူးတင်ပါတယ် မင်းကြီး”
လက်ဖက်ရည်ကို လုချန်း မရောက်လာမီကတည်းက အစေခံများက ပြင်ဆင်ထားခဲ့ပြီး အစောပိုင်းကတည်းက သူမ သောက်သုံးခဲ့ပြီးဖြစ်သောကြောင့် လက်ဖက်ရည်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု စုဟန်ယန် သံသယမဝင်ခဲ့ပေ။
လက်ဖက်ရည် ငှဲ့ပြီးနောက် လုချန်းက နောက်ဆုံးတွင် စကားစပြောလိုက်သည်။
“ဂိုဏ်းချုပ်စု၊ ကျန်းဝမ်နဲ့ ချင်ရို့တို့က ခင်ဗျားကို ကျွန်တော့်အခြေအနေအကြောင်း ပြောပြပြီးလောက်ပြီထင်တယ်။”
စုဟန်ယန်က
“သူတို့ ပြောပြပြီးပါပြီ။ အဲ့ဒါကြောင့်ပဲ ကျွန်မအတွက် မေးခွန်းတွေ အများကြီး ပေါ်လာတာပါ။”
လုချန်းက သူ၏ လက်ဖက်ရည်ခွက်မှ လက်ဖက်ရည် တစ်ငုံသောက်ကာ
“အိုး။ မေးခွန်းတွေဟုတ်လား။ ဘယ်လိုမေးခွန်းမျိုးတွေလဲ”
စုဟန်ယန်က
“မင်းကြီးရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဘယ်မိန်းမမဆို စကားတစ်ခွန်းနဲ့ ရနိုင်ပါတယ်။ ကိုယ့်မိန်းမတွေအပေါ် ဒီလောက်ကောင်းပြနေစရာမလိုပါဘူး။ မင်းကြီး သူတို့အပေါ် အလေးထားပုံက အခြား အကြံအစည်တွေ ရှိနေတယ်လို့ လူတွေကို ထင်စေနိုင်ပါတယ်။”
စုဟန်ယန်ထံမှ ထိုစကားကို ကြားရသောအခါ လုချန်း ခဏခန့် ကြောင်သွားပြီး ပြုံးလျက်
“အကြံအစည်တွေ ဟုတ်လား။ ခင်ဗျားက ကျွန်တော် ဘာကြံစည်နေတယ်လို့ ထင်လို့လဲ။”
စုဟန်ယန်က
“မင်းကြီးရဲ့ ကိစ္စတွေကိုတော့ ကျွန်မ ရှင်းရှင်းလင်းလင်း မသိပါဘူး။ ဒါပေမဲ့ ကျင့်စဉ်လောကမှာတော့ တစ်ယောက်က တခြားတစ်ယောက်ကို စိတ်ခံစားမှုအရ လှည့်စားပြီးတော့ ကိုယ့်ရဲ့လမ်းစဉ်ကြီးအတွက် တခြားတစ်ယောက်ကို သေခိုင်းတာက သိပ်ကို အဖြစ်များတဲ့ကိစ္စပါ။”
စုဟန်ယန်၏ ဆိုလိုရင်းကို လုချန်း ချက်ချင်း သဘောပေါက်သွား၏။ သူက သူ၏ မိန်းမများအပေါ် ကောင်းပြနေခြင်းမှာ သူ၏ လမ်းစဉ်ကြီးအတွက် ဆန္ဒအလျောက် ယဇ်ပူဇော်ခံများဖြစ်စေရနန် ပြင်ဆင်ထားခြင်းဟု စုဟန်ယန် ယုံကြည်နေပုံရသည်။
အနည်းငယ် ပြုံးလျက် လုချန်းက သူ၏ လက်ဖက်ရည်ခွက်ကို ချလိုက်ကာ စုဟန်ယန်၏ လှပသော မျက်လုံးများကို ကြည့်လျက်
“ကြည့်ရတာ ကျွန်တော့်အပေါ် အထင်လွဲမှားမှုတွေ အများကြီး ရှိနေကြပုံပဲ ဂိုဏ်းချုပ်စု။”
စုဟန်ယန်က
“အထင်လွဲမှားမှုတွေ ဟုတ်မဟုတ် ဆိုတာကိုတော့ မင်းကြီး အသိဆုံးဖြစ်မှာပါ။ မင်းကြီးရဲ့ နတ်လှေကို ကြည့်ပြီး သုံးသပ်ရရင် ရှင်က အင်ပါယာတစ်ခုခုရဲ့ မင်းသားတစ်ပါးမဟုတ်ရင်တောင် ဂိုဏ်းကြီးတစ်ခုရဲ့ သူတော်စင်အမွေဆက်ခံသူ ဖြစ်နိုင်ပါတယ်။”
“အင်ပါယာတစ်ခုရဲ့ မင်းသား ဒါမှမဟုတ် အဓိက အင်အားစုတစ်ခုခုရဲ့ သူတော်စင်ရာထူး အမွေဆက်ခံသူက သူတို့ရဲ့ မိဖုရားတွေကို ဒီလောက်ကောင်းကောင်း ဆက်ဆံတယ်လို့ ကျွန်မ တစ်ခါမှ မကြားဖူးပါဘူး။ သူတို့အတွက်တော့ မိန်းမတွေဆိုတာ ကစားစရာတွေသက်သက်ပါပဲ။”
စုဟန်ယန်၏ သူအပေါ် အထင်လွဲမှားမှုများ အလွန်နက်ရှိုင်းနေသည်ကို မြင်သောအခါ သူမ၏ အမြင်ကို ပြောင်းလဲရန် ခက်ခဲမည်ဖြစ်ကြောင်း လုချန်း သိလိုက်၏။ ထို့ကြောင့် စကားဖြင့် အလွန်အကျွံ ရှင်းပြနေရန် မလိုအပ်တော့ပေ။
လုချန်းက တိုက်ရိုက်ပြောလိုက်သည်။
“ဒီလိုအခြေအနေမျိုးမှာတောင် ဂိုဏ်းချုပ်စုက ဘာလို့ ကျွန်တော့်ကို တွေ့ချင်နေသေးတာလဲ “
စုဟန်ယန်က
“ကျန်းဝမ်နဲ့ ချင်ရို့တို့က ကျွန်မရဲ့ တပည့်ရင်းတွေပါ။ သူတို့ တခြားတစ်ယောက်ရဲ့ လမ်းစဉ်ကြီးအတွက် ယဇ်ပူဇော်ခံတွေ ဖြစ်သွားတာကို ကျွန်မ မမြင်ချင်ပါဘူး။”
လုချန်းက
“သူတို့ ကျွန်တော့်ဆီကနေ ထွက်သွားလို့ မရတော့ဘူးဆိုတာ ခင်ဗျား နားလည်ရမယ်။”
စုဟန်ယန်က
“ဒါကြောင့်ပဲ ကျွန်မ ဒီကို ရောက်လာတာပါ”
“မင်းကြီးက အကြောင်းရင်းရဲ့ အရင်းမြစ်ဖြစ်ပြီး မင်းကြီးနဲ့ တွေ့ဆုံမှသာ သူတို့ကို ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခု ရှိလာနိုင်မှာပါ။”
လုချန်းက စုဟန်ယန်ကို ကစားလိုသော အမူအရာဖြင့် ကြည့်ကာ
“ဒါဆိုရင် ဂိုဏ်းချုပ်စုက ကျွန်တော့်ကို သတ်ချင်နေတာပေါ့။”
စုဟန်ယန်က
“ကျွန်မမှာ အဲ့ဒီအစွမ်း မရှိပါဘူး”
လုချန်းက
“ဒါဆို ခင်ဗျားလာရတဲ့ ရည်ရွယ်ချက်က ဘာလဲ။”
စုဟန်ယန်က ခိုင်မာစွာဖြင့်
“ကျွန်မ အပေးအယူတစ်ခု အဆိုပြုချင်ပါတယ်။ မင်းကြီးက ကျန်းဝမ်နဲ့ ချင်ရို့တို့ကို ဘာမှမလုပ်ဖို့ သဘောတူရင် ကျွန်မက မင်းကြီးအတွက် ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်။”
လုချန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ သူက ချက်ချင်း မတုံ့ပြန်ပဲ သူ၏ လက်ဖက်ရည်ခွက်ကို ပြန်လည်ကောက်ယူကာ လက်ဖက်ရည်ကို တစ်ငုံသောက်လျက် အတွေးနက်နေပုံရသည်။
အချိန်အတော်ကြာပြီးနောက် လုချန်းက လက်ဖက်ရည်ခွက်ကို ချကာ စုဟန်ယန်၏ လှပသော မျက်နှာကို တစ်ဖန် ပြန်ကြည့်လိုက်သည်။
“ကျွန်တော့်ရဲ့ နောက်ခံက အင်ပါယာတစ်ခုခုရဲ့ မင်းသား ဒါမှမဟုတ် ဂိုဏ်းကြီးတစ်ခုရဲ့ သူတော်စင်ရာထူး အမွေဆက်ခံသူ ဖြစ်နိုင်တယ်ဆိုတာ ခင်ဗျားလည်း သဘောပေါက်ထားတာပဲ ဂိုဏ်းချုပ်စု။ “
“ခင်ဗျားမှာ ကျွန်တော် လိုချင်နိုင်တာ တစ်ခုခု ရှိတယ်လို့ ခင်ဗျား ယုံကြည်သလား။”
“ခင်ဗျားမှာ ကျွန်တော် လိုအပ်တာ ဘာမှမရှိရင် ကျွန်တော်တို့ ဘယ်လိုလုပ် သဘောတူညီချက် ရနိုင်မှာလဲ။”
ထိုအခါ...
စုဟန်ယန်၏ ရင်ထဲ အံ့အားသင့်သွား၏။ သူမတွင် လုချန်းနှင့် အလဲအလှယ်လုပ်ရန် တန်ဖိုးရှိသော အရာ ဘာတစ်ခုမှ မရှိတာက တော့ အမှန်ပင်ဖြစ်သည်။။