← Chapters

ဂိုဏ်းချုပ်စုကို ဆင့်ခေါ်ခိုင်းလိုက်ပါတယ်

Vol. 67 Ch. 1001

ဂိုဏ်းချုပ်စုကို ဆင့်ခေါ်ခိုင်းလိုက်ပါတယ်

Vol. 67 Ch. 1001

ပထမဆုံးအကြိမ် ထျန်းချန်ကမ္ဘာ ကျင့်စဉ်ကျင့်သူများ ညီလာခံကို နဂါးနက်မြို့တော်တွင် ကျင်းပခဲ့သည်။ ညီလာခံ ကျင်းပသည့်နေ့တွင် မရေမတွက်နိုင်သော ကျင့်စဉ်ကျင့်သူများသည် နဂါးနက်မြို့တော်၏ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ အဖွဲ့အစည်းအားလုံး၏ ခေါင်းဆောင်များသည် နဂါးနက်မြို့တော်ဆီသို့ ဦးတည်လာကြသည်။

လုချန်း ဤအစည်းအဝေးကို ခေါ်ယူရခြင်း၏ ရည်ရွယ်ချက်မှာ အလွန် ရိုးရှင်းသည်။ ထိုကျင့်စဉ်ကျင့်သူများအတွက် စည်းမျဉ်းများ သတ်မှတ်ရန်နှင့် ထျန်းချန်ကမ္ဘာ၏ အနာဂတ်ကို မည်သူက ဆုံးဖြတ်မည်ကို သူတို့ကို အသိပေးရန် ဖြစ်သည်။

မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများသည် ဤညီလာခံတွင် စကားပြောဆိုခွင့် မရှိကြပေ။ သူတို့သည် ခန်းမထဲတွင်သာ ထိုင်နိုင်ပြီး ရှနိုင်ငံတော်က ချမှတ်သော စည်းမျဉ်းများကို တစ်ဖက်သတ် နားထောင်ကြရသည်။

ကျင့်စဉ်ကျင့်သူများ လိုက်နာရမည့် ဥပဒေများကို အသိပေးပြီးနောက် လုချန်းက ခန်းမဆောင်ကြီးအတွင်းရှိ ကျင့်စဉ်ကျင့်သူများကို

“ဖြောင့်မတ်တဲ့ ကျင့်စဉ်ကျင့်သူတွေအတွက် ကျွန်တော် ချမှတ်ထားတဲ့ စည်းမျဉ်းတွေက လိုက်နာဖို့ လွယ်ကူပါတယ်။ ခင်ဗျားတို့အနေနဲ့ ကျင့်စဉ်ကျင့်သူတွေ လိုက်နာရမယ့် အမိန့်ညွှန်ကြားချက်တွေကို မှတ်သားထားပြီး နောင်တရမယ့် လုပ်ရပ်မျိုးတွေ မကျူးလွန်ကြဖို့ မျှော်လင့်ပါတယ်။”

လုချန်း၏ စကားကို ကြားသောအခါ ခန်းမဆောင်ကြီးအတွင်းရှိ ကျင့်စဉ်ကျင့်သူများက

“ကျွန်တော်တို့ မင်းကြီးရဲ့ အမိန့်တွေကို မှတ်သားထားပါ့မယ်”

ဟု ချက်ချင်းပင် တညီတညွတ်တည်း ဆိုကြသည်။

ထိုအချိန်တွင် လုချန်းက သူ၏လက်ကို မြှောက်၍ လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်ရာ စိတ်ဝိညာဉ်ဆန်တစ်ဆုပ် ခန်းမ၏ အလယ်၌ ပျံဝဲနေသည်။ ထိုဆန်များမှ သိပ်သည်းသော သက်စောင့် စိတ်ဝိညာဉ် စွမ်းအားများကို ထုတ်လွှတ်နေသည်။

စိတ်ဝိညာဉ်ဆန်မှ ထုတ်လွှတ်နေသော သန့်စင်သည့် သက်စောင့် စိတ်ဝိညာဉ် စွမ်းအားကို ခံစားမိသောအခါ ခန်းမထဲရှိ ကျင့်စဉ်ကျင့်သူများအားလုံး၏ မျက်လုံးများ အရောင်တောက်သွားကြ၏။ ဤအောက်တန်းကျသော နယ်မြေတွင် စိတ်ဝိညာဉ်ဆန်ကို တွေ့မြင်ရလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။

ထို့ပြင် စိတ်ဝိညာဉ်ဆန်မှ ထုတ်လွှတ်သော ကြွယ်ဝသည့် စိတ်ဝိညာဉ် စွမ်းအားကို အကဲဖြတ်ကြည့်လျှင် ၎င်းသည် အရည်အသွေးမြင့် စိတ်ဝိညာဉ်ဆန် ဖြစ် ကြောင်း ထင်ရှားသည်။ ၎င်းကို အနည်းငယ် စားသုံးလိုက်ရုံမျှဖြင့် သူတို့၏ ကျင့်ကြံမှုအတွက် ကြီးစွာသော အထောက်အကူ ဖြစ်စေမည်မှာ သေချာသည်။

သို့သော်လည်း ထိုပစ္စည်းကို အလကားရမည် မဟုတ်တာ ထင်ရှား၏။ အဆင့်နိမ့်ကမ္ဘာတစ်ခုတွင် ထိုသို့သော အရည်အသွေးရှိ စိတ်ဝိညာဉ်ဆန်သည် ပို၍ပင် အဖိုးတန်သည်။

ထိုအချိန်တွင် လုချန်းက

“ရှနိုင်ငံတော်ရဲ့ စစ်တပ်က စိတ်ဝိညာဉ်ဆန်ကို ပုံမှန် စားသုံးကြတယ်။ ကောင်းမွန်စွာ တာဝန်ထမ်းဆောင်တဲ့ စစ်သားတွေကို ရှနိုင်ငံတော်က ခြောက်လတစ်ကြိမ် ရက်ရောတဲ့ စိတ်ဝိညာဉ်ဆန် ပမာဏကို ချီးမြှင့်ပါလိမ့်မယ်။”

“အဲ့ဒါက ရှနိုင်ငံတော် စစ်တပ်ထဲ ဝင်ရခြင်းရဲ့ အကျိုးကျေးဇူးတစ်ခုပဲ ရှိသေးတယ်။ တခြား အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကိုတော့ ခင်ဗျားတို့ ဝင်ရောက်ပြီးတဲ့အခါ သိလာပါလိမ့်မယ်။”

ထိုသို့ ပြောပြီးနောက် လုချန်း သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ လေထဲရှိ စိတ်ဝိညာဉ်ဆန်များသည် မရေမတွက်နိုင်သော အစုအပုံငယ်များအဖြစ် ကွဲထွက်သွားပြီး ခန်းမထဲရှိ ကျင့်စဉ်ကျင့်သူများဆီသို့ ပျံသန်းသွားကြသည်။

“ဒါကို ကျွန်တော့်ဘက်က လက်ဆောင်လို့ သဘောထားလိုက်ပါ။”

၎င်းသည် စိတ်ဝိညာဉ်ဆန် တစ်အောင်စ သို့မဟုတ် နှစ်အောင်စထက် မပိုသော်လည်း ၎င်းကို စားသုံးခြင်းဖြင့် အနည်းဆုံးတော့ သူတို့အား အဆင့်ငယ် တစ်ခု တက်လှမ်းစေနိုင်မည် ဖြစ်သည်။

ကျင့်စဉ်ကျင့်သူများသည် လေထဲတွင် ပျံဝဲနေသော စိတ်ဝိညာဉ်ဆန်များကို အလျင်အမြန် စုဆောင်းလိုက်ကြသည်။ ထို့နောက် လုချန်းအား တညီတညွတ်တည်း ဦးညွှတ်ကာ

“မင်းကြီးရဲ့ ရက်ရောတဲ့ ချီးမြှင့်မှုအတွက် ကျေးဇူးတင်ပါတယ်။”

ထို့နောက် လုချန်း မတ်တပ်ရပ်လိုက်ပြီး “ကောင်းပါပြီ။ ပထမဆုံး ကျင့်စဉ်ကျင့်သူများ ညီလာခံက ဒီမှာပဲ ပြီးဆုံးပါပြီ။ ဒီတကြိမ်ကစပြီး နှစ်စဉ် ကျင့်စဉ်ကျင့်သူများ ညီလာခံ ကျင်းပဖို့ နဂါးနက်မြို့တော်ကိုကျွန်တော် လာပါ့မယ်။”

“ခင်ဗျားတို့မှာ အကြံပြုချက် တစ်စုံတစ်ရာ ရှိခဲ့ရင် ကျွန်တော့်ဆီ တင်သွင်းနိုင်ပါတယ်။”

ထိုသို့ ကြားသောအခါ ခန်းမဆောင်ကြီးအတွင်းရှိ ကျင့်စဉ်ကျင့်သူများ တစ်ယောက်ကိုတစ်ယောက် နောက်တစ်ကြိမ် ကြည့်လိုက်ကြသည်။ လုချန်း၏ လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ အကြောင်းရင်းကို သူတို့ချက်ချင်း သဘောပေါက်သွားကြ သောကြောင့်ဖြစ်သည်။

ကျင့်စဉ်ကျင့်သူများ ညီလာခံကို နှစ်စဉ် ဦးစီးကျင်းပခြင်းဖြင့် အင်အားစုအားလုံးကို ဆွမ်ဧကရာဇ်က အလုံးစုံ ထိန်းချုပ်ထားကြောင်း ပြသခြင်း ဖြစ်သည်။

ယခုအချိန်မှစ၍ အင်အားစုအားလုံးသည် ရှနိုင်ငံတော်ကို နာခံရမည် ဖြစ်သည်။ ညီလာခံကို တက်ရောက်ရန် ပျက်ကွက်ဝံ့သူ မည်သူမဆိုသည် ပုန်ကန်ထကြွသူအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။

ကျင့်စဉ်ကျင့်သူများလည်း ဆူညံစွာ စကားပြောဆိုကြပြီး ခန်းမကြီးလည်း ဈေးကြီးတစ်ခုကဲ့သို့ သက်ဝင်လှုပ်ရှားသွားသည်။

“အင်း။ တစ်နေ့နေ့မှာ ငါတို့တွေ မင်းဆက်တစ်ခုရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။”

“ဟုတ်တယ်။ ကျုပ် ပထမဆုံး ကျင့်စဉ်လမ်းကို စခဲ့တုန်းက လောကီကမ္ဘာကြီးကနေ လွတ်မြောက်ဖို့ဆိုတာကို အခုထိ မှတ်မိသေးတယ်။ ဒါပေမဲ့ အဆုံးမှာတော့ ငါ စခဲ့တဲ့နေရာကိုပဲ ပြန်ရောက်လာတာပဲ။”

“ကျင့်စဉ်ကျင့်ကြံခြင်းမှာ စိတ်နှလုံးက အဓိကပဲ။ စိတ်ဝိညာဉ် စွမ်းအင်တွေ ကြွယ်ဝနေသရွေ့တော့ ဘယ်နေရာမှာ ကျင့်ကြံ ကျင့်ကြံ အရေးမကြီးပါဘူး။ အဲ့ဒါက မကောင်းတဲ့အရာမှ မဟုတ်တာ။”

“ခင်ဗျားတို့ ရှနိုင်ငံတော် စစ်တပ်ထဲ ဝင်ချင်ကြလား။ ဒီစိတ်ဝိညာဉ်ဆန်က ထိပ်တန်းအဆင့်ပဲ။”

“ခင်ဗျား သိလား။ ကျွန်တော်တောင် ရှနိုင်ငံတော် စစ်တပ်ထဲ တကယ် ဝင်ချင်နေပြီ။ ဆွမ်ဧကရာဇ်က ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ သူတော်စင်ရာထူး အမွေဆက်ခံသူနဲ့ တူတယ်။ သူ့နောက်လိုက်ရင် ငါတို့တွေ ကျင့်ကြံခြင်း အထောက်အပံ့တွေ ပိုပြီး ရကြမှာ သေချာတယ်။”

……..

ပင်မခန်းမဆောင်အတွင်းရှိ ကျင့်စဉ်ကျင့်သူများ၏ ဆွေးနွေးမှုများကို နားထောင်ရင်း သူမ၏ လက်ထဲမှ စိတ်ဝိညာဉ်ဆန် တစ်ဆုပ်ကို ကြည့်ကာ စုဟန်ယန်၏ စိတ်ထဲ သက်ပြင်းချမိသည်။

ကျင့်စဉ်ကျင့်သူများ ညီလာခံ ပြီးဆုံးသွားပြီဖြစ်၍ သူမ လုချန်းနှင့် အပေးအယူတစ်ခု ပြုလုပ်ရန် အချိန်တန်ပြီ ဖြစ်သည်။

ဤသို့ တွေးလျက် စုဟန်ယန် ပင်မခန်းမဆောင်ထဲမှ လျှောက်ထွက်လာစဉ် အစေခံမလေးတစ်ယောက်က သူမထံ ချဉ်းကပ်လာပြီး

“ဂိုဏ်းချုပ်စု။ မင်းကြီးက ဆင့်ခေါ်ခိုင်းလိုက်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပါ။”

စုဟန်ယန်က ခပ်ပေါ့ပေါ့ပင်

“ကောင်းပြီလေ”

အစေခံမလေး၏ ဦးဆောင်မှုနောက် လိုက်ပါရင်း နဂါးနက် နန်းတော်၏ နောက်ဘက် အဆောင်ဝင်းရှိ အိပ်ဆောင်တစ်ခုသို့ စုဟန်ယန် ရောက်ရှိလာသည်။

ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ နန်း ဆောင်ထဲတွင် ရှိနေကြသည်။ နှစ်ယောက်လုံး အနီရောင်တောက်တောက် နန်းတွင်းဝတ်စုံများကို ဝတ်ဆင်ထားကာ ပင်မခန်းမဆောင်ရှိ ရွှေချည်ကော်ဇောများပေါ်တွင် ထိုင်နေကြသည်။

ဝူကျန်းဝမ်က

“ဆရာမ ဆုံးဖြတ်ပြီးပြီလား”

စုဟန်ယန်က တည်ငြိမ်စွာဖြင့်

“မြူခိုးဒေသက တဖြည်းဖြည်း ပြိုကွဲနေပြီ။ ငါ ထွက်ပြေးချင်ရင်တောင် သွားစရာ နေရာမရှိတော့ဘူး။”

“မင်းကြီးက ငါ့ရဲ့ခန္ဓာကိုယ်ကို သဘောကျတာဟာ ငါ့အတွက် ဂုဏ်ယူစရာပါ။ မင်းကြီးက ငါ့ကို စိတ်ပျက်စရာလို့ မမြင်ဖို့ပဲ မျှော်လင့်ပါတယ်။”

စုဟန်ယန်၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်နှင့် လီချင်ရို့တို့လည်း ဝမ်းနည်း သော ခံစားချက်တစ်ခုကို မထိန်းနိုင်ပဲ ခံစားလိုက်ရသည်။

လုချန်း၏ လွှမ်းမိုးလွန်းသော အင်အားကြောင့် စုဟန်ယန် အတင်းအကျပ် ဖိအားပေးခံရသည်မှာ ထင်ရှားသည်။ ထို့ကြောင့် သူ၏ မိန်းမဖြစ်လာရန် သဘောတူရခြင်းမှလွဲ၍ သူမ၌ အခြား ရွေးချယ်စရာ မရှိခဲ့ပေ။

ထို့နောက် စုဟန်ယန်က သူမ၏ တပည့်နှစ်ယောက်ကို တစ်ချက် ကြည့်လိုက်ပြီး

“ဒီအကြောင်းတွေ ဆက်မပြောကြတော့ဘူး။ မင်းတို့ ငါ့ကို မင်းကြီးရဲ့ အကြောင်းတွေ ပြောပြသင့်တယ်။”

All Chapters