← Chapters

မနက်ဖြန် မြူခိုးမှော်ဂိုဏ်းကို ပြန်နိုင်မှာ မဟုတ်လောက်ဘူး

Vol. 67 Ch. 1003

မနက်ဖြန် မြူခိုးမှော်ဂိုဏ်းကို ပြန်နိုင်မှာ မဟုတ်လောက်ဘူး

Vol. 67 Ch. 1003

လီချင်ရို့၏ စကားများက စုဟန်ယန်ကို နောက်တစ်ကြိမ် ကြောက်လန့်စေခဲ့သည်။ တစ်လသည်ပင် များလွန်းနေပြီဖြစ်ရာ နှစ်လဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။ ဒါက ယောက်ျားနှင့် မိန်းမတို့ကြားက သာမန် ရင်းနှီးမှုကော အမှန်တကယ် ဟုတ်ရဲ့လား။

မျက်မှောင်ကြုတ်လျက် စုဟန်ယန်က

“ကျန်းဝမ်၊ ချင်ရို့ လုချန်းက မင်းတို့ကို ကျင့်စဉ်မီးဖိုလို သဘောမထားခဲ့ဘူးဆိုတာ သေချာရဲ့လား။”

စုဟန်ယန်က ထိုမေးခွန်းကို ထပ်မံမေးလိုက်သောအခါ လီချင်ရို့က

“ဆရာမ။ တပည့်တို့သာ သူ့ရဲ့ ကျင့်စဉ်မီးဖိုတွေ ဖြစ်ခဲ့ရင် ဆရာမ မြင်မြင်ချင်း သတိထားမိမှာပါ။”

လီချင်ရို့ စကားဆုံးသောအခါ ဝူကျန်းဝမ်နှင့် လီချင်ရို့တို့အား စုဟန်ယန် သေချာကြည့်လိုက်သည်။

သူမပြောတာမှန်သည်။ အကယ်၍ သူတို့သာ ကျင့်စဉ်မီးဖိုအဖြစ် အသုံးပြုခံခဲ့ရပါက သူတို့၏ ခန္ဓာကိုယ် အခြေအနေမှာ ယေဘုယျအားဖြင့် ဆိုးရွားနေရမည် ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် ထင်ရှားနေလိမ့်မည်။

လီချင်ရို့နှင့် ဝူကျန်းဝမ်တို့၏ အသက်ရှူသံမှာ ပုံမှန်ဖြစ်သည်။ သူတို့၏ စွမ်းအင်များမှာ ပြည့်ဝနေပြီး သူတို့အတွင်းမှ စိတ်ဝိညာဉ် စွမ်းအားမှာလည်း သန်မာနေသည်။ ဒါက ကျင့်စဉ်မီးဖိုများ၏ အခြေအနေမျိုး လုံးဝ မဟုတ်ပေ။

လုချန်းက သူတို့ကို ကျင့်စဉ်မီးဖိုများအဖြစ် အမှန်တကယ် သဘောမထားခဲ့ဟု ထင်ရသည်။ အနည်းဆုံးတော့ ယခုအချိန်အထိ မဟုတ်သေးပေ။

အနာဂတ်တွင် သူက ထိုသို့ ပြုလုပ်မည်လား ဆိုသည်ကတော့ နောက်မှ တွေးရမည့် မေးခွန်း ဖြစ်သည်။

ထို့နောက် စုဟန်ယန် တစ်စုံတစ်ခုကို တွေးတောနေပုံရပြီး တိတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးနောက် သူမ ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။ ယခုအချိန်တွင် ဆက်လက် တွေးတောနေခြင်းက အချည်းနှီးဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။ ဤညတွင်တော့ ဘာဖြစ်မည်ကို သူမ သိရလိမ့်မည် ဖြစ်သည်။

ထိုသို့ တွေးလျက် စုဟန်ယန် ထိုအကြောင်းကို ဆက်မတွေးတော့ပေ။ စကား အကြောင်းအရာ ပြောင်းကာ ဝူကျန်းဝမ်၏ ကလေးအကြောင်းကို ဆွေးနွေးလိုက်သည်။

နေဝင်ခါနီး ဖြစ်သောကြောင့် ကောင်းကင်အား နီရဲသော တိမ်တိုက်များဖြင့် အရောင်ဆိုးထားသည်။ တစ်နေ့တာသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

ငန်းရိုင်းများ၏ ကျယ်လောင်သော အော်မြည်သံများက ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။

ထိုအခိုက်တွင် အမျိုးသမီးသုံးယောက် သတိပြန်ဝင်လာကြပြီး ခန်းမဆောင်ကြီး၏ အပြင်ဘက်ရှိ နေဝင်ဆည်းဆာ ရှုခင်းကို ငေးကြည့်နေကြသည်။

အမျိုးသမီးသုံးယောက်သည် နောက်ထပ် ဘာစကားမှ မပြောကုတော့ပဲ တိတ်ဆိတ်စွာ ထိုင်နေကြသည်။ ခန်းမဆောင်ကြီး၏ ဝင်ပေါက်တွင် အစေခံမလေးတစ်ယောက် ပေါ်လာသည့်တိုင်အောင် ထိုသို့ နေခဲ့ကြသည်။

အစေခံမလေး ရောက်လာသည်ကို မြင်သောအခါ စုဟန်ယန် အလွန် စိတ်လှုပ်ရှားသွားသည်။

အစေခံမလေး ဘာအတွက် လာသည်ကို သူမ ကြိုတင် ခန့်မှန်းမိပြီး ဖြစ်သည်။

ထင်ထားသည့်အတိုင်းပင် အစေခံမလေး ခန်းမဆောင်ကြီး၏ ဝင်ပေါက်သို့ ရောက်လာသည်။ သူမက ဦးညွှတ်ကာ

“မိဖုရား နှစ်ပါးလုံးကို ဂါရဝပြုပါတယ်”

ထို့နောက် သူမက စုဟန်ယန်ကို မော့ကြည့်လိုက်သည်။

“ဂိုဏ်းချုပ်စု။ မင်းကြီးက ဂိုဏ်းချုပ်ကို

ချန်နင်နန်းဆောင် ခေါ်သွားဖို့ ကျွန်မကို လွှတ်လိုက်ပါတယ်။”

စုဟန်ယန်လည်း နောက်ထပ် စကားမဆိုတော့ပဲ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ကို လှမ်းကြည့်လိုက်၏။ သူမ၏စိတ်ထဲ ဆုံးဖြတ်ပြီးသား ဖြစ်သည်။

အစေခံမလေး၏ ဦးဆောင်မှုဖြင့် မကြာမီ ချန်နင်နန်းဆောင်သို့ ရောက်ရှိလာသည်။

အဆောင်များကို အဝါရောင်များ လွှမ်းမိုးထားသည်။ နံရံများတွင် တော်ဝင်မိသားစု၏ ဩဇာအာဏာကို ပုံဖော်နေသော ပန်းပုရုပ်များကို အနုစိတ် ထွင်းထုထား၏။

အခန်း၏ အလယ်ဗဟိုတွင် ကြီးမားသော နဂါးကုတင်ကြီးတစ်လုံး ရှိသည်။ ၎င်းကို နူးညံ့သည့် ပိုးအိပ်ရာခင်းဖြင့် ဖုံးအုပ်ထား၏။ ထိုပိုးအိပ်ရာခင်းပေါ်တွင် တော်ဝင်မိသားစု၏ ဂုဏ်ကျက်သရေနှင့် ဘုန်းတန်ခိုးကို ကိုယ်စားပြုသည့် နဂါးနှင့် ဖီးနစ်ငှက်များကို ထိုးထားသည်။

နန်းတွင်းမီးပုံးများကို မြင့်မားစွာ ချိတ်ဆွဲထားသည်။ ၎င်းတို့က အခန်းတစ်ခုလုံးကို လင်းထိန်စေသည့် နူးညံ့သော အလင်းရောင်ကို ထုတ်လွှတ်နေ၏။

လေထုထဲတွင် နဂါးအမွှေးတိုင်၏ သင်းပျံ့သော ရနံ့ဖြင့် ပြည့်နှက်နေသည်။ ထိုရနံ့က တည်ငြိမ်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

ပြတင်းပေါက် အပြင်ဘက်တွင် ညနေဆည်းဆာ၏ ကောင်းကင်မှ နီရဲသော အလင်းရောင်သည် အခန်းထဲသို့ ဖြာကျနေသည်။ ၎င်းသည် အခန်းတွင်းရှိ ရွှေရောင် တောက်ပမှုကို ပဏာရနေစေ၏။ ဤမြင်ကွင်းက နန်းတွင်းတစ်ခုလုံးကို ဆန်းကြယ်နေစေပြီး မြင့်မြတ်သော အလင်းရောင်ဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ထင်မှတ်ရစေသည်။

ထိုအခိုက်တွင် လုချန်းသည် အခန်းအတွင်းရှိ စားပွဲတစ်လုံးတွင် ထိုင်နေသည်။ သူသည် လက်ဖက်ရည်ကို အေးဆေးစွာ သောက်သုံးနေပြီး လုံးဝ အေးဆေးတည်ငြိမ်သော ပုံစံဖြင့် ရှိနေ၏။

အစေခံမလေးက စုဟန်ယန်ကို ခေါ်ဆောင်လာပြီးနောက် လုချန်းအား

“မင်းကြီး။ ဂိုဏ်းချုပ်စု ရောက်လာပါပြီ”

လုချန်းက လှည့်မကြည့်ဘဲ ညင်သာစွာပင် “အင်း” အသံပြု တုံ့ပြန်လိုက်သည်။ ထို့နောက် သူ၏ လက်ဖက်ရည်ကို ဆက်လက် အရသာခံနေသည်။

ထို့နောက် စုဟန်ယန်က ဦးညွှတ်ကာ

“မင်းကြီး”

လုချန်းက ခပ်ပေါ့ပေါ့ပင်

“ဂိုဏ်းချုပ်စု။ အထဲဝင်ခဲ့ပါ”

တုံ့ဆိုင်းခြင်းမရှိပဲ စုဟန်ယန် ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်သွားသည်။ ဝင်ရောက်သွားသည်နှင့် တံခါးများက သူမ၏ နောက်တွင် ပိတ်သွား၏။

စုဟန်ယန်လည်း သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို လျင်မြန်စွာ တည်ငြိမ်စေလိုက်ပြီး စိတ်လှုပ်ရှားမှု မဖြစ်စေရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

ထို့နောက် လုချန်းထံ ချဉ်းကပ်သွားလိုက်သည်။ လုချန်းက ပြုံးလျက်

“ဂိုဏ်းချုပ်စု။ ကျွန်တော်နဲ့ ဘာနဲ့ အလဲအလှယ် လုပ်မလဲဆိုတာ ခင်ဗျား ဆုံးဖြတ်ပြီးပြီလား။”

စုဟန်ယန် အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး “မင်းကြီးကသာ မရွံရှာဘူးဆိုရင် ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ အလဲအလှယ်လုပ်ဖို့ ဆန္ဒရှိပါတယ်။”

“ဒါပေမဲ့ မင်းကြီးရဲ့ ကတိကို တည်စေချင်ပါတယ်။ ပြီးရင်တော့ ကျွန်မရဲ့ တပည့်နှစ်ယောက်ကို ချမ်းသာပေးပါ။”

လုချန်းက သူ၏ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးနောက်

“ဒါပေါ့။ ကျွန်တော်က အမြဲတမ်း ကတိတည်ပါတယ်။”

ထိုသို့ ပြောပြီးနောက် လုချန်း သူ၏ လက်ဖက်ရည်ခွက်ကို ချလိုက်သည်။ ထို့နောက် စုဟန်ယန်ကို ခေါင်းအစ ခြေအဆုံး အကဲခတ်ကြည့်လိုက်၏။

စုဟန်ယန်သည် ခရမ်းရောင် တိမ်တိုက်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမသည် ဆွဲဆောင်မှု အပြည့်ရှိပြီး ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ အငွေ့အသက်ကို ထုတ်လွှတ်နေ၏။

ထို့နောက် လုချန်း လက်ဖက်ရည်စားပွဲမှ ထလိုက်ပြီး ခန်းမ၏ အလယ်ရှိ နဂါးကုတင်ဆီသို့ တည့်တည့် လျှောက်သွားသည်။

လုချန်း၏ ကျောခိုင်းထွက်ခွာသွားသော ပုံရိပ်ကို မြင်သောအခါ စုဟန်ယန် မထိန်းနိုင်ပဲ အနည်းငယ် တုန်ယင်သွားသည်။ သူမ၏ တစ်ကိုယ်လုံးလည်း မယုံနိုင်လောက်အောင် တင်းမာနေ၏။

ဤအခိုက်တွင် သူမ၏ တပည့်နှစ်ယောက် ပြောခဲ့သည်များကို သူမ သတိရလိုက်သည်။

ထိုစကားများ၏ အမှန်တရားအပေါ် သူမ အနည်းငယ် သံသယရှိနေဆဲ ဖြစ်သော်လည်း သူမ၏ တပည့်များက သူမကို လိမ်ညာမည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေသည်။

နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီးဖြစ်၍ ဤသို့သော ယောက်ျားတစ်ဦးနှင့် တွေ့ဆုံရခြင်းအပေါ် သူမ စိတ်လှုပ်ရှားမှု မဖြစ်နေသင့်ပေ။

ထိုစဉ် လုချန်း နဂါးကုတင်ဘေးသို့ ရောက်ရှိသွားသည်။ စုဟန်ယန်ကတော့ သူမ၏ နေရာတွင် ရပ်တန့်နေဆဲ ဖြစ်သည်ကို မြင်သောအခါ သူက

“ဂိုဏ်းချုပ်စု။ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို နောင်တရနေတာလား”

စုဟန်ယန် သူမ၏ လက်သီးများကို ဆုပ်လိုက်ပြီးနောက် နဂါးကုတင်ဆီသို့ လျှောက်သွားသည်။

သူမ ကုတင်ဘေးသို့ ရောက်ရှိသွားစဉ်တွင် လုချန်း၏ စူးရှသော အကြည့်ကို သတိပြုမိလိုက်သည်။ ထိုအကြည့်က သူမ၏ ခန္ဓာကိုယ်အနှံ့ ပွတ်သပ်သွားပြီး နောက်ဆုံးတွင် သူမ၏ မျက်နှာပေါ်၌ ရပ်တန့်သွားသည်။

လုချန်းထံမှ ထိုသို့သော အကြည့်က စုဟန်ယန်ကို အလွန် မသက်မသာ ဖြစ်စေသော်လည်း သူမ၏ စိတ်ထဲမှ မသက်မသာဖြစ်မှုကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

စုဟန်ယန်က တစ်စုံတစ်ခု ပြောတော့မည်အပြုတွင် လုချန်းက ရုတ်တရက် သူ၏လက်ကို လှမ်းလိုက်ကာ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့သော လှပသည့် အမျိုးသမီး စုဟန်ယန်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။

စုဟန်ယန်လည်း ဟန်ချက်ပျက်သွားပြီး လုချန်း၏ ပေါင်ပေါ်သို့ ရောက်ရှိသွားသည်။ သူမ၏ နှလုံး ပြင်းထန်စွာ ခုန်နေ၏။

ရင့်ကျက်သော ယောက်ျားတစ်ဦး၏ ရနံ့သည် သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူမ၏ ခန္ဓာကိုယ်ကိုလည်း ချက်ချင်း နှိုးဆွလိုက်သည်။

ဤယောက်ျား၏ ခန္ဓာကိုယ်နှင့် ထိတွေ့ရုံမျှဖြင့် သူမ၏ ကိုယ်ပိုင် တဏှာစိတ်များကို နိုးထလိမ့်မည်ဟု စုဟန်ယန် မမျှော်လင့်ခဲ့ပေ။

သူမ အနေနှင့် လုချန်းအပေါ် ခံစားချက် မရှိသင့်သောကြောင့် ဘာဖြစ်နေသည်ကို တွေးတောမိရင်း နားမလည်နိုင် ဖြစ်သွားသည်။

လုချန်းက စုဟန်ယန်၏ နူးညံ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်ထားရင်း သူမ၏ နားနားကပ်၍

“ဂိုဏ်းချုပ်စု။ ခင်ဗျားရဲ့ ခန္ဓာကိုယ်က ဒီလောက်တောင် ပူလောင်တယ်လို့ ဘယ်သူက ထင်မှာလဲ။”

သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားရင်း အေးစက်စွာဖြင့်

“မင်းကြီး။ ရှင်လုပ်ချင်တာကို မြန်မြန်လုပ်ပါ။ ကျွန်မ မနက်ဖြန် မြူခိုးမှော်ဂိုဏ်းကို ပြန်ရမယ်။”

လုချန်းက ပြုံးလျက်

“ခင်ဗျား မနက်ဖြန် မြူခိုးမှော်ဂိုဏ်းကို ပြန်နိုင်မှာ မဟုတ်လောက်ဘူးလို့ လီချင်ရို့က မပြောဘူးလား။”

ထိုအခိုက်တွင်...

စုဟန်ယန် တစ်စုံတစ်ခု မပြောနိုင်မီ လုချန်းက ရုတ်တရက် ကိုင်းညွှတ်လိုက်ပြီး သူ၏ နှုတ်ခမ်းများဖြင့် သူမ၏ နှုတ်ခမ်းများကို ပိတ်လိုက်သည်။

၎င်းသည် လုချန်းနှင့် သူမ၏ ပထမဆုံး အနမ်းဖြစ်ပြီး စုဟန်ယန်၏ စိတ်ထဲတွင် ချက်ချင်း ဗလာဖြစ်သွားသည်။

သူမ၏ ပင်ကိုအသိစိတ်က ရုန်းကန်ရန် ကြိုးစားသော်လည်း သူမ၏ ခန္ဓာကိုယ်ကတော့ လုံးဝ အားအင်မရှိတော့ပေ။ ဤယောက်ျားအား သူ၏ သဘောအတိုင်း ပြုမူရန် ခွင့်ပြုရုံမှလွဲ၍ ဘာမှ မတတ်နိုင်တော့ကြောင်း သူမ သဘောပေါက်လိုက်သည်။

မကြာမီတွင် သူမ၏ မျက်လုံးများမှာ ဝေဝါးလာသည်။

ထို့နောက် လုချန်းက သူမကို နဂါးကုတင်ပေါ်သို့ လှဲချလိုက်သည်။ အနမ်းများ ဆက်လက်ဖြစ်ပေါ်နေစဉ် သူတို့၏ အဝတ်အစားများလည်း ပျောက်ကွယ်သွားပုံရသည်။

အချိန် မည်မျှကြာသွားသည်မသိ လုချန်း ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ယင်ယန်နယ်ပယ်အဆင့် လှပသော အမျိုးသမီးကို ငုံ့ကြည့်နေသည်။

ထိုအခိုက်တွင် စုဟန်ယန်သည် သတိမရှိသလောက် ဖြစ်နေပြီး လုချန်းက နောက်ထပ် လှုပ်ရှားမှု မပြုလုပ်တော့မှသာ သူမ ဖြည်းညင်းစွာ သတိပြန်ဝင်လာသည်။

သူမ မျက်ရည်များကို တွန်းဖယ်လိုက်စဉ် လုချန်း၏ မီးတောက်ကဲ့သို့ အကြည့်ကို သတိပြုမိလိုက်သည်။ ထိုအကြည့်သည် သူမကို အရှင်လတ်လတ် ဝါးမျိုလိုသကဲ့သို့ သူမ၏ ခန္ဓာကိုယ်ကို ထိုးဖောက်နေ၏။

ထိုအခါမှသာ စုဟန်ယန်သည် တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။

သူမ မှားသွားခဲ့သည်။

လုချန်း၏ ကာမစိတ်က ဟန်ဆောင်မှုတစ်ခုသာ ဖြစ်သည်ဟု သူမ အစက တွေးထင်ခဲ့သည်။ သို့သော် သူ၏ ကာမစိတ်က လုံးဝ ဟန်ဆောင်ထားခြင်း မဟုတ်ကြောင်း သူမ ယခု သဘောပေါက်လိုက်သည်။ တဏှာစိတ်ဖြင့် ပြည့်နှက်နေသော မျက်လုံးများက သူမကို လိမ်ညာနိုင်မည် မဟုတ်ပေ။

ထိုအခိုက်တွင် လုချန်း နောက်တစ်ကြိမ် ကိုင်းညွှတ်လိုက်ပြီး စုဟန်ယန်၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများဖြင့် ပိတ်လိုက်သည်။

အင်း...

ဤတစ်ကြိမ်တွင် လုချန်းသည် နမ်းရုံသက်သက်ထက် ပိုနေခဲ့သည်။ သူက စတင် ထိတွေ့ ကိုင်တွယ်လာခဲ့သည်။ စုဟန်ယန်လည်း သူ၏ သဘောအတိုင်း ပြုမူရန် ခွင့်ပြုရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

All Chapters