ဘာလို့ စွမ်းအင်တွေကို ဆက်ပြီး မလည်ပတ်တော့တာလဲ
Vol. 67 Ch. 1004
အိပ်ဆောင်ထဲတွင် ရေကဲ့သို့ နူးညံ့သော လရောင်များ ဖြာကျနေသည်။ ငွေရောင်အလင်းတန်းများသည် ပြတင်းပေါက်တံခါးမှန်ကူကွက်များမှတစ်ဆင့် တိတ်ဆိတ်စွာ ထိုးဖောက်ဝင်ရောက်လာ၏။ ထိုအလင်းတန်းတို့သည် ပိုးသားကတ္တီပါ အိပ်ရာခင်းပေါ်သို့ မှိန်ဖျော့သော အလင်းကွင်းတစ်ခုအဖြစ် ကျရောက်နေသည်။
လုချန်းသည် စုဟန်ယန်၏အပေါ်တွင် လွှမ်းမိုးထားရင်း သူမ၏ မျက်လုံးများထဲသို့ စိုက်ကြည့်နေ၏။ ထိုမျက်လုံးများသည် တည်ငြိမ်သည့် ရေကန်များကဲ့သို့ နက်ရှိုင်းကာ သူ၏ မီးတောက်ကဲ့သို့ အကြည့်များကို ထင်ဟပ်နေစေသည်။
ထိုအခိုက်တွင် လုချန်းက သူမ၏ ဆံနွယ်တစ်မျှင်ကို ညင်သာစွာ မြှောက်လိုက်သည်။ ၎င်းသည် သူ၏ လက်ချောင်းထိပ်များတွင် ပိုးသားရေတံခွန်တစ်ခုကဲ့သို့ ကခုန်နေ၏။ ထို့ပြင် သင်းပျံ့သော ရနံ့တစ်ခုကိုလည်း ထုတ်လွှတ်နေသည်။
လုချန်း သူမ၏ နှုတ်ခမ်းများကို နောက်တစ်ကြိမ် နမ်းရှိုက်ရန် ကိုင်းညွှတ်လိုက်သည်။
ဤတစ်ကြိမ်တွင် လုချန်း စုဟန်ယန်ကို ဆက်လက်၍ စနောက်မနေတော့ပေ။ ခဏအကြာတွင် စုဟန်ယန်ထံမှ တိုးညှင်းသော ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူမလည်း လုချန်း၏ မိန်းမ အဖြစ်သို့ လုံးဝ ရောက်ရှိသွားတော့သည်။
လီချင်ရို့က သူမအား နေ့ခင်းတုန်းက သင်ကြားပေးခဲ့သော လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်အကြောင်းကို စုဟန်ယန် တွေးတောနေသည်။ သို့သော် သူမ၏ အသိစိတ် ကြည်လင်နေစေရန် ရုန်းကန်နေရ၏။ ယခုနေ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ကျင့်ကြံခြင်းက သူမ၏ အာရုံကို လွှဲပြောင်းပေးနိုင်လိမ့်မည်ဟု သူမ တွေးထင်ခဲ့သည်။
သို့သော် သူမ အံ့အားသင့်သွားရသည်။ သူမ၏ အင်းအားများ လုံးဝ ကုန်ခမ်းသွားသလို ခံစားလိုက်ရသောကြောင့်ဖြစ်သည်။ ထို့ပြင် သူမ၏ အတွင်းမှ စိတ်ဝိညာဉ် စွမ်းအားမှာလည်း လုံးဝ ချိပ်ပိတ်ခံထားရသော အခြေအနေတွင် ရှိနေခဲ့သည်။ စိတ်ဝိညာဉ် စွမ်းအား စီးဆင်းမှုကို သူမ လုံးဝ မခံစားနိုင်တော့ပေ။
ယခု အခြေအနေတွင် သူမသည် သာမန်လူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ကျင့်ကြံဖို့ မဖြစ်နိုင်တော့ပေ။
လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို မကျင့်ကြံနိုင်သဖြင့် သူမ၏ အာရုံကို မလွှဲပြောင်းနိုင်တော့ပေ။ ထို့ကြောင့် လုချန်း ယူဆောင်လာသော သာယာမှုထဲတွင်သာ နစ်မြောနေရတော့သည်။
လုချန်း၏ မိန်းမများအားလုံး အဘယ်ကြောင့် နောက်ဆုံးတွင် ဤယောက်ျားကို မချစ်ခင်ပဲ မနေနိုင်ကြသည်ကို စုဟန်ယန် ယခု ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီ ဖြစ်သည်။ သူနှင့် အတူ အကြာကြီး နေထိုင်ခြင်းက ကျဆုံးခြင်းဆီသို့ မလွဲမသွေ ဦးတည်စေသည်။ ဒါက မိန်းမတိုင်းအတွက် အတူတူပင် ဖြစ်သည်။
တစ်နေ့နေ့တွင် လုချန်းထံမှ သူမ ထွက်ခွာနိုင်တော့မည် မဟုတ်ဟု စုဟန်ယန် တွေးမိလိုက်သည်။ ထိုအခါ စုဟန်ယန်၏ စိတ်များ ချက်ချင်း ကြည်လင်သွားသည်။
မဖြစ်ပါ။ သူမ၏ အသိစိတ် ကြည်လင်နေရမည် ဖြစ်သည်။ သူမ လုချန်း၏ အစေခံ တစ်ယောက် ဖြစ်သွား၍ မဖြစ်ပေ။
သူမ ထိုသို့ တွေးလိုက်သည့် ခဏတွင် လုချန်းက ကြမ်းတမ်းလာသည်။ သူမ ချက်ချင်း တွေဝေသွား၏။ သူမ၏ အသိစိတ်များ ပျောက်ကွယ်တော့မည့် အခြေအနေတွင် အတွေးတစ်ခုတည်းသာ ကျန်ရှိတော့သည်။
သူမ သွားပြီ...
…….
အရုဏ်တက်ချိန်။
ကမ္ဘာမြေအား ရွှေရောင် အလင်းကွင်းတစ်ခုဖြင့် ဝန်းရံထားသည်။ နေရာတိုင်းသည် တက်ကြွ လန်းဆန်းမှုတို့ဖြင့် ပြည့်နှက်နေ၏။
လုချန်းသည် သူ၏ အောင်နိုင်ခြင်း လမ်းကြောင်းကို မရပ်တန့်သေးပေ။ သို့သော် စုဟန်ယန် ပိုမို ကြာရှည်စွာ ခံနိုင်ရည်ရှိစေရန်အတွက် သူသည် သူမအပေါ်မှ ကန့်သတ်ချက်များကို ဖယ်ရှားပေးလိုက်သည်။
ယခုအခါ စုဟန်ယန်သည် သူမ၏ ကိုယ်ပိုင် စိတ်ဝိညာဉ် စွမ်းအားကို အာရုံခံနိုင်ပြီ ဖြစ်သည်။ သူမသည် မနေ့ကထက် များစွာ ပိုမို နိုးကြားနေပြီး ကာမစိတ်၏ အလုံးစုံ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။
လုချန်း လှုပ်ရှားတက်ကြွနေဆဲ ဖြစ်သည်ကို မြင်သောအခါ စုဟန်ယန်၏ စိတ်ထဲ အလွန် ဝမ်းနည်းသွားသည်။ ထိုအခြေအနေရှိ လုချန်းကို ကြည့်ရင်း သူမ စိုးရိမ်မိလာသည်။ လီချင်ရို့ ပြောခဲ့သကဲ့သို့ပင် သူမသည် မြူခိုးမှော်ဂိုဏ်းသို့ လဝက် သို့မဟုတ် တစ်လအတွင်း ပြန်သွားနိုင်တော့မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် မြူခိုးမှော်ဂိုဏ်း၏ တပည့်များကို ကြိုတင် အကြောင်းကြားထားခဲ့သည်။ သူမ နန်းတွင်း၌ သီးသန့်ကျင့်ကြံနေမည် ဖြစ်ကြောင်း ပြောခဲ့၏။ ထို့ပြင် သူမ၏ ဂိုဏ်းမှ လူများကိုလည်း ဤသတင်းကို ဖြန့်ဝေရန် ညွှန်ကြားခဲ့သည်။
လုချန်းက သူမ၏ ခန္ဓာကိုယ်ကို ရယူခဲ့ပြီးဖြစ်သည့်အတွက် သူ၏ထံမှ အကျိုးအမြတ်များကို သူမ တတ်နိုင်သမျှ များများ ထုတ်ယူလိုသဖြင့် နဂါးနက်နိုင်ငံ၏ နန်းတွင်းတွင် သီးသန့်ကျင့်ကြံနေကြောင်း ကြေညာလိုက်ခြင်းလည်းဖြစ်၏။ ဒါက မြူခိုးမှော်ဂိုဏ်း၏ ဂိုဏ်းချုပ် ဆွမ်ဧကရာဇ်၏ မိန်းမ ဖြစ်သွားပြီဖြစ်ကြောင်း အခြားသော အင်အားစုများကို ပြောပြခြင်းနှင့် တူညီသည်။
မူလက မြူခိုးမှော်ဂိုဏ်းကို ဒုက္ခပေးရန် ရည်ရွယ်ထားသော ထိုအင်အားစုများ ရှိခဲ့သည်။ သို့မဟုတ် ဂိုဏ်းမှ ထွက်ခွာရန် စဉ်းစားနေသော အဖွဲ့ငယ်များလည်း ရှိ၏။ ထိုသတင်းကို ကြားပြီးနောက်တွင် သူတို့လည်း မဆင်မခြင် လုပ်ရပ်များမှ လုပ်ခြင်းမှ သဘာဝအတိုင်း ရှောင်ကြဉ်ကြမည်။
လူတို့သည် မိုက်မဲသူများ မဟုတ်ကြပေ။ ထျန်းချန်ကမ္ဘာတွင် ဆွမ်ဧကရာဇ်သည် အခိုင်မာဆုံးသော အထောက်အပံ့ ဖြစ်သည်။ သူ့ကို တွယ်ကပ်ထားခြင်းက ထျန်းချန်ကမ္ဘာတွင် ဘဝကို အာမခံချက်တစ်ခု ခိုင်မာစွာပေးစွမ်းသည်။
မြူခိုးမှော်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဆွမ်ဧကရာဇ်၏ မိန်းမ ဖြစ်လာခဲ့သည့်အတွက် မြူခိုးမှော်ဂိုဏ်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကလည်း အခြားဂိုဏ်းများထက် ပိုမို ကောင်းမွန်လာမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ဤသတင်း ပြန့်နှံ့သွားခြင်းက လူများစွာ၏ အကြံအစည်များကို ချက်ချင်း ဟန့်တားလိုက်သကဲ့သို့ ဖြစ်သွားသည်။
စုဟန်ယန်က သူ့ကို စူးစိုက်ကြည့်နေသည်ကို လုချန်း မြင်လိုက်သည်။ သူက သူ၏လက်ကို မြှောက်လိုက်ပြီး သူမ၏ လှပသော မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထို့နောက် သူမ၏ ပါးပြင်ပေါ်မှ ဆံပင်များကို ဘေးသို့ ဖယ်ရှားပေးလိုက်သည်။
အားနည်းသော အသံဖြင့် စုဟန်ယန်က “မင်းကြီး..က တကယ့်ကို သာမန်လူ မဟုတ်ဘူးပဲ”
လုချန်းက ပြုံးလျက်
“ခင်ဗျား ကျွန်တော့်ကို ချီးကျူးနေတာလား”
စုဟန်ယန် နောက်ထပ် စကားမဆိုတော့ပဲ တိတ်ဆိတ်သွားသည်။
၎င်းသည် ချီးကျူးခြင်းလား သို့မဟုတ် သရော်ခြင်းလား ဆိုသည်ကို သူမလည်း မသေချာခဲ့ပေ။
လုချန်းက သူမ၏ မျက်လုံးများထဲသို့ ကြည့်ရင်း
“ဟန်ယန်။ ချင်ရို့က ခင်ဗျားကို လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို သင်ပေးပြီးသား ဖြစ်ရမယ်။ ဟုတ်တယ်မလား။ အဲဒါကို ကျင့်ကြံကြည့်ချင်လား။”
လုချန်းက ထိုကိစ္စကို သိနေသဖြင့် လီချင်ရို့က သူမအား လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို သင်ကြားပေးခြင်းမှာ လုချန်း၏ တိုက်တွန်းမှုကြောင့် ဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။
သို့သော် ၎င်းက သူ၏ တိုက်တွန်းမှု ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အရေးမပါတော့ပေ။ အကြောင်းမှာ သူမ လုချန်း၏ မိန်းမ ဖြစ်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။
“ ဒီလို လှုပ်ရှားမှုတွေမှာ... ဆယ်ရက် ဒါမှမဟုတ် လဝက်လောက်အထိ နစ်မျောနေတာက ရှင့်ရဲ့ ကျင့်စဉ်ကို... ထိခိုက်မှာ မစိုးရိမ်ဘူးလား...”
သူ၏ ကိုယ်ပိုင်အလုပ်များကို လုပ်ဆောင်နေရင်း လုချန်းက
“ဒါက ကျွန်တော့်အပေါ် သိပ်ပြီး သက်ရောက်မှု မရှိပါဘူး။ ခင်ဗျားတို့က ကျွန်တော့်ရဲ့ ကျင့်စဉ်မီးဖိုတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ကျင့်ကြံတဲ့ စုံတွဲကျင့်စဉ်က ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခုပဲ။ အဲဒါက ခင်ဗျားတို့ကို ကျင့်စဉ်မီးဖိုတွေအဖြစ် အသုံးပြုတာထက် အဆပေါင်းများစွာ ပိုကောင်းတဲ့ ရလဒ်တွေကို ပေးတယ်။”
လုချန်း၏ အသံ ပျောက်ကွယ်သွားသည်နှင့် ကြီးမားသော စိတ်ဝိညာဉ် စွမ်းအား လှိုင်းလုံးကြီးတစ်ခု သူမ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်ကို စုဟန်ယန် ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် သူမ၏ ကျင့်စဉ်အခြေအနေ အဆင့်တစ်ခုသို့ တက်သွားခဲ့သည်။