ယုတ်မာတယ်လို့ မပြောပါနဲ့
Vol. 67 Ch. 1005
သူမ အဆင့် တက်သွားသည်ကို စုဟန်ယန် အာရုံခံမိလိုက်သည်။ ဤမျှ လွယ်ကူစွာ အဆင့်တက် နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူမ၏ စိတ်နှလုံးထဲတွင် ရှုပ်ထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ယခင်က သူတို့အတွက် အဆင့်တစ်ခုကို ထိုးဖောက်ရန် ဆယ်စုနှစ်များစွာ အချိန်ပေးရပြီး မလွယ်ကူခဲ့ပေ။ သူမသည် နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့သော်လည်း ယင်ယန်နယ်ပယ်သို့သာ ရောက်ရှိခဲ့သည်။ ထိုအချက်က ကျင့်စဉ် ကျင့်ကြံရခြင်းက အမှန်တကယ် မည်မျှ ခက်ခဲသည်ကို ပြသနေသည်။
သို့သော် လုချန်း၏ မိန်းမ ဖြစ်သွားရုံမျှဖြင့် သူမ၏ အဆင့်တက်သွားခဲ့သည်။ ထိုအဖြစ်က သူမ၏ ယခင် ကျင့်ကြံအားထုတ်မှုများကို အဓိပ္ပာယ်မဲ့သွားစေသည်။
လုချန်း၏ မိန်းမများ အဘယ်ကြောင့် သူ့ထံမှ မခွဲခွာနိုင် ဖြစ်ရသည်ကို သူမ နောက်တစ်ကြိမ် နားလည်သွားပြန်သည်။ သူက သူတို့ကို စိတ်ခံစားမှု သက်သက်ဖြင့် ထိန်းချုပ်ထား၍ မဟုတ်ပေ။ သူသည် သူ၏ မိန်းမများအတွက် လက်တွေ့အကျိုးကျေးဇူးများစွာကိုလည်း ယူဆောင်လာပေးသောကြောင့် ဖြစ်၏။
လုချန်းနှင့် တစ်ကြိမ် စုံတွဲကျင့်စဉ် ကျင့်ရုံမျှဖြင့် သူတို့၏ အဆင့်ကို မြှင့်တင်ပေးနိုင်သည်။ လုချန်း မရှိပါက ဆယ်စုနှစ်များစွာ ကျင့်ကြံပြီးသည့်တိုင် ထိုသို့သော တိုးတက်မှုကို သူတို့ ရရှိနိုင်မည် မဟုတ်ပေ။
အကယ်၍ တစ်စုံတစ်ယောက်သည် ဤသို့ အဆင့်နယ်ပယ် မြှင့်တင်သည့် အရှိန်ကို အသားကျသွားပါက ကျင့်ကြံခြင်းအတွက် စိတ်ကို တည်ငြိမ်အောင် ပြန်ထားရန် မဖြစ်နိုင်တော့ပေ။
ဤသို့ တွေးမိသောအခါ လုချန်းသည် သူမထင်ထားသည်ထက်ပင် ကြောက်မက်ဖွယ်ကောင်းသည်ဟု စုဟန်ယန် ရုတ်တရက် ခံစားလိုက်ရသည်။
သူမကိုယ်သူမ ထိန်းချုပ်ရမည်ဖြစ်သည်။ ဤယောက်ျားအပေါ် မှီခိုသူ မဖြစ်စေရပေ။ မဟုတ်ပါက သူမသည်လည်း သူ၏ တပည့်နှစ်ယောက်ကဲ့သို့ပင် သူ့ထံမှ မည်သည့်အခါမျှ မခွဲခွာနိုင်ပဲ အဆုံးသတ်သွားနိုင်ပေသည်။
သူမ၏ အဆင့် တက်မှုကြောင့် စုဟန်ယန် မှင်တက်သွားသည်။ ထိုအဖြစ်ကို မြင်သောအခါ လုချန်းက ချက်ချင်း ရက်စက်ကြမ်းကြုတ်လာပြီး လှုပ်ရှားမှုများကို ဆက်တိုက် ပြုလုပ်လိုက်သည်။
စုဟန်ယန် ချက်ချင်းပင် သတိပြန်ဝင်လာသည်။ သူမက ထိုယောက်ျားကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်ပြီး ကစားစရာတစ်ခုကဲ့သို့ပင် သူ့ကို ကြိုးကိုင်ခြယ်လှယ်ခွင့် ပေးလိုက်ရသည်။
မည်သည့်အသံမှ မထွက်စေရန် စုဟန်ယန် မိမိကိုယ်ကို အတင်းအကျပ် ထိန်းချုပ်ထားသည်။ ထိုစဉ် လုချန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး
“အမှန်အတိုင်း ပြောရရင် ခင်ဗျား ဘာတွေ တွေးနေလဲဆိုတာ ကျွန်တော်သိတယ်”
ထိုသို့ ကြားသောအခါ စုဟန်ယန် အနည်းငယ် တုန်လှုပ်သွားသည်။ လုချန်း၏ စကားများက ဘာကို ဆိုလိုပါသနည်း။
“မင်းကြီး..... အဲဒါက ဘာကို ဆိုလိုတာလဲ။”
သူ၏ လှုပ်ရှားမှုများကို ဆက်လက် ပြုလုပ်နေရင်း လုချန်းက
“ဆိုလိုတာက ခင်ဗျားက ကျွန်တော်နဲ့ အပေးအယူလုပ်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက် အမှန်အကန် မရှိခဲ့ဘူး။”
“ခင်ဗျားက ခင်ဗျားရဲ့ တပည့်နှစ်ယောက်ကို အရင် ကယ်ထုတ်ဖို့ စဉ်းစားနေတယ်။ ပြီးတော့မှ ထျန်းချန်ကမ္ဘာကနေ ထွက်ပြေးနိုင်မယ့် နည်းလမ်းရှာဖို့ ကြံစည်ထားတာ မဟုတ်လား။”
ထိုသို့ ပြောလိုက်စဉ် လုချန်း၏ နက်ရှိုင်းသော မျက်လုံးများက စုဟန်ယန်ကို စူးစိုက် ကြည့်နေသည်။
သူ၏ ညှဉ်းပန်းနှိပ်စက်မှုအောက်တွင် လုချန်း၏ အကြည့်ကို သူမ ခံစားမိလိုက်သည်။ ထိုအခါ စုဟန်ယန်၏ တည်ငြိမ်မှုကို လုံးဝ ဆုံးရှုံးသွားပြီး မျက်လုံးများလည်း အလိုအလျောက် အခြားတစ်နေရာသို့ လွှဲသွားသည်။
ဤအခိုက်တွင် စုဟန်ယန် အလွန်အမင်း အပြစ်ရှိသလို ခံစားလိုက်ရသည်။ လုချန်းက သူမ၏ အတွင်းစိတ်အတွေးများကို ဤမျှ လွယ်ကူစွာ မြင်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ယခုတော့ သူမ ဒုက္ခရောက်ပြီ ဖြစ်သည်။
သူမ သူ့ဘက်တွင် စစ်မှန်မှု မရှိကြောင်း လုချန်း သိသွားပြီ။ ထို့ကြောင့် သူသည် သူ၏ ကတိကို ဖောက်ဖျက်သွားနိုင်ဖွယ် ရှိသည်။
အကယ်၍ လုချန်းက သူ၏ ကတိကို ဖောက်ဖျက်ပါက ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ကို လွှတ်ပေးရန် ငြင်းဆန်ခြင်းက အဓိက ပြဿနာ မဟုတ်ပေ။ အဓိကအချက်မှာ သူသည် သူမအပေါ် သူ သတိထားသွားခြင်း ဖြစ်သည်။ ထို့နောက် သူမကို အတင်းအကျပ် ထိန်းချုပ်ရန် ပို၍ ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းများကိုပင် အသုံးပြုလာနိုင်ခြင်း ဖြစ်သည်။
ဒါက တကယ့် ပြဿနာတစ်ခုဖြစ်သည်။
ထို့နောက် စုဟန်ယန်က ငြင်းဆိုလိုက်သည်။
“မင်းကြီးက မလိုအပ်ပဲ စိုးရိမ်နေတာပါ။ ကျွန်မက အမြဲတမ်း ကတိတည်တဲ့ လူတစ်ယောက်ပါ။”
“ပြီးတော့ ကျင့်စဉ်ကျင့်သူတစ်ယောက် အနေနှင့် ပေါ့ပေါ့ဆဆ လိမ်ညာတာက ကျင့်စဉ်စိတ်ကို မတည်မငြိမ် ဖြစ်စေနိုင်ပါတယ်။ ဒါက အနာဂတ် ကျင့်ကြံမှုအတွက် ကြီးမားတဲ့ အန္တရာယ် ရှိစေနိုင်ပါတယ်။”
လုချန်းက ခပ်ပေါ့ပေါ့ပင်
“ဒီလို စကားမျိုးက ကျင့်ကြံခြင်း လမ်းကြောင်းပေါ်ကို ခုမှ စတက်လာတဲ့ လူသစ်တစ်ယောက်ကိုပဲ လှည့်စားလို့ ရနိုင်လိမ့်မယ်။”
“ကျွန်တော့်လို ဝါရင့်တဲ့သူတွေအတွက်တော့ လူတစ်ယောက် လိမ်မလိမ်ဆိုတာက သူတို့ ကျင့်စဉ်ကျင့်သူ ဟုတ်မဟုတ်နဲ့ လုံးဝ မသက်ဆိုင်ဘူး။”
“ဥပမာ ကျွန်တော်ကိုယ်တိုင်ပဲ။ ခင်ဗျားသာ ကျွန်တော့်မိန်းမ ဖြစ်လာရင် ခင်ဗျားရဲ့ တပည့်နှစ်ယောက်ကို လွှတ်ပေးမယ်လို့ ကိုယ် ကတိပေးခဲ့တယ်။”
“ဒါပေမဲ့ တကယ်တမ်းမှာတော့ သူတို့ကို လွှတ်ပေးဖို့ ရည်ရွယ်ချက် လုံးဝ မရှိခဲ့ဘူး။”
ထိုစကားများ ထွက်လာသည်နှင့် စုဟန်ယန် မှင်တက်သွားသည်။ ထို့နောက် သူမ၏ မျက်နှာပေါ်တွင် ဒေါသရိပ်များ ထွက်ပေါ်လာကာ
“ရှင်... ရှင် ကတိဖျက်တာပဲ။”
လုချန်းက ပြုံးလျက်
“ဟုတ်တယ်။”
စုဟန်ယန် ကြက်သေသေသွားသည်။
လုချန်း သူ၏ ကတိကို ဖောင်ဖျက်နိုင်သည့် ဖြစ်နိုင်ခြေကို သူမ အမှန်တကယ် စဉ်းစားခဲ့မိသည်။ သို့သော် ဝူကျန်းဝမ်နှင့် လီချင်ရို့တို့သည် အောက်တန်းကျသော ကမ္ဘာတစ်ခုမှ ဒေသခံ နှစ်ဦးမျှသာ ဖြစ်သည်ဟု သူမ တွေးမိသည်။
အကယ်၍ လုချန်းက သူတို့အား သူ့အစား ဘေးဒုက္ခတစ်ခုကို ခံယူစေလိုသည်ဆိုပါက သူမက ပို၍ သင့်လျော်သည်။ အကြောင်းမှာ သူမသည် အဆင့်မြင့် ကျင့်စဉ် ကမ္ဘာမှ ယင်ယန်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လုချန်းအနေနှင့် သူတို့နှစ်ဦးကို လွှတ်ပေးရန် ဖြစ်နိုင်ခြေ ရှိခဲ့သည်။
သို့သော် ဤယောက်ျားက တစ်ယောက်ကိုမှ လက်မလွှတ်ပဲ အားလုံးကို ရယူလိုခဲ့သည်။
စုဟန်ယန် ချက်ချင်း ရုန်းကန်လိုက်သည်။ သို့သော် သူမ မည်သို့ပင် ရုန်းကန်ပါစေ လုချန်းလက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
လက်ရှိ အခြေအနေတွင် သူမထံ၌ ခွန်အား လုံးဝ မရှိပေ။ သူမ၏ စိတ်ဝိညာဉ် စွမ်းအားများ ယခု ပြန်လည် ရရှိလာပြီ ဖြစ်သော်လည်း ၎င်းသည် လုချန်းနှင့် မျှဝေထားသော အခြေအနေတွင် ရှိနေသည်။ ထို့ကြောင့် ၎င်းသည် သူမ လိုအပ်သလို အသုံးပြုနိုင်သည့် အရာတစ်ခု မဟုတ်ပေ။
သူမ၏ အခြေအနေကို သဘောပေါက်သွားပြီးနောက် စုဟန်ယန်က လုချန်းအား ဒေါသတကြီး စွပ်စွဲလိုက်သည်
“လူယုတ်မာ”
လုချန်းက ခပ်ရေးရေးသာ ပြုံးလိုက်သည်။
“ကျွန်တော် ခင်ဗျားကို ကျန်းဝမ်တို့နဲ့ အတူ အကြာကြီး နေခွင့်ပေးခဲ့တယ်။ သူတို့က ကျွန်တော် ဘယ်လိုလူစားမျိုးလဲဆိုတာ ခင်ဗျားကို ပြောပြပြီးလောက်ပြီ”
ထိုသို့ ကြားသောအခါ စုဟန်ယန်၏ နှလုံး တစ်ချက် တုန်သွားသည်။
ဟုတ်ပါသည်။ လုချန်း ဘယ်လို ယောက်ျားမျိုးဖြစ်သည်ကို သူမ အစကတည်းက သူတို့ထံမှ ကြားသိခဲ့ပြီး ဖြစ်သည်။
လုချန်းသည် သူ စိတ်ဝင်စားသော မည်သည့် အမျိုးသမီးကိုမဆို ရယူရန် ဘာမဆို လုပ်မည့်သူ ဖြစ်သည်။
သူမသည်လည်း သူ စိတ်ဝင်စားသော အမျိုးသမီးတစ်ဦး ဖြစ်ရာ မည်သည့် နည်းလမ်းကိုမဆို အသုံးပြုခြင်းက လုချန်းအတွက် သဘာဝကျသည်။
သူက သူမကို အပေးအယူတစ်ခုအဖြစ် လှည့်စားခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ သူမ အပြစ်တင်နိုင်သည့် တစ်ဦးတည်းသောသူမှာ သူ့ကို အမှန်တကယ် ယုံကြည်ခဲ့မိသော သူမကိုယ်သူမသာ ဖြစ်သည်။
သို့သော် တစ်ဖန် တွေးကြည့်လျှင် သူမသည် ထျန်းချန်ကမ္ဘာတွင် ရှိနေသည်။ ထို့ကြောင့် အပေးအယူကို သဘောမတူခဲ့လျှင်ပင် လုချန်းက သူမကို ပိုင်ဆိုင်ရန် နည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိဦးမည် ဖြစ်သည်။
သူမ ဘဝက ဤကျိန်စာသင့်ပြီးသား ဖြစ်နေသည်။
ခဏလေး...
စုဟန်ယန်သည် နောက်တစ်ကြိမ် မှင်တက်သွားပြန်သည်။ သူမ ယခု သူ့ကို ကာမလိုက်စားသူတစ်ယောက်အဖြစ် အမှန်တကယ် မြင်နေမိကြောင်း စုဟန်ယန် သဘောပေါက်လိုက်သည်။
စုဟန်ယန်၏ အမူအရာသည် ဒေါသထွက်ရာမှ စိတ်အနှောင့်အယှက်သော အမူအယာသို့ ပြောင်းလဲသွားသည်။ သို့သော်လည်း သူမ ဘာမှ မတတ်နိုင်ပေ။ သူ၏ တိုက်ခိုက်မှုအောက်တွင် စိတ်ပျက်အားငယ်စွာ ညည်းညူခြင်းသာ တတ်နိုင်သည်။ ထိုအခြေအနေကို မြင်သောအခါ လုချန်းလည်း သူမကို ပို၍ပင် စနောက်ချင်လာသည်။
“ကျွန်တော့်ကို ယုတ်မာတယ်လို့ မပြောပါနဲ့။ ကျွန်တော်တို့က အတူတူပါပဲ။”
“ခင်ဗျားက ကျွန်တော့်ကို အသုံးချပြီး ပိုအားကောင်းလာအောင် လုပ်ချင်တယ်။ ပြီးတော့ ထျန်းချန်ကမ္ဘာကနေ ထွက်ပြေးချင်ခဲ့တယ်။”
“ကျွန်တော်က ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို လိုချင်တယ်။ ကျွန်တော်တို့ နှစ်ယောက်လုံးမှာ ကိုယ်စီ ရည်ရွယ်ချက်တွေ ရှိကြတာပဲ။”
“ကျွန်တော်က ခြေတစ်လှမ်းသာသွားတာပဲ ရှိတယ်။”
စုဟန်ယန် နှာခေါင်းရှုံ့လိုက်သည်။
“ရှင်... ရှင်ရဲ့ အတွေးတွေကို ကျွန်မကို အခု ပြောပြနေတာ... ဒီနေ့ပြီးတာနဲ့ ကျွန်မ ထွက်ပြေးသွားမှာကို မကြောက်ဘူးလား...”
စုဟန်ယန် စကားမဆုံးမီတွင် လုချန်းက သူ၏ ဆုပ်ကိုင်မှုကို ပိုမို တင်းကျပ်လိုက်သည်။
“ထွက်ပြေးမယ်။ ထျန်းချန်ကမ္ဘာက သိပ်မှမကြီးတာ။ ပြီးတော့ မြူခိုးဒေသကလည်း ပြိုနေပြီ။ ခင်ဗျား ဘယ်ကို သွားနိုင်မယ်လို့ ထင်နေတာလဲ။”
“ခင်ဗျား ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အဆင့်ကို အရင်ရောက်ရမယ်။ အဲ့ဒီနောက်မှပဲ အာကာသ လမ်းကြောင်းကို ဖွင့်ပြီး တခြားကမ္ဘာတွေကို သွားနိုင်ဖို့ ဖြစ်နိုင်ခြေ ရှိမှာ။”
“ဟူး။ တကယ် သက်သောင့်သက်သာ ရှိလိုက်တာ...”
လုချန်း၏ စကားများ၊ အထူးသဖြင့် နောက်ဆုံး စာကြောင်းကို ကြားသောအခါ စုဟန်ယန် ဒေါသထွက်လွန်း၍ သွားများပင် ယားယံလာသလို ခံစားလိုက်ရသည်။
သူမသည် သူ၏ သနားညှာတာမှုအောက်တွင် လုံးလုံးလျားလျား ရောက်ရှိနေပြီဖြစ်သည်။
မှန်ပါသည်။ သူမ ထွက်ပြေးချင်လျှင်ပင် ပြေးစရာ နေရာ မရှိပေ။ လုချန်း၏ စွမ်းရည်များဖြင့်ဆိုလျှင် သူမ ထျန်းချန်ကမ္ဘာ၏ မည်သည့်နေရာ၌ ပုန်းအောင်းနေပါစေ သူမကို ရှာဖွေတွေ့ရှိနိုင်လောက်သည်။
သို့ဖြစ်၍ သူမ လုပ်နိုင်တာက တစ်ခုတည်း ရှိသည်။ ၎င်းမှာ လုချန်းနှင့်အတူ စုံတွဲကျင့်စဉ်ကို ဆက်လက် ကျင့်ကြံရန် ဖြစ်သည်။ ထို့နောက် သူမ၏ အင်အားကို မြှင့်တင်ရန် အချိန်ယူရမည်။ သူမ ဥပဒေနိယာမ အလုံးစုံ အဆင့်သို့ ရောက်ရှိမှသာလျှင် ထွက်ပြေးရန် အခွင့်အရေး ရရှိပေမည်။
သို့သော် လုချန်းက သူမ၏ အတွေးများကို သိရှိနေပြီဖြစ်ရာ သူက သူမ ဥပဒေနိယာမ အလုံးစုံ အဆင့် ရောက်သည်အထိ လွယ်ကူစွာ ကျင့်ကြံခွင့် ပြုလိမ့်မည် မဟုတ်ပေ။
ဤလူက သူမ၏ အဆင့်နယ်ပယ်ကို ကန့်သတ်ရန် နည်းလမ်းတစ်ခု သေချာပေါက် ရှာဖွေမည် ဖြစ်သည်။ သူမကို သူ၏အနားတွင် အကျဉ်းချထားကာ သူမနှင့် ဆက်လက်၍ ပျော်ပါးနေမည် ဖြစ်သည်။
ယခု ဘယ်လိုလုပ်ရပါမည်နည်း။
သူမ၏ အတွင်းအကျဆုံး အတွေးများကို လုချန်းက မြင်သွားခဲ့ပြီးဖြစ်သည်။
သူမသည် ဤလူထံတွင် ခန္ဓာကိုယ်ကိုလည်း ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။ သူမ၌ ရွေးချယ်စရာ မကျန်တော့သကဲ့သို့ ထင်ရသည်။
စုဟန်ယန် အာရုံလွင့်နေစဉ် လုချန်းက ရုတ်တရက် သူမ၏ နားနားသို့ ကိုင်းညွှတ်လိုက်သည်။
“ကိုယ့်ရဲ့ မိန်းမ။ မင်းက တကယ်ကို...”
ဤစကားများကြောင့် စုဟန်ယန် ပို၍ပင် ဒေါသထွက်သွားသည်။
သို့သော် စုဟန်ယန် တစ်စုံတစ်ခု မပြောနိုင်မီတွင် သူမ၏ နှုတ်ခမ်းများလည်း လုချန်း၏ သိမ်းပိုက်ခြင်းကို နောက်တစ်ကြိမ် ခံလိုက်ရသည်။ သူမ စကားမပြောနိုင်တော့ပေ။ သူ၏ သဘောအတိုင်း ကြိုးကိုင်ခြယ်လှယ်ခံရမည့် ကစားစရာအဖြစ်သို့ နောက်တစ်ကြိမ် ရောက်ရှိသွားသည်။
သူမ ဤအခြေအနေသို့ ကျရောက်သွားပုံကို တွေးမိသောအခါ စုဟန်ယန် ဒေါသထွက်သွားသည်။ လုချန်းအပေါ် လက်စားမချေနိုင်သဖြင့် သူမ အရာ တစ်ခုကိုသာ အားကိုးနိုင်တော့သည်။ ၎င်းမှာ လုချန်းကို ဒုက္ခရောက်စေရန် ကြိုးပမ်းသည့်အနေနှင့် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို လည်ပတ်စေခြင်းပင် ဖြစ်သည်။