← Chapters

'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအား၊ လက်ဦးမှုယူကာတိုက်ခိုက်ခြင်းက အသာစီးရသည်။

Vol. 9 Ch. 125

'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအား၊ လက်ဦးမှုယူကာတိုက်ခိုက်ခြင်းက အသာစီးရသည်။

Vol. 9 Ch. 125

မှန်ပေသည်၊ 'အိပ်မက်ဝိညာဉ်ကူ'အပေါ် ကျိုးစွေ့၏ ယုံကြည်မှုမှာ အခြေအမြစ်မရှိဘဲ ဖြစ်ပေါ်လာခြင်း မဟုတ်ချေ။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း၊ သူသည် လန်ယွဲ့ရှီနှင့် အကြိမ်ပေါင်းများစွာ သိုင်းပညာဖလှယ်ခဲ့ပြီး အခြေတည်အဆင့်နှောင်းပိုင်း၏ ခွန်အားကို တွေ့ကြုံခံစားခဲ့ရသည်။

အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို သူ အမှန်တကယ် အာရုံခံနိုင်ခဲ့သည်။

ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုတွင် သူ၏လက်ရှိအခြေအနေပင်လျှင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။

တိုက်ပွဲတွင် တစ်ချက်တည်းဖြင့်ပင် သူ အသတ်ခံရနိုင်ပေသည်။

သို့သော် ၎င်းသာ အလစ်အငိုက်တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့ပါက အခြေအနေများမှာ လုံးဝ ကွဲပြားသွားပေလိမ့်မည်။

'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားဖြင့် သူသည် အသံမထွက်ဘဲ ပုံရိပ်ယောင်တစ်ခု ဖန်တီးနိုင်ပြီး၊ အခြေတည်အဆင့် ကျင့်ကြံသူကို ဘာကိုမျှသတိမထားမိစေဘဲ ထောင်ချောက်ဆင်နိုင်သည်။

ယခင်က လန်ယွဲ့ရှီနှင့်လည်း ထိုသို့ ပြုလုပ်ခဲ့ဖူးပြီးဖြစ်သည်။

တစ်ခဏတာဂရုမစိုက်မိသည့်အခိုက်အတန့်အတွင်း၊ သူမသည် 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားထဲတွင် ပိတ်မိသွားခဲ့ပြီး၊ သူမသည် အမှန်တကယ် တစ်စက္ကန့်ကြာ အိပ်မက်ထဲသို့ ကျရောက်သွားခဲ့သည်။

၎င်းက လန်ယွဲ့ရှီကို ချွေးစေးများ ပြန်သွားစေခဲ့သည်။

ဤသည်မှာ သေရေးရှင်ရေးတိုက်ပွဲတစ်ခုတွင် ဖြစ်ခဲ့ပါက၊ သူမသည် မည်သို့မျှမခုခံနိုင်ဘဲ အသတ်ခံခဲ့ရပေလိမ့်မည်။

ထိုအချိန်မှစ၍ ကျိုးစွေ့သည် 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားကို နားလည်သဘောပေါက်သွားပြီး၊ ၎င်းမှာ သူ၏အဆင့်ထက် မြင့်မားသူများကိုပင် သေချာပေါက် စိန်ခေါ်နိုင်ပေသည်။

"သဘောပေါက်ပြီ… ရှင်ရဲ့ လျှို့ဝှက်ဝိညာဉ်နည်းစနစ်…"

"ရှင့်ရဲ့ လျှို့ဝှက်ဝိညာဉ်နည်းစနစ်နဲ့ ကျွန်မရဲ့ အငိုက်ဖမ်းတိုက်ခိုက်မှုနဲ့သာဆိုရင်… အဲ့ဒီ အခြေတည်အဆင့် တစ်ကိုယ်တော်ကျင့်ကြံသူအုပ်စု ခံနိုင်ရည်မရှိမှာကိုတောင် ကြောက်မိသေးတယ်… "

လန်ယွဲ့ရှီ၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားသည်။

သူမ၏ယောက်ျားနှင့် သိုင်းပညာဖလှယ်ခဲ့သည်ကို ပြန်လည်အမှတ်ရလိုက်သည်။ ထိုစဉ်က သူမ ပေါ့ဆခဲ့မိသည်ဆိုသော်ငြား၊ အကျိုးသက်ရောက်မှုမှာ အတော်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

မည်သို့ပင်ဖြစ်စေ၊ သူမ၏ယောက်ျားမှာ ချီသန့်စင်ခြင်းအဆင့်(၉)တွင်သာ ရှိသေးပြီး၊ သူသာ အခြေတည်အဆင့်သို့ တက်လှမ်းခဲ့ပါက အဆင့်တူကျင့်ကြံသူများကို အပြတ်အသတ်အနိုင်ယူကာ ပြိုင်ဘက်ကင်းတစ်ဦး ဖြစ်လာမည်မဟုတ်လော။

အမှန်တကယ်တွင် သူမ၏ယောက်ျားမှာ ပါရမီရှင်တစ်ဦးဖြစ်သည်။ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း၊ သူ၏ဝိညာဉ်အာရုံစွမ်းအားမှာ အခြေတည်အဆင့်နှောင်းပိုင်းနှင့် ညီမျှသည်။ ဤသို့သော ပါရမီမှာ စိတ်ကူးထက်ပင် ကျော်လွန်နေသည်။

သူမသာ ကိုယ်တိုင် မကြုံတွေ့ခဲ့ရပါက၊ ဤလောကတွင် ဤသို့သော ပါရမီရှိသည့် ကျင့်ကြံသူများ ရှိသည်ကို သူမ သိရှိခဲ့မည်မဟုတ်ပေ။

"လက်သီးအချက်တစ်ရာထက် လက်ဦးမှုတစ်ချက်က ပိုကောင်းတယ်တဲ့…"

"မင်းတို့က သေလမ်းကို ရှာချင်နေမှတော့ ငါ့ကို အပြစ်မတင်နဲ့ပေါ့ကွာ…"

ကျိုးစွေ့၏မျက်လုံးများတွင် အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

သူသည် မူလက အေးချမ်းစွာ ကျင့်ကြံလိုသော်လည်း၊ တစ်စုံတစ်ယောက်က သူ၏ငြိမ်းချမ်းမှုအပေါ် မကြည့်ရှုစိမ့်နိုင်မည်ဟု မည်သူက ထင်ထားမည်နည်း။

ထိုသို့ဆိုမှတော့၊ သူသည် ဦးစွာ တိုက်ခိုက်ပြီး သူတို့ကို ငရဲသို့ ပို့ဆောင်ရုံသာ ရှိသည်။

…

ညဉ့်နက်သန်းခေါင်ယံ၊ ချိုင့်ဝှမ်းတစ်ခု၏ အပြင်ဘက်၊ ယာယီစခန်းတစ်ခုတွင်။

ခေါင်းဆောင်မှာ ချူဖူချိုင်ဟု အမည်ရသော အခြေတည်အဆင့်နှောင်းပိုင်း တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူသည် နာမည်ဆိုးဖြင့် ကျော်ကြားသော ဓားပြတစ်ဦးဖြစ်ပြီး၊ အန္တရာယ်များကာ အလွန်ပင်ရက်စက်ကြမ်းကြုတ်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများ သူ၏လက်ထဲတွင် သေဆုံးခဲ့ရချေသည်။

ချင်းမုဂိုဏ်းမှပင်မတပည့်တစ်ဦးပင်လျှင် သူ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ဤအကြောင်းကြောင့် သူသည် ချင်းမုဂိုဏ်း၏ အလိုရှိစာရင်းတွင် ထည့်သွင်းခံခဲ့ရပြီး၊ ရွှေအမြုတေအဆင့် ကျင့်ကြံသူများကပင် သူ့ကို အမဲလိုက်ခဲ့ကြသည်။

ထို့ကြောင့် သူသည် ကြောက်လန့်သွားပြီး၊ တိမ်မြူခိုးတောင်တန်းများတွင် ပုန်းအောင်းကာ ၎င်း၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်ကို အားကိုး၍ ရှင်သန်ခဲ့ရသည်။

သို့သော် သူ၏ ရက်စက်ကြမ်းကြုတ်သော စရိုက်နှင့်၊ စည်းစိမ်ဥစ္စာအပေါ် တပ်မက်မှုက မပြောင်းလဲသေးချေ။

သူသည် တိမ်မြူခိုးတောင်တန်းများတွင် လုယက်မှုများနှင့်လူသတ်မှုများ မကြာခဏ ကျူးလွန်လေ့ရှိသည်။

သူ၏ဘေးတွင် အခြေတည်အဆင့် ကျင့်ကြံသူသုံးဦး ရှိနေသည်။ တစ်ဦးမှာ အခြေတည်အဆင့်အလယ်ပိုင်းဖြစ်ပြီး နှစ်ဦးမှာ အခြေတည်အဆင့်အစောပိုင်းများ ဖြစ်ကြသည်။ သူတို့သည် တိမ်မြူခိုးတောင်တန်းများတွင် တစ်ဦးနှင့်တစ်ဦး သိကျွမ်းခဲ့ကြပြီး သွေးသောက်ညီအစ်ကိုများ ဖြစ်လာကြခြင်း ဖြစ်သည်။

ဤအခြေတည်အဆင့် ကျင့်ကြံသူလေးဦးစလုံးမှာ တူညီသော ကံဆိုးမိုးမှောင်ကျမှုကို ခံစားခဲ့ရသည်ဟု ဆိုနိုင်ပေသည်။

ရွှေအမြုတေဂိုဏ်းများ၏ အမဲလိုက်ခြင်းကို ခံရသောကြောင့် သူတို့သည် တိမ်မြူခိုးတောင်တန်းများတွင် ပုန်းအောင်းခဲ့ကြပြီး၊ သေမင်း၏နှုတ်ခမ်းဝမှ လက်မတင်လေး လွတ်မြောက်ခဲ့ကြသည်။

ဤအခြေတည်အဆင့် ကျင့်ကြံသူလေးဦးကို တိမ်မြူခိုးမိစ္ဆာလေးကောင်ဟု ရည်ညွှန်းကြပြီး၊ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။

ဤပတ်ဝန်းကျင်သာ ထိုမျှ မကြမ်းတမ်းဘဲ ကျင့်ကြံသူအရေအတွက်သည်လည်း မနည်းပါးခဲ့ပါက၊ သူတို့သည် ကြီးမားသော အခြေတည်အဆင့် အင်အားစုတစ်ခုကို တည်ထောင်ပြီး၊ ဤဒေသတွင် စိတ်ကြိုက်မင်းမူနိုင်ကြပေမည်။

"ညီအစ်ကိုချူ.. ငါတို့ တကယ်ပဲ အခြေတည်အဆင့် အမျိုးသမီးကျင့်ကြံသူကို တိုက်ခိုက်ရမှာလား… အဲ့ဒီအမျိုးသမီးကျင့်ကြံသူက အခြေတည်အဆင့်နှောင်းပိုင်း ဂိုဏ်းကျင့်ကြံသူတစ်ယောက်နော်… သူက ကိုင်တွယ်ရလွယ်ကူတာမဟုတ်ဘူး…"

ရုပ်ဆိုးသောမျက်နှာရှိ အခြေတည်အဆင့်အလယ်ပိုင်း အနက်ရောင်ဝတ်ရုံဖြင့် လူတစ်ဦးက ပြောလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကျင့်ကြံသူမှာ ကိုင်တွယ်ရလွယ်ကူသူမဟုတ်ဟု သူခံစားမိသည်။

"ဟားဟား.. ဘာကြောက်စရာရှိလို့လဲ… အခြေတည်အဆင့်နှောင်းပိုင်း အမျိုးသမီးကျင့်ကြံသူတစ်ယောက်ပဲလေကွာ… သူက အခြေတည်အဆင့်နှောင်းပိုင်း.. အေး ဒါပေမဲ့ ငါလည်း တူတူပဲ မဟုတ်ဘူးလားကွ…"

ချူဖူချိုင်၏ မျက်လုံးများက အေးစက်စက် အလင်းတောက်ပလာသည်။

"ဒီရက်ပိုင်းအတွင်း.. ငါ့လေ့လာမိသလောက် အဲ့ဒီချိုင့်ဝှမ်းထဲမှာ အခြေတည်အဆင့်နှောင်းပိုင်း အမျိုးသမီးကျင့်ကြံသူတစ်ယောက်ပဲ ရှိတယ်… တခြားလေးယောက်က ချီသန့်စင်ခြင်းအဆင့်(၈)နဲ့ (၉)မှာပဲရှိတယ်.. ပြောပလောက်တာမဟုတ်ဘူး…”

"ချိုင့်ဝှမ်းထဲမှာ တပ်ဆင်ထားတာကလည်း ပထမအဆင့် အစီအရင်တွေ… ငါတို့ကို ဘယ်လိုမှ မတားဆီးနိုင်ဘူး… ငါတို့လေးယောက်သာ လှုပ်ရှားလို့ကတော့.. ဒါက ငှက်ပျောသီးအခွံနွှာသလိုပဲပေါ့…"

အခြေတည်နှောင်းပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်အား ကိုင်တွယ်ရခြင်းနှင့် ပတ်သက်၍ မည်သည်ပြဿနာမှ ရှိမည်မဟုတ်ကြောင်း ယုံကြည်နေကာ၊ သူ့ထံမှ နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်က ဖြာထွက်လာသည်။

ယခင်က အဆင့်တူ ကျင့်ကြံသူများကို သူသတ်ဖြတ်ခဲ့ဖူးသည်။

ဂိုဏ်းများ၏ ပင်မတပည့်များပင်လျှင် သူ့အား မယှဉ်နိုင်ချေ။

ကြိုတင်ပြင်ဆင်မထားသော ရန်သူအား ကြိုတင်ပြင်ဆင်ထားသောသူ့နှင့် ယှဉ်ပြိုင်ရာတွင် သူ၏အောင်ပွဲမှာ သေချာပေသည်။

"ငါလည်း အစ်ကိုချူရဲ့အစီအစဉ်ကို သဘောတူတယ်.. အခြေတည်နှောင်းပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ကြောက်ဖို့ကောင်းတာမှန်ပေမဲ့.. တိုက်ခိုက်ရေးနဲ့ပတ်သက်လာရင် ဘယ်သူက အစ်ကိုချူနဲ့ ယှဉ်ပြိုင်နိုင်မှာလဲ… ငါတို့ အခြေတည်အဆင့် ကျင့်ကြံသူသုံးယောက်က ဘေးကနေ ကူညီပေးလိုက်ရင်… အခြေတည်နှောင်းပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူက ငါတို့အတွက် ဘာမှမဟုတ်ဘူးလို့ ငါယုံကြည်တယ်…"

နှာတံချွန်ချွန် ပိန်လှီသောမျက်နာရှိ အခြေတည်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။

"အမှန်ပဲ.. အခြေတည်အဆင့် အမျိုးသမီးကျင့်ကြံသူက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေးယောက်ကို တိမ်မြူခိုးတောင်တန်းတွေဆီ ခေါ်လာတယ်တဲ့… အနီးနားမှာလည်း တခြားကျင့်ကြံသူတွေ မရှိဘူး.. ငါတို့ရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရရင်တောင်.. သူတို့ ဘာအကူအညီမှ ရှာတွေ့နိုင်မှာမဟုတ်ဘူး…"

"ငါအနီးနားက အခြေတည်အဆင့် မိသားစုတွေအကြောင်း စုံစမ်းပြီးပြီ… သူတို့က အဲ့ဒီ အခြေတည်အဆင့် အမျိုးသမီးကျင့်ကြံသူနဲ့ မရင်းနှီးကြဘူး.. သူတို့က ဒီအတိုင်း ခရီးသွားဟန်လွဲ တွေ့ကြတာ.. သေချာပေါက် ကူညီကြမှာမဟုတ်ဘူး…"

"စဉ်းစားကြည့်စမ်း.. ငါတို့သာ ဒီအခြေတည်အဆင့် အမျိုးသမီးကျင့်ကြံသူကို သတ်ပစ်လိုက်ရင်.. သူ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေ.. ဆေးလုံးတွေ.. လျှို့ဝှက်ပညာရပ်တွေနဲ့ တခြားရတနာတွေအားလုံး ငါတို့အပိုင် ဖြစ်လာမှာ…"

"ဒါက လျှို့ဝှက်ဂူတစ်ခုကို စူးစမ်းရှာဖွေတာထက်တောင် သေချာပေါက် ပိုအကျိုးအမြတ်ရှိတယ်.. သေချာပေါက် ငါတို့ ချမ်းသာမှာ…"

အခြား အခြေတည်အစောပိုင်းအဆင့် ကျင့်ကြံသူကလည်း သူတို့ကို လုယက်ရန် စိတ်ကူးအား သဘောတူသည်။ သူသည် ၎င်းတို့၏သိုလှောင်အိတ်များကို စစ်ဆေးရန်ပင် စိတ်ကူးယဉ်နေချေသည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးက မည်မျှချမ်းသာမည်အား သူတို့ သေချာမသိချေ။

သို့သော် သေချာသည်မှာ သူတို့၏စိတ်နှလုံး ကျေနပ်သည်အထိ ပျော်ရွှင်ရန် လုံလောက်မည်ဖြစ်သည်။

"အခြေတည်အဆင့် အမျိုးသမီးကျင့်ကြံသူမှာ ခိုင်မာတဲ့နောက်ခံ ရှိမရှိ.. မင်းတို့ စိုးရိမ်နေတာ ငါသိတယ်…"

"မေးရမှာက.. သူ့မှာရှိခဲ့ရင်တောင် ဘာဖြစ်လဲ.. ငါတို့လေးယောက်လုံးက ရွှေအမြုတေဂိုဏ်းတွေရဲ့ အမဲလိုက်ခြင်းကို ခံနေရတာ.. ငါတို့က အလိုရှိစာရင်းဝင်နေပြီလေ…"

"ငါတို့အပေါ်မှာ ဆုကြေးငွေ ပိုတိုးလာလို့ရော ဘာဖြစ်လဲ.. ရွှေအမြုတေအဆင့် ကျင့်ကြံသူအများကြီးက ငါတို့ကို ဖမ်းဆီးဖို့ စေလွှတ်ခြင်းခံရမတဲ့လား…"

"တစ်တက်စားလည်း ကြက်သွန်.. နှစ်တက်စားလည်း ကြက်သွန်ပဲ… ဘာမှ ထူးမနေတော့ဘူး.. ဘာမှ ကြောက်မနေကြနဲ့… ဟားဟား..”

ချူဖူချိုင်က အေးစက်စွာ ရယ်မောလိုက်သည်။

"မင်းတို့အားလုံးပြောတာ ကျိုးကြောင်းဆီလျော်တယ်.. ငါသဘောတူတယ်ကွာ.. ဒါဆို ငါတို့ ဘယ်တော့တိုက်ခိုက်ကြမလဲ…"

အနက်ရောင်ဝတ်ရုံဖြင့် အဘိုးကြီးမှာလည်း စိတ်ဝင်စားလာပုံရပြီး စိတ်ဒုံးဒုံးချလိုက်သည်။

"အရမ်းလောစရာမလိုဘူး.. ငါတို့ရဲ့လှုပ်ရှားမှုတွေက ဒီရက်ပိုင်းထဲမှာ နည်းနည်းများသွားတော့.. တခြားတစ်ဖက်က သတိထားမိသွားနိုင်တယ်…"

"ခဏစောင့်လိုက်ကြစို့.. အခြေအနေတွေ တည်ငြိမ်သွားတဲ့အခါမှ လျှပ်တစ်ပြတ်တိုက်ကြမယ်…”

"ငါတို့ အဲ့ဒီ အခြေတည်အဆင့် အမျိုးသမီးကျင့်ကြံသူကို အငိုက်ဖမ်းပြီး တိုက်မယ်…"

"အဲ့ဒီအခါကျရင် သူက ငါတို့ကို ဘာမှတောင် ပြန်မလုပ်လိုက်နိုင်ဘဲ.. သူအိပ်ပျော်နေတုန်းတောင် ငါတို့သတ်တာ ခံလိုက်ရနိုင်တယ်…”

ချူဖူချိုင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ကောင်းပြီ.. ဒါဆို ကိစ္စအားလုံး မင်းကိုပဲ အားကိုးလိုက်တော့မယ်နော်.. အစ်ကိုချူ.."

အခြေတည်အဆင့် ကျင့်ကြံသူသုံးဦးက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ဘန်း…။

ရုတ်တရက် မမြင်နိုင်သော ဝိညာဉ်အာရုံလှိုင်းတစ်ခုက လျှပ်ပြက်လိုက်သည့်နှယ် ဖြတ်သန်းသွားပြီး၊ အခြေတည်အဆင့် ကျင့်ကြံသူလေးဦးကို ချက်ချင်းပင် ဖုံးလွှမ်းသွားသည်။

All Chapters