အဆင့်နှစ် ယောင်သားရဲအမြုတေ ထပ်မံရရှိခြင်း၊ အံ့မခန်း ကြွယ်ဝချမ်းသာမှု
Vol. 9 Ch. 129
ထိုအခိုက်အတန့်တွင် ချိုင့်ဝှမ်းအတွင်း၌။
အခြေတည်အဆင့်ကျင့်ကြံသူများ၏ မှတ်ဉာဏ်များဖြင့် ကျိုးစွေ့သည် တိမ်မြူခိုးမိစ္ဆာလေးကောင်ပိုင်ဆိုင်ခဲ့သော သိုလှောင်အိတ်များကို ဖွင့်လိုက်ပြီး၊ ၎င်းပေါ်မှ တားမြစ်ချက်ကို ချိုးဖျက်ကာ အတွင်းရှိ ရတနာများကို စတင်ရေတွက်တော့သည်။
"ငါတော့ချမ်းသာပြီ.. ဝိညာဉ်ကျောက်တုံးတွေ အများကြီးပဲ…"
"သူတို့တွေ ဝိညာဉ်ကျောက်ကြောတစ်ခုကိုများ တူးဖော်တွေ့ရှိခဲ့တာလား… အလယ်အလတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီးပဲ…"
ကျိုးစွေ့၏မျက်လုံးများ ချက်ချင်းပင် ဝင်းလက်သွားသည်။
သူသည် သိုလှောင်အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံးအမြောက်အမြားကို တွေ့ရှိခဲ့ပြီး၊ ၎င်းတို့အားလုံးမှာ အလယ်အလတ်ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသည်။ စုစုပေါင်း အလယ်အလတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းခန့် ရှိပြီး ယင်းက ဖြုံလောက်စရာကြွယ်ဝမှုဖြစ်၏။
အလယ်အလတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်သန်းခန့်နှင့် ညီမျှသည်။
ဤပမာဏသည် အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းလှသည်။
သာမန် အခြေတည်အဆင့်ကျင့်ကြံသူများသည် ဤမျှများပြားသော ကြွယ်ဝမှုကို ပိုင်ဆိုင်နိုင်ကြမည်မဟုတ်ပေ။ အလယ်အလတ် ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းအနည်းငယ် ရှိခြင်းကိုပင် အလွန်ကောင်းသည်ဟု ယူဆနိုင်သည်။
မည်သို့ပင်ဖြစ်စေ၊ အခြေတည်အဆင့် ကျင့်ကြံသူများသည်လည်း ဆေးလုံးများ၊ ဝိညာဉ်လက်နက်များနှင့် အခြားအရာများ ဝယ်ယူရန် ဝိညာဉ်ကျောက်တုံးများစွာ လိုအပ်သည်။ တစ်ကိုယ်တော်ကျင့်ကြံသူများအနေဖြင့် ရရစားစား ဖြစ်ရာ၊ ချန်ထားရန် အပိုငွေများ ရှိလိမ့်မည်မဟုတ်ချေ။
မှန်ပေသည်၊ ဤသည်မှာ ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်များကဲ့သို့သော ချမ်းသာကြွယ်ဝသူများနှင့်တော့ မသက်ဆိုင်ပေ။
ထိုသို့သော ကျွမ်းကျင်ပုဂ္ဂိုလ်များသည် ကျင့်ကြံခြင်းလောကတွင် ချမ်းသာကြွယ်ဝသည်ဟု လူသိများပြီး၊ သူတို့ ရှာဖွေနိုင်သည့် ဝိညာဉ်ကျောက်တုံးအရေအတွက်မှ အကန့်အသတ်မရှိပေ။
တစ်ခါတစ်ရံ၌ ရွှေအမြုတေဆရာသခင်တစ်ဦး၏ ပိုင်ဆိုင်မှုသည်ပင်၊ ဒုတိယအဆင့် ဝါရင့်ဆေးဖော်စပ်ပညာရှင်တစ်ဦးနှင့် မနှိုင်းယှဉ်နိုင်ပေ။
သို့သော် ဤတိမ်မြူခိုးမိစ္ဆာလေးကောင်အတွက်မူ သူတို့တွင် ဝိညာဉ်ကျောက်တုံးများစွာ ရှိနေပြီး ၎င်းမှာ လုယက်ခြင်းမှ ရရှိခဲ့ခြင်းသာ ဖြစ်နိုင်ခြေများသည်။
သို့မဟုတ်လျှင် ဤမျှများပြားသော ဝိညာဉ်ကျောက်တုံးများကို သိုလှောင်ထားနိုင်မည်မဟုတ်ပေ။
ရိုးရိုးသားသားပြောရလျှင် သူသာ ဝိညာဉ်ဝိုင်ရောင်းချခြင်းကို အစွမ်းကုန်ပြုလုပ်ခဲ့လျှင်ပင်၊ ဤမျှများပြားသော ဝိညာဉ်ကျောက်တုံးများကို စုဆောင်းရန် အချိန်မည်မျှကြာမည်ကို သူ မသိပေ။
အခြေတည်အဆင့် လုယက်ကျင့်ကြံသူများဖြစ်ဖို့ ထိုက်တန်ပေသည်။ ၎င်းတို့သည် အမှန်တကယ် ချမ်းသာကြွယ်ဝကြသည်။
လုယက်မှု အောင်မြင်ခဲ့ပါက ၎င်းမှာ တစ်ညတည်းဖြင့်ချမ်းသာကြွယ်ဝလာခြင်းပင် ဖြစ်သည်။
ဤလုယက်ကျင့်ကြံသူများက အခြားသူများကို လုယက်ပြီး၊ သူက ဤလုယက်ကျင့်ကြံသူများကို လုယက်သည်။ ၎င်းမှာ သူခိုးလက်မှ သူဝှက်လုကာ၊ ပြည်သူများအတွက် မကောင်းဆိုးဝါးများကို ဖယ်ရှားခြင်းပင် ဖြစ်၏။
တိမ်မြူခိုးတောင်တန်းမှ ကျင့်ကြံသူများသည် ဤလုယက်ကျင့်ကြံသူများကို ဖယ်ရှားပေးသည့်အတွက် သူ့ကိုပင် ကျေးဇူးတင်ကြရပေလိမ့်မည်။
"ဒါတွေအားလုံးက မိစ္ဆာလမ်းစဥ်ရဲ့ လျှို့ဝှက်ကျမ်းတွေပဲ… သူတို့က လုယက်ကျင့်ကြံသူတွေ ဖြစ်တာ အံ့ဩစရာမဟုတ်တော့ဘူး…"
"ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်တဲ့ လျှို့ဝှက်နည်းစနစ်တွေလဲ…"
"ဒါတွေအားလုံး ‘စာအုပ်ကူ’အတွက် အစာတွေပဲပေါ့…”
ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။
ဤအခြေတည်အဆင့် လုယက်ကျင့်ကြံသူလေးဦးတွင် အနည်းဆုံး မိစ္ဆာလမ်းစဥ် လျှို့ဝှက်ကျမ်း ဒါဇင်ပေါင်းများစွာ သို့မဟုတ် အမွေအနှစ်မှတ်တမ်းကျောက်စိမ်းများ သယ်ဆောင်ထားသည်ကိုလည်း သူတွေ့ရှိခဲ့သည်။
တစ်ခုချင်းစီမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်ပြီး အခြားသူများကို အန္တရာယ်ဖြစ်စေသည်။
အရေအတွက်အရဆိုလျှင် ၎င်းမှာ လုမိသားစု၏ကျမ်းစာဆောင်နှင့် သေချာပေါက် မနှိုင်းယှဉ်နိုင်ပေ။
သို့သော် အရည်အသွေးအရဆိုလျှင် ၎င်းမှာ မလျော့နည်းပေ။
သူသည် ဤမိစ္ဆာလမ်းစဥ်လျှို့ဝှက်ကျမ်းများကို မကျင့်ကြံသော်လည်း 'စာအုပ်ကူ'ကိုမူ ကျွေးမွေးနိုင်သေးသည်။
ဤနည်းအားဖြင့် သူသည် သူ၏နားလည်နိုင်စွမ်းကို သိသိသာသာ တိုးမြင့်စေနိုင်ပြီး၊ သူ၏ ဆေးဖော်စပ်ပညာရှင် ကျင့်ကြံမှုကို မြှင့်တင်ရန် လွယ်ကူစေနိုင်သည်။
သို့မဟုတ်ပါက၊ အခြားကျင့်ကြံခြင်းနည်းစနစ်များနှင့် ပညာရပ်များ၏ စွမ်းရည်များတွင် အသုံးပြုနိုင်သည်။
အထူးသဖြင့်၊ သူ၏ အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ကျမ်းသည် နှလုံးသားမျက်လုံးတစ်ခုအဖြစ် အပြည့်အဝစုစည်းရန် အချိန်များစွာ ယူရနိုင်ပေသည်။
ထို့ကြောင့် သူသည် ဤလျှို့ဝှက်ကျမ်းများကို မည်မျှပင် ဆိုးယုတ်စေကာမူ လက်လွတ်ခံမည်မဟုတ်ပေ။ တစ်ခါမျှ မရရှိဖူးသော လျှို့ဝှက်ကျမ်းများ ဖြစ်နေသရွေ့ သူသည် ၎င်းတို့အားလုံးကို လိုချင်သည်။များလေ ပိုကောင်းလေပင်ဖြစ်သည်။
မှန်ပေသည်၊ ဤလျှို့ဝှက်ကျမ်းများအပြင် တိမ်မြူခိုးတောင်တန်းများတွင် တိမ်မြူခိုးမိစ္ဆာလေးကောင် အမဲလိုက်ခဲ့သော သားရဲများ၏ အသားများနှင့်ပစ္စည်းအမျိုးမျိုးတို့လည်း ရှိသေးသည်။
ထို့အပြင်၊ အဆင့်အမျိုးမျိုးရှိ မှော်လက်နက် ၁၃၆ခုနှင့် အဆင့်နိမ့် ဝိညာဉ်လက်နက် ၄ခုပင် ရှိသေးသည်။
အားလုံးပေါင်းလိုက်လျှင် ၎င်းမှာ အနည်းဆုံး အလယ်အလတ် ဝိညာဉ်ကျောက်တုံး တစ်သောင်းငါးထောင် တန်ဖိုးရှိသည်။
အခြားကျင့်ကြံသူများကို လုယက်ခြင်းသည် အမှန်တကယ်တွင် ကြွယ်ဝချမ်းသာမှုအတွက် ဖြတ်လမ်းတစ်ခုဖြစ်သည်မှာ ဝန်ခံရပေမည်။
တိမ်မြူခိုးမိစ္ဆာလေးကောင် ၎င်းအား ဘယ်တော့မှ မငြီးငွေ့ခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။
သို့သော် သင်သည် မြစ်ကမ်းစပ်တွင် မကြာခဏ လမ်းလျှောက်ပါက စိုစွတ်ခြင်းကို ခံရမည်မှာ မလွဲဧကန်ပင်။ ကျရှုံးမှုတစ်ခုတည်းက အပြီးတိုင်ပျက်စီးခြင်းကို ကြုံတွေ့ရစေနိုင်သည်။
"ဒီတစ်ကိုယ်တော်ကျင့်ကြံသူတွေက အရမ်းကို ချမ်းသာတာပဲ… "
ဘေးမှ စောင့်ကြည့်နေသော လန်ယွဲ့ရှီသည်လည်း တိတ်တဆိတ် အံ့အားသင့်နေသည်။
သူမသည် အင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းသခင်ငယ်ဖြစ်ပြီး၊ ဂိုဏ်းချုပ်၏သမီးဖြစ်ရာ အတော်အတန် ကြွယ်ဝချမ်းသာသူဖြစ်သည်။
သို့သော် လှည့်လည်သွားလာပြီး လုယက်နေသော ဤကျင့်ကြံသူများနှင့် သူမ မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
မည်သို့ပင်ဖြစ်စေ၊ ဂိုဏ်း၏လစာကိုသာ အားကိုးခြင်းဖြင့် ဤမျှများပြားသော ကြွယ်ဝမှုအား စုဆောင်းရန် ခက်ခဲပေလိမ့်မည်။
အခြေခံအားဖြင့် သူမ ငွေရှာဖွေလိုပါက ကျင့်ကြံသူမိသားစုကြီးအမျိုးမျိုးအား အကာအကွယ်ပေးခြင်း၊ ဂုဏ်သတင်းအပေါ် ကျေးဇူးသိတတ်မှုများကိုသာ မှီခိုအားထားခဲ့ရသည်။
"မတတ်နိုင်ဘူးလေ.. သူတို့က သာမန် အခြေတည်အဆင့် တစ်ကိုယ်တော်ကျင့်ကြံသူတွေမဟုတ်ဘဲ… နာမည်ကျော် တိမ်မြူခိုးမိစ္ဆာလေးကောင်ပဲ…"
"ချင်းမုဂိုဏ်းရဲ့ အလိုရှိစာရင်းထဲတောင် ပါသေးတာ.. ဒီလောက် နာမည်ကြီးမှာတော့.. ဟုတ်တာပေါ့ သူတို့ ချမ်းသာမှာပဲလေ.."
"နေဦး.. အဆင့်နှစ်ယောင်သားရဲအမြုတေ.. တကယ်ပဲ အဆင့်နှစ်ယောင်သားရဲအမြုတေ ရှိနေတာပဲ…"
ကျိုးစွေ့၏မျက်လုံးများက အံဩမှုနှင့်စိတ်လှုပ်ရှားမှုများဖြင် တောက်ပလာသည်။
သူသည် မူလက နောက်ထပ် အကျိုးအမြတ်များ ရှိတော့မည်မဟုတ်ဟု ထင်ခဲ့သည်။
သို့သော် သေသေချာချာ ရှာဖွေပြီးနောက် သိုလှောင်အိတ်ထဲတွင် အဆင့်နှစ်ယောင်သားရဲအမြုတေတစ်ခုကို တွေ့ရှိခဲ့သည်။
ဤတိမ်မြူခိုးမှ မိစ္ဆာလေးကောင်သည်လည်း တိမ်မြူခိုးတောင်တန်းတွင် အဆင့်နှစ် ယောင်သားရဲအချို့ကို အမဲလိုက်ရင်း အကျိုးအမြတ်အချို့ ရရှိခဲ့သည်မှာ ထင်ရှားပေသည်။
အဆင့်နှစ်ယောင်သားရဲများစွာတွင် အမြုတေများ မရှိသော်လည်း အရေအတွက် လုံလောက်လာသည့်အခါ အချို့အား ရရှိမည်မှာ မလွဲပေ။
တိမ်မြူခိုးမိစ္ဆာလေးကောင်သည်လည်း ဤအတိုင်းပင် ဖြစ်သည်။
သူတို့သည် အဆင့်နှစ် ယောင်သားရဲတစ်ကောင်ကို အမဲလိုက်သည့်အခါတွင် ၎င်းထံမှ အဆင့်နှစ် ယောင်သားရဲအမြုတေတစ်ခုကို ရရှိခဲ့သည်။
သို့သော် ၎င်းကို အချိန်မီ မရောင်းချခဲ့ရသောကြောင့်၊ ယခုအခါ ကျိုးစွေ့လက်အတွင်းသို့ ကျရောက်သွားရချေသည်။
"ကောင်းလိုက်တာ.. ဒီအဆင့်နှစ် ယောင်သားရဲအမြုတေနဲ့ဆိုရင် ငါ အခြေတည်ဆေးလုံး ထပ်ပြီး ဖော်စပ်နိုင်ပြီ…"
ကျိုးစွေ့ ဝမ်းသာအားရဖြင့် ဟစ်ကြွေးလိုက်သည်။
မူလက သူသည် အမြုတေများ ရရှိရန်အတွက် တာအိုလက်တွဲဖော် လန်ယွဲ့ရှီနှင့် ပူးပေါင်းကာ၊ အဆင့်နှစ် ယောင်သားရဲများကို ဆက်လက်အမဲလိုက်ရန် စီစဉ်ထားခဲ့သည်။
သို့သော် ယခုမူ နောက်ထပ် စွန့်စားမှုများ ပြုလုပ်ရန် မလိုအပ်တော့ပုံရသည်။
မည်သို့ပင်ဖြစ်စေ၊ တိမ်မြူခိုးတောင်တန်းကို ယောင်သားရဲများက လွှမ်းမိုးထားသည်။ အဆင့်နှစ် ယောင်သားရဲများ အလွန်အကျွံ အမဲလိုက်ခံရပါက သားရဲလှိုင်းလုံးတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။ သူသာ တောင်တန်းအတွင်းပိုင်းနက်ရှိုင်းသောနေရာရှိ အဆင့်သုံး ယောင်သားရဲတစ်ကောင်ကို ဒေါသထွက်စေပါက ဘေးဒုက္ခ ကျရောက်ပေလိမ့်မည်။
ယခုအခါ ဤအဆင့်နှစ် ယောင်သားရဲအမြုတေဖြင့် အရာအားလုံး အဆင်ပြေသွားပြီဖြစ်ပြီး၊ သူသည် အခြေတည်ဆေးလုံးကို သေချာပေါက် ဖော်စပ်နိုင်တော့မည် ဖြစ်သည်။
"ဂုဏ်ယူပါတယ် ယောက်ျား…"
လန်ယွဲ့ရှီသည်လည်း အလွန်ဝမ်းမြောက်သွားပြီး သူတို့၏ပျော်ရွှင်မှုကို နှစ်ဆတိုးစေသည်။
သူမယောက်ျား၏ ဆေးဖော်စပ်ပညာ ကျွမ်းကျင်မှု၊ အဆင့်နှစ် ယောင်သားရဲအမြုတေတစ်ခုဖြင့်ဆိုလျှင်၊ အခြေတည်ဆေးလုံးကို ဖော်စပ်ခြင်းမှာ အခြေခံအားဖြင့် လက်တွေ့ကျသော အာမခံချက်တစ်ခုသာ ဖြစ်သည်။
ထိုတိမ်မြူခိုးမိစ္ဆာလေးကောင်သည် အမှန်တကယ်တွင် ကံကောင်းခြင်း သယ်ဆောင်လာပေးသူများ ဖြစ်သည်။ သူတို့သေဆုံးပြီးနောက်တွင်ပင် ဤမျှကြီးမားသောလက်ဆောင်အား ပေးအပ်ခဲ့သေးသည်။
"ယွဲ့ရှီ အောင်ပွဲခံကြစို့…"
ကျိုးစွေ့သည် လန်ယွဲ့ရှီကို သူမ၏ခါးမှ ပွေ့မလိုက်ပြီး စိတ်လှုပ်ရှားတက်ကြွနေသည်။
"ဟင့်.. ဒါက အောင်ပွဲခံတာမှ မဟုတ်တာ.. ရှင် ကျွန်မကို အခွင့်ကောင်းယူနေတာ ရှင်းနေတာပဲကို.."
လန်ယွဲ့ရှီ၏မျက်နှာမှာ နီမြန်းသွားပြီး သူမ၏ခန္ဓာကိုယ်မှာ ပျော့ခွေသွားကာ မည်သည့်ခွန်အားမျှ မစုစည်းနိုင်တော့ပေ။
သို့သော် သူမသည် ရုန်းကန်မနေဘဲ သူအလိုရှိသလို ပြုစေသည်။
အမှန်အတိုင်းပြောရလျှင် ထိုလက်တွဲဖော်သုံးဦး ဤအရာကို အဘယ်ကြောင့် ဤမျှ စွဲလန်းနေသည်ကို သူမ ယခု နားလည်သွားပြီးဖြစ်သည်။
သူမသည် မူလက အတွေ့အကြုံမရှိဘဲ နားမလည်ခဲ့ပေ။
သို့သော် ဤရက်ပိုင်းအတွင်းလေ့လာသင်ယူပြီးနောက်၊ ဤသည်မှာ ဘဝ၏အဆုံးစွန်သော သာယာမှုများထဲမှ တစ်ခုဖြစ်ကြောင်း သူမ ယခု နားလည်သွားပြီဖြစ်သည်။
၎င်းကို မစွဲလန်းဘဲ နေရန်မှာ လုံးဝမဖြစ်နိုင်သလောက်ပင် ဖြစ်၏။
ထို့အပြင် သူတို့ တူနှစ်ကိုယ်ကျင့်ကြံတိုင်း သူမ၏ကျင့်ကြံမှုနှင့် ရုပ်ခန္ဓာကိုပင် တိုးတက်စေနိုင်သေးသည်။
ဤသည်မှာ သူမတစ်ယောက်တည်း ကြိုးစားပန်းစား ကျင့်ကြံခြင်းထက် များစွာ ပို၍ကောင်းမွန်သည်။
လောကတွင် ဤမျှကျေနပ်စရာကောင်းပြီး၊ ကျင့်ကြံမှုအတွက် အထောက်အကူဖြစ်စေသော လှုပ်ရှားမှုများစွာ ရှိနိုင်မည်နည်း။
ကျိုးစွေ့ကိုလည်း အပြစ်တင်၍မရပေ။
အထူးသဖြင့်၊ ဤလောကတွင် အင်တာနက် သို့မဟုတ် ကေတီဗီ ကဲ့သို့သော ဖျော်ဖြေရေးနေရာများ မရှိချေ။ ညမှောင်လာသည်နှင့်တစ်ပြိုင်နက် တခြားဘာမှလုပ်စရာမရှိတော့သလို၊ လူတိုင်းက ဤမျှစောစီးစွာ အိပ်စက်လိုခြင်းမရှိပေ။
ဤသည်မှာ ရှေးခေတ်က ကလေးများစွာ အဘယ်ကြောင့် မွေးဖွားခဲ့ကြသနည်း၏ အဖြေပင်ဖြစ်သည်။
…
နောက်ထပ် ရက်အနည်းငယ်ကြာပြီးနောက်။
ကျိုးစွေ့သည်လည်း ဆေးလုံးများကို နောက်တစ်ကြိမ် ဖော်စပ်ပြန်သည်။ နောက်ဆုံးတစ်ကြိမ် အောင်မြင်ခဲ့သောကြောင့် ဤတစ်ကြိမ် ဆေးလုံးဖော်စပ်ခြင်း လုပ်ငန်းစဥ်မှာ ပို၍ပင် ချောမွေ့သည်။
တစ်ရက်တည်းမှာပင် သူသည် အောင်မြင်ခဲ့ပြီး အရည်အသွေးမြင့် အခြေတည်ဆေးလုံးသုံးလုံးကို နောက်တစ်ကြိမ် ဖော်စပ်နိုင်ခဲ့သည်။
အမှန်အတိုင်းပြောရလျှင် သူသည် ယခုအခါ အနည်းငယ်အခက်တွေ့နေရသည်။
မည်သို့ပင်ဖြစ်စေ၊ သူသည် အခြေတည်ဆေးလုံးတစ်လုံးသာ လိုအပ်သည်။ အခြားနှစ်လုံးမှာ ပိုလျှံသော အရင်းအမြစ်များသာ ဖြစ်သည်။
သို့သော် ၎င်းမှာ ကြီးမားသောကိစ္စတစ်ခု မဟုတ်ပေ။
အခြေတည်ဆေးလုံးများ အများအပြားရှိခြင်းအား မည်သူက ညည်းညူမည်နည်း။ ၎င်းမှာ မဟာဗျူဟာမြောက် အရင်းအမြစ်ပင်ဖြစ်သည်။
၎င်းကို လေလံတင်လိုက်ပါက၊ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ရူးသွပ်စေပြီး အလွန်မြင့်မားသော ဈေးနှုန်းအား ရရှိပေလိမ့်မည်။