ဇနီးမယားများ အခြေတည်အဆင့်သို့ အောင်မြင်စွာတက်လှမ်းခြင်း၊ ပျော်ရွှင်မှုနှစ်ဆ
Vol. 9 Ch. 130
တစ်လတာသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ချိုင့်ဝှမ်းအတွင်း၌။
ဤသည်မှာ ကျိပင်းယွီ၊ ရှားကျင်းယန်နှင့် မုဇီယန်တို့ တံခါးပိတ်ကျင့်ကြံနေကြသော နေရာဖြစ်သည်။
တစ်လကြာ အပြင်းအထန် ကျင့်ကြံအားထုတ်ပြီးနောက် နောက်ဆုံးတွင် အောင်မြင်မှုများရခဲ့သည်။ သဘာဝဝိညာဉ်စွမ်းအင် အမြောက်အမြား စီးဝင်လာမှုနှင့်အတူ သူတို့၏ခန္ဓာကိုယ်များမှာ အံ့ဩဖွယ်ကောင်းသော ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသည်။
သို့သော် သူတို့၏ တံခါးပိတ်ကျင့်ကြံရာနေရာများကို အစီအရင်တစ်ခုဖြင့် ကန့်သတ်ထားသောကြောင့်၊ သူတို့၏အဆင့်တက်ခြင်းမှ ဆူညံသံကို အခြားသူများ သတိမပြုနိုင်ပေ။
ဘုန်း…။
ထိုအခိုက်အတန့်တွင် ကျိပင်းယွီ၊ ရှားကျင်းယန်နှင့် မုဇီယန်တို့သည် သူတို့၏ ကျင့်ကြံရာနေရာမှ တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာကြပြီး၊ သူတို့၏မျက်နှာများမှာ ပျော်ရွှင်မှုဖြင့် ပြည့်လျှံနေကာ သူတို့၏အရှိန်အဝါမှာ ယခင်ကထက် ဆယ်ဆကျော်ခန့် ပိုမိုအားကောင်းနေသည်။
နောက်ဆုံးတွင် သူတို့သည် အခြေတည်အဆင့်သို့ တက်လှမ်းသွားခဲ့ကြပြီး၊ အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်လာကြသည်မှာ ထင်ရှားပေသည်။
"ဟားဟား.. ညီမတို့… ငါတို့တွေ အခြေတည်အဆင့်ကို တစ်ချိန်တည်းမှာ တက်လှမ်းနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ.. ဒါက တကယ်ကို ဂုဏ်ပြုထိုက်တာပဲ…"
ကျိပင်းယွီသည် အလွန်ဝမ်းမြောက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ရိုးရိုးသားသားပြောရလျှင် သူမသည် ဤနေ့ကို မမျှော်လင့်ထားခဲ့ပေ။
မည်သို့ပင်ဖြစ်စေ၊ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအတွက် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်ခြေမှာ အလွန်ပင် နည်းပါးသည်။ ယခင်အချိန်ကဆိုလျှင်၊ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် ရာနှုန်းပြည့်သေချာသည်ဟု မကြွေးကြော်ရဲချေ။
အခြေတည်ဆေးလုံးတစ်လုံးကပင် သာမန်ကျင့်ကြံသူတစ်ဦး ရရှိနိုင်သောအရာမဟုတ်ပေ။
သို့သော် ယခုမူ သူမ၏ညီမနှစ်ဦးနှင့် သူမကိုယ်တိုင်မှာ တစ်နေ့တည်းတွင် အဆင့်တက်ပြီး အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်လာနိုင်ခဲ့ကြသည်။
ဤသတင်းသာ ပြင်ပသို့ ပေါက်ကြားသွားပါက၊ ၎င်းမှာ သေချာပေါက် ပြောစမှတ်ပြုရမည့် ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်လာပေလိမ့်မည်။
"ဒါက ပုံမှန်ပါပဲ.. ငါတို့ရဲ့ ချီနဲ့သွေး.. မှော်စွမ်းအင်နဲ့ ဝိညာဉ်အားလုံးက ပြီးပြည့်စုံတဲ့အခြေအနေကို ရောက်ရှိနေပြီလေ.. ထိပ်တန်းအဆင့် အခြေတည်ဆေးလုံးနဲ့တောင်မှ ငါတို့ကျရှုံးခဲ့ရင်.. အဲ့ဒါကမှ ထူးဆန်းတဲ့အဖြစ်အပျက် ဖြစ်မှာ…"
ရှားကျင်းယန်သည်လည်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
သူမသည် ထိပ်တန်းအဆင့် အခြေတည်ဆေးလုံးများ၏ ကြီးမားသော တန်ဖိုးကို နားလည်လာခဲ့သည်။ ၎င်းတို့သည် အခြေတည်အုတ်မြစ် တည်ထောင်နိုင်ခြေကို ငါးဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်စွမ်းရှိပြီး၊ လေလံပွဲများတွင် ၎င်းတို့ရရှိခဲ့သော အလွန်မြင့်မားသည့် ဈေးနှုန်းမှာ အမှန်တကယ်တွင် ထိုက်တန်ပေသည်။
သူမ ထိပ်တန်းအဆင့် အခြေတည်ဆေးလုံးကို သောက်သုံးလိုက်သည့်အခါ၊ ၎င်း၏ အစွမ်းထက်သော ဆေးစွမ်းအင်သည် သူမ၏ ရုပ်ခန္ဓာ၊ မှော်စွမ်းအင်နှင့် ဝိညာဉ်အာရုံတို့ကို တိုးတက်စေပြီး ဘက်စုံပြောင်းလဲမှုတစ်ခုကို ယူဆောင်လာခဲ့သည်။
လုပ်ငန်းစဥ်တစ်ခုလုံးမှာ လွန်စွာဘေးကင်းပြီး၊ သူမသည် ချောမွေ့စွာပင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။
သူမကိုယ်တိုင် မကြုံတွေ့ခဲ့ရပါက အခြေတည်အဆင့် လုပ်ငန်းစဥ်သည် ဤမျှ ရိုးရှင်းလွယ်ကူနိုင်သည်ကို သူမ ယုံကြည်ခဲ့မည်မဟုတ်ပေ။
"အင်း.. ဒါတွေအားလုံးက ငါတို့ယောက်ျားကြောင့်ပဲ မဟုတ်ဘူးလား… သူဖော်စပ်ခဲ့တဲ့ ထိပ်တန်းအဆင့် အခြေတည်ဆေးလုံးသာမရှိခဲ့ရင်.. ငါတို့ အခြေတည်အုတ်မြစ်တွေကို အောင်အောင်မြင်မြင် တည်ထောင်ဖို့ ဘယ်လောက်တောင် စောင့်ဆိုင်းရမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ…"
"ငါတို့ယောကျ်ားက ငါတို့ အောင်မြင်သွားပြီဆိုတာကို သိဦးမှာမဟုတ်ဘူး… သူ့ကို အံ့အားသင့်သွားအောင် လုပ်လိုက်ကြရအောင်… "
မုဇီယန်က စိတ်လှုပ်ရှားစွာဖြင့် အကြံပြုလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျိပင်းယွီနှင့် ရှားကျင်းယန်တို့ ချက်ချင်းပင် သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် အခြေတည်အုတ်မြစ် အောင်မြင်စွာတည်ထောင်နိုင်ခြင်း၏ ပျော်ရွှင်မှုကို သူတို့၏ယောက်ျားနှင့် မျှဝေရန် စိတ်အားထက်သန်နေကြသည်။
ဝှစ်…ဝှစ်… ဝှစ်…။
နောက်ထပ်စကားတစ်ခွန်းမျှမဆိုဘဲ ကျိပင်းယွီ၊ ရှားကျင်းယန်နှင့် မုဇီယန်တို့သည် ချိုင့်ဝှမ်း၏ အလယ်ဗဟိုရှိ ကျောက်တုံးအိမ်သို့ ချက်ချင်းရောက်ရှိသွားကြသည်။ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် အတွင်းမှ ရင်းနှီးသောအသံများအား ကြားလိုက်ရသည်။
ကျွီခနဲမြည်သံနှင့်အတူ သူတို့သည် တံခါးကို တွန်းဖွင့်လိုက်ကြသည်။
“ဘာ…”
အတွင်းမှမြင်ကွင်းသည် ချက်ချင်းပင် ကျိပင်းယွီ၊ ရှားကျင်းယန်နှင့် မုဇီယန်တို့ကို တုန်လှုပ်ခြောက်ခြားသွားစေပြီး လုံးဝ မှင်တက်သွားကြသည်။ သူတို့၏ရှေ့မှောက်တွင် ဤသို့သော မြင်ကွင်းမျိုး ပေါ်ပေါက်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
သူတို့တစ်ဦးချင်းစီမှာ မျက်နှာနီမြန်းသွားပြီး မည်သို့ပြောရမည်ကို မသိကြတော့ပေ။
မိနစ်အနည်းငယ်အကြာတွင် သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားသော ကျိုးစွေ့နှင့်၊ မြေကြီးထဲသို့ ခေါင်းမြှုပ်ထားလိုသည့်အလား လုံးဝမျက်နှာနီမြန်းနေသည့် လန်ယွဲ့ရှီတို့ နောက်ဆုံးတွင် အိပ်ခန်းထဲမှ ထွက်ပေါ်လာကြသည်။
"ယောက်ျား.. ကျွန်မတို့ တံခါးပိတ်ကျင့်ကြံနေတုန်း ရှင်နဲ့စီနီယာလန်တို့ ဒီလောက်ရင်းနှီးသွားကြမယ်လို့ မထင်ထားမိဘူး… ဒါက နည်းနည်းလေးများ မြန်မနေဘူးလား…"
ရှားကျင်းယန်က ကျိုးစွေ့အား ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်သည်။
သူမ ပြောစရာစကားလုံးများပင် ပျောက်ဆုံးနေသည်။
ဤယောက်ျားသည် အတော်ပင် မြာပွေကြောင်း၊ သူမ သိသော်လည်း ဤမျှအထိ သွားနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူသည် အခြေတည်အဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးကိုပင် ကြံစည်ရဲခဲ့ပြီး အောင်မြင်ခဲ့သည်။ ၎င်းက မယုံနိုင်စရာပင်။
ကိုယ်တိုင်ကိုယ်ကျ မျက်စိဖြင့်မြင်ရခြင်းသာ မဟုတ်ပါက၊ မည်သူမျှ ယုံနိုင်မည်မဟုတ်ပေ။
တုန်လှုပ်ဖွယ်ကောင်းသော အံ့အားသင့်မှုကြောင့် သူမသည် မည်သို့သော မျက်နှာအမူအရာ ပြုလုပ်ရမည်ကိုမသိတော့သလို၊ သူမ၏လက်ရှိခံစားချက်များ မည်သို့ဖြစ်သည်ကိုပင် မသိတော့ပေ။
"ငါတို့ယောက်ျားလို့ မပြောရဘူး… စီနီယာလန်လို့ နတ်သမီးတစ်ပါးတောင် ရှင့်လက်ကနေ မလွတ်မြောက်နိုင်ခဲ့ဘူး…"
"အဟမ်း.. မဟုတ်သေးဘူး.. သူက ရှင့်ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ခဲ့တာပဲမလား.. ရှင်ကတော့လေ တကယ်ကို အစွမ်းထက်တာပဲ…"
မုဇီယန်က ကျိုးစွေ့ကို လေးစားစွာဖြင့် စိုက်ကြည့်နေသည်။
သူမသည် မနာလိုဝန်တိုမှု ခံစားချက်များမရှိဘဲ၊ လေးစားမှုနှင့် ရိုသေမြတ်နိုးမှုကိုသာ ခံစားနေရသည်။
မည်သို့ပင်ဖြစ်စေ၊ လန်ယွဲ့ရှီသည် အင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းသခင်ငယ်ဖြစ်ပြီး ပထမတန်းစား စိတ်ဝိညာဉ်အမြစ်ရှိသော အသိအမှတ်ပြု ပါရမီရှင်တစ်ဦးဖြစ်ကာ မရေမတွက်နိုင်သော ပိုးပန်းသူများ ရှိသည်ကို သူမ ကောင်းစွာသိရှိသည်။
များပြားလှသော ချဉ်းကပ်မှုများရှိသော်လည်း၊ သူမသည် ဤနှစ်များတစ်လျှောက်လုံး ထိန်းထိန်းသိမ်းသိမ်းဖြင့် တစ်ကိုယ်တည်းသာ နေထိုင်ခဲ့သည်။
သို့သော် သူမသည် သူတိုယောက်ျား၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားလိမ့်မည်ဟု မည်သူက ထင်ထားမိမည်နည်း။
ဤသတင်းသာ ပြင်ပသို့ ပေါက်ကြားသွားပါက၊ အင်မော်တယ်ရှားဂိုဏ်းတစ်ခုလုံးကို သေချာပေါက် တုန်လှုပ်စေပေလိမ့်မည်။
ဤသည်မှာ ဖားပြုတ်က ငန်းသားစားခြင်း မဟုတ်တော့ဘဲ၊ နဂါးအသားကို စားခြင်းပင် ဖြစ်တော့သည်။
"ကျွန်မ တောင်းပန်ပါတယ်.. အားလုံး ကျွန်မအမှားပါ…"
"ငါကပဲ သွေးဆောင်ခဲ့တာပါ.. ငါတို့ယောက်ျားနဲ့ ဘာမှမဆိုင်ပါဘူး…"
မျက်နှာတစ်ခုလုံး နီမြန်းလျက် လန်ယွဲ့ရှီက အရာအားလုံးသည် သူမကြောင့်သာ ဖြစ်ပြီး၊ ကျိုးစွေ့နှင့် ဘာမှမပတ်သက်ကြောင်း အားနည်းစွာ ပြောလိုက်သည်။
သူမကြောင့်သာမဟုတ်လျှင် ကျိုးစွေ့သည် ဤသို့ ပြုလုပ်ခဲ့မည်မဟုတ်ပေ။
ထိုစကားကို ကြားသောအခါ ရှားကျင်းယန်၏ နှုတ်ခမ်းထောင့်များ တွန့်သွားကာ အံ့အားသင့်သွားသည်။ အခြေတည်အဆင့်နယ်ပယ်၏ အထွတ်အထိပ်ရှိ အမျိုးသမီးကျင့်ကြံသူတစ်ဦး၊ အင်မော်တယ်ရှားဂိုဏ်းမှ နတ်သမီးတစ်ပါးကပင် အမှားကို ပွင့်ပွင့်လင်းလင်း ဝန်ခံတောင်းပန်လောက်အောင် သူတို့၏ယောက်ျားသည် မည်မျှ ဆွဲဆောင်မှုရှိပါသနည်း။
၎င်းမှာ ခင်ပွန်းတစ်ဦးက ဖောက်ပြန်ခဲ့သော်လည်း၊ ဇနီးသည်က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ပြီး သူမ၏ ဆွဲဆောင်မှုနှင့်စွမ်းဆောင်ရည်မရှိမှုကြောင့် ခင်ပွန်းသည် လမ်းမှားရောက်ရသည်ဟု ဝန်ခံနေသလိုဖြစ်နေ၏။
"ဒါက ကိစ္စမရှိပါဘူး ညီမလေးလန်… ရှင် ကျွန်မတို့မိသားစုထဲကို ဝင်လာတာ ငါတို့အတွက် ဝမ်းသာစရာပါ.. ရှင့်ကို အပြစ်တင်စရာမရှိပါဘူး…”
"ရှင်က ကျွန်မတို့ယောက်ျားကို သဘောကျတာက ဂုဏ်ယူစရာတစ်ခုပါ…"
"အခုကစ ငါတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြပြီး... မိသားစုတစ်ခုလို သဘောထားဖို့ပဲ လိုပါတယ်… "
ကျိပင်းယွီက အနည်းငယ် ပြုံးလိုက်ပြီး နှစ်သိမ့်ရန် ရှေ့သို့ တိုးလိုက်သည်။
"ကျေးဇူးတင်ပါတယ်…"
ထိုမှသာ လန်ယွဲ့ရှီ သက်ပြင်းချလိုက်သည်။
မူလက သူမ၏ မဆင်မခြင်လုပ်ရပ်များက ကျိုးစွေ့၏ လက်တွဲဖော်သုံးဦးအား စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်ခဲ့သည်။
သို့သော် အံ့အားသင့်စွာပင် သူတို့သည် စိတ်သဘောထားကြီးမားပြီး၊ သူမ၏ပါဝင်မှုကို လက်ခံရုံသာမက ကြိုဆိုခဲ့ကြသည်။
အမှန်တကယ်တွင် ဤညီအစ်မများသည် လူကောင်းများ ဖြစ်ကြသည်။
"ညီမလေးလန်.. ငါတို့အားလုံးက အခုမှ အခြေတည်အဆင့်ကို တက်လှမ်းခဲ့ကြပြီး ငါတို့ရဲ့အစွမ်းတွေက မခိုင်မာသေးဘူး.. ရှင် ငါတို့ကို ဒီနယ်ပယ်မှာ ဘယ်လိုကျင့်ကြံရမလဲဆိုတာ လမ်းညွှန်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာ… ရှင် စိတ်ထဲမထားဘူးလို့ မျှော်လင့်ပါတယ်…"
ရှားကျင်းယန်သည်လည်း သူမ၏ စေတနာကောင်းကို ဖော်ပြရန် ရှေ့သို့ တိုးလိုက်သည်။
"ကောင်းပြီ,,, ဒါကတော့ ကျွန်မ သေချာပေါက် ကူညီပေးနိုင်တဲ့အရာတစ်ခုပါ…"
လန်ယွဲ့ရှီက မှိန်ဖျော့စွာ ပြုံးလိုက်သည်။ ကျွမ်းကျင်မှုနှင့် ပတ်သက်လာလျှင် သူမသည် နာရီပေါင်းများစွာ မရပ်မနား ပြောဆိုနိုင်သည်။
ချက်ချင်းပင် သူတို့လေးဦးသည် စိတ်အားထက်သန်သော ဆွေးနွေးမှုတစ်ခုကို စတင်လိုက်ကြသည်။
“ဒါက…”
ကျိုးစွေ့ မျက်တောင်ခတ်လိုက်ပြီး သူ၏မျက်နှာမှာ အနည်းငယ်ထူးဆန်းနေသည်။ သူသည် မူလက ကြီးမားသော ရန်ပွဲတစ်ခု မကြာမီ ဖြစ်ပွားတော့မည်ဟု ထင်ခဲ့သည်။
သို့သော် ဤသည်မှာ သူ၏ယခင်ဘဝမဟုတ်ဘဲ ဤသည်မှာ ကျင့်ကြံခြင်းလောကဖြစ်သည်ကို သူ မေ့လျော့နေခဲ့သည်။
ဤကျင့်ကြံခြင်းလောက၏ ကိုယ်ကျင့်တရားတန်ဖိုးများမှာ ကမ္ဘာမြေနှင့် လုံးဝကွဲပြားသည်။
သူ၏ယခင်ဘဝတွင် အခြားအမျိုးသမီးများကို ရှာဖွေခြင်းမှာ ကိုယ်ကျင့်တရားပျက်ယွင်းသည်ဟု ယူဆသော်လည်း၊ ကျင့်ကြံခြင်းလောကတွင်မူ အားကောင်းသူများအတွက် အမျိုးသမီးများစွာ ရှိခြင်းမှာ သဘာဝသာဖြစ်ပြီး မည်သူမျှ ၎င်းကို ထူးဆန်းသည်ဟု ယူဆမည်မဟုတ်ပေ။