ဖရိုဖရဲနတ်ဆိုးဘုရားကိုသတ်ဖြတ်ခြင်း၊နတ်ဆိုးဘုရားမူလအစ၊ထပ်မံအဆင့်ချိုးဖြတ်ခြင်း
Vol. 29 Ch. 421
"အဲ့ဒီတော့ရော ဘာဖြစ်လဲ။" ချီမင်သည် မထူးမခြားနားစွာပြော၏။ "ဖရိုဖရဲနတ်ဆိုးဘုရားတစ်ပါးပဲရှိတယ်။ ငါသတ်လိုက်ရင်တောင် ရတယ်။"
ရှီထင်းယွမ်က အံ့ဩသွားပြီး ဘာမှထပ်မပြောရဲတော့ပေ။
အချိန်ကုန်ဆုံးသွားသည်။
တစ်နာရီကြာသွား၏။
ရှီထင်းယွမ်တို့က သူတို့၏ဒဏ်ရာများကိုတည်ငြိမ်အောင်လုပ်ပြီး တိုက်ခိုက်လို့ရအောင် အားမွေးလိုက်သည်။ သူတို့က ချီမင်နောက်မှလိုက်ကာ ကောင်းကင်အပေါက်မှတစ်ဆင့် ကမ္ဘာဦးလောကထဲကနေထွက်ပြီး အပြင်ဘက်ရှိဖရိုဖရဲထဲသို့သွားတော့သည်။
ရှေ့တွင် ချီမင်တိုက်ပွဲသံများကြားလိုက်ရ၏။ ထူထဲသည့်ဖရိုဖရဲချီများသည် သူ့အနားတွင် ပျံ့နှံ့နေ၏။ သူ့အနားတွင် ထူထပ်သောဖရိုဖရဲမြူခိုးတို့ ဝန်းရံနေ၏။
ချီမင်၏နောက်တွင် ကမ္ဘာဦးလောကရှိသည်။ ၎င်းက ဖရိုဖရဲတို့ကြားတွင် လွင့်မျောနေ၏။ ချီမင်သည် နောက်လှည့်ကြည့်လိုက်တော့ ကျယ်ပြန်သည့်ကမ္ဘာဦးလောကကိုမြင်လိုက်ရသည်။ကောင်းကင်အ ပေါက်က ဝဲဂယက်တစ်ခုအဖြစ် ပေါ်ထွက်လာသည်။အတော်လေးများပြားသည့်ဖရိုဖရဲချီတို့သည် ကမ္ဘာဦးလောကထဲသို့တိုးဝင်လာ၏။
ယန်ရွှီနှင့်ဖရိုဖရဲနတ်ဆိုးဘုရားက တိုက်ခိုက်နေကြသည်။ ဖရိုဖရဲနတ်ဆိုးဘုရားက အတော်လေးခမ်းနားကြီးမားလှသည်။ ၎င်းက အထွတ်အထိပ်စွမ်းအားတို့ကိုနားလည်ထားပြီး အတော်လေးစွမ်းအားကြီးသည်။
ပုံပန်းသွင်ပြင်အရတော့ ထိုဖရိုဖရဲနတ်ဆိုးဘုရားက အတော်လေးကိုနက်မှောင်မည်းနက်၏။ သူ့တစ်ကိုယ်လုံးတွင် စိန်ပွင့်ပုံစံအကြေးခွံများဖြင့်ဖုံးလွှမ်းနေပြီး ကြီးမားသည့်ရေဘဝဲကြီး တစ်ကောင်အလားပင်။
သေချာကြည့်လျှင် ထိုဖရိုဖရဲနတ်ဆိုးဘုရားကြီးတွင် လက်တံပေါင်း(၁၂၉၆၀၀)ရှိသည်။ ထိုအထဲမှတစ်ချောင်းကတော့ ယခင်တစ်ကြိမ်တုန်းက ဖြတ်တောက်ခံထားခဲ့ရ၏။ တိုက်ပွဲတွင် ယန်ရွှီသည် နောက်ထပ်(၃၈၉၀၀)ကျော်ဖြတ်ထား၏။
(၉၀၆၉၉)ချောင်းသာ ကျန်တော့သည်။
လက်တံကြီးတိုင်းက နဂါးတစ်ကောင်ကခုန်နေသည့်အလားပင်။၎င်းတို့တွင် ကိုယ်ပိုင်အသိစိတ်များရှိသည်ဟုပင်ထင်ရ၏။ ၎င်းတို့က အတော်လေးလည်းထူးဆန်းပြီး စွမ်းအားလည်းကြီးမားသည်။
"ဒါက ဖရိုဖရဲနတ်ဆိုးဘုရား ဧရာမရေဘဝဲပဲ။"
ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်သည် ၎င်းကိုမှတ်မိသွားပြီး ချက်ချင်းဆိုသလို ပြော၏။"ဧရာမရေဘဝဲနတ်ဆိုးဘုရားက သေချာပေါက် ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်မှာ ရှိတယ်။ သူ ရှင်သန်လာတာ အနည်းဆုံးတော့ ခေတ်ကာလလေးခုပဲ။"
"သာမန်အားဖြင့်တော့ ဖရိုဖရဲနတ်ဆိုးဘုရားတွေရဲ့ ရှင်သန်လာတဲ့ခေတ်တိုင်းက သူတို့ရဲ့ကျင့်ကြံခြင်းကို တစ်ဆင့်စီတိုးလိမ့်မယ်။ ဥပဒေသကောင်းကင်အရှင်နဝမအဆင့်ကနေ စည်းမျဉ်းကောင်းကင်အရှင် အဆင့်တက်ချင်ရင် ကောင်းကင်တာအိုကပ်ဘေးကိုဖြတ်ကျော်ဖို့လိုတယ်။"
ယန်ရွှီက သူနှင့်ဧရာမရေဘဝဲကြားမှအကွာအဝေးကိုခြားလိုက်ပြီး ချီမင်ဘေးသို့လာလိုက်၏။သူက အနားသွားလိုက်ပြီး များများစားစား မေးမြန်းမနေဘဲ မျက်စိထောင့်ဖြင့်သာ ကောင်းကင်အရှင်နတ်ဘုရားကောင်းကင် နှင့် တခြားသူများကို လှမ်းကြည့်လိုက်သည်။
"ဘယ်လို အခြေအနေပါလိမ့်။"
ယန်ရွှီ၏မျက်နှာက ဖျော့တော့သွားသည်။ သူ၏ရင်ဘက်ပေါ်တွင် အပေါက်တစ်ပေါက်ဖောက်ခံထားရ ၏။ အသွေးအသားများက လျင်မြန်စွာဖြင့်ကြီးထွားလာပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိသော ဒဏ်ရာများကိုကုသပေးလိုက်၏။ သူက အသံနက်နက်ဖြင့်ပြော၏။"ဖရိုဖရဲနတ်ဆိုးဘုရားက အတော်လေးသန်မာတယ်။ သူ့ရဲ့အဆင့်က ကျွန်တော်နဲ့အတူတူပဲ။ ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်ဆိုပေမဲ့ သူ့ရဲ့တိုက်ပွဲခွန်အားက ကျွန်တော့်ထက် သန်မာပါတယ်။ ကျွန်တော် အခုထိတော့ အင်အားကုန်သုံးခဲ့ပြီးပြီ။ဒါပေမဲ့ အဲ့ဒီဖရိုဖရဲနတ်ဆိုးဘုရားရဲ့လက်တံပေါင်း(၃၉၈၀၀)ကိုပဲ ဖြတ်တောက်နိုင်ခဲ့ပါတယ်။"
ချီမင်က ခေါင်းအသာညိတ်လိုက်သည်။ "ငါတို့ပူးပေါင်းရင် အဲ့ဒီဖရိုဖရဲနတ်ဆိုးဘုရားကို သတ်လို့ရပါတယ်။"
"ဟုတ်ကဲ့!”
"ဟုတ်ကဲ့!”
“…”
ယန်ရွှီနှင့်မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က တညီတညွှတ်တည်းပြန်ဖြေ၏။
"ဝေါင်း။"
ဧရာမရေဘဝဲနတ်ဆိုးဘုရားက အော်ဟစ်လိုက်၏။ သူ၏ဒေါသက အဆုံးမဲ့ပေ။သူ၏သတ်ဖြတ်လိုစိတ်များက မြင့်တက်လာခဲ့သည်။ ၎င်းက ပတ်ဝန်းကျင်မှဖရိုဖရဲချီများကလှုပ်ခါသွားစေပြီး ဟိန်းဟောက်လိုက်၏။"မင်းက သေဖို့တောင်းဆိုနေတာပဲ။"
"ငါက နတ်ဆိုးဘုရားကျောင်းရဲ့အဖွဲ့ဝင်ပဲ။ မင်းက ခေါင်းသုံးလုံးနတ်ဆိုးဘုရားကိုကျွန်ပြုထားတဲ့အပြင် ငါ့ကိုလည်း သတ်ချင်နေတာပဲ။"
"မင်းကသေဖို့တောင်းဆိုနေတာပဲ။"
ချက်ချင်းပဲ စုစုပေါင်းလက်တံပေါင်း(၉၀၆၉၉)သည် အမှီအခိုကင်းသည့်နဂါးတို့အလားပင်။ သူတို့က အတောင်များကိုဖြန့်ကာ ခြေသည်းများကို ဆန့်ထုတ်၏။ သူတို့က အင်မတန်ထိတ်လန့်သွားတော့သည်။ သူတို့က ဖရိုဖရဲနတ်ဆိုးဘုရား၏စွမ်းအားကိုသယ်ဆောင်ထားလျက် ချီမင်တို့ကိုတိုက်ခိုက်လိုက်သည်။
"တိုက်မယ်" ချီမင်က ထပ်မံအော်လိုက်သည်။"အဲ့ဒီဖရိုဖရဲနတ်ဆိုးဘုရားကို သတ်။"
ချီမင်သည် သူ၏ညာဘက်လက်ကိုဝေ့ယမ်းလိုက်၏။ကိုယ်ပိုင်တာအိုရတနာသုံးခု ထပ်မံပေါင်းစပ် သွားခဲ့ပြီး ဖရိုဖရဲမဟာပုဆိန်အဖြစ်ပြောင်းလဲသွားတော့၏။ သူက ပုဆိန်ကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ကာ ခုတ်ချလိုက်သည်။
ထိုအခိုက် ဖရိုဖရဲက နှစ်ခြမ်းကွဲသွားခဲ့သောကြောင့် မြေ၊ရေ၊မီးနှင့်လေတို့အဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းကဖရိုဖရဲထဲတွင် ကမ္ဘာတစ်ခုကိုပြန်လည်ဖန်တီးလိုက်သည့်အလားပင်။
ဖရိုဖရဲပုဆိန်အလင်းဖြတ်သန်းသွားသည့်နေရာတိုင်းက လက်တံများမှာ ဖြတ်တောက်ခံလိုက်ရ၏။ ဧရာမရေဘဝဲနတ်ဆိုးဘုရားက အော်ဟစ်လိုက်သည်။မရေမတွက်နိုင်သော နတ်ဆိုးသွေးတို့ ဖြာကျ စီးဆင်းလာသည်။
"အစီအရင်။" ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်သည် အော်လိုက်၏။
"ဟုတ်ကဲ့!”
"မိုးကောင်းကင်သုံးခုအစီအရင်။"
ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်နှင့်အင်မော်တယ်ကောင်းကင်တို့က တစ်ပြိုင်တည်း ပြန်ဖြေလိုက်သည်။
ချက်ချင်းပဲ မိုးကောင်းကင်သုံးခုအစီအရင်က ထပ်မံပွင့်လာခဲ့ပြီး အင်အားကုန်ပေါက်ကွဲထွက်လာခဲ့၏။ ၎င်းထံမှ အလင်းများထွက်ပေါ်လာပြီး အလင်းတန်းများသဖွယ်ဖြစ်နေသော ဧရာမရေဘဝဲနတ်ဆိုးဘုရား၏လက်ချောင်းကြီးများကိုဖြတ်တောက်လိုက်၏။
"အဆုံးမဲ့အမှောင်ထု။"
အံ့ဖွယ်စွမ်းအားကလည်း သူ၏အသန်မာဆုံးအံ့ဖွယ်စွမ်းအားကို ထုတ်ဖော်လိုက်၏။ အမှောင်ထုကောင်းကင်သည် သူ့ကိုဗဟိုပြုပြီး ပျံ့နှံ့လာ၏။ အမှောင်ထုသည် အရာအားလုံးကို ဝါးမျိုသွားသည်။၎င်းက တိုက်ခိုက်လာသည့် လက်ချောင်းကြီးများကို ဝါးမျိုလိုက်၏။
တိုက်ပွဲက စတင်လာသည်။
ချီမင်တို့က ပူးပေါင်းကာ ဧရာမရေဘဝဲနတ်ဆိုးဘုရားကိုသတ်ဖြတ်လိုက်သည်။ ပေါက်ကွဲသံမျိုးစုံထွက်လာသည်။ ဧရာမရေဘဝဲနတ်ဆိုးဘုရားက စွမ်းအားကြီးပေမဲ့ သူက ချီမင်တို့၏ပူးပေါင်းတိုက်ခိုက်မှုကို မတားဆီးနိုင်ပေ။
တိုက်ခိုက်မှုတိုင်းတွင် ဧရာမရေဘဝဲနတ်ဆိုးဘုရား၏လက်တံကြီးများက ဖြတ်တောက်ခံနေရသည်။ လက်တံပေါင်း(၁၂၉၆၀၀)တို့ ဆုံးရှုံးပြီးနောက်မှာ နတ်ဆိုးဘုရားများက ဒဏ်ရာပြင်းထန်သွားတော့သည်။
ဧရာမရေဘဝဲနတ်ဆိုးဘုရားက ဟိန်းဟောက်လိုက်သည်။"နတ်ဆိုးဘုရားကျောင်းက မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး။"
နောက်ဆုံးမှာတော့ ထိုဧရာမရေဘဝဲနတ်ဆိုးဘုရားသည် သူ၏ခန္ဓာကိုယ်ထဲမှ နတ်ဆိုးဘုရားဇာစ်မြစ်ကို အသက်သွင်းကာ ချီမင်ကိုတိုက်ခိုက်သည်။ သူက မသေခင် သူ့ကို အပါခေါ်သွားချင်ဟန်ရှိ၏။
သေချာပေါက်ကို မဖြစ်နိုင်ပေ။
"ကမ္ဘာဦးတာအိုအလင်း။"
ချီမင်၏အကြည့်က အေးစက်သွားသည်။ သူ၏ညာဘက်လက်တစ်ချက်အဝေ့နှင့်အတူ ကမ္ဘာဦးအလင်းတို့ထွက်ပေါ်လာပြီး အရာအားလုံးကိုဖျက်ဆီးလိုက်သည်။ ဖရိုဖရဲချီမှာ ဆူပွက်လာဟန်ရပြီး ၎င်းတို့က ဧရာမရေဘဝဲနတ်ဘုရားကိုဖုံးအုပ်သွားတော့၏။
ဧရာမရေဘဝဲနတ်ဆိုးဘုရား၏တစ်ကိုယ်လုံးက တစ်လက်မချင်းစီပြာကျသွားခဲ့ပြီး ဤကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွားတော့၏။နတ်ဆိုးဘုရားမူလဇာစ်မြစ်သာချန်ခဲ့သည်။
အပေါ်ယံမှာတော့ နတ်ဆိုးဘုရားဇာစ်မြစ်သည် အနက်ရောင်အလင်းလုံးတစ်လုံးဖြစ်ကာ အလင်းလှိုင်းတို့ထုတ်လွှတ်နေ၏။
"နတ်ဆိုးဘုရားမူလဇာစ်မြစ်။"
ချီမင်က ညာဘက်လက်ကိုယမ်းလိုက်သည်။နတ်ဆိုးဘုရားမူလဇာစ်မြစ်က သူ့ထံသို့ပျံသန်းလာခဲ့၏။ ၎င်းကအဆက်မပြတ်ကျုံ့လာခဲ့ပေမဲ့ ချီမင်၏လက်ပေါ်သို့ရောက်သွားချိန်မှာတော့ လက်တစ်ဖဝါးစာအရွယ်အလင်းလုံးလေးဖြစ်နေပြီဖြစ်သည်။
"ဂုဏ်ပြုပါတယ် သခင်။ သင် ဧရာမရေဘဝဲနတ်ဆိုးဘုရားကိုသတ်ပြီး သူ့ရဲ့မူလဇာစ်မြစ်ကိုရရှိခဲ့ပါတယ်။"
ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်တို့က ဂုဏ်ပြုလိုက်၏။
ချီမင်က ခေါင်းညိတ်ကာ ညွှန်ကြားလိုက်၏။"ဧရာမရေဘဝဲနတ်ဘုရားက သတ်ခံလိုက်ရပြီ။ ကျွန်တော် ခင်ဗျားတို့နဲ့ထားခဲ့မယ်။ မင်းတို့ ကောင်းကင်အပေါက်ကိုပြန်ပြင်ဖို့ လိုတယ်။ ပြီးရင် ငါ့ရဲ့တာအိုမူလအစမိုင်းတွင်းကိုတူးရမယ်။ကမ္ဘာဦးလောကကိုလည်း တည်ငြိမ်အောင်လုပ်ပေးရမယ်။"
"ဟုတ်ကဲ့”
“…”
ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်တို့က တစ်ပြိုင်တည်းပြန်ဖြေလိုက်၏။
ချီမင်က ရှေ့တစ်လှမ်းတိုးကာ နေရာမှပျောက်ကွယ်သွားတော့သည်။ သူက ကောင်းကင်အပေါက်မှ တစ်ဆင့် ကမ္ဘာဦးလောကသို့ပြန်ဝင်လာပြီး ကောင်းကင်နန်းတော်၏ကျင့်ကြံခြင်းခန်းမသို့ ပြန်လာကာ နတ်ဆိုးဘုရားမူလဇာစ်မြစ်၏အကျိုးရလဒ်ကိုလေ့လာလိုက်၏။
"သခင်က ဧရာမရေဘဝဲနတ်ဆိုးဘုရားကို တကယ်သတ်လိုက်တာပဲ။"
ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်ကမျက်မှောင်ကြုံ၏။"ဘာပဲဖြစ်ဖြစ် ဧရာမရေဘဝဲနတ်ဆိုးဘုရားက နတ်ဆိုးဘုရားကျောင်းလွှတ်လိုက်လို့ ခေါင်းသုံးလုံးနတ်ဆိုးဘုရားကို လာလက်ခံတာပဲ။ သူက ဒီလိုသတ်ခံလိုက်ရတယ်။ နတ်ဆိုးဘုရားကျောင်းက ဒီကိစ္စကို အလွတ်ပေးမှာမဟုတ်ဘူး။"
"ဟုတ်တယ်။"
ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်က ခေါင်းညိတ်လိုက်၏။"သခင်က မဟာတာအိုကိုကျင့်ကြံပြီး အဆုံးမဲ့အလားအလားလည်းပိုင်ဆိုင်ထားတယ်။အနာဂတ်မှာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး သေချာပေါက်ဖြစ်လာပါလိမ့်မယ်။ဒါပေမဲ့ သူက အခုမှဥပဒေသကောင်းကင်အရှင်ပထမအဆင့်ပဲရှိသေးတယ်။ သူက နတ်ဆိုးဘုရားကျောင်းကို ပေါ်တင်ကြီးမဆန့်ကျင်သင့်သေးဘူး။"
"မင်းတို့ အဲ့လိုပြောလို့မရဘူး။" ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်က ခဏတွေးကာဆိုသည်။"သခင်က ခေါင်းသုံးလုံးနတ်ဆိုးဘုရားကိုကျွန်ပြုခဲ့တာပဲ။ နတ်ဆိုးဘုရားကျောင်းက ဒီကိစ္စကိုသိရင် သေချာပေါက်အလွတ်ပေးမှာမဟုတ်ဘူး။"
"ငါတို့ ဧရာမရေဘဝဲနတ်ဆိုးဘုရားကိုလည်းသတ်လိုက်ပြီဆိုတော့ ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်နတ်ဆိုးဘုရားမူလဇာစ်မြစ်ကိုရသွားပြီ။ နတ်ဆိုးဘုရားမူလဇာစ်မြစ်က သေချာပေါက်ငါတို့ရဲ့ကျင့်ကြံခြင်းအဆင့်ကို တိုက်ရိုက်တိုးမြင့်လို့ရတယ်။"
“…”
ယန်ရွှီက ဘာမှမပြောပေ။ သူက မိုးကောင်းကင်သုံးခုညီအစ်ကိုတို့ကို တစ်ချက်မျှ မထူးမခြားနားကြည့်ကာ အသံနက်နက်ဖြင့်ပြော၏။"မင်းတို့ ဘာလို့စကားတွေအများကြီးပြောနေတာလဲ။ သခင့်ရဲ့ညွှန်ကြားချက်ကိုပဲ လိုက်နာပါ။"
"ဟုတ်ကဲ့ပါ။" မိုးကောင်းကင်သုံးခုညီအစ်ကိုတို့ကခေါင်းညိတ်လိုက်သည်။
နောက်တော့ ယန်ရွှီတို့က ကမ္ဘာဦးလောကအပြင်ဘက်မှတိုက်ပွဲခြေရာလက်ရာများကို ရှင်းလင်းလိုက်၏။ သူတို့က ဧရာမရေဘဝဲနတ်ဆိုးဘုရား၏အရှိန်အဝါကိုရှင်းလင်းကာ ကမ္ဘာဦးလောကကမ္ဘာဦးလောကသို့ ပြန်လာလိုက်၏။ သူတို့က ကုန်ကြမ်းများစွာသုံးကာ ကမ္ဘာဦးလောက၏ကောင်းကင်အပေါက်ကိုပြန်ပြင်လိုက်သည်။
တစ်ချိန်တည်းမှာ များပြားသည့်ဖရိုဖရဲချီတို့မှာ ကမ္ဘာဦးလောကထဲသို့တိုးဝင်လာခဲ့သောကြောင့် များပြားသည့်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လာခဲ့၏။ နေရာအတော်များများက ဖရိုဖရဲချီကြောင့် ပျက်စီးသွားခဲ့ပြီး ဗလာအဖြစ်ပြောင်းလဲသွားခဲ့၏။
ယန်ရွှီတို့က ထိုကိစ္စကိုဖြေရှင်းလိုက်ကြသည်။
အချိန်ကုန်ဆုံးသွားသည်။
မျက်စိတမှိတ်အတွင်းမှာ နှစ်တစ်ဝက်ကြာသွားသည်။
ကောင်းကင်နန်းတော်။
ကျင့်ကြံခြင်းခန်းမထဲတွင်။
ချီမင်သည် ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကိုကျင့်ကြံခဲ့သည်။ သူက နတ်ဆိုးဘုရားမူလဇာစ်မြစ်ကို ဖြေးညှင်းစွာသန့်စင်လိုက်သည်။ထိုအရာကိုသုံး၍ သူ၏ကျင့်ကြံခြင်းအဆင့်ကိုတိုးမြှင့်လို့ရသည်။
သူက နတ်ဆိုးဘုရားမူလဇာစ်မြစ်၏အကျိုးကျေးဇူးကိုသိသွားခဲ့ပြီဖြစ်သည်။
"နတ်ဆိုးဘုရားမူလဇာစ်မြစ်မှာ ဖရိုဖရဲနတ်ဆိုးဘုရားတစ်ပါးရဲ့စွမ်းအင်အားလုံးပါတယ်။ သန့်စင်ပြီးစုပ်ယူလိုက်ရင် ကျင့်ကြံခြင်းအဆင့်ကိုတိုးမြှင့်နိုင်တယ်။ဒါပေမဲ့ အန္တရာယ်လည်းရှိတယ်။"
ချီမင်ကတွေးကာဆိုသည်။"နတ်ဆိုးဘုရားမူလဇာစ်မြစ်မှာ ဖရိုဖရဲနတ်ဆိုးဘုရားရဲ့ စိတ်ရိုင်းနဲ့ ပြင်းထန်ကြမ်းတဲ့တဲ့စွမ်းအားတွေပါတယ်။ သန့်စင်နေတဲ့အတောအတွင်း သတိမထားမိရင် သေချာပေါက် နတ်ဆိုးဘုရားမူလဇာစ်မြစ်ရဲ့စွမ်းအင်ဆီမှာ ဝါးမျိုခံရလိမ့်မယ်။ဇာစ်မြစ်မှာ ဖရိုဖရဲနတ်ဆိုးဘုရားရဲ့မသန့်စင်မှုတွေပါနေလို့ တာအိုသစ်သီးအဖြစ်မတည်ရှိတာပဲ။"
"ယျေဘုယျအားဖြင့်တော့ နတ်ဆိုးဘုရားမူလဇာစ်မြစ်ကိုသန့်စင်ဖို့ဆိုရင် ဖရိုဖရဲနတ်ဆိုးဘုရားဆေးလုံးရဲ့အကူအညီလိုတယ်။နတ်ဆိုးဘုရားမူလဇာစ်မြစ်ထဲမှာပါတဲ့ တာအိုအသိအမြင်နဲ့စွမ်းအင်တွေကိုစုပ်ယူတာက အင်အားကိုတိုးမြှင့်ပေးနိုင်တယ်။"
သူက ဖရိုဖရဲနတ်ဆိုးဘုရား၏အကြောင်းအရာကို အခြေခံအားဖြင့်သိသွားတော့၏။
နတ်ဆိုးဘုရားမူလဇာစ်မြစ်ကိုသန့်စင်ခြင်းသည် ကျင့်ကြံခြင်းအဆင့်ကိုတိုးမြှင့်ပေးနိုင်၏။ အားနည်းချက်အချို့ရှိပေမဲ့ ၎င်းက မျိုးနွယ်စုပေါင်းစုံ၏ကောင်းကင်အရှင်များအား ကျင့်ကြံခြင်းအဆင့်တိုးမြှင့်ပေးနိုင်သည်။
ကောင်းကင်အရှင်များက ပူးပေါင်းကာ ဖရိုဖရဲနတ်ဆိုးဘုရားကိုသတ်ဖြတ်ပြီး နတ်ဆိုးဘုရားမူလဇာစ်မြစ်ကိုဖမ်းယူခဲ့ကြသည်။
တူညီစွာဖြင့်ပဲ ဖရိုဖရဲနတ်ဆိုးဘုရားကလည်း တာအိုသစ်သီးကိုသန့်စင်ပြီး အင်အားကိုတိုးမြှင့်၍ရသည်။
အပေါ်ယံမှာတော့ သူတို့က မုဆိုးနှင့်သားကောင်များဖြစ်သည်။
"ဒါပေမဲ့..."ချီမင်သည် နတ်ဆိုးဘုရားမူလဇာစ်မြစ်ကိုသန့်စင်ဖို့ ဖရိုဖရဲနတ်ဆိုးဘုရားဆေးလုံးကို စားသုံးဖို့မလိုအပ်ပေ။ ထိုအစား သူက တိုက်ရိုက်သန့်စင်နိုင်သည်။ သို့ပါသော်လည်း သူက စိတ်မသက်မသာ မခံစားရပေ။"ငါကတော့ကွဲပြားတယ်။"
"ငါက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုနားလည်ကျင့်ကြံထားတယ်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုမှာ အသင်္ချေကမ္ဘာထဲကအရာအားလုံးပါဝင်တယ်။ ဖရိုဖရဲနတ်ဆိုးဘုရားဆိုတာကလည်း ကောင်းကင်နှင့်မြေကြီးမဟာတာအိုရဲ့အစိတ်အပိုင်းတစ်ခုပဲ။"
"ငါ နတ်ဆိုးဘုရားမူလဇာစ်မြစ်ကို အားနည်းချက်တွေအကြောင်းစိုးရိမ်နေစရာမလိုဘဲ တိုက်ရိုက်သန့်စင်လို့ရတယ်။"
အချိန်ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်သောင်းကြာသွားခဲ့သည်။
ယနေ့မှာတော့။
ချီမင်၏ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ နတ်ဆိုးဘုရားမူလဇာစ်မြစ်သည် သူ့ရှေ့တွင်မျောလွင့်နေပြီး သူ၏ခန္ဓာကိုယ်နှင့်အပြည့်အဝပေါင်းစပ်သွားတော့သည်။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏အကူအညီဖြင့် သူက နှစ်တစ်သောင်းကြာသုံးပြီး နောက်ဆုံးမှာတော့ ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့် နတ်ဆိုးဘုရားမူလဇာစ်မြစ်အားလုံးကို စုပ်ယူပေါင်းစပ်ပြီးသွားတော့၏။
သန့်စင်နေသည့်အတောအတွင်း ချီမင်သည် အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုသုံးပြီး ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကိုကျင့်ကြံခဲ့သည်။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုနားလည်ဆင်ခြင်လျက် သူ၏ကိုယ်ပိုင်တာအိုရတနာကို သန့်စင်သည်။သူ၏မဟာတာအိုအံ့ဖွယ်စွမ်းအားများကိုကျင့်ကြံ၏။
အချိန်တိုင်း ချီမင်၏ခွန်အားက တိုးတက်လာခဲ့သည်။
သူ့ခန္ဓာကိုယ်ကလှုပ်ခါသွားသည်။ နတ်ဆိုးဘုရားမူလဇာစ်မြစ်၏စွမ်းအားနှင့် တာအိုအသိအမြင်များ ကြောင့် ချီမင်၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုသည် အဆင့်တစ်ဆင့်တိုး တက်သွားခဲ့သည်။သူ၏တာအိုသစ်သီးက ဒုတိယအဆင့်သို့ရောက်သွားတော့သည်။
သဘာဝအတိုင်း ချီမင်၏အရှိန်အဝါက လျင်မြန်စွာဖြင့်တိုးတက်လာခဲ့သည်။ ကမ္ဘာဦးတာအိုသစ်သီးသည် အလင်းလှိုင်းများထုတ်လွှတ်နေခဲ့ပြီး နတ်ဆိုးဘုရားမူလဇာစ်မြစ်၏စွမ်းအင်များကို စုပ်ယူသွားတော့၏။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏အကူအညီနှင့် သင် နှစ်တစ်သောင်းကြာကျင့်ကြံခဲ့ပြီး နတ်ဆိုးဘုရားမူလဇာစ်မြစ်ကို အပြည့်အဝစုပ်ယူခဲ့ပါတယ်။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို နားလည်ခဲ့ပြီး သင့်ရဲ့ကမ္ဘာဦးတာအိုသစ်သီးသည် အဆင့်နှစ်သို့ရောက်ရှိသွားပါပြီ။ သင် ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့်သို့ရောက်ရှိသွားပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
အတွေးတစ်ချက်ဖြင့် ချီမင်သည် သူ၏ပစ္စည်းစာရင်းကိုဖွင့်ကာ အဆင့်နိမ့်တာအိုမူလအစများကို ထုတ်ယူလိုက်၏။ သူက ထိုအဆင့်နိမ့်တာအိုမူလအစများကို စုပ်ယူလိုက်သည်။သူ၏ခန္ဓာကိုယ်ထဲသို့ ဖရိုဖရဲချီများတိုးဝင်လာခဲ့သည်။
နောက်ထပ်တစ်နှစ်ကြာသွားတော့သည်။
ချီမင်၏ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ သူ၏အရှိန်အဝါသည် ကြီးမားစွာတိုးတက်လာခဲ့ပြီး ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။ ကမ္ဘာဦးတာအိုသစ်သီးသည် အောင်မြင်စွာဖြင့် အဆင့်နှစ်သို့ရောက်ရှိသွား၏။
သူ့ရင်ဘက်ပေါ်တွင် ကမ္ဘာဦးတာအိုသစ်သီးသည် ထူထဲသည့်ကမ္ဘာဦးခရမ်းရောင်အလင်းများဖြင့် တောက်ပလာခဲ့၏။ ကမ္ဘာဦးတာအိုသစ်သီးပေါ်တွင် အရောင်အဝါနှစ်ခုပေါ်လာသည်ကို တွေ့နိုင်သည်။
အခြေအနေအရ...
ကမ္ဘာဦးတာအိုသစ်သီးသည် အောင်မြင်စွာဖြင့် အဆင့်နှစ်သို့ရောက်ရှိသွားခြင်းကိုဆိုလို၏။
ချီမင်၏ခန္ဓာကိုယ်ထဲမှ တာအိုစွမ်းအား၏အရည်အသွေးနှင့်ပမာဏသည် အဆင့်တစ်ဆင့်ပို၍တိုးလာခဲ့ပြီး ပိုသန်မာလာခဲ့သည်။ သို့ပါသော်လည်း ချီမင်၏ကိုယ်ပိုင်တာအိုရတနာသည် ထပ်မံမသန့်စင်ရသေးချေ။
နောက်ပိုင်းအချိန်တွေမှာ ချီမင်သည်သူ၏ကျင့်ကြံခြင်းအဆင့်ကိုတည်ငြိမ်အောင်လုပ်ခဲ့၏။
ဆယ်နှစ်ကြာသွားခဲ့သည်။
ချီမင်သည် သူ၏အခြေခံအုတ်မြစ်ကိုခိုင်မာအောင်လုပ်ခဲ့သည်။သူ အဆင့်ချိုးဖြတ်ပြီးနောက်မှာ တိုးတက်လာသောအင်အားကို နားလည်သွားတော့သည်။ သူက တကယ့်ကို ဥပဒေသကောင်းကင်အရှင်ပထမအဆင့်သို့ကျော်လွန်သွားတော့သည်။ နောက်ထပ် ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်ဖရိုဖရဲနတ်ဆိုးဘုရားထပ်လာရင်တောင် ချီမင်သည် သူ၏ကိုယ်ပိုင်အင်အားဖြင့် သတ်ဖြတ်နိုင်၏။
သုံးရက်ကြာသွားသည်။
မနက်ခင်းတွင်။
ချီမင်သည် ကျင့်ကြံခြင်းခန်းမ၏တံခါးကိုတွန်းဖွင့်လိုက်ပြီး လက်နှစ်ဖက်ကိုနောက်ပစ်လျက် လျှောက်ထွက်လာခဲ့သည်။ ယန်ရွှီ၊မိုးကောင်းကင်သုံးခုညီအစ်ကို၊လီထျန်းရှန်းနှင့် ခေါင်းသုံးလုံးနတ်ဆိုးဘုရားတို့က အလောတကြီးပြေးလာကြသည်။
"ကြိုဆိုပါတယ်။သခင်။"
"သခင်ကျင့်ကြံခြင်းအခန်းမှထွက်လာတဲ့အတွက် ဂုဏ်ပြုပါတယ်။ သခင့်ရဲ့ကျင့်ကြံခြင်းအဆင့်က အတော်လေးတိုးတက်လာခဲ့ပါတယ်။"
“…”
သူတို့က တညီတညွှတ်တည်းပြောလိုက်၏။
ချီမင်က ခေါင်းအသာညိတ်ကာ သူတို့ကိုတစ်ချက်ကြည့်လိုက်သည်။ နှစ်တစ်သောင်းကြာပြီးနောက်မှာ ခေါင်းသုံးလုံးနတ်ဆိုးဘုရားနှင့်မိုးကောင်းကင်သုံးခုညီအစ်ကိုတို့၏ဒဏ်ရာများက လုံးဝကိသက်သာလာခဲ့ပြီဖြစ်ပါ၏။ ခေါင်းသုံးလုံးနတ်ဆိုးဘုရားသည် သိပ်မပြောင်းလဲခဲ့သလို ယန်ရွှီကလည်း မထူးမခြားနားပေ။
တစ်ခြားတစ်ဖက်မှာတော့ ချီမင်သည် လီထျန်းရှန်း၏အဆင့်ချိုးဖြတ်သွားမှုကိုတွေ့သွားတော့၏။ နှစ်တစ်သောင်းအတွင်းမှာ လီထျန်းရှန်းသည် တစ်ခုခုရခဲ့ပုံရသည်။ ထို့ပြင် သူသည် ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့်၏အကန့်အသတ်သို့ရောက်နေပြီဖြစ်သည်။
နှစ်တစ်သောင်းအတွင်းတွင် လီထျန်းရှန်းသည် တာအိုသစ်သီးအဆင့်သုံးသို့ အောင်မြင်စွာ ရောက်ရှိ သွားတော့၏။ သူ၏ကျင့်ကြံခြင်းအဆင့်သည် ဥပဒေသကောင်းကင်အရှင်တတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
"မဆိုးဘူး" ချီမင်က တွေးတောလိုက်၏။
"သခင့်ရဲ့ချီးကျူးမှုပေးမှုအတွက် ကျေးဇူးတင်ပါတယ်။" လီထျန်းရှန်းက ဦးညွှတ်ကာ အပြုံးဖြင့်ဆို၏။
"ဘယ်လို အခြေအနေရှိလဲ။" ချီမင်က ပွင့်လင်းစွာမေးသည်။
ယန်ရွှီက ချီမင်ကိုတင်ပြလိုက်သည်။ "ကမ္ဘာဦးလောကရဲ့ကောင်းကင်အပေါက်ကို ပြင်လို့ပြီးတာကြာပါပြီ။ ဖရိုဖရဲကြောင့်ဖြစ်ပေါ်လာတဲ့ထိခိုက်ပျက်စီးမှုတွေက လုံးဝကို ပြန်ကောင်းသွားပါပြီ။"
"ပြီးတော့.."
"အဆင့်နိမ့်တာအိုမူလအစမိုင်းတွင်းကိုလည်း လုံးဝတူးထုတ်ပြီးပါပြီ။ ကျွန်တော်တို့ အဆင့်နိမ့်တာအိုမူလအစသန်း(၃၈၀)နဲ့ အဆင့်နိမ့်တာအိုမူလအစသလင်းကျောက်တစ်ခု ရရှိလိုက်ပါတယ်။"
"အဲ့ဟာတွေအားလုံးက ဒီမှာပါ။ သခင်ကျေးဇူးပြုပြီးတစ်ချက်ကြည့်ပေးပါ။"
ယန်ရွှီသည် သိုလှောင်လက်စွပ်တစ်ကွင်းကိုထုတ်ကာ ချီမင်ကိုရိုရိုသေသေးကမ်းပေးလိုက်သည်။