ဖရိုဖရဲမျှော်စင်၊ဘိုးဘေးနဂါးနတ်ဆိုးဘုရား
Vol. 29 Ch. 422
ချီမင်က ခေါင်းအသာညိတ်လိုက်သည်။ သူက အတော်လေးစိတ်ကျေနပ်သွား၏။ သူက ယန်ရွှီ၏လက်ထဲမှသိုလှောင်လက်စွပ်ကိုလှမ်းကာယူသည်။ သူ၏တာအိုအင်အားက တာအိုလက်စွပ်ကိုဖြတ်သန်းသွားသည်။ ၎င်းထဲတွင် အဆင့်နိမ့်တာအိုမူလအစသန်းသုံးထောင်နှင့်အဆင့်နိမ့်တာအိုမူလအစသလင်းကျောက်တစ်ခုရှိသည်။
"ကောင်းတယ်။" ချီမင်က စိတ်ကျေနပ်စွာပြောသည်။
"သခင့်ရဲ့ချီးကျူးမှုအတွက်ကျေးဇူးတင်ပါတယ်။" ယန်ရွှီက အနည်းငယ်ကျေနပ်သွားသည်။
"နောက်ပိုင်းတော့ မင်းတို့ကို ကမ္ဘာဦးလောကကိုစောင့်ကြပ်ခိုင်းရဦးမယ်။ တစ်ချိန်တည်းမှာ မင်းတို့ကမ္ဘာဦးလောကအပြင်ဘက်မှာရှိတဲ့ ဖရိုဖရဲပတ်ဝန်းကျင်ကိုကင်းလှည့်ရမယ်။ နတ်ဆိုးဘုရားတွေလာမတိုက်ခိုက်အောင် တားဆီးရမယ်။ လီထျန်းရှန်း မင်း ကောင်းကင်နန်းတော်ကို မကြာခဏသွားရမယ်။ ကောင်းကင်အရှင်မဟာမိတ်ရဲ့နားတွေ ကိုသုံးပြီး နတ်ဆိုးဘုရားကျောင်းအကြောင်းကို စုံစမ်းဖို့လိုတယ်။" ချီမင်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့” လီထျန်းရှန်းတို့က တပြိုင်တည်းပြန်ဖြေလိုက်သည်။
နောက်တော့ ချီမင်သည် ညာဘက်လက်ကိုယမ်းလိုက်သည်။ခေါင်းသုံးလုံးနတ်ဆိုးဘုရားနှင့်ယန်ရွှီတို့က တစ်ပြိုင်တည်းပျောက်ကွယ်သွားတော့သည်။ မိုးကောင်းကင်သုံးခုညီအစ်ကိုနှင့်လီထျန်းရှန်းတို့သာ သူ့ရှေ့တွင်ကျန်၏။ ချီမင်သည် ယန်ရွှီနှင့်ခေါင်းသုံးလုံးနတ်ဆိုးဘုရားတို့ကို သားရဲနေရာလွတ်ထဲသို့ အသီးသီးထည့်လိုက်၏။
ခေါင်းသုံးလုံးနတ်ဆိုးဘုရားနှင့်ယန်ရွှီတို့က တာအိုသားရဲနေရာလွတ်ထဲတွင် မြန်မြန်ကြီးထွားနိုင်သည်။
"သွားတော့" ချီမင်သည် လက်ဝေ့ယမ်းလိုက်၏။
မိုးကောင်းကင်သုံးခုညီအစ်ကိုနှင့်လီထျန်းရှန်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။ သူတို့က အနည်းငယ်စိတ်ရှုပ်သွားပေမဲ့ ဘာမှထပ်မပြောတော့ဘဲ လျင်မြန်စွာဖြင့် ထွက်သွားတော့သည်။ မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က ကမ္ဘာဦးလောကကိုစောင့်ကြပ်နေတုန်း လီထျန်းရှန်းက ကောင်းကင်အရှင်လောကသို့ဦးတည်သွားသည်။
ကျင့်ကြံခြင်းခန်းမထဲတွင်။
ချီမင်၏ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်ပြီးနောက်မှာ တည်ငြိမ်အောင်လုပ်လိုက်သည်။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်သည်လည်း ထိုအတိုင်းပြောင်းလဲသွားတော့၏။ သူက ကောင်းကင်အရှင်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကို အောင်မြင်စွာတည်ဆောက်ပြီးသွားတော့သည်။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့်သို့ရောက်ရှိသွားပါပြီ။ ဥပဒေသကောင်းကင်အရှင်ပထမအဆင့်ဂိမ်းမြေအောက်စခန်း:ကောင်းကင်အရှင်ကမ္ဘာကိုရှင်းလင်းရာမှရရှိမည့်ဆုလဒ်များ ကြီးမားစွာလျော့ကျသွားပါပြီ။ သင် အဆင့်နိမ့်တာအိုမူလအစတစ်သန်းဖြည့်သွင်းပြီး ကောင်းကင်အရှင်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်လှစ်နိုင်ပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ငါ အဆင့်နိမ့်တာအိုမူလအစတစ်သန်းထည့်မယ်။"
ချီမင်က တိုက်ရိုက်ပြော၏။"ကောင်းကင်အရှင်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်လှစ်မယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"ဥပဒေသကောင်းကင်အရှင် ဒုတိယအဆင့်ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင်ပထမအထပ်မှနဝမအထပ်ကို အောင်မြင်စွာ အသက်သွင်းနိုင်ပါပြီ။"
"သင် ဝင်ရောက်နိုင်ပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ဒါက.."ချီမင်က ခဏလောက်စဉ်းစားခန်းဝင်သွား၏။ "ဝင်မယ်။"
ပထမဆုံး ချီမင်၏စိတ်ထဲသို့ အချက်အလက်များ ဝင်လာတော့သည်။ ဖရိုဖရဲမျှော်စင်နှင့်ပတ်သက် သော အချက်အလက်များဖြစ်သည်။ ဂိမ်းမျက်နှာပြင်လည်း ပေါ်လာတော့သည်။
ဒဏ္ဍာရီအရတော့ လေဟာနယ်စကြဝဠာပင်လယ်၏အနက်ရှိုင်းဆုံးနေရာ၌ ဖရိုဖရဲမျှော်စင်တစ်ခုရှိသည်။ မျှော်စင်က (၉၉)ထပ်မြှင့်ကာ လေဟာနယ်စကြဝဠာပင်လယ်ထက်ကျော်သည်။ မျှော်စင်ထဲ၌ မရေမတွက်နိုင်သော ကျွမ်းကျင်သူများရှိသည်။ထိုဖရိုဖရဲမျှော်စင်ထဲ၌ ကောင်းကင်အရှင်အဆင့်သက်ရှိများသေဆုံးပြီးနောက်မှာ ချုပ်နှောင်ခံခဲ့ရသည်။
ထို့ပြင် အထက်ကမ္ဘာကိုးကမ္ဘာတွင် ဖရိုဖရဲမျှော်စင်သို့တက်ရောက်နိုင်သူများက သေချာပေါက်အထွတ်အထိပ်သို့ ရောက်မှာသေချာသည်။
ဂိမ်းမျက်နှာပြင်ထဲတွင်။
သူ၏မျက်လုံးထဲသို့ လေဟာနယ်စကြဝဠာပင်လယ်၏ပုံရိပ်များ ဝင်လာတော့သည်။ သူက လေဟာနယ်စကြဝဠာပင်လယ်ထဲ၏အနက်ပိုင်းထဲသို့ မယုံနိုင်စရာကောင်းသည့်အရှိန်နှုန်းဖြင့်ရောက်ရှိသွားတော့၏။
ချက်ချင်းပဲ ချီမင်သည် လေဟာနယ်စကြဝဠာပင်လယ်၏အနက်ပိုင်းကိုမြင်လိုက်၏။ ၎င်းတွင် အရာခပ်သိမ်း၏အရင်းမြစ်နှင့်နက်နဲမှုများပါဝင်သည်။ လေဟာနယ်စကြဝဠာပင်လယ်အနက်ပိုင်းတွင် လေဟာနယ်သားရဲဟုခေါ်သည့်သက်ရှိများရှိ၏။
လေဟာနယ်သားရဲများသည် လေဟာနယ်စကြဝဠာပင်လယ်နက်ထဲတွင်မွေးဖွားလာခဲ့ခြင်းဖြစ်၏။ မသေနိုင်မပျက်စီးနိုင်သောဖြစ်တည်မှုဖြစ်သည်။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး တောင် မဖျက်ဆီးနိုင်ပေ။
လေဟာနယ်သားရဲက ကပ်ဘေးဒုက္ခနှင့်မဟာတာအိုပျက်သုဉ်းခြင်း၏ရုပ်လုံးသရုပ်ဖြစ်သည်။
တစ်နည်းပြောရရင်။
လေဟာနယ်သားရဲမွေးဖွားမှုတိုင်းသည် လေဟာနယ်စကြဝဠာပင်လယ်တစ်ခုလုံး ကပ်ဘေးကျရောက်ခြင်းဖြစ်၏။ထိုကောင်များက ကမ္ဘာများကိုဝါးမျိုခြင်းကြောင့်ဖြစ်သည်။
လေဟာနယ်သားရဲမွေးဖွားမှု၏ပုံစံကွက်တော့မရှိပေ။
ချီမင်သည် မိုးကောင်းကင်သုံးခုညီအစ်ကိုတို့ထံမှလေဟာနယ်သားရဲများအကြောင်းသိခဲ့၏။ သူက လေဟာနယ်စကြဝဠာပင်လယ်နှင့်အထက်ကမ္ဘာကိုးကမ္ဘာ၏သမိုင်းကြောင်းကိုမသိခဲ့ပေ။
သိပ်မကြာခင်မှာပဲ ချီမင်က ဖရိုဖရဲမျှော်စင်ကိုမြင်လိုက်ရသည်။ ကြီးကျယ်ခမ်းနားသည့်မျှော်စင်ကြီးဖြစ်ကာ အကုန်အစင်မမြင်ရပေ။ ထိုအထွတ်အထိပ်တိုင်လုံးကြီးက လေဟာနယ်စကြဝဠာပင်လယ်ကိုဖိနှိပ်ထားသည့်တိုင်လုံးကြီးအလားပင်။
ချီမင်သည် အသိစိတ်တစ်စိတ်တစ်ပိုင်းကိုခွဲထုတ်ကာ ကောင်းကင်အရှင်နယ်ပယ်ဂိမ်းမြေအောက်စခန်း ထဲသို့ ဝင်သွားတော့သည်။ သူက အဆင့်နိမ့်တာအိုမူလအစ၏စွမ်းအားတို့ကိုသုံးကာ ဂိမ်းဇာတ်ကောင်၏ခန္ဓာကိုယ်ကို တည်ဆောက်လိုက်သည်။
၎င်းက ချောမောသည့်လူငယ်လေးတစ်ဦးဖြစ်သည်။
ဂိမ်းဇာတ်ကောင်:ဖရိုဖရဲမျှော်စင်စိန်ခေါ်သူ။
ထို့နောက်...
ချီမင်ပြောင်းလဲထားသည့်ဂိမ်းဇာတ်ကောင်သည် ဖရိုဖရဲမျှော်စင်ရှေ့သို့ရောက်လာတော့၏။ ခမ်းနားသည့်မျှော်စင်တံခါးက ဖရိုဖရဲဖြစ်နေကာ မဟာတာအိုစစ်မှန်ရည်ရွယ်ချက်တို့ပြည့်နှက်နေသည်။ ၎င်းတွင်နက်နဲမှုများစွာပါဝင်နေသည်။ ချီမင်က အကြိမ်အနည်းငယ်ကြည့်ကာ ဉာဏ်အလင်းပွင့်သွားရတော့သည်။ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စစ်မှန်ရည်ရွယ်ချက်တချို့ကိုနားလည်သွားတော့သည်။
ချီမင်သည် တာအိုသစ်သီးအဆင့်သုံးနှင့်ခြေတစ်လှမ်းနီးသွားတော့ပြန်သည်။
"မဆိုးဘူး"
ချီမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ ၎င်းက မထင်ထားသည့်အံ့ဩစရာလေးတစ်ခုဖြစ်သည်။
နောက်တခဏတွင် ဖရိုဖရဲအလင်းတစ်တန်းက မျှော်စင်တံခါးထိပ်မှကျဆင်းလာခဲ့ပြီး ချီမင်၏ဂိမ်းဇာတ်ကောင်ပေါ်သို့ဖုံးအုပ်သွားကာ ပထမအထပ်သို့ပို့ပေးလိုက်တော့သည်။
ပတ်ဝန်းကျင်မြင်ကွင်းကပြောင်းလဲသွားတော့သည်။
ချီမင်၏အရှေ့တည့်တွင် ဖရိုဖရဲမျှော်စင်၏ပထမဆုံးရန်သူကိုမြင်လိုက်ရသည်။ ၎င်းက သွေးသန့်ရေနဂါးစစ်စစ်တစ်ကောင်အဖြစ်ကာ ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်သည်။
"တိုက်မယ်"
ချီမင်က ဘာမှထပ်ပြောမနေတော့ဘဲ ဦးစွာတိုက်ခိုက်တော့သည်။ သူ၏လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်တော့ ကိုယ်ပိုင်တာအိုရတနာသုံးလက်ကပျံထွက်လာပြီး သွေးသန့်ရေနဂါးကို တစ်ချိန်တည်းတိုက်ခိုက်လိုက်သည်။
သွေးသန့်ရေနဂါးက ဟိန်းဟောက်လိုက်၏။
တိုက်ပွဲက ပေါက်ကွဲထွက်သွား၏။
ချီမင်ကအတော်လေးစွမ်းအားကြီးသည်။ သူသည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို နားလည်ဆင်ခြင်ထားခဲ့ပြီး မဟာတာအိုအံ့ဖွယ်စွမ်းအားကိုလည်းနားလည်ထား၏။ ချီမင်နားလည်ထားသည့်မဟာတာအိုအံ့ဖွယ်စွမ်းအားက သူကိုယ်ပိုင်ဖန်တီးထားခြင်းဖြစ်သည်။၎င်းက သူ့နှင့်အသင့်တော်ဆုံးဖြစ်သည်။ ထို့ကြောင့် ဖန်တီးပြီးတာနဲ့ သူက အမြင့်ဆုံးအဆင့် နက်နဲခြင်းအဆင့်ထိကို အချိန်တိုအတွင်းကျင့်ကြံနိုင်ခဲ့သည်။
အသေးစားအံ့ဖွယ်စွမ်းအား၊မဟာအံ့ဖွယ်စွမ်းအား၊အထွတ်အထိပ်အံ့ဖွယ်စွမ်းအားနှင့်မဟာတာအိုအံ့ဖွယ်စွမ်းအားတို့ကို အဆင့်ငါးဆင့်ခွဲထားသည်။ အစပြုသူအဆင့်၊အသေးစားအောင်မြင်မှုအဆင့်၊ အကြီးစားအောင်မြင်မှုအဆင့်၊ပြီးပြည့်စုံခြင်းအဆင့်နှင့်နက်နဲခြင်းအဆင့်တို့ဖြစ်သည်။
အသံကျယ်ကြီးထွက်လာသည်။
သွေးသန့်နဂါးက ချီမင်ထံမှသတ်ဖြတ်ခံလိုက်ရပြီး အလောင်းတောင်မကျန်ခဲ့တော့ပေ။
ချီမင်က ပထမအထပ်ကိုရှင်းလိုက်သည်။ သူ့ပုံရိပ်က ဒုတိယအထပ်သို့ရောက်သွားတော့သည်။ ဒုတိယအထပ်တွင် ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့်ရှိသည့် ဖရိုဖရဲနတ်ဆိုးဘုရားသုံးပါး ရှိသည်။
"တိုက်မယ်"
ချီမင်ပြောင်းလဲထားသည့်ဂိမ်းဇာတ်ကောင်သည်အသက်ပြင်းပြင်းရှုကာ အော်ဟစ်ကြုံးဝါလိုက်သည်။ သူက ဖရိုဖရဲနတ်ဆိုးဘုရားသုံးပါးနှင့်တိုက်ခိုက်လိုက်သည်။တိုက်ပွဲက ပြင်းထန်လာခဲ့၏။
အချိန်ကုန်ဆုံးသွားသည်။
ချီမင်ကစွမ်းအားကြီးမားလွန်းကာ တိုက်ပွဲတွင်ပြိုင်ဘက်ကင်းပေ။ ဖရိုဖရဲမျှော်စင်၏ပထမအထပ်မှနဝမအထပ်ထိတွင် အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်က ဥပဒေသကောင်းကင်အရှင်တတိယအဆင့်ထက်တော့မကျော်လွန်ပေ။ ရန်သူအရေအတွက်ကပို၍များလာရုံသာဖြစ်သည်။
သူက တိုက်ပွဲကိုအတင်းအကြပ်ရှေ့တိုးလာသည်။ ဘယ်သူမှ ချီမင်၏ပြိုင်ဘက်မဟုတ်ပေ။ သူတို့အားလုံး သတ်ဖြတ်ခံရတော့၏။
သူသွားလေလေ ချီမင်က ပိုများသောရန်သူများကိုကြုံရမှာဖြစ်သည်။ ဥပဒေသကောင်းကင်အရှင်တစ်ထောင်က ချီမင်ကိုတိုက်ခိုက်တာတောင်ရှိသည်။ အတော်လေးအန္တရာယ်များလှသည်။
ဖရိုဖရဲမျှော်စင်၏နဝမအထပ်တွင်။
ချီမင်က ဥပဒေသကောင်းကင်အရှင်တတိယအဆင့် ဘိုးဘေးနဂါးနတ်ဆိုးဘုရားတစ်ပါးနှင့် ကြုံခဲ့ရသည်။ နဂါးကိုယ်ထည်က ကြီးမားကွေ့ကောက်ကာ ထည်ဝါလှသည်။ နဂါးတန်ခိုးအာဏာက ကျယ်ပြန့်ကာ ပြင်းထန်လှသည်။
တိုက်ပွဲအတွင်းတွင် ချီမင်သည် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရပြီး ကပ်သီးလေးနိုင်သွားခဲ့သည်။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့်ဂိမ်း မြေအောက် စခန်း:ဖရိုဖရဲမျှော်စင်ပထမအထပ်မှနဝမအထပ်ထိကို တစ်နှစ်အတွင်းအလိုအလျောက် ရှင်းလင်းခဲ့ပါတယ်။ သင် အရှင်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။ သင် ဘိုးဘေးနဂါးနတ်ဆိုးဘုရားတစ်ပါးနှင့်အဆင့်နိမ့်တာအိုမူလအစသန်းတစ်ထောင်ရရှိခဲ့ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်ကအပျော်လွန်သွားတော့သည်။သူ၏မျက်နှာကအပြုံးများဖြင့်ပြည့်နှက်သွားသည်။"ဒီတစ်ကြိမ်ဆုလဒ်က မဆိုးဘူး။ ငါ တာအိုသားရဲနောက်တစ်ကောင်အပြင် အဆင့်နိမ့်တာအိုမူလအစသန်းတစ်ထောင် ရလိုက်တယ်။"
ယန်ရွှီတို့က တာအိုမူလအစမိုင်းတွင်းကိုမိုင်းတူးပြီးသွားခဲ့ပြီးနောက်မှာ သူ အဆင်ိ့နိမ့်တာအိုမူလအစသန်း(၃၀၀၀)ရခဲ့ သည်။ ပိုပြီးအဖိုးတန်တာကတော့ အဆင့်နိမ့်တာအိုမူလအစသလင်းကျောက်တစ်ခုဖြစ်သည်။
တာအိုမူလအစသလင်းကျောက်၏အကျိုးရလဒ်က နတ်ဆိုးဘုရားမူလဇာစ်မြစ်နှင့်အလားတူသည်။ ၎င်းက ကောင်းကင်အရှင်တစ်ဦးကို ဘာဆိုးကျိုးမှမရှိဘဲ တိုက်ရိုက်အဆင့်တစ်ဆင့် တိုးမြှင့်ပေးနိုင်သည်။ အကျိုးရလဒ်က ကောင်းကင်ကိုလွန်ဆန်နေသည်။
အဆင့်နိမ့်တာအိုမူလအစသလင်းကျောက်တစ်ခုဖြစ်တော့ ၎င်းက ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်အောက်များကိုသာ အကျိုးသက်ရောက်နိုင်သည်။
ထို့ကြောင့်လည်း မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က ကမ္ဘာဦးလောကကို ပစ်မှတ်ထားလာ ခြင်းဖြစ်သည်။
တာအိုသားရဲ:ဘိုးဘေးနဂါးနတ်ဆိုးဘုရား။
နာမည်ရင်း:ကျူးဟွာတျန်း။
အဆင့်:ဥပဒေသကောင်းကင်အရှင်တတိယအဆင့်။
တာအိုသစ်သီး:ဗုဒ္ဓတာအိုသစ်သီး။
ဖော်ပြချက်:ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့်ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင်ပထမအထပ်မှနဝမအထပ်တွင်ရရှိသော ရှားပါးတာအိုသားရဲတစ်ကောင်ဖြစ်သည်။ လက်ရှိတွင်တော့ ဥပဒေသကောင်းကင်အရှင်တတိယအဆင့်ဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်ကို ထိတွေ့ခဲ့သောကြောင့် ၎င်းက ဗုဒ္ဓတာအိုသစ်သီးကိုသိပ်သည်းနိုင်ခဲ့ပြီး မဟာတာအိုအံ့ဖွယ်စွမ်းအား:ရှစ်ပိုင်းဗုဒ္ဓကိုဖန်တီးခဲ့သည်။ ၎င်းက တာအိုကောင်းကင်ဖြစ်ဖို့အလားလာရှိပြီး စည်းမျဉ်းကောင်းကင်အရှင်နဝမအဆင့်ထိကြီးထွားနိုင်သည်။
ဘိုးဘေးနဂါးနတ်ဆိုးဘုရားသည် နတ်ဆိုးကမ္ဘာစစ်ပွဲတွင်သေဆုံးခဲ့ပြီး ဖရိုဖရဲမျှော်စင်နဝမအထပ်တွင် ချုပ်နှောင်ခံခဲ့ရသည့်ကောင်းကင်အရှင်ဖြစ်၏။ သူသေသွားတော့ သူတွင်စည်းမျဉ်းကောင်းကင်အရှင်နဝမအဆင့်၏ခွန်အားမျိုးရှိနေခဲ့ပြီဖြစ်သည်။
"မဆိုးဘူး။" ချီမင်ကအတော်လေးကျေနပ်သွားကာ ခေါင်းအထပ်ထပ်ညိတ်လိုက်၏။ "ဒီတစ်ကြိမ်ရလိုက်တဲ့တာအိုသားရဲက အတော်လေးကောင်းတယ်။ အလားအလာက ယန်ရွှီထက်အများကြီးမြင့်တယ်။"
နောက်တော့ ချီမင်သည် သူ၏ဆုလဒ်များကိုစီစဉ်လိုက်ပြီး နောက်ထပ်ကျင့်ကြံဖို့အစီအစဉ်ကို ပြင်ဆင်လိုက်တော့၏။
ပထမဆုံး ချီမင်က သူ၏ပစ္စည်းစာရင်းကိုဖွင့်ကာ အဆင့်နိမ့်တာအိုမူလအစသလင်းကျောက်တစ်ခုကို ထုတ်ယူလိုက်သည်။ ကျင့်ကြံခြင်းအဆင့်ကိုတိုးမြှင့်ပေးနိုင်သည့်အပြင် ၎င်းတွင် ပိုကြီးသောကောင်းကျိုးရှိသေးသည်။
ထိုအရာက...
အဆင့်နိမ့်တာအိုမူလအစသလင်းကျောက်ကို ဖရိုဖရဲထဲသို့မြှုပ်နှံပြီး ဖရိုဖရဲချီကိုစုပ်ယူ၍ တာအိုစာလုံးများနှင့်ပေါင်းစပ်ခြင်းက အဆင့်နိမ့်တာအိုမူလအစများကို အဆက်မပြတ်ထုတ်နိုင်သည်။
သာမန်အားဖြင့်တော့ အဆင့်နိမ့်တာအိုမူလအစသလင်းကျောက်က အဆင့်နိမ့်တာအိုမူလအစတစ်သန်းကို တစ်နှစ်အတွင်းထုတ်ပေးနိုင်သည်။
"တစ်နှစ်ကို အဆင့်နိမ့်တာအိုမူလအစတစ်သန်းထုတ်နိုင်တယ်။"
ချီမင် ကခဏလောက်တွေးမိသွားသည်။ "တခြားကောင်းကင်အရှင်တွေဆိုရင်တော့ အခြားတစ်ခုကိုပဲရွေးမှာ။ ဒါပေမဲ့ ငါ့အတွက်တော့ တစ်နှစ်ကိုအဆင့်နိမ့်တာအိုမူလအစတစ်သန်းက မလိုအပ်ဘူး။ ငါ တိုက်ရိုက်စုပ်ယူနိုင်လောက်တယ်။ ဒါမှမဟုတ် အဆင့်တစ်ဆင့်မြှင့်တင်နိုင်လောက်တယ်။"
"ဖရိုဖရဲမဟာတာအိုကျမ်း။" ချီမင်က ခပ်တိုးတိုးအော်ကာ ပါးစပ်ဟပြီး အဆင့်နိမ့်တာအိုမူလအစသလင်းကျောက်ကို စုပ်ယူလိုက်သည်။ သူက ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်ကာ စုပ်ယူပြီး စတင်သန့်စင်တော့၏။
တစ်ချိန်တည်းမှာ ချီမင်သည် အဆင့်နိမ့်တာအိုမူလအစများဖြည့်သွင်းကာ အဆင့်နိမ့်တာအိုမူလအစသလင်းကျောက်ကို စုပ်ယူရာ၌ကူညီလိုက်သည်။