)တာအိုသစ်သီးတတိယအဆင့်၊ဥပဒေသကောင်းကင်အရှင်တတိယအဆင့်၊တာအိုအသွင်ပြောင်းခြင်း လွတ်လပ်ခြင်းကျမ်း
Vol. 29 Ch. 423
နှစ်တစ်ထောင်ကြာသွားခဲ့သည်။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏အကူအညီနှင့် သင် အဆင့်နိမ့်တာအိုမူလအစသလင်းကျောက်ကို နှစ်တစ်ထောင်ကြာပြီးနောက် စုပ်ယူပေါင်းစပ်နိုင်ခဲ့ပါတယ်။ သင် အထဲမှတာအိုစာလုံးများကိုအပြည့်အဝစုပ်ယူခဲ့ပါတယ်။ သင့်ရဲ့ကောင်းကင်နှင့်မြေကြီးမဟာတာအိုနားလည်မှုတို့အပေါ် အထောက်အပံ့ဖြစ်သွားခဲ့ပါတယ်။ သင် ပို၍မြင့်သောအဆင့်သို့ရောက်ရှိသွားသောကြောင့် တာအိုနှလုံးသားက အဆင့်သုံးသို့ရောက်ရှိသွားပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က ကိုယ်တိုင်ပဲနားလည်သွားတော့သည်။ သူ၏အသိစိတ်အနက်ပိုင်းထဲတွင် သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုနားလည်မှုများကြောင့် မဟာတာအိုနှလုံးသားက သိပ်သည်းသွားတော့သည်။ ၎င်းက ချီမင်၏စစ်မှန်သည့် အခြေခံအုတ်မြစ်သည်။
သူ၏အသိစိတ်နှင့်မဟာတာအိုနှလုံးသားတို့က တောက်ပလာခဲ့၏။
ချီမင်၏မဟာတာအိုနှလုံးသားအပေါ်တွင် အကွင်းအသုံးကွင်းပေါ်လာသည်။ အကွင်းတိုင်းက စစ်မှန်ကာ အဆုံးမဲ့အမှန်တရားတို့သယ်ဆောင်ထားတော့၏။
"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်"
ချီမင်၏မျက်နှာက အပြုံးများဖြင့်ပြည့်နှက်သွားတော့၏။
ယခင်တုန်းက ချီမင်သည် နတ်ဆိုးဘုရားမူလဇာစ်မြစ်ကိုစုပ်ယူသန့်စင်ဖို့ နှစ်တစ်သောင်းလောက်အချိန်ယူခဲ့ရသည်။ ဤတစ်ကြိမ်တော့ သူက အဆင့်နိမ့်တာအိုမူလအစသလင်းကျောက်ကိုစုပ်ယူသန့်စင်ဖို့ နှစ်တစ်ထောင်သာအချိန်ယူရ၏။
တစ်ချိန်တည်းမှာ ချီမင်၏တာအိုနှလုံးသားက အဆင့်သုံးသို့တက်သွားသည်နှင့်အတူ သူ၏ကမ္ဘာဦးတာအိုသစ်သီးကလည်း ပြောင်းလဲသွားတော့၏။ တတိယအကွင်းလေးဖြည်းညှင်းစွာပေါ်လာခဲ့သည်။သို့ပေမဲ့ ၎င်းကအစစ်မှန်မဟုတ်သေးကာ အတော်လေးပုံရိပ်ယောင်ဆန်နေသေးသည်။
ချီမင်က သူ၏ပစ္စည်းစာရင်းကိုဖွင့်ကာ သိုလှောင်လက်စွပ်ကိုထုတ်ယူလိုက်၏။ သူက အဆင့်နိမ့်တာအိုမူလအစအရေအတွက်အတော်များများကိုဆင့်ခေါ်လိုက်သည်။ ချီမင်သည် အဆင့်နိမ့်တာအိုမူလအစ၏စွမ်းအင်များကို ရူးသွပ်စွာစုပ်ယူတော့သည်။ထိုစွမ်းအားတို့ကို သူ၏ကမ္ဘာဦးတာအိုသစ်သီးအတွက် သုံးလိုက်တော့သည်။
အဆင့်နိမ့်တာအိုမူလအစသလင်းကျောက်တစ်ခုတည်းနှင့်တော့ ချီမင်အတွက် အဆင့်ချိုးဖြတ်ခြင်း သို့မဟုတ် မဟာတာအိုနှလုံးသားအဆင့်သုံးသို့အပြည့်အဝမရောက်ရှိနိုင်ပေ။
ချီမင်သည် ဖရိုဖရဲမျှော်စင်ကိုယခင်တုန်းက လေ့လာခဲ့သောကြောင့် ဉာဏ်အလင်းပွင့်သည့်အခြေအနေသို့ ကျရောက်သွားတော့၏။၎င်းက သူ့ကို့ မဟာတာအိုအားပို၍နက်နဲစွာ နားလည်သွားစေတော့သည်။
ထိုသို့ဖြင့် ချီမင်သည် မဟာတာအိုနှလုံးသားတတိယအဆင့်သို့အပြည့်အဝရောက်ရှိသွားတော့၏။
တစ်နှစ်အကြာတွင်။
ချီမင်၏ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ ထူထဲသည့်ကမ္ဘာဦးခရမ်းရောင်အလင်းတို့မှာ သူ့အနားတွင်ဝန်းရံလာခဲ့ပြီး များစွာသောမဟာတာအိုစစ်မှန်အဆောင်တို့ ပေါ်လာခဲ့သည်။ ချီမင်၏ရင်ဘက်ပေါ်တွင် ကမ္ဘာဦးတာအိုသစ်သီးပေါ်လာသည်။
ချီမင်၏ကမ္ဘာဦးတာအိုသစ်သီးပေါ်တွင် အကွင်းသုံးကွင်းသိပ်သည်းသွားသည်။ ၎င်းအကွင်းတို့တွင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအမှန်တရားတို့ပါဝင်သည်။၎င်းက ချီမင်သည် အဆင့်ချိုးဖြတ်သွားခြင်းဖြစ်ကြောင်း ပြနေခြင်းဖြစ်၏။
"ကောင်းတယ်။" ချီမင်က အပျော်လွန်သွားတော့သည်။"အဆင့်နိမ့်တာအိုမူလအစသန်း(၁၀၀)စုပ်ယူဖို့ တစ်နှစ်ပဲ အချိန်ယူရတယ်။ မဟာတာအိုနှလုံးသားက အဆင့်သုံးကိုရောက်သွားလို့ ကမ္ဘာဦးတာအိုသစ်သီးကလည်း အဆင့်သုံးရောက်သွားတယ်။"
"ဒီလိုဆိုရင်.."
"ငါ ဥပဒေသကောင်းကင်အရှင်တတိယအဆင့်ကိုရောက်သွားပြီ။"
"ဟားဟား..."ချီမင်က စိတ်အခြေအနေကောင်းသွားတော့သည်။သူက ကျယ်လောင်စွာရယ်မောလိုက်သည်။
ချီမင်က အတော်ပျော်သွားတော့သည်။
ချီမင်၏အဆင့်ချိုးဖြတ်သွားခြင်းက သူ့ကိုပိုလုံခြုံသလိုခံစားရစေသည်။ နောက်ဆုံးတော့ အထက်ကမ္ဘာကိုးကမ္ဘာတွင် မရေမတွက်နိုင်သောကောင်းကင်အရှင်များနှင့်များစွာသော ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များရှိသည်။
ရိုးရိုးသားသားပြောရရင် သူက သူရန်စထားမိသည့်စွမ်းအားကြီးရန်သူများကို စိုးရိမ်နေခဲ့တာလည်းဖြစ်သည်။ သူ၏ကျင့်ကြံခြင်းက အတော်လေးအားနည်းပြီး ရန်သူ၏ပြိုင်ဘက်မဟုတ်သေးပေ။
ထိုအခြေအနေကိုရှောင်ရှားဖို့ ချီမင်သည် ကမ္ဘာဦးလောကမှထွက်ခွာဖို့ကြိုးစားတာက အကောင်းဆုံးဖြစ်သည်။ ထိုအစား သူက ကမ္ဘာဦးလောကတွင်နေကာ အလိုအလျောက်ကျင့်ကြံခဲ့သည်။ သူက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့်ရောက်တော့မှ အပြင်ထွက်ပျော်နိုင်မည်ဖြစ်သည်။
ချီမင်၏အရိုးသားဆုံးအတွေးကတော့ သူ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးဖြစ်လာရင်တောင် သိပ်မလုံခြုံသေးပေ။ သူ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့်သို့ရောက်သွားရင်တော့ အကောင်းဆုံးဖြစ်သည်။သူက အထက်ကမ္ဘာကိုးကမ္ဘာ၏အရှင်များနှင့်တိုက်ခိုက်နိုင်လိမ့်မည်။ ထိုအရာမှ စစ်မှန်သည့်လွတ်လပ်မှုဖြစ်သည်။
တစ်ချိန်တည်းမှာ အထက်ကမ္ဘာကိုးကမ္ဘာ၊လေဟာနယ်စကြဝဠာပင်လယ်ထဲ ကြိုက်တဲ့နေရာ သူသွားနိုင်သည်။
ချက်ချင်းဆိုသလိုပင် နောက်ထပ်တစ်နှစ်ကုန်သွားသည်။
ချီမင်သည် သူ၏ဥပဒေသကောင်းကင်အရှင်တတိယအဆင့်ကိုတည်ငြိမ်အောင်လုပ်ပြီးသွားခဲ့သည်။
ချီမင်သည် ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့်ဂိမ်းမြေအောက်စခန်းကိုနှစ်တိုင်းရှင်းလင်းခဲ့၏။ သူက အဆင့်နိမ့်တာအိုမူလအစသန်းတစ်ထောင်နှင့်များစွာသောရတနာများရခဲ့သည်။
သူသာ ထိုရတနာများကိုရောင်းခဲ့ရင် တာအိုမူလအစများစွာရနိုင်သည်။
ချီမင်သည် ထိုအရာများဖြင့် အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကို ဆယ်ဆနီးပါးအမြန်နှုန်းမြှင့်တင်နိုင်၏။
လွန်ခဲ့သည့်နှစ်တစ်ထောင်တွင်။
ချီမင်သည် အဆင့်နိမ့်တာအိုမူလအစပေါင်း(၂၄၀၀၀၀၈)ကိုနေ့တိုင်းထည့်ပြီး ဖရိုဖရဲမဟာတာအိုကျမ်းကိုကျင့်ကြံခြင်း၊ကိုယ်ပိုင်တာအိုရတနာများကိုသန်စင်ခြင်း၊အခြားသောနက်နဲသည့်မဟာတာအိုကျင့်ကြံခြင်းနည်းစနစ်ကိုတွက်ချက်ခြင်းနှင့် တာအိုသားရဲသုံးကောင်ကို ကျင့်ကြံခြင်းတို့အားလုပ်ဆောင်သည်။
သူတွင် အခုအကြမ်းဖျင်းအားဖြင့်တော့သုံးစရာမရှိတော့ပေ။ သူက ကိုယ်ပိုင်နားလည်မှုကိုသာမှီခို၍ တာအိုသစ်သီးအခန်းထက်မှကျင့်ကြံခြင်းနည်းစနစ်ကိုတွက်ချက်ရုံသာတတ်နိုင်သည်။ ထို့ကြောင့် တွက်ချက်ဖို့အတော်လေးခက်ခဲသည်။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ ဖရိုဖရဲမဟာတာအိုဓားကြာပွင့်ကို အဆ(၃၀၀၀၀၀)မြှင့်တင်မှုအောက်တွင် နှစ်တစ်ထောင်ကျော်ကြာသန့်စင်ခဲ့ပါတယ်။ဥပဒေသတာအိုရတနာအဆင့်နှစ်သို့ရောက်ရှိသွားပါပြီ။"
…
နှစ်တစ်ထောင်ကျော်အတွင်းမှာ ချီမင်၏ကိုယ်ပိုင်တာအိုရတနာတို့မှာ ဥပဒေတာအိုရတနာအဆင့်နှစ်သို့ ရောက်သွားတော့၏။သို့ပေမဲ့ ပြောင်းလဲမှုကြီးကြီးစားစားတော့မရှိပေ။ တာအိုသားရဲသုံးကောင်ကလည်း များစွာမတိုးတက်လာခဲ့ပေ။ နက်နဲသည့်မဟာတာအိုကျင့်ကြံခင်းနည်းစနစ်များနှင့်ပတ်သက်သောသဲလွန်စများလည်းရမလာသလို မဟာတာအိုအံ့ဖွယ်စွမ်းအားအသစ်ကိုလည်း မတွက်ချက်နိုင်ခဲ့ပေ။
ထိုအစား သူက နင်းစုန်မြစ်ဝါကောင်းကင်တက်လှမ်းခြင်းအစီအရင်နှင့် ကောင်းကင်သံသရာကြယ်တာရာအစီအရင်တို့ကိုအခြေခံကာ စစ်မှန်သည့်ကောင်းကင်နှင့်မြေကြီးမဟာတာအိုအစီအရင်ကိုတွက်ချက်နိုင်ခဲ့သည်။
၎င်းကို စကြဝဠာကောင်းကင်တက်လှမ်းခြင်းအစီအရင်ဟုခေါ်သည်။
ချီမင်အတွက်တော့ ကောင်းကင်နှင့်မြေကြီးမဟာတာအိုအစီအရင်ကို အမှန်တကယ်တည်ဆောက်နိုင်ဖို့ အင်မတန်ခက်ခဲနေသေးသည်။ အမြူတေအစီအရင်ကားချပ်နှင့်အဓိကအစီအရင်အမြူအတေတို့ကို မွေးရာပါကောင်းကင်တာအိုရတနာထက်ကျော်လွန်သောရတနာများဖြင့် သန့်စင်ရသည်။
စကြဝဠာကောင်းကင်တက်လှမ်းခြင်းအစီအရင်ကိုတပ်ဆင်နိုင်ရင်စည်းမျဉ်းကောင်းကင်အရှင်တစ်ပါးကိုတောင်သတ်ဖြတ်နိုင်၏။
"အစီအရင်က မဆိုးဘူးပဲ။"
ချီမင်ကဆိုသည်။"ဒါပေမဲ့ ငါအခုတော့ မသန့်စင်နိုင်သေးဘူး။ ငါ ပုံတူကိုပဲသန့်စင်နိုင်သေးတယ်။"
ချီမင်က ပုံတူကိုတော့သန့်စင်ဖို့ပြင်ဆင်ထားခဲ့၏။
အမြူတေအစီအရင်ကားချပ်နှင့်အဓိကအစီအရင်အမြူတေတို့ကို ထိပ်တန်းအဆင့်လူလုပ်ကောင်းကင်တာအိုရတနာဖြင့် သန့်စင်၍ရသည်။ ၎င်း၏စွမ်းအားက စကြဝဠာကောင်းကင်တက်လှမ်းခြင်းအစီအရင်အစစ်ကိုတော့မယှဉ်နိုင်ပေမဲ့ အတော်လေးကောင်းမွန်ပါ၏။
သေချာသည်ကတော့ အပြည့်အဝသန့်စင်ဖို့ အချိန်အတော်ကြာ လိုပါသေးသည်။
တစ်ညတည်းနဲ့ပြီးဖို့က သဘာဝအတိုင်းမဖြစ်နိုင်ပေ။
"ငါ အခု ဥပဒေသကောင်းကင်အရှင်တတိယအဆင့်မှာပဲ။"
ချီမင်က ခဏလောက်တွေးကာဆိုသည်။"ငါကောင်းကင်အရှင်အဆင့်ရောက်သွားမှပဲ အဆင့်တက်ရတာ ပိုမြန်နေတယ်။ ကိုယ်ပိုင်တာအိုရတနာတွေရဲ့သန့်စင်နှုန်းကတောင် မလိုက်နိုင်တော့ဘူး။"
အင်မော်တယ်အဆင့်မှာတုန်းက ချီမင်၏ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်နှုန်းသည် အဓိကအဆင့်တစ်ဆင့်ကိုချိုးဖြတ်ပြီးရုံသာရှိသေးချိန် သူ၏ကိုယ်ပိုင်တာအိုရတနာများကိုတော့ ထိုအဓိကအဆင့်ကြီးရဲ့အကန့်အသတ်ထိသန့်စင်ပြီးသွားခဲ့သည်။ ၎င်းက သူ့ကျင့်ကြံခြင်းအဆင့်၏ရှေ့တွင် အမြဲရောက်နေခဲ့တာဖြစ်သည်။
ကောင်းကင်အရှင်အဆင့်ရောက်သွားပြီးနောက်မှာ ပြောင်းပြန်ဖြစ်သွားတော့သည်။
"ငါ ကောင်းကင်အရှင်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကိုအသက်သွင်းမယ်။"
ချီမင်ကပြောလိုက်သည်။"ဒီလိုဆို ငါအဆင့်နိမ့်တာအိုမူလအစတွေပိုရနိုင်တယ်။ ကိုယ်ပိုင်တာအိုရတနာတွေရဲ့သန့်စင်နှုန်းကိုလည်း တိုးမြှင့်လို့ရပြီ။"
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် ဥပဒေသကောင်းကင်အရှင်တတိယအဆင့်သို့ရောက်ရှိသွားပါပြီ။ ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့်ဂိမ်းမြေအောက်စခန်းကိုရှင်းလင်းရာမှရရှိမည့်ဆုလဒ်များ လျော့ကျသွားပါပြီ။ သင် အဆင့်နိမ့်တာအိုမူလအစ(၁၀)သန်းဖြည့်သွင်းပြီး ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်လှစ်နိုင်ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ငါ အဆင့်နိမ့်တာအိုမူလအစတစ်သန်းထည့်မယ်။"
ချီမင်က တုံ့ဆိုင်းမနေဘဲတိုက်ရိုက်ပြောလိုက်၏။ "အရှင်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကိုအသက်သွင်းမယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"ဥပဒေသကောင်းကင်အရှင် တတိယအဆင့်ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင်ဆယ်ထပ် မှဆယ့်ကိုးထပ်ကို အောင်မြင်စွာ အသက်သွင်းနိုင်ပါပြီ။"
"သင် ဝင်ရောက်နိုင်ပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်ကပြုံးကာဆိုသည်။"ဝင်မယ်။"
နောက်ပိုင်းအခြေအနေကတော့ ချီမင်အရင်ဖရိုဖရဲမျှော်စင်ကိုဖြေရှင်းတုန်းကနှင့်အတူတူပေ။ များစွာမပြောင်းလဲသွားခဲ့ပေ။
ဂိမ်းမျက်နှာပြင်ထဲတွင် ချီမင်၏ခွဲထုတ်ထားသည့်အသိစိတ်တစ်စိတ်တစ်ပိုင်းက ဂိမ်းဇာတ်ကောင်နှင့်ပေါင်းစပ်သွားတော့သည်။ ၎င်းက မူရင်းခန္ဓာကိုယ်နှင့်တူညီသည့်အင်အားကိုပိုင်ဆိုင်ထားပြီး ပို၍တောင်သန်မာသည်။
ချီမင်ပြောင်းလဲထားသည့်ဂိမ်းဇာတ်ကောင်က သူ့ရှေ့မှမျှော်စင်သို့ထပ်ရောက်လာသည်။ သူက လှမ်းကာကြည့်လိုက်သည်။ သူ မထိတ်လန့်ဘဲမနေနိုင်ပေ။သို့ပေမဲ့ သူဉာဏ်အလင်းတော့မပွင့်တော့ပေ။
အလင်းတိုင်ကြီးကျရောက်လာသည်။
ချီမင်၏ဂိမ်းဇာတ်ကောင်က ဆယ်ထပ်မြောက်သို့ရောက်သွားသည်။၎င်းက နတ်ဆိုးအရှိန်အဝါများနှင့်ပြည့်နှက်နေသည့် နတ်ဆိုးကမ္ဘာတစ်ခုဖြစ်သည်။ နတ်ဆိုးများစွာပေါ်လာတော့သည်။
အတော်လေးများသည်။
အရေအတွက်က တစ်သောင်းလောက်ရှိသည်။
နောက်တခဏတွင် ချီမင်၏ဂိမ်းဇာတ်ကောင်ကိုဝိုင်းလာကြသည်။
"ကမ္ဘာဦးတာအိုအလင်း။"
ချီမင်၏ဂိမ်းဇာတ်ကောင်ကတိုက်ရိုက်ပဲ အကွက်ကြီးတစ်ကွက်ထုတ်သုံးလိုက်၏။ သူက ဗဟိုတွင်ရပ်တည်နေခဲ့သည်။ သူ၏ရင်ဘက်ပေါ်မှကမ္ဘာဦးတာအိုသစ်သီးသည် အလင်းအလွှာသုံးလွှာဖြင့်ဖုံးအုပ်နေသည်။
ချီမင်၏ဂိမ်းဇာတ်ကောင်သည် အဆုံးမဲ့အလင်းတို့ထုတ်လွှတ်နေသည့် အင်မတန်ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာဦးနေအဖြစ်ပြောင်းလဲသွားတော့သည်။ ကမ္ဘာဦးအလင်းရောင်က အရပ်မျက်နှာအနှံတောက်ပလနေခဲ့ပြီး နတ်ဆိုးတို့မှာ နှင်းမြူခဲတို့အလား အရည်ပျော်ကျသွားတော့သည်။
မြင်ကွင်းက အတော်လေးထိတ်လန့်ဖွယ်ကောင်းသည်။
"မဆိုးဘူး"
ချီမင်၏အဓိကခန္ဓာကိုယ်က ထိုအခြေအနေကိုမြင်တော့ စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ သူက ပေါ့ပေါ့ပါးပါးလက်ယမ်းကာ ဂိမ်းမျက်နှာပြင်ကိုပိတ်လိုက်သည်။
တစ်နှစ်အကြာတွင်။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် ဥပဒေသကောင်းကင်အရှင်တတိယအဆင့် ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင် ဆယ်ထပ်မြောက်မှဆယ့်ကိုးထပ်မြောက်ကို တစ်နှစ်ကြာ အလိုအလျောက်ရှင်းလင်းခဲ့ပါတယ်။ သင် အရှင်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။ သင် မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုအသွင်ပြောင်းခြင်း လွတ်လပ်မှုနည်းစနစ်နှင့်အဆင့်နိမ့်တာအိုမူလအစသန်း(၁၀၀၀၀)ရခဲ့ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ဒါက..."
ချီမင်က အနည်းငယ်ထိတ်လန့်သွားသည်။
မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုအသွင်ပြောင်းခြင်းလွတ်လပ်မှုနည်းစနစ်။
ဖော်ပြချက်: ဥပဒေသကောင်းကင်အရှင်တတိယအဆင့်ဂိမ်းမြေအောက်စခန်းမှရရှိသော မဟာတာအိုအံ့ဖွယ်စွမ်းအားဖြစ်သည်။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်:ဟောက်တျန်းမှ ဖန်တီးထားခြင်းဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုအခြေခံအဖြစ်ထားကာ တာအိုမှလွတ်လပ်မှု၊အချိန်၊ပြန်လည်မွေးဖွားခြင်း၊ဗုဒ္ဓ၊အင်မော်တယ်ဘိုးဘေး၊ကောင်းကင်၊မရှိမှု၊ထာဝရ၊အဆုံးမဲ့....စသည်တို့ပြောင်းလဲထားခြင်းဖြစ်၏။
ပြိုင်ဘက်ကင်းထာဝရအထွတ်အထိပ်ကောင်းကင်အရှင်၏နည်းစနစ်ဖြစ်သည်။ ၎င်းက နည်းစနစ်အားလုံးကိုအကန့်အသတ်ထိတွက်ချက်ထားခြင်းဖြစ်ပြီး ကျော်လွန်ချိုးဖြတ်ဖို့မဖြစ်နိုင်ပေ။
ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်:ဟောက်တျန်းသည် အစောပိုင်းတတိယလေဟာနယ်ခေတ်တွင်မွေးဖွားခဲ့ပြီး စတုတ္ထလေဟာနယ်ခေတ်အစောပိုင်းတွင် သေဆုံးခဲ့သည်။ သူက အသင်္ချေကမ္ဘာများ၌ လေဟာနယ်ခေတ်တစ်ခေတ်တွင် ပြိုင်ဘက်ကင်းခဲ့သည်။ လေဟာနယ်သားရဲများမွေးဖွားလာခဲ့သည်။ အသင်္ချေကမ္ဘာများကိုကာကွယ်ဖို့ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များက ပူးပေါင်းကာ လေဟာနယ်စကြဝဠာပင်လယ်အစွန်း၌ တိုက်ခိုက်ခဲ့သည်။ ဘဝအဆုံးသတ်ခါနီးတွင် သူတို့က အကန့်အသတ်ထိဆင့်ကဲပြောင်းလဲသွားခဲ့ပြီး နောက်ဆုံးအဆင့်ကိုထိတွေ့ခဲ့သည်။ သူတို့က လေဟာနယ်သားရဲကိုသတ်ဖြတ်ပြီး မိုးမြေမဟာတာအိုမှဖယ်ထုတ်ခဲ့သည်။
"ဒါက.."ချီမင်ကအတွေးနက်သွားသည်။"ဒီတာအိုအသွင်ပြောင်းခြင်းလွတ်လပ်မှုနည်းစနစ်က ဒီလိုစွမ်းအားမျိုးရှိနေတာပဲ။ ကမ္ဘာကြီးထဲက အရာအားလုံးအဖြစ်ပြောင်းလဲနိုင်တယ်။ ဒါက လုံးဝကိုရှေးခေတ်ကအယူအဆတွေကိုကျော်လွန်သွားတာပဲ။"
"ပြီးတော့.."
"လေဟာနယ်ခေတ်ဆိုတာဘာလဲ။ လေဟာနယ်သားရဲနဲ့ဆိုင်နေတာလား။ မတွေးမိခဲ့ဘူး။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ဟောက်တျန်းကရောအသက်ရှင်နေသေးလား။သူက မူလအစကမ္ဘာကိုခြေချနိုင်သွားလောက်ပြီလား။"