← Chapters

အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်၏ကြောက်မက်ဖွယ်ရာအကျိုးသက်ရောက်မှု

Vol. 29 Ch. 424

အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်၏ကြောက်မက်ဖွယ်ရာအကျိုးသက်ရောက်မှု

Vol. 29 Ch. 424

ချီမင်က ခေါင်းခါကာ ဆက်မတွေးတော့ပေ။ သူက နောက်တစ်ရက်မှာပဲ ကျင့်ကြံခြင်းမှ ပြန်ထွက် လာပြီး လေဟာနယ်ခေတ်အကြောင်းနှင့်ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ဟောက်တျန်း အကြောင်းကို မိုးကောင်းကင်သုံးခုညီအစ်ကိုတို့အားစုံစမ်းခိုင်း၏။

သူက အသုံးဝင်တာတစ်ခုခုသိရမည်ဟု မျှောင်လင့်ထားခဲ့ပါသည်။

မိုးကောင်းကင်သုံးခုညီအစ်ကိုတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တိတ်ဆိတ်စွာခေါင်းညိတ်လိုက်သည်။

သူက ဥပဒေသကောင်းကင်အရှင်တတိယအဆင့်ဖရိုဖရဲမျှော်စင်ဆယ်ထပ်မြောက်မှ ဆယ့်ကိုးထပ်ကို ရှင်းလင်းပြီးရင် အဆင့်နိမ့်တာအိုမူလအစသန်း(၁၀၀၀၀)ရနိုင်သည်။

ချီမင်သည် တစ်နေ့ကိုအဆင့်နိမ့်တာအိုမူလအစအနည်းဆုံး(၂၇)သန်းသုံးနိုင်သည်။ ၎င်းက သူ၏ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်ပေးဖို့ လုံလောက်သည်။

"ငါ အဆင့်နိမ့်တာအိုမူလအစ(၃၀၀၀၀၀၁)ထည့်ပြီး ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကို ကျင့်ကြံမယ်။"

တင်း!

" ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကို အဆ(၃)သန်းမြှင့်တင်မှုအောက်တွင် ကျင့်ကြနေပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

…

"ငါ အဆင့်နိမ့်တာအိုမူလအစ(၃၀၀၀၀၀၁)ထည့်ပြီး မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုအသွင် ပြောင်းခြင်းလွတ်လပ်မှုနည်းစနစ်ကို ကျင့်ကြံမယ်။"

တင်း!

"မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုအသွင်ပြောင်းခြင်းလွတ်လပ်မှုနည်းစနစ်ကို အဆ(၃)သန်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

တာအိုအသွင်ပြောင်းခြင်းလွတ်လပ်မှုနည်းစနစ်သည် ချီမင်ဖန်တီးထားသည့် မဟာတာအိုအံ့ဖွယ်စွမ်းအား မဟုတ်ပေ။ထို့ကြောင့်သူကအပြည့်အဝနားလည်သဘောပေါက်သွားဖို့ တဖြည်းဖြည်းချင်းကျင့်ကြံနားလည်ဆင်ခြင်ရမည်ဖြစ်သည်။

ထို့ပြင် ချီမင်သည် အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏ကျင့်ကြံခြင်းအမြန်နှုန်းကို စတင်ချိန်ညှိလိုက်သည်။သူက အဆင့်နိမ့်တာအိုမူလအစများကိုထည့်၍ဆယ်ဆမြှင့်တင်၍ရသည်။ သူက သဘာဝအတိုင်းကျင့်ကြံခြင်းအမြန်နှုန်းကို ဆယ်ဆတိုးမြှင့်နိုင်ပါ၏။

ထို့အပြင် မဟာတာအိုကျမ်းတာအိုသစ်သီးအခန်းအထက်ကိုတွက်ချက်ရန်လည်းရှိ၏။ သန့်စင်ရန် ကိုယ်ပိုင်တာအိုရတနာများလည်းရှိသည်။ကျင့်ကြံရမည့်တာအိုသားရဲသုံးကောင်လည်းရှိသည်။ ယန်ရွှီ၊ခေါင်းသုံးလုံးနတ်ဆိုးဘုရားနှင့်ဘိုးဘေးနဂါးနတ်ဆိုးဘုရားတို့အားလုံးကို ဆယ်ဆတိုးမြှင့်ကာ ကျင့်ကြံခိုင်းထားသည်။

သူတို့အားလုံးက အဆ(၃)သန်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံခဲ့သည်။

ချီမင်က တစ်နေ့ကိုအဆင့်နိမ့်တာအိုမူလအစ(၂၇၀၀၀၀၀၉)သုံးဖို့လိုအပ်သည်။

အဆင့်နိမ့်တာအိုမူလအစရရှိမှုနှင့်တော့ အခြေခံအားဖြင့် အဝင်အထွက်ညီမျှနေပါသေး၏။

ချီမင်သည် အရှင်နယ်ပယ်ဂိမ်းမြေအောက်စခန်းကိုရှင်းလင်းခဲ့၏။ သူက အကြိမ်တိုင်း အဆင့်နိမ့်တာအိုမူလအစများအပြင် ရတနာမျိုးစုံလည်းရသည်။ ထိုရတနာများကို ရောင်း၍ အဆင့်နိမ့်တာအိုမူလအစများနှင့်လဲလှယ်ခဲ့သည်။

အဲ့ဒီမှရသည့်ဝင်ငွေကတော့ သဘာဝအတိုင်းမတူညီတတ်ပေ။

သို့ပေမဲ့ ရတနာရောင်းလို့ရသည့်အကြိမ်တိုင်း အဆင့်နိမ့်တာအိုမူလအစသန်းတစ်ထောင်ထက်တော့ မနည်းပေ။ ချီမင်အတွက် အတော်လေးတန်ဖိုးရှိပြီး အသုံးဝင်ရင်တော့ ရောင်းမထုတ်ပဲ ကိုယ်တိုင်သိမ်းထားသည်။

ချီမင်က အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကိုအသက်သွင်းပြီး အချိန်စီးအဆင်းနှုန်းကိုမြန်ဖို့ ထိုဝင်ငွေအစိတ်အပိုင်းကိုအသုံးပြုဖို့ပြင်ထားခဲ့သည်။

“အရမ်းကောင်းတယ်။”

ချီမင်က အတော်လေးကျေနပ်သွားသည်။"သာမန်အားဖြင့် ဖရိုဖရဲနတ်ဆိုးဘုရားတိုင်းက ခေတ်တစ်ခေတ်ကိုဖြတ်သန်းတိုင်း အဆင့်တစ်ဆင့်တိုးတယ်။ ခေတ်တစ်ခေတ်မှာ နှစ်တစ်ထရီလီယန်ရှိတယ်။"

"အဆ(၃)သန်းမြှင့်တင်မှုအောက်မှာဆို။"

"ငါ နှစ်ပေါင်း(၃၃၀၀၀၀)ပဲအလိုအလျောက်ကျင့်ကြံခိုင်းပြီး အဆင့်တစ်ဆင့်တိုက်ရိုက်တက်လို့ရတယ်။ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ရဲ့သက်ရောက်မှုနဲ့ဆို အချိန်ကပိုပြီးတောင်နည်းသွားဦးမယ်။"

"စကြတာပေါ့။"

ချီမင်က အတွေးတစ်ချက်ဖြင့်ဆိုသည်။"ငါ အဆင့်နိမ့်တာအိုမူလအစသန်းတစ်ထောင်ထည့်ပြီး အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကိုအသက်သွင်းမယ်။"

တင်း!

"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"

"အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အောင်မြင်စွာအသက်သွင်းခဲ့ပါတယ်။ သင် အဆင့်နိမ့်တာအိုမူလအစသန်းတစ်ထောင်ထည့်သွင်းခဲ့သောကြောင့် အချိန်စီးဆင်းနှုန်း အဆသန်းတစ်ထောင် တိုးသွားပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်၏ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်အလင်းတစ်ချက်လက်သွားပြီး လေထုထဲသို့ပျောက်ကွယ်သွား တော့၏။ သူက အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲသို့ဝင်သွားတော့သည်။ သူ့ပတ်ဝန်းကျင်က ဗလာဖြစ်နေသည်။ ချီမင်က လေဟာနယ်ထဲ၌ထိုင်လိုက်သည်။သူက အချိန်စီးဆင်းနှုန်းကိုမခံစားနိုင်တော့ပေ။

ထိုအခြေအနေတွင် ချီမင်သည် ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကိုလည်ပတ်လိုက်သည်။ သူကကျင့်ကြံခြင်းနည်းစနစ်ကိုလည်ပတ်ကာ အံ့ဖွယ်စွမ်းအားများနားလည်ဆင်ခြင်လျက် ကိုယ်ပိုင်တာအိုရတနာများကိုသန့်စင်တော့၏။ အချိန်စီးဆင်းနှုန်းအောက်တွင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကလည်းလည်ပတ်နေသည်။

၎င်းကို တခဏလောက်ဟုခံစားရသည်။

ထာဝရဟုလည်းခံစားရသည်။

တခဏက ထာဝရဖြစ်ကာ ထာဝရသည် တခဏဖြစ်သည်။

လေဟာနယ်ထဲတွင် အချိန်စီးဆင်းနှုန်းကိုမခံစားနိုင်ပေ။ချီမင်သည် မယှဉ်သာလောက်အောင်နက်နဲသည့်နယ်ပယ်ထဲသို့ကျဆင်းသွားတော့သည်။ အတော်လေးကိုဝိုးတဝါးဖြစ်နေသည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် ရက်ပေါင်းသန်း(၁၀၀)ကြာဖြတ်သန်းခဲ့ပါတယ်။ နှစ်ပေါင်း(၂၈၀၀၀၀)နီးပါးရှိပါတယ်။ အပြင်ကမ္ဘာတွင်တစ်ရက်သာကုန်ဆုံးသေးပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဒါက..."

ချီမင်က လန့်နိုးလာသည်။

ချီမင်က မျက်စိဖွင့်လိုက်တော့ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်နေရာလွတ်မှထွက်လာပြီး တကယ့်ကမ္ဘာသို့ပြန်ရောက်နေကြောင်းတွေ့လိုက်ရ၏။ သူ့ရှေ့တွင် အသိပေးချက်အတော်များများတက်လာခဲ့သည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် ရက်ပေါင်း သန်း(၁၀၀)ကြာ ဖြတ်သန်းခဲ့ပါတယ်။ သာမန်တာအိုသားရဲ:ကောင်းကင်အရှင်အမှောင်ထုသည် အဆ(၃)သန်းမြှင့်တင်မှုအောက်တွင် ရက်ပေါင်းသန်း(၁၀၀)ကြာကြီးထွားလာခဲ့ပါတယ်။ ၎င်းက ကောင်းကင်တာအိုနှင့်ဖရိုဖရဲစစ်မှန်ရည်ရွယ်ချက်တို့၏နက်နဲမှုများကိုနားလည်သွားခဲ့ပြီး ဥပဒေသကောင်းကင်အရှင်ပဉ္စမအဆင့်သို့ရောက်ရှိသွားပါပြီ။"

…

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင်ရက်ပေါင်း သန်း(၁၀၀)ကြာ ဖြတ်သန်းခဲ့ပါတယ်။ကိုယ်ပိုင်တာအိုရတနာ:ဖရိုဖရဲမဟာတာအိုဓားကြာပွင့်ကို အဆ(၃)သန်းမြှင့်တင်မှုအောက်တွင် ရက်ပေါင်းသန်း(၁၀၀)ကြာသန့်စင်ခဲ့ပါတယ်။ ၎င်းက ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်တို့နှင့်ပေါင်းစပ်သွားခဲ့ပြီး ကမ္ဘာဦးတာအိုသစ်သီးနှင့်ဆက်နွယ်သွားကာ ကိုယ်ပိုင်တာအိုရတနာအဆင့်သုံးသို့တိုးတက်သွားခဲ့ပါပြီ။"

…

"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်"

ချီမင်က အပျော်လွန်သွားတော့၏။"အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ရဲ့သက်ရောက်မှုက အတော်လေးကြောက်ဖို့ကောင်းမယ်လို့မထင်ထားခဲ့ဘူး။ ဒီနေ့တော့ ကိုယ်တွေ့ကြုံလိုက်ရပြီ။"

"ငါအလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကိုအရင်အကြိမ်တွေမှာ အသက်သွင်းတုန်းက မခံစားမိခဲ့ဘူး။"

"ငါ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်မှာ ရပ်ပေါင်းသန်း(၁၀၀)ဖြတ်သန်းခဲ့ပေမဲ့ တကယ့်ကမ္ဘာမှာတော့ တစ်ရက်ပဲရှိသေးတယ်။ အချိန်ကွာခြားချက်က တကယ့်ကိုမယုံနိုင်စရာပဲ။"

ချီမင်သည် အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏အထူးစွမ်းအားကြောင့် အတော်လေးထိတ်လန့်သွားခဲ့သည်။ ကန့်သတ်ချက်မရှိပဲ အချိန်ကိုမြှင့်တင်နိုင်သည်။ တာအိုမူလအစသာလုံလောက်နေသရွေ့ သူက အကန့်အသတ်မရှိအချိန်မြှင့်တင်နိုင်သည်။

၎င်းက အတော်လေးကိုကြောက်မက်ဖွယ်ကောင်းသည့်အထိစွမ်းအားကြီးပါသည်။

အပြင်ဘက်တွင် တစ်ရက်သာကုန်သေး၏။

ချီမင်၏ကိုယ်ပိုင်တာအိုရတနာသုံးလက်ဖြစ်သည့်ဖရိုဖရဲမဟာတာအိုဓားကြာပွင့်၊ဖရိုဖရဲကမ္ဘာဖျက်ဓားနှင့်ဖရိုဖရဲပုကျုံးတောင်တို့အားလုံးက ကိုယ်ပိုင်တာအိုရတနာအဆင့်သုံးထိသန့်စင်ပြီးသွားခဲ့ပြီဖြစ်သည်။

ထို့ပြင် ယန်ရွှီသည် ဥပဒေသကောင်းကင်အရှင်ပဉ္စမအဆင့်သို့ရောက်ရှိသွားပြီဖြစ်သည်။ ခေါင်းသုံးလုံးနတ်ဆိုးဘုရားက ဥပဒေသကောင်းကင်အရှင်ဒုတိယအဆင့်သို့ရောက်ရှိသွားပြီး ဘိုးဘေးနဂါးနတ်ဆိုးဘုရားကတော့ ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်သို့ ရောက်ရှိသွားတော့၏။

သူတို့ကတိုးတက်မှုကြီးကြီးမားမားရရှိသွားခဲ့သည်။

ချီမင်၏ကျင့်ကြံခြင်းအဆင့်ကတိုးမလာခဲ့ပေ။သို့ပေမဲ့ သူကလည်း အတော်လေးတိုးတက်လာခဲ့သည်။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအို၏နားလည်မှုအသစ်များစွာရရှိခဲ့သည်။

သူတွင် ခံစားချက်တစ်ခုရှိနေသည်။

သူက အကြိမ်အနည်းငယ်ပို၍နားလည်လာသရွေ အဆင့်ချိုးဖြတ်နိုင်တော့မည်ဖြစ်သည်။

"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်"

ချီမင်၏မျက်နှာက အပြုံးများဖြင့်ပြည့်နှက်သွားတော့၏။ သူက ပစ္စည်းစာရင်းကိုဖွင့်ကာ အဆင့်နိမ့်တာအိုမူလအစအရေအတွက်ကိုစစ်ဆေးလိုက်သည်။"အဆင့်နိမ့်တာအိုမူလအစမိုင်းတွင်းကရတဲ့ အဆင့်နိမ့်တာအိုမူလအစသန်း(၃၀၀၀)ကို မသုံးရသေးဘူး။ အရင်တုန်းက လီထျန်းရှန်းကောင်းကင်အရှင်နယ်ပယ်ကိုရတနာအတော်များများရောင်းခဲ့လို့ စုစုပေါင်းသန်း(၇၀၀၀)စုဆောင်းမိထားသေးတယ်။"

"ကံမကောင်းချင်တော့ မရောင်းရသေးတဲ့ရတနာတွေလည်း အတော်များများကျန်သေးတယ်။ မဟုတ်ရင် အဆင့်နိမ့်တာအိုမူလအစတွေပိုရနေမှာ။"

"အဲ့ဒီတာအိုမူလအစတွေကို အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကိုဖွင့်ဖို့အသုံးပြုလို့ရတယ်။"

"စကြတာပေါ့။"

ချီမင်က မတုံ့ဆိုင်းနေပေ။ အတွေးတစ်ချက်ဖြင့်ဆိုသည်။"ငါ အဆင့်နိမ့်တာအိုမူလအစ သန်းတစ်ထောင်ထည့်မယ်။ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အသက်သွင်းမယ်။"

မှုန်ဝါးဝါးအဖြူရောင်အလင်းများလက်လာခဲ့သည်။

ချီမင်၏ပုံရိပ်က လေထုထဲ၌ပျောက်ကွယ်သွားပြန်ပြီး အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲသို့ ထပ်ဝင်သွားတော့သည်။ သူက အချိန်စီးဆင်းနှုန်းသန်းတစ်ထောင်၌ ကျင့်ကြံခဲ့သည်။

သေချာသည်ကတော့ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်က အကန့်အသတ်မရှိပေ။ချီမင်က သူ့မှာသာအကန့်အသတ်ရှိသည်ဟုခံစားရ၏။ ထို့ပြင် သူကရလဒ်ကိုတွက်ချက်ခဲ့ဖူးသည်။

သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် အမြန်ဆုံးမြှင့်တင်နိုင်နှုန်းက အဆသန်းတစ်ထောင်သာ ဖြစ်သည်။

ချီမင်က ပိုမြင့်သော အချိန်စီးနှူန်းကိုခံနိုင်ရည်ရှိပေမဲ့ အများဆုံးသန်း(၁၀၀၀၀)သာ ဖြစ်သည်။အချိန်စီးနှုန်းအရမ်းမြင့်ရင်လည်း ကျင့်ကြံဖို့အတွက်အကျိုးမရှိပေ။

သန်းတစ်ထောင်နှုန်းကသာ အကောင်းဆုံးဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ကမ္ဘာအစစ်တွင်တစ်ရက်ကုန်သွားတော့သည်။

ချီမင်က အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲမှထွက်လာတော့သည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် ရက်ပေါင်းသန်း(၁၀၀)ကြာဖြတ်သန်းခဲ့ပါတယ်။သာမန်တာအိုသားရဲ:ကောင်းကင်အရှင်အမှောင်ထုသည် အဆ(၃)သန်းမြှင့်တင်မှုအောက်တွင် ရက်ပေါင်းသန်း(၁၀၀)ကြာကြီးထွားလာခဲ့ပါတယ်။ ၎င်းက ကောင်းကင်တာအိုနှင့်ဖရိုဖရဲစစ်မှန်ရည်ရွယ်ချက်တို့၏နက်နဲမှုများကိုနားလည်သွားခဲ့ပြီး ဥပဒေသကောင်းကင်အရှင်ဆဋ္ဌမအဆင့်သို့ရောက်ရှိသွားပါပြီ။"

…

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် ရက်ပေါင်း သန်း(၁၀၀)ကြာဖြတ်သန်းခဲ့ပါတယ်။ကိုယ်ပိုင်တာအိုရတနာ:ဖရိုဖရဲမဟာတာအိုဓားကြာပွင့်ကို အဆ(၃)သန်းမြှင့်တင်မှုအောက်တွင် ရက်ပေါင်းသန်း(၁၀၀)ကြာသန့်စင်ခဲ့ပါတယ်။ ၎င်းက ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်တို့နှင့်ပေါင်းစပ်သွားခဲ့ပြီး ကမ္ဘာဦးတာအိုသစ်သီးနှင့်ဆက်နွယ်သွားကာ ကိုယ်ပိုင်တာအိုရတနာအဆင့်လေးသို့ တိုးတက်သွားခဲ့ပါပြီ။"

…

အသိပေးချက်များပေါ်လာခဲ့သည်။

"အရမ်းကောင်းတယ်။"

ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်သည်။"ထပ်ပြီး အဆင့်တက်သွားပြန်ပြီ။"

အတွေးတစ်ချက်ဖြင့် ချီမင်က အဆင့်နိမ့်တာအိုမူလအစများကိုထည့်သွင်းကာ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကိုအသက်သွင်းလိုက်၏။

မြင်ကွင်းကပြောင်းလဲသွားသည်။

ပထမအထက်ကမ္ဘာ၏ဒေသငါးခုထဲမှတစ်ခု ဖရိုဖရဲနတ်ဆိုးဘုရားလောကတွင်။

အနက်ရှိုင်းဆုံးအပိုင်း၌ ကြောက်မက်ဖွယ်ရာနတ်ဆိုးဘုရားအရှိန်အဝါများဖုံးအုပ်နေသာ ခမ်းနားသည့်နတ်ဆိုးဘုရားကျောင်းကြီးကို တွေ့မြင်ရသည်။ မြူနှင်းတို့ပျံ့နှံ့နေပြီး နတ်ဆိုးဘုရားကျောင်းထဲတွင် အင်မတန်စွမ်းအားကြီးကြသည့် နတ်ဆိုးဘုရားများရှိသည်။

ကမ္ဘာဦးလောကထဲတွင်ဖြစ်ခဲ့သည်များက သဘာဝအတိုင်း နတ်ဆိုးဘုရားကျောင်း၏ အမြင့်ပိုင်းအဖွဲ့ဝင်များကို သတိမထားမိစေပေ။ နောက်ဆုံးမှာတော့သေဆုံးသွားသည်က ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်နတ်ဆိုးဘုရားသာ ဖြစ်သည်။

ပို၍အလေးနက်အထားရမှာကတော့ ခေါင်းသုံးလုံးနတ်ဆိုးဘုရားကိုကျွန်ပြုလိုက်ခြင်းကိစ္စပေ။

၎င်းက နတ်ဆိုးဘုရားကျောင်း၏အောက်ခြေမျဉ်း(သည်းခံနိုင်စွမ်း)ကိုကျော်လွန်သွားခဲ့ပြီဖြစ်သည်။

နတ်ဆိုးဘုရားကျောင်းက ဘာမှမဖြစ်သလို နေလို့မရတော့ပေ။ ကမ္ဘာဦးလောက၏အခြေအနေကိုသိပြီး နောက်မှာ နတ်ဆိုးဘုရားကျောင်းက နောက်ထပ်ကမ္ဘာဦးနတ်ဆိုးဘုရားသုံးပါးကိုစေလွှတ်ခဲ့သည်။

ထိုနတ်ဆိုးဘုရားများက ဥပဒေသကောင်းကင်အရှင်ဆဋ္ဌမအဆင့်ဖြစ်သည်။

သူတို့က အတော်လေးစွမ်းအားကြီးသည်။

"ဧရာမရေဘဝဲနတ်ဆိုးဘုရားကိုသတ်သွားတဲ့တရားခံကိုရှာ။ကမ္ဘာဦးလောကကိုမဖျက်ဆီးခင် ခေါင်းသုံးလုံးနတ်ဆိုးဘုရားကိုကျွန်ပြုသွားတဲ့ အပြစ်သားကိုရှင်းထုတ်ပစ်ခဲ့။ ဒါက ဒီတစ်ကြိမ်အတွက် မင်းတို့ရဲ့တာဝန်ပဲ။"

"ကမ္ဘာဦးလောကက ကောင်းကင်အရှင်နယ်ပယ်ထဲမှာဆိုပေမဲ့ နတ်ဆိုးဘုရားကျောင်းက ဒီကိစ္စကိုအရေးယူဖို့လိုတယ်။"

"မြန်မြန်သာပြန်လာခဲ့။"

နတ်ဆိုးဘုရားကျောင်း၏အမိန့်များထုတ်ပြန်လာခဲ့သည်။

"ဟုတ်ကဲ့”

“…”

ဥပဒေသကောင်းကင်အရှင်ဆဋ္ဌမအဆင့်ဖရိုဖရဲနတ်ဆိုးဘုရားသုံးကောင်လုံးက ညီညာစွာပြန်ဖြေသည်။

သူတို့က နေရာမှာတင်ပျောက်ကွယ်သွားသည်။ ပထမဆုံး သူတို့က ဖရိုဖရဲနတ်ဆိုးဘုရားလောကမှထွက်လာကာ ကောင်းကင်အရှင်လောကနယ်နိမိတ်သို့ ရောက်လာခဲ့သည်။ သူတို့က ကမ္ဘာဦးလောက၏တည်နေရာကိုအတိအကျကိုမှတ်ကာ ဖရိုဖရဲလေဟာနယ်ကိုဖြတ်ကျော်လျက် ကမ္ဘာဦးလောကသို့လျင်မြန်စွာဦးတည်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်ကြာသွားခဲ့သည်။

တင်း!

"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ရက်ပေါင်းသန်း(၁၀၀)ကြာ ဖြတ်သန်းခဲ့ပါတယ်။ သာမန်တာအိုသားရဲ:ကောင်းကင်အရှင်အမှောင်ထုကို အဆ(၃)သန်းမြှင့်တင်မှုအောက်တွင် ရက်ပေါင်းသန်း(၁၀၀)ကြာကြီးထွားခဲ့ပါတယ်။ ၎င်းက ကောင်းကင်တာအို၏ဆန်းကြယ်မှုများနှင့်ဖရိုဖရဲစစ်မှန်ရည်ရွယ်ချက်များကိုနားလည်သဘောပေါက်ခဲ့ပါတယ်။ ဥပဒေသကောင်းကင်အရှင်နဝအဆင့်သို့တိုးတက်သွားခဲ့ပါပြီ။ ၎င်းက သူ၏အကန့်အသတ်အထိကြီးထွားခဲ့ပါပြီ။ အမှောင်တာအိုသစ်သီးသည် လုံးဝပြီးပြည့်စုံသွားခဲ့ပြီး ဆက်၍မတိုးတက်နိုင်တော့ပါ။"

…

အသိပေးချက်တစ်ခုပေါ်လာသည်။

နောက်ဆုံးမှာတော့ ခုနစ်ရက်တောင်မပြည့်လိုက်ဘဲ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်၏ကောင်းကင်ကိုလွန်ဆန်နိုင်သည့်စွမ်းအားအောက်တွင် ယန်ရွှီသည် ဥပဒေသကောင်းကင်အရှင်နဝမအဆင့်သို့ရောက်သွားတော့သည်။ အမှောင်တာအိုသစ်သီးကလည်း အဆင့်ကိုးသို့အောင်မြင်စွာရောက်သွားပြီး ပြီးပြည့်စုံသွားတော့၏။

All Chapters