သေလမ်းရှာခြင်း။ ချက်ချင်းသတ်ဖြတ်ခြင်း
Vol. 29 Ch. 432
အဆင့်နိမ့်တာအိုမူလအစ၊ အလယ်အလတ်အဆင့် တာအိုမူလအစ၊ အဆင့်မြင့် တာအိုမူလအစနှင့် ထိပ်တန်းအဆင့် တာအိုမူလအစများသည် အမှန်တကယ်တော့ သီးခြားစီ ဖြစ်လေသည်။
အဆင့်နိမ့်တာအိုမူလအစများသည် ဥပဒေသကောင်းကင်အရှင်များကြားမှ ငွေကြေးလဲလှယ်မှု ဖြစ်သည်။ ထို့ပြင် အဆင့်နိမ့်တာအိုမူလအစသည် ဥပဒေသကျင့်ကြံခြင်းအဆင့်၌သာ အထောက်အကူပြု၏။
အလယ်အလတ်အဆင့် တာအိုမူလအစသည် စည်းမျဉ်းကောင်းကင်အရှင်များကြားမှ ငွေကြေးလဲလှယ်မှု ပမာဏဖြစ်သည်။ တူညီစွာဖြင့် ၎င်းသည် စည်းမျဉ်းကောင်းကင်အရှင်များ၏ ကျင့်ကြံမှုကိုသာ အကူအညီပေးနိုင်လေသည်။
အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်တာအိုမူလအစတို့သည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များကြားမှ ငွေကြေးလဲလှယ်မှု ဖြစ်သည်။ ၎င်းတို့သည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များ၏ကျင့်ကြံမှု၌ အထောက်အကူပြုသည်။
ထို့ကြောင့် ၎င်းလေးခုကြားတွင် များစွာ နှိုင်းယှဉ်စရာ မရှိပေ။
၎င်းတို့ကို အချို့သော အထူး အထက်ကမ္ဘာကုန်သည်ကြီးများအသင်းတွင် လဲလှယ်နိုင်သည်။
သာမန်အားဖြင့် အလယ်အလတ်အဆင့် တာအိုမူလအစတစ်ခုသည် အဆင့်နိမ့်တာအိုမူလအစတစ်သိန်းနှင့် ညီမျှသည်။
အဆင့်မြင့်တာအိုမူလအစတစ်ခုသည် အလယ်အလတ်အဆင့် တာအိုမူလအစ တစ်သိန်းနှင့် ညီမျှသည်။
ထိပ်တန်းအဆင့်တာအိုမူလအစတစ်ခုသည် အဆင့်မြင့်တာအိုမူလအစ တစ်သိန်းနှင့် ညီမျှသည်။
"အလယ်အလတ်အဆင့် တာအိုမူလအစ တစ်ဆယ်ထရီလီယန်။"
၎င်းသည် အဆင့်နိမ့် တာအိုမူလအစ တစ်ကွင်ဒရီလီယန်နှင့် ညီမျှပါသည်။
"စီနီယာအစ်မက အဆင့်နိမ့်တာအိုမူလအစ သန်းတစ်သိန်းကို လွယ်လွယ်ချေးနိုင်တာ မအံ့ဩတော့ပါဘူး။ စီနီယာအစ်မရဲ့ မျက်စိထဲမှာ အဆင့်နိမ့် တာအိုမူလအစ သန်းတစ်သိန်းဆိုတာ ဘာမှမဟုတ်ဘူး။" ချီမင်သည် သက်ပြင်းချလိုက်၏။
သိပ်မကြာခင်မှာပင် ကောင်းကင်အရှင်ယွီလင်းသည် ထို စီနီယာအမှုဆောင်နှင့် သဘောတူညီချက်ရကာ ကောင်းကင်တောင်ပံ အသင်္ချေကပ်ဘေးဒုက္ခကို ဝယ်ယူလိုက်သည်။ သူမ၏ မျက်နှာလှလှလေးပေါ်တွင် ဖုံးဖိမရနိုင်သော ပျော်ရွှင်သည့် အမူအရာတစ်မျိုး ပေါ်နေသည်။
"ဂျူနီယာမောင်လေး" ကောင်းကင်အရှင်ယွီလင်းသည် ချီမင်ဘက်သို့ လှည့်ကာ ပြောလိုက်၏။" နင်တစ်ခုခု ဝယ်ချင်တယ်လို့ ပြောခဲ့သေးလားလို့။ လမ်းကြုံနေပြီပဲ။ နင်ရောင်းချင်တာတွေ ထုတ်ပြီး လန်ယာ့ပြခန်းကို ရောင်းလိုက်တော့။"
"ရှင် လက်ခံမယ်မလား။" ကောင်းကင်အရှင်ယွီလင်းသည် စီနီယာအမှုဆောင်ကို ကြည့်လိုက်၏။
"အဟွတ်..ဟွတ်. လက်ခံပါတယ်။ သေချာပေါက် လက်ခံတာပေါ့။" စီနီယာအမှုဆောင်က ပြုံးလိုက်သည်။" ဈေးဝယ်သူက ပြောနေမှတော့ ကျွန်တော် ဘာလို့ လက်မခံရမှာလဲ။ ဒီက ညီငယ်လေးရောင်းတဲ့ ပစ္စည်းတွေကို ဈေးကွက်ပေါက်ဈေးထက် ပိုမြင့်မြင့်ပေးပြီး ဝယ်မှာပါ။"
"ဟုတ်ပြီလေ။" ကောင်းကင်အရှင်ယွီလင်းသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။
"ဒါက..."ချီမင်သည် အသက်ပြင်းပြင်း ရှုလိုက်၏။" စီနီယာအစ်မကို ကျေးဇူးတင်ပါတယ်။"
အတွေးတစ်ချက်ဖြင့် ချီမင်က သူ၏ပစ္စည်းစာရင်းကိုဖွင့်လိုက်သည်။ သူ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ သိုလှောင်လက်စွပ်များ ပေါ်လာတော့သည်။ ပစ္စည်းအားလုံးကို ထိုသိုလှောင်လက်စွပ်များထဲ၌ ထည့်ထားလေသည်။
သိပ်မကြာခင်မှာပဲ ချီမင်သည် သိုလှောင်လက်စွပ်(၉၉)ကွင်းကို ထုတ်လိုက်၏။
ချီမင်၏ ပစ္စည်းစာရင်းထဲမှ ပစ္စည်းများတွင် ကံကြမ္မာမြွေလက်ပတ်၊ ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်နှင့် များစွာသော တာအိုရတနာများ ပါဝင်သည်။ ဂိမ်းမြေအောက်စခန်းမှ ရသော ပစ္စည်းများလည်း ရှိပါသေးသည်။
၎င်းတို့ကို သိုလှောင်လက်စွပ်(၉၉)ကွင်းထဲ၌ သိမ်းဆည်းထားသည်။
"ရောင်းဖို့ ပစ္စည်းတွေ အားလုံးက ဒီအထဲမှာပါ။"
ချီမင်သည် သူ၏ရှေ့က စီနီယာအမှုဆောင်ကို သိုလှောင်လက်စွပ်(၉၉)ကွင်းအား ပေးလိုက်သည်။"ကျေးဇူးပြုပြီး တစ်ချက် စစ်ဆေးပေးပါ။"
"ဒါတွေက..."
စီနီယာအမှုဆောင်ကလည်း ကြောင်အသွားသည်။ သူသည် ချီမင်က ထိုမျှ များသော ပစ္စည်းများ ထုတ်လာမည်ဟု မထင်ထားခဲ့ပေ။ သူ၏ တာအိုစွမ်းအားသည် ထိုသိုလှောင်လက်စွပ်များသို့ ဖြတ်သန်းသွားခဲ့ပြီး သူသည် ထိုအထဲတွင် အများစုသည် သာမန်တန်ဖိုးနည်း ပစ္စည်းများသာ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"အဟွတ်...ဟွတ်"
စီနီယာအမှုဆောင်သည်လည်း ပြောစရာစကား မဲ့သွားသည်။
လန်ယာ့ပြခန်းသည် အထက်ကမ္ဘာကိုးကမ္ဘာတစ်လျှောက် ကျော်ကြားသော ကြီးမားသည့် ကုန်သည်ကြီးများ အသင်းများ ဖြစ်သည်။
‘သူက ဒီနေရာကို အမှိုက်တွေနဲ့ လုပ်ထားတယ်လို့ ထင်နေတာလား။’
ထိုပစ္စည်းများအားလုံးသည် သာမန်သာဖြစ်ကာ အင်မော်တယ်အဆင့်ပစ္စည်းများပင် ပါဝင်လေသည်။
ထို စီနီယာအမှုဆောင်သည် ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။ ဘာပဲဖြစ်ဖြစ် ကောင်းကင်အရှင်ယွီလင်းသည် ထိပ်တန်းအဆင့် ဖရိုဖရဲကောင်းကင်တာအိုအထွတ်အထိပ်ရတနာကို ဝယ်ယူထားသည့် သူဖြစ်ပြီး သူ၏ အကြီးစားဧည့်သည် တစ်ဦးဖြစ်သည်။
၎င်းက သူစော်ကားရန် မဖြစ်နိုင်သော ကိစ္စပေ။
" တစ်ယောက်ယောက် လာခဲ့ဦး။" စီနီယာအမှုဆောင်က အော်လိုက်သည်။
"အရှင်"
"အရှင် ကျေးဇူးပြုပြီး ပြောပါ"
“…”
ငယ်သားများ ရောက်လာသည်။
" ဒီပစ္စည်းတွေရဲ့ ဈေးကို သေချာလေး တွက်ပေးလိုက်" စီနီယာအမှုဆောင်က ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ။"
“…”
ထိုငယ်သားများသည် ချီမင်၏သိုလှောင်လက်စွပ်များကို ယူဆောင်သွားတော့သည်။
"ဧည့်သည်တော်တို့ ကျေးဇူးပြုပြီး စိတ်ရှည်ပေးပါ။" စီနီယာအမှုဆောင်သည် ပြောလိုက်၏။ "သိပ်မကြာခင် ပြီးသွားမှာပါ။"
"ရပါတယ်။"
အချိန် အတန်ကြာသွားသည်။
နေတစ်ဝက်ကြာပြီးနောက်မှာ ချီမင်၏သိုလှောင်လက်စွပ်(၉၉)ကွင်းလုံး၏ အထဲက ပစ္စည်းအားလုံး၏ တန်ဖိုးကို တွက်ချက်ပြီးသွားတော့သည်။ ၎င်းတို့၏တန်ဖိုးသည် ချီမင်မျှော်လင့်ထားသည်ထက် ပိုများပေသည်။စုစုပေါင်းတန်ဖိုးသည် အဆင့်နိမ့် တာအိုမူလအစ (၁၀၈)ထရီလီယန် ရှိနေသည်။
" မဆိုးဘူး။" ချီမင်က ခေါင်းညိတ်လိုက်သည်။
" ဒီလိုဆိုရင်ရော" စီနီယာ အမှုဆောင်သည် ဆက်ပြောသည်။" ဒီက ညီအစ်ကိုအတွက် ကျွန်တော်ရဲ့ လုပ်ပိုင်ခွင့်ထဲက တစ်ချို့ကို သုံးပြီး အဆင့်နိမ့်တာအိုမူလအစ (၁၀၉)ထရီလီယန်သုံးပြီး ဝယ်လိုက်ပါ့မယ်။"
ချီမင်သည် တိုက်ရိုက် ပြောလိုက်၏။" သဘောတူတယ်။"
"ကောင်းတယ်။"
ကောင်းကင်အရှင်ယွီလင်းသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။
"ဒီမှာ အဆင့်နိမ့် တာအိုမူလအစ (၁၀၉)ထရီလီယန် ရှိပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ"
စီနီယာအမှုဆောင်က သိုလှောင်လက်စွပ်တစ်ကွင်းကို လွှဲပေးလိုက်၏။
"ဟုတ်ကဲ့ပါ။"
ချီမင်၏ တာအိုစွမ်းအားသည် သိုလှောင်လက်စွပ်ထဲသို့ ဖြတ်သန်းသွား၏။ ၎င်းက အဆင့်နိမ့်တာအိုမူလအစ (၁၀၉) ထရီလီယန်ပေ။
ချီမင်နှင့် ကောင်းကင်အရှင်ယွီလင်းတို့သည် လန်ယာ့ပြခန်းမှ အတူတကွ ထွက်ခွာသွားတော့၏။ ချီမင်သည် သူ မလိုအပ်သည့် ပစ္စည်းအားလုံးကို ရောင်းချခဲ့ပြီး အဆင့်နိမ့် တာအိုမူလအစများစွာ ရခဲ့သည်။
ကောင်းကင်အရှင်ယွီလင်းသည် သူမလိုချင်သည့် တာအိုရတနာကို ဝယ်ခဲ့ပြီး ၎င်းက သူမ၏အင်အားကို တိုးတက်သွားစေနိုင်သည်။
နှစ်ယောက်လုံးသည် သူတို့၏ ရည်ရွယ်ချက်များ အောင်မြင်သွားတော့သည်။
သူတို့သည် သဘာဝအတိုင်း လန်ယာ့ပြခန်းတွင် ဆက်မနေတော့ပေ။
လန်ယာ့ပြခန်းမှ ထွက်ခွာလာပြီးနောက် ကောင်းကင်အရှင်ယွီလင်းသည် မေးလိုက်၏။" နင့်ကို ကာကွယ်ဖို့ ရတနာနည်းနည်းလောက် မဝယ်တော့ဘူးလား"
"မဝယ်တော့ဘူး။" ချီမင်သည် ခေါင်းခါပါ၏။" ဒီတာအိုမူလအစတွေက ကျွန်တော့် အတွက် အသုံးဝင်တယ်။"
ကောင်းကင်အရှင်ယွီလင်းသည် ထပ်မံ မမေးမြန်းတော့ပေ။
လန်ယာ့ပြခန်းမှ ထွက်ခွာပြီးနောက် ချီမင်နှင့် ကောင်းကင်အရှင်ယွီလင်းတို့သည် ဆက်လက် လှည့်ပတ်မကြည့်တော့ပေ။ ထိုအစား အပြင်စည်းသို့သာ တိုက်ရိုက် ပြန်သွားတော့၏။
သူသည် ထိုတာအိုမူလအစများကို သုံးကာ ကျင့်ကြံခြင်းအဆင့် တိုးမြှင့်ရန် စီစဉ်ထားသည်။ ကောင်းကင်အရှင်ယွီလင်းသည်လည်း သူမယခုလေးတင် ရခဲ့သော ဖရိုဖရဲကောင်းကင်တာအိုအထွတ်အထိပ်ရတနာကို မြန်နိုင်သမျှ မြန်မြန် သန့်စင်လိုနေသည်။
ချီမင်နှင့် ကောင်းကင်အရှင်ယွီလင်းတို့သည် လမ်းတစ်ဝက်၌ တိုက်ခိုက်ခံလိုက်ရ၏။
"တိုက်ခိုက်ကြ။"
ဆလိုင်ယွန်လွှတ်လိုက်သော နောက်လိုက်ခြောက်ယောက်သည် ချီမင်နှင့် ကောင်းကင်အရှင်ယွီလင်းတို့ လူပြတ်သည့် နေရာသို့ ရောက်နေခြင်းကို အခွင့်ကောင်းယူကာ တိုက်ခိုက်လိုက်သည်။ ပထမဆုံး စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့် သုံးယောက်သည် ကောင်းကင်ချုပ်နှောင်ခေါင်းလောင်းကို ထုတ်ကာ တိုက်ခိုက်လိုက်သည်။
ကလန်!
၎င်းက ကြီးမားသည့် ကြက်သွေးနက်ရောင် ခေါင်းလောင်းတစ်ခုပင်။ ကြီးမားသည့် စွမ်းအားကို သယ်ဆောင်ထားလျက် မရေမတွက်နိုင်သော ကောင်းကင်တာအိုစာလုံးများဖြင့် ဖုံးအုပ်ထားသော ခေါင်းလောင်းကြီးသည် လေနှင့်အတူ ကြီးမားလာသည်။
"ဖမ်းစမ်း"
ဘုန်း!!
ချက်ချင်းပင် ကောင်းကင်ချုပ်နှောင်ခေါင်းလောင်းသည် ကောင်းကင်အရှင်ယွီလင်းကို ဖုံးအုပ်သွားတော့၏။
နောက်တစ်ခဏတွင် မရေမတွက်နိုင်သော ကောင်းကင်တာအိုစာလုံးများသည် ချိန်းကြိုး(၉၉)ချောင်းအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းက ကြီးမားသည့် ကြက်သွေးနက်ရောင်ခေါင်းလောင်းကြီးပေါ်သို့ တင်သွားလျက် ချုပ်နှောင်အားကို ပို၍ တိုးသွားစေတော့သည်။
"စီနီယာအစ်မ!!!" ချီမင်က အော်ဟစ်လိုက်သည်။
"ငါ့ကို မစိုးရိမ်နဲ့။"
စီနီယာအစ်မ ကောင်းကင်အရှင်ယွီလင်း၏ အသံသည် ခေါင်းလောင်းရတနာထဲမှ ထွက်လာသည်။" နင့်ရဲ့ လုံခြုံရေးအတွက်သာ ဂရုစိုက်။ ဒါက ထိပ်တန်းအဆင့် မွေးရာပါကောင်းကင်တာအိုအထွတ်အထိပ်ရတနာတစ်ခုပဲ။ ငါ့ကို အကြာကြီး ချုပ်ထားလို့မရဘူး။"
ချီမင်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
သူ၏အန္တရာယ်သည်လည်း ချက်ချင်း ကျရောက်လာ၏။
ဥပဒေသကောင်းကင်အရှင် နဝမအဆင့် သုံးယောက်ယောက် ပေါ်လာသည်။ လက်ချိတ်စည်းများ ဖွဲ့စည်းလိုက်သောကြောင့် ထူထပ်သည့် အလင်းတန်းများသည် ထိုသူတို့၏ခန္ဓာကိုယ်မှာ တောက်ပလာသည်။ သူတို့က ပူးပေါင်းကာ အစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
" သုံးပိုင်းသတ်ဖြတ်ခြင်း အစီအရင်"
ထိုအခိုက် ဥပဒေသကောင်းကင်အရှင် နဝမအဆင့် သုံးယောက်သည် အစီအရင်ကို ဖွဲ့စည်းလိုက်သည်နှင့် တြိကံတစ်ခုအလား ချီမင်ကို အလယ်တွင် ဗဟိုပြုကာ ပိတ်လှောင်လိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်သော မရေမတွက်နိုင်သည့် အလင်းဓားများသည် မုန်တိုင်းတစ်ခုသဖွယ် ချီမင်ကို ဖုံးအုပ်သွားခဲ့သည်။ ၎င်းက သေစေနိုင်သော ရိုက်ချက်များဟု ဆိုရပေမည်။
"မဟုတ်ဘူး!”
ချီမင်သည် ထိတ်လန့်သွား၏။"ဖရိုဖရဲမဟာပုဆိန်"
ကိုယ်ပိုင်တာအိုရတနာသုံးခုသည် တစ်ချိန်တည်း ခုတ်ချလိုက်၏။ ရေနဂါးသုံးကောင်အလား တောက်ပသည့် အလင်းဓားများအလား ချီမင်၏ လက်ထဲတွင် စုစည်းသွားကာ ကမ္ဘာဦးခရမ်းရောင် အလင်းများ တောက်ပနေသော ဖရိုဖရဲမဟာပုဆိန်အဖြစ် ပြောင်းလဲသွားသည်။
"တာအို ပေါင်းစည်းခြင်း"
ချီမင်သည် အော်ဟစ်လိုက်၏။" ပွင့်စမ်း"
ဘုန်း။
ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ စွမ်းအားသည် ထွက်ပေါ်လာခဲ့ပြီး ချီမင်၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားတော့သည်။ တာအိုစွမ်းအားများသည် ဆူပွက်လာသည့်အလား မြင့်တက်လာသည်။ ပုဆိန်ခုတ်ချက်က ပေါက်ကွဲသံမျိုးစုံဖြင့် ထွက်ပေါ်လာခဲ့သည်။
ချီမင်၏ပုဆိန်သည် အဆုံးမဲ့ကမ္ဘာကိုပင် နှစ်ခြမ်းကွဲတော့မည့်အလားပင်။ ကောင်းကင်တာအိုသည်ပင် ထိုပုဆိန်အောက်တွင် ပျက်သုဉ်းတော့မည့်ဟန်ပင်။ ပတ်ဝန်းကျင်ကို ထိုအလင်းဓားများသည် ဖျက်ဆီးသွားတော့၏။
ထိတ်လန့်ဖွယ်အော်သံတစ်ချက် ထွက်လာတော့သည်။
ဥပဒေသကောင်းကင်အရှင် နဝမအဆင့် သုံးယောက်သည် သွေးအန်ထုတ်လိုက်ရ၏။ သူတို့ဖွဲ့စည်းထားသည့် သုံးပိုင်သတ်ဖြတ်ခြင်းအစီအရင်သည် ချီမင်၏ပုဆိန်ကြောင့် ပြိုကွဲသွားတော့သည်။
"မဖြစ်နိုင်ဘူး။"
"မင်း.."
"မင်းက ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်သာသာပဲကို ဘယ်လိုလုပ်ပြီး ငါတို့ရဲ့ အစီအရင်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးလိုက်တာလဲ"
ဥပဒေသကောင်းကင်အရှင် နဝမအဆင့် သုံးယောက်သည် ထိတ်လန့်တကြား ဖြစ်သွားသည်။
"သေကြစမ်း" ချီမင်၏အကြည့်သည် အေးစက်နေလေသည်။"ကမ္ဘာဦးတာအိုအလင်း"
ချီမင်က တိုက်ခိုက်လိုက်သည်။ သူ၏ရင်ဘက်ပေါ်က ကမ္ဘာဦးတာအိုသစ်သီး ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာဦးအလင်းများ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ဖရိုဖရဲမဟာပုဆိန်၏ စွမ်းအားကို တိုးမြင့်ပေးလိုက်သောကြောင့် ပုဆိန်အလင်းများသည် ကောင်းကင်ပေါ်သို့ ခုန်တက်သွားတော့၏။
ဖျော့။
ဥပဒေသကောင်းကင်အရှင် နဝမအဆင့်တစ်ယောက်သည် အလယ်ဗဟိုမှ ချီမင်၏ ပုဆိန်ချက်ကြောင့် နှစ်ပိုင်း ပြတ်သွားသည်။ သွေးများ ဖြာထွက်သွားပြီး ပတ်ဝန်းကျင်နံရံသို့ စွန်းထင်းသွားပေမဲ့ ၎င်းက အားလုံးကို စုပ်ယူသွားသည်။
ဥပဒေသကောင်းကင်အရှင် နဝမအဆင့်၏ အလောင်းကို လန်ယာ့အင်မော်တယ်မြို့က ဝါးမျိုသွားခဲ့၏။
လန်ယာ့အင်မော်တယ်မြို့သည် သာမန်အင်မော်တယ်မြို့တော်တစ်မြို့ မဟုတ်ပေ။
ထိုအင်မော်တယ်မြို့တော်ကိုးမြို့သည် နတ်ဆိုးကမ္ဘာအရှင် သန့်စင်ထားသော ရတနာဖြစ်၏။
"ဘာလဲ။"
"ဆဋ္ဌမက အသတ်ခံလိုက်ရပြီ။"
"ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။!”
တခြားသော စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့်သုံးယောက်သည် ထိတ်လန့်သွားခဲ့သည်။
ထိုအခိုက် ကောင်းကင်အရှင်ယွီလင်းသည်လည်း သူမ၏စွမ်းအားကို ထုတ်ပြလာခဲ့သည်။ ကောင်းကင်ချုပ်နှောင်ခေါင်းလောင်းထံမှ ပေါက်ကွဲသံတစ်ချက် ထွက်လာသည်။ ကောင်းကင်ချုပ်နှောင်ခေါင်းလောင်း၏ ချိန်းကြိုးများသည် တစ်ကြိုးပြီးတစ်ကြိုး ပြတ်တောက်သွားခဲ့ပြီး ပြန်လည်ချုပ်နှောင်ရန် ခက်ခဲသွားတော့သည်။
"မဟုတ်ဘူး!”
"ကောင်းကင်ချုပ်နှောင်ခေါင်းလောင်း"
“…”
ဘုန်း။
နောက်တစ်ခဏတွင် ကောင်းကင်ချုပ်နှောင်ခေါင်းလောင်းသည် တိုက်ရိုက် ပျောက်ကွယ်သွားခဲ့ကာ အရပ်မျက်နှာအနှံ့တွင် အပိုင်းအစများအဖြစ် ပြန့်ကျဲသွားခဲ့သည်။ ကောင်းကင်အရှင်ယွီလင်း၏ကိုယ်လုံးလေးသည် အစိမ်းရောင်အလင်းစီးကြောင်းတစ်ခုအလား ခုန်ထွက်လာ၏။
"ရှင်က သေလမ်းရှာနေတာပဲ။ အတော်လေး အတင့်ရဲတယ်။"
ကောင်းကင်အရှင်ယွီလင်း၏ အကြည့်သည် အေးစက်သွား၏။ သူမ၏မျက်နှာလှလှလေးသည် အေးစက်နေလျက် အော်ဟစ်လိုက်လေသည်။" ဘယ်သူကများ အတင့်ရဲပြီး ငါ့ရဲ့ဂျူနီယာမောင်လေးကို ခြုံခိုတိုက်ခိုက်ရဲတာလဲ။ သေလိုက်တော့။ ကောင်းကင်အတောင်ပံကိုးလွှာကပ်ဘေးချိန်းကြိုး"
ခရက်! ခရက်!!
ကောင်းကင်အရှင်ယွီလင်းသည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်တော့ သူမ၏အင်္ကျီလက်အိုးထဲမှ အစိမ်းရောင်ချိန်းကြိုးကိုးချောင်း ထွက်လာတော့၏။ မရေမတွက်နိုင်သော မှော်စာလုံးများသည် အစိမ်းရောင်ငှက်မွေးများအလားပင်။
"ပြေး!”
"ဒါ...ဒါ...ဒါက.."
"သွား"
“…”
ဆလိုင်ယွန်၏ နောက်လိုက်ခြောက်ယောက်ထဲက တစ်ယောက်သည် ချီမင်ကြောင့် သေသွားပြီဖြစ်သည်။ ငါးယောက်သာ ကျန်တော့၏။ သူတို့သည် ကောင်းကင်အရှင်ယွီလင်း၏စွမ်းအားကို မြင်တော့ ချက်ချင်းပင် လှည့်ကာ ထွက်ပြေးတော့သည်။
အတော်လေး နောက်ကျသွားခဲ့ပြီဖြစ်သည်။
အစိမ်းရောင်ချိန်းကြိုးကိုးချောင်းသည် အဇူရာနဂါးကိုးကောင်အလား ပျံသန်းသွားတော့၏။ ၎င်းတို့သည် အတော်လေးမြန်ဆန်လှကာ ကျန်နေသည့် ငါးယောက်ကို ချုပ်နှောင်လိုက်တော့၏။
သွေးများဖြာထွက်လာသည်။
ကောင်းကင်အရှင်ယွီလင်းသည် လေးယောက်ကို ချက်ချင်းသတ်ဖြတ်လိုက်၏။ တစ်ယောက်သာ ကျန်ခဲ့၏။ ထိုတစ်ယောက်ကိုလည်း ချန်ထားခဲ့ရခြင်းမှာ သူမသည် ထိုအသက်ရှင်နေသူထံမှ မေးမြန်လို၍ပင်။