ရတနာကိုးပါးဖန်သားစေတီ
Vol. 29 Ch. 433
တောက်။ တောက်။
အင်မတန်စေးပျစ်သည့် သွေးများ စီးကျလာနေသည်မှာ ရေစက်များ အလားပင်။ သွေးစက်တိုင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သွေးစက်များ မြေပြင်ပေါ်သို့ ကျသော အသံသည် အင်မတန် ပြတ်သားကြည်လင်လာ၏။
သေချာလေ့လာကြည့်လျှင် သူတို့သည် ထိုသွေးများက ရွှေစိမ်းရောင် ဖြစ်နေသည်ကို တွေ့နိုင်ပါ၏။
"စီနီယာအစ်မ"
ချီမင်သည် ထိုခြောက်ယောက်ထဲမှတစ်ယောက်ကို သတ်ထားသည်။ ကျန်သည့် ငါးယောက်ထဲမှ လေးယောက်ကို စီနီယာအစ်မက သတ်ထားကာ နောက်ဆုံးကျန်သည့် တစ်ယောက်ကိုတော့ ဖမ်းထားသည်။ သူသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဖရိုဖရဲမဟာပုဆိန်သည် အလင်းစီးကြောင်းသုံးကြောင်းအဖြစ် ပြောင်းလဲကာ သူ၏ လက်ဖဝါးမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားတော့၏။
"စီနီယာအစ်မ ဘယ်လိုနေလဲ။"
ချီမင်သည် ကောင်းကင်အရှင်ယွီလင်း၏ ဘေးသို့ လျှောက်သွားကာ ပူပန်စွာ မေးလိုက်လေ၏။ ထို့နောက်မှာ သူ၏အကြည့်သည် သေခါနီးဖြစ်နေသည့် ရန်သူပေါ်သို့ ရောက်သွားသည်။
"ငါ အဆင်ပြေတယ်။" ကောင်းကင်အရှင်ယွီလင်းသည် ခေါင်းခါလိုက်၏။" ဒီရန်သူတွေထဲမှာ စည်းမျဉ်းကောင်းကင်အရှင်ပထမအဆင့် သုံးယောက်ပဲ ရှိတယ်။ သူတို့တွေက ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ သဘောထားအရ ငါက သူတို့ရဲ့ ပစ်မှတ်မဟုတ်လောက်ဘူး။"
"ဒါက.."
ချီမင်သည် မျက်မှောင်ကြုံလျက် အသံနိမ့်နိမ့်ဖြင့် မေး၏။"သူတို့က ကျွန်တော်ကို ကိုင်တွယ်ဖို့ လာတာလား။ ဒါပေမဲ့ ကျွန်တော် အမြဲတမ်း ပထမအထက်ကမ္ဘာ ကမ္ဘာဦးလောကမှာပဲ နေခဲ့တာပါ။ ကျွန်တော် ဘယ်သူ့ကိုများ စော်ကားထားမိလို့လဲ။"
"ငါလည်း မသေချာပါဘူး။" စီနီယာအစ်မက ပြောသည်။" ဒါက နင် စဉ်းစားရမဲ့ မေးခွန်းပဲ။"
ချီမင်သည် ခဏလောက် တွေးတောနေလေသည်။"စီနီယာအစ်မ ခင်ဗျားက စည်းမျဉ်းကောင်းကင်အရှင် သတ္တမအဆင့်မလား။ သူတို့က စီနီယာကို ပစ်မှတ်ထားတယ်ဆိုရင် ဥပဒေသကောင်းကင်အရှင် နဝမအဆင့် သုံးယောက်နဲ့ စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့် သုံးယောက်ပဲ လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့က သေလမ်းရှာမိသလို ဖြစ်သွားလိမ့်မယ်။"
"သူတို့က ကျွန်တော်ကို ကိုင်တွယ်ချင်တာ ဖြစ်မယ်။ ပထမဆုံး စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့်သုံးယောက်က တာအိုရတနာသုံးပြီး စီနီယာအစ်မကို ယာယီချုပ်နှောင်တယ်။ဒါမှ ကျန်တဲ့ ဥပဒေသကောင်းကင်အရှင် နဝမအဆင့် သုံးယောက်က ကျွန်တော့်ကို ဝိုင်းသတ်နိုင်မှာ။"
ကောင်းကင်အရှင်ယွီလင်းသည် ခေါင်းအသာ ညိတ်၏။" နင့်ရဲ့ စိစစ်ချက်က အရမ်းမှန်တယ်။ ဒါက အခြေခံအားဖြင့် ဖြစ်နိုင်တယ်။"
" နင်က ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်လောက်နဲ့ ဥပဒေသကောင်းကင်အရှင် နဝမအဆင့် သုံးယောက်ရဲ့ ဝိုင်းတိုက်တာကို ခုခံနိုင်တဲ့ အပြင် တစ်ယောက်ကိုတောင် သတ်လိုက်နိုင်ဦးမယ်လို့တော့ ငါမထင်ထားခဲ့ဘူး။"
"ဂျူနီယာမောင်လေး"
"နင့်ရဲ့ ခွန်အားက ငါထင်ထားတာထက် ကျော်လွန်သွားပြီ။"
"စီနီယာအစ်မက ကျွန်တော့်ကို အရမ်း အမွှမ်းတင်လွန်း နေပါပြီ။ ကျွန်တော် ကံကောင်းသွားရုံပါ။"
ကောင်းကင်အရှင်ယွီလင်းသည် တစ်ခစ်ခစ်ရယ်မောကာ ထပ်မံ မမေးတော့ချေ။ ထိုအစား သူမက သေခါနီးဖြစ်နေသည့် ရန်သူကို အေးစက်စွာ ကြည့်လိုက်ကာ လေးလေးနက်နက် မေးလိုက်၏။"ဘယ်သူ လွှတ်လိုက်တာလဲ။"
"ဟားဟား"
ထိုသေခါနီးရန်သူသည် ခေါင်းမော့လျက် ကျယ်လောင်စွာ ရယ်မောလိုက်၏။ မရေမတွက်နိုင်သော သွေးရောင်စာလုံးများသည် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး တစ်ကိုယ်လုံးကို လျင်မြန်စွာ ဖုံးအုပ်သွားတော့သည်။"မင်းတို့အားလုံး သေလိုက်တော့။ အကုန်သေလိုက်တော့"
"သူက ကိုယ့်ကိုယ်ကို ဖျက်ဆီးချင်နေတာပဲ။" ကောင်းကင်အရှင်ယွီလင်းသည် အံ့ဩစွာ ပြောသည်။
အသံကျယ်ကြီး ထွက်လာသည်။
ထိုရန်သူက ကိုယ့်ကိုယ်ကို ဖျက်ဆီးချင်နေခြင်းဖြစ်ပါ၏။ ကြီးမားသည့်စွမ်းအားသည် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး တာအိုမူလအစသစ်သီးကို ဖောက်ခွဲပစ်လိုက်သည်။ သူ၏တစ်ကိုယ်လုံးသည် ဖောင်းကားလာလျက် ပေါက်ကွဲသွားသောကြောင့် တုန်ခါမှုလှိုင်းများ ဖြစ်ပေါ်လာခဲ့၏။ ကြောက်မက်ဖွယ်ရာစွမ်းအားသည် ကြီးမားသည့် မှိုပွင့်တိမ်တိုက်ကြီး အဖြစ် မြင့်တက်သွားတော့၏။
ကောင်းကင်အရှင်ယွီလင်းသည် သူမ၏လက်ကို ဝှေ့ယမ်းလျက် မမြင်နိုင်သည့် အလင်းမျက်နှာပြင်တစ်ခုကို ဖန်တီးကာ တစ်ဖက်၏ကိုယ့်ကိုယ်ကို ဖျက်ဆီးသည့် စွမ်းအားများကို တားဆီးလိုက်သည်။သို့သော်လည်း ၎င်းက အတော်လေးရုတ်ရုတ်သဲသဲ ဖြစ်သွားစေလေသည်။
ချီမင်သည် အသက်ပြင်းပြင်းရှုလျက် အမူအရာသည် အနည်းငယ် လေးနက်လာသည်။
၎င်းတို့က စည်းမျဉ်းကောင်းကင်အရှင်သုံးယောက်နှင့် ဥပဒေသကောင်းကင်အရှင် သုံးယောက်တို့ဖြစ်ပါသည်။သာမန်လူများ မဟုတ်ကြပေ။ ရန်သူကလည်း ကိုယ်ကိုယ်ကို ဖျက်ဆီးရဲသည်။ ကြည့်ရသည်မှာ နောက်ကွယ်က ကြိုးကိုင်သူသည် ထူးခြားရပေမည်။
"ပြတ်သားလိုက်တာ"
ကောင်းကင်အရှင်ယွီလင်း၏ အမူအရာသည်လည်း လေးနက်သွား၏။
နောက်တစ်ခဏတွင် လူရိပ်များသည် လေထုကို ဖြတ်သန်းလာနေ၏။ နတ်ဆိုးကြာပန်းစစ်တပ်၏တပ်သားများ ဖြစ်ပါ၏။ ခေါင်းဆောင်က ဦးဆောင်လျက် ဤနေရာသို့ လျှောက်လာနေကြ၏။
"ခင်ဗျားတို့ပဲ။"
ထိုခေါင်းဆောင်သည် ချီမင်နှင့် ကောင်းကင်အရှင်ယွီလင်းတို့ကို မှတ်မိသွား၏။ ထိုခေါင်းဆောင်က ချီမင်တို့ကို အပြင်စည်းပိုင်းသို့ လိုက်ပိုခဲ့သော သူဖြစ်သည်။ ခေါင်းဆောင်သည် မျက်မှောင်ကြုံ့လျက် ပတ်လည်ကို ကြည့်လိုက်ပါ၏။ " ဘာဖြစ်သွားတာလဲ။"
"ငါတို့ တိုက်ခိုက်ခံရတာ" ကောင်းကင်အရှင်ယွီလင်းသည် ပြန်ဖြေ၏။
ထိုခေါင်းဆောင်သည် လက်ဝှေ့ယမ်းလိုက်တော့ သူ၏လက်ထဲသို့ နတ်ဆိုးကြာပန်းချိတ်စည်းတစ်ခုက ဝင်လာသည်။ သူ၏တာအိုစွမ်းအားကို လည်ပတ်လိုက်ပြီးနောက် လန်ယာ့အင်မော်တယ်မြို့တော်တစ်ခုလုံးနှင့် ပဲ့တင်သွားတော့၏။ " အချိန်နောက်ပြန်ဆုတ်ခြင်း"
ချက်ချင်းဆိုသလို ပတ်ဝန်းကျင်နေရာလွတ်သည် ပုံပျက်ကာ ပြောင်းလဲသွားတော့၏။
ယခင်က ဖြစ်ပျက်ခဲ့သော အရာအားလုံး ပြန်ပေါ်လာတော့၏။
"ခင်ဗျားတို့က တကယ် တိုက်ခိုက်ခံလိုက်ရတာပဲ။" ခေါင်းဆောင်က ခဏမျှ တွေးကာ ဆိုသည်။" ခင်ဗျားတို့ လောလောဆယ်တော့ ပြန်လိုက်ဦး။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့က ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်ရဲ့ တပည့်တွေပဲ။ တခြားသူတွေသာဆိုရင် ကျုပ်တို့က ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ ဖြစ်နေမှတော့ သေချာ စုံစမ်းစစ်ဆေးပေးမယ်။"
"ကျေးဇူးတင်ပါတယ်။"
"ကျုပ်လည်း မသေချာဘူး။ ဘယ်သူလုပ်ခဲ့လဲဆိုတာ သေချာစစ်ဆေးပေးမယ်။"
"အရှင့်ကို ကျေးဇူးတင်ပါတယ်။"
ချီမင်သည် လက်နှစ်ဖက်ကို စုလျက် ဦးညွှတ်လိုက်၏။" အခုလို သေချာစုံစမ်းပေးတာကို ကျေးဇူးတင်ပါတယ်။"
ခေါင်းဆောင်သည် ခေါင်းညိတ်လျက် သူ၏အသင်းကို ဦးဆောင်ခေါ်သွားတော့၏။
"သွားကြစို့။”
ကောင်းကင်အရှင်ယွီလင်းသည် သူမ၏လက်ကို ထပ်မံဝှေးယမ်းလိုက်တော့ သိုလှောင်လက်စွပ်ခြောက်ကွင်းသည် သူမလက်ထဲသို့ ကျဆင်းလာသည်။ သူမသည် တစ်ခုကို ချီမင်အား ပေးလိုက်၏။"ဒီသိုလှောင်လက်စွပ်က နင်သတ်လိုက်တဲ့ သူရဲ့ဟာပဲ။"
"ကျေးဇူးတင်ပါတယ် စီနီယာအစ်မ။"
ချီမင်သည် ကောင်းကင်အရှင်ယွီလင်း၏ လက်ထဲမှ သိုလှောင်လက်စွပ်ကို ယူလိုက်၏။ သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ကာ တာအိုစွမ်းအားဖြင့် ထိုသိုလှောင်လက်စွပ်ပေါ်က နတ်ဘုရားစိတ်အာရုံနှင့် ကန့်သတ်ချက်ကို ဖျက်ဆီးလိုက်၏။
"အများကြီးပဲ။"
ချီမင်သည် စစ်ဆေးကြည့်လိုက်တော့ အနည်းငယ် စိတ်ကျေနပ်သွားခဲ့၏။ ထိုသိုလှောင်လက်စွပ်ထဲတွင် အဆင့်နိမ့်တာအိုမူလအစများစွာ ရှိပါ၏။ အကြမ်းဖျင်းကြည့်ရင် စုစုပေါင်း သန်းငါးသိန်းလေးသောင်းရှိပါသည်။
တာအိုရတနာ အချို့၊ ကောင်းကင်တာအိုကုန်ကြမ်းများစွာ၊ ရတနာဆေးလုံး၊ တာအိုဆေးလုံးများ စသဖြင့် ရှိလေသည်။
ကောင်းကင်အရှင်ယွီလင်းသည် သူမ၏လက်ထဲက သိုလှောင်လက်စွပ်ငါးကွင်းကို အဝေးသို့ ဖယ်လျက် ဆိုသည်။ "ငါဒီကိစ္စကို ဆရာ့ကို ပြောပြရမယ်။ နင့်ကို ဘယ်သူတွေ သတ်ချင်နေလဲဆိုတာ ဖော်ထုတ်ရမယ်။"
ချီမင်က ခေါင်းညိတ်လိုက်သည်။
…
အခြားတစ်ဖက် ဆလိုင်ယွန်ရှိသည့်နေရာတွင်။
"သူတို့ ကျရှုံးသွားပြီ။"
ဆလိုင်ယွန် မျက်မှောင်ကြုံ့လိုက်ပါ၏။ သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ သူ၏လက်ဖဝါးထဲမှ တာအိုသစ်သီးမူလအစချီခြောက်ပိုင်းမှာ ပျောက်ကွယ်သွားတော့၏။"သူတို့တွေ သေသွားပြီ။"
"ဒါက.."
ဆလိုင်ယွန်သည် အတွေးနက်သွားသည်။"ဘယ်လိုဖြစ်နိုင်မှာလဲ။ ချီမင်ရဲ့ကျင့်ကြံခြင်းအဆင့်က ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်ပဲ ရှိသေးတယ်။ ငါက စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့် သုံးယောက်နဲ့ ဥပဒေသကောင်းကင်အရှင် နဝမအဆင့် သုံးယောက် ပို့လိုက်တာလေ။ ချီမင်ကို မသတ်နိုင်ဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။"
"ကောင်းကင်အရှင်ယွီလင်းကြောင့် ပြဿနာဖြစ်သွားတာလား။"
"နည်းနည်းလေးတော့ ပြဿနာတက်ပြီ။"
"ပြီးတော့.."
ဆလိုင်ယွန်သည် ခဏမျှ တွေးကာ ဆိုသည်။"ချီမင်က ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်ရဲ့ တပည့်ပဲ။ ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်က နတ်ဆိုးကမ္ဘာအရှင်ရဲ့ တပည့်ဆိုတော့ လန်ယာ့အင်မော်တယ်မြို့တော်ရဲ့ နတ်ဆိုးကြာပန်းစစ်တပ်က သိသွားရင် သူတို့တွေ သေချာပေါက် စုံစမ်းလိမ့်မယ်။"
"ငါ ခြေရာလက်ရာတွေ အားလုံး ရှင်းထုတ်ထားတော့ ငါ့ကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ဒါပေမဲ့ အနာဂတ်မှာ ထပ်တိုက်ခိုက်ဖို့ အခွင့်အရေး မရနိုင်တော့ဘူး။"
"ဒီလိုသာဆိုရင် ငါ နတ်ဆိုးကမ္ဘာစုဝေးပွဲ စတင်လာတာကို စောင့်ပြီး တိုက်ခိုက်ရုံပဲ ရှိတော့တယ်။"
ထိုအခိုက် ဆလိုင်ယွန်၏ အနားမှ နေရာလွတ်သည် ပြောင်းလဲသွားခဲ့၏။ ခိုင်ယာ့သည် သူရှေ့သို့ ပေါ်လာကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် သာမန်မျှ ပြော၏။" မင်း ကျရှုံးသွားတာလား။"
"ဆရာ...ဆရာ"
ဆလိုင်ယွန်သည် ဒူးထောက်လိုက်၏။" ကောင်းကင်အရှင်ယွီလင်းက ချီမင်ဘေးမှာ ရှိနေမယ်လို့ မထင်ထားလို့ပါ။ သူမက အဲလောက်ထိ စွမ်းအားကြီးမယ်လို့လည်း မထင်ထားမိလို့ပါ။ အဲဒါတွေကြောင့် ကျွန်တော် ကျရှုံးသွားရတာပါ။"
"ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ။"
" မင်းက ကောင်းကင်အရှင်ယွီလင်းရဲ့ အင်အားကိုပဲ နားလည်မှုလွဲသွားတာမဟုတ်ဘူး။ချီမင်ကိုရောပဲ။"
ခိုင်ယာ့သည် ဆို၏။" ချီမင်က မဟာတာအိုကို ကျင့်ကြံတယ်။ မိုးမြေမဟာတာအိုကို နားလည်ထားတယ်။ သူ့ကို မိုးမြေမဟာတာအိုက ကာကွယ်ပေးထားတယ်။ သူက အန္တရာယ်တွေကို အမြဲတမ်းဖြေရှင်းနိုင်တယ်။ သူ့ကို သတ်ရတာ မလွယ်ဘူး။"
"ငါ မင်းကို ဒီတစ်ကြိမ် တိုက်ခိုက်ခိုင်းတာက ချီမင်ကို စမ်းသပ်ချင်လို့ပဲ။"
"ဒါက.."
ဆလိုင်ယွန်သည် တိတ်ဆိတ်သွား၏။
ရိုးသားစွာ ပြောရရင် ဆလိုင်ယွန်သည် သူ၏ ဆရာက သူ့ကို ချီမင် မဟာတာအိုကို ကျင့်ကြံမှန်း အဘယ်ကြောင့် ကြိုတင်မပြောရခြင်းကို နားမလည်ခဲ့ပေ။ သူသာ ကြိုသိခဲ့လျှင် သေချာပေါက် ပြင်ဆင်ထားမှာ ဖြစ်သည်။
ကိစ္စက ဖြစ်ပြီးသွားပြီ။
ထို့ကြောင့် ပြောနေလည်း အသုံးမဝင်တော့ပေ။
သူ၏ဆရာတွင် အခြားအစီအစဉ်များ ရှိပါလိမ့်မည်။
ဆလိုင်ယွန်သည် တွေးတောနေ၏။
ခိုင်ယာ့သည် သူ၏ညာဘက်လက်ကို ဖြန့်လိုက်တော့ သူ၏လက်ဖဝါးပေါ်မှ သိပ်သည်းသည့် အလင်းတစ်ခု ထိုးထွက်လာ၏။ ၎င်းက ကိုးရောင်ခြယ်အလင်းပေ။ ထိုအခိုက်တွင် မရေမတွက်နိုင်သော ကမ္ဘာများ မွေးဖွားလာပြီး ပျက်စီးသွားခဲ့ရသည့်အလားပင်။
သေချာကြည့်လျှင် ကိုးရောင်ခြယ်အလင်းအလယ်ဗဟိုတွင် ကိုးထပ်မြင့်သည့် စေတီတစ်ဆူရှိလေသည်။
"ဒါက ရတနာကိုးပါးဖန်သားစေတီပဲ။"
ခိုင်ယာ့က ပြော၏။"နတ်ဆိုးကမ္ဘာစုဝေးပွဲစလာရင် ချီမင်နဲ့ မင်းက နီဗားနားကမ္ဘာကို ဝင်ရလိမ့်မယ်။ မင်း ချီမင်ကို တွေ့တာနဲ့ ဒီရတနာကိုးပါးဖန်သားစေတီကို ထုတ်သုံးပြီး သူ့ကို ဘယ်တော့မှ ပြန်လည်မွေးဖွားလို့ မရအောင် ပြာချပစ်လိုက်။"
ဆလိုင်ယွန်သည် အသက်ပြင်းပြင်းရှုလျက် ရတနာကိုးပါးဖန်သားစေတီကို လက်နှစ်ဖက်နှင့် လက်ခံလိုက်၏။ သူသည် လေးနက်စွာ ပြောလေသည်။"ဟုတ်ကဲ့"
ခိုင်ယာ့သည် စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီး ပျောက်ကွယ်သွားတော့၏။
ဆလိုင်ယွန်သည် သူ၏နဖူးက ချွေးများကို သုတ်လျက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူသည် လက်ထဲက ရတနာကိုးပါးဖန်သားစေတီနှင့် ကစားနေလိုက်သည်။" ဆရာက ဒီရတနာကိုးပါးဖန်သားစေတီကို ငါ့ကို ပေးလာလိမ့်မယ်လို့ လုံးဝမထင်ထားဘူး။"
"ကျွတ် ကျွတ်"
ဆလိုင်ယွန်သည် စုပ်သပ်လိုက်၏။"ချီမင် ချီမင်ရေ မင်းတော့ သေပြီပဲ။"
…
အပြင်စည်းအပိုင်းတွင်။
ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်တည်းခိုသည့် သီးခြားခြံဝန်းတွင်။
ချီမင်နှင့် ကောင်းကင်အရှင်ယွီလင်းသည် အတူတူပြန်လာကြပြီး ခြံဝန်းထဲသို့ လျှောက်ဝင်သွားသည်။ စီနီယာအစ်ကိုများနှင့် အစ်မတို့သည် အခန်းထဲက ထွက်လာတော့ ထိုသည်ကို တွေ့လိုက်ရ၏။
"ဂျူနီယာညီလေး၊ စီနီယာအစ်မယွီလင်း မင်းတို့ ဘာလုပ်နေကြတာလဲ။"
“…”
စီနီယာအစ်ကိုအစ်မတို့သည် ချီမင်နှင့် ကောင်းကင်အရှင်ယွီလင်းတို့ကို စပ်စုစွာဖြင့် ကြည့်နေကြ၏။
"အခုလေးတင် ငါ လန်ယာ့ပြခန်းကို ဂျူနီယာမောင်လေးနဲ့သွားပြီး ပစ္စည်းတွေ ဝယ်လာခဲ့တာ။ ဒါပေမဲ့ ငါတို့အပြန်လမ်းမှာ ရန်သူရဲ့ ခြုံခို တိုက်ခိုက်တာကို ခံလိုက်ရတယ်။"
ကောင်းကင်အရှင်ယွီလင်းသည် ပြောလိုက်၏။ " ရန်သူ့ရဲ့ နောက်ခံက ဆန်းကြယ်တယ်။ သူ့ရဲ့ ဖုံးကွယ်ထားမှုက အတော်လေး ကောင်းပေမဲ့ ငါက အံ့ဖွယ်စွမ်းအားသုံးပြီး တွက်ချက်လို့ရတယ်။ ကိစ္စက ဖရိုဖရဲနတ်ဆိုးဘုရားနဲ့ ဆက်စပ်နေတယ်။"
" တကယ်ပါပဲ။"
ဝါနက်ကောင်းကင်အရှင်သည် မျက်မှောင်ကြုံ့လျက် လျင်မြန်စွာ ဆက်ပြော၏။ သူသည် စိုးရိမ်သည့်လေသံဖြင့် မေးလိုက်၏။ "ဂျူနီယာညီလေး အဆင်ပြေရဲ့လား။ ဒဏ်ရာ ရသွားသေးလား။"
"စီနီယာအစ်ကိုကြီးရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။"
ချီမင်သည် ပြောလိုက်၏။ " စီနီယာအစ်မက အနီးမှာ ရှိနေခဲ့လို့ ဂျူနီယာညီလေး အဆင်ပြေပါတယ်။"
"ကောင်းတယ်။"
ဝါနက်ကောင်းကင်အရှင်သည် သက်ပြင်းချလိုက်၏။ "ငါဒီကိစ္စကို ဆရာ့ကို သွားပြောရမယ်။"
"ဟုတ်တယ်။"
"စီနီယာအစ်ကိုအကြီးဆုံး ပြောတာ မှန်တယ်။"
"ကျွန်တော်တို့ ဒီကိစ္စကို ဆရာ့ကို တင်ပြရမယ်။"
"ဂျူနီယာညီလေးကို ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ။"
"ကျွန်တော်တို့ ဖော်ထုတ်ရမယ်။"
"ကျွန်တော်တို့ ဒီကိစ္စကို သေချာပေါက် အလွှတ်ပေးလို့ မရဘူး။"
“…”
စီနီယာအစ်ကို အစ်မတို့က အော်လိုက်၏။
ချီမင်သည် သူ၏ စီနီယာအစ်ကိုအစ်မများ၏ အမူအရာကို ကြည့်လိုက်၏။ ကြည့်ရသည်မှာ သူတို့က ပူးပေါင်းပြီး ပြင်ပကမ္ဘာက ဘုံရန်သူတစ်ဦးကို ရင်ဆိုင်ဖို့ စည်းလုံးနေဟန်ရှိသည်။ ချီမင်သည် သူ၏နှလုံးသားထဲမှ နွေးထွေးမှု အနည်းငယ်ကို ခံစားလိုက်ရ၏။ မသိလိုက်စွာဖြင့် သူသည် ထိုစီနီယာအစ်ကိုအစ်မများနှင့် ရင်းနှီးသွားခဲ့၏။
နောက်တော့ ချီမင်၊ ကောင်းကင်အရှင်ယွီလင်းနှင့် ကျန်သောသူများသည် ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်နှင့်တွေ့ကာ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်၏။ သူက မဟာတာအိုအံ့ဖွယ်စွမ်းအားကို သုံးပြီး တွက်ချက်ပေမဲ့ အပြည့်အဝ မဖော်ထုတ်နိုင်ပေ။
"မဟုတ်ဘူး။" ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်က ခေါင်းခါ၏။" တစ်ဖက်ကသူကို ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးက ကာကွယ်ပေးထားတယ်။ သူက ကမ္မနဲ့ ကံတရားတွေ အားလုံးကို ဖိနှိပ်ပေးထားတယ်။ အရှိန်အဝါကိုရောပဲ။ ငါတောင် ရှင်းရှင်းလင်းလင်း စစ်ဆေးလို့ မရဘူး။"
"ဒါပေမဲ့..." ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်က ပြောသည်။" တစ်ဖက်ရဲ့ နောက်ခံက တကယ့်ကို ဖရိုဖရဲနတ်ဆိုးဘုရားပဲ။ ဒါပေမဲ့ အထက်ကမ္ဘာကိုးကမ္ဘာမှာ ဖရိုဖရဲနတ်ဆိုးဘုရားတွေက မွေးဖွားလာပြီး မတူညီတဲ့ အဖွဲ့အစည်းတွေ တည်ထောင်ထားကြတယ်။"