အခန်း(၄၃၄) နတ်ဆိုးကမ္ဘာ၏ ထာဝရ အထွတ်အထိပ်ကောင်းကင်
Vol. 29 Ch. 434
"ဖရိုဖရဲနတ်ဆိုးဘုရားလက်ချက်ပဲ။"
ချီမင်သည် သူ၏ အံ့ဖွယ်စွမ်းအားကို သုံးလျက် အကြိမ်အနည်းငယ် တွက်ချက်ကြည့်သော်လည်း သူသည် မြူခိုးထူကြီးကိုသာ မြင်ရပါ၏။ သူသည် ကိစ္စများစွာကို မမြင်နိုင်သော်လည်း သူ့ကို လမ်းညွှန်ပေးနိုင်သည့် မျဉ်းခပ်ဖျော့ဖျော့ကိုတော့ မြင်နိုင်၏။
ဖရိုဖရဲနတ်ဆိုးဘုရားနှင့် သက်ဆိုင်သော ထိုမျဉ်းကြောင်းသည် လမ်းတစ်ဝက်၌ ပြတ်တောက်သွားတော့သည်။
ချီမင်သည် ဖရိုဖရဲနတ်ဆိုးဘုရားဖြစ်ကြောင်းကိုသာ တွက်ချက်မိသည်။
အထက်ကမ္ဘာကိုးကမ္ဘာတွင် မွေးဖွားတည်ရှိလာသော ဖရိုဖရဲနတ်ဆိုးဘုရားများ တည်ရှိသည်။ ပထမအထက်ကမ္ဘာ၏ ဖရိုဖရဲနတ်ဆိုးဘုရားများသည် နတ်ဆိုးဘုရားကျောင်းကို ဖွဲ့စည်းထားပြီး ဒုတိယအထက်ကမ္ဘာ၏ ဖရိုဖရဲနတ်ဆိုးဘုရားများသည် ဖရိုဖရဲခန်းမကို ဖွဲ့စည်းထားကာ တတိယအထက်ကမ္ဘာ၏ ဖရိုဖရဲနတ်ဆိုးဘုရားများသည် ထာဝရခန်းမကို ဖွဲ့စည်းထားပါ၏။
အထက်ကမ္ဘာကိုးကမ္ဘာတွင် မတူညီသော ဖရိုဖရဲနတ်ဆိုးဘုရား အဖွဲ့အစည်းကိုးခု ရှိသည်။
"ဆရာ"
ချီမင်သည် ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်များသည် တောက်ပနေလေသည်။ " ကျွန်တော် ဘယ်ဖရိုဖရဲနတ်ဆိုးဘုရားအဖွဲ့အစည်းလဲဆိုတာကို ခန့်မှန်းမိပြီးပါပြီ။
"ကျွန်တော် ပထမအထက်ကမ္ဘာကနေ တစ်ခါမှ မထွက်ခွာဖူးပါဘူး။ တခြား အထက်ကမ္ဘာရှစ်ကမ္ဘာက ဖရိုဖရဲနတ်ဆိုးဘုရား အဖွဲ့အစည်းတွေကို ရန်စထားမိဖို့ဆိုတာ သဘာဝအတိုင်း လုံးဝမဖြစ်နိုင်ပါဘူး။"
"ပြီးတော့ ကျွန်တော် ပထမအထက်ကမ္ဘာမှာတုန်းက ဖရိုဖရဲနတ်ဆိုးဘုရားနှစ်ပါးကို ကျွန်ပြုခဲ့ပြီး နတ်ဆိုးဘုရားကျောင်းရဲ့ အဖွဲ့ဝင်တွေကိုလည်း သတ်ခဲ့ဖူးပါတယ်။ ကျွန်တော် နတ်ဆိုးဘုရားကျောင်းနဲ့ မပြေလည်နိုင်တဲ့ ရန်စတစ်ခုကို ဖန်တီးမိထားပါတယ်။"
" ဒီတစ်ကြိမ် ကျွန်တော်တို့ကို ခြုံခိုတိုက်ခိုက်ဖို့ လွှတ်လိုက်တဲ့သူက ပထမအထက်ကမ္ဘာရဲ့ နတ်ဆိုးဘုရားကျောင်းက ဖြစ်နေဖို့ ဖြစ်နိုင်ချေ အတော်လေးများပါတယ်။"
" တကယ့်ကို ဖြစ်နိုင်တယ်။"
ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ခေါင်းညိတ်၏။" မင်းရဲ့စိစစ်ချက်က အတော်လေး ကျိုးကြောင်းသင့်တယ်။ တိကျတဲ့ သက်သေအထောက်အထား မရှိပေမဲ့ နတ်ဆိုးဘုရားကျောင်းလုပ်ခဲ့တာ (၇၀)ကနေ (၈၀)ရာခိုင်နှုန်းလောက်ထိ ဖြစ်နိုင်တယ်။"
"အံ့ဩစရာ ကောင်းလိုက်တဲ့ နတ်ဆိုးဘုရားကျောင်း"
"သူတို့က သေလမ်းရှာနေကြတာပဲ။"
"သူတို့က ဂျူနီယာညီလေးကိုတောင် တိုက်ခိုက်ရဲတယ်ပေါ့။"
" ကျွန်တော်တို့ အခွင့်အရေးရရင် သူတို့ကို သတ်ပစ်ရမယ်။"
“…”
စီနီယာအစ်ကို အစ်မတို့က အော်လိုက်၏။
"စိတ်လျှော့ထားကြ" ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ပြောလိုက်၏။" နတ်ဆိုးဘုရားကျောင်းက ပထမအထက်ကမ္ဘာရဲ့ ဂိုဏ်းကြီးငါးခုထဲက တစ်ခုပဲ။ စွမ်းအားကြီးတယ်။ နတ်ဆိုးဘုရားကျောင်းရဲ့ ခန်းမသခင်က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ဖြစ်လာတာက လေဟာနယ်ခေတ်ကာလ ခုနစ်ကြိမ်မြောက်ကတည်းကပဲ။ သူက နတ်ဆိုးဘုရားကျောင်းကို တည်ဆောက်ခဲ့တာ အခုထိပဲ။ သူရဲ့ အခြေခံက အတော်လေး နက်ရှိုင်းတယ်။"
"ငါရဲ့ နောက်ခံနဲ့ အစက ရန်ကြွေးကို ဖြေရှင်းမလို့ပဲ။ ဒါပေမဲ့ အခုကြည့်ရတာ ငါဘာမှမပြောနိုင်ခင်မှာ နတ်ဆိုးဘုရားကျောင်းက ထပ်ပြီး တိုက်ခိုက်လာတယ်။"
"ဒီလိုဆိုတော့..."
"နတ်ဆိုးဘုရားကျောင်းရဲ့ ထာဝရအထွတ်အထိပ် အရှင်နယ်ပယ် ရောက်နေတဲ့ ဒုခန်းမသခင်က လန်ယာ့အင်မော်တယ်မြို့တော်ကို ရောက်နေပြီ။ ပြီးတော့ သူက အရိပ်ထဲမှာ ပုန်းနေတယ်။ သေချာပေါက် ချီမင်က မဟာတာအိုကို ကျင့်ကြံမှန်း သိထားမှာပဲ။ အဲဒါကြောင် သူတို့က ချီမင်ကို သတ်ဖို့ ကြိုးစားလာတာ။"
"ဆရာ" ဝါနက်ကောင်းကင်အရှင်သည် ပြောလိုက်၏။" ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ။"
" ဘာလုပ်ရမှာလဲ။" ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ခဏလောက်တွေးကာ ဆိုသည်။ " ငါ နတ်ဆိုးကမ္ဘာအရှင်ရဲ့ သူ့ကို လာတွေ့ဖို့ ညွှန်ကြားချက်ကို ရထားတယ်။"
" ငါ ချီမင်ကို ခေါ်ထားဖို့ စီစဉ်ထားတယ်။"
ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ချီမင်ကို ကြည့်လိုက်သည်။ "မင်းရော ဘယ်လိုထင်လဲ။"
" ကျွန်တော် ဆရာရဲ့ ညွှန်ကြားချက်ကို နားထောင်ပါမယ်။"
ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ခေါင်းညိတ်လေသည်။" ဒါဆိုလည်း ပြင်ဆင်ထားတော့။ ငါတို့ သုံးရက်အတွင်း သွားကြမယ်။"
ချီမင်သည် လေးနက်စွာ ပြောသည်။
"ဆရာရဲ့ နည်းလမ်းက ကောင်းပါတယ်။"
ဝါနက်ကောင်းကင်အရှင်၏မျက်လုံးများက တောက်ပသွားသည်။ "ဂျူနီယာညီလေးသာ နတ်ဆိုးကမ္ဘာအရှင်ရဲ့ အမည်ခံတပည့်ဖြစ်လာရင် သူက သဘာဝအတိုင်း ကာကွယ်ပေးခံရလိမ့်မယ်။ နတ်ဆိုးဘုရားကျောင်းက မောက်မောက်မာမာ ပြုမူရဲမှာ မဟုတ်တော့ဘူး။"
"ဟုတ်တယ်။"
"ဂျူနီယာညီလေးကို ငါတို့တွေ ကြိုပြီး ဂုဏ်ပြုပါတယ်။"
"ဟားဟား"
စီနီယာအစ်ကိုနှင့် အစ်မတို့က ပြုံးလိုက်၏။
"စီနီယာအစ်ကို အစ်မတို့ကို ကျေးဇူးတင်ပါတယ်။"
ချီမင်သည် ပြုံးလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်ကြာသွားသည်။
ချီမင်သည် ထိုသုံးရက်အတွင်း၌ မကျင့်ကြံခဲ့သလို သူရရှိခဲ့သော အဆင့်နိမ့်တာအိုမူလအစများကို မသုံးစွဲခဲ့ပေ။ ထိုအစား သူသည် နတ်ဆိုးကမ္ဘာအရှင်နှင့် တွေ့ဆုံရန် ဦးစွာ စီစဉ်ထားသည်။
ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ချီမင်ကိုကြည့်ကာ ပြော၏။" အဆင်သင့်ပဲလား။"
ချီမင်သည် ခေါင်းညိတ်လိုက်တော့လေသည်။
"သွားကြစို့"
ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်တော့ အပြင်စည်းတပည့်တိုကင်တစ်ခု ပျံသန်းလာတော့၏။ အလင်းရောင်များ တောက်ပနေသည့် ငါးထောင့်ပုံနှင့် စက်ဝိုင်းပုံအရာတစ်ခု ပေါင်းစပ်ထားသကဲ့သို့ ဖြစ်နေသည့် အစီအရင်တစ်ခု ထွက်လာတော့သည်။
ချက်ချင်းပင် ၎င်းကနေ တည်ငြိမ်သည့် ဟင်းလင်းပြင်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဟင်းလင်းပြင်တံခါးသည် ပိန်းပိတ်အောင် နက်မှောင်နေသည်မှာ အလင်းဟူသမျှကို ဝါးမျိုထားသည့်အလားပင်။
"ဒီမှာ ကောင်းကောင်းကျင့်ကြံနေခဲ့ကြ။ ဘာပြဿနာမှ မဖြစ်စေနဲ့။ ငါ ပြန်လာတာကို စောင့်နေကြ။" ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ညွှန်ကြားလိုက်လေသည်။
"ဟုတ်ကဲ့ပါ ဆရာ။"
“…”
ဝါနက်ကောင်းကင်အရှင်တို့က ပြန်ဖြေလိုက်လေသည်။
"သွား"
ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ချီမင်ကို တည်ငြိမ်သည့် ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ ဆွဲခေါ်သွားတော့၏။ ထို့နောက် နှစ်ယောက်လုံး ပျောက်ကွယ်သွားခဲ့ပြီး တံခါးသည်လည်း ပျောက်ကွယ်သွားတော့သည်။ သို့ဖြစ်၍ နေရာလွတ် သည် သာမန် ပြန်ဖြစ်သွားခဲ့၏။
" ဂျူနီယာညီလေးက နတ်ဆိုးကမ္ဘာအရှင်ရဲ့ အမည်ခံတပည့်ဖြစ်လာမယ် ထင်ကြလား။" စီနီယာအစ်ကိုတစ်ယောက်က မေးလိုက်၏။
"ဖြစ်မှာပေါ့။" ကောင်းကင်အရှင်ယွီလင်းသည် ပြောလိုက်၏။"ချီမင်က မိုးမြေမဟာတာအိုကို နားလည် ကျင့်ကြံနိုင်တယ်။ သူက ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်လေးနဲ့ ဥပဒေသကောင်းကင်အရှင် နဝမအဆင့် ကိုးယောက် ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်တယ်။တစ်ယောက်ကိုတောင် သတ်လိုက်သေးတယ်။"
"ဒီလို အင်အားနဲ့ အရည်အချင်းမျိုးဆို သူက သေချာပေါက် နတ်ဆိုးကမ္ဘာအရှင်ရဲ့ အာရုံကို ဖမ်းစားနိုင်မှာ။ သူက သေချာပေါက် နတ်ဆိုးကမ္ဘာအရှင်ရဲ့ အမည်ခံတပည့် ဖြစ်လာလိမ့်မယ်။"
“ဂျူနီယာညီမလေး ပြောတာမှန်တယ်။"
ဝါနက်ကောင်းကင်အရှင်သည် ပြောလိုက်၏။" ငါလည်း အဲလိုပဲ ထင်တယ်။ ဒါပေမဲ့ ဂျူနီယာညီလေးသာ တကယ်ကြီး နတ်ဆိုးကမ္ဘာအရှင်ရဲ့ အမည်ခံတပည့်ဖြစ်လာရင် သူက ဆရာနဲ့ မျိုးဆက်အတူတူ ဖြစ်သွားလိမ့်မယ်။ ဒါဆို ငါတို့တွေ သူ့ကို အနာဂတ်မှာ ဆရာဦးလေးလို့ ခေါ်ရမှာမလား။"
"ဒါက.."
" ဖြစ်နိုင်တယ်။"
“…”
ကောင်းကင်အရှင်ယွီလင်းတို့က ကြောင်အသွားကြ တော့သည်။
…
နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်။
ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ယာယီဟင်းလင်းပြင်လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်လိုက်ပြီး မရေမတွက်နိုင်သော အချိန်နှင့် နေရာလွတ်ကို ဖြတ်သန်းကာ နတ်ဆိုးကမ္ဘာ၏ ထာဝရအထွတ်အထိပ်ကောင်းကင်သို့ ဆင်းသက်လိုက်၏။ ချီမင်သည်လည်း ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်နောက်သို့ လိုက်သွားတော့၏။
နတ်ဆိုးကမ္ဘာထာဝရအထွတ်အထိပ်ကောင်းကင်သည် နတ်ဆိုးကမ္ဘာအရှင် နေထိုင်သော နေရာဖြစ်သည်။
ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်နှင့် ချီမင်သည် ဟင်းလင်းပြင်လမ်းကြောင်းမှ အတူတကွ ထွက်လာကြကာ နတ်ဆိုးကမ္ဘာထာဝရအထွတ်အထိပ်ကောင်းကင်လေဟာနယ်၌ ရပ်လိုက်၏။ သူတို့၏ ပတ်ဝန်းကျင်သည် မနှိုင်းယှဉ်နိုင်လောက်အောင် ပေါကြွယ်ဝသည့် ဖရိုဖရဲစွမ်းအားတို့ဖြင့် ပြည့်နှက်နေသည်။ထို့အပြင် ဖရိုဖရဲစွမ်းအင်မျှင်တို့တွင် သိပ်သည်းသည့် တာအိုစာလုံးများဖြင့် ပြည့်နှက်နေလေသည်။
သူတို့သည် ထပ်မံ ကြည့်လိုက်သည်။
ကောင်းကင်ယံ၌ မရေမတွက်နိုင်လောက်သော ကြယ်များ ရှိနေသည်။ စကြဝဠာကြီးထဲက ကြယ်ရောင်စုံကောင်းကင်ကြီးအလားပင် သိပ်သည်းသည့် အလင်းရောင်တို့ ထုတ်လွှတ်နေ၏။ အနည်းဆုံးတော့ ကြယ်ပေါင်း သန်းတစ်သိန်း ရှိလောက်ပေမည်။
ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် နတ်ဆိုးကမ္ဘာထာဝရအထွတ်အထိပ်ကောင်းကင်၏ အတွင်းဘက်ဆုံးအပိုင်းမှ မြူခိုးများ ဖုံးလွှမ်းနေသော အလွှာကို ဖြတ်ကျော် ကြည့်လိုက်၏။ စကြဝဠာကြီး မွေးဖွားလာတည်းက တည်ရှိလာခဲ့သည့်အလား ရှေးခေတ်အချိန်များတည်းကပင် တည်ရှိခဲ့သော အထွတ်အထိပ်ခန်းမကြီး ရှိနေသည်။
"တပည့်ကမ္ဘာဦးက ဆရာ့ကို အရိုအသေပြုပါတယ်။" ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် အထွတ်အထိပ်ခန်းမရှိရာဘက်သို့ ဦးညွှတ်လိုက်၏။
"ဆရာဘိုးဘိုးကို အရိုအသေပြုပါတယ်။"ချီမင်ကလည်း ဦးညွှတ်လိုက်၏။
ဆွတ်ရှ်စ်
နောက်တစ်ခဏတွင် ကောင်းကင်ယံ၌ အထွတ်အထိပ်ခန်းမကို ဗဟိုပြုလျက် အလင်းတိုင်တစ်တိုင် ဆင်းသက်လာ၏။ ၎င်းက မရေမတွက်နိုင်သော မိုင်များကို ဖြတ်ကျော်ကာ ချီမင်နှင့် ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်တို့ကို ဖုံးအုပ်သွားတော့၏။
"ဝင်လာခဲ့"
ချီမင်သည် သူ၏ စိတ်အထဲ၌ အသံတစ်သံကြားလိုက်ရဟန် ရှိပါ၏။ ထိုအသံသည် တည်ငြိမ်လေးနက်ကာ ပြိုင်ဘက်ကင်းပေသည်။ ဖော်ပြန်ရန်မစွမ်းသာသည့် တာအိုသံစဉ်အလားပင်။
ထိုအသံက ကြားနာရသူကို ဉာဏ်အလင်းပွင့်သွားစေတော့မည့် အလားပင်။
မယုံနိုင်စရာကောင်းပေ၏။
ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် အသက်ပြင်းပြင်းရှုလိုက်ပြီး မထိန်းနိုင်တော့ဘဲ အနည်းငယ် စိတ်လှုပ်ရှားသွားလေတော့၏။
သူသွားတွေ့တော့မည့်သူက ဘာပဲဖြစ်ဖြစ် အထက်ကမ္ဘာကိုးကမ္ဘာ၏ နတ်ဆိုးကမ္ဘာက အရှင်ဖြစ်သည်။ ထို့ကြောင့် ချီမင်သည်လည်း သဘာဝအတိုင်း အနည်းငယ် စိတ်လှုပ်ရှားလာသည်။
ထိုသည်က အဆုံးမဲ့ စစ်မှန်ခမ်းနားသည့် တည်ရှိမှုမျိုး ဖြစ်လေသည်။
ထိုသူသည် ပထမလေဟာနယ်ခေတ်ကာလတည်းက တည်ရှိလာခြင်းမျိုး အတော်လေး ဖြစ်နိုင်သည်။
ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်နှင့် ချီမင်သည် ကောင်းကင်မှ ဆင်းသက်လာခဲ့သော အလင်းတိုင်တစ်လျှောက် မြင့်တက်သွားခဲ့သည်မှာ အဆက်မပြတ်ပင်။ သူတို့သည် မရေမတွက်နိုင်သော ကြယ်တာရာတို့ကို ဖြတ်သန်းနေရသည့်အတွက် ချီမင်သည် အနီးကပ်ကြည့်လိုက် နိုင်ပါတော့၏။
ထိုကြယ်များသည် ကမ္ဘာတစ်ခုချင်းစီကို ကိုယ်စားပြုလေသည်။
"ဒါက..."ချီမင်သည် ထပ်မံ ထိတ်လန့်သွားရတော့၏။
ချီမင်၏ မြင်ကွင်းသည် မှုန်ဝါးသွားခဲ့ပြီး သူသည် အလေးချိန်မဲ့မှုကို ခံစားလိုက်ရသည်။ သူ သတိပြန်ဝင်လာချိန်၌ အထွတ်အထိပ်ခန်းမထဲသို့ ရောက်လာခဲ့ပြီး ထိုနေရာ၌ ရပ်နေခဲ့ပြီဖြစ်သည်။
"ဒါက.."
ချီမင်သည် ပတ်လည်ကို ကြည့်လိုက်သော်လည်း သူ၏ဆရာကို မတွေ့ရတော့ပေ။"ဆရာက ဘယ်ရောက်သွားတာလဲ။"
"ဒါက..."
ချီမင်သည် စဉ်းစားလိုက်၏။ သူ၏ ပတ်ဝန်းကျင်သည် ဗလာဖြစ်နေသည်။ ခန်းမကြီးကို ထောက်ပင့်တင်ထားသည့် တိုင်လုံးကြီးများ တွေ့နိုင်၏။ ထိုအလင်းတိုင်ကြီးများပေါ်တွင် မတူညီသည့် ပုံစံကွက်များ ရှိလေသည်။
သူသည် စစ်မှန်နဂါးများ၊ဖီးနစ်များ၊လိပ်နက်များနှင့် များစွာသော နတ်ဘုရားသားရဲတို့ကို ထိုတိုင်ကြီးပေါ်၌ တွေ့လိုက်ပါ၏။
ရှပ်...ရှပ်...ရှပ်
ချီမင်သည် ခြေသံများကို ကြားလိုက်ရသည်။
"ဘယ်သူလဲ။"
ချီမင်က လှည့်ကာ ကြည့်လိုက်၏။ အမှောင်ထုထဲကနေ ကျက်သရေရှိသည့် မိန်းမငယ်လေးတစ်ဦး လျှောက်လာနေသည်။ သူမက ကြက်သွေးရောင် ချုံဆမ်းလေးကို ဝတ်ဆင်ထားကာ သူမ၏ နှင်းကဲ့သို ဖြူဖွေးသော ကျောက်စိမ်းပမာ ခြေသလုံးလေးမှာ ပေါ်လွင်နေ၏။ သူမ၏ ကျောက်စိမ်းသဖွယ် ခြေချောင်းလေးများကို အနီရောင်ဖဲပြားဖြင့် စည်းနှောင်ထားသည်။ သူမ၏ ကိုယ်ဟန်မှာ ကျက်သရေရှိပြီး မျက်နှာမှာ ထူးခြားပြည့်စုံကာ ရှည်လျားသည့် အနက်ရောင်ဆံနွယ်ဖြောင့်ဖြောင့်မှာလည်း ဖြာကျနေ၏။
(T/N ချုံဆမ်းဆိုတာက တရုတ်က အဝတ်အစားပါပဲ။ ရိုးရာဝတ်စုံဟန်ဖုထက် တော်လှန်ရေးခေတ်ကာလက တရုတ်အမျိုးသမီးတွေ ဝတ်ကြတဲ့အမျိုးအစားပါ။)
သေချာကြည့်လိုက်တော့ ချီမင်သည် ထိုချုံဆမ်းဝတ်ထားသည့် ကောင်မလေးသည် မျက်စိသူငယ် နှစ်စုံရှိသည်ကို တွေ့သွား၏။
ထိုကောင်မလေးသည် ချီမင်နှင့် ဆယ်မီတာအကွာမှ ရပ်ကာ သူ့ကို ကြည့်နေလေသည်။" ငါက နင့်အပေါ်ကနေ မိုးမြေမဟာတာအိုရဲ့ အရှိန်အဝါကို ခံစားမိတယ်။ နင်က မဟာတာအိုကို ကျင့်ကြံတဲ့ အဆင့်မှာပဲ။"
" ခင်ဗျားက ဘယ်သူလဲ။ ကျွန်တော့် ဆရာကရော ဘယ်မှာလဲ။" ချီမင်သည် လေသံနှိမ့်နှိမ့်ဖြင့် မေးလေသည်။"ဒါက ဘယ်နေရာလဲ။"
"နင့်မှာ မေးခွန်းတွေ အများကြီး ရှိနေတာလား။" ချုံဆမ်းဝတ်ထားသည့် မိန်းကလေးက သာမန်မျှသာ ပြော၏။" နင့်ရဲ့ဆရာကို နတ်ဆိုးကမ္ဘာအရှင်က ခေါ်ထားတယ်။ နင့်အတွက်ကတော့ နင်က သူ့ကို တွေ့ဖို့ အခု အရည်အချင်း မပြည့်မီဘူး။"
"ဒီနေရာက ခန်းမဘေးက သာမန်အခန်းတစ်ခန်းပဲ။"
“…”
ချီမင်၏ အမူအရာက မည်းမှောင်သွားတော့သည်။
"ခင်ဗျား ဘာပြောချင်တာလဲ။"
"အရမ်းလည်း စိတ်ပူမနေနဲ့"
မိန်းကလေးသည် ဆက်ပြောသည်။" နတ်ဆိုးကမ္ဘာအရှင်က နင့်အကြောင်းကို သိထားပါတယ်။ နင်က မဟာတာအိုကို ကျင့်ကြံတယ်ဆိုပေမဲ့ နင့်မှာ အခု နတ်ဆိုးကမ္ဘာအရှင်ရဲ့ တပည့်ဖြစ်လာဖို့ အရည်အချင်း မပြည့်မီသေးဘူး။"
"နင်က နင့်ဆရာလိုမျိုး အမည်ခံတပည့်ပဲ ဖြစ်နိုင်သေးတယ်။ နင်က အမည်ခံတပည့်အနေနဲ့ စတင်ရမယ်။"
"ဒါကို လက်ခံလိုက်။"
မိန်းကလေးက ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ ချီမင်ထံသို့ အလင်းစီးကြောင်းနှစ်ခု ပျံသန်းသွားတော့သည်။ သူသည် ၎င်းတို့ကို လှမ်းဖမ်းလိုက်သည်။ ၎င်းက တိုကင်တစ်ခုနှင့် သိုလှောင်လက်စွပ် တစ်ကွင်းပေ။
"ဒီတိုကင်က အမည်ခံတပည့်တိုကင်ပဲ။ အပေါ်မှာ ထူးခြားတဲ့ နတ်ဆိုးကြာပန်းအမှတ်အသား တစ်ခုအပြင် တုပလို့မရနိုင်တဲ့ ထူးခြားတဲ့ အရှိန်အဝါတစ်ခုလည်း ပါသေးတယ်။"
ချုံဆမ်းဝတ် မိန်းကလေးသည် ရှင်းပြလာ၏။ "သိုလှောင်လက်စွပ်ထဲမှာ အမွေအနှစ်တွေ၊တာအိုရတနာတွေ၊အရင်းအမြစ်တွေနဲ့ နင့်အတွက် နတ်ဆိုးကမ္ဘာအရှင် စီစဉ်ပေးထားတဲ့ သက်ဆိုင်ရာ ပစ္စည်းတွေ ရှိတယ်။"
"ခင်ဗျားက ဘယ်သူများလဲ။"
ချီမင်သည် အသက်ပြင်းပြင်းရှုလျက် သူ၏ တာအိုစွမ်းအားကို သိုလှောင်လက်စွပ်ပေါ်သို့ ထုတ်လွှတ်လိုက်၏။ အမှန်တကယ်ပင် အမွေအနှစ်ကျောက်စိမ်းပြားများ၊ အထူးတာအိုရတနာများနှင့် တာအိုမူလအစများစွာ ပါဝင်လေသည်။
"ငါ့နာမည်က ချင်ယွီ"
ချုံဆမ်းဝတ်မိန်းကလေးသည် ပြုံးကာ ချီမင်၏ မေးခွန်းကို ပြန်ဖြေလိုက်၏။" ငါက နတ်ဆိုးကမ္ဘာအရှင်ရဲ့ ကိုယ်ပိုင်တပည့်ပဲ။ ငါကလည်း မဟာတာအိုကို ကျင့်ကြံတယ်။ ငါတို့နှစ်ယောက်လုံးက မဟာတာအိုကို ကျင့်ကြံတယ်ဆိုပေမဲ့ နင်က ငါ့ရဲ့အမြင်မှာတော့ အတော်လေး လိုအပ်နေသေးတယ်။"
"ကြိုးစားပါ။ အနည်းဆုံးတော့ ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်လို မဖြစ်စေနဲ့။ သူက မိုးမြေမဟာတာအိုကို လက်လျှော့လိုက်ပြီး အထက်ကမ္ဘာကောင်းကင်တာအိုကို ပြောင်းကျင့်ကြံခဲ့လို့ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ဖြစ်လာတာ။"