← Chapters

ရူးသွပ်ဖွယ်အဆင့်တက်လာမှုများ

Vol. 29 Ch. 425

ရူးသွပ်ဖွယ်အဆင့်တက်လာမှုများ

Vol. 29 Ch. 425

ထို့ပြင် ချီမင်၏ကိုယ်ပိုင်တာအိုရတနာများသည် ဥပဒေသကိုယ်ပိုင်တာအိုရတနာ အဆင့်ခုနစ်သို့ ရောက်နေပြီဖြစ်သည်။ ခေါင်းသုံးလုံးနတ်ဆိုးဘုရားသည်လည်း ဥပဒေသကောင်းကင်အရှင် ဆဋ္ဌမအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ဘိုးဘေးနဂါးနတ်ဆိုးဘုရားသည်တော့ ဥပဒေသကောင်းကင်အရှင် အဋ္ဌမအဆင့်သို့ ရောက်သွားပြီဖြစ်၏။

ချီမင်သည် မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုအသွင်ပြောင်းခြင်းလွတ်လပ်မှုနည်းစနစ်ကို အစပြုသူအဆင့်ထိ ကျင့်ကြံပြီးသွားခဲ့၏။သို့ပေမဲ့ သူက အသေးစားအောင်မြင်မှုအဆင့်နှင့်များစွာ အလှမ်းဝေးကွာနေသေး၏။

၎င်းသည် အတော်လေးတိုးတက်သွားခဲ့ခြင်းဖြစ်၏။ အထူးသဖြင့် သူ၏ကိုယ်ပိုင်တာအိုရတနာများ၏ တိုးတက်လာမှု ဖြစ်သည်။

ချီမင်၏ခွန်အားသည် သိသိသာသာကို မြင့်မားလာခဲ့သည်။ ဧရာမရေဘဝဲနတ်ဆိုးဘုရားနှင့် ထပ်မံ ကြုံတွေ့ခဲ့ရလျှင်ပင် ဥပဒေသတာအိုရတနာ အဆင့်ခုနစ်လက်နက်၏ အကူအညီဖြင့် ချီမင်သည် ပုဆိန်တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်၏။

ကိုယ်ပိုင်တာအိုရတနာမှသယ်ဆောင်လာသည့် အင်အားက အတော်လေးအထောက်အကူပြုပါ၏။

"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်"

ချီမင်သည် အတော်လေးကျေနပ်သွား၏။"အဲ့ဒီ့အပြင် ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဥပဒေသကောင်းကင်အရှင် တတိယအဆင့်ရဲ့အကန့်အသတ်ထိ ရောက်သွားပြီ။ ငါ ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်ကို တက်တော့မယ်။"

“ထွက်လာခဲ့။”

ချီမင်သည် ညာဘက်လက်ကို ဝေ့ယမ်းလိုက်၏။ အနက်ရောင်အလင်းများ ပေါ်လာပြီး လျင်မြန်စွာဖြင့် သိပ်သည်းသွားတော့၏။ ကောင်းကင်အရှင်အမှောင်ထုနှင့် ယန်ရွှီသည် ချီမင်၏ရှေ့သို့ ပေါ်လာခဲ့ပြီး လေးစားစွာ ဦးညွှတ်လိုက်သည်။

"ဒီငယ်သားယန်ရွှီက သခင့်ကိုအရိုအသေပြုပါတယ်။"

ထို့နောက်...

ယန်ရွှီသည် ဒူးတစ်ဖက်ထောက်ထား၏။

ချီမင်သည် ယန်ရွှီကို အကြိမ်အနည်းငယ်မျှ ကြည့်လိုက်သည်။ သူသည် တစ်ဖက်၏အရှိန်အဝါက ယခင်တုန်းက ထပ်ပို၍ သန်မာလာသည်ကို ရှင်းလင်းစွာခံစားမိ၏။ လုံးဝကိုမတူညီတော့သည့် အဆင့်ပင်။

အခုယန်ရွှီသည် ဧရာမရေဘဝဲနတ်ဆိုးဘုရားကို ချက်ချင်း သတ်ဖြတ်နိုင်လောက်အောင် သန်မာနေပြီ ဖြစ်သည်။သူက လက်တစ်ဖက်တည်းနှင့်တောင် သတ်နိုင်သည်။

ယန်ရွှီ၏အမှောင်တာအိုသစ်သီးသည်် ပြီးပြည့်စုံခြင်းအဆင့်ကိုးသို့ ရောက်နေပြီဖြစ်သည်။

တစ်ဆင့်သာ ထပ်တက်၍ လာခဲ့လျှင် သူသည် အမှောင်ထုတာအိုသစ်သီးကို အရင်းအမြစ်အဖြစ် သုံး၍ အထက်ကမ္ဘာကောင်းကင်တာအို၏ အထွတ်အထိပ်စွမ်းအားကို ချေးငှားကာ အမှောင်တာအိုကောင်းကင်အား တည်ဆောက်နိုင်၏။ ထိုအချိန်၌ သူသည် စည်းမျဉ်းကောင်းကင်အရှင်အဆင့်သို့ တက်လှမ်းသွားနိုင်ပါသည်။

ယန်ရွှီ၏တိုးတက်လာမှုသည် ဥပဒေသကောင်းကင်အရှင် နဝမအဆင့် ဖြစ်ပြီး ယင်းက သူ၏အကန့်အသတ်လည်း ဖြစ်သည်။ ၎င်းက သူ၏အလားအလာကန့်သတ်ချက် ဖြစ်ကာ အမှောင်ထုတာအိုသစ်သီး၏ ကန့်သတ်ချက်လည်းဖြစ်သည်။

အမှောင်ထုတာအိုသစ်သီးဖြင့် တာအိုကောင်းကင်ကို မတည်ဆောက်နိုင်ပေ။

ယန်ရွှီသည် သူ၏အမှောင်ထုတာအိုသစ်သီးကို အဆင့်မြင့်အောင်မလုပ်နိုင်ခဲ့လျှင် စည်းမျဉ်းကောင်းကင်အရှင် ဘယ်တော့မှ ဖြစ်လာမည်မဟုတ်ပေ။ သို့ပါသော်လည်း ထိုအရာသည် မဖြစ်နိုင်လုနီးပါးပင်။

"မဆိုးဘူး၊မဆိုးဘူး။”

ချီမင်သည် စိတ်ကျေနပ်စွာခေါင်းညိတ်၏။"ယန်ရွှီ မင်းက အလားအလာကန့်သတ်ချက်ကို ရောက်သွားပြီ။ မင်းဆက်ပြီး ကျင့်ကြံလို့လည်း မတိုးတက်နိုင်တော့ဘူး။ မင်း ဥပဒေသကောင်းကင်အရှင်နဝမအဆင့်ထိ ပဲရောက်နိုင်တယ်။"

ယန်ရွှီသည် ခေါင်းအသာငုံ့ကာဆိုလေ၏။"ကျွန်တော်ရဲ့အလားအလားနည်းပါးမှုကို သေချာပေါက်နားလည်ပါတယ်။ အရင်တုန်းကလည်း အမှောင်တာအိုသစ်သီးကို သိပ်သည်းနိုင်ခဲ့တယ်ဆိုတာ ကံကောင်းမှုကြီး တစ်ခုကြောင့်ပါ။ အခု ကျွန်တော် ဥပဒေသကောင်းကင်အရှင် နဝမအဆင့်တစ်ဦး ဖြစ်လာပါပြီ။သခင့်ကိုခစားခွင့်ရတာကပဲ အထွတ်အထိပ်ကံကောင်းမှုကြီး ဖြစ်နေပါပြီ။ကျွန်တော် ကျေနပ်သွားပါပြီ။"

"ဟဲဟဲ" ချီမင်သည် ပြုံးလိုက်လေ၏။"မင်းက ကျေနပ်ပေမဲ့ ငါကတော့ မကျေနပ်နိုင်သေးဘူး။ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ဆက်မတိုးတက်နိုင်တော့ပေမဲ့ တိုက်ခိုက်ရေးစွမ်းအားကိုတော့ ဆက်ပြီးတိုးတက်လို့ရသေးတယ်လေ။"

"အခု ငါမင်းကို မဟာတာအိုအံ့ဖွယ်စွမ်းအား နှစ်ခုသင်ပေးမယ်။ တာအိုပေါင်းစည်းခြင်းနဲ့ကမ္ဘာဦးတာအိုအလင်းပဲ။ ပထမသားရဲနေရာလွတ်ထဲမှာ ဆက်ပြီး ကျင့်ကြံနေ။ ဒီမဟာတာအိုအံ့ဖွယ်စွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ထား။"

အတွေးတစ်ချက်ဖြင့် ချီမင်သည် ကမ္ဘာဦးတာအိုသစ်သီးနှင့်ဆက်သွယ်လိုက်၏။ သူက ညာဘက်လက်ကိုမြှောက်ကာ သူ၏ဓားဖြင့်ညွှန်ပြလိုက်၏။ ကမ္ဘာဦးခရမ်းရောင်အလင်းတို့မှာ သူ၏လက်ချောင်းထိပ်၌စုစည်းလို့လာပြီး အံ့ဖွယ်စွမ်းအားမျိုးစေ့နှစ်ခု အဖြစ်ပြောင်းလဲကာ ယန်ရွှီ၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားတော့၏။

ချီမင်သည် မဟာတာအိုအံ့ဖွယ်စွမ်းအား:တာအိုပေါင်းစည်းခြင်းနှင့်ကမ္ဘာဦးတာအိုအလင်းတို့ကို တည်ဆောက်လိုက်သည်။ သူသည် နက်နဲခြင်းအဆင့်သို့ပင် ရောက်ရှိနေခဲ့ပေသည်။ ထို့ကြောင့် သူသည် မဟာတာအိုအံ့ဖွယ်စွမ်းအားမျိုးစေ့ကို သိပ်သည်းပြီး အခြားသောသူများအား ထိုမဟာတာအိုအံ့ဖွယ်စွမ်းအားကို ကျင့်ကြံခိုင်း၍ ရ၏။

တာအိုအသွင်ပြောင်းခြင်းလွတ်လပ်မှုနည်းစနစ်သည် ချီမင်ဖန်တီးထားခြင်းမဟုတ်ပေ။ထို့ကြောင့် ၎င်းသည် နက်နဲခြင်းအဆင့်သို့ မရောက်သေးပေ။ လက်ရှိတွင်တော့ သူသည် အစပြုသူအဆင့်သို့သာ ရောက်သေးလေသည်

သို့ဖြစ်၍ ချီမင်သည် တာအိုအသွင်ပြောင်းခြင်းလွတ်လပ်မှုနည်းစနစ်ကို မသင်ကြားပေးနိုင်သေးချေ။

"ဒီငယ်သားက သခင့်ရဲ့လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။"

ယန်ရွှီသည် အင်မတန် ထိတ်လန့်သွားလေတော့၏။ သူသည် မြေပြင်ပေါ်၌ ဒူးထောက်ကာ ထပ်ခါထပ်ခါ ဦးညွှတ်လေသည်။

"ကောင်းပြီ" ချီမင်သည် လက်ဝေ့ယမ်းလိုက်၏။ "သားရဲနေရာလွတ်ထဲမှာ ဆက်ပြီးကျင့်ကြံနေ"

"ဟုတ်ကဲ့။"ယန်ရွှီသည် ပြန်ဖြေလိုက်သည်။

အနက်ရောင်အလင်း ဖြတ်ခနဲလက်သွား၏။

ယန်ရွှီသည် လေထုထဲ၌ ပျောက်ကွယ်သွားခဲ့ပြီး ပထမသားရဲနေရာလွတ်ထဲသို့ ပြန်ဝင်သွားတော့၏။

"ဆက်ကျင့်ကြံမယ်။"

ချီမင်သည် အဆင့်နိမ့်တာအိုမူလအစသန်းတစ်ထောင် ထည့်လိုက်ပါ၏။ အဖြူရောင်အလင်းတစ်ချက်နှင့်အတူ သူ့ပုံရိပ်သည် ပျောက်ကွယ်သွားတော့ပြီး ဆက်လက်ကျင့်ကြံရန် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲသို့ ထပ်မံ ဝင်ရောက်သွားပါတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ တကယ့်ကမ္ဘာတွင် နောက်ထပ်တစ်ရက် ကုန်ဆုံးသွားလေသည်။

ချီမင်သည် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲမှ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် ပို၍လေးလံလာ၏။ သူသည် ဥပဒေသကောင်းကင်အရှင် တတိယအဆင့်၏ အကန့်အသတ်သို့ ရောက်ရှိနေခဲ့လေသည်။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် ရက်သန်းတစ်ရာကုန်ဆုံးခဲ့ပါတယ်။ လက်ရွေးစင်တာအိုသားရဲ:ဘိုးဘေးနဂါးနတ်ဆိုးဘုရားသည် အဆသုံးသန်းမြှင့်တင်မှုအောက်တွင် ရက်ပေါင်းသန်းတစ်ရာကြာ ကျင့်ကြံခဲ့ပါတယ်။ ၎င်းက ကောင်းကင်တာအိုနှင့် ဖရိုဖရဲစစ်မှန်ရည်ရွယ်ချက်တို့၏ နက်နဲမှုများကို နားလည်သွားခဲ့ပြီး ဥပဒေသကောင်းကင်အရှင်နဝမအဆင့်သို့ ရောက်ရှိသွားပါပြီ။ ဗုဒ္ဓတာအိုသစ်သီးသည် ပြီးပြည့်စုံခြင်းအဆင့်ကိုးသို့ ရောက်ရှိသွားပါပြီ။ ၎င်းကို ထပ်မံတိုးတက်လိုပါက ဗုဒ္ဓတာအိုကောင်းကင်ကို တည်ဆောက်ပြီး စည်းမျဉ်းကောင်းကင်အရှင်အဆင့်သို့ ဝင်ရောက်ရပါမယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် နောက်ထပ် အသိပေးချက်များ ထပ်ပေါ်လာခဲ့သည်။

ချီမင်သည် အားလုံးကို ကြည့်လိုက်၏။

"ဘိုးဘေးနဂါးနတ်ဆိုးဘုရားက ဥပဒေသကောင်းကင်အရှင် နဝမအဆင့် ရောက်သွားပြီ။"

ချီမင်သည် ခဏလောက်တွေးတောမိသွား၏။

အတွေးတစ်ချက်ဖြင့် တတိယသားရဲနေရာလွတ်ထဲမှ ဘိုးဘေးနဂါးနတ်ဆိုးဘုရားကို ဆင့်ခေါ်လိုက်၏။ နဂါးတန်ခိုးအာဏာတို့မှာ မြင့်တက်လို့လာပြီး ဘိုးဘေးနဂါးနတ်ဆိုးဘုရားသည် နဂါးခေါင်းလူသားပုံစံအဖြစ် ပြောင်းလဲလိုက်သည်။ သူသည် အနက်ရောင်ဘိုးဘေးနဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး စွမ်းအားကြီး အရှိန်အဝါများ တိုးထွက်လို့နေပါ၏။ ဖိအားများ ပြည့်နှက်နေလေသည်။

"ဒီငယ်သားဘိုးဘေးနဂါးက သခင့်ကို အရိုအသေပြုပါတယ်။"

ထို့နောက်...

အတွေးတစ်ချက်ဖြင့် ဘိုးဘေးနဂါးနတ်ဆိုးဘုရားသည် ချီမင်၏ရှေ့တွင် ဒူးတစ်ဖက် ထောက်လိုက်၏။

"အရမ်းကောင်းတယ်။”

ချီမင်သည် စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။"မင်းက ယန်ရွှီပြီးရင် ဥပဒေသကောင်းကင်အရှင် နဝမအဆင့်ကို တတ်တဲ့ ဒုတိယမြောက်သူပဲ။ ဒါပေမဲ့ ယန်ရွှီက သူ့အလားလာရဲ့အကန့်အသတ်ကို ရောက်သွားလို့ ဆက်ပြီးမတိုးတက်နိုင်တော့ဘူး။"

"မင်းကတော့ မတူဘူး။"

"ဗုဒ္ဓတာအိုသစ်သီးရဲ့ အလားအလာက မသေးငယ်ဘူး။ မင်းက တာအိုကောင်းကင်ကို တည်ဆောက်နိုင်တယ်။ မင်းမှာ စည်းမျဉ်းကောင်းကင်အရှင်အဆင့်ကို တက်လှမ်းနိုင်မဲ့ အလားအလာမျိုး ရှိတယ်။"

"သခင့်ရဲချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။" ဘိုးဘေးနဂါးနတ်ဆိုးဘုရားသည် ထပ်မံ ဦးညွှတ်လေ၏။

ချီမင်သည် ခဏလောက်တွေးကာ ဆက်၍ပြော၏။"ဖရိုဖရဲနတ်ဆိုးဘုရားမွေးဖွားလာရင် အခြေခံအားဖြင့် ဖရိုဖရဲနတ်ဆိုးဘုရားတာအိုသစ်သီးကလည်း အခြေခံအားဖြင့် သူနဲ့အတူမွေးလာတာပဲ။"

"စွမ်းအင်စုဆောင်းတာ နှစ်တွေကြာလာတာနဲ့အမျှ ကျင့်ကြံခြင်းအဆင့်ကလည်းတိုးလာကြတယ်။ အဲ့ဒါကြောင့် ဖရိုဖရဲနတ်ဆိုးဘုရားတွေက ခေတ်ကာလတစ်ခုတိုင်းမှာ ကျိန်းသေပေါက် အဆင့်တစ်ဆင့် တက်လာကြတယ်။"

"ဒါပေမဲ့ စည်းမျဉ်းကောင်းကင်အရှင်အဆင့်မှာတော့ ခေတ်ကာလ(၁၀၀)ကြာမှ တစ်ဆင့်တက်တော့တယ်။"

"ဟုတ်ကဲ့ပါ။" ဘိုးဘေးနဂါးနတ်ဆိုးဘုရားက ဆိုသည်။"သခင် မှန်ပါတယ်။ သာမန်ဆိုရင်တော့ ကျွန်တော် စည်းမျဉ်းကောင်းကင်အရှင်နယ်ပယ်မှာ အဆင့်တက်ဖို့ ခေတ်ကာလတစ်ရာ လိုအပ်ပါတယ်။"

ချီမင်သည် ညာဘက်လက်ကို ယမ်း၍ မဟာတာအိုအံ့ဖွယ်စွမ်းအားမျိုးစေ့များကို ထပ်မံ သိပ်သည်းလိုက်ပြန်သည်။ ၎င်းတို့သည် ဘိုးဘေးနဂါးနတ်ဆိုးဘုရား၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားတော့၏။"ဒါတွေက မဟာတာအိုအံ့ဖွယ်စွမ်းအားနှစ်ခုပဲ။ မင်း တစ်ပြိုင်တည်း နားလည်ကျင့်ကြံလို့ရတယ်။"

"ဒါက..."

ဘိုးဘေးနဂါးနတ်ဆိုးဘုရားသည် စိတ်လှုပ်ရှားစွာ ဦးညွှတ်လိုက်၏။"သခင့်ရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။"

"သွားတော့"

ချီမင်သည် လက်ဝေ့ယမ်းလိုက်၏။

ဘိုးဘေးနဂါးနတ်ဆိုးဘုရားသည် အလင်းစီးကြောင်းလေးတစ်ခုသဖွယ် ပျောက်ကွယ်သွားခဲ့ပြီး တတိယသားရဲနေရာလွတ်ထဲသို့ ဝင်ရောက်သွားတော့သည်။

ချီမင်သည် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် ဆက်၍ ကျင့်ကြံပြန်၏။

မျက်စိတစ်မှိတ်အတွင်းမှာ တကယ့်ကမ္ဘာတွင် နောက်ထပ်တစ်ရက် ကုန်ဆုံးသွားလေသည်။

ချီမင်သည် တကယ့်ကမ္ဘာသို့ ပြန်ရောက်လာပြန်သည်။

အတွေးတစ်ချက်ဖြင့် ချီမင်၏ကိုယ်ထဲမှ အလင်းစီးကြောင်းသုံးကြောင်း ထွက်လာတော့၏။ ချီမင်သည် သူ၏ကိုယ်ပိုင်တာအိုရတနာသုံးခုဖြစ်သော ဖရိုဖရဲမဟာတာအိုဓားကြာပွင့်၊ဖရိုဖရဲကမ္ဘာဖျက်ဓားနှင့် ဖရိုဖရဲပုကျုံးတောင်တို့အားလုံးကို ဥပဒေသကိုယ်ပိုင်တာအိုရတနာအဆင့်ကိုး အထိ သန့်စင်ပြီးသွားတော့သည်။

စွမ်းအားသည် အဆုံးမဲ့ပေ။

"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်"

ချီမင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး စိတ်အခြေအနေကောင်းသွားပါ၏။"ကိုယ်ပိုင်တာအိုရတနာသုံးခုလုံးကို ဥပဒေသကိုယ်ပိုင်တာအိုရတနာအဆင့်ကိုးထိသန့်စင်ပြီးသွားပြီ။ ငါ့ရဲ့လက်ရှိအဆင့် အကန့်အသတ်ထိ ရောက်သွားပြီ။ ဆက်ပြီးသာ သန့်စင်ချင်နေရင် ငါ စည်းမျဉ်းကောင်းကင်အရှင်အဆင့်ကို အရင်တက်ရမယ်။"

ချီမင်သည် ၎င်းတို့နှင့်တဖြည်းဖြည်းရင်းနှီးသွားခဲ့ပြီး ကိုယ်ပိုင်တာအိုရတနာများ၏စွမ်းအားကို ဆုပ်ကိုင်နိုင်သွားတော့သည်။ သူသည် အဆင့်နိမ့်တာအိုမူလအစသန်းတစ်ထောင်ထည့်ပြီး အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲ ဝင်သွားသည်။

သူ၏ပစ္စည်းစာရင်းထဲရှိ အဆင့်နိမ့်တာအိုမူလအစများက အခြေခံအားဖြင့် ကုန်ဆုံးသွားခဲ့၍ ဤတစ်ကြိမ်သည် ချီမင်၏ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲသို့ ဝင်တာ နောက်ဆုံးအကြိမ် ဖြစ်သည်။

ချီမင်သည် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲသို့ စုစုပေါင်း ဆယ်ကြိမ်ဝင်လိုက်ရသည်။

သူသည် အဆင့်နိမ့်တာအိုမူလအစ သန်းတစ်သောင်း သုံးခဲ့ရ၏။

အချိန်ကုန်ဆုံးသွားသည်။

အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲတွင် ချီမင်သည် အချိန်စီးဆင်းမှုကို မခံစားနိုင်ပေ။ မသိလိုက်စွာဖြင့် ရက်ပေါင်းသန်းတစ်ရာ ကုန်ဆုံးသွားခဲ့သည်။ သူ သတိပြန်ဝင်လာတော့ တကယ့်ကမ္ဘာသို့ ပြန်ရောက်နေခဲ့ပြီဖြစ်ပါသည်။

ဤတစ်ကြိမ်တော့ ချီမင်၏တစ်ကိုယ်လုံးသည် လှုပ်ခါလို့သွား၏။ သူသည် မိုးမြေမဟာတာအိုကို ခံစားမိသွားခဲ့၏။ မရေမတွက်နိုင်သော မဟာတာအိုနက်နဲမှုများသည် လေဟာနယ်ထဲ၌ ပေါက်ဖွားလာခဲ့ပြီး ချီမင်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားတော့သည်။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် ရက်ပေါင်းသန်းတစ်ရာကုန်ဆုံးခဲ့ပါတယ်။ လက်ရွေးစင်တာအိုသားရဲ:ခေါင်းသုံးလုံးနတ်ဆိုးဘုရားသည် အဆသုံးသန်းမြှင့်တင်မှုအောက်တွင် ရက်ပေါင်းသန်းတစ်ရာကြာ ကျင့်ကြံခဲ့ပါတယ်။ ၎င်းက ကောင်းကင်တာအို၏ဆန်းကြယ်မှုများနှင့် ဖရိုဖရဲစစ်မှန်ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ခဲ့ပါတယ်။ ၎င်းသည် ‘တာအိုသည်တစ်ကိုမွေးဖွားတယ်။တစ်က နှစ်ကိုမွေးဖွားတယ်။နှစ်က သုံးကိုမွေးဖွားတယ်။နှင့်သုံးက အရာအားလုံးကိုမွေးဖွားပေးခဲ့သည်’ကို နားလည်သွားခဲ့ပါတယ်။ ဥပဒေသကောင်းကင်အရှင်နဝအဆင့်သို့တိုးတက်သွားခဲ့ပါပြီ။ သုံးပိုင်းသစ်သီးသည် ပြီးပြည့်စုံခြင်းအဆင့်ကိုးသို့ ရောက်ရှိသွားပါတယ်။ ထပ်မံတိုးတက်လိုပါက သုံးပိုင်းသစ်သီးကို အဆင့်မြင့်ပြီးပြောင်းလဲပေးရပါမယ်။ သုံးပိုင်းတာအိုကောင်းကင်ကို တည်ဆောက်ပြီး စည်းမျဉ်းကောင်းကင်အရှင်အဆင့်သို့ဝင်ရောက်နိုင်ပါတယ်။"

…

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်၏တတိယတာအိုသားရဲနောက်ဆုံးတာအိုသားရဲသည် ထိုအခိုက်တွင် ဥပဒေသကောင်းကင်အရှင် နဝမအဆင့်သို့ ရောက်သွားတော့၏။

ချီမင်သည် ပျော်ရွှင်လို့သွားတော့သည်။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်၏အကူအညီဖြင့် သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို ဆယ်ကြိမ် အသက်သွင်းခဲ့ပါတယ်။ သင် ရက်ပေါင်းသန်းတစ်သောင်းကြာကျင့်ကြံခဲ့ပြီး ၎င်းက နှစ်ပေါင်း(၂၇)သန်းနှင့် ညီမျှပါတယ်။"

"သင် အဆသန်းသုံးရာ မြှင့်တင်မှုအောက်တွင် နှစ်ပေါင်း(၂၇)သန်းကျော်ကြာ ကျင့်ကြံခဲ့ပါတယ်။ သင်၏ မိုးမြေမဟာတာအိုပေါ်နားလည်မှုများသည် ပို၍ပြည့်စုံလာခဲ့ပြီး ပို၍မြင့်မားသည့် အဆင့်သို့ ရောက်ရှိလာခဲ့ပါတယ်။ သင်၏တာအိုနှလုံးသားသည် အဆင့်လေးလည်ပတ်မှုကို ပြီးမြောက်သွားခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်၏အသိစိတ်အနက်ပိုင်းထဲတွင် သူ၏မဟာတာအိုနှလုံးသားသည် တဖြည်းဖြည်းနှင့်အဆင့်လေးလည်ပတ်ကို ပြီးမြောက်သွားခဲ့ပြီး ပို၍မြင့်မားသော အဆင့်သို့ ရောက်သွားတော့သည်။ လေးခါသိပ်သည်းသွားခဲ့ပြီး အကွင်းလေးကွင်းသည် ၎င်းကိုဝန်းရံနေပါတော့၏။

ချက်ချင်းဆိုသလိုပင် ချီမင်မိုးမြေမဟာတာအိုအပေါ် နားလည်တတ်ကျွမ်းမှုများဖြင့် တာအိုနှလုံးသားအဆင့်လေးသို့ရောက်ရှိသွားခဲ့သည်။ ၎င်းက ချီမင်၏ကျင့်ကြံခြင်းကို စတင်တိုးမြင့်လာစေပြီး အကန့်အသတ်သို့ ချိုးဖောက်သွားစေတော့သည်။

ချီမင်သည် အသက်ပြင်းပြင်းရှုပြီး သူ၏ပစ္စည်းစာရင်းထဲမှ အဆင့်နိမ့်တာအိုမူလအစ သန်းအနည်းငယ်ကို ထုတ်ယူလိုက်သည်။ သူသည် လီထျန်းရှန်းနှင့် မိုးကောင်းကင်သုံးခုညီအစ်ကိုတို့ ရလာသည့် အလယ်အလတ်အဆင့်တာအိုမူလအစနှင့် အဆင့်မြင့်တာအိုမူလအစတို့ကိုလည်း ထုတ်ယူ၏။

သူသည် အားလုံးကို ထုတ်လိုက်တော့သည်။

"ကမ္ဘာဦးတာအိုသစ်သီး။"

ကမ္ဘာဦးခရမ်းရောင်ဝဲဂယက်သည် ချီမင်၏ရင်ဘက်ထဲမှ တိုးထွက်လာခဲ့ပြီး စွမ်းအင်အားလုံးကို စုပ်ယူသွားတော့သည်။ ကမ္ဘာဦးတာအိုသစ်သီးမှ လေးခုမြောက်အလင်းကွင်းလေးသည် တဖြည်းဖြည်း ပုံရိပ်ယောင်မှ သိပ်သည်းလာခဲ့သည်။

တစ်နှစ်အကြာတွင်။

လေးခုမြောက် အလင်းရောင်ကွင်းလေးသည် အပြည့်အဝ သိပ်သည်းသွားတော့၏။

ချီမင်သည် ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်သို့ ရောက်ရှိသွားပါတော့သည်။

All Chapters