← Chapters

ချက်ချင်းသတ်ဖြတ်ခြင်း။ ကမ္ဘာဦးကောင်းကင်သို့သွားခြင်း

Vol. 29 Ch. 426

ချက်ချင်းသတ်ဖြတ်ခြင်း။ ကမ္ဘာဦးကောင်းကင်သို့သွားခြင်း

Vol. 29 Ch. 426

ချီမင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများကို ခံစားမိသည်။ ကမ္ဘာဦးတာအိုသစ်သီးသည် လေးခါမြောက် လည်ပတ်ပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်သည် သဘာဝအတိုင်း ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်သို့ ရောက်ရှိသွားပါတော့၏။

သို့ဖြစ်၍ သူ၏ ခန္ဓာကိုယ်ထဲမှ တာအိုစွမ်းအားများသည် ကမ္ဘာဦးတာအိုသစ်သီးထံမှ ဖြည်းညှင်းစွာဖြင့် ထွက်လာခဲ့သည်။ ၎င်းသည် များပြာသောကြောင့် ပိုသန်မာပြီး သူ၏ ခန္ဓာကိုယ်တစ်လျှောက် လည်ပတ်လို့ နေသောကြောင့် ချီမင်၏ အင်အားသည် ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။

နောက်ပိုင်းအချိန်တွေမှာ ချီမင်သည် အဆင့်ချိုးဖြတ်ပြီးနောက် သဘာဝအတိုင်း သူ၏ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ကာ တဖြည်းဖြည်းချင်း နားလည်အောင်လုပ်၏။ သူသည် အခြေခံအားဖြင့် အပြည့်အဝ နားလည်သွားပါတော့သည်။

အချိန် ကုန်ဆုံးသွားသည်။

နောက်ထပ် တစ်နှစ် ကြာသွားတော့သည်။

ချီမင်သည် သူ၏ ကျင့်ကြံခြင်းကို အပြည့်အဝ ခိုင်မာအောင်လုပ်ပြီးနောက် သူ၏ လက်ရှိခွန်အားကို နားလည်သွားတော့သည်။

ယနေ့မှာတော့။

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်သို့ ရောက်ရှိသွားပါပြီ။ ဥပဒေသကောင်းကင်အရှင် တတိယအဆင့် ဂိမ်းမြေအောက်စခန်း : ဖရိုဖရဲမျှော်စင် ဆယ်ထပ်မှ ဆယ့်ကိုးထပ်ကို ရှင်းလင်းရာမှ ရရှိမည့် ဆုလဒ်များ လျော့ကျသွားပါပြီ။ သင် အဆင့်နိမ့် တာအိုမူလအစ သန်းတစ်ရာ ဖြည့်သွင်းပြီး ဥပဒေသကောင်းကင်အရှင် ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်လှစ် နိုင်ပါတယ်။"

အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏ အသိပေးချက်သည် မျှော်လင့်ထားသည့် အတိုင်း ပေါ်လာခဲ့၏။

"ငါ အဆင့်နိမ့် တာအိုမူလအစ သန်းတစ်ရာ ထည့်မယ်။"

ချီမင်၏ အမူအရာက မပြောင်းလဲပေ။ သူသည် ထိုအရာကို မျှော်လင့်ထားပေသည်ရာ မည်သည်မှ တုံ့ဆိုင်း မနေတော့ပေ။"ကောင်းကင်အရှင်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကို အသက်သွင်းမယ်။"

တင်း!

"ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။"

"ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့် ဂိမ်းမြေအောက်စခန်း : ဖရိုဖရဲမျှော်စင် အထပ်နှစ်ဆယ်မှ နှစ်ဆယ့်ကိုးထပ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။"

"သင် ဝင်ရောက်နိုင်ပါပြီ။"

အသိပေးချက် တစ်ခု ပေါ်လာသည်။

ချီမင်သည် စိတ်ကျေနပ်စွာခေါင်းညိတ်ပါ၏။"ဝင်မယ်။"

သူသည် အဓိကခန္ဓာကိုယ်မှ အသိစိတ်တစ်ပိုင်းတစ်စကို ခွဲထုတ်ကာ ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့် ဂိမ်းမြေအောက်စခန်းထဲသို့ ဝင်ရောက်သွားလိုက်ပါ၏။ သူသည် ထိုဂိမ်းမြေအောက်စခန်းထဲ၌ တည်ဆောက်ထားသော ဂိမ်းဇာတ်ကောင်နှင့် ပေါင်းစပ်လိုက်တော့သည်။

ပတ်ဝန်းကျင်တွင် သူ၏မျက်လုံးများသည် ဗလာနတ္ထိကို မြင်နေရသည်။

ချီမင်၏ဂိမ်းဇာတ်ကောင်သည် ပေါ်လာခဲ့သည်။ ဖရိုဖရဲမျှော်စင်ထံမှ အလင်းတန်းများ ကျရောက်လာခဲ့ပြီး သူ့ကို အထပ်နှစ်ဆယ်သို့ ပို့ဆောင်ပေးလိုက်တော့သည်။

ဤတစ်ကြိမ်တော့ ချီမင်သည် ပြင်းထန်သည့် တုန်ခါသံကိုကြားလိုက်ရပါသည်။ မယှဉ်သာလောက်အောင် ခမ်းနားသည့် ဘီလူးကိုးကောင် ပေါ်လာတော့၏။ အားလုံးသည် မယုံနိုင်လောက်အောင် ရှည်လျားကာ ဒဏ္ဍာရီလာ ပန်ကုအလားပင်။

ထိုဘီလူးကိုးကောင်သည် ပန်ကုတော့ မဟုတ်ပါပေ။ ထိုအစား သူတို့က အထက်ကမ္ဘာခြောက်ကမ္ဘာ၏ မျိုးနွယ်စုများ ဖြစ်သည်။ သူတို့သည် မိုးမြေဘီလူးမျိုးနွယ်များ ဖြစ်ကြ၏။

ခြောက်ခုမြောက် ဆဌမအထက်ကမ္ဘာကို ဘီလူးကမ္ဘာဟုခေါ်သည်။ ဘီလူးကမ္ဘာထဲမှ မျိုးနွယ်များနှင့် သက်ရှိများအားလုံးသည် မနှိုင်းယှဉ်နိုင်လောက်အောင် ကြီးမားကြပါ၏။

မိုးမြေဘီလူးမျိုးနွယ်သည် ဘီလူးကမ္ဘာရှိ မျိုးနွယ်များကြား၌ ထိပ်သီးအဆင့် ကိုးနေရာတွင် ရှိလေသည်။

"တိုက်ခိုက်"

ချီမင်၏ဂိမ်းဇာတ်ကောင်သည် သဘာဝအတိုင်း မိုးမြေဘီလူးမျိုးနွယ်များကို မကြောက်ပေ။ သူသည် ဦးဆောင် တိုက်ခိုက်လိုက်တော့သည်။ ကိုယ်ပိုင်တာအိုရတနာသုံးခုသည် တစ်ချိန်တည်းမှာ ကွဲထွက်သွားခဲ့ပြီး ဟင်းလင်းပြင်ကို ဖြတ်တောက်တော့မည့် အလင်းတန်းသုံးသွယ်အလားပင်။

ချက်ချင်းဆိုသလိုပင် ထိုမိုးမြေဘီလူးမျိုးနွယ်များသည် သတ်ဖြတ် ခံလိုက်ရတော့၏။

မှန်ပေသည်။

၎င်းတို့အားလုံး ချက်ချင်း သတ်ဖြတ်ခံလိုက် ရခြင်းပေ။

တစ်စက္ကန့်သာ ကြာလောက်သည်။

သူတို့အားလုံးသည် ချီမင်၏ ဂိမ်းဇာတ်ကောင်ထံမှ သတ်ဖြတ်ခံလိုက်ရ၏။

ထိုမိုးမြေဘီလူးကိုးကောင်လုံးသည် အတော်လေးသန်မာပါသည်။ သူတို့အားလုံးသည် ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်၌ ဖြစ်ပါသည်။ သူတို့သည် စွမ်းအားကြီးအံ့ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် သူတို့၏ခွန်အားများသည် သာမန်ထက် ပို၍သန်မာပြင်းထန်လေသည်။

သို့ပါသော်လည်း သူတို့သည် ချီမင်၏ ပြိုင်ဘက်မဖြစ်သေးပေ။

ချီမင်၏ လက်ရှိအင်အားသည် ယခင်တုန်းကထက် ပို၍ သန်မာလေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် တိုးတက်လာခဲ့သည့်အပြင် ကိုယ်ပိုင်တာအိုရတနာများသည်လည်း အဆင့်ကိုးသို့ သန့်စင်ပြီးသွားခဲ့သည်။

ထိုအကြောင်းပြချက်များကြောင့် ချီမင်၏ အင်အားသည် လုံးဝ ပြောင်းလဲ သွားခဲ့ရ၏။

များမကြာမီမှာပဲ ချီမင်သည် နှစ်ဆယ့်လွှာသို့ ဝင်သွားခဲ့ပြီး ဒုတိယရန်သူလှိုင်းနှင့် ရင်ဆိုင်လိုက်ရသည်။

ချီမင်သည် အတွေးတစ်ချက်ဖြင့် ဂိမ်းမျက်နှာပြင်ကို ပိတ်သိမ်းလိုက်တော့၏။

ချီမင်သည် ခဏလောက်တွေးတောမိသွား၏။ "ငါ့မှာ အခု အဆင့်နိမ့်တာအိုမူလအစတွေ အများကြီး မရှိဘူး။ အဲ့ဒါကြောင့် လောလောဆယ်တော့ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အသက်သွင်းလို့မရဘူး။ ငါ အခုတော့ ပုံမှန်အချိန်စီးဆင်းနှုန်းနဲ့ပဲ ကျင့်ကြံလို့ရတယ်။"

"ဒါပေမဲ့။"

ချီမင်သည် ခေါင်းမော့လိုက်၏။ သူ၏ အကြည့်သည် အတားအဆီးအလွှာများကို ထိုးဖောက်ဖြတ်ကျော်၍ ကမ္ဘာဦးလောကအပြင်ဘက်ရှိ ဖရိုဖရဲဖြစ်နေသော မြင်ကွင်းကို ကြည့်လိုက်၏။ မသိလိုက်စွာဖြင့် သူသည် တစ်စုံတစ်ရာကို ရိပ်စားမိလိုက်၏။"နတ်ဆိုးဘုရားကျောင်းက တကယ်တိုက်ခိုက်လာတာပဲ။ သူတို့ ဒီကိစ္စကို အလွယ်တကူ လက်လျော့မှာ မဟုတ်ဘူး။"

သူသည် အံ့ဖွယ်စွမ်းအားများကို လှည့်ပတ်၍ လက်ချောင်းများဖြင့် တွက်ချက်လိုက်သည်။

"ရန်သူရောက်လာတော့မယ်။"

ချီမင်သည် ညာဘက်လက်ကိုဝေ့ယမ်းသောကြောင့် အလင်းတန်းသုံးသွယ် ကွဲထွက်လာခဲ့ရာ ၎င်းတို့က လျင်မြန်စွာဖြင့် ပုံရိပ်သုံးခု ဖြစ်တည်သွားခဲ့သည်။ သူတို့သည် ယန်ရွှီ၊ခေါင်းသုံးလုံးနတ်ဆိုးဘုရားနှင့် ဘိုးဘေးနဂါးနတ်ဆိုးဘုရားတို့ ဖြစ်ကြ၏။

"သခင့်ကို အရိုအသေပြုပါတယ်။"

“…”

ယန်ရွှီတို့သည် ညီညာစွာ ပြောလိုက်ကြပါ၏။

ချီမင်သည် ခေါင်းအသာညိတ်ကာ ထိုသူတို့ကို တစ်ချက်ကြည့်ပြီးနောက် ညွှန်ကြားလိုက်လေသည်။"နတ်ဆိုးဘုရားကျောင်းက ရန်သူတွေ ရောက်လာတော့မယ်။ မင်းတို့သုံးယောက် ကမ္ဘာဦးလောကကို စောင့်ကြပ်ထားကြ။"

"ဖရိုဖရဲနတ်ဆိုးဘုရားတွေကို သတ်ဖြတ်ကြ။"

"ဟုတ်ကဲ့ပါ။"

“…”

ယန်ရွှီတို့သည် လျင်မြန်စွာ ပြန်ဖြေလိုက်၏။

"သွားတော့" ချီမင်သည် လက်ဝေ့ယမ်းလိုက်သည်။

ယန်ရွှီတို့သည် လေထုထဲ၌ ပျောက်ကွယ်သွားတော့ပြီး နေရာရွှေ့ ပြောင်းသွားခဲ့သည်။ သူတို့က ကမ္ဘာဦးလောကထဲမှ ထွက်သွားခဲ့ပြီး အပြင်ဘက်ရှိ ဖရိုဖရဲထဲသို့ ရောက်သွားတော့သည်။ သူတို့သည် အရပ်သုံးမျက်နှာသို့ စောင့်ကြပ်လိုက်သည်။

ခေါင်းသုံးလုံးနတ်ဆိုးဘုရားနှင့် ဘိုးဘေးနဂါးနတ်ဆိုးဘုရားတို့သည် သူတို့၏စစ်မှန်ခန္ဓာများကို ထုတ်ဖော်ပြလာခဲ့သည်။ သူတို့သည် ဖရိုဖရဲထဲ၌ ခမ်းနားတင့်တယ်စွာ မျောလွင့်နေခဲ့၏။ မယှဉ်သာလောက်သည့် အရှိန်အဝါသည်လှုပ်ခါလာခဲ့သည်။

သုံးရက်ကြာသွားသည်။

မိုးကောင်းကင်သုံးခုညီအစ်ကိုတို့သည် ပြန်ရောက်လာခဲ့တော့သည်။

"ဒါက...ဒါက.."

"ဟူး"

"ဒီအရှိန်အဝါက အတော်လေးအားကောင်းတာပဲ။ ဥပဒေသကောင်းကင်အရှင် နဝမအဆင့် တွေပဲ။"

"ဒါ...ဒါ...ဒီဟာက.."

မိုးကောင်းကင်သုံးခုညီအစ်ကိုတို့ ပြန်ရောက်လာပြီးနောက်မှာ သူတို့သည် ယန်ရွှီတို့၏ အရှိန်အဝါကို ခံစားမိသွားကြတော့သည်။ သူတို့၏ မျက်နှာများသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားလျက် ထိတ်လန့်သွားကြလေ၏။

"ခေါင်းသုံးလုံးနတ်ဆိုးဘုရား၊ ယန်ရွှီနဲ့ ကျန်တဲ့ ငါတို့မသိသေးတဲ့နတ်ဆိုးဘုရားတစ်ပါး။"

ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်သည် ဆိုသည်။"ကျွန်တော်ထင်တာသာမှန်မယ်ဆိုရင် ယန်ရွှီက ဥပဒေသကောင်းကင်အရှင်အဆင့်လေးပဲဖြစ်ရမှာ။ ဒီခေါင်းသုံးလုံးနတ်ဆိုးဘုရားကလည်း ဥပဒေသကောင်းကင်အရှင် ပထမအဆင့်မှာပဲ။"

"ဘယ်လောက်ကြာသေးလို့လဲ။ သူတို့အားလုံးက ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့် ရောက်သွားပြီ။ တိုးတက်လာနှုန်းက အံ့ဖွယ်ပဲဟေ့။"

"ဟုတ်တယ်။"

"အတော်လေးကို မယုံနိုင်စရာ ကောင်းတယ်။ ဒါက သခင့်ရဲ့စွမ်းအားလား။ အတော်လေး လန့်ဖို့ကောင်းတယ်။"

ကောင်းကင်အရှင်နတ်ဆိုးကောင်းကင်နှင့် ကောင်းကင်အရှင်အင်မော်တယ်ကောင်းကင်တို့သည် ထိတ်လန့်တကြား ဆိုသည်။

ခန်းမရှေ့တွင်။

မိုးကောင်းကင်သုံးခုညီအစ်ကိုတို့သည် တံခါးဘေးတွင် ရပ်နေကြပြီး ဦးညွှတ်အရိုအသေပြုလိုက်၏။"ကျွန်တော်တို့ တာဝန်ကို ပြီးမြောက် ခဲ့ပါပြီ။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ဟောက်တျန်းနဲ့ လေဟာနယ်ခေတ်ကာလအကြောင်းကို စုံစမ်းခဲ့ပါတယ်။"

"ပြောတော့။" ချီမင်၏ အသံသည် ထွက်လာတော့၏။

မိုးကောင်းကင်သုံးခုညီအစ်ကိုတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။ နောက်ဆုံး၌ ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်သည် ချီမင်ကို တင်ပြလိုက်ပါ၏။"ဒီလေဟာနယ်ခေတ်ကာလဆိုတာ အထက်ကမ္ဘာကိုးကမ္ဘာက သတ်မှတ်ထားတဲ့ ခေတ်ကာလအပိုင်းအခြားပါ။"

"လက်ရှိခေတ်ကာလက ဆယ်ကြိမ်မြောက် လေဟာနယ်ခေတ်ပါ။"

"လေဟာနယ်ခေတ်လို့ အဓိကခေါ်ရတဲ့ အကြောင်းအရင်းကတော့ လေဟာနယ်သားရဲတွေနဲ့ အတော်လေးဆက်စပ်နေလို့ပါ။"

"ဆက်ပြော။" ချီမင်၏ အသံက ထွက်ပေါ်လာပြန်သည်။

ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်သည် အသက်ပြင်းပြင်းရှုပြီး သူ၏ အတွေးများအား စုစည်းလိုက်၏။"လေဟာနယ်စကြဝဠာရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ မူလအစပင်လယ်ရှိပါတယ်။ မူလအစပင်လယ်ထဲမှာ သတ်မှတ်ထားတဲ့အချိန်တစ်ခုကြာတိုင်း လေဟာနယ်သားရဲတစ်ကောင်မွေးဖွားလာပါတယ်။"

"လေဟာနယ်သားရဲရဲ့စွမ်းအားက ဖော်ပြလို့တောင်မရပါဘူး။ အရာအားလုံးကိုဝါးမျိုးနိုင်ပြီး လေဟာနယ်စကြဝဠာပင်လယ်ကြီးတောင် ဖျက်ဆီးနိုင်ပါတယ်။ ကပ်ဆိုးအစစ်မှန်တစ်ခုပါ။"

“…”

အချိန်ကုန်ဆုံးသွားသည်။

ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်သည် လေဟာနယ်ခေတ်နှင့် ပတ်သက်သော အကြောင်းအရာများကို ရှင်းပြလိုက်လေ၏။

အထက်ကမ္ဘာကိုးကမ္ဘာတွင် များစွာသော မှတ်တမ်းမှတ်ရာများ ရှိပါသည်။

လေဟာနယ်စကြဝဠာ စတင်ဖြစ်တည်လာ ကတည်းကဆို လေဟာနယ်ခေတ်ကာလ ဆယ်ခုကြာခဲ့ပါပြီ။ ကိစ္စရပ်များစွာကို စုံစမ်းသိရှိနိုင်ရန် မဖြစ်နိုင်တော့ပေ။

လေဟာနယ်ခေတ်ကာလ၏အချိန်သည် မူလအစပင်လယ်ထဲ၌ မွေးဖွားလာသော လေဟာနယ်သားရဲများနှင့် တိုင်းတာတွက်ချက်နိုင်၏။

ပထမဆုံးလေဟာနယ်ခေတ်ကာလ၏ အစောပိုင်းတွင် လေဟာနယ်စကြဝဠာပင်လယ် ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။

ကောင်းကင်တွင် မရေမတွက်နိုင်သော အသင်္ချေကမ္ဘာများ ပေါ်ပေါက်လာခဲ့ပြီး မရေမတွက်နိုင်သော သက်ရှိတို့ ပေါ်ထွန်းလာခဲ့၏။ အရာအားလုံးသည် ဝေဝါးသည့်အခြေအနေ၌ရှိနေသော်လည်း သူတို့သည် မိုးမြေမဟာတာအိုကို နားလည်သဘောပေါက်ခဲ့သောကြောင့် အထက်ကမ္ဘာကိုးကမ္ဘာ၏ကောင်းကင်တာအိုကိုးပါးကို တဖြည်းဖြည်း ပျိုးထောင်နိုင်ခဲ့သည်။သို့ဖြစ်၍ မဟာအထက်ကမ္ဘာကိုးကမ္ဘာ ပေါ်ထွန်းလာခဲ့ရလေသည်။

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များ ပေါများလှခဲ့သည်။

မရေမတွက်နိုင်သော ခေတ်ကာလများ ကုန်ဆုံးသွားခဲ့၏။

မျိုးနွယ်စု အသင်္ချေတို့သည် ကြီးပွား တိုးတက်လို့ လာခဲ့ကြသည်။

မူလအစပင်လယ်၌ လေဟာနယ်သားရဲ ပထမဆုံးမွေးဖွားလာခဲ့သည့် အချိန်ကျမှသာ လေဟာနယ်စကြဝဠာပင်လယ်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားစေသော ကပ်ဘေးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ရ၏။ လေဟာနယ်သားရဲများသည် အတော်လေးစွမ်းအားကြီးလှကာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးကိုပင် ဝါးမျိုးနိုင်ပါ၏။

နောက်ဆုံး၌ မသိနိုင်သည့် တန်ဖိုးတစ်ခုကို ပေးဆပ်ပြီးနောက်မှာ ကောင်းကင်၏မျိုး နွယ်စုအသင်္ချေတို့သည် ထိုပထမဆုံး လေဟာနယ်သားရဲကို ရှင်းထုတ်နိုင်ခဲ့သည်။

ပထမဆုံး လေဟာနယ်ခေတ်ကာလပြီးဆုံး သွားတော့သည်။

သူတို့က ဒုတိယလေဟာနယ်ခေတ်သို့ ဝင်ရောက်ခဲ့ကြသည်။

မရေမတွက်နိုင်သော ခေတ်များ ကုန်ဆုံးသွားခဲ့ပြန်၏။

ဒုတိယလေဟာနယ်ခေတ်အဆုံး၌ မူလအစပင်လယ်သည် ဒုတိယမြောက် လေဟာနယ်သားရဲကို မွေးထုတ် ပေးလာခဲ့ပြန်သည်။

နောက်ထပ် အဆုံးမဲ့ကပ်ဘေးဒုက္ခ ဖြစ်ပေါ်လာတော့သည်။

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များအားလုံး စုပေါင်း၍ တိုက်ခိုက်မှသာ ဒုတိယမြောက်လေဟာနယ်သားရဲကို သတ်ဖြတ်နိုင်ခဲ့သည်။ ဒုတိယလေဟာနယ်ခေတ် ကုန်ဆုံးသွားခဲ့ပြီး တတိယလေဟာနယ်ခေတ်သို့ ရောက်လာခဲ့သည်။

ထိုတုန်းကလို ထပ်ဖြစ်ခဲ့ပြန်၏။

ယခုသည်တော့ ဆယ်ကြိမ်မြောက် လေဟာနယ်ခေတ်ဖြစ်သည်။

ကိုးကြိမ်မြောက် လေဟာနယ်ခေတ်အဆုံးသတ်၌ အထက်ကမ္ဘာ၏ အရှင်ကိုးပါးသည် ပူးပေါင်း၍ များစွာသော ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များ၏အကူအညီနှင့်တကွ တန်ဖိုးကြီးကြီး ပေးဆပ်ကာ နဝမမြောက် လေဟာနယ်သားရဲအား သတ်ဖြတ်ခဲ့သည်။

ထို့နောက် ဆယ်ကြိမ်မြောက် လေဟာနယ်ခေတ်သို့ ဝင်ရောက်လာခဲ့သည်။

အချိန်အရဆိုလျှင် ခေတ်ပေါင်း(၃၈၀၀၀၀)ကြာသွားခဲ့သည်။

ချီမင်သည် မိုးကောင်းကင်သုံးခုညီအစ်ကိုတို့၏ စကားကို ကြားသောအခါ၌ သူသည် ခဏလောက် အတွေးနက်သွားမိတော့၏။"ခေတ်တစ်ခုမှာ နှစ်ပေါင်းတစ်ထရီလီယန်ရှိတယ်။ အခုမှ ဆယ်ကြိမ်မြောက် လေဟာနယ်ခေတ်ပဲ ရှိသေးတယ်။ စုစုပေါင်း ခေတ်(၃၈၀၀၀၀)ကြာသွားပြီဆိုတော့ နှစ်ပေါင်း ကွာဒရီယန်(၃၈၀)ပဲ။"

"တကယ့်ကို မတွေးဝံ့စရာပဲ။"

"ဆယ်ကြိမ်မြောက် လေဟာနယ်ခေတ်ကာလက ဘယ်နှစ်နှစ်ဖြတ်သန်းပြီးခဲ့ပြီလဲ။"

"အရေးကြီးဆုံးကတော့။" ချီမင်သည် ခဏလောက် တွေးတောကာ ဆိုသည်။" အထက်ကမ္ဘာကိုးကမ္ဘာရဲ့အရှင်တွေက ပထမဆုံးလေဟာနယ်ခေတ်ကာလတည်းက ရှိတာလား။ ဒါမှမဟုတ် သူတို့က ဒီနှစ်တွေအတွင်းမှာ ပြောင်းလဲသွားခဲ့သေးလား။"

ထိုအခါ ကောင်းကင်အရှင်နတ်ဘုရားကောင်းကင်သည် ဆက်၍ ဆိုလေ၏။"ကျွန်တော်တို့ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ဟောက်တျန်းအကြောင်းတော့ သိပ်အများကြီး မသိခဲ့ပါဘူး။ သူက တတိယလေဟာနယ်ခေတ်ကာလမှာ တည်ရှိခဲ့တဲ့ အထွတ်အထိပ်ဖြစ်တည်မှုတစ်ဦးဆိုတာပဲ သိခဲ့ရပါတယ်။ သူက ကျယ်ပြောတဲ့ကောင်းကင်ကမ္ဘာကို တည်ဆောက်နိုင်ခဲ့ပြီး အဲ့ကမ္ဘာက အထက်ကမ္ဘာကိုးကမ္ဘာကိုတောင် ကျော်လွန်သွားခဲ့ပါတယ်။ သူက ကမ္ဘာအားလုံးရဲ့ အုပ်ချုပ်သူ ဖြစ်ခဲ့ပါတယ်။ သူက လုံးဝဒဏ္ဍာရီလာပါ။"

"ဒါပေမဲ့။"

"ခုနစ်ခုမြောက် လေဟာနယ်ခေတ်ကာလမှာတော့ ကြီးမားတဲ့ကောင်းကင်ကမ္ဘာကြီးက အထက်ကမ္ဘာကိုးကမ္ဘာကြောင့် လုံးဝကို ပြိုကွဲပျက်စီးသွားခဲ့ပါတယ်။ မရေမတွက်နိုင်တဲ့ခေတ်တွေ ကြာသွားခဲ့ပြီးနောက်မှာ ကောင်းကင်ကမ္ဘာကြီးရဲ့အမွေအနှစ်တွေက ပျောက်ကွယ်သွားခဲ့ပါတယ်။ အခုတော့ မှတ်တမ်းမှတ်ရာတွေထဲက စကားလုံးနည်းနည်းနဲ့ ဖော်ပြထားတဲ့ဒဏ္ဍာရီသာသာပဲ ရှိပါတော့တယ်။"

ချီမင်သည် ဆိုလေ၏။"မင်းတို့ ကောင်းကောင်းလုပ်ခဲ့တယ်။ သွားလို့ရပြီ။"

"ဟုတ်ကဲ့ပါ။"

“…”

မိုးကောင်းကင်သုံးခုညီအစ်ကိုတို့သည် ခေါင်းညိတ်ကာ ထွက်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ လတစ်ဝက် ကြာသွားခဲ့၏။

ယနေ့မှာတော့။

ကမ္ဘာဦးလောက အပြင်ဘက်တွင် ကြောက်မက်ဖွယ်ကောင်းသည့်အသံတစ်သံသည် ကမ္ဘာဦးလောကကို ထိုးဖောက်သွားသောကြောင့် မရေမတွက်နိုင်သော သက်ရှိတို့ ကြားလိုက်ရ၏။

ကမ္ဘာဦးလောက၏ သက်ရှိများသည် ခေါင်းမော့ကာ ကောင်းကင်ယံသို့ ကြည့်လိုက်ကြလေသည်။

"ကမ္ဘာဦးလောကပဲ။"

"မင်းတို့ကို တွေ့ပြီ။"

"တိုက်ခိုက်"

ချီမင်သည် အသံတစ်သံ ကြားလိုက်ရ၍ ခေါင်းမော့ကြည့်လိုက်တော့ သူ၏အကြည့်သည် ဖရိုဖရဲကိုဖြတ်ကျော်သွားခဲ့ပြီး ဆင်းသက်လာနေသော ဖရိုဖရဲနတ်ဆိုးဘုရားများကို တွေ့လိုက်ရလေသည်။ သူတို့သည် မကောင်းသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။

"နောက်ဆုံးတော့ မင်းတို့ ရောက်လာပြီပဲ။" ချီမင်သည် မထူးမခြားနားပြော၏။"ငါ စောင့်နေတာတောင် ကြာပြီ။"

တစ်ချိန်တည်းမှာပဲ မိုးကောင်းကင်သုံးခုညီအစ်ကိုတို့သည်လည်း ဖရိုဖရဲထဲမှ အခြေအနေကို အာရုံခံမိလိုက်ကြသည်။ သူတို့၏ အမူအရာများသည် ကြီးမားစွာ ပြောင်းလဲသွားခဲ့ရပြီး အကြောက်တရားများဖြင့် ပြည့်နှက်သွားတော့သည်။ သူတို့က ထိတ်လန့်တကြား အော်လိုက်ရသည်။

"ဖရိုဖရဲနတ်ဆိုးဘုရားတွေ။"

"နတ်ဆိုးဘုရားကျောင်းက လွှတ်လိုက်တဲ့ သူတွေပဲ။"

"တစ်ခုခုတော့ ဖြစ်တော့မယ်။"

သူတို့သည် အော်ဟစ်လိုက်၏။

"ဖရိုဖရဲနတ်ဆိုးဘုရားတွေ။"

"ဒါ...ဒါ...ဒီ.."

"အရင် ဖရိုဖရဲနတ်ဆိုးဘုရား ရောက်လာတဲ့ အချိန်တုန်းက ငါတို့ ကမ္ဘာဦးလောကကြီး အပေါက်ကြီးတစ်ပေါက် ဖြစ်သွားရတယ်။ ဒီတစ်ခေါက်ရောက် ဘယ်နှစ်ယောက်လောက် သေကြ ဦးမလဲ။"

"ဒီတစ်ခေါက်ရော ဘယ်လို ကပ်ဘေးမျိုး ဆင်းသက်လာတာလဲ။"

“…”

ကမ္ဘာဦးလောကတွင် သက်ရှိများနှင့် အင်မော်တယ်များသည် အတော်လေး ထိတ်လန့်သွားပါတော့၏။

သူတို့အားလုံးသည် အင်မော်တယ်အဆင့်၌သာ ရှိပါသေးသည်။ အသန်မာဆုံးသည်ပင် အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါး ဖြစ်သည်။ ထို့ကြောင့်လည်း သူတို့သည် ကြောက်မက်ဖွယ်ကောင်းသည့် ဖရိုဖရဲနတ်ဆိုးဘုရားတစ်ပါး၏ အရှိန်အဝါကို ခံစားမိသဖြင့် သဘာဝအတိုင်း စိုးရိမ် သွားကြတော့သည်။

"မင်းတို့ စိုးရိမ်စရာ မလိုပါဘူး။"

အတွေးတစ်ချက်ဖြင့် ချီမင်သည် အသံ ပို့လိုက်၏။ သူ့အသံသည် ကမ္ဘာဦးလောက တစ်လျှောက် ပဲ့တင်ထပ်လာခဲ့ပြီး သက်ရှိအားလုံး၏ နားထဲသို့ ဝင်ရောက်သွားတော့သည်။" သူတို့က ဥပဒေသကောင်းကင်အရှင် ဆဌမ အဆင့်မှာပဲ ရှိတယ်။ ငါ သူတို့ကို ကိုင်တွယ်ဖို့ ဥပဒေသကောင်းကင်အရှင် နဝမအဆင့် သုံးယောက် ပို့ထားတယ်။"

"ငါတို့ ဖရိုဖရဲနတ်ဆိုးဘုရားတွေကို မြန်နိုင်သမျှ မြန်မြန် သတ်ဖြတ်မယ်။"

"ဒါ...ဒါ...ဒီအသံက.."

"ကောင်းကင်ဧကရာဇ်ပဲ။ သူ့အသံပဲ။"

"အရှင်မင်းကြီး"

“…”

ကမ္ဘာဦးလောက၏ သက်ရှိများသည် စိတ်လှုပ်ရှားစွာ ဒူးထောက်လိုက်ကြသည်။ ချီမင်၏ အာမခံချက်ကို ကြားပြီးနောက် သူတို့၏ စိတ်လှုပ်ရှား စိုးရိမ်မှုများသည် ပြန်လည်၍ ငြိမ်သက်သွားတော့သည်။

ကမ္ဘာဦးလောကအပြင်ဘက်တွင်။

နတ်ဆိုးဘုရားကျောင်း၏ ဖရိုဖရဲနတ်ဆိုးဘုရားသုံးပါးသည် ဆင်းသက်လာခဲ့ပြီး ၎င်းတို့၏ စစ်မှန်ခန္ဓာကို ထုတ်ဖော်လာခဲ့၏။ ချီမင်သည် နှိုင်းယှဉ်စရာမရှိလောက်အောင် ကြီးမားသော ဖရိုဖရဲနတ်ဆိုးမျောက်ဝံကြီးများကို ထင်ရှားစွာ မြင်လိုက်ရတော့သည်။

"ဖရိုဖရဲနတ်ဆိုးမျောက်ဝံတွေပဲ" ချီမင်သည် သာမန်မျှသာ ပြော၏။" ဒါပေမဲ့ တစ်ချက်ကလေးတောင် ခံနိုင်မှာ မဟုတ်ဘူး။"

"ဒါက.."

"တကယ့်ကို ဥပဒေသကောင်းကင်အရှင် ဆဌမအဆင့်တွေပဲ။"

"ကောင်းပြီ။ သခင်လွှတ်လိုက်တဲ့ နောက်လိုက်သုံးယောက်က ဥပဒေသကောင်းကင်အရှင် နဝမ အဆင့်တွေပဲ။ ဥပဒေသကောင်းကင်အရှင် ဆဌမအဆင့်တွေကို ဖြေရှင်းဖို့ ဆိုတာ လွယ်လွယ်လေးပဲ။"

မိုးကောင်းကင်သုံးခုညီအစ်ကိုတို့သည် ကမ္ဘာဦးလောကအပြင်ဘက်၏ အခြေအနေကို အာရုံခံမိသွားသည်။ အကြည့်ချင်းဖလှယ်ပြီးနောက်မှာ သူတို့သည် သက်ပြင်းချကာ ယာယီစိတ်လျော့လိုက်၏။

"အကုန်လုံးကို သတ်ပစ်။" ချီမင်က သာမန်အတိုင်းသာ ပြောလိုက်သည်။

"သုံးပိုင်းတာအိုအလင်း"

"ဗုဒ္ဓတာအိုအလင်း"

“…”

ယန်ရွှီ၊ခေါင်းသုံးလုံးနတ်ဆိုးဘုရားနှင့် ဘိုးဘေးနဂါးနတ်ဆိုးဘုရားတို့သည် သက်ဆင်းလာသည့် ဖရိုဖရဲနတ်ဆိုးဘုရားမျောက်ဝံသုံးပါးကို ပစ်မှတ်ထားလိုက်သည်။ ပြီးပြည့်စုံခြင်း အဆင့်ကိုး တာအိုသစ်သီးပေါ်လာခဲ့ပြီး အင်မတန်ပြင်းထန်သည့်အလင်းတန်းသုံးခု ပေါက်ကွဲထွက်လာခဲ့၏။

၎င်းသည် ဖရိုဖရဲကို ထိုးဖောက် သွားတော့သည်။

"တာအိုသစ်သီး..ပြီးပြည့်..ပြီးပြည့်စုံခြင်း"

"ဥပဒေသကောင်းကင်အရှင် နဝ...နဝမအဆင့်"

"ဖရိုဖရဲနတ်ဆိုးဘုရားနှစ်ပါး မင်းက များဖရိုဖရဲနတ်ဆိုးဘုရားနှစ်ပါးကို ကျွန်ပြုရဲတယ်ပေါ့။"

"မဟုတ်ဘူး"

နောက်တစ်ခဏ၌ ဖရိုဖရဲ နတ်ဆိုးဘုရား မျောက်ဝံတို့သည် များစွာ တွေးတောရန် အချိန်မရတော့ပါပေ။ ထိုသို့သော စွမ်းအားကြီးအလင်းတန်းများနှင့် ရင်ဆိုင်ရလိုက်သောကြောင့် သူတို့၏အင်အားကုန် သုံးခဲ့လျှင်ပင် အသုံးမဝင် တော့ပေ။ အံ့ဖွယ်စွမ်းအားနှင့် နည်းစနစ်မျိုးစုံတို့သည် ကျိုးပျက်သွားလေသည်။

ထို့ကြောင့် သူတို့သည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

ချက်ချင်းပဲ ဖရိုဖရဲနတ်ဆိုးဘုရားမျောက်ဝံသုံးကောင်သည် နေရာမှာတင် သတ်ဖြတ်ခံလိုက်ရပြီး မရေမတွက်နိုင်သော ဖရိုဖရဲနတ်ဆိုးဘုရားသွေးတို့ စင်ထွက်လာခဲ့သည်။

ဖရိုဖရဲနတ်ဆိုးဘုရားအလောင်းများသည် များစွာ အသုံးဝင်လေသည်။သို့သော် ချီမင်သည် နတ်ဆိုးဘုရားမူဇာစ်မြစ်ကို ပို၍ စိတ်ဝင်စားသည်။

"ချက်ချင်း သေသွားတယ်..."

"တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်။"

"သေချာတာပေါ့။ နောက်ဆုံးမှာတော့ သခင့်ရဲ့ငယ်သားတွေဖြစ်တဲ့ ယန်ရွှီတို့အားလုံးက ဥပဒေသကောင်းကင်အရှင် နဝမ အဆင့်ပဲ။"

မိုးကောင်းကင်သုံးခုညီအစ်ကိုတို့သည် ထိတ်လန့်တကြား အသံများဖြင့် တံတွေးမျိုချလိုက်၏။

တစ်ချိန်တည်းမှာ သူတို့နှလုံးသားများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူတို့သည် ချီမင်၏ဆုလဒ်ကို လိုချင်သွားတော့သည်။ သူတို့သည် ထိုမျှလောက်တိုသည့် အချိန်လေးအတွင်း ဥပဒေသကောင်းကင်အရှင် နဝမအဆင့်သို့ တက်နိုင်လျှင် မည်မျှကောင်းမည်နည်းဟု တွေးတောနေကြ၏။

ကံဆိုးသည်မှာ။

သူတို့သည် တာအိုသစ်သီးမူလအစ တစ်ပိုင်းတစ်ကို ပေးခဲ့ရခြင်း ဖြစ်ခဲ့သည့်တိုင် မိုးကောင်းကင်သုံးခုညီအစ်ကိုနှင့် လီထျန်းရှန်းသည် ချီမင်၏ တာအိုသားရဲ မဖြစ်လာနိုင်ပေ။ ထို့ကြောင့် ချီမင်သည် သူတို့ကို မကူညီပေးနိုင်ချေ။

"အရှင်ကောင်းကင်ဧကရာဇ်က ဘုန်တန်ခိုးကြီးလှပါတယ်။ အရှင်ကောင်းကင်ဧကရာဇ်က ပြိုင်ဘက်ကင်းအံ့မခန်းပါ။"

“…”

နောက်တစ်ခဏ၌ ထိတ်လန့်တုန်လှုန်မှုများအပြီးမှာ ကမ္ဘာဦးလောက၏ သက်ရှိများသည် ကျယ်လောင်စွာ ဂုဏ်ပြုလိုက်ကြသည်။ သူတို့သည် ကောင်းကင်နန်းတော်ရှိသည့် ဘက်သို လေးစားမှုများဖြင့် ဒူးထောက်ကာ ဦးညွှတ်တော့လေသည်။

"မဆိုးဘူး"

ချီမင်သည် သူ၏အကြည့်ကို ပြန်ခွာကာ စိတ်ကျေနပ်စွာ ခေါင်းညိတ်၏။"သူတို့က ဥပဒေသကောင်းကင်အရှင် ဆဌမ အဆင့် ဖရိုဖရဲနတ်ဆိုးဘုရားတွေပဲ။ ယန်ရွှီတို့အနေနဲ့ ချက်ချင်းသတ်ဖြတ်နိုင်တယ်ဆိုတာ အရမ်းကို သာမန်ပါပဲ။ သူတို့သာ မလုပ်နိုင်မှ ထူးဆန်းနေလိမ့်မယ်။"

ယန်ရွှီတို့သည် တိုက်ပွဲမြေပြင်ကို ရှင်းလင်းလိုက်ပြီးနောက် နတ်ဆိုးဘုရားမူဇာစ်မြစ်သုံးခုကို တွေ့သွားတော့သည်။ ထို့နောက်မှာ သူတို့သည် ချီမင်ရှေ့သို့ သွားလိုက်သည်။

ယန်ရွှီသည် နတ်ဆိုးဘုရားမူဇာစ်မြစ်သုံးခုကို လက်လွှဲပေးလိုက်လေသည်။

ချီမင်က ခေါင်းညိတ်လိုက်သည်။ သူ၏ညာဘက်လက်ကို ဝေ့ယမ်းလိုက်တော့ နတ်ဆိုးဘုရားမူဇာစ်မြစ်များသည် ချီမင်၏လက်ထဲသို့ ပျံဝင်လာတော့၏။" ဥပဒေသကောင်းကင်အရှင် ဆဌမ အဆင့် နတ်ဆိုးဘုရားမူဇာစ်မြစ် သုံးခု။ ဒါတွေနဲ့ဆို ငါ ဥပဒေသကောင်းကင်အရှင် ပဉ္စမအဆင့် တက်နိုင်မလား မသိဘူး။"

"လုံလောက်သင့်ပါတယ်။" ချီမင်က တွေးတောနေသည်။

ထို့နောက်မှာ ချီမင်သည် ယန်ရွှီတို့အား တာအိုသားရဲနေရာလွတ်ထဲသို့ ထည့်၍ အလိုအလျောက် ကျင့်ကြံစေသည်။ ယန်ရွှီသည် မဟာတာအိုအံ့ဖွယ်စွမ်းအားနှစ်ခုကို ဆက်ကျင့်ကြံနေရန် လိုအပ်ပါသည်။

ခေါင်းသုံးလုံးနတ်ဆိုးဘုရားနှင့် ဘိုးဘေးနဂါးနတ်ဆိုးဘုရားတို့သည်တော့ ဆက်၍ ကြီးထွားလာနိုင်သေးပါ၏။

"ဖရိုဖရဲမဟာတာအိုကျမ်း"

ချီမင်သည် ညာဘက်လက်ကိုဝေ့ယမ်းလိုက်သည်နှင့် နတ်ဆိုးဘုရားမူဇာစ်မြစ်သုံးခုသည် လေထုထဲသို့ မျောလွင့်သွားတော့၏။ သူသည် နတ်ဆိုးဘုရားမူဇာစ်မြစ်သုံးခုကို သန့်စင်ဖို့ စီစဉ်ထားသော်လည်း စတင်သန့်စင်တော့မည့် အခိုက် သူသည် ပြောင်းလဲမှုတစ်ခုကို ခံစားမိသွားသည်။

"ဘာလဲ။"

ချီမင်သည် မျက်မှောင်ကြုံ့ကာ သူ၏ ရင်ဘက်ထဲမှ ကမ္ဘာဦးကောင်းကင်အရှင်တိုကင်ကို ထုတ်ယူလိုက်၏။ ထိုတိုကင်သည် တောက်ပသည့်အလင်းများ ထုတ်လွှတ်လာခဲ့ပြီးနောက်မှာ ကမ္ဘာဦးကောင်းကင်အရှင်၏ ပုံရိပ်ယောင်သည် သိပ်သည်းသွားတော့သည်။

ကမ္ဘာဦးကောင်းကင်အရှင်သည် အသံလွှင့်ကာ ပြောလာခဲ့သည်။"အရေးပေါ်ကိစ္စ ရှိနေတယ်။ ကမ္ဘာဦးကောင်းကင်ကို မြန်မြန်လာခဲ့။"

"ဆရာ..." ချီမင်သည် ကြောင်အသွားသည်။"ဒါက..."

All Chapters