နတ်ဆိုးကမ္ဘာအရှင်။ နတ်ဆိုးကမ္ဘာ စုဝေးပွဲ
Vol. 29 Ch. 428
ကမ္ဘာဦးကောင်းကင်အရှင် ပေးခဲ့သည့် ထိုထိပ်တန်းအဆင့် မွေးရာပါကောင်းကင်တာအိုရတနာသည် ရတနာသုံးပါး ကျောက်စိမ်းဖြစ်သည်။ ၎င်း၏ စွမ်းအားသည် အတော်လေး အံ့ဖွယ်ဖြစ်သည်။ ခုခံလို့လည်း ရသလို တိုက်ခိုက်လို့လည်း ရသည်။ ၎င်းသည် အဆင့်ကိုး အံ့ဖွယ်တာအိုရတနာ ဖြင့် နှိုင်းယှဉ်နိုင်သော ရတနာဖြစ်သည်။
သို့ပေမဲ့ ချီမင်သန့်စင်ထားသည့် ကိုယ်ပိုင်တာအိုရတနာ သုံးခုကတော့ ပိုပြီး သန်မာသည်။
ချီမင်အတွက်တော့ ရတနာသုံးပါး ကျောက်စိမ်းသည် ဘာမျှ မရှိသည်ထက်တော့ ပိုကောင်းပါသည်။ သူသည် ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်နှင့် ကမ္ဘာဦးကျမ်းအကြောင်းကို ပိုပြီး စိတ်ဝင်စားသည်။ ၎င်းသည် သူ့အတွက် အတော်လေး အသုံးဝင်၏။
ကမ္ဘာဦးကျမ်းသည် ချီမင်၏ ဖရိုဖရဲမဟာတာအိုကျမ်း တာအိုသစ်သီးအခန်း၏ အထက်အခန်းကို တွက်ချက်ရာ၌ အထောက်အကူဖြစ်သည်။ ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်သည် မဟာတာအိုအံ့ဖွယ်စွမ်းအား တစ်ခုဖြစ်သည်။ သူသည် အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့လျှင် ချီမင်၏အင်အားသည် တိုးတက်သွား နိုင်လေသည်။
"ဆရာ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ညွှန်ကြားပေးပါ။"
အကြီးဆုံး စီနီယာအစ်ကိုကြီး ဝါနက်ကောင်းကင်အရှင်သည် ဦးညွှတ်လိုက်၏။
"ဆရာ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ညွှန်ကြားပေးပါ။"
“…”
ဒုတိယစီနီယာအစ်မ ကောင်းကင်အရှင် ယွီလင်း၊ တတိယစီနီယာအစ်ကို ကောင်းကင်အရှင် အာကာနမ်တို့သည် ဦးညွှတ်လိုက်၏။ ချီမင်သည် နောက်၌ ရပ်နေလျက် သူ၏လက်နှစ်ဖက်ကို စုကာ ပြော၏။ သူသည် အကြီးဆုံးစီနီယာအစ်ကိုတို့နောက်လိုက်ကာ ညီညာစွာ ပြောလိုက်သည်။
ကမ္ဘာဦးကောင်းကင်အရှင်သည် ခေါင်းညိတ်လိုက်၏။ "ငါ မင်းတို့ကို ဒီတစ်ခေါက် ခေါ်လိုက်ရတာက မင်းတို့အတွက် အခွင့်အရေးတစ်ခု ရှိနေလို့ပဲ။"
" ပြောရမယ်ဆိုရင် ငါ ကမ္ဘာဦးတာအိုဂိုဏ်းကို တည်ထောင်ခဲ့တာ ခေတ်ပေါင်း(၂၀၀၀၀၀)ရှိပြီ။"
"ခေတ်ပေါင်း(၂၀၀၀၀၀၀)!"
ချီမင်သည် ထိတ်လန့်သွား၏။
လေဟာနယ်ခေတ်ကာလ ဆယ်ကြိမ်မြောက် အစောပိုင်းမှ ယခုထိတိုင် ခေတ်ကာလ (၃၆၀၀၀၀) ကြာသွားခဲ့သည်။ တစ်နည်းဆိုသော် ကမ္ဘာဦးတာအိုဂိုဏ်းသည် လေဟာနယ်ခေတ်ကာလ ဆယ်ကြိမ်မြောက် အစောပိုင်း ၌ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
"ပြီးတော့..."ကမ္ဘာဦးကောင်းကင်အရှင်သည် ဆက်ပြော၏။"ငါ မင်းတို့ကို လျှို့ဝှက်ချက် တစ်ခုပြောပြမယ်။ တကယ်တော့ ငါက နတ်ဆိုးကမ္ဘာအရှင်ရဲ့တပည့်ပဲ။"
"နတ်ဆိုးကမ္ဘာအရှင်ရဲ့ တပည့်"
ချီမင်သည် ထိုအခိုက် ထိတ်လန့်သွားတော့၏။ သူ၏ဆရာတွင် ထိုကဲ့သို့သော နောက်ခံမျိုး ရှိနေမည်ဟု မထင်ထားခဲ့ပေ။ သူသည် နတ်ဆိုးကမ္ဘာအရှင်၏ တပည့်ဖြစ်နေခဲ့၏။
အတော်လေးထိတ်လန့်ဖွယ်ပေ။
နတ်ဆိုးကမ္ဘာအရှင်သည် စစ်မှန်သည့် အထွတ်အထိတ်စွမ်းအားကြီး ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် အသင်္ချေကမ္ဘာ၏ အထိတ်အထိပ်၌ ဖြစ်ပြီး အဆုံးအစမဲ့ သက်ရှိများကို ငုံ့ကြည့်နေနိုင်သည်။ သူ၏ ခြေတစ်ချက်အဆောင့်နှင့်ပင် အသင်္ချေကမ္ဘာတို့သည် တုန်ခါသွားရ၏။
တခြားသော တပည့်များသည်လည်း ထိတ်လန့်သွားခဲ့ပြီး အချိန်အတော်ကြာ စကားမပြောနိုင်တော့ပေ။
"ငါက မဟာတာအိုကို ကျင့်ကြံနိုင်ခဲ့လို ဆရာရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ ကံကောင်းပြီး ဆရာရဲ့ အမည်ခံတပည့် ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ငါ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး ဖြစ်မလာခင်အထိ ငါ ဂိုဏ်းထဲကို အမှန်တကယ် ဝင်လို့ မရဘူး။"
ကမ္ဘာဦးကောင်းကင်အရှင်သည် ဆက်ပြော၏။" အခု ခေတ်ကာလပေါင်း(၂၀၀၀၀၀၀) ကြာသွားပြီ။ ငါက ကောင်းကင်နဲ့မြေကြီးမဟာတာအိုရဲ့ဆန်းကြယ်မှုတွေကိုတော့ အမှန်တကယ် နားမလည်နိုင်ခဲ့သေးဘူး။ဒါပေမဲ့ ငါအခု အထက်ကမ္ဘာကောင်းကင်တာအိုကို နားလည်သွားခဲ့တော့ ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်ထဲကို ခြေချနိုင်ခဲ့ပြီ။"
ထိုကိစ္စကို ပြောနေရင်း ကမ္ဘာဦးကောင်းကင်အရှင်သည် ချီမင်ကို ကြည့်နေ၏။
“!!!”
ချီမင်သည် ထပ်မံ ထိတ်လန့်သွား၏။
သူသည် ကမ္ဘာဦးကောင်းကင်အရှင်သည်လည်း သူနှင့် အတူတူပင် ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။ သူသည် မဟာတာအိုကို ကျင့်ကြံပြီး မိုးမြေမဟာတာအိုကို နားလည်ဆင်ခြင်ထားခဲ့၏။ သူသည် နတ်ဆိုးကမ္ဘာအရှင်၏ အမည်ခံတပည့် ဖြစ်လာသည်။
ကမ္ဘာဦးကောင်းကင်အရှင်၏ စကားအရ ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို နားလည်ဆင်ခြင်ခြင်းသည် အတော်လေး ခက်ခဲပါ၏။ သူသည် ခြေတစ်လှမ်းပြန်ဆုတ်ခဲ့ရကာ အထက်ကမ္ဘာကောင်းကင်တာအိုကို နားလည်ဆင်ခြင်ခဲ့ရ၏။ သူသည် ထိုသို့ဖြင့် ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်ထဲသို့ ခြေချခဲ့သည်။
ကမ္ဘာဦးကောင်းကင်အရှင်သည် ပွင့်လင်းစွာ ပြော၏။" ငါသာ မမှားရင် မင်းကလည်း မိုးမြေမဟာတာအိုကို နားလည်ဆင်ခြင်ထားပြီး မဟာတာအိုကျင့်ကြံခြင်းထဲ ခြေချပြီးပြီမလား။ မင်းကလည်း ငါနဲ့အတူတူပဲ။"
ချီမင်သည် ထိတ်လန့်သွား၏။ သူသည် ခြေလှမ်း အနည်းငယ် ရှေ့တက်ကာ အသက်ပြင်းပြင်းရှုလိုက်၏။ သူသည် ကမ္ဘာဦးကောင်းကင်အရှင်၏ရှေ့တွင် ဒူးတစ်ဖက်ထောက်လျက် ဆိုသည်။"ကျွန်တော် ဖုံးကွယ်ထားဖို့ မရည်ရွယ်ဘူး။ ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။"
"မင်းက ဘယ်အပြစ်ကို ကျူးလွန်ခဲ့တာလဲ။"ကမ္ဘာဦးကောင်းကင်အရှင်သည် ခပ်ဖျော့ဖျော့ ပြုံး၏။
"ကျွန်တော်လည်း အတူတူပါပဲ။ ကျွန်တော် မိုးမြေမဟာတာအိုကို နားလည်ဆင်ခြင်ခဲ့တော့ တခြားစွမ်းအားကြီးဖြစ်တည်မှုတွေ ရှာတွေ့မှာ စိုးရိမ်ခဲ့ပါတယ်။ တခြားသူတွေ လိုချင်တပ်မက်လာမှာကို စိုးရိမ်လို့ အမြဲတမ်း ဖုံးကွယ်ခဲ့ပါတယ်။"
"ဒါပေမဲ့။"
"အဲလို ကျွမ်းကျင်သူတွေရဲ့ မျက်လုံးထဲမှာတော့ သူတို့က ထာဝရအထွတ်အထိပ် အရှင်နယ်ပယ်ရောက်ရင် မိုးမြေမဟာတာအိုကို စတင် နားလည်ဆင်ခြင်နိုင်တယ်။ အခုမှပဲ ကျွန်တော်အရမ်း မိုက်မဲခဲ့မှန်း သိလိုက်ရပါတယ်။"
"မစိုးရိမ်နဲ့။" ကမ္ဘာဦးကောင်းကင်အရှင်သည် ဆက်ပြော၏။"ငါ မင်းကို အပြစ်မတင်ပါဘူး။"
"ကျေးဇူးတင်ပါတယ် ဆရာ။" ချီမင်သည် စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။
"ဂျူနီယာညီလေးက ငါတို့ထက် ရှေ့ရောက်နေမယ်လို့ မထင်ထားခဲ့ဘူး။"
"ဟုတ်တယ်။ ဟုတ်တယ်။"
"ဂျူနီယာညီလေးက အငယ်ဆုံးနဲ့ ဂိုဏ်းထဲကို နောက်ဆုံးမှ ဝင်လာတာဆိုပေမဲ့ သူက မိုးမြေမဟာတာအိုကိုတောင် စပြီး နားလည်နေပြီ။"
"အံဖွယ်ပဲ"
"အံဖွယ်ပဲ"
“…”
ပတ်ဝန်းကျင်တွင် စီနီယာအစ်ကိုများနှင့် အစ်မများသည် တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုလာကြ၏။သူတို့၏မျက်လုံးများသည် မနာလိုမှုများဖြင့် ပြည့်နှက်နေ၏။ သို့သော် ချီမင်သည် မည်သည့် မလိုတမာစိတ်ကိုမှ မခံစားမိသည့်အတွက် စိတ်သက်သာရာ ရသွား၏။
"စီနီယာအစ်ကိုနဲအစ်မတို့ ကျွန်တော် ကံကောင်းသွားရုံပါ။" ချီမင်သည် နှိမ့်ချစွာပြော၏။
"အဲ့လို ကိစ္စမှာ ကံကောင်းတယ်ဆိုတာ မရှိဘူး။" ကမ္ဘာဦးကောင်းကင်အရှင်သည် ဆက်ပြောသည်။" မင်းက မဟာတာအိုကို ကျင့်ကြံချင်တည်ဆိုတည်းက မင်းမှာ ပါရမီရှိလို့ပဲ။ မင်းမှာသာ ကြီးမာတဲ့ ဇွဲ၊ကံတရားနဲ့ ကြီးမားတဲ့အခွင့်အရေးတွေမရှိရင် မကျင့်ကြံနိုင်ဘူး။"
"ချီမင် မင်းကိုယ်မင်း လျှော့တွက် စရာမလိုဘူး။"
ကမ္ဘာဦးကောင်းကင်အရှင်သည် ဆက်ပြော၏။" ဒီခေတ်ထဲမှာ အထက်ကမ္ဘာကိုးကမ္ဘာမှာ မင်းကိုယှဉ်နိုင်တဲ့လူ တစ်ရာထက် ကျော်မှာ မဟုတ်ဘူး။"
"တစ်ရာ" ချီမင်သည် အနည်းငယ် အံ့ဩသွား၏။"အရမ်းများတာပဲ။"
ချီမင်သည် အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကြောင့် သူအတော်လေး ကြောက်မက်ဖွယ် ကောင်းသည်ဟု ခံစားနေရတာဖြစ်သည်။ သူသည်တောင် ပြိုင်ဘက်ကင်းလုနီးပါးပင်။ သူသည် ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်ဖြစ်နေရင်တောင် ဥပဒေသကောင်းကင်အရှင် နဝမအဆင့် ကို တိုက်ခိုက်နိုင်ပြီး အနိုင်တောင် ယူနိုင်ပါ၏။
ကမ္ဘာဦးကောင်းကင်အရှင်သည် သူ့ကို ဖိနှိပ်နိုင်သူ တစ်ရာကျော်ရှိသည်ဟု ပြောလာသည်။
"များတာလား။" ကမ္ဘာဦးကောင်းကင်အရှင်သည် ခေါင်းခါသည်။"မင်း အထက်ကမ္ဘာ ကိုးကမ္ဘာ ဘယ်လောက်ကျယ်လဲ သိလား။ အသင်္ချေကမ္ဘာတွေက ဘယ်လောက်ကြီးလဲ။ အထွတ်အထိပ် ပါရမီရှင်တွေ ဘယ်နှစ်ယောက်ရှိလဲဆိုတာ သိလား။"
" မင်းက ထိပ်တန်းတစ်ရာထဲမှာ ပါတာကိုပဲ ဂုဏ်ယူသင့်နေပြီ။"
"ငါတောင်မှ ထိပ်တန်းတစ်သောင်းအတွင်းပဲ ဝင်နိုင်တယ်။"
"ကျွန်တော် နားလည်ပါပြီ။" ချီမင်သည် သတိပြန်ဝင်လာ၏။
ကမ္ဘာဦးကောင်းကင်အရှင်သည် ခေါင်းညိတ်လျက် ဆက်ပြော၏။"ဒီတစ်ခေါက်တော့ ငါ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးဖြစ်လာပြီး လိုအပ်ချက်တွေ ပြည့်မီသွားပြီ။ ငါက ဆရာ့ရဲ့ တရားဝင် တပည့်ဖြစ်လာပြီ။"
"သုံးနှစ်အကြာမှာ။"
"ဆရာက နတ်ဆိုးကမ္ဘာအစည်းအဝေးကို ကျင်းပလိမ့်မယ်။ နတ်ဆိုးကမ္ဘာအရှင်ရဲ့ တပည့်အားလုံး ပါဝင်ရလိမ့်မယ်။ အထက်ကမ္ဘာကိုးကမ္ဘာနဲ့ အဖွဲ့အစည်းတွေ အများကြီးက သံတမန်တွေ လွှတ်လိမ့်မယ်။"
"ငါလည်း နတ်ဆိုးကမ္ဘာစုဝေးပွဲမှာ ပါဝင်ဖို့ မင်းတို့ကို ခေါ်သွားမယ်။ မင်းတို့အတွက်တော့ ဒီစုဝေးပွဲက အခွင့်အလမ်းကောင်းပဲ။ အခွင့်အလမ်းမျိုးစုံက ဒီစုဝေးပွဲမှာ ပေါ်လာလိမ့်မယ်။"
"ပြီးတော့..."
ကမ္ဘာဦးကောင်းကင်အရှင်၏အကြည့်သည် ချီမင်ပေါ်သို့ ကျရောက်လာသည်။" မင်းက မိုးမြေမဟာတာအိုလမ်းကြောင်းကို လျှောက်လှမ်းပြီဆိုတည်းက မင်းက မဟာတာအိုကို ကျင့်ကြံနေတဲ့အဆင့်မှာပဲ။ မင်းက ငါ့ဆရာ နတ်ဆိုးကမ္ဘာအရှင်ရဲ့အာရုံကို သေချာပေါက် ဖမ်းစားနိုင်မယ်လို့ (၉၀)ရာခိုင်နှုန်းလောက် ငါ ယုံကြည်ချက်ရှိတယ်။ မင်းက ဆရာရဲ့ အမည်ခံတပည့်ဖြစ်လာနိုင်တယ်။"
"အဲ့လိုဆိုရင် မင်းရဲ့နာမည်က အသင်္ချေကမ္ဘာတစ်လျှောက် ပျံ့နှံ့သွားလိမ့်မယ်။"
" နတ်ဆိုးကမ္ဘာရဲ့တပည့်တိုင်းက အနည်းဆုံးတော့ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တွေ ဖြစ်လာနိုင်တဲ့သူတွေပဲ။"
"ငါ ဆရာရဲ့တပည့်သာဖြစ်မလာခဲ့ရင် အခွင့်အလမ်းတွေ ရခဲ့မှာ မဟုတ်ဘူး။ငါလည်း ခေတ်ပေါင်း(၂၀၀၀၀၀၀)အတွင်းမှာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ဖြစ်လာမှာ မဟုတ်ဘူး။"
" မင်းက ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်။" ကမ္ဘာဦးကောင်းကင်အရှင်သည် လေးနက်စွာ ဆိုသည်။
ချီမင်သည် သတိပြန်ဝင်လာခဲ့ပြီး လေးနက်စွာ ခေါင်းညိတ်ပါ၏။" ကျွန်တော် မှတ်သားထားပါ့မယ်။"
"ဂုဏ်ပြုပါတယ် ဂျူနီယာညီလေး။"
"ဂုဏ်ပြုပါတယ် ဂျူနီယာညီလေး။"
"ငါတို့ ဂျူနီယာညီလေး နတ်ဆိုးကမ္ဘာရဲ့အရှင် ဖြစ်လာတော့မှာကို ဂုဏ်ပြုပါတယ်။"
“…”
အကြီးဆုံးစီနီယာအစ်ကိုနှင့် ကျန်သောသူများက ပြောသည်။
" စီနီယာအစ်ကိုနဲ့ အစ်မတို့ကို ကျေးဇူးတင်ပါတယ်"
ချီမင်သည် လက်နှစ်ဖက်ကို စုဖွဲ့ပြီး ပြန်လည် နှုတ်ဆက်လိုက်သည်။
"မင်းတို့လည်း စိတ်ဓာတ်ကျစရာ မလိုဘူး။"
ကမ္ဘာဦးကောင်းကင်အရှင်၏အကြည့်သည် ရှိနေသည့် တပည့်အားလုံးအပေါ်သို့ ကျရောက်သွားခဲ့သည်။"အသင်္ချေကမ္ဘာတစ်ခုလုံးမှာ ချီမင်လို မဟာတာအိုကို ကျင့်ကြံတဲ့ ပါရမီရှင်တွေက အရမ်းနည်းတယ်။"
"ဒီခရီးမှာ မင်းတို့လည်း ကိုယ့်ရဲ့ ကိုယ်ပိုင်အခွင့်အလမ်းတွေ ရှာနိုင်တယ်။"
"ကျွန်တော် သိပါပြီ။"
“…”
ဝါနက်ကောင်းကင်အရှင်တို့က ဖြေလိုက်သည်။
"သွားကြစို့။”
ကမ္ဘာဦးကောင်းကင်အရှင်သည် မတ်တပ်ရပ်လျက် သူ၏လက်နှစ်ဖက်ကို နောက်သို့ ပို့လိုက်၏။ သူ့ရှေ့က နေရာလွတ်သည် ပွင့်သွားပြီး တည်ငြိမ်သည့် ဟင်းလင်းပြင် လမ်းကြောင်းတစ်ခု ပေါ်လာသည်။ ဘယ်အချိန်နှင့် နေရာကို ဖြတ်သန်းသွားမလဲဆိုတာ မသိရပေ။
"ငါ့ နောက်လိုက်ခဲ့တော့။" ကမ္ဘာဦးကောင်းကင်အရှင်သည် ဆိုလေ၏။"နတ်ဆိုးကမ္ဘာစုဝေးပွဲက သုံးနှစ်အတွင်းမှာ တရားဝင်စတင်လာလိမ့်မယ်။ ငါမင်းတို့ကို နတ်ဆိုးကမ္ဘာစုဝေးပွဲရဲ့ ခမ်းနားတဲ့ မြင်ကွင်းတွေကို ရင်းနှီးနေအောင် ခေါ်သွားပေးမယ်။"
"ဟုတ်ကဲ့ပါ။"
“…”
တပည့်များက ပြန်ဖြေ၏။
ကမ္ဘာဦးကောင်းကင်အရှင်သည် ဟင်းလင်းပြင် လမ်းကြောင်းထဲသို့ ဝင်သွားတော့၏။
"ဂျူနီယာညီလေးချီ ကျေးဇူးပြုပြီ။" ဝါနက်ကောင်းကင်အရှင်သည် လက်မြှောက်လိုက်၏။
"ဂျူနီယာညီလေး အရင်သွားပါ။" ကောင်းကင်အရှင် ယွီလင်းသည် ပြုံးလိုက်သည်။
"ဂျူနီယာမောင်လေး နင်က အငယ်ဆုံးနဲ့ ဂိုဏ်းကိုနောက်ဆုံးဝင်လာတဲ့သူပဲ။ ငါတို့ နင့်ကို ဂရုစိုက်ပေးသင့်တယ်။"
"ဟုတ်တယ်။ ဟုတ်တယ်။"
“…”
စီနီယာအစ်ကို အစ်မတို့က ဆိုသည်။
"ဒါက..."
ချီမင်သည် ကြောင်အသွားခဲ့၏။ သူသည် စီနီယာအစ်ကိုနှင့် အစ်မတို့က ထိုမျှ စိတ်အားထက်သန်နေမည်ဟု မထင်သောကြောင့် သူ့ကို မျက်နှာချိုသွေးနေသလို ခံစားလာရစေသည်။
"ကောင်းပြီ"
ချီမင်သည် သတိပြန်ဝင်လာပြီး တုံ့ဆိုင်းမနေပေ။"စီနီယာအစ်ကို အစ်မတို့ကိုကျေးဇူးတင်ပါတယ်။"
ထိုသို့ပြောပြီးနောက် ချီမင်သည် လျှောက်ဝင်သွားတော့၏။
"သွားကြစို့"
"လိုက်ခဲ့ကြ"
ဝါနက်ကောင်းကင်အရှင်တို့သည် အနောက်မှ အနီးကပ်လိုက်လာ၏။
သိပ်မကြာခင်မှာပဲ ကမ္ဘာဦးကောင်းကင်အရှင်နှင့် သူ၏တပည့်များသည် ထွက်ခွာသွားတော့၏။ ဟင်းလင်းပြင်လမ်းကြောင်းတံခါးသည် ပိတ်သွားခဲ့ပြီး ဟင်းလင်းပြင်တုန်ခါမှုသည် ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
သူသည် လေဟာနယ်စကြဝဠာကို ဖြတ်သန်းသွားတော့၏။
မြင်ကွင်းကပြောင်းလဲသွားသည်။
နတ်ဆိုးကမ္ဘာစုဝေးမှု။
၎င်းသည် တတိယအထက်ကမ္ဘာ နတ်ဆိုးကမ္ဘာ၏အလယ်၌ တည်ရှိသည်။ ထိုနေရာ၌ ဖရိုဖရဲချီများ သက်ဆင်းနေသည်။ အရှေ့အရပ်မှ ခရမ်းရောင်ချီသည် မိုင်တစ်သိန်းကျော်ထိရောက်လာသည်။ စစ်မှန်နဂါးများ ခုန်ပေါက်၊ဖီးနစ်တို့ ပျံသန်းလျက် အဆုံးမဲ့သားရဲများ...
ခမ်းနားကြီးကျယ်သည့် မြင်ကွင်းများပင်။
ဖော်ပြဖို့တောင် ခက်ခဲနေသည်။
ဤတစ်ကြိမ်တော့ နတ်ဆိုးကမ္ဘာအရှင်သည် နတ်ဆိုးကမ္ဘာ စုဝေးပွဲကို အထူးတလည် ကမ္ဘာကိုးကမ္ဘာနှင့် ဆက်သွယ်ရန် ကျင်းပခဲ့ခြင်းဖြစ်သည်။ သူသည် ကမ္ဘာတစ်ခုစီ၏ ဝင်ပေါက်ထွက်ပေါ်တွင် ခမ်းနားသည့် အင်မော်တယ်မြို့တော်များ တည်ဆောက်ခဲ့သည်။
ထိုမှသာ နတ်ဆိုးကမ္ဘာစုဝေးပွဲတွင် ပါဝင်သော သက်ရှိများအားလုံးကို နေရာချပေးနိုင်မည် ဖြစ်သည်။
နတ်ဆိုးကမ္ဘာစုဝေးပွဲတွင် ပါဝင်သူများသည် အနည်းဆုံးတော့ ဥပဒေသကောင်းကင်အရှင်များ ဖြစ်ကြသည်။ မဟုတ်ရင် သူတို့တွေသည် အင်မော်တယ်မြို့တော်၏ကိုးမြို့၏အစီရင်ကို ခုခံနိုင်မှာမဟုတ်ပေ။
နတ်ဆိုးကမ္ဘာစုဝေးပွဲသည် တရားဝင် မစတင်သေးပေ။ ကမ္ဘာကိုးကမ္ဘာ၏ဝင်ပေါက်သည်လည်း မဖွင့်ရသေးပေ။ သို့ပေမဲ့ အင်မော်တယ်မြို့တော် ကိုးမြို့သည်တော့ အင်မတန် အသက်ဝင်နေလေသည်။ သက်ရှိမျိုးစုံ ရောက်လာသည်။
ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် အစောကြီး ရောက်နေသည်။
အင်မော်တယ်ကိုးမြို့ထဲမှ တစ်မြို့တွင်။
လန်ယာ့အင်မော်တယ်မြို့တော်။
နေရာရွှေ့ပြောင်းရေး ရင်ပြင်တွင်။
ရင်ပြင်သည် အတော်လေး ကျယ်ပြန့်လှသည်။ အချိန်နှင့်အမျှ ဟင်းလင်းပြင်တံခါးများ ပေါ်လာပြီး လူများထွက်လာနေသည်။
သိပ်မကြာခင်မှာပဲ ဟင်းလင်းပြင်တံခါးတစ်ခု ပေါ်လာတော့၏။
ကမ္ဘာဦးကောင်းကင်အရှင်သည် ထိုအထဲမှ လျှောက်ထွက်လာပါ၏။ သူ ထွက်လာသည်နှင့် အင်မတန်ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကို ခံစားလိုက်ရသည်။ သူသည်သာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ဖြစ်မလာခဲ့ရင် သေချာပေါက် ထိုကြောက်မက်ဖွယ် ဖိအားအောက်တွင် ပျံသန်းနိုင်မည် မဟုတ်ပေ။
"ဘာအစီအရင်လဲ။"
ကမ္ဘာဦးကောင်းကင်အရှင်၏စိတ်အခြေအနေသည် ပတ်လည်ကို ကြည့်လိုက်ပေမဲ့ ဘာမှကို မခံစားမိပေ။"ဒီလို စွမ်းအားမျိုးရှိတာလား။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့်အောက်က သူတွေက ဒီအစီအရင်အောက်မှာ ပျံသန်းနိုင်မှာ မဟုတ်ဘူး။"
သိပ်မကြာခင်မှာပဲ ချီမင်တို့သည် တစ်ယောက်ပြီးတစ်ယောက် ကမ္ဘာဦးကောင်းကင်အရှင်၏ဘေးတွင် လာရပ်ကြသည်။ သူတို့သည်လည်း အစီအရင်၏စွမ်းအားကို ခံစားမိလေသည်။ ပြင်းထန်လေးနက်သည့် စွမ်းအားမျိုးစုံတို့သည် ဖိနှိပ်ထားသည်။