သုံးဆယ့်ခြောက်လွှာ ကြာနက်။ ကောင်းကင်အရှင်တပ်တော်ကိုးခုထဲက နတ်ဆိုးကြာပန်းစစ်တပ်
Vol. 29 Ch. 429
"ဆရာ...ဆရာ" ဝါနက်ကောင်းကင်အရှင်သည် ထိတ်လန့်သွားဟန်ရှိလေသည်။"ကျွန်တော်..ကျွန်တော် မပျံနိုင်တော့ဘူး။"
"ကျွန်တော်..ကျွန်တော်ရောပဲ"
"ကျွန်မရောပဲ"
"ဒါက..."
ကောင်းကင်အရှင်ယွီလင်း၊ကောင်းကင်အရှင်အာကမ်နမ်နှင့်ကျန်သောသူများသည် အမူအရာများ ပြောင်းလဲသွားခဲ့သည်။
"ကျွန်မလည်း ဖိနှိပ်ခံထားရတယ်"
ချီမင်က အသက်ပြင်းပြင်းရှုပြီး ပတ်ကြည့်လိုက်၏။ သူ၏အမြင်တွင် လန်ယာ့အင်မော်တယ်မြို့တော်တစ်ခုလုံးကို အင်မတန် ခမ်းနားသည့် အစီအရင်ကြီးဖြင့် ဖုံးအုပ်ထားပါသည်။
မှုန်ဝါးဝါးနှင့် အစစ်မှန်မဆန်ပေ။ မဟာတာအိုပုံစံတို့ ယှက်နွယ်နေ၏။
အစီအရင်တစ်ခုလုံးသည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအစီအရင်အဆင့်သို့ ရောက်နေသည်။
ချီမင်သည် ဖရိုဖရဲမဟာတာအိုကျမ်းကို လည်ပတ်ရန် ကြိုးစားပေမဲ့ အစီအရင်က သူ့ကိုပါ သက်ရောက်နေသေးသည်ကို တွေ့လိုက်ရတော့၏။ ထို့ကြောင့် အခြားသော စီနီယာအစ်ကို အစ်မများကဲသို့ပင် သူလည်း မပျံသန်းနိုင်တော့ပေ။
"စိတ်လျှော့ထားကြ" ကမ္ဘာဦးကောင်းကင်အရှင်သည် သာမန်မျှ ပြော၏။"ဒါက ဒီနေရာရဲ့စည်းမျဉ်းပဲ။ နတ်ဆိုးကမ္ဘာစုဝေးပွဲကို ကျင်းပတော့မှာ။ ကောင်းကင်အရှင်နယ်ပယ်အောက်ကသူတွေက ပါဝင်ဖို့ အရည်အချင်းမပြည့်မီဘူး။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နယ်ပယ်အောက်က သူတွေကတော့ အင်မော်တယ်မြို့တော်ကိုးမြို့ထဲမှာ ပျံသန်းလို့ မရဘူး။"
"ဒါက နတ်ဆိုးကမ္ဘာရဲ့အရှင်ကို လေးစားမှုပေးထားတဲ့သဘောပဲ။"
"ကျွန်တော် နားလည်ပြီ။"
"ကျွန်တော်တို့ နားလည်ပါပြီ။"
“…”
ဝါနက်ကောင်းကင်အရှင်နှင့် ကျန်သောသူများသည် စိတ်သက်သာရာရစွာ သက်ပြင်းချမိ၏။
"ဆရာ"
ချီမင်က ပတ်လည်ကို ကြည့်လိုက်၏။ ကမ္ဘာဦးကောင်းကင်အရှင်နှင့် ကျန်သောသူတို့အပြင် တခြားသော ဟင်းလင်းပြင်တံခါးများသည် အချိန်နှင့်အမျှ ပေါ်လာနေပါ၏။ လူရိပ်များသည် တစ်ယောက်ပြီးတစ်ယောက်လျှောက်ထွက်လာနေသည်။" ကျွန်တော် နည်းနည်းသိချင်သွားပြီ။ ဒီနတ်ဆိုးကမ္ဘာစုဝေးပွဲမှာ မျိုးနွယ်စုပေါင်းဘယ်နှစ်ခုလောက်နဲ့ သက်ရှိတွေဘယ်လောက်များ ပါဝင်ကြမှာလဲ။"
"အများကြီးပဲ။" ကမ္ဘာဦးကောင်းကင်အရှင်သည် ပြန်ဖြေလိုက်၏။"ငါလည်း တကယ်တော့ အတိအကျမသိဘူး။ဒါပေမဲ့ နတ်ဆိုးကမ္ဘာစုဝေးပွဲကျင်းပတဲ့ အချိန်တိုင်း အထက်ကိုးကမ္ဘာရဲ့ပွဲတော်ကြီးတစ်ခုအလားပဲ။"
"နတ်ဆိုးကမ္ဘာတစ်ခုတည်းမဟုတ်ဘူး။ တခြား အထက်ကမ္ဘာရှစ်ကမ္ဘာရဲ့ အဖွဲ့အစည်းတွေလည်း ပါတယ်။"
"ဥပမာဆို ပထမအထက်ကမ္ဘာရဲ့ ထာဝရအင်မော်တယ်နန်းတော်နဲ့ မင်းစော်ကားထားမိတဲ့ နတ်ဆိုးဘုရားကျောင်းလည်း ပါတယ်။"
ချီမင်သည် ခေါင်းအသာညိတ်ကာ ဆိုသည်။"ကျွန်တော် နားလည်ပါပြီ။"
"ဆရာ အခု ကျွန်တော်တို့ ဘယ်သွားမှာလဲ။" ဝါနက်ကောင်းကင်အရှင်သည် မေးလိုက်၏။" ကျွန်တော်တို့ လန်ယာ့အင်မော်တယ်မြို့တော်မှာ တည်းဖို့ နေရာတစ်ခု ရှာသင့်လား။"
"မလိုဘူး။ ဘေးဘက်တွေကို ကြည့်လိုက်။" ကမ္ဘာဦးကောင်းကင်အရှင်သည် ပြုံးလိုက်သည်။
ကမ္ဘာဦးကောင်းကင်အရှင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ သူ၏လက်ဖဝါးထဲသို့ စိန်ပွင့်ပုံစံ အနက်ရောင်တိုကင်တစ်ခု ပေါ်လာသည်။ ၎င်းက ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီး ပွင့်လန်းလာခဲ့သည်။
အရပ်မျက်နှာအနှံ့၌ အနက်ရောင်အလင်းများ တောက်ပလာသည်။
၎င်းသည် တဖြည်းဖြည်းနှင့် သုံးဆယ်ခြောက်လွှာရှိသော ကြာပန်းနက်လေးအဖြစ် သိပ်သည်းသွားတော့သည်။ ကြာပန်းပွင့်ဖတ်တို့မှာ ယိမ်းနွှဲ့နေခဲ့ပြီး လှိုင်းဂယက်များသဖွယ် အလင်းလှိုင်းများ တောက်ပလာခဲ့သည်။
"ဒါက..."
"သုံးဆယ့်ခြောက်လွှာ နတ်ဆိုးကြာပန်း"
"နတ်ဆိုးကမ္ဘာအရှင်ရဲ့အထူး အမှတ်အသား။"
"သူက..."
"သူက နတ်ဆိုးကမ္ဘာအရှင်ရဲ့တပည့်ပဲ။"
“…”
ကမ္ဘာဦးကောင်းကင်အရှင်ကြောင့် ဖြစ်ပေါ်လာသည့် ရုတ်ရုတ်သဲသဲ ကိစ္စသည် မသေးငယ်သောကြောင့် ပတ်ဝန်းကျင်က ကောင်းကင်အရှင်များ၏ အာရုံကို ဆွဲဆောင်သွားပါတော့၏။ သူတို့သည် ထိတ်လန့်တကြား အမူအရာများဖြင့် ကြည့်နေကြ၏။
နောက်တစ်ခဏမှာ အနက်ရောင်သံချပ်ကာဝတ်စုံများဖြင့် လူများ ပေါ်လာသည်။ သူတို့သည် မဟာတာအိုလေဟာနယ်ချိတ်စည်းအစီအရင်ကြောင့် သက်ရောက်မခံရပေ။ ထို့ကြောင့် သူတို့က လေဟာနယ်ကို ဖြတ်ကျော်လာသည်။
သူတို့၏သံချပ်ကာဝတ်စုံပေါ်တွင် ဆယ့်နှစ်လွှာကြာပန်းနက် အမှတ်အသားများ ရှိသည်။
သေချာကြည့်လျှင် သူတို့သည် ထိုတစ်ယောက်ချင်းစီတိုင်းက ဥပဒေသကောင်းကင်အရှင် နဝမအဆင့်များ ဖြစ်သည်ကို တွေ့နိုင်ပါ၏။ သူတို့၏အရှိန်အဝါများသည် သန်မာလှသည့်အပြင် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက် တိုက်ခိုက်နိုင်သေးသည်။
"သူတို့က နတ်ဆိုးကြာပန်းစစ်တပ်ရဲ့ တပ်သားတွေပဲ။"
"နတ်ဆိုးကြာပန်းစစ်တပ်က နတ်ဆိုးကမ္ဘာအရှင်ရဲ့ လက်အောက်က ကောင်းကင်အရှင်တပ်တော်ကိုးခုထဲက တစ်ခုပဲ။ နတ်ဆိုးကြာပန်းစစ်တပ်ထဲမှာ တပ်သားတိုင်းက အနည်းဆုံး ဥပဒေသကောင်းကင်အရှင် နဝမအဆင့်ပဲ။"
"နတ်ဆိုးကြာပန်းစစ်တပ်က အင်မော်တယ်မြို့ကိုးမြို့ကို စောင့်ကြပ်နေကြတယ်။"
"အံ့ဩစရာပဲဟေ။"
“…”
ကောင်းကင်အရှင်များသည် အော်လိုက်ကြလေသည်။
တကယ်တော့...
ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တော်တော်များသည် ထိုအရာကို သတိထားမိပြီးသားဖြစ်သည်။
"အရှင်"
နတ်ဆိုးကြာပန်းစစ်တပ်၏ ခေါင်းဆောင်သည် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ နတ်ဆိုးကြာပန်းစစ်တပ်က စစ်သားများသည် နောက်မှ ကပ်လိုက်လာခဲ့ပြီး ကမ္ဘာဦးကောင်းကင်အရှင်ကို မေးလိုက်၏။" လန်ယာ့အင်မော်တယ်မြို့တော်က အရှင်တို့အားလုံးအတွက် အနားယူဖို့ သီးခြားခြံဝန်းတစ်ခု ပြင်ဆင်ပေးထားပြီးပါပြီ။ ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ။"
ကမ္ဘာဦးကောင်းကင်အရှင်သည် စိတ်ကျေနပ်စွာ ခေါင်းညိတ်ပါ၏။ သူ၏ ညာဘက်လက်ကို ယမ်းလိုက်တော့ ကြာပန်းနက်တိုကင်တစ်ခု ဆင်းသက်လာသည်။သူက ထိုအရာကို လှမ်းဖမ်းလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလေသည်။" လမ်းပြပါ"
"ဟုတ်ကဲ့ပါ။" နတ်ဆိုးကြာပန်းစစ်တပ်၏ခေါင်းဆောင်သည် ပြောလိုက်၏။
"ဒါ...ဒါ...ဒါက.."
"နတ်ဆိုးကြာပန်းစစ်တပ်ရဲ့ စစ်သားတွေနဲ့ သူတို့ခေါင်းဆောင်က အရမ်းကိုလေးစားပြနေတာပဲ။ ပြီးတော့ အရှင်လို့တောင် လေးလေးစားစား ခေါ်နေတယ်။"
"အံ့ဩစရာပဲ။ လန့်တောင် လန့်တယ်။"
" ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ရောက်လာရင်တောင် အဲဒီ နတ်ဆိုးကြာပန်း စစ်တပ်ရဲ့စစ်သားတွေက အရမ်းလေးစားပြနေမှာ မဟုတ်ဘူး။ နတ်ဆိုးကမ္ဘာအရှင်ရဲ့လက်အောက်မှာ ရှိတဲ့ နတ်ဆိုးကြာပန်းစစ်တပ်လိုမျိုးကောင်းကင်အရှင်တပ်တော်တွေဆိုတာ နတ်ဆိုးကမ္ဘာအရှင်ကို ကိုယ်စားပြုတယ်။"
"ငါထင်တာသာ မှန်ရင် နတ်ဆိုးကမ္ဘာအရှင်ရဲ့တပည့်တွေကိုပဲ နတ်ဆိုးကြာပန်းစစ်တပ်က အဲလောက်ထိလေးစားပြနေမှာ။"
"မဖြစ်နိုင်တာ။"
"နတ်ဆိုးကမ္ဘာအရှင်ရဲ့ တပည့်ပေါ့။"
“…”
သက်ရှိများသည် ဆွေးနွေးနေကြ၏။
"သူပဲ။"
"ကမ္ဘာဦးကောင်းကင်အရှင်"
"ငါတို့ သူ့ကို အခု ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်လို့ ခေါ်သင့်ပြီ။"
"လွန်ခဲ့တဲ့ ခေတ်(၂၀၀၀၀၀၀)တုန်းက နတ်ဆိုးကမ္ဘာနတ်ဆိုးကမ္ဘာစုဝေးပွဲမှာ ကမ္ဘာဦးကောင်းကင်အရှင်က နတ်ဆိုးကမ္ဘာအရှင်ရဲ့ အမည်ခံတပည့်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ ငါ မထင်ထားတာက ခေတ်တွေအများကြီးကြာတော့ ကမ္ဘာဦးကောင်းကင်အရှင်က ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်ကို နောက်ဆုံးတော့ ရောက်သွားပြီ။ ဒီလိုဆို နတ်ဆိုးကမ္ဘာအရှင်ရဲ့ စည်းမျဉ်းအရ သူက နတ်ဆိုးကမ္ဘာအရှင်ရဲ့ တရားဝင်တပည့်ဖြစ်လာပြီ။"
"တကယ်ကြီး သူပဲ။"
"ငါလည်း မှတ်မိသွားပြီ။"
"ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်"
"ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်ဘေးက သူတွေက သူ့တပည့်တွေပဲ ဖြစ်ရမယ်။ အဲဒီ တပည့်တွေ ကြည့်ရတာ သာမန်ပါပဲ။ တစ်ယောက်မှ ထူးခြားမနေဘူး။"
"ဟုတ်တယ်။"
“…”
ထိုအခိုက် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးပြီးတစ်ပါး ပေါ်လာတော့သည်။ သူတို့သည်လည်း မဟာတာအို လေဟာနယ်ချိတ်စည်း အစီအရင်ကြောင့် သက်ရောက်မခံရပေ။ သူတို့က လေထဲ၌ လက်နှစ်ဖက်ကို နောက်ပစ်ကာ ကမ္ဘာဦးကောင်းကင်အရှင်ဘက်က အခြေအနေကို ကြည့်နေသည်။
"အာ"
ရုတ်တရက် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး၏ အံ့ဩသည့် အသံထွက်လာ၏။ သူသည် အံ့ဩသွားသည့် အမူအရာတစ်ခုကို ဖော်ပြလိုက်၏။ သူ၏အကြည့်သည် ချီမင်ပေါ်သို့ ကျရောက်နေသည်။"ငါ သူ့ဆီကနေ မိုးမြေမဟာတာအိုရဲ့ အရှိန်အဝါတစ်စွန်းတစ်စကို ခံစားမိတယ်။"
"ဖြစ်နိုင်တာ..."
ထို ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်သည် သတိဝင်သွား၏။
"မဟာတာအိုကို ကျင့်ကြံခြင်းပဲ။ ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်က မဟာတာအိုကိုကျင့်ကြံတဲ့ တပည့်တစ်ယောက်ကို လက်ခံထားတာပဲ။"
"တကယ့်ကို မမျှော်လင့်ထားတာပဲ။"
"ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်က မဟာတာအိုကျင့်ကြံတဲ့ တပည့်တစ်ယောက်ကို အထူးတလည် ခေါ်လာတာပဲ။ သူ့ကို နတ်ဆိုးကမ္ဘာအရှင်ရဲ့ တပည့်တစ်ဦး ဖြစ်လာစေချင်နေတာလား။"
"ဖြစ်နိုင်တယ်။"
"မဟာတာအိုကျင့်ကြံတဲ့ ပါရမီရှင်တိုင်းက အခြေခံအားဖြင့်တော့ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နယ်ပယ်ထဲကို ခြေချနိုင်တယ်။ နတ်ဆိုးကမ္ဘာအရှင်က သူ့ကို မြင်ရင် တပည့်အဖြစ်လက်ခံလောက်တယ်။"
"ဟုတ်တယ်။ဟုတ်တယ်။"
“…”
ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တို့သည် စတင်တက်တက်ကြွကြွ ဆွေးနွေးကြ၏။ သူတို့ထဲက အများစုသည် ချီမင်၏အခြေအနေကို အံ့ဖွယ်စွမ်းအားများသုံးပြီး တွက်ချက်ကြတော့သည်။ သို့သော် သူ့ကို ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ စွမ်းအားက ဖုံးကွယ်ပေးထားသောကြောင့် တွက်ချက်လို့ မရပေ။ သူတို့သည် ထူထဲသည့် မြူခိုးများကိုသာ မြင်ရ၏။ အဆုံးတွင်တော့ သူတို့က အကူအညီမဲ့စွာ အရှုံးပေးရုံသာ တတ်နိုင်၏။
"သူ...သူ..."
ထိုအခိုက် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး၏အမူအရာသည် အနည်းငယ် ပြောင်းလဲသွားတော့၏။ မြင်ကွင်းက အနီးကပ်သွားသည်။ ထို ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်သည် ပထမအထက်ကမ္ဘာ နတ်ဆိုးဘုရားကျောင်း၏ ဒုခန်းမသခင် ကိုးဦးထဲက တစ်ဦးဖြစ်သည်။
ဖရိုဖရဲနတ်ဆိုးဘုရား:ခိုင်ယာ့။
ချီမင်သည် နတ်ဆိုးဘုရားကျောင်းက အဖွဲ့ဝင်တစ်ယောက်ကို သတ်ဖြတ်ထားသောကြောင့် သူသည် ထို ကမ္မကို ခံစားနိုင်၏။ ကံတရားနှင့် ကမ္မ၏ လွှမ်းမိုးမှုအောက်တွင် ခိုင်ယာ့သည် ချီမင်နှင့်ပတ်သက်သော အခြေခံအချက်အလက်များကို တွက်ချက်နိုင်ပါ၏။
ခိုင်ယာ့သည် ချီမင်နှင့် နတ်ဆိုးဘုရားကျောင်းတို့ကြားက ပဋိပက္ခကို သိသွားတော့သည်။
သူသည် အသက်ပြင်းပြင်းရှုလျက် ခဏလောက်တွေးတောနေလေသည်။" မဟာတာအိုကျင့်ကြံနိုင်တဲ့ ပါရမီရှင်က နတ်ဆိုးဘုရားကျောင်းရဲ့ ရန်သူဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး။"
"ငါတို့ ဘာလုပ်သင့်လဲ။"
" ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့်ဆိုပေမဲ့ သူက အခုမှ အဆင့်ချိုးဖြတ်ထားတာ။ ငါက သဘာဝအတိုင်း ကြောက်စရာ မလိုဘူး။ ဒါပေမဲ့ ချီမင်က နတ်ဆိုးကမ္ဘာအရှင်နဲ့ ပူးပေါင်းသွားရင် ပြဿနာနည်းနည်းရှိလာနိုင်တယ်။"
"မဟုတ်ဘူး"
ခိုင်ယာ့သည် ခေါင်းထပ်မံခါသည်။" ချီမင်က နတ်ဆိုးကမ္ဘာအရှင်ရဲ့ အာရုံကို ဆွဲဆောင်နိုင်ရင်တောင် သူက အမည်ခံတပည့်ပဲ အများဆုံး ဖြစ်နိုင်တယ်။ သူသာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်မဖြစ်လာခဲ့ရင် နတ်ဆိုးကမ္ဘာအရှင်က သူ့ကို ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်တုန်းကလိုမျိုး တပည့်အဖြစ် လက်ခံပေးမှာ မဟုတ်ဘူး။"
"သူက အမည်ခံတပည့်တစ်ယောက်သာသာပဲ။ သူသေသွားရင်ရော။ သူသာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး ဖြစ်မလာရင် အဆုံးမှာ ပုရွက်ဆိတ်တစ်ကောင်ပဲ။"
"ဆရာ" ခိုင်ယာ့၏နောက်က လူငယ်လေးက မေးလိုက်သည်။" တစ်ခုခုမှားနေလို့လားဗျ။"
ခိုင်ယာ့သည် သတိပြန်ဝင်လာကာ သူ၏ ကိုယ်ပိုင်တပည့် ဆလိုင်ယွန်ကို ကြည့်လိုက်၏။ အတွေးတစ်ချက်ဖြင့် သူသည် ချီမင်ကို ညွှန်ပြလိုက်သည်။" ဆလိုင်ယွန် နောက်ကျရင် အဲဒီသူကို ငါ့အတွက် စောင့်ကြည့်ပေးထား။ အခွင့်အရေးသာ ရှိလာရင် တိုက်ရိုက်သတ်ပစ်လိုက်။"
"ဒါက..."
ဆလိုင်ယွန်သည် ကြောင်သွား၏။ သူသည် ချီမင်၏နောက်ကျောဘက်သို့ ကြည့်ကာ အနည်းငယ် အံ့ဩသွား၏။" ဆရာ သူက ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်က ပုရွက်ဆိတ်တစ်ကောင်ပဲလေ။ ကျွန်တော် သူ့ကို လက်တစ်ဖက်တည်းနဲ့ သတ်လို့ရတယ်။"
"ဆရာ မစိုးရိမ်ပါနဲ့။ ကျွန်တော် ဆရာ့ရဲ့အပူကို မျှထမ်းပေးပါ့မယ်။"
ခိုင်ယာ့သည် စိတ်ကျေနပ်စွာ ခေါင်းညိတ်သည်။
ဆလိုင်ယွန်သည် ချီမင်ကို တောက်ပစွာ စိုက်ကြည့်နေကာ တွေးနေလေ၏။" သူက ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်က ပုရွက်ဆိတ်တစ်ကောင်ပဲကို။ ငါကိုယ်တိုင်တောင် တိုက်ခိုက်စရာ မလိုဘူး။ ငါရဲ့ နောက်လိုက်တစ်ချို့ကို လွှတ်ပြီး သတ်လိုက်လို့ရတယ်။ ဒါပေမဲ့ နည်းနည်းတော့ အံ့ဩသွားတယ်။ အဲဒီလို ပုရွက်ဆိတ်လေးတစ်ကောင်က ဆရာ့ကို စော်ကားရဲတယ်ပေါ့။ သူ့မှာ လျှို့ဝှက်ချက်တွေ ရှိနေသေးတာလား။"
"ပြီးတော့..."
"ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်က ဘာပဲဖြစ်ဖြစ် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ပဲ။ ပြီးတော့ သူက နတ်ဆိုးကမ္ဘာအရှင်ရဲ့ တပည့်အစစ်တစ်ယောက်ပဲ။ သူ့တပည့်ကို သတ်ဖို့က ပြဿနာနည်းနည်း ရှိနေသေးတယ်။ ငါတို့ သတိထားဖို့လိုသေးတယ်။"
မြင်ကွင်းက ပြောင်းလဲသွားသည်။
ချီမင်သည် သူ့ဆရာ၏ နောက်က လိုက်နေသည်။ နတ်ဆိုးကြာပန်းစစ်တပ်ခေါင်းဆောင်သည် သူတို့ကို ဦးဆောင်ခေါ်သွားသောကြောင့် မြို့လယ်ခေါင်သို့ လျင်မြန်စွာ ရောက်သွားတော့သည်။
"အခုလေးတင်..."
ချီမင်က မျက်မှောင်အနည်းငယ်ကြုံလိုက်သည်။ သူ ဤနေရာကို လာနေခိုက် တစ်စုံတစ်ခု၏ ပစ်မှတ်ထားခံလိုက်ရသည်ကို ဝေဝေဝါးဝါး ခံစားလိုက်ရ၏။ သို့ပါသော်လည်း သေချာစစ်ဆေးကြည့်တော့ သူသည် ဘာမှကို မရှာနိုင်ပေ။
သူသည် အံ့ဖွယ်စွမ်းအားကို လည်ပတ်ကာ တွက်ချက်ကြည့်ပေမဲ့ မြူခိုးများသာ မြင်နိုင်သည်။
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။" ဒါပေမဲ့ ငါ ဂရုစိုက်နေရဦးမယ်။"
"အရှင်" နတ်ဆိုးကြာပန်းစစ်တပ်ခေါင်းဆောင်သည် ရပ်တန့်သွား၏။ သူသည် ရှေ့က ခြံဝန်းကို ညွှန်ပြလျက် ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်ကို ပြောလိုက်၏။" ဒီခြံဝန်းက လူတိုင်းအတွက် အထူးပြင်ဆင်ပေးထားတာပါ။"
"ကျေးဇူးတင်ပါတယ်..." ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် လက်နှစ်ဖက်ကို ဆုပ်၍ ပြောသည်။
"အရှင့်ကို ကြိုဆိုပါတယ်။" နတ်ဆိုးကြာပန်းစစ်တပ်ခေါင်းဆောင်သည် လက်ဝေ့ယမ်းလျက် ဆိုသည်။"ဒီနေရာကို အပိုင်းလေးပိုင်းခွဲထားပါတယ်။ အပြင်စည်း၊အတွင်းစည်း၊အမွေခံနဲ့ အမွေခံနယ်မြေဆိုပြီးပါ။"
"အရှင်က ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့်ရောက်သွားပြီဆိုတော့ အလိုအလျောက် အမည်ခံတပည့်ကနေ အပြင်စည်းတပည့်အဖြစ် အဆင့်တိုးမြှင့်သွားပါပြီ။ အရှင်က အပြင်စည်းရဲ့သီးခြားခြံဝန်းမှာ နေနိုင်ပါပြီ။"
"ဒါပေမဲ့ အတွင်းစည်း၊အမွေခံ ဒါမှမဟုတ် အမွေခံနယ်မြေတို့ကို ဝင်လို့မရပါဘူး။"
" အရှင်သာ မလိုက်နာရင် အပြစ်ပေးခံရပါလိမ့်မယ်။ အရှင် မှတ်မိမယ်လို့ မျှော်လင့်ပါတယ်။"
ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ရှေ့တည့်တည့် ကြည့်လိုက်၏။ သူ၏မျက်လုံးများသည် သီးခြားခြံဝန်းများကို မြင်လိုက်ရသည်။ ၎င်းတို့သည် တစ်တန်းတည်းတည်ရှိပြီး တစ်ခုနှင့်တစ်ခု နီးကပ်နေကြသည်။ အရေအတွက် အတော်လေး များပြားသည်။
ထို သီးခြားခြံဝန်းများနောက်တွင် သီးခြားကောင်းချီးမြေများ ရှိသည်။ ၎င်းတို့ကလည်း တစ်တန်းတည်းဖြစ်ကာ တစ်ခုနှင့်တစ်ခု နီးကပ်နေကြသည်။ အတော်လေး များပြားပါသည်။
ထိုသီးခြားကောင်းချီးမြေများသည် အတွင်းစည်းတပည့်များသာ ရရှိနိုင်သည့် အကျိုးခံစားခွင့်များ ဖြစ်သည်။
သေချာကြည့်လျှင် ထူထဲသည့် မြူခိုးများကို တွေ့နိုင်ပါ၏။ သီးခြားခွဲထုတ်ထားသည့် စွမ်းအားကြီးအစီအရင်ကြောင့် ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် အတွင်းက အခြေအနေကို မမြင်နိုင်ပေ။