← Chapters

မဟာတာအိုစစ်မှန်ကျမ်း။ ကောင်းကင်နှင့်မြေကြီးစစ်မှန်နဂါးနည်းစနစ်

Vol. 29 Ch. 435

မဟာတာအိုစစ်မှန်ကျမ်း။ ကောင်းကင်နှင့်မြေကြီးစစ်မှန်နဂါးနည်းစနစ်

Vol. 29 Ch. 435

"စီနီယာအစ်မကို အရိုအသေပြုပါတယ်။"

ချီမင်သည် ချက်ချင်းပင် လက်နှစ်ဖက်ကို စုဖွဲ့၍ ချင်ယွီကို နှုတ်ဆက်လိုက်သည်။" ဆိုတော့ စီနီယာအစ်မကိုး။ ကျွန်တော် ခုနက မသိလိုက်လို့ပါ။ စီနီယာအစ်မ ဗွေမယူပါနဲ့လို့ မျှော်လင့်ပါတယ်။"

"နင်က ငါဗွေယူဖို့တောင် ထိုက်တန်သေးလို့လား။"

ချင်ယွီသည် ရယ်မောလျက် ချီမင်ကို အကြိမ်အနည်းငယ် စိုက်ကြည့်လိုက်၏။" နင်က အခုမှ ဆရာရဲ့ အမည်ခံတပည့်ဖြစ်ရုံ ရှိသေးတယ်။ နင်က ဆရာရဲ့ တကယ့်တပည့် မဖြစ်သေးဘူး။ အဲဒါကြောင့် နင်က ငါ့ရဲ့ ဂျူနီယာတပည့်အဖြစ် ယူဆလို့ မရသေးဘူး။"

"စီနီယာအစ်မ မစိုးရိမ်ပါနဲ့။ အနာဂတ်မှာ သေချာပေါက် ဖြစ်လာမှာပါ။"

"ဒါက နင့်ရဲ့ အနာဂတ်စွမ်းဆောင်ရည်ပေါ် မူတည်တယ်။"

ချင်ယွီသည် ပခုံးတွန့်ကာ ပြော၏။" နင်သာ ဒီနတ်ဆိုးကမ္ဘာစုဝေးပွဲမှာ ကောင်းကောင်း ဆောင်ရွက်ပြီး ပထမနေရာကိုသာ ရရင် ဆရာရဲ့ တပည့် တိုက်ရိုက် ဖြစ်သွားနိုင်တယ်။"

"နင် ကောင်းကောင်း ကြိုးစားရမယ်။"

ချင်ယွီသည် ခြေလှမ်းအနည်းငယ် လှမ်းကာ ချီမင်၏ဘေးသို့ လျှောက်လာသည်။ ထူးခြားသော ကိုယ်ငွေ့နှင့် မွှေးရနံ့တစ်ခု ချီမင်၏ နှာခေါင်းနားမှ ဖြတ်သန်း လွင့်ပျံသွားပြီး သူ၏ ပခုံးကို ညှင်သာစွာ ပုတ်သွား၏။

ချင်ယွီ၏ကိုယ်လုံးလေးသည် ဖြည်းညှင်းစွာဖြင့် မှိန်ဖျော့ ပျောက်ကွယ်သွားတော့သည်။

ချီမင်သည် သက်ပြင်းချလျက် ခဏမျှ တွေးတောကာ ဆိုသည်။" ငါက အခု နတ်ဆိုးကမ္ဘာအရှင်ရဲ့ အမည်ခံတပည့်ဖြစ်လာတာပဲ။ ဒီလောက်လွယ်မယ်လို့တော့ မထင်ထားခဲ့ဘူး။"

"ဒါပေမဲ့။"

ချီမင်သည် ခေါင်းခါလိုက်၏။ "ငါက အခု အမည်ခံတပည့် ဖြစ်သွားပြီ။ဒါပေမဲ့ နတ်ဆိုးကမ္ဘာအရှင်ကိုတော့ မတွေ့ရသေးဘူး။ ဒါက ငါ နတ်ဆိုးကမ္ဘာအရှင်ရဲ့ မျက်လုံးထဲမှာ အရေးမပါသေးတာ သိသာတယ်။"

"ငါက ဘောင်မဝင်သေးဘူး။"

"ဒါလည်း ကောင်းပါတယ်။"

ချီမင်က ပြောလိုက်သည်။"တကယ်တော့ ငါလည်း နတ်ဆိုးကမ္ဘာအရှင်က ငါ့ကို အထူးအရေးပေးမှာကို အတော်လေးစိုးရိမ်နေခဲ့တာ။ ငါ့ရဲ့ လျှို့ဝှက်ချက်က မသေးငယ်လှဘူး။ အထက်ကမ္ဘာအရှင်ကိုးပါးထဲက တစ်ပါးအနေနဲ့ နတ်ဆိုးကမ္ဘာအရှင်က ငါ့ရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့သွားရင် ဒုက္ခရောက်သွားနိုင်တယ်။"

သိပ်မကြာခင်မှာပဲ ကောင်းကင်ယံမှ အလင်းတိုင်တစ်တိုင် သက်ဆင်းလာခဲ့ကာ ချီမင်၏အပေါ်သို့ ကျရောက်သွားတော့သည်။ သူ၏ပုံရိပ်က ဘေးခန်းမမှ ပျောက်ကွယ်သွားတော့သည်။

ချီမင်ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဘေးခန်းမ ထောင့်ကလေးမှ အရပ်ရှည်ပြီး ပိန်ပါးသည့် လူငယ်လေးတစ်ဦး လျှောက်ထွက်လာ၏။ သူသည် လက်ပိုက်ထားလျက် သာမန်မျှ ပြောလိုက်သည်။

"နင် ချီမင်ကို ဘယ်လိုတွေးထားလဲ။"

"မဆိုးပါဘူး။" ချင်ယွီ၏ ပုံရိပ်လေးလည်း ပေါ်လာခဲ့သည်။" ကမ္ဘာဦးထက်တော့ ပိုကောင်းတယ်။ ဒါပေမဲ့ သာမန်ပဲ။ "

ထိုအခိုက် နောက်ထပ်မြူဖုံးနေသည့် ပုံရိပ်တစ်ခု လျှောက်လာသည်။ သူ၏ ချောမောသည့် အမူအရာသည် တည်ငြိမ်နေသည်။ သူသည် ဘယ်ဘက်လက်ကို နောက်ပစ်ထားလျက် ညာဘက်လက်တွင်တော့ ယပ်တောင်တစ်ချောင်း ကိုင်ဆောင်ထား၏။ သူ့ဟန်ပန်သည် ကျက်သရေရှိပြီး တည်ငြိမ်အေးဆေးလှသည်။" ခေတ်ပေါင်း(၂၀၀၀၀၀၀)ကြာပြီးတော့ ကမ္ဘာဦးက နောက်ဆုံးအဆင့်ကို မတက်နိုင်ခဲ့ဘူး။ သူက အထက်ကမ္ဘာကောင်းကင်တာအိုအဆင့်နဲ့ပဲ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နယ်ပယ်ကို တက်လှမ်းနိုင်ခဲ့တယ်။ သူက အပြင်စည်းတပည့်အဖြစ်ပဲ အရည်အသွေးပြည့်မီတယ်။"

"ငါကတော့ ချီမင်ကို သူ့ထက်ပိုပြီး မျှော်လင့်ထားတယ်။"

"အတော်လေး ခက်ခဲမယ်လို့တော့ ထင်တယ်။"

"ဘယ်သူက သိမှာလဲ။"

နောက်ထပ် လူအနည်းငယ် ထပ်ပေါ်လာသည်။

နတ်ဆိုးကမ္ဘာအရှင်၏ တပည့်ဖြစ်လာဖို့ လိုအပ်ချက်များသည် အတော်လေး မြင့်မားလှသည်။ ချီမင်သည် နတ်ဆိုးကမ္ဘာအရှင်၏ အမည်ခံတပည့်မျှသာ ဖြစ်သော်လည်း ထိုသူ၏ ကိုယ်ပိုင်တပည့်များသည်ပင် ချီမင်ကို အနည်းငယ် သတိပြုမိကြဆဲပင်။

ခန်းမအပြင်ဘက်တွင်။

နတ်ဆိုးကမ္ဘာ ထာဝရအထွတ်အထိပ်ကောင်းကင်၏ လေဟာနယ်ထဲတွင်။

"ဆရာ။"

ချီမင်သည် သူ၏ အမြင်ဝါးသွားသည်ကို ခံစားမိသည်။ ထို့ကြောင့် သူသည် နေရာရွှေ့ပြောင်းခြင်း စွမ်းအားကို မခုခံနိုင်ပေ။ ထို့အပြင် သူ သတိပြန်ဝင်လာချိန်၌ အပြင်သို့ ရောက်နေပြီဖြစ်သည်။ ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည်လည်း သူ၏ရှေ့တွင် ပေါ်လာသည်။

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်၏ မျက်နှာသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။ သူသည် နတ်ဆိုးကမ္ဘာအရှင်နှင့် တွေ့ဆုံရာ၌ များစွာ အကျိုးရှိခဲ့မှန်း သိသာပါသည်။" ချီမင် မင်းငါ့ကို ဆရာလို့ ထပ်ခေါ်စရာ မလိုတော့ဘူး။"

" အခုကစပြီး မင်းက နတ်ဆိုးကမ္ဘာအရှင်ရဲ့ အမည်ခံတပည့်ဖြစ်သွားပြီဆိုတော့ ငါက မင်းရဲ့ စီနီယာအစ်ကို ကမ္ဘာဦးပဲ။ နားလည်လား။"

"ဒါက..." ချီမင်သည် ခဏမျှ တွေးကာ လက်နှစ်ဖက်ကို စုလိုက်သည်။" ဟုတ်ကဲ့ပါ စီနီယာအစ်ကို ကမ္ဘာဦး။"

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ခေါင်းညိတ်လိုက်တော့သည်။" ကောင်းပြီ။ ပြန်ကြစို့။ ငါတို့ နောက်သုံးနှစ်အတွင်း နတ်ဆိုးကမ္ဘာစုဝေးပွဲစမှာကို စောင့်ရုံပဲ ကျန်တော့တယ်။"

ချီမင်သည် ခေါင်းညိတ်လိုက်သည်။

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် တိုကင်ကို ထုတ်ယူလိုက်၏။ သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ တည်ငြိမ်သည့် ဟင်းလင်းပြင်လမ်းကြောင်းတစ်ခု ပွင့်လာ၏။ ချီမင်သည် ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်နောက်သို့ လိုက်ကာ ပျောက်ကွယ်သွားတော့သည်။

မြင်ကွင်းက ပြောင်းလဲသွားသည်။

ချီမင်နှင့် ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်တို့သည် မရေမတွက်နိုင်သော အချိန်နှင့် နေရာလွတ်သို့ ဖြတ်သန်းကာ အဆုံးမဲ့နေရာသို့ ရောက်ရှိသွား၏။ သူတို့သည် ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ လျှောက်ဝင်သွားပြီး လန်ယာ့အင်မော်တယ်မြို့တော်သို့ ပြန်ရောက်လာခဲ့သည်။သူတို့က အပြင်စည်းအပိုင်း၏ သီးခြားခြံဝင်း အဝင်ဝသို့ ပြန်ရောက်သွားတော့သည်။

"ကျွန်တော်တို့ ပြန်ရောက်လာပြီ။"

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ခေါင်းညိတ်ကာ ခြံဝန်းထဲသို့ လျှောက်ဝင်သွားတော့၏။ ချီမင်သည် လိုက်ပါသွားတော့သည်။

"ဆရာ။"

"ဂျူနီယာမောင်လေး"

"ဆရာတို့ ပြန်ရောက်လာပြီ။"

“…”

ဝါနက်ကောင်းကင်အရှင်၊ ကောင်းကင်အရှင်ယွီလင်းနှင့် ကျန်သောသူတို့သည် အခန်းထဲက ထွက်လာကြသည်။

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်၏အကြည့်သည် အားလုံးအပေါ်သို့ ကျရောက်လာခဲ့ပြီး ညင်သာစွာ ချောင်းဟန့်လိုက်၏။ သူသည် အသံနှိမ့်နှိမ့်ဖြင့် ပြောလိုက်သည်။” ငါ နတ်ဆိုးကမ္ဘာအရှင်ကို ချီမင်နဲ့သွားတွေ့ခဲ့တယ်။ သူက နတ်ဆိုးကမ္ဘာအရှင်ရဲ့ အမည်ခံတပည့်ဖြစ်လာခဲ့ပြီ။ အဲ့တော့ သူက ငါ့ရဲ့ ဂျူနီယာညီလေးပဲ။"

"အခုကစပြီး မင်းတို့ ချီမင်ကို ဆရာဦးလေးလို့ ခေါ်ရမယ်။ နားလည်ကြလား။"

"ဒါက.."

"ထင်ထားတဲ့အတိုင်းပဲ။"

“…”

ဝါနက်ကောင်းကင်အရှင်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်၏။ သူတို့က မအံ့ဩတော့ပေ။ သူတို့က ထိုအရာကို မျှော်လင့်ထားပြီးသားပေ။

"ဂုဏ်ပြုပါတယ် ဆရာဦးလေးချီ။ ဆရာဦးလေးချီကို အရိုအသေပြုပါတယ်။"

ဝါနက်ကောင်းကင်အရှင်တို့က သူတို့၏ လက်များကို စုဖွဲ့ကာ ဦးညွှတ်လိုက်၏။

"ဒါ...ဒါ...ဒါက.."

ချီမင်သည် ထိုအခိုက် ဘာပြောရမှန်း မသိတော့ပေ။ သူသည် ဝါနက်ကောင်းကင်အရှင်တို့၏ အမူအရာကို မြင်သွားတော့ အနည်းငယ် ကူကယ်ရာမဲ့သွားခဲ့သည်။"စီနီယာအစ်ကို အစ်မတို့ အဲဒီလို လုပ်စရာ မလိုပါဘူး။"

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် အသံနှိမ့်နှိမ့်ဖြင့် ပြော၏။" ဘာပဲဖြစ်ဖြစ် မင်းရဲ့ စီနီယာဝါစဉ်ကို ရှုပ်အောင် မလုပ်နဲ့။ သူတို့ ဆရာဦးလေးလို့ ခေါ်ပါစေ။"

"ဒါက.."

ချီမင်သည် ပိုပြီး အကူအညီမဲ့လာသလို ခံစားလိုက်ရ၏။

ခဏအတွင်းမှာပင် သူသည် မျိုးဆက်တစ်ဆက် မြင့်သွားခဲ့သည်။

"ကောင်းပြီ။”

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။" ကိစ္စက ပြီးပြီ။ ‌မင်းတို့ ကောင်းကောင်း ပြင်ဆင်ထားကြ။ နတ်ဆိုးကမ္ဘာစုဝေးပွဲက သုံးနှစ်အတွင်းမှာ စတော့မှာ။ အန္တရာယ်က နေရာတိုင်းမှာပဲ။ မင်းတို့ သတိကို ပေါ့လျော့မထားကြနဲ့။"

" ကျွန်တော် မှတ်သားထားပါ့မယ်။"

"ဆရာ မစိုးရိမ်ပါနဲ့။"

“…”

ဝါနက်ကောင်းကင်အရှင်တို့က သူတို့၏လက်များကို စုဖွဲ့လိုက်၏။

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် အဓိကအခန်းထဲသို့ ပထမဆုံး ဝင်သွားတော့သည်။ ဝါနက်ကောင်းကင်အရှင်တို့ကလည်း သူတို့၏ အခန်းများထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။ ထို့နောက် ချီမင်သည် သက်ပြင်းချလျက် သူ၏အခန်းထဲသို့ ပြန်ဝင်သွား၏။

ချီမင်က လက်ဝေ့ယမ်းကာ သူ၏ပစ္စည်းစာရင်းကိုဖွင့်လိုက်သည်။ အတွေးတစ်ချက်ဖြင့် သူသည် သိုလှောင်လက်စွပ်သုံးကွင်းကို လျင်မြန်စွာ ထုတ်ယူလိုက်၏။

ညာဘက်တွင် သူ၏ ပစ္စည်းများကို ရောင်းချ၍ရသော အဆင့်နိမ့် တာအိုမူလအစ(၁၀၉)ထရီလီယန်ရှိသည်။

အလယ်ဗဟိုတွင်တော့ ရန်သူထံမှ ရသော သိုလှောင်လက်စွပ် ရှိသည်။ အဆင့်နိမ့် တာအိုမူလအစ သန်းငါးသိန်းလေးသောင်း၊ အလယ်အလတ်အဆင့်တာအိုမူလအစ သန်းတစ်ရာ့လေးဆယ်၊ အဆင့်မြင့် တာအိုမူလအစ တစ်သန်းနှင့် အခြားသော အသုံးအဆောင်ပစ္စည်းများ ရှိသည်။

တတိယမြောက် သိုလှောင်လက်စွပ်သည်တော့ ချီမင်ကို ချင်ယွီက ပေးထားခြင်းဖြစ်သည်။ ထိုအထဲတွင် အဆင့်နိမ့်တာအိုမူလအစ တစ်ကွင်ဒရီလီယန်၊ အလယ်အလတ်အဆင့် တာအိုမူလအစ (၁၀၀)ထရီလီယန်၊ အဆင့်မြင့် တာအိုမူလအစ (၁၀)ထရီလီယန်နှင့် ထိပ်တန်းအဆင့် တာအိုမူလအစ တစ်ထရီလီယန် ရှိသည်။

နတ်ဆိုးကမ္ဘာအရှင်သည် အမှန်တကယ်ပင် အထက်ကမ္ဘာ၏နတ်ဆိုးအရှင်ကိုးပါးထဲမှ တစ်ပါးဖြစ်ဖို့ ထိုက်တန်လေသည်။ သူသည် အတော်လေးကို ရက်ရောပါ၏။ ချီမင်သည် အမည်ခံတပည့်သာ ဖြစ်သော်ငြား သူသည် တာအိုမူလအစများစွာ ရလိုက်သေးသည်။

ထို့ပြင် ကျောက်စိမ်းစလစ်သုံးခုလည်း ရှိသေး၏။

ချီမင်သည် ညာဘက်လက်ကို ယမ်းလျက် ကျောက်စိမ်းစလစ်သုံးခုကို ထုတ်ယူလိုက်၏။ ညာဘက်အစွန်းက ခရမ်းနက်ရောင် ကျောက်စိမ်းစလစ်သည် သူ၏လက်ပေါ်သို့ ကျရောက်လာသည်။ ၎င်းက မဟာတာအိုစစ်မှန်အဆောင်တစ်ခုပေ။

"ဒါက..."

အတွေးတစ်ချက်ဖြင့် ချီမင်သည် ထိုအထဲသို့ တာအိုစွမ်းအားများကို ထည့်သွင်းလိုက်၏။ ချီမင်၏စိတ်ထဲသို့ သက်ဆိုင်ရာအချက်အလက်များ ဝင်ရောက်လာခဲ့သည်။ မရေမတွက်နိုင်သော ထရီလီယန်ချီ မှော်စာလုံးများသည် ရောထွေးယှက်နွယ်သွား၏။

နောက်ဆုံးမှာတော့ ထိုစာလုံးများသည် စကားလေးလုံးအဖြစ် ဖွဲ့စည်းသွားသည်။

၎င်းကို မဟာတာအိုစစ်မှန်ကျမ်းဟု ခေါ်ပေသည်။

"ငါ နားလည်ပြီ။"

ချီမင်သည် မဟာတာအိုစစ်မှန်ကျမ်းကို နားလည်သွားတော့သည်။ သူသည် အပြည့်အဝ နားမလည်သေးသော်လည်း နက်နဲမှုအချို့ကို သိနိုင်ပါသေး၏။" ဒီမဟာတာအိုစစ်မှန်ကျမ်းက ကျင့်ကြံခြင်းနည်းစနစ်တစ်ခု မဟုတ်ဘူး။ အံ့ဖွယ်စွမ်းအားလည်း မဟုတ်သေးဘူး။ ဒါက မိုးမြေမဟာတာအိုရဲ့ နားလည်မှုတွေ ဖော်ပြချက်တွေကို မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းပဲ။"

"ဒီနည်းနဲ့ဆို.."

"ငါ မဟာတာအိုစစ်မှန်ကျမ်းကို နားလည်ဆင်ခြင်ရင်း ငါနဲ့ လိုက်ဖက်တဲ့ မဟာတာအိုကျမ်းကို ဖန်တီးလို့ ရတယ်။ နတ်ဆိုးကမ္ဘာအရှင် တိုက်ရိုက်သင်ပေးတာထက်စာရင် ဒီနည်းလမ်းနဲ့ဆို ငါက ကိုယ်ပိုင်ကျင့်ကြံခြင်းနည်းလမ်းကို ဖန်တီးပြီး ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်ထွက်နိုင်တယ်။"

ချီမင်သည် သက်ပြင်းချ၏။"နတ်ဆိုးကမ္ဘာအရှင်ဆိုတဲ့ အတိုင်းပဲ။ သူက ငါ့ကို ဒီလိုအဖိုးတန်တဲ့ မဟာတာအိုစစ်မှန်ကျမ်းကို ပေးလာတာပဲ။ငါက အမည်ခံတပည့်ပဲ ရှိသေးတာကို။"

သူသည် ဒုတိယကျောက်စိမ်းစလစ်ကို ကောက်ယူလိုက်ပြီး ထိုထဲသို့ တာအိုစွမ်းအားများကို ထည့်သွင်းလိုက်၏။ ခရမ်းရွှေရောင်မှော်စာလုံးများသည် နဂါးပုံစံစစ်မှန်အလင်းအလား တောက်ပနေသည်။ ၎င်းတို့က ထူးဆန်းစွာဖြင့် နက်နဲလှပေသည်။

"ဒါက..."

ချီမင်သည် အံ့ဩသွား၏။" ဒါက မိုးမြေစစ်မှန်နဂါးနည်းစနစ်လို့ ခေါ်တဲ့ မဟာတာအိုအံ့ဖွယ်စွမ်းအားပဲ။ လောကကြီးထဲက အရာအားလုံးကို ကိုယ်သုံးဖို့အတွက် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်တယ်။ အတော်လေးကို ပြင်းထန်တယ်။"

"မဆိုးဘူး၊မဆိုးဘူး။"

ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

နောက်ဆုံးကျောက်စိမ်းစလစ်အနေဖြင့်တော့ ချီမင်သည် ထိုအထဲသို့ သူ၏တာအိုစွမ်းအားများကို ထည့်သွင်းလိုက်တော့ သူ၏ လက်ထဲတွင် အလင်းတန်းများ တောက်ပလာသည်။ အလင်းလှိုင်းများသည် မြင့်တက်ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုအဖြစ် စုစည်းသွားတော့၏။

"ဒါက.."

ချီမင်က ထိတ်လန့်သွားသည်။ သူသည် ထိုပုံရိပ်ကို ကြည့်လိုက်သော်လည်း အဆုံးမဲ့ တာအိုစာလုံးတို့ကို ရှာမတွေ့ပေ။ ထိုအစား ထိုသူက သာမန်သေမျိုးလူသားအလားပင်။ သူ့တွင် လေးထောင့်မျက်နှာနှင့် ထူထဲသည့် ဆံပင်များ ရှိသည်။ သူသည် အနက်ရောင်ကိုဝတ်ထားကာ လက်နှစ်ဖက်ကိုတော့ နောက်ပစ်ထားပါ၏။ သူသည် ချီမင်ကို ငုံ့ကြည့်ကာ ဆိုသည်။"မင်းက ချီမင်ပဲ။"

"ခင်ဗျားက"

"နတ်ဆိုးကမ္ဘာအရှင်" ထိုပုံရိပ်က ပြောလိုက်သည်။

"တပည့်ချီမင်က ဆရာ့ကိုအရိုအသေပြုပါတယ်။" ချီမင်သည် ဦးညွှတ်လိုက်၏။

နတ်ဆိုးကမ္ဘာအရှင်သည် ချီမင်ကို အကြိမ်အနည်းငယ်မျှ စူးစိုက်ကြည့်လိုက်၏။"မဆိုးဘူး။ မင်းက တကယ့်ကို မဟာတာအိုကို ကျင့်ကြံတာပဲ။ မဟာတာအိုခန္ဓာတောင် ပိုင်ဆိုင်ထားတယ်။ ပြီးတော့ မင်းက ကိုယ့်လမ်းကို လျှောက်လှမ်းလာခဲ့တာပဲ။ ကမ္ဘာဦးကောင်လေးနဲ့ ယှဉ်ရင် မင်းက ပိုထူးချွန်တယ်။"

“…”

ချီမင်သည် ခေါင်းငုံ့လျက် ဘာမှမပြောပေ။

"ကောင်းပြီ။”

နတ်ဆိုးကမ္ဘာအရှင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။"အရမ်းတွေ စိတ်လှုပ်ရှားမနေနဲ့။ ငါ့အတွက်တော့ အသင်္ချေကမ္ဘာတစ်ခုလုံးမှာရော လေဟာနယ်စကြဝဠာပင်လယ်ကြီးတစ်ခုလုံးမှာရော အရာအားလုံးကို မြင်ခဲ့ပြီးပြီ။"

"ပထမလေဟာနယ်ခေတ်ကာလကနေ အခုဆယ်ခုမြောက် လေဟာနယ်ခေတ်ကာလအထိ ငါရှင်သန်လာခဲ့တာ အတော့်ကို ကြာခဲ့ပြီ။ အသင်္ချေကမ္ဘာတွေမှာ ငါစိတ်ဝင်စားစေမဲ့ ကိစ္စတွေ အများကြီး မရှိတော့ဘူး။"

"ငါ မင်းမှာ လျှို့ဝှက်ချက်တွေ ရှိတယ်ဆိုတာ သိတယ်။ဒါပေမဲ့ ဘယ်မဟာတာအိုကျင့်ကြံသူတွေမှာ လျှို့ဝှက်ချက်ဆိုတာ မရှိလို့လဲ။ ပြီးတော့ ငါကလည်း လိုက်မစုံစမ်းချင်ပါဘူး။"

"ဒါ့အပြင်.."

"ငါက ဂရုလည်း မစိုက်ပါဘူး။"

" ဖြစ်နိုင်တာက ငါပျင်းစရာကောင်းတယ်လို့ ခံစားရလို့ ဖြစ်မယ်။ ခုနစ်ခုမြောက် လေဟာနယ်ခေတ်ကာလကတည်းကနေ ငါ တပည့်တွေ လက်ခံပြီး မဟာတာအိုကို သင်ကြားပေးလာခဲ့တာ။ မင်းအတွက်တော့ မင်းက ငါ့ရဲ့ အကြိမ်(၁၀၀၀၀)မြောက် အမည်ခံတပည့်ပဲ။"

“၁၀၀၀၀”

"အများကြီးလို့ ထင်တယ်မလား။"

"ဒါပေမဲ့ မင်းသိထားရမှာက အဲ့လူ(၁၀၀၀၀)ဆိုတာ သမုဒ္ဒရာထဲက ရေတစ်စက်စာပဲရှိတာ။ ပြီးတော့ လေဟာနယ်ခေတ်ကာလခုနစ်ကြိမ်မြောက်ကမှ စပြီးရေတွက်ထားတာ။"

"ငါက တပည့်တွေလက်ခံဖို့တောင် အရမ်းပျင်းနေပြီ။ ငါလည်း တစ်ခုခု ရှာလုပ်ချင်တယ်။"

"ကောင်းပြီ။” နတ်ဆိုးကမ္ဘာအရှင်သည် ပြောလိုက်၏။"မင်း သိဖို့ လိုတာတွေ အားလုံး ငါပြောပြီးပြီ။ နတ်ဆိုးကမ္ဘာစုဝေးပွဲက စလာတော့မယ်။ မင်းသာ ငါထားခဲ့တဲ့ မိုးမြေဝါနက်ထူးခြားစေတီရဲ့ ထိပ်ဆုံးအဆင့်ကို ဝင်ရောက်နိုင်ရင် ငါမင်းကို ငါ့ရဲ့ ကိုယ်ပိုင်တပည့်အဖြစ် လက်ခံပေးမယ်။"

All Chapters