အလုပ်ရှင်က စိတ်လွတ်နေတာဖြစ်နိုင်တယ်
Vol. 4 Ch. 47
ကျောက်ခဲတစ်လုံးက လှိုင်းတစ်ထောင်ကို လှုပ်ခတ် စေသကဲ့သို့ လူများစွာက လှည့်ကြည့်လာကြပြီး လှေကားပေါ်မှာ ရှိသောလူများပင်လျှင် အနောက်ကို လှည့်ကြည့်လာကြသည်။
"တော်ဝင်မိသားစုဝင်တစ်ဦးကို ဘယ်သူက ပြန်ပေးဆွဲ ရဲတာလဲ၊ အတင့်ရဲလိုက်တာ!"
ရှစ်ဆင့်မြောက်လှေကားပေါ်အထိ တက်လှမ်းပြီးသော မင်းသားသုန်းစံအိမ်မှ ဆက်ခံသူမင်းသား ယန်ဟုန်က ချက်ချင်းပင် ခုန်ဆင်းသွားကာ ပတ်ဝန်းကျင်ကို စစ်ဆေးနေသောအမူအရာဖြင့် စူးစမ်းနေလေ၏။
မင်းသားသုန်းစံအိမ်နှင့် မင်းသားနန်စံအိမ်တို့သည် တော်ဝင်မိသားစုထဲရှိ ယန်မိသားစု၏အခွဲများ ဖြစ်ကြသည်။ သို့ဖြစ်ရာ သူတို့က အတော်လေး နီးစပ်ပေ၏။
သူ့စိတ်ထဲ၌ အမှန်တကယ် ဒေါသထွက်သည် ဖြစ်စေ၊ မထွက်သည် ဖြစ်စေ ယခုအချိန်၌ သူ့သဘောထားကို ပြသရမည်။
မင်းသားနန်စံအိမ်၏ မင်းသမီး ပြန်ပေးဆွဲခံလိုက်ရသည့်အချိန်မှာ သူက မင်းသားသုန်းစံအိမ်၏ ဆက်ခံသူမင်းသားအနေဖြင့် ရတနာများကို သိမ်းပိုက်ရန်သာ အာရုံစိုက်နေလျှင် တော်ဝင်မိသားစု၏ ဘိုးဘေးများက ဒေါသထွက်လာမည်မှာ မလွဲဧကန်ပင်။
ထိုအချိန် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကလည်း သတင်ဆွေးနွေးလာခဲ့ကြသည်။
"ဒီလိုလုပ်ရပ်မျိုးကို ဘယ်သူကများ နေ့ခင်းကြောင်တောင်ကြီး လုပ်ရဲတာလဲ"
"အကြံကြီးချက်ပဲ၊ လူတိုင်းက အမွေအနှစ်အတွက် ယှဉ်ပြိုင်နေကြတော့ မြင်ကွင်းက ရှုပ်ထွေးနေတာ၊ မင်းသမီးချူယွင်ကလည်း လှေကားပေါ်ကို မတက်နိုင်တော့ သူမက လှေကားကိုပဲ အာရုံစိုက်နေခဲ့တယ်၊ ဒါကြောင့် သူမ သတိလက်လွတ် ဖြစ်နေတဲ့အချိန်မှာ အဲ့ဒီလူက တစ်ချက်တည်းနဲ့ အောင်မြင်သွားခဲ့တယ်!"
"ဒါက ကြိုတင်ကြံစည်ထားတာပဲ ဖြစ်ရမယ်!"
"အဲ့ဒီလူက ဘယ်သူလဲ၊ အရင်က သူ့ကို သတိမထားမိ ပါဘူး ပြီးတော့ တော်တော်လေး သာမန်ပဲလားလို့...နာမည်ကျော်ကြားမှုလည်း မရှိဘူး"
လူအများစုက အမွေအနှစ်အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေခဲ့ကြသောကြောင့် လူအနည်းစုကသာဖြစ်ပျက်ခဲ့သမျှကို မြင်ခဲ့ရ၏။
ထို့အပြင် ထိုလူအနည်းငယ်ကလည်း ချင်ကျီကို လုံးဝ မမှတ်မိကြပေ။
ဒါကြောင့် လုပ်နိုင်တာ ဘာမှမရှိ ဖြစ်နေလေသည်။
"သူ့နာမည်က ချင်ကျီပဲ၊ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ တပည့်"
ထိုအချိန်၌ ရှုပ်ထွေးနေသောလူအုပ်ကြီးထဲမှ တစ်စုံတစ်ဦးက အော်ဟစ်လာခဲ့၏။
ချက်ချင်းပင် လူအုပ်ကြီးမှာ တိတ်ဆိတ်သွားလေသည်။
ချင်ကျီ...ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း။
လှေကားပေါ်တွင် ရှိနေသော ကျောက်ယွင်ရှန်းလည်း သူ့မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်မိ၏။
သူ ခေါင်းလှည့်၍ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ရာ ချင်ကျီက တကယ်ပင် ပျောက်ဆုံးနေကြောင်း တွေ့ လိုက်ရပြီး နှလုံးခုန်နှုန်း မြန်သွားခဲ့သည်။
"တကယ်ပဲ အဲ့ဒီကောင်လေး ခေါ်သွားတာထင်တယ်၊ မတိုင်ခင်က သူ့အပြုအမူတွေကို ကြည့်ရင် သူ့မှာရည်ရွယ်ချက်ရှိနေတာ သေချာတယ်"
"ဒါပေမယ့်...ဒီစွပ်စွဲချက်ကို အတည်ပြုလိုက်တာနဲ့ ချင်ကျီအတွက်ရော ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းတစ်ခုလုံးအတွက်ပါ အရမ်း နစ်နာသွားလိမ့်မယ်"
ထို့ကြောင့် သူ လောင်းကြေးထပ်ရန် ဆုံးဖြတ်ကာ လှေကားပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်သည်။ သူ အေးစက်သော အကြည့်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်၏။
"ငါက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ တပည့်ခေါင်းဆောင် ကျောက်ယွင်ရှန်း! ဘယ်က အရေးမပါတဲ့ကောင်က ဒီကောလာဟလကို ဖြန့်နေတာလဲ! ငါနဲ့ မျက်နှာချင်းဆိုင်လာပြီး ရင်ဆိုင်ရဲလား!"
လူအုပ်ကြီးမှာ အံ့အားသင့်သွားရပြီး ချက်ချင်းပင် အချင်းချင်း ကြည့်လိုက်မိကြသည်။
ထိုအရေးမပါသောကောင်မှာ သဘာဝကျစွာပင် ထွက်ပေါ်လာမည်မဟုတ်ပေ။ နောက်ဆုံးမှာတော့ သူကိုယ်တိုင်က ထိုစကားကို အော်ပြောရန်အတွက် ပိုက်ဆံအနည်းငယ်သာ ရထားခြင်းပင်။
ထိုကိစ္စကို အော်ပြောရန်အတွက်သာ တာဝန်ယူထားခဲ့ပြီး နောက်ဆက်တွဲကိစ္စများ၌ ပါဝင်ပတ်သက်ရန် တာဝန်မရှိသလို သတ္တိလည်း မရှိပေ။
အကြောင်းမှာ တော်ဝင်မိသားစု ဖြစ်စေ၊ ကိုယ်ခံပညာခုနစ်ဂိုဏ်း ဖြစ်စေ ထိုနှစ်ခုစလုံးက အလွန့်အလွန်အင်အားကြီးသူများ ဖြစ်ကြပြီး သူ ဘယ်သူ့ကိုမှ မစော်ကားရဲပေ။
"မင်းက သက်သေကို ခြိမ်းခြောက်နေတာလား"
ယန်ဟုန်က ကျောက်ယွင်ရှန်းကို အေးစက်စွာ ကြည့်၍ ပြောလာသည်။
"မင်းတို့အဖွဲ့မှာ အရင်က သုံးယောက်ရှိခဲ့တာ ငါမှတ်မိပါသေးတယ်၊ အခု နှစ်ယောက်ပဲ ကျန်တော့တယ်၊ ပျောက်သွားတဲ့ တစ်ယောက်က ချင်ကျီမဟုတ်ဘူးလား"
"အဓိပ္ပာယ်မရှိတာ!"
ကျောက်ယွင်ရှန်းက အေးစက်စွာ နှာမှုတ်လျက်...
"ဒီတစ်ခါ ဝူရှစ်တိနဲ့ ငါပဲ ကျင့်ကြံဖို့အတွက် ကောင်းကင်မျက်လုံးတောင်ကို ရောက်နေတာ...တတိယလူက ဘယ်ကနေ ပေါ်လာတာလဲ"
သူ လုံးဝ ငြင်းဆိုလိုက်လေ၏။
နယ်မြေအတွင်း၌ သတင်းအချက်အလက်စီးဆင်းမှုက ရှောရှောရှူရှူမဖြစ်ပေ။ လူများက သူ့နာမည်ကို ကြားဖူး ကြသော်လည်း လူကိုယ်တိုင်ကိုတော့ မမြင်ဖူးကြပေ။ ယခင်က သူသည် သူ့ဂုဏ်ပုဒ်အား တက်ကြွစွာဖော်ထုတ်ပြသခဲ့ခြင်းလည်း မရှိခဲ့ပေ။ ထို့ကြောင့် ပတ်ဝန်းကျင်က လူများက သူတို့ကို မမှတ်မိကြသလို သူတို့သုံးယောက်အုပ်စုကိုလည်း ဘယ်သူကမှ အာရုံစိုက်ခြင်း မရှိခဲ့ပေ။
ထိုကြောင့် နှစ်ယောက် ဖြစ်စေ...သုံးယောက် ဖြစ်စေ၊ ဘယ်သူကမှ သေချာမသိနိုင်ပေ။ ထို့အပြင် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကို စော်ကားမိသွားမည့် အန္တရာယ်ကို ယူဆောင်၍ ဘယ်သူကမှ သက်သေမခံရဲပေ။
ယန်ဟုန်ကတော့ မတိုင်ခင်က သူတို့ကို သုံးယောက်အုပ်စုအနေဖြင့် သတိပြုမိခဲ့ပုံရ၏။ သို့သော် ယန်ဟုန် မှာလည်း သက်သေမရှိပေ။
"ဟမ့်! မင်းဝန်ခံသည် ဖြစ်စေ၊ ဝန်မခံသည် ဖြစ်စေ၊ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ချင်ကျီက သံသယရှိတရားခံအဖြစ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး!"
ယန်ဟုန်က အေးစက်စွာ ပြောသည်။
"ဘာလဲ ငါ့ရဲ့ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကို မှားယွင်းပြီးစွပ်စွဲဖို့ ကြိုးစားနေတာလား၊ မင်းက အမည်းကို အဖြူ ဖြစ်အောင် ပြောင်းဖို့ ကြိုးစားနေတာပဲ၊ ဟက်! မင်းမှာ အဲ့ဒီအရည်အချင်းလည်း ရှိပုံမရဘူး"
ကျောက်ယွင်ရှန်း၏ အရှိန်အဝါက ပြင်းထန်လာ၏။
"ရှိလား မရှိလားဆိုတာ ကြိုးစားကြည့်မှ သိမယ်!"
ယန်ဟုန်၏အကြည့်က ရေခဲကဲ့သို့ အေးစက်နေသည်။ သူ့ညာခြေထောက်ဖြင့် မြေပြင်အား ပြင်းထန်စွာ နင်းချလျက် ပင်လယ်ပြင်မှ ထွက်ပေါ်လာသော မြွေတစ်ကောင်ကဲ့သို့ သူ့ခန္ဓာကိုယ်က ကျောက်ယွင်ရှန်းဆီသို့ ပြေးဝင်သွား၏။
"ငါက ကြောက်မယ်လို့ ထင်နေလား!"
ကျောက်ယွင်ရှန်းကလည်း အသံခပ်အုပ်အုပ် ကြိမ်းဝါးလျက် အရှေ့ကို ပြေးထွက်သွားသည်။
"ဘုန်း!!"
နှစ်ဦးစလုံးက တိုက်မိသွားကြပြီး မျက်စိကျိန်းစရာကောင်းသည့် အလင်းနှင့်အတူ အားကောင်းသော တုန်လှုပ်မှုလှိုင်းက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး လေထုကို ချက်ချင်း ဆုတ်ဖြဲကာ အနက်ရောင်လေဟာနယ်ထဲသို့ ထိုးဆင်းသွားလေ၏။
…
တောတောင်အတွင်းတွင်။
ချင်ကျီသည် မြေပြင်နိမ့်ရာ၌ မင်းသမီးချူယွင်ကို သယ်ဆောင်၍ ပျံသန်းနေကာ ထူထပ်လှသောတောအုပ်ကြီးကို ဖြတ်သန်းနေသည့် အနီရောင်မျဉ်း တစ်ခုကဲ့သို့ ဖြစ်နေလေသည်။
ဖျတ်! ဖျတ်! ဖျတ်!
သူက အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး သူ့အရှိန်မှာ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်၏။ လေတိုက်ခတ်မှုကြောင့် မင်းသမီးချူယွင်၏ နားများပင် အူနေလေသည်။
"ရှင်က ဘယ်သူလဲ၊ ဘာလို့ ဒီလို လုပ်နေတာလဲ"
မင်းသမီးချူယွင်က အံကိုကြိတ်လျက် မေးလေ၏။
"တစ်ယောက်ယောက်က မင်းကို သတ်ဖို့ကြိုးစားနေတယ်၊ ကျုပ်က မင်းကို ကယ်နေတာ"
ချင်ကျီက ပျံသန်းရင်း ပြန်ဖြေလိုက်သည်။
"ဟားဟား! ဟာသပဲ၊ နေကိုးလုံးနယ်မြေမှာ ဘယ်သူက များ ကျွန်မကိုသတ်ရဲမှာလဲ"
မင်းသမီးချူယွင်သည် အေးစက်စွာပြုံးလျက် ပြော၏။
စကားပြောနေစဥ်တွင် ရွှေရောင်အလင်းတန်းများက လေထဲ၌ တရွှီရွှီမြည်သံဖြင့် ဖြတ်သန်းသွားကာ အရှေ့မှ သစ်ပင်များစွာကို ချက်ချင်းပင်း အပိုင်းအစငယ်များ ဖြစ်အောင် ပေါက်ကွဲသွားစေလေသည်။
မီးခိုးနှင့် မီးတောက်များက ချင်ကျီ၏လမ်းကို တိုက်ရိုက်ပိတ်ဆို့လာပြီး ထိုသက်ရောက်မှုလှိုင်းကြောင့် သူ့ခန္ဓာကိုယ်မှာ အနောက်သို့ မီတာပေါင်းများစွာ လွင့်စဉ်သွားခဲ့၏။
သူ့ခြေထောက်များက မြေပြင်ပေါ်မှ နှစ်မီတာခန့် အကွာ၌ ရောက်နေချိန်တွင် သူ လှည့်ကြည့်လိုက်ရာ သာမန်မဟုတ် သော 'လူငယ်'ငါးဦးက လေထဲ၌ တစ်တန်းတည်း ရပ်နေကြသည်ကို တွေ့လိုက်ရသည်။
အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှ ကျင့်ကြံသူများ တွင်သာ ရှိသော ရွှေရောင်အရောင်အဝါက သူတို့၏ခန္ဓာကိုယ်များထဲမှ ထွက်ပေါ်နေပြီး သူတို့က ချင်ကျီနှင့် သူ့အဖော်ကို အေးစက်စွာ စိုက်ကြည့်နေကြလေ၏။
"ကျုပ် ပြောခဲ့တယ်...တစ်ယောက်ယောက်က မင်းကို သတ်ချင်နေတယ်လို့"
ချင်ကျီ တိုးတိုးလေး ဆိုလိုက်သည်။
"ဒါ..."
မင်းသမီးချူယွင်က သူမနှုတ်ခမ်းကို ကိုက်၍ ဘာမှမပြောတော့ပေ။ အကြောင်းမှာ သူမကို စိုက်ကြည့်နေသော ထိုအကြည့်များအားလုံးကို ခံစားနေရသောကြောင့်ပင်။
"ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး၊ အဲ့ဒီမိန်းကလေးကို အပ် လိုက်...ဒါဆို မင်းကို အသက်ရှင်ခွင့်ပေးမယ်၊ မဟုတ် ရင်တော့… သေရမယ်!"
လုပ်ကြံသတ်ဖြတ်သူတစ်ဦးက ပြော၏။
ထိုစကားကို ကြားသောအခါ မင်းသမီးချူယွင်က အနည်းငယ်တုန်ယင်သွားသည်။ သူမ၏စိတ်က အနည်းငယ် စိတ်လှုပ်ရှားနေသော်ငြား တိတ်ဆိတ်စွာပင် ရပ်နေခဲ့၏။
ကိုယ်ကျင့်တရားရှုထောင့်မှ ကြည့်လျှင် သူမသည် ဤလျှို့ဝှက်ဆန်းကြယ်သောလူငယ်လေးအား သူမ၏ကံကြမ္မာဖြင့် မထားခဲ့သင့်ပေ။
သူမ တခြားလူများကို သူမနှင့်အတူ ဆွဲခေါ်သွားလို့ မရပေ။
သို့သော်ငြား ဤလျှို့ဝှက်ဆန်းကြယ်သောလူငယ် သည် သူမအား အန္တရာယ်မှ ကယ်ဆယ်ပေးနိုင်လောက်အောင် အားကောင်းနေလိမ့်မည်ကို သူမ မျှော်လင့်နေမိ၏။
ထိုကဲ့သို့အတွင်းစိတ်ပဋိပက္ခက သူမအား စကားမပြောနိုင်အောင် ဖြစ်စေခဲ့သည်။
ထို့ကြောင့် ရွေးချယ်မှုအား သူ့အပေါ်မှာ ချန်ထားပေးလိုက်၏။
သူမကို ကယ်ရန် သူ ရွေးချယ်ပါက သူမ ကျေးဇူးတင် ရလိမ့်မည်။ ကိုယ့်ကိုယ်ကိုယ် ကယ်ရန်အတွက် သူမ ကို စွန့်ပစ်ခဲ့လျှင်လည်း သူမ နားလည်ပေးနိုင်သည်။
သူမ၏အမြင်အရ ထိုလူငယ်သည် သူမအတွက် သူ့အသက်ကို သေချာပေါက် စွန့်စားလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ သူတို့က လုံးဝကို သူစိမ်းများ ဖြစ်သောကြောင့်ပင်။
သူမက ဆွဲဆောင်မှုရှိနေလျှင်တောင် သို့မဟုတ် သူမအား မြင်မြင်ချင်းစွဲလမ်းသွားခဲ့လျှင်တောင် သူ့အသက်ကို လောင်းကြေးထပ်၍ သူမကို ကယ်တင်ရန် မဖြစ်နိုင်ပေ။
ထိုအချိန် ချင်ကျီက သူမကို ချလိုက်ကာ အရှေ့တွင် ရပ်လျက် ကြေညာလိုက်လေသည်။
"သူ့ကို သတ်ဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ဒါက မဖြစ်နိုင်ဘူး"
လူတိုင်းက အံ့အားသင့်သွားခဲ့ကြ၏။ မင်းသမီးချူယွင် အပါအဝင်၊ သူမအရှေ့ကို ပိတ်ဆို့နေသော လူငယ်များကလည်း အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။
ဤသူစိမ်းက ဘာကြောင့်များ သူမအတွက် သူ့အသက်ကို စွန့်စားရန် ဆန္ဒရှိနေသနည်း။
သူက တကယ်ပင်...
ထိုအတွေးကြောင့် သူမ၏အမြဲတစေ တည်ငြိမ်နေသော အပျိုစင်နှလုံးသားမှာ လျင်မြန်စွာ ခုန်လှုပ်လာပြီး သူမ၏ မျက်နှာပေါ်၌ နီမြန်းမှုတစ်ခု ပေါ်လာ၏။
"ဟမ့်! သန့်စင်သောယန်နယ်ပယ်အဆင့်လေးနဲ့ သူရဲကောင်း လုပ်ချင်နေတာလား၊ ဒါဆိုရင် မင်းကိုပါ သတ်ပစ်လိုက်ရလည်း ပြဿနာမရှိဘူး!"
လုပ်ကြံသတ်ဖြတ်သူခေါင်းဆောင်က အေးစက်စွာပြောလာပြီး သူ့ဘေးနားမှ လုပ်ကြံသတ်ဖြတ်သူလေးဦးသည် ချင်ကျီအား တိုက်ခိုက်လာကြသည်။
"ကောင်းကင်လောင်ကျွမ်းခြင်းလက်ဝါး!"
"ကိုးဆလှိုင်း!"
"ကောင်းကင်နှင့်မြေကြီး ညီညွတ်ခြင်း!"
"နဂါးလက်သည်းလက်"
ထိုလုပ်ကြံသတ်ဖြတ်သူများအားလုံးသည် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်များ ဖြစ်ကြ၏။ သူတို့၏တိုက်ခိုက်မှုများက ကောင်းကင်ပေါ်မှ မိုးကြိုးပစ်ချလာသကဲ့သို့ ဖြစ်နေပြီး စွမ်းအင်များ က ပြင်းထန်ကာ ကျောချမ်းစရာကောင်းလှသည်။
"ကောင်းကင်ဖျက်ဆီးလက်သီး!"
ချင်ကျီက အော်ဟစ်လာပြီး သူ့လက်သီးမှာလည်း ရွှေရောင်လျှပ်စီးများဖြင့် တောက်ပနေကာ စွမ်းအင်လှိုင်းများကို အဆက်မပြတ် ထုတ်လွှတ်နေလေ၏။
"ဘုန်း!!"
နားကွဲလောက်အောင် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ဖြစ်ပေါ်လာသည်။ အားကောင်းသော တုန်လှုပ်မှုလှိုင်းသည် ပြင်းအားကြီးမားသော ဒိုင်းနမိုက်ပေါက်ကွဲခြင်းကဲ့သို့ ပတ်ဝန်းကျင်သို့ ပျံ့နှံ့ သွားကာ အထူးပင်ပြင်းထန်ရက်စက်လှ၏။
လုပ်ကြံသတ်ဖြတ်သူငါးဦးမှာလည်း ရွှေရောင်အလင်း တန်းများဖြင့် ဖုံးလွှမ်းလျက် နောက်ပြန်လွင့်သွားခဲ့လေသည်။ ချင်ကျီ၏အကာအကွယ်စွမ်းအင်သည်လည်း ကွဲကြေသွားပြီး သူ သွေးအန်ကာ အနောက်ကို လွင့်စဉ် သွားခဲ့၏။
"သွားမယ်!"
သို့သော် နောက်ပြန်လွင့်ခဲ့ခြင်းက သူ တွက်ချက်ထားသည့်အတိုင်း ဖြစ်နေသောကြောင့် ချက်ချင်းပင် မင်းသမီးချူယွင်ကို ဆုပ်ကိုင်ကာ တုန်လှုပ်မှုလှိုင်း၏ စွမ်းအားကို အသုံးချလျက် အဝေးသို့ ပျံသန်းသွားခဲ့သည်။
ထိုအချိန်အတွင်း တုန်လှုပ်မှုလှိုင်းက ချင်ကျီနှင့် လုပ်ကြံသတ်ဖြတ်သူငါးဦးကို ခွဲခြမ်းနိုင်ခဲ့၏။ တစ်ဖက်စီ နောက်ပြန်လွင့်စဉ်သွားခဲ့သောကြောင့် လုပ်ကြံသတ်ဖြတ်သူများမှာ လိုက်မီနိုင်ခြင်း မရှိခဲ့ပေ။
ဝှစ်!
ချင်ကျီက လျှို့ဝှက်ကျင့်စဉ်တစ်ခုကို အသုံးပြု၍ သူ၏ မြန်နှုန်းကို လျင်မြန်စွာ တိုးမြှင့်လျက် မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားလေသည်။
တုန်လှုပ်မှုလှိုင်း ပျောက်ကွယ်သွားပြီးနောက် လုပ်ကြံသတ်ဖြတ်သူများသည် သူတို့ကိုယ်သူတို့ တည်ငြိမ် အောင် ထိန်းလိုက်ကြသော်လည်း လိုက်ဖမ်းရန်မှာ နောက်ကျသွားပြီဖြစ်၏။
"စောက်ကျိုးနည်း!"
လုပ်ကြံသတ်ဖြတ်သူတစ်ဦးက ဒေါသတကြီးအော်ဟစ်လာသည်။
"မပူနဲ့ အဲ့ဒီကောင်လေးကလည်း သွေးအန်သွားခဲ့တာ၊ သွေးနဲ့ ခြေရာခံလို့ရတယ်"
လုပ်ကြံသတ်ဖြတ်သူခေါင်းဆောင်က ပြော၏။
သူ မြေပြင်ပေါ်ရှိ သွေးကွက်များဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ ထိုင်ချကာ သစ်သားအဆို့ဖြင့် ပိတ်ထားသော ဝါးလုံးငယ်လေးတစ်ခုကို ထုတ်ယူလိုက်၏။
သူ အဆို့ကို ဆွဲထုတ်လိုက်ရာ နောက်ကျောတွင် ရွှေရောင်အစက်သုံးခု ပါရှိသော အနက်ရောင်ပိုးကောင်တစ်ကောင်က ချက်ချင်းပင် တွားသွားထွက်လာလေသည်။
"ခြေရာခံနတ်ဆိုးပိုးကောင်"
"တစ်စုံတစ်ယောက်ရဲ့သွေးနဲ့ ထိတွေ့ ပြီးတာနဲ့ အဲ့ဒီသွေးရဲ့အော်ရာအရ လူကို ရှာဖွေနိုင်တယ်လို့ ပြောကြတယ်"
"ဒီဟာက တော်တော်လေး ဈေးကြီးတယ်၊ တစ်ခါငှား ရင်တောင် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းလောက် ကျတယ်၊ ဘာလို့များ ဒီလောက်အများကြီး သုံးရတာလဲ"
တခြားလူများက နားမလည်သဖြင့် မေးလာကြသည်။
လုပ်ကြံသတ်ဖြတ်သူခေါင်းဆောင်က တည်ငြိမ်စွာ ပြုံးလျက်...
"ငါ ဝယ်ခဲ့တာမဟုတ်ဘူး...အလုပ်ရှင်က ဝယ်ပေးခဲ့တာ၊ သူက ပစ်မှတ်မှာ ထွက်ပြေးဖို့ နည်းလမ်းတွေ အများကြီး ရှိနိုင်တယ်လို့ ပြောတယ်၊ ဒါကြောင့် အာမခံ နည်းနည်းလောက် ထပ်ထည့်ထားတာဆိုပဲ"
လုပ်ကြံသတ်ဖြတ်သူများမှာ သူ့စကားကြောင့် အံ့အားသင့်သွားခဲ့ကြ၏။
အလုပ်ရှင်က တကယ်ပင် အစွမ်းကုန်ကြိုးစားလေ၏။သို့သော်ငြား ထိုမျှ ပမာဏများများသုံးပြီးတာတောင် ဘာကြောင့်များ ပစ်မှတ်ကို မသတ်ရသနည်း။
"အလုပ်ရှင်က ရူးနေတယ်လို့ ထင်မိလား"
**********************