← Chapters

ထုတ်ပြောရရင် ငါက မင်းရဲ့ဦးလေးပဲ

Vol. 4 Ch. 50

ထုတ်ပြောရရင် ငါက မင်းရဲ့ဦးလေးပဲ

Vol. 4 Ch. 50

"မင်း! ရဲတင်းလိုက်တာ!"

ယန်ထူသည် ခဏတာ မှင်တက်သွားပြီးနောက် ဒေါသထွက်ရင်း ရှက်ရွံ့စွာ ပြောလိုက်သည်။

"သူမရဲ့ဂုဏ်သိက္ခာမြင့်မားမှုနဲ့ဆိုရင် ကျုပ်သမီးက သူ့ကို ပြန်ပေးဆွဲရင် ဘာအသုံးဝင်မှာလဲ"

ကျောက်ဖန်လုံက ပြန်ပြော၏။

"ဒါဆိုရင် ချင်ကျီအတွက်ကရော ခင်ဗျားရဲ့သမီးကို ပြန်ပေးဆွဲရင် ဘာအသုံးဝင်တာရှိမလဲလို့ ကျုပ် ပြန်မေးပါရစေ"

"သူ…"

ယန်ထူမှာ လုံးဝစကားမပြောနိုင် ဖြစ်သွားရသည်။ သူ တကယ် တစ်ခုခု ပြောချင်နေသော်လည်း ထိုကဲ့သို့သောကိစ္စမျိုးကို အပြင်မှာ ပြောလို့မရပေ။

ကျောက်ဖန်လုံက ဆက်ပြောလေ၏။

"ခင်ဗျားရဲ့သမီးက တကယ်ကို ရင်သပ်ရှုမောဖွယ်ရာ ကောင်းတယ်ဆိုတဲ့အချက်ကို ငြင်းလို့မရပါဘူး၊ ဒါပေမယ့် ကမ္ဘာပေါ်မှာ လှပတဲ့ အမျိုးသမီးတွေအများကြီးရှိတယ်၊ ကျုပ်ရဲ့ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှာတောင် အလွန်လှပတဲ့ အမျိုးသမီးတပည့်တွေ အများကြီး ရှိတယ်"

"ကျုပ်ထင်တာကတော့ ချင်ကျီက အရမ်းကြီး မိုက်မဲရူးနှမ်းနေရင်တောင်မှ သူ့အသက်ကို စွန့် ပြီး ခင်ဗျားရဲ့သမီးကို ပြန်ပေးဆွဲမှာ မဟုတ်ဘူး"

ယန်ထူတစ်ယောက် လုံးဝ စကားမပြောနိုင်တော့ပေ။ သူ အချိန်အတော်ကြာ စိတ်ထိန်းထားခဲ့ရပြီးမှ ဒေါသတကြီး ပေါက်ကွဲလိုက်သည်။

"အခု နယ်မြေတစ်ခုလုံးက ကျုပ်သမီးကို ချင်ကျီက ခေါ်သွားတယ်လို့ ပြောနေကြတယ်၊ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက ကျုပ်ကို ရှင်းပြချက် မပေးသင့်ဘူးလား"

"မင်းသားနန်ဝမ် တော်ဝင်မိသားစုက ဒီနယ်မြေကို အုပ်ချုပ်နေတယ်ဆိုတာ ကျုပ် သိပါတယ်၊ ဒါပေမယ့် အခုလို အဆင်အခြင်မဲ့ တောင်းဆိုနေတာက လွန်ကဲ နေပြီ မဟုတ်လား"

ကျောက်ဖန်လုံ၏အမူအရာက အနည်းငယ် အေးစက်သွားကာ...

"မင်းသားနန်စံအိမ်ရဲ့ သံချပ်ဝတ်တပ်သား သောင်းပေါင်းများစွာက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကို ဖျက်ဆီးနိုင်လိမ့်မယ်လို့ ခင်ဗျား တကယ် ထင်နေတာလား"

ဝုန်း!

နောက်တစ်ခဏတွင် သူ့ထံမှ လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး မုန်တိုင်းထန်သည့်လှိုင်းများ ပျံ့နှံ့သွားသကဲ့သို့ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖိနှိပ်လိုက်လေ၏။

"ဘုန်း!"

မင်းသားနန်ဝမ်ကို တင်ဆောင်ထားသော ရွှေရောင်လှည်းရထားက လုံးဝပျက်စီးသွားလေသည်။ နတ်ဆိုးသားရဲများ ဆွဲယူထားသော လှည်းရထားအောက်ခြေအနည်းငယ်သာ ကျန်ရှိတော့၏။

လှည်းရထားကို ဆွဲယူထားသော အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှ နတ်ဆိုးသားရဲများသည် ထိုအရှိန်အဝါ၏ ဖိအားကို ခံစားလိုက်ရပြီး ချက်ချင်းပင် လေးဘက်ထောက် ဒူးထောက်လိုက်ရသည်။

ထို့အပြင် စစ်တပ်တစ်ခုလုံးမှာလည်း သူတို့အပေါ်သို့ လေးလံသောဖိအားတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရ၏။ သူတို့၏ခြေထောက်များက မြေကြီးထဲသို့နစ်ဝင်သွားကာ ဒူးထောက်လုနီးပါး ဖြစ်သွားရသည်။ လူတစ်ဦး၏ စွမ်းအားက စစ်တပ်တစ်ခုလုံးကို လွှမ်းမိုးနိုင်ပေ၏။

"ကျောက်ဖန်လုံ မင်း သိပ်မရဲတင်းနဲ့"

ယန်ထူမှာ ထိတ်လန့်သွားခဲ့ရသည်။ ထို့နောက် ဒေါသတကြီး အမျက်ထွက်သွားခဲ့၏။ သူ ကောင်းကင်သို့ ဟိန်းဟောက်လိုက်ရာ သူ့ပတ်ပတ်လည်ရှိ အရှိန်အဝါက မြင့်တက်သွားလေသည်။

အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်လာပြီး ကောင်းကင်ထိ ထိုးဖောက်ဝင်ရောက်သွားလေ၏။ လေပွေတိုက်ခတ်နေသော မိုးတိမ်များက ပတ်ပတ်လည်၌ ဝန်းရံနေလေသည်။

ကျောက်ဖန်လုံ၏ အရှိန်အဝါက မုန်တိုင်းထန်နေသော သမုဒ္ဒရာကြီး ဖြစ်လျှင် ယန်ထူသည် ပင်လယ်ထဲရှိ ကျောက်ဆောင်ကြီးတစ်ခု ဖြစ်၏။ ပုတ်ခတ်နေသော လှိုင်းလုံးများကို မလှုပ်မယှက်လက်ခံ၍ မာန်ပါစွာ ရပ်တည်နေလေသည်။

သို့သော်ငြား တိတိကျကျပြောရလျှင် မင်းသားနန်ဝမ်၏အရှိန်အဝါမှာ ပို၍အားနည်းနေပြီး သူ့ကိုယ်သူ ကာကွယ်ထားနိုင်ရုံသာ ရှိ၏။

စစ်တပ်တစ်ခုလုံးကတော့ ကျောက်ဖန်လုံ၏ ဖိအားကို ခံနေရဆဲ ဖြစ်သည်။ ကျောက်ဖန်လုံတစ်ဦးတည်းဖြင့် ထိုစစ်တပ်ကို သုတ်သင်နိုင်လေ၏။

"မင်းသားနန်ဝမ် ကျေးဇူးပြုပြီး ပြန်လိုက်ပါ၊ သက်သေမတွေ့မချင်း ဒီကိစ္စကို ထပ်မပြောပါနဲ့၊ ကျုပ်တို့ရဲ့ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက သေးငယ်ပေမယ့် ကျုပ်တို့ရဲ့တပည့်တွေ အနိုင်ကျင့်ခံရအောင် လွှတ်ထားမှာ မဟုတ်ဘူး"

ကျောက်ဖန်လုံက တည်ငြိမ်စွာ ပြောလေသည်။

ဝုန်း! ဝုန်း! ဝုန်း!

သူ့စကားများ ပြီးဆုံးသွားပြီးနောက် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏အထဲမှ အားကောင်းသော အရှိန်အဝါများ တစ်ခုပြီးတစ်ခု ကောင်းကင်သို့ ထိုးတက်လာကာ ခမ်းနားကြီးကျယ်စွာ လွှမ်းခြုံသွားခဲ့၏။

ထိုခံစားချက်မှာ တောင်များနှင့် ချိုင့်ဝှမ်းများ ဆက်တိုက်မြင့်တက်လာသကဲ့သို့ ခမ်းနားထည်ဝါကာ ကြီးကျယ်လှပြီး လူအများ၏ စိတ်နှလုံးများကို တုန်ယင်စေလေသည်။

"ကောင်းတယ်! ကောင်းတယ်! ကောင်းတယ်!"

ယန်ထူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားလေ၏။ ထို့နောက် ဒေါသအလွန်ထွက်စွာ ရယ်မောလိုက်သည်။

"ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း ဒါက တော်ဝင်မိသားစုကို စိန်ခေါ်တာလား၊ ဒါဆိုရင်တော့ ကျုပ်ကလည်း တော်ဝင်ဘိုးဘပိုင်ခန်းမကို အစီရင်ခံလိုက်မယ်၊ ဘယ်သူက ဒီနယ်မြေကို တကယ်အုပ်ချုပ်နေလဲဆိုတာကို တွေ့ရမှာပေါ့!"

ထိုကဲ့သို့ ပြောပြီးနောက် သူ အသံခပ်တိုးတိုး အော်လိုက်သည်။

"ဆုတ်ခွာ!"

စစ်တပ်တစ်ခုလုံးက သက်ပြင်းချလိုက်ကြ၏။ ထို့နောက် စစ်သားအားလုံးက ညီညာစွာ လှည့်၍ ယန်ထူကလည်း နတ်ဆိုးသားရဲကို စီးနင်းကာ ဆုတ်ခွာ ရန် ပြင်ဆင်နေကြသည်။

ယခုတစ်ကြိမ်တွင် သူသည် မင်းသားနန်စံအိမ်မှ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တချို့ကို မခေါ် ခဲ့ပေ။ အကြောင်းမှာ သူတို့ကို ခေါ်သွားလည်း ထူးခြား မည် မဟုတ်မှန်း သူသိသောကြောင့်ဖြစ်၏။

တကယ်တော့ ဒီကို မလာခင်မှာ သူ ဆုံးဖြတ်ခဲ့ပြီးသားပင်။ အကယ်၍ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက ခိုင်မာသောသဘောထားကို ပြသ၍ သူ့ကို မျက်နှာသာမပေးခဲ့လျှင် သူသည် တော်ဝင်ဘိုးဘပိုင်ခန်းမ၏ ကြားဝင်ဆောင်ရွက်မှုကို တောင်းဆိုရလိမ့်မည်။

သူ့သမီး ပြန်ပေးဆွဲခံရခြင်းသည် ယန်မိသားစု၏ ဂုဏ်သတင်းနှင့်လည်း သက်ဆိုင်သည်။ ထို့ကြောင့် တော်ဝင်ဘိုးဘပိုင်ခန်းမမှ ထိုအဘိုးအိုများက လက်ပိုက်ကြည့်နေမည် မဟုတ်ဟု သူ ယုံကြည်ပေ၏။

"ဂိုဏ်းခေါင်းဆောင် ဒါက..."

အကြီးအကဲချုပ်ကျားထျန်းဟယ်က စိုးရိမ်ပူပန်မှုကို ပြသလာသည်။ တော်ဝင်ဘိုးဘပိုင်ခန်းမသာ တကယ် ကြားဝင်ပက်သက်လာပါက ဒုက္ခရောက်သွားလိမ့်မည်။

တော်ဝင်ဘိုးဘပိုင်ခန်းမကို ယန်မိသားစုဘိုးဘပိုင်ခန်းမဟုလည်း သိကြပေ၏။ ၎င်းသည် ယန်မိသားစုက တိုင်းပြည်တည်ထောင်ရာ၌ မှီခိုခဲ့သော ခွန်အားဖြစ်သည်။

တော်ဝင်ဘိုးဘပိုင်ခန်းမသည် နယ်မြေ၏ အင်အားစုများကို လွှမ်းမိုးရန် လုံလောက်ပြီး ယခုအခါ နှစ်ပေါင်းနှစ်ထောင်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် တော်ဝင်ဘိုးဘပိုင်ခန်းမ၏ စွမ်းအားသည် သိသိသာသာ ကြီးမားလာလောက်ပေ၏။

"ဟားဟား ကျုပ်တို့လည်း ခွန်အားကို ခွန်အားနဲ့ ရင်ဆိုင်မယ်"

ကျောက်ဖန်လုံက ရယ်မောလျက် ခေါင်းခါယမ်းလာသည်။ ဂိုဏ်းအတွက် ရောက်လာမည့် အကျပ်အတည်းကို သူ အရေးမစိုက်ပုံ ရ၏။

"ကျုပ်တို့ မခံနိုင်ရင် ဘယ်လိုလုပ်မလဲ"

ကျားထျန်းဟယ်က မျက်မှောင်ကြုတ်လျက် မေးလေသည်။

"ဒါဆို ကျုပ်တို့က လက်နက်ချရမှာလား"

ကျောက်ဖန်လုံ ပြန်ပြော၏။ ထို့နောက် သူ ကျားထျန်းဟယ်အား ပြင်းပြင်းထန်ထန် စိုက်ကြည့်လျက် နက်နဲစွာ ပြောလိုက်သည်။

"မာန်မာနထားပြီး ခိုင်ခိုင်မာမာရပ်တည်ရမယ့်အခါကျရင် ခြေတစ်လှမ်းလောက်တောင် နောက်မဆုတ် သင့်ဘူး၊ မခံနိုင်တော့လို့ စစ်မြေပြင်မှာ သေဆုံးသွားရင်လည်း ဒါ သူရဲကောင်းရဲ့ ကံကြမ္မာပဲ"

ကျားထျန်းဟယ်သည် ထိုအကြောင်းကို ကြားသည်နှင့် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘာမှမပြောတော့ပေ။

သူ အခြေခံမူကို နားလည်ပေ၏။

သူတို့၏စိတ်ဓာတ်ခွန်အားကို ကာကွယ်ရန်အတွက် ဘယ်လောက်ပင် ပေးဆပ်ရပါစေ မနှမြောသင့်ပေ။ သို့သော်ငြား နှစ်ပေါင်းသုံးထောင်ကျော် တည်ထောင် ခဲ့သော ဂိုဏ်းကို သူတို့အနေဖြင့် ဘယ်လိုလုပ် လွယ်လွယ်ကူကူ စွန့်ပစ်နိုင်မည်နည်း။

ဤဂိုဏ်းကို ဘိုးဘေးများထံမှ အမွေဆက်ခံခဲ့သော မြေးများထံမှ သူတို့ ဆက်လက်ပြီး ဆက်ခံခဲ့ကြသည်။ သူတို့ တကယ်ပင် ဖျက်ဆီးပိုင်ခွင့်ရှိပါသလော။

အဖြေမရှိပေ။

နှစ်ယောက်စလုံးက စိတ်ပိုင်းဆိုင်ရာ ရုန်းကန်နေကြစဉ် တွင် အကြီးအကဲများအားလုံးကလည်း ချေပရခက်သော အခြေအနေ၌ ရှိနေကြ၏။ ထိုအချိန် အသံ တစ်ခု ထွက်ပေါ်လာသည်။

"မင်းသားနန်ဝမ် ခဏလောက် စောင့်ပါ"

ထိုအသံက မကျယ်သော်ငြားလည်း အားကောင်းလှကာ လူတိုင်းကို ရှင်းရှင်းလင်းလင်း ကြားစေလေ၏။

ရွေ့လျားနေသော စစ်တပ်ကြီးက ရပ်တန့်သွားပြီး နတ်ဆိုးသားရဲပေါ်ရှိ ယန်ထူကလည်း လှည့်ကြည့်လာသည်။

သူတို့သည် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှ အဖြူရောင်အရိပ်တစ်ခု ပျံသန်းထွက်လာသည်ကို မြင်တွေ့ လိုက်ရ၏။ ထိုလူက ကောင်းကင်ထက်တွင် ရပ်နေရင်း အဝေးကနေ စိုက်ကြည့်နေသည်။

"မင်းက ဘယ်သူလဲ"

ယန်ထူသည် မျက်မှောင်ကြုတ်လျက် မေးလိုက်၏။ ထိုချောမောသောလူအပေါ်၌ သူ မကျေမနပ် ခံစားနေရသည်။ သူသည် သူ့ထက် ပိုချောမောသောလူများကို ဘယ်တော့မှ သဘောမကျခဲ့ပေ။

"ချင်ချွမ်း၊ ချင်ကျီရဲ့အဖေ"

ချင်ချွမ်း အပြုံးဖြင့် ပြောလိုက်၏။

"မင်းပဲကို!"

ယန်ထူ၏ မျက်လုံးများထဲ၌ ပြင်းထန်သောအလင်းတန်းတစ်ခု လက်ခနဲ ပေါ်ပေါက်သွားခဲ့သည်။ ထို့နောက် သူသည် ကောင်းကင်ပေါ်သို့ ခုန်တက်လျက် ပင်လယ်ပြင်မှ ထွက်ပေါ်လာသော မြွေတစ်ကောင်ကဲ့သို့ ချင်ချွမ်းဆီသို့ ဦးတည်သွားလေ၏။

"ဝှစ်!"

အလင်းတန်းတစ်ခုက ကောင်းကင်ထိ ထိုးဖောက်လျက် လေပြင်းများကို ဖြစ်ပေါ်စေခဲ့သည်။ ထို့နောက် ခဏအကြာတွင် ကောင်းကင်ယံ၌ မိုးခြိမ်းသံကဲ့သို့သော ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ် လာပြီး ပုံသဏ္ဌာန်တစ်ခုက မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့၏။

"ဘုန်း!"

ဥက္ကာခဲကြီးက မြေပြင်ကို ထိမှန်သွားသကဲ့သို့ မြေကြီးသည် ကွဲအက်ကြေမွသွားကာ ခုနစ်မီတာမှ ရှစ်မီတာ အချင်းရှိသော တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ဗဟိုချက်တွင်မူ လူတစ်ဦးက ဒူးတစ်ဖက်ထောက်ထားလျက် ရှိ၏။

သူက ယန်ထူ ဖြစ်နေသည်။

"အရှင်မင်းသား"

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

မင်းသားနန်စံအိမ်၏ ဗိုလ်ချုပ်များမှာ မယုံကြည်နိုင်စွာ အော်ဟစ်မိသွားလေ၏။ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှ လူအုပ်ကြီးပင်လျှင် ထိတ်လန့်သွားခဲ့ကြသည်။

ကောင်းကင်တက်လှမ်းနယ်ပယ်၊ တတိယအဆင့်မှာရှိသော ယန်ထူက ရှုံးနိမ့်ခဲ့သည့်အပြင် တစ်ချက်တည်းဖြင့် ရှုံးသွားခဲ့ခြင်းပင်။

"အကြီးအကဲချင်ချွမ်း ခင်ဗျား တစ်ကယ်ပဲ ကောင်းကင်တက်လှမ်းနယ်ပယ်ကို ချိုးဖောက်ခဲ့တာလား"

"ဒါပေမယ့် ချိုးဖောက်နိုင်ခဲ့ရင်တောင် ဒီလောက်ထိအားမကောင်းနေသင့်ဘူး၊ ကောင်းကင်တက်လှမ်းနယ်ပယ်၊ ပထမအဆင့်က တတိယအဆင့်ကို အနိုင်ယူနိုင်လို့လား"

"ဒါက ချီစုဆောင်းထားတဲ့ အားထုတ်မှုရဲ့ အကျိုးရလဒ်များလား၊ ဒါကြောင့်ပဲ သူ့ရဲ့အခြေခံအုတ်မြစ်ကို နက်ရှိုင်းသွားစေတာများလား၊ ဒါပေမယ့်...သူက အရမ်းငယ်လွန်းတယ်လေ၊ ဒီအောင်မြင်မှုနှုန်းကပဲ အရမ်းကို အံ့သြစရာ ကောင်းနေပြီ၊ သူ ချီစုဆောင်းထားရင်တောင် ဒီအရွယ်နဲ့ ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်း စုဆောင်းထားနိုင်မှာလဲ"

"မွန်းစတားပဲ တစ်ကယ်ကို မွန်းစတားပဲ!"

ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှ အကြီးအကဲများက ဆွေးနွေးနေကြသည်။ တပည့်များကတော့ မျက်လုံးပြူးကာ အံ့အားသင့်နေကြပြီး သူ့စွမ်းအားကို အသိအမှတ်ပြုနေကြ၏။

ထိုဆွေးနွေးမှုများကို ကြားလိုက်ရသောအခါ ချင်ချွမ်း ၏နှုတ်ခမ်းက အနည်းငယ်ကော့တက်သွားခဲ့သည်။ အကြောင်းမှာ မနေ့က သူ စနစ်၏အသိပေးချက်တစ်ခုကို လက်ခံရရှိခဲ့၏။

"ဒင်! မင်းသားနန်စံအိမ်မှ ကောင်းကင်တက်လှမ်းနယ်ပယ်၊ တတိယအဆင့်ရှိသူ ယန်ထူက မင်းရဲ့သား အပေါ်မှာ သတ်ဖြတ်လိုစိတ်ကို ဖော်ထုတ်ခဲ့ပါတယ်၊ 'ဖခင်တစ်ယောက်၏ မေတ္တာသည် တောင်ကြီးတစ်လုံးကဲ့သို့ပင်' အခြေခံမူအရ မင်းရဲ့ကျင့်ကြံမှုအဆင့်က ကောင်းကင်တက်လှမ်းနယ်ပယ်၊ တတိယအဆင့်ကို တက်သွားပါလိမ့်မယ်၊ အဆင့်တူတွေထဲမှာဆို မရှုံးနိမ့်နိုင်တော့ပါဘူး"

ဒီတစ်ခါမှာ စနစ်သည် လျော်ကြေးပေးသောနည်းလမ်း ကို အသုံးပြုခြင်းမရှိတော့ဘဲ သူ၏ကျင့်ကြံမှုအဆင့်ကို ကောင်းကင်တက်လှမ်းနယ်ပယ်၊ တတိယအဆင့်သို့ တိုက်ရိုက်မြှင့်တင်ပေးခဲ့သည်။

"ချင်! ချွမ်း!!"

ထိုအချိန်၌ ယန်ထူသည် တွင်းနက်ကြီးထဲမှ ဖြည်းညင်းစွာ ထရပ်လာပြီး အံတင်းတင်းကြိတ်ကာ ခေါင်းမော့လာလေ၏။ သူ၏နဂါးဝတ်ရုံက လေမတိုက်ဘဲ တဖျပ်ဖျပ် လွင့်နေပြီး ဆံပင်များကလည်းပြင်းထန်စွာ ဝှေ့ယမ်းနေသည်မှာ ရူးသွပ်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ပင်။

"မင်းသားနန်ဝမ် ဘာကြောင့်များ ဒေါသထွက်နေတာလဲ၊ အခုက ကျုပ်ကို မေးခွန်းထုတ်နေရမယ့် အချိန်မဟုတ်ပါဘူး၊ ကလေးတွေကို အမြန်ရှာမှရမယ်...မဟုတ်ရင် ကလေးနှစ်ယောက်စလုံး အန္တရာယ်နဲ့ ကြုံနေနိုင်တယ်"

ချင်ချွမ်းက လေးနက်စွာ ပြော၏။

"မင်း ဘာကိုဆိုလိုတာလဲ"

ယန်ထူ၏မျက်လုံးများက ကျဉ်းမြောင်းသွားကာ မျက်မှောင်ကြုတ်လျက် မေးခွန်းထုတ်လာသည်။

"သေချာတာကတော့ ချင်ကျီက မင်းသမီးချူယွင်နဲ့အတူရှိနေနိုင်တယ်၊ ဒါပေမယ့် ပြန်ပေးဆွဲတာတော့ မဟုတ်ပါဘူး၊ သူတို့နှစ်ယောက်စလုံး အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်နိုင်တယ်"

ချင်ချွမ်းက သက်ပြင်းချနေ၏။

"ဆိုလိုတာက ဘာလဲ"

ယန်ထူ၏အရှိန်အဝါက အားဖျော့သွားသည်။ သူ့စိတ်ထဲမှ ရှုပ်ထွေးမှုကလည်း ပို၍နက်ရှိုင်းလာလေ၏။

"တကယ်တော့ ချင်ကျီက ကောင်းကင်မျက်လုံးတောင် ကို မသွားခင်မှာ ကျုပ် သူ့ကို ညွှန်ကြားခဲ့တယ်၊ မင်းသမီးချူယွင်က အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရရင် တတ်နိုင်သမျှ သူ့ကို ကယ်ဖို့ပါ"

ချင်ချွမ်းက ရိုးသားစွာ ပြောလိုက်လေသည်။

"ရယ်စရာပဲ! ကျုပ်ရဲ့မင်းသားနန်စံအိမ်နဲ့ မင်းက သူစိမ်းတွေဖြစ်ပြီး ဘယ်တုန်းကမှ အဆက်အသွယ်မရှိခဲ့ဘူး၊ ဘာလို့ မင်းက ကျုပ်သမီးကို ဒီလောက်ဂရုစိုက်နေတာလဲ"

ယန်ထူက အေးစက်စွာ လှောင်ပြောင်ခဲ့၏။

ချင်ချွမ်းကလည်း ဂရုမစိုက်စွာပင် ပေါ့ပေါ့ပါးပါးရယ်မောလေသည်။ ထိုတုံ့ပြန်မှုကို မျှော်လင့်ထားသကဲ့သို့ သူက တည်ငြိမ်စွာ ပြောလာခဲ့၏။

"ဟုတ်ပါတယ် ကျုပ်က မင်းသားနန်စံအိမ်နဲ့ ဆက်ဆံရေးမရှိပါဘူး၊ ကျုပ်တို့တွေ နှစ်ပေါင်းများစွာအထိ အဆက်အသွယ်မရှိခဲ့ဘူး၊ ဒါပေမယ့် အရင်တုန်းက ခင်ဗျားရဲ့အဖေနဲ့ ကျုပ်တို့ကြားမှာ တော်တော်လေးရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တယ်၊ တိတိကျကျပြောရ ရင် ခင်ဗျား ကျုပ်ကို… ဦးလေးလို့ ခေါ်သင့်တယ်"

*************************

All Chapters