← Chapters

မတိုက်ကြနဲ့တော့

Vol. 4 Ch. 51

မတိုက်ကြနဲ့တော့

Vol. 4 Ch. 51

"ရိုင်းစိုင်းတာ! ဒီမင်းသားကို စော်ကားရဲတယ်လား!"

ယန်ထူတစ်ယောက် ဒေါသထွက်သွားတော့သည်။ လူအများကြီး၏အရှေ့တွင် ဒီလူက အခုလိုထင်ရာစိုင်းသောစကားများကို ပြောရဲခဲ့၏။ ၎င်းက သူ့ကို သိက္ခာချနေခြင်းပင်။

ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှ ဂိုဏ်းဝင်များပင်လျှင် အနည်းငယ်မျှ အမူအရာပြောင်းလဲသွားကြသည်။

အကြီးအကဲချင်ချွမ်းက နောက်ပြောင်တာ လွန်သွားပြီထင်တယ်!

"ယုံချင်ယုံ မယုံချင်နေပါ၊ ကျုပ်ကလည်း ခင်ဗျား ယုံကြည်ပေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊ ကျုပ် ခင်ဗျားဆီကနေ ဘာအကျိုးအမြတ်မှ ရချင်တာ မဟုတ်ဘူး၊ ကျုပ်က အမှန်တရားကို ပြောပြရုံတင်"

ချင်ချွမ်းက တည်ငြိမ်စွာ ဆို၏။

"ဒီနေ့ ဒါကို ထုတ်ပြောခဲ့ရတဲ့အကြောင်းရင်းက အခု ကလေးနှစ်ယောက်က အန္တရာယ်နဲ့ ကြုံနေနိုင်လို့ပဲ၊ သူတို့ကို အရင်ရှာရမယ်ဆိုတာကို ပြောပြချင်ရုံ သက်သက်ပဲ"

ယန်ထူက အသက်ပြင်းပြင်းရှူသွင်းလျက် ဒေါသကို ထိန်းချုပ်လိုက်လေသည်။ ထို့နောက် သံသယဖြစ်စွာပြောလိုက်၏။

"မင်း မလိမ်ဘူးဆိုတာကို ဘယ်လို သက်သေပြမှာလဲ"

ချင်ချွမ်းက နှာမှုတ်သည်။

"ဘာလို့ ကျုပ်က သက်သေပြရမှာလဲ၊ ကျုပ်ကမင်းသားနန်စံအိမ်ကို ကပ်ဖို့ ကြိုးစားနေတယ်လို့ ခင်ဗျား ထင်နေတာမလား"

"ဟား! ကျုပ် လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက ကျင့်ကြံမှုမှာ အမှားလုပ်ခဲ့မိလို့ ရွှင်းယန်မြို့လို သေးငယ်တဲ့နေရာလေးမှာ နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ရတယ်၊ အဲ့ဒီလိုခက်ခဲတဲ့နေ့ရက်တွေမှာတောင် ကျုပ်က ဒီဆက်ဆံရေးအပေါ်မှာ မှီခိုဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး"

"အခု ကျုပ်ရဲ့ကျင့်ကြံနိုင်စွမ်းက ပြန်ကောင်းသွားပြီမလို့ ဘာမှလည်း မလိုအပ်နေဘူး၊ ဘာလို့များ ကျုပ်က ခင်ဗျားတို့နဲ့ ဒီဆက်ဆံရေးကို လာတည်ဆောက်ရမှာလဲ၊ ရယ်စရာကောင်းလိုက်တာ!"

"ကျုပ် ခင်ဗျားကို ပြောလိုက်မယ်၊ ယန်ရှုံးနဲ့ ကျုပ်ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တယ်၊ ဒါပေမယ့် မင်းသားနန်စံအိမ်က ဒီငယ်ရွယ်တဲ့မျိုးဆက်တွေကိုတော့ ကျုပ် အသိအမှတ်မပြုဘူး! ခင်ဗျား အခု ကျုပ်ကို ဦးလေးလို့ ခေါ်ရင်တောင်မှ ကျုပ် သဘောတူချင်မှ တူမှာ!"

သူ့အသံက ခိုင်မာစွာ ပဲ့တင်သံထပ်သွားလေ၏။

ချင်ချွမ်းသည် သူ့လက်အကျကို ခါယမ်းလျက် မာန်မာနကြီးစွာ ခေါင်းလှည့်လိုက်သည်။

မင်းရဲ့ဦးလေးက ဒီလောက်အထိကို စွမ်းအားကြီးတယ်!

ဒီလောက်အထိကို မာန်မာနကြီးနိုင်တယ်!

သူ့ပတ်ပတ်လည်၌ တိတ်ဆိတ်မှုက လွှမ်းမိုးသွားခဲ့၏။ လူတိုင်းသည် ထိုမာန်မာနကြီးနေသော ပုံပန်းသဏ္ဌာန်ကို ကြည့်၍ ဘာပြောရမှန်းမသိဘဲ မှင်သက်နေကြလေသည်။

တစ်နည်းအားဖြင့် မယုံနိုင်သလို ဖြစ်နေကြခြင်းပင်။

သို့သော်ငြားလည်း ချင်ချွမ်းက ဟန်ဆောင်နေခြင်း မဟုတ်သည်ကိုလည်း သူတို့ ခံစားနေရ၏။

မင်းသားနန်ဝမ်၊ ယန်ထူပင်လျှင် စိတ်တုန်လှုပ်သွားရသည်။ သူ့အဖေထံ၌ မိတ်ဆွေဟောင်း ရှိခဲ့ဖူးကြောင်း သူ မှုန်ဝါးဝါး မှတ်မိနေမိ၏။

သူ သေချာလေး စဉ်းစားကြည့်မိသည်။

မိတ်ဆွေဟောင်း မရှိခဲ့ပုံပင်။

သူ ပြန်စဉ်းစားကြည့်လိုက်၏။

တကယ် ရှိခဲ့သည့်ပုံပင်။

နောက်တစ်ခါ စဉ်းစားကြည့်ပြန်သည်။

မရှိခဲ့ပေ။

"ဟမ့်! အဓိပ္ပာယ်မရှိလိုက်တာ!"

နောက်ဆုံး၌ တစ်ဝက်လောက် ယုံကြည်သွားခဲ့သော်လည်း မင်းသားနန်ဝမ်သည် သူ၏ ခိုင်မာသောရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့လေ၏။ ချင်ချွမ်းပြောတာ မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ၊ သူ အသိအမှတ်ပြုရန် ငြင်းဆန်မိသည်။

သူတို့က အသက်အရွယ်တူပင်။ ထို့အပြင် ချင်ချွမ်းသည် အိုမင်းမှုကို ဆန့်ကျင်သော ရုပ်ပိုင်းဆိုင်ရာကို ပိုင်ဆိုင်ထားပုံရပြီး သူ့ထက်ပင် အများကြီးပိုငယ်နေပုံ ရ၏။

သူက ချင်ချွမ်းကို ဦးလေးဟု ခေါ်လိုက်လျှင် သူ့မျက်နှာကို ဘယ်နေရာသွားထားရမည်နည်း။

"ကျုပ် ပြောခဲ့သလိုပဲ ယုံချင်ယုံ မယုံချင်နေ! ကျုပ် သတိတော့ပေးလိုက်မယ်၊ အချို့အရာတွေက အမှား လုပ်မိရင် တစ်သက်လုံး ပြန်ပြင်လို့မရတော့ဘူး"

ချင်ချွမ်းက အေးစက်စွာ နှာမှုတ်လျက်...

"ခင်ဗျားက ခင်ဗျားရဲ့သမီးကို ဂရုမစိုက်ရင်တောင် ကျုပ်ကတော့ ကျုပ်သားကို ဂရုစိုက်တယ်! ကျုပ်ရဲ့တံခါးပိတ်ကျင့်ကြံမှုက အခုမှပြီးသွားလို့ ကျုပ်သားကို အခု သွားရှာမှ ဖြစ်တော့မှာ၊ ခင်ဗျား ကျုပ်ကို လာတားလို့မရဘူး"

ထိုကဲ့သို့ ပြောပြီးနောက် သူ တစ်နေရာသို့ ပျံသန်းသွားလိုက်သည်။

"ချင်…"

အကြီးအကဲချုပ်ကျားထျန်းဟယ်၏မျက်ခွံများ လှုပ် သွားခဲ့လေသည်။ သူ ချင်ချွမ်းကို တားဆီးရန် ရည်ရွယ်လိုက်သော်လည်း ဂိုဏ်းခေါင်းဆောင်ကျောက်ဖန်လုံက သူ့ကို တားလာပြီး တိုးတိုးလေး ပြောလေ၏။

"ကျုပ်တို့တွေ သူ့ကို ဒီဂိုဏ်းထဲ ဖိတ်ခေါ်ခဲ့ပြီးမှတော့ သူ့ကို ယုံကြည်ပေးသင့်တယ်"

ကျားထျန်းဟယ်ကမူ ခါးသီးစွာ ပြုံး၍ ခေါင်းညိတ်လေသည်။

သူက ချင်ချွမ်း ထွက်သွားမည်ကို စိုးရိမ်နေခြင်းပင်။ ချင်ကျီက မပြန်လာသေးပေ။ ထိုစဥ် ချင်ချွမ်းကပါ ထွက်သွားလျှင် ချင်ကျီက မင်းသမီးချူယွင်ကို ပြန်ပေးဆွဲခဲ့ခြင်း သို့မဟုတ် သားအဖနှစ်ယောက် ပူးပေါင်းကြံစည်ခဲ့ကြခြင်းဟု မှတ်ယူကြလိမ့်မည်ဖြစ်ပြီး ထိုသားအဖနှစ်ယောက် ထွက်ပြေးသွားပြီးနောက် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက ထိုအပြစ်ကို ခံယူရလိမ့်မည်။

ဂိုဏ်းခေါင်းဆောင်ကျောက်ဖန်လုံသည် ချင်ချွမ်းကို ယုံကြည်ပေးရန် ဆုံးဖြတ်ခဲ့သော်လည်း ယန်ထူကမူ သူ့ကို အခုလိုထွက်သွားခွင့် လုံးဝမပေးနိုင်ပေ။

"ဟမ့်! ကိစ္စတွေက မရှင်းလင်းသေးဘူး၊ ပြီးတော့ ချင်ကျီက အပြစ်ကင်းတယ်လို့လည်း မှတ်ယူလို့မရသေးတာကြောင့် မင်း ဘယ်ကိုမှ သွားလို့မရဘူး!"

ယန်ထူက အေးစက်စွာ ဆို၏။

"အရူး"

ချင်ချွမ်းက လှောင်ပြောင်လာပြီး သူ့ကို လှည့်တောင်လှည့်မကြည့်ဘဲ အဝေးသို့ တိုက်ရိုက်ပျံသန်း သွားလေသည်။

"မင်း ထွက်သွားနိုင်ဖို့ ဒီလောက်မလွယ်ဘူး!"

ယန်ထူ၏မျက်လုံးများက ရက်စက်ပုံပေါ်ပေါက်လာပြီး လေးနက်စွာ အမိန့်ပေးလိုက်လေ၏။

"အတူတူ ရှေ့တက်ပြီး သူ့ကိုတားကြ!"

"အမိန့်အတိုင်းပါ!"

"နားလည်ကြောင်းပါ!"

စစ်တပ်ဖွဲ့စည်းမှု၏ လူတစ်ဒါဇင်ခန့်က ရှေ့တက်လာကြသည်။ အများစုမှာ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ နှောင်းပိုင်းအဆင့်တွင် ရှိကြပြီး သုံးဦးမှာ ကောင်းကင်တက်လှမ်းနယ်ပယ်၏ အစောပိုင်းအဆင့် တွင် ရှိကြလေ၏။

ထို့အပြင် ယန်ထူကပါ သူ့ညာဘက်ခြေဖဝါးကို နင်း လျက် လူတစ်ဒါဇင်ကြားတွင် ဝင်ရောက်လာသည်။ ထိုလူတစ်ဒါဇင်က ကွေးကောက်သောပုံစံကို ဖွဲ့စည်း လျက် ချင်ချွမ်း၏ လမ်းကို ပိတ်ဆို့ကာ တိုက်ခိုက်လာကြ၏။

"ငါ့ကို တားနိုင်မယ်လို့ ထင်နေလား"

ချင်ချွမ်းမှ သူ့ညာလက်လက်ညှိုးဖြင့် အရှေ့သို့ လှုပ် ယမ်းလိုက်ရာ ကောင်းကင်ယံတွင် တောက်ပသော မျဉ်းကွေးတစ်ခုက ကြယ်တာရာများကို ဆက်သွယ် လိုက်သကဲ့သို့ လူတစ်ဒါဇင်လုံးကို ဖုံးအုပ်သွားလေသည်။

"ဒုန်း! ဒုန်း! ဒုန်း!"

"အား!!"

"ငါ့ကျောက်ကပ်!"

ကောင်းကင်တက်လှမ်းနယ်ပယ်၊ပထမအဆင့်မှာရှိသော အကြီးအကဲသုံးဦး အပါအဝင် ထိုအားကောင်းသော လူတစ်ဒါဇင်လုံးသည် သွေးများပန်းထွက် လျက် ဥက္ကာခဲများကဲ့သို့ နောက်ကို လွင့်စဉ်သွားကြ၏။

သို့သော်ငြား ထိုအားကောင်းသော အလင်းတန်းက ယန်ထူကိုမူ မထိခိုက်စေခဲ့ပေ။ သူက ထိုကဲ့သို့ပုံမှန်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့သည်။ သူက ချင်ချွမ်းကို ဆက်လက်တိုက်ခိုက်လေ၏။

ဝှစ်!

သူ့အရှိန်က မယုံနိုင်စရာကောင်းလောက်အောင် လျင်မြန်ပြီး ချင်ချွမ်းမှ ဒုတိယမြောက် လှုပ်ရှားမှုအား မလုပ်ခင်မှာ သူ ရောက်ရှိလာသည်။

"မဟာတန်ခိုးနတ်ဆိုးနှိမ်နင်းလက်သီး!"

သူ့ညာဘက်လက်အား လက်သီးဆုပ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အနီရင့်ရောင်အဖြစ်သို့ ပြောင်းလဲသွားလေ၏။ ၎င်းထဲ သတ္တုရောင်ခြည်များ စီးဆင်းပြီး မဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေလေသည်။

"ဘန်း!"

ထိုလက်သီးက ချင်ချွမ်း၏ အကာအကွယ်စွမ်းအင်ကို တိုက်ရိုက်ချိုးဖျက်ကာ သူ့ရင်ဘတ်ကို ထိမှန်သွားခဲ့ပြီး ရက်စက်သော ဖျက်ဆီးနိုင်စွမ်းဖြင့် ပေါက်ကွဲသွားခဲ့လေ၏။

"ပွက်!"

ချင်ချွမ်းသည် သွေးတစ်လုပ်အား အန်ထုတ်လိုက်ရသည်။ ထို့နောက် သူ့ညာလက်ကို မြှောက်၍ ယန်ထူ၏ ရင်ဘတ်ကို အလားတူ ထိုးချကာ သူ့ကို လွင့်စဉ်စေခဲ့၏။

ထို့နောက် သူ့နှုတ်ခမ်းထောင့်မှ သွေးများကိုပင် သုတ် ရန် မကြိုးစားဘဲ အဝေးသို့ ထပ်မံပျံသန်းသွားလိုက်သည်။ သူ့သား၏ ဘေးကင်းရေးကို အမှန်တကယ် စိုးရိမ်ပူပန်နေသကဲ့သို့ပင်။

"ဒီနေ့ မင်း ဘယ်မှမသွားရဘူး!"

ယန်ထူက အော်ဟစ်လျက် ခွန်အားစုဆောင်းလိုက်လေ၏။ ချင်ချွမ်းအား သွေးထွက်စေသော ထိုလက်သီးချက်က သူ့ယုံကြည်ချက်ကို ပြန်လည်ရရှိစေခဲ့သည်။ ကွာဟမှုက သိပ်မကြီးဘူးဟု ထင်ရ၏။

ပထမဆုံးရင်ဆိုင်မှု၌ သူ ဘာလို့ လွင့်စဉ်ခဲ့လဲဆိုသည့် အသေးစိတ်အချက်ကိုတော့ သူ လျစ်လျူရှုရန် ရွေးချယ်ခဲ့သည်။

နောက်ဆုံးမှာ လူများသည် သူတို့အတွက် အကျိုးရှိသော အရာများကိုသာ ယုံကြည်ရန် အမြဲတမ်းဆန္ဒရှိ ကြပြီး သူတို့ထံ၌ အကြောင်းပြချက်များစွာ ရှိပေ၏။

"ဘုန်း!!"

"ဘန်း!"

"ဘုန်း!!"

နှစ်ယောက်စလုံးက လေထဲ၌ တိုက်မိသွားကြပြီး ရှေ့နောက် ခေါက်တုံ့ခေါက်ပြန်ကူးလူးနေကြကာ တူညီသောစွမ်းအားဖြင့် ဘယ်သူပိုအားကောင်းမှန်း ခွဲခြား၍ မရတော့ပေ။

မင်းသားနန်စံအိမ်၏ အားကောင်းသောသူများသည် ပူးပေါင်းတိုက်ခိုက်ပေးချင်သော်လည်း မကူညီနိုင်ကြခဲ့ကြပေ။ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ အကြီးအကဲများကလည်း ယခုအချိန်၌ မည်သူ့ကို ကူညီပါစေ မသင့်တော်သည်ကို သိကြပေသည်။ ထို့ကြောင့် ဒီလိုသာ ရပ်ကြည့်နေကြ၏။

"ရပ်! ထပ်မတိုက်ကြပါနဲ့တော့!"

ထိုအချိန်၌ မိန်းကလေးတစ်ယောက်၏အသံက အဝေး မှ ရောက်လာပြီး သူသို့အနားသို့ အမြန်ချဉ်းကပ်လာကြသည်။

"ယွင်အာ"

မင်းသားနန်ဝမ်မှာ ရုတ်တရက် အံ့အားသင့်သွားခဲ့ရ၏။ သူ့မျက်လုံးများက ဝမ်းမြောက်ဝမ်းသာမှုကြောင့် တောက်ပသွားခဲ့ပြီး သူ လှည့်ကြည့်လိုက်သောအခါ အနည်းငယ် ဖရိုဖရဲဖြစ်နေသောမိန်းကလေးတစ်ဦးက လျင်မြန်စွာ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

ဒါ သူ့သမီး မဟုတ်ပါလော။

"ဒါ..."

ချင်ချွမ်းကလည်း ထိုမိန်းကလေးကို မြင်သောအခါ ခဏတာမျှ မှင်သက်သွားပြီး ယန်ထူနှင့်အတူ ပျံသန်း သွားခဲ့၏။

"ယွင်အာ...နောက်ဆုံးတော့ ငါ့သမီး ပြန်လာပြီ! တစ်ကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ၊ သမီးကို ပြန်ပေးဆွဲ သွားတာ ချင်ကျီလား"

ယန်ထူသည် သူ့သမီးကို ချက်ချင်းပင် ပွေ့ဖက်မိရာ ပျော်ရွှင်မှုများ ပြန်လည်ရရှိလာသည်ကို ခံစားလိုက်ရသည်။ သူ၏ကျားကဲ့သို့မျက်လုံးများက အနည်းငယ် စိုစွတ်လာပြီးနောက် တလေးတနက် မေးမြန်းလိုက်၏။

"မဟုတ်ပါဘူး၊ တစ်ယောက်ယောက်က သမီးကို သတ်ချင်ခဲ့တာ... ချင်ကျီကသာ သမီးကို ကယ်ခဲ့တာ!"

မင်းသမီးချူယွင်က သူ့အဖေ၏ရင်ခွင်ထဲမှ ထွက်ခွာ ၍ ရှင်းပြလာသည်။

"ချင်ကျီရော ဘယ်မှာလဲ!"

ချင်ချွမ်းလည်း အမြန်ရောက်လာလေ၏။ သူ မိန်းကလေး၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ခဲ့ရာ သူမက နာကျင်စွာ အော်လာမှ သူ အမြန် ပြန်လွှတ်ပေးလိုက်သည်။

"သူ… သူ ပြန်မရောက်သေးဘူးလား"

မင်းသမီးချူယွင်သည် ချင်ချွမ်း၏အသံကို ကြား သောအခါ အနည်းငယ်တုန်ယင်သွားပြီး သူမမျက်နှာ က ချက်ချင်းပင် သေလောက်အောင် ဖြူဖျော့သွားခဲ့၏။ သူမမျက်လုံးများထဲ၌ ထိတ်လန့်နေမှုကို ပြသနေလေသည်။

"ဘာတွေဖြစ်ခဲ့တာလဲ အတိအကျပြောပြပါ!"

ချင်ချွမ်း၏မျက်နှာအမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီး သူ့အသံက ရုတ်ချည်းပင် အဆပေါင်းများစွာမြင့်တက်သွားခဲ့၏။ သားဖြစ်သူက ဘေးဒုက္ခရောက်နေကြောင်း ကြားသိရ၍ စိတ်ဓာတ်ကျသွားခဲ့သော ဖခင်တစ်ဦးကဲ့သို့ပင်။

"ကျွန်မ… ကျွန်မ တောင်ပေါ်မှာ လုပ်ကြံသတ်ဖြတ်သူတွေနဲ့ တွေ့ခဲ့တယ်၊ ချင်ကျီက သူတို့ကို ရှာတွေ့သွားပြီးတော့ ကျွန်မကို ထွက်ပြေးဖို့ ခေါ်သွားခဲ့တယ်၊ ဒါပေမယ့် သူတို့က ကျွန်မတို့ကို အဝေးထိ လိုက်ဖမ်းဆီးခဲ့ကြတယ်၊ နောက်ဆုံးမှာ ကျွန်မ အရင်ထွက်ပြေးနိုင်အောင်လို့ သူက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က လုပ်ကြံသတ်ဖြတ်သူငါးယောက်ကို တစ်ယောက်တည်း ထိန်းထားပေးခဲ့တယ်၊ သူ ပြန်ရောက်နေလောက်ပြီလို့ ကျွန်မ ထင်ခဲ့တာ"

မင်းသမီးချူယွင်က မျက်လုံးများ နီရဲလျက် ပြောပြလာလေ၏။

ဝှစ်!

လောကကြီးက ချက်ချင်း တိတ်ဆိတ်သွားလေသည်။ ထို့နောက် ဆူညံသံများ ဖြစ်ပေါ်လာတော့၏။

ထိုရလဒ်က လူတိုင်းကို ထိတ်လန့်သွားစေသည်။ ထို့အပြင် မင်းသားနန်ဝမ်သည်လည်း နေရာမှာပင် တောင့်ခဲသွားခဲ့၏။

ရုတ်တရက်!

သူ ဉာဏ်အလင်း ရသွားပြန်သည်။ သူ မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

"ယွင်အာ သမီးက လွန်ခဲ့သုံးရက်က အလိုက်ခံခဲ့ရတာ၊ ဒါဆို သမီးက ဒီရက်တွေထဲ ဘယ်နားမှာရှိနေတာလဲ"

*******************

All Chapters