← Chapters

ဟားဟား စိတ်ဝင်စားစရာပဲ

Vol. 4 Ch. 54

ဟားဟား စိတ်ဝင်စားစရာပဲ

Vol. 4 Ch. 54

"ဒီဂူက လျှို့ဝှက်ဆန်းကြယ်တဲ့ပုံပဲ၊ ဝင်ကြည့်ကြရအောင်"

ချင်ချွမ်းသည် မှောင်မိုက်ကာ အုံ့မှိုင်းနေသော ဂူကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

အစပိုင်းမှာ ဂူက သိပ်မနက်ပေ။ သို့သော်ငြား အဘိုးအိုက သူထွက်လာခဲ့ချိန်၌ ကျောက်နံရံတစ်ခုကို ဖောက်ထွင်းခဲ့လေရာ အတွင်းပိုင်းတွင် ပို၍နက်သော ဂူတစ်ခု ဖြစ်သွားခဲ့၏။

နက်ရှိုင်းကာ မှောင်မည်းနေသောဂူတစ်လုံးက အသက်ကိုပင် ဝါးမျိုနိုင်စွမ်း ရှိပုံရသည်။

"ဒါက...အန္တရာယ်မရှိနိုင်ဘူးလား"

ချင်ကျီသည် မဆင်မခြင် မေးလိုက်မိ၏။ သို့သော်ငြား သူ ထိုကဲ့သို့ မေးပြီးနောက် သူ့ကိုယ်သူ ရိုက်မိလုနီးပါး ဖြစ်သွားခဲ့လေ၏။

ရှင်းလင်းနေပြီးသား မဟုတ်ပါလော။

အဖေက ဒီမှာရှိနေမှတော့ ဘယ်လိုလုပ် အန္တရာယ်ရှိ နိုင်မည်နည်း။ ဘယ်နတ်ဆိုး၊ ဘယ်သရဲကများ သူ့အဖေရှေ့မှာ ရိုင်းစိုင်းရဲမည်နည်း။

"သွား မင်း အရှေ့ကနေ သွားလိုက်"

ချင်ချွမ်းသည် သူ့လက်များကို အနောက်မှာ ထား လျက် ရပ်နေပြီး အပြုံးဖြင့် ပြောလိုက်သည်။

ချင်ကျီမှာ ခေတ္တ ကြောင်သွားရပြီးနောက် လျင်မြန်စွာ သဘောပေါက်သွားခဲ့၏။ အဖေက သူ သတ္တိရှိအောင် လေ့ကျင့်ပေးချင်နေတာ သိသာပေသည်။

စောနက အလွန်သတ္တိမရှိသော စကားအား ပြောခဲ့မိပုံကို ပြန်တွေးမိရာ သူ့မျက်နှာက နီမြန်းသွားခဲ့၏။

အဖေက သူ့ကို အလွန်စိတ်ပျက်နေတော့မှာ သေချာသည်။

ထိုကဲ့သို့စဉ်းစားမိသောအခါ သူ ဖြေရှင်းပြရန် ဆုံးဖြတ်ခဲ့၏။ အဖေ့ကို သူ့သတ္တိရှိကြောင်း ပြသရန်နှင့် သူ ချင်ကျီက ကြောက်တတ်သူမဟုတ်ကြောင်း သိစေရန်ပင်။

ထို့ကြောင့် ချင်ကျီသည် ခေါင်းမော့ကာ သူ့ရင်ဘတ်ကို ကော့လျက် ဂူထဲသို့ ဦးတည်လိုက်သည်။

သို့သော်ငြား သတ္တိကို ဘေးဖယ်ထားလိုက်လျှင် ထိုမည်းမှောင်ကာ နက်ရှိုင်းလှသော ဂူကြီးကို ကြည့်၍ ချင်ကျီ၏အသက်ရှူသံက မသိစိတ်မှ အလိုလို လေးလံ လာခဲ့၏။

သူ့ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားလေသည်။ သူသည် ရေခဲပြင်ပေါ် လျှောက်နေသကဲ့သို့ ဂရုတစိုက် နင်းကာ သူ့ခြေထောက်များကို သတိထား၍ ရွေ့လျား လျက် အရှေ့ကို ရှာဖွေစူးစမ်းရင်း လျှောက်သွားခဲ့၏။

ထောင်ချောက်ထဲသို့ ကျမိမည်ကို ကြောက်နေသကဲ့သို့ပင်။

"ဟင်း~"

ထိုအချိန်၌ ချင်ချွမ်းသည် ချင်ကျီ၏အနောက်ကနေ သက်ပြင်းချလိုက်မိသည်။ ထို့နောက် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေပုံဖြင့်...

"မင်းအဖေက ဒီမှာရှိနေတာကို ဘာကြောက်နေတာလဲ"

"ကျွန်တော်"

ချင်ကျီ၏မျက်နှာမှာ နီရဲသွားခဲ့၏။

ချင်ချွမ်းက ပေါ့ပေါ့ပါးပါး ပြောလာသည်။

"ကြောက်ရွံ့မှုကို ကျော်လွှားဖို့ အကောင်းဆုံးနည်းလမ်းက ရင်ဆိုင်ဖို့ပဲ ဒါမှမဟုတ်… စိန်ခေါ်ဖို့ပဲ"

"ကြောက်ရွံ့မှုကို စိန်ခေါ်ရမှာလား"

ချင်ကျီသည် အနည်းငယ် ရှုပ်ထွေးသွားလေ၏။

"ရိုးရိုးပြောရရင် ဒီဂူထဲမှာ ဘာတွေပဲရှိရှိ မင်းမှာ မာန်မာန ရှိရမယ်၊ မင်း လုပ်နိုင်တယ်ဆိုတဲ့ မာန်မာန ရှိ ရမယ်"

ချင်ချွမ်းက ပြောသည်။

"ဒါဆို… ကျွန်တော် ဘာလုပ်ရမလဲ"

ချင်ကျီသည် ဘာလုပ်ရမှန်းမသိ ဖြစ်နေလေ၏။

"ဆဲလိုက်! အဲဒီ မသိနိုင်တဲ့အရာက ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ အားကောင်းကောင်း မင်း အဲ့ဒါကို တန်ဖိုးမရှိဘူးလို့ တွေးရမယ်!"

ချင်ချွမ်း၏ အသံမှာ အားကောင်းလှသည်။ ချင်ကျီမှာ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားရ၏။ ထို့နောက် သူ့မျက်လုံးများက တောက်ပသွားကာ သူ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် သဘောပေါက်ပြီ!"

ထို့နောက် သူ အသက်ပြင်းပြင်းရှူသွင်းကာ ဂူထဲသို့ လျှောက်သွားလျက် စတင်ဆဲဆိုလိုက်၏။

"ဂူထဲက မြေးလေး နားထောင်လိုက်စမ်း! မင်းရဲ့အဘိုးက ဒီရောက်နေပြီ၊ မင်းရဲ့ဘိုးဘေးကြီးပါ ရောက်နေပြီလေ၊ မြန်မြန်လေး ထွက်လာပြီး ငါတို့ကို လာနှုတ်ဆက်စမ်း!"

"မင်း မျက်နှာမပြရဲဘူးလား...မင်းအဖေက တောင်ပေါ်က ဝက်ဝံအရိုင်းနဲ့ အိပ်ခဲ့လို့ မင်းက ဒီလောက်အထိ ရုပ်ဆိုးနေတာလား"

"ဟား ဘယ်လိုတောင်အပြစ်လုပ်ထားတာလဲ! ငါက အိမ်မှာ သူ့အတွက် ဝက်မအုပ်ကြီးတောင် စီစဉ်ထားပြီးပြီကို ဘာလို့များ တောင်ပေါ်မှာ ဒီလို အရှက်ရစရာ လုပ်ရပ်မျိုးကို လုပ်ရတာလဲ…"

ချင်ကျီက စတင်ဆဲဆိုနေလေ၏။ သူ့ထံ၌ ထိုကဲ့သို့အရည်အချင်းမျိုးက တော်တော်လေး ရှိနေပုံရသည်။ထိုမာနကြီးကာ ရိုင်းစိုင်းသော ဆဲဆိုသံများသည် ဂူထဲ၌ ပဲ့တင်သံထပ်လာသောအခါ မသိစိတ်မှ ကြောက်ရွံ့မှု များသည်လည်း တကယ်ပင် အားနည်းသွားခဲ့၏။

ရလဒ်အနေဖြင့် သူ့ဟန်ပန်က တဖြည်းဖြည်း ဖြောင့်မတ်လာပြီး သူ့ခြေလှမ်းများက ပို၍ခိုင်မာလာသည်။ ယခင်ကလို သတိထားနေခြင်း မရှိတော့ပေ။

ချင်ချွမ်းသည် သူ့သား၏ ဆဲဆိုခြင်းစွမ်းရည်များကို ကြားသောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။

ထိုနည်းက အလွန်လုံခြုံပေ၏။

သို့သော်ငြား ချင်ချွမ်း၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်စွာပင် ဂူက ရှည်လျားပြီး မှောင်မည်းနေသော်ငြား ပုန်းအောင်းနေသော နတ်ဆိုးများ သို့မဟုတ် တစ္ဆေများမရှိခဲ့ပေ။

သူတို့နှစ်ဦးသည် ကြာမြင့်စွာ လမ်းလျှောက်ခဲ့ကြသော်လည်း ဘာအန္တရာယ်မှ မတွေ့ခဲ့ပေ။

နောက်ဆုံးတွင် သူတို့သည် ဂူအဆုံးသို့ ရောက်ရှိလာခဲ့ကြ၏။ ဂူအဆုံးတွင် ကျဉ်းမြောင်းသော အက်ကွဲကြောင်းတစ်ခု ပွင့်နေပြီး အဖြူရောင်အလင်းတန်း တစ်ခုက တောက်ပနေကာ အရှေ့မှ မြင်ကွင်းကို လင်းထိန်စေခဲ့သည်။

၎င်းက ကြီးမားသော ကျောက်တံခါးကြီးပင်။

ထိုကျောက်တံခါးသည် ဆယ်မီတာကျော် မြင့်ပြီး ခုနစ် မီတာမှ ရှစ်မီတာထိ ကျယ်ဝန်းကာ ရှေးကျပြီး ရိုးရှင်း ပေ၏။ ထို့ပြင် မျက်နှာပြင်ပေါ်၌ အမျိုးမျိုးသော ရက်စက်သည့် သားရဲပုံများကိုလည်း ထွင်းထုထားကာ ထိုသားရဲများ၏ ရက်စက်ကြမ်းတမ်းမှုကို အသုံးပြု၍ အထဲမှ တစ်စုံတစ်ခုအား နှိမ်နင်းရန် ရည်ရွယ်ထားပုံ ရသည်။

"အဖေ ဒါက..."

ချင်ကျီ သူ့အဖေကို ပြန်လှည့်ကြည့်လိုက်၏။ ချင်ချွမ်းသည် ကြီးမားသောကျောက်တံခါးကို ကြည့် ၍ မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိသည်။ ထို့နောက် အရှေ့ကို လှမ်းကာ သူ့ညာဘက်လက်ကို တံခါးပေါ်၌ ပေါ့ပေါ့ပါးပါး တင်လိုက်၏။

သူ့နဖူးမှ အလင်းတန်းထုတ်လွှတ်လာပြီး အားကောင်းသောနတ်ဘုရားဝိညာဉ်စွမ်းအားသည် သူ့လက်ဖဝါးမှတဆင့် တံခါးပေါ်သို့ ပျံ့နှံ့သွားခဲ့သည်။

သူ အနည်းငယ် စမ်းသပ်ကြည့်ချင်ပေ၏။

"ဘုန်း!"

သို့သော်ငြား သူ၏ အာရုံခံစားမှုအား မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားသော စွမ်းအင်စီးကြောင်းကြီးတစ်ခုက ရိုက်ခတ်လာပြီး သူ၏ နတ်ဘုရားဝိညာဉ်စွမ်းအားကို တိုက်ရိုက်ချိုးဖျက်လိုက်လေသည်။

ထို့အပြင် ထိုစွမ်းအင်စီးကြောင်းက သူ့ကို တန်ပြန်တိုက်ခိုက်ချင်နေလေ၏။ ထိုပြင်းထန်သောစွမ်းအား တစ်ခုက သူ့ကို နေရာမှာပင် သွေးအန်လုနီးပါး ဖြစ်စေခဲ့သည်။

သို့သော်ငြား သူ့တန်ထျန်းထဲမှ အကျဥ်းထောင်နှိမ်နင်းခြင်းဒယ်စောက်က တုန်ခါလာပြီး ဖိနှိပ်သောစွမ်းအား ကို ထုတ်လွှတ်ကာ ထိုစွမ်းအင်စီးကြောင်းကို တန်ပြန် ချိုးဖျက်ပေးခဲ့လေ၏။

ဒီလောက်နီးကပ်မှု!

သူ မျက်နှာပျက်လုနီးပါး ဖြစ်သွားခဲ့သည်။

သူ စိတ်ထဲမှာ ထိတ်လန့်နေသော်လည်း သူ့မျက်နှာပေါ်တွင်မူ အမူအရာမပြသထားဘဲ သူ၏ ပုံမှန်တည်ငြိမ်နေသောအမူအရာကိုသာ ဆက်လက်ထိန်းသိမ်းထားခဲ့၏။

သူ့လက်ဖဝါးကို ဖြည်းညင်းစွာရုတ်သိမ်းလိုက်သည်။ ထ်ု့နောက် သူ့လက်များကို အနောက်မှာ ထားလျက် ဘာမှမဖြစ်ခဲ့သကဲ့သို့ တည်ငြိမ်သောအမူအရာဖြင့် ရပ်နေခဲ့၏။

"အဖေ ဘယ်လိုနေလဲ"

ချင်ကျီက စိတ်အားထက်သန်စွာ မေးလာသည်။

ချင်ချွမ်းက သူ့ကို ပြန်မဖြေပေ။ ထိုအစား သူက ကျောက်တံခါး၏ ထိပ်ကို မော့ကြည့်နေပြီး သူ့မျက်နှာ ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုပေါ်လာလေ၏။

"ဟဲဟဲ စိတ်ဝင်စားစရာကောင်းသား"

ထို့နောက် ချင်ကျီမှ ထပ်မမေးခင်တွင် သူ ချင်ကျီကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။

"မမေးနဲ့...မင်းရဲ့လက်ရှိခွန်အားနဲ့ဆိုရင် ဒီအကြောင်းသိတာက အဓိပ္ပာယ်မရှိဘူး၊ ပြီးတော့ မင်း ကို ပိုပြီးဒုက္ခပေးလိမ့်မယ်"

"အထဲမှာ ကြီးမားတဲ့အခွင့်အရေးရှိတယ်၊ သေချာပေါက် ဒါက အဖေ့အတွက် အများကြီးအသုံးမဝင်ဘူး ဒါကြောင့် အနာဂတ်မှာ မင်းကိုယ်တိုင် ရယူနိုင်ဖို့ ချန်ထားခဲ့လိုက်မယ်"

ထိုသို့ပြောပြီးနောက် သူ့မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို ဆင်မြန်းလျက် လှည့်ထွက်လာခဲ့၏။ သူ့ခြေလှမ်းများက ကျက်သရေရှိကာ တည်ငြိမ်ပေသည်။

"ကြီးမားတဲ့အခွင့်အရေး!"

ချင်ကျီသည် သူ့နှုတ်ခမ်းကို လျှာသပ်လိုက်မိပြီး အသက်ရှူနှုန်းများ ပြင်းထန်သွားခဲ့၏။ သဘာဝကျစွာပင် သူသည် သူ့အဖေ၏စကားများကို သံသယမရှိ ယုံကြည်ပေသည်။

သူ ပြောနိုင်သည်မှာ...

မတိုင်ခင်က အဖေသည် သူ့လက်ကို ကျောက်တံခါး ပေါ်သို့ တင်လိုက်စဥ်၌ သူ မသိသော လျှို့ဝှက်နည်းလမ်းတချို့ကို အသုံးပြုပြီး အထဲမှာ ဘာရှိလဲဆိုတာကို သိရှိခဲ့မှာ သေချာ၏။

"သွားကြစို့ မင်းအဖေက မင်းကို နောက်မှပြန်လာဖို့ ပြောခဲ့တယ်၊ ဆိုလိုတာက မင်း အခု ဝင်လို့မရသေးဘူး... ဝင်နိုင်ရင်တောင် အသုံးဝင်သေးမှာ မဟုတ်ဘူး"

ဆံပင်ရွှေရောင်နှင့်အမျိုးသမီးက ပြောသည်။

"ဟုတ်!"

ချင်ကျီ ခေါင်းညိတ်လိုက်လေ၏။ သူ ကျောက်တံခါး ကို မချင့်မရဲ ထိမိရာ စူးရှသောနာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။

သူ့ညာဘက်လက်ကို အမြန် ရုတ်သိမ်းလိုက်ရာ အပ်နှင့် ထိုးခံထားရသကဲ့သို့ သွေးထွက်နေသည်ကို တွေ့ရှိလိုက်ရ၏။

"ဒါက တကယ် ထူးဆန်းတာပဲ"

ချင်ကျီသည် အသက်ပြင်းပြင်းရှူသွင်းလျက် စိတ်ဝင်စားမှုကို ထိန်းချုပ်ကာ ဂူထဲမှ အမြန် ထွက်ခွာလာခဲ့သည်။

သူ မသိခဲ့သည်မှာ...

သူ ထွက်သွားပြီးနောက် ကျောက်တံခါးသည် သူချန်ထားခဲ့သော သွေးကို စုပ်ယူခဲ့ခြင်းပင်။ ထို့နောက် ၎င်းပေါ်မှ ပုံစံများက အသက်ဝင်လာပြီး ကျောက်တံခါးက ပွင့်လာခဲ့၏။

သို့သော်ငြား ဘယ်သူမှ မဝင်လာသည်ကို တွေ့ရှိခဲ့သောကြောင့် ခဏအကြာတွင် ပြန်ပိတ်သွားခဲ့သည်။

…

ချင်ချွမ်းမှ ချင်ကျီကို ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းသို့ ပြန်ခေါ်လာသောအခါ သူတို့သည် ချက်ချင်းပင် လူအများကြီး၏အာရုံကို ဆွဲဆောင်နိုင်ခဲ့၏။

နောက်ဆုံးမှာ အခုလိုကြီးမားသည့်ကိစ္စမျိုး ဖြစ်ပွားခဲ့ပြီး ထိုကိစ္စ၏အရေးကြီးနေရာတွင် ချင်ကျီ ရှိနေခဲ့သည်။

ထို့ကြောင့် လူတိုင်းသည် အဓိကဇာတ်ဆောင် ပြန်လာ ချိန်၌ ပြောင်းလဲမှုများ ရှိမရှိ ကြည့်ချင်ခဲ့ကြပြီး သူတို့က သူ့ကိုလည်း သိကျွမ်းချင်နေပုံ ရ၏။

"ဝိုး! သူက ချင်ကျီရှစ်ရှုန်းပဲ၊ အရင်က ငါ သတိမထားမိခဲ့ဘူး... သူက တကယ်ကို ချောတာပဲ!"

"သူက ခွန်အားလည်းကောင်းတယ်"

"ဟုတ်တယ် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က ကျင့်ကြံသူငါးယောက်ကို တားဆီးပြီး အောင်အောင်မြင်မြင် ထွက်ပြေးနိုင်တာက မှတ်တမ်းကောင်းတစ်ခုပဲလေ"

"သူနဲ့ ကျောက်ရှစ်ရှုန်းဆိုရင် ဘယ်သူက ပိုအားကောင်းတယ်လို့ မင်း ထင်လဲ"

"အင်း… ကျောက်ရှစ်ရှုန်းက အမြဲတမ်း ဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင် ဖြစ်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ ပြောဖို့ခက်တယ်"

"ဟေး ကျောက်ရှစ်ရှုန်း ရောက်လာပြီ!"

မကြာခင်မှာပင် တိတ်ဆိတ်စွာ လမ်းလျှောက်လာသော ပုံသဏ္ဌာန်တစ်ခုကို တစ်စုံတစ်ယောက်က မြင်လိုက်လေသည်။ သူက ကျောက်ယွင်ရှန်းပင်။

ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ ထိပ်တန်းပါရမီရှင်သည် အလျင်စလို လမ်းလျှောက်နေပြီး ထိုဆွေးနွေးမှုများကို မကြားမိသလို ပြုမူကာ သူ့ကိုလည်း မြင်စေချင်ပုံ မရပေ။

သို့သော်ငြား သူ ဝိုင်းရံခံခဲ့ရ၏။

"ကျောက်ရှစ်ရှုန်း အစ်ကိုနဲ့ ချင်ကျီရှစ်ရှုန်းဆိုရင် ဘယ်သူက ပိုအားကောင်းလဲဆိုတာကို ကျွန်တော်တို့တွေ ခန့်မှန်းနေကြတာ၊ အစ်ကိုရော ဘယ်လိုထင်လဲ"

တပည့်တစ်ဦးက ပြုံး၍ မေးလာသည်။

သူ မေးရဲရသည့် အကြောင်းရင်းမှာ ကျောက်ရှစ်ရှုန်းက စိတ်ထားနူးညံ့ပြီး ထိုကဲ့သို့ကိစ္စများကို ဘယ်တော့မှ အရေးမစိုက်ခဲ့မှန်း လူတိုင်းက သိနေသောကြောင့်ပင်။

"ဟားဟား ငါတို့က မတိုက်ဖူးဘူးလေ ဘယ်လိုလုပ်သိမှာလဲ"

ကျောက်ယွင်ရှန်းက အပြုံးဖြင့် ခေါင်းခါယမ်းလျက် ညင်သာစွာ ပြောလေသည်။

"ဒါ့အပြင် ငါတို့အားလုံးက ညီအစ်ကိုမောင်နှမတွေပဲ၊ ဘယ်သူက ပိုအားကောင်းလဲ ပိုအားနည်းလဲဆိုတာက တကယ် အရေးကြီးလို့လား"

"ကျောက်ရှစ်ရှုန်းပြောတာ မှန်တယ်၊ ဒါပေမဲ့ စကားပုံ ရှိသလိုပေါ့...'စာပေမှာ ပထမ မရှိရင် သိုင်းပညာမှာလည်း ဒုတိယမရှိ' တဲ့၊ ဒါကို ရှင်းရှင်းလင်းလင်းသိရဦးမယ်လေ"

တပည့်တစ်ဦးက ဇွဲမလျှော့ဘဲ ပြောလာခဲ့၏။

"လျှောက်ရမယ့်လမ်းက ရှည်လျားတယ်၊ ပိုအားကောင်းတာမျိုး ပိုအားနည်းနေတာမျိုး ရှိခဲ့ရင်တောင် ခဏပါပဲ၊ ဘာလို့ ဒီလောက်အထိ အလေးအနက်ထားရမှာလဲ"

"အခု အားကောင်းနေလို့ မာန်မာနကြီးပြီး ကျေနပ်နေမယ်ဆိုရင် တခြားလူတွေက ကျော်တက်သွားနိုင်တယ်၊ အခု အားနည်းနေတဲ့လူတွေအနေနဲ့လည်း ဇွဲရှိရှိကျင့်ကြံရင် အားကောင်းတဲ့လူတွေကို မီလာနိုင်တယ်၊ ဒါကြောင့်… ဒီကိစ္စတွေကို စိတ်ပူနေမယ့်အစား ကိုယ့်ရဲ့ကျင့်ကြံမှုကို အာရုံစိုက်တာပဲ ပိုကောင်းတယ်!"

ကျောက်ယွင်ရှန်းက ရယ်မောလျက် ဆုံးမလာသည်။ ထို့နောက် ထိုတပည့်တစ်ဦးချင်းစီ၏ ခေါင်းများကို ပေါ့ပါးစွာ ပုတ်လျက် ဟန်ပန်အပြည့်ဖြင့် ထွက်လာခဲ့လေ၏။

ထိုလူများက အနည်းငယ် ကြောင်အသွားလေသည်။ထို့နောက် ဖြည်းဖြည်းချင်း သတိပြန်ဝင်လာကာ ကျောက်ယွင်ရှန်း၏ ကျော့ရှင်းသောပုံရိပ်ကို ငေးကြည့်လျက် သူ ပုတ်ခဲ့သော နေရာများကို ထိကြည့်နေကြ၏။

"ကျောက်ရှစ်ရှုန်းက ရည်မွန်လိုက်တာ"

"ဟုတ်တယ် ဟုတ်တယ်"

"ငါလည်း ထပ်တူခံစားရတယ်"

သူတို့၏နှလုံးသားများက အနည်းငယ်ပူနွေးသွားသလို ခံစားခဲ့ရပေသည်။

ထိုကဲ့သို့ ပုတ်လိုက်ခြင်းသည် အားမပါသော်ငြား လူတွေကြားက မမြင်နိုင်သောနယ်နိမိတ်စည်းကို ချိုးဖျက်နိုင်ပြီး အဆင့်အတန်း နှင့် ရာထူးများကို ကျော်ဖြတ်နိုင်လေ၏။

စိတ်ကူးကြည့်ပါ...

မင်းရဲ့သူဌေး ဒါမှမဟုတ် မင်းလေးစားရတဲ့လူက ပြုံးရယ်ကာဖြင့် မင်းရဲ့ခေါင်းကို ပုတ်လာလျှင် အလွန်ရင်းနှီးမှုကို ခံစားရမည်မဟုတ်ပါလော။

သေချာပေါက် သူတို့ မသိခဲ့သည်မှာ သူတို့၏ဖော်ရွေ သော ကျောက်ရှစ်ရှန်းသည် လှည့်ထွက်လာပြီးနောက် သူ့အမူအရာက အေးစက်သွားကာ မှုန်မှိုင်းနေခဲ့သည်။

သူ အသက်ပြင်းပြင်း ရှူသွင်းကာ အံကြိတ်မိ၏။ သူ့လက်အကျများထဲမှ လက်များက အသံမြည်သည်အထိ ခပ်တင်းတင်းဆုပ်ထားလေသည်။

ထိုဆွေးနွေးမှုများက သူ့ကို စိတ်အနှောင့်အယှက်ဖြစ် စေပါသလား။

ဒါပေါ့! သူ အလွန်အရေးစိုက်ပေ၏။

သူသည် သူ၏ ညီငယ်မောင်နှမများအား ညင်သာစွာဖြင့် ဟန်ပန်မထားဘဲ ပြုမူဆက်ဆံနိုင်သည်။ လူများစွာကို ဂရုစိုက်ပေးရန် အမြဲငုံ့ကြည့်ပေးနိုင်ပေ၏။

သို့သော်ငြား… သူသည် ငုံ့ကြည့်နေရမှာဖြစ်ပြီး တခြားလူများကို မော့ကြည့်နေရမှာ မဟုတ်ပေ။

သူ ကျောက်ယွင်ရှန်းက ဂိုဏ်းခေါင်းဆောင်ကျောက်ဖန်လုံ၏သားပင်။ ငယ်စဉ်ကတည်းက သူသည် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ ထိပ်တန်းပါရမီရှင်၊ ထိပ်တန်းအားကောင်းသူတစ်ဦး ဟူသော တာဝန်ကို ထမ်းဆောင်ခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဘယ်သူကမှ သူ့လမ်းကို မပိတ် ထားနိုင်ပေ။

"ချင်ကျီ… မင်း ငါ့ကိုအနိုင်ရမှာ မဟုတ်ဘူး!!"

************************

All Chapters