← Chapters

ဆယ်ဆ ချီစွမ်းအင်

Vol. 14 Ch. 201

ဆယ်ဆ ချီစွမ်းအင်

Vol. 14 Ch. 201

အချိန်သည် တစ်စတစ်စ ကုန်လွန်သွားသည်။

သိုင်းလေ့ကျင့်ကွင်းအတွင်း၌ ချီစွမ်းအင်ဆေးလုံးမှ ပြောင်းလဲဖြစ်ပေါ်လာသော သိပ်သည်းလှသည့် ချီစွမ်းအင်သည် မြူခိုးကဲ့သို့ တိမ်ယံအမျှင်ကဲ့သို့ တစ်မျှင်ချင်း ဖဲကြိုးပမာ လော့ချန်၏ ခန္ဓာထဲသို့ အဆက်မပြတ် စီးဝင်လျက်ရှိသည်။

ပထမအကြိမ် အတွေ့အကြုံရှိထားပြီးဖြစ်ရာ ဤအကြိမ်တွင် လော့ချန်သည် အရာအားလုံးကို လွယ်ကူစွာ ထိန်းချုပ်နိုင်ခဲ့သည်။

“ဘုန်း...”

တစ်နာရီခန့် အကြာတွင် နဂါးအော်သံများနှင့်အတူ ထူးခြားသော လှုပ်ရှားမှုတစ်ခုသည် လော့ချန်၏ ဒျန်တန်မှ ပျံ့နှံ့ထွက်လာပြီး လေထုကို ရေလှိုင်းကဲ့သို့ လှုပ်ခတ်စေသည်။

ဒုတိယချီစွမ်းအင်အိမ်တော် ဖွင့်လှစ်ပြီးစီးသည်။

လော့ချန်သည် ရပ်တန့်မနေဘဲ ဒုတိယချီစွမ်းအင်ရေဝဲကို အပြည့်အဝ ကျင့်စဉ်ဆက်လက်ကျင့်ကြံသည်။

စွမ်းအားအဆင့်သည် ထုံရွှမ်နယ်ပယ်အဆင့်တစ် အထွတ်အထိပ်သို့ တက်လှမ်းလာပြီးနောက် ချီစွမ်းအင်ကို ထိန်းချုပ်မှုမှာလည်း ပို၍လွယ်ကူလာသည်။ တစ်နာရီခန့်အချိန်မှာပင် ဒုတိယချီစွမ်းအင်ရေဝဲသည် အဆုံးစွန်ထိ ကြီးထွားလာခဲ့သည်။

ဒျန်တန်အတွင်း၌ ကြယ်တာရာပုံစံ ချီစွမ်းအင်အဖွဲ့နှစ်ခုသည် အလျင်အမြန်လည်ပတ်လျက် အားပြင်းလှသော ချီစွမ်းအင်လှုပ်ရှားမှုများကို ထုတ်လွှတ်နေသည်။

ခဏအနားယူပြီးနောက် လော့ချန်သည် တတိယချီစွမ်းအင်အိမ်တော်ကို ထိုးဖောက်ဖွင့်လှစ်ရန် စတင်လိုက်သည်။

ထို့နောက် စတုတ္ထအိမ်တော်သို့...

...

လသည် ထိုးတက်လာပြီး ထပ်မံဝင်ရောက်လျက်ရှိသည်။

နက်နက်ခင်းသို့ ရောက်ရှိလာသည်။

နံနက်ခင်းနေရောင်ခြည်များသည် ရွှမ်ယွမ်ဂိုဏ်း၏ တောင်တန်းများကြားရှိ ပါးလှပ်သော မြူခိုးများကို အိပ်မက်ဆန်စွာ ထင်ဟပ်တောက်ပစေပြီး သန့်စင်ကြည်လင်လှသည့် အလှတရားကို ဖန်တီးပေးသည်။

ယနေ့သည် အရေးပါသောနေ့ မဟုတ်သလို စုဝေးပွဲလည်း မရှိသော်လည်း ရွှမ်ယွမ်ဂိုဏ်း၏ အပြင်စည်းတပည့်များသည် မနက်စောစောတွင် စည်ကားလှုပ်ရှားနေကြသည်။

တပည့်များစွာသည် အပြင်စည်းသိုင်းပြိုင်ကွင်းသို့ အုပ်စုဖွဲ့ကာ အဖွဲ့လိုက်သွားကြသည်။

လော့ချန်နှင့် ယန်ချီ၏ သေခြင်းရှင်ခြင်းတိုက်ပွဲသည် ယခင်က မည်သူမျှ ဂရုမထားခဲ့ဘဲ အာရုံစိုက်သူလည်း အနည်းငယ်သာရှိခဲ့သည်။

ဤသို့သော မိမိကိုယ်ကို အထင်ကြီးလွန်းသဖြင့် မင်းသားတန်းကို စိန်ခေါ်မိပြီး လက်ဝါးဖြင့် အလွယ်တကူ ရိုက်သတ်ခံရမည့်ကိစ္စမျိုးသည် အပြင်စည်းတွင် ထူးဆန်းသည့်အရာမဟုတ်ပေ။ ထို့အပြင် ထိုကဲ့သို့သော ကိစ္စကို မည်သူကမျှ စိတ်ဝင်စားမည်မဟုတ်ပေ။

သို့သော်ယခုမူ အနည်းငယ်ထူးခြားလာသည်။

လော့ချန်သည် အသုံးမကျသော သိုင်းဝိညာဉ်ဖြင့် သေမျိုးဖြတ်ကျော်အဆင့်ခုနှစ် ရွှေခန္ဓာအဆင့်ကို ကျင့်စဉ်အောင်မြင်ခဲ့သည်။

ထို့အပြင် သေမျိုးဖြတ်ကျော်အဆင့်ဖြင့် လျှပ်ယွမ်ဂိုဏ်း၏ ထူးချွန်သူများကို ဆက်တိုက်အနိုင်ယူခဲ့ပြီး ထုံရွှမ်နယ်ပယ်အဆင့်ရှိ သိုင်းသမားများကိုပင် အဆင့်ကျော်လွန်အနိုင်ယူခဲ့သည်။ ဤသည်က သူ၏ အမည်ကို အပြင်စည်းတွင် ထင်ရှားစေခဲ့သည်။

ထို့ကြောင့် ဤတိုက်ပွဲအပေါ် လူအများ၏ စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့သည်။

ကောင်းကင်ယံတွင် နံနက်ခင်း အရုဏ်ဦးရောင်ခြည်များ ထင်ဟပ်လာချိန်တွင် သိုင်းပြိုင်ကွင်းတွင် အပြင်စည်းတပည့်များ စုဝေးလာကြပြီး မျှော်လင့်စွာ စောင့်ဆိုင်းနေကြသည်။

မှော်အိမ်တော်...

လော့ချန်သည် ဒူးထောက်ထိုင်လျက် သူ၏ဘေးတွင် သစ်သားသေတ္တာကြီးငါးလုံးမှာ ဗလာကျင်းကာ ဖရိုဖရဲ ပြန့်ကျဲလျက်ရှိသည်။

“ဖလပ်... ဖလပ်... ဖလပ်...”

ချီစွမ်းအင်လည်ပတ်မှုနှင့်အတူ သူ၏ဝတ်ရုံသည် လေမတိုက်ဘဲ တလူလူလှုပ်ရှားလျက် ဒျန်တန်မှ ပင်လယ်လှိုင်းကြီးထွက်ပေါ်လာသည့်နှယ် အသံများက အားပြည့်ဝစွာ ထွက်ပေါ်လာသည်။

ရုတ်တရက် အသံများအားလုံး တိတ်ဆိတ်သွားပြီး သိုင်းလေ့ကျင့်ကွင်းသည် ငြိမ်သက်သွားသည်။

လော့ချန်သည် မျက်လုံးဖွင့်လိုက်ပြီး ထက်ထက်မြက်မြက် သွေးထားသည့် ရတနာဓားတစ်လက်ကဲ့သို့ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

“ချီစွမ်းအင်ရေဝဲ ခြောက်ခု...”

ခန္ဓာထဲမှ အခြေအနေကို ခံစားကြည့်ရင်း လော့ချန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ထင်ဟပ်လာသည်။

အတွေ့အကြုံများ တိုးလာသည်နှင့်အမျှ နောက်ပိုင်းတွင် ချီစွမ်းအင်အိမ်တော်များကို ဖွင့်လှစ်ရာတွင် သုံးစွဲရသည့် ချီစွမ်းအင်ဆေးလုံးနှင့် အချိန်များမှာ သိသိသာသာ လျော့နည်းလာသည်။

တစ်ရက်တစ်ညလုံး အပြည့်အဝ အားထုတ်ကျင့်ကြံမှုနှင့် ချီစွမ်းအင်ဆေးလုံး ခြောက်သောင်းကျော်ဖြင့် သူသည် ချီစွမ်းအင်ရေဝဲ ခြောက်ခုကို တစ်ခါတည်း ကျင့်ကြံအောင်မြင်ခဲ့သည်။

ဤခြောက်ခုအနက် ငါးခုမှာ အဆုံးစွန်ထိ ကျင့်ကြံပြီးမြောက်ခဲ့ပြီး ဆဋ္ဌမရေဝဲမှာ ချီစွမ်းအင်ဆေးလုံး မလုံလောက်မှုကြောင့် ထုံရွှမ်နယ်ပယ်အဆင့်တစ် အလယ်အလတ်အဆင့်သို့သာ ရောက်ရှိခဲ့သည်။

လော့ချန်သည် ထရပ်လိုက်ပြီး ခန္ဓာထဲတွင် ယခင်က မရှိခဲ့ဖူးသော အားပြည့်ဝလှသည့် စွမ်းအင်ကို ခံစားမိရင်း အံ့ဩစွာ ပြောလိုက်သည်။

“စစ်မှန်တဲ့ နဂါးကျင့်စဉ်နဲ့ ကျင့်ကြံထားတဲ့ ချီစွမ်းအင်က အရည်အသေးတော်တော်ကို မြင့်မားပြီးတော့ အခု ငါတစ်‌ယောက်တည်းကို ချီစွမ်းအင်ရေဝဲခြောက်ခုရှိနေတာပဲ... ချီစွမ်းအင်ပမာဏက သာမန် ထုံရွှမ်နယ်ပယ် အဆင့်တစ် အထွတ်အထိပ်ရှိ သိုင်းသမားတစ်ဦးနဲ့ယှဉ်ရင် ဆယ်ဆမက သာလွန်နေတယ်... တိုက်ခိုက်ရေးစွမ်းအားမှာလည်း အနည်းဆုံး ရာဂဏန်းကျော်လိမ့်မယ်...”

ချီစွမ်းအင်ရေဝဲခြောက်ခုသည် စုစုပေါင်းချီစွမ်းအင်ပမာဏကိုသာမက ချက်ချင်းပေါက်ကွဲထွက်လာနိုင်သော စွမ်းအင်ကိုပါ သက်ရောက်မှုရှိသည်။

ဤသည်မှာ ရေဗူးတစ်ဗူးမှ ရေလောင်းခြင်းနှင့် ဗူးခြောက်ဗူးမှ တပြိုင်နက် ရေလောင်းခြင်း၏ ကွာခြားမှုကဲ့သို့ပင်ဖြစ်သည်။

တိုက်ခိုက်ရေးစွမ်းအားအပေါ် သက်ရောက်မှုမှာ အနည်းငယ်မျှသာ မဟုတ်ပေ။

“ဘာများ ကွာခြားသွားလဲ ကြည့်ကြည့်ရအောင်...”

လော့ချန်သည် တစ်ယောက်တည်း ရေရွတ်လိုက်ပြီး ကြယ်ကြွေဓားကို ဆွဲထုတ်ကာ ချီစွမ်းအင်ရေဝဲတစ်ခုကိုသာ လည်ပတ်စေပြီး ဒုတိယသိုင်းလေ့ကျင့်တိုင်သို့ ဓားတစ်ချက်ဝှေ့ရမ်းလိုက်သည်။

“ရွှီ...”

သိပ်သည်းပြင်းထန်လှသော ဓားစွမ်းအင်သည် လေထုကို ဖြတ်ထိုးကာ သိုင်းလေ့ကျင့်တိုင်ပေါ်တွင် လက်တစ်ဆစ်ကျော်နက်သော ဓားရာတစ်ခုကို ဖြစ်ပေါ်သွားစေသည်။

“သိပ်ကို အားကောင်းတာပဲ...”

လော့ချန်၏ မျက်လုံးများသည် တောက်ပလာသည်။

ဤသိုင်းလေ့ကျင့်တိုင်၏ မာကျောမှုသည် ထုံရွှမ်နယ်ပယ်အဆင့်နှစ် အထွတ်အထိပ်ရှိ သိုင်းသမားတစ်ဦး၏ ခုခံအားနှင့် ညီမျှသည်။ သို့သော် ယခုမူ သူသည် ၎င်းကို အလွယ်တကူ ဖြတ်ထိုးနိုင်ခဲ့သည်။

သူသည် အားအနည်းဆုံးဖြစ်သော ချီစွမ်းအင်ရေဝဲတစ်ခုကိုသာ လည်ပတ်ခဲ့ခြင်းဖြစ်သည်။

မိမိ၏ အထွတ်အထိပ်တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ကြည့်ရန် စိတ်ကူးရှိသဖြင့် လော့ချန်သည် ချီစွမ်းအင်ရေဝဲခြောက်ခုလုံးကို အပြည့်အဝလည်ပတ်လိုက်သည်။

“ဘုန်း...”

သိုင်းလေ့ကျင့်ကွင်းအတွင်း လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်သွားပြီး လော့ချန်၏ ဝတ်ရုံများသည် ဖောင်းကားလာကာ ဓားတစ်ချက်ကို ဝှေ့ရမ်းလိုက်သည်။

“ဘုန်း...”

ဓားစွမ်းအင်တစ်ခုသည် သောင်းကျန်းစွာ ထွက်ပေါ်လာပြီး ဒုတိယသိုင်းလေ့ကျင့်တိုင်ကို တစ်ချက်တည်းဖြင့် ထိုးဖောက်သွားသည်။

“ရွှပ်...”

ဓားစွမ်းအင်သည် ရပ်တန့်မသွားဘဲ သိုင်းလေ့ကျင့်တိုင်နောက်မှ မြေပြင်ကို ထိုးဖောက်ကာ အနက်မသိသော ဓားရာတစ်ခုကို ဖြစ်ပေါ်စေသည်။

“ဒါ...”

မြေပြင်ပေါ်ရှိ ဓားရာကို ကြည့်ရင်း လော့ချန်သည် အနည်းငယ် အံ့ဩသွားသည်။

ဓားတစ်ချက်ဖြင့် သိုင်းလေ့ကျင့်တိုင်ကို ထိုးဖောက်ပြီး အရှိန်မပြတ်သေးခြင်းသည် သူ၏ ဓားတစ်ချက်သည် ထုံရွှမ်နယ်ပယ်အဆင့်နှစ် အထွတ်အထိပ်ရှိ သိုင်းသမားကို ချက်ချင်းသတ်ဖြတ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထို့အပြင် မြေပြင်ပေါ်ရှိ ဓားရာသည် လော့ချန်၏ တည်နေရာမှ ခြေလှမ်း ဆယ်လှမ်းခန့် အကွာတွင်ရှိသည်။

ဤသည်မှာ မည်သည့်အဓိပ္ပာယ်ကို ဆောင်သနည်း။

သာမန်ထုံရွှမ်နယ်ပယ်အဆင့်တစ်ရှိ သိုင်းသမားတစ်ဦး၏ ထုတ်လွှတ်နိုင်သော စွမ်းအင်လှိုင်းသည် ဓားစွမ်းအင်ဖြစ်စေ၊ ဓားရောင်ဖြစ်စေ၊ လက်သီးအင်အားဖြစ်စေ သတ်ဖြတ်နိုင်သည့်အကွာအဝေးသည် သုံးပေ သို့မဟုတ် အများဆုံး ခြောက်ပေ ခုနှစ်ပေထက် မကျော်လွန်နိုင်ပေ။

သို့သော် ချီစွမ်းအင်အိမ်တော်ကို ဖွင့်လှစ်ပြီး ထုံရွှမ်နယ်ပယ်အဆင့်နှစ်သို့ တက်လှမ်းသွားသည့် သိုင်းသမားများသာလျှင် ချီစွမ်းအင်ကို အပြင်သို့ ထုတ်လွှတ်နိုင်ပြီး ဤကန့်သတ်ချက်ကို ဖြတ်ကျော်နိုင်သည်။

ဤသည်မှာ ထုံရွှမ်နယ်ပယ်အဆင့်နှစ်ရှိ သိုင်းသမားများသည် ထုံရွှမ်နယ်ပယ်အဆင့်တစ်ရှိ သိုင်းသမားများကို အလွယ်တကူ အနိုင်ယူနိုင်သည့် အကြောင်းအမှန်ပင်ဖြစ်သည်။

တိုက်ခိုက်ရေးအင်အားကို ဖယ်ထားလျှင်ပင် တိုက်ခိုက်နိုင်သည့်အကွာအဝေးတွင်ပင် ၎င်းတို့အကြား ကွာဟမှုသည် ရာဂဏန်း ဆယ်ဂဏန်းဖြစ်နေသည်။ ဤသို့ဖြစ်လျှင် မည်သို့တိုက်နိုင်မည်နည်း။

သို့သော် ယခုမူ လော့ချန်တွင် ဤအားနည်းချက်မရှိတော့ပေ။

သူ၏ ယခုတိုက်ခိုက်ရေးစွမ်းအားသည် ထုံရွှမ်နယ်ပယ်အဆင့်နှစ်ရှိ သိုင်းသမားများကို ကျော်လွန်နေပြီး ထို့အပြင် ဘက်ပေါင်းစုံမှ ကျော်လွန်နေခြင်းဖြစ်သည်။

“ရလဒ်က မဆိုးလှဘူး... အင်း... ဒါပေမဲ့ သုံးစွဲရတဲ့ အရင်းအမြစ်ကလည်း တော်တော်များတာပဲ...”

ထုံရွှမ်နယ်ပယ်သို့ တက်လှမ်းရန်မှ ယခုအချိန်ထိ လော့ချန်သည် ချီစွမ်းအင်ဆေးလုံး ရှစ်သောင်းကျော်ကို သုံးစွဲခဲ့ပြီး ၎င်းသည် ငွေကျပ်ရှစ်ဘီလီယံထက်ကျော်လွန်သည်။

ဤသည်မှာ ထုံရွှမ်နယ်ပယ်ရှိ သိုင်းသမားအများစုအတွက် စိတ်ကူးယဉ်ပင် မတွေးဝံ့သော ကြီးမားလှသည့် စည်းစိမ်ဖြစ်သည်။ လော့မိသားစုတစ်ခုလုံးကို ရောင်းစားလျှင်ပင် ဤပမာဏနှင့် ဝေးကွာလှသည်။

“ပိုက်ဆံရှာနည်းကို စဉ်းစားရတော့မယ်...”

လော့ချန်သည် တစ်ယောက်တည်း ရေရွတ်လိုက်သည်။

ချီစွမ်းအင်အိမ်တော်ကိုးခုကို အပြည့်အဝ ကျင့်ကြံပြီးမြောက်ရန် ငွေကျပ်ဘီလီယံပေါင်းများစွာ လိုအပ်ဦးမည်။

ဆရာတူအစ်မ ချန်လင်းယူနှင့် လင်ချူးလန်၏ အကြွေးများကိုလည်း ပြန်ဆပ်ရမည်ဖြစ်သည်။

သို့သော် ယခုအခါ သူ၏အိတ်ထဲတွင် ငွေတစ်ရွက်ပင် မထုတ်နိုင်တော့ဘဲ အလွန်ဆင်းရဲသည့် အခြေအနေသို့ ရောက်ရှိနေသည်။

“ယန်ချီက မင်းသားတန်းအဖွဲ့ဝင်ဖြစ်တဲ့အပြင် ထုံရွှမ်နယ်ပယ် သိုင်းသမားဆိုတော့ သူ့မှာ စည်းစိမ်ဥစ္စာ အတန်အသင့်တော့ ရှိကောင်းပါရဲ့...”

လော့ချန်က စိတ်ထဲတွင် လောဘတက်စွာ တွေးလိုက်မိ၏။

လော့ချန်၏ မျက်လုံးများသည် တဖြည်းဖြည်း တောက်ပလာသည်။ သူသည် အလျင်အမြန် ရေချိုးသန့်စင်ပြီး သန့်ရှင်းသည့် ဝတ်ရုံအသစ်တစ်စုံကို လဲလှယ်ကာ ခြံဝင်းတံခါးကို ဖွင့်ပြီး ထွက်သွားသည်။

မှော်အိမ်တော်အပြင်ဘက်ရှိ ကွင်းပြင်တွင် လူသုံးဦးမှာ စောင့်ဆိုင်းလျက်ရှိသည်။

၎င်းတို့မှာ ချန်လင်းယူ၊ ယွမ်ချီလန်နှင့် ကူးလင်ဖန်တို့ ဖြစ်ကြသည်။

ကူးလင်ဖန်သည် ခန္ဓာကိုယ်တစ်ခုလုံး ပတ်တီးဖြင့် စည်းနှောင်ထားပြီး မျက်နှာပေါ်တွင် သွေးရောင်မရှိဘဲ ချိုင်းထောက်တစ်ခုကို အားကိုးကာ အားတင်းထောက်ထားသည်။

လော့ချန်သည် ၎င်းတို့ဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။

“ကူးလင်ဖန်... မင်းရဲ့ ဒဏ်ရာတွေက အိပ်ရာက ဆင်းလာသင့်တဲ့ အခြေအနေမဟုတ်သေးဘူး...”

ကူးလင်ဖန်သည် မျက်နှာထက်တွင် အပြုံးတစ်ခုကို အားတင်းကာဆွဲထုတ်လိုက်သည်။

“ဘာမှမဖြစ်ပါဘူး...”

ယွမ်ချီလန်က နှုတ်ခမ်းကိုဆူပြီး ပြောလိုက်သည်။

“ငါသူ့ကို တားပြီးပြီ... ဒါပေမယ့် သူက သေချာပေါက် မင်းအတွက် အားပေးချင်တယ်ဆိုပြီး ခေါင်းမာနေတာ...”

ဤစကားပြောနေစဉ် ယွမ်ချီလန်သည် လော့ချန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြီးခဲ့သည့်ညက နဂါးအုပ်စုများ သောင်းကျန်းနေသည့် ထူးဆန်းသော မြင်ကွင်းကို သတိရလာကာ မေးမြန်းလိုသော်လည်း စကားများသည် နှုတ်ဖျားထိရောက်လာချိန်တွင် ပြန်လည်မျိုချလိုက်သည်။

လော့ချန်သည် ကူးလင်ဖန်ကို တစ်ချက်ကြည့်လိုက်ပြီး တားမြစ်လျှင်လည်း မအောင်မြင်နိုင်မှန်း သိလိုက်သဖြင့် ပြောလိုက်သည်။

“ဒါဆို သွားကြစို့...”

“ခဏလောက်...”

ချန်လင်းယူသည် ရှေ့သို့ တစ်လှမ်းတိုးလာပြီး လော့ချန်ကို တစ်ချက်စူးစိုက်ကြည့်ကာ သံသယမျက်ဝန်းများဖြင့် မေးလိုက်သည်။

“မောင်လေး... မင်းရဲ့ အရှိန်အဟုန်က...”

လော့ချန်က ဖြေလိုက်သည်။

“ငါ ထုံရွှမ်နယ်ပယ်ကို တက်လှမ်းပြီးပြီ... အခုအခါ ထုံရွှမ်နယ်ပယ်အဆင့်တစ် အလယ်အလတ်အဆင့်မှာ ရှိနေတယ်...”

ထုံရွှမ်နယ်ပယ်သို့ တက်လှမ်းပြီးဖြစ်သည့်ကိစ္စကို ဖုံးကွယ်ရန် မလိုအပ်ပေ။

သို့သော် ရက်ပိုင်းအတွင်း သေမျိုးဖြတ်ကျော်အဆင့်မှ ထုံရွှမ်နယ်ပယ်အဆင့်တစ် အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့ခြင်းသည် အနည်းငယ်လွန်ကဲလှသည်ဟု ခံစားမိသဖြင့် လော့ချန်သည် နောက်ဆုံးချီစွမ်းအင်ရေဝဲတစ်ခုကိုသာ ရည်ညွှန်းလိုက်သည်။

“တက်လှမ်းပြီးပြီ... ငါ့မောင်ကို ဂုဏ်ပြုပါတယ်... အင်း... ဘာပြောလိုက်တာလဲ... မင်းက ထုံရွှမ်နယ်ပယ်အဆင့်တစ် အလယ်အလတ်အဆင့်မှာ ရောက်နေပြီတဲ့လား...”

ချန်လင်းယူသည် ဦးစွာ ခေါင်းညိတ်ပြီး မကြာမီမှာပင် လှပသောမျက်လုံးများဖြင့် လော့ချန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

All Chapters