ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတာလား...
Vol. 14 Ch. 210
“စီနီယာချန်ကျွမ်းရှန်တောင် မတိုက်နိုင်ဘူး... လော့ချန်ရဲ့ စွမ်းအားက တကယ်ပဲ ကန့်သတ်ချက်မရှိဘူးလား...”
“သူက ဒီလောက်ကြီးကြီးမားမား ကတိပေးထားတာ မဆန်းပါဘူး... သူ့စွမ်းအားက ထုံရွှမ်နယ်ပယ်ဒုတိယအဆင့် ထိပ်တန်းသိုင်းသမားတွေနဲ့တောင် ယှဉ်နိုင်ပြီ... မဟုတ်ဘူး... ထုံရွှမ်နယ်ပယ်ဒုတိယအဆင့်ရဲ့ အထွတ်အထိပ်အဆင့်ပဲ...”
“တကယ်ကို မယုံနိုင်စရာပဲ... သူက ထုံရွှမ်နယ်ပယ်ပထမအဆင့် အလယ်အလတ်ပဲလေ...”
ချန်ကျွမ်းရှန်သည် ပြိုင်ပွဲစင်ပေါ်တွင် သတိလစ်လဲကျသွားသည်ကို မြင်လိုက်ရသည့်အခါ လူအုပ်ကြီးတစ်ခုလုံး ထိတ်လန့်အံ့သြပြီး မျက်လုံးပြူးမျက်ဆံပြူးဖြစ်နေကြသည်။
ဤရလဒ်အတွက် လူအများသည် လုံးဝမမျှော်လင့်ထားခဲ့ကြပေ။
ယခင်တစ်စက္ကန့်လောက်ကမှ ချန်ကျွမ်းရှန်သည် ပြိုင်ပွဲစင်ပေါ်တွင် အောင်မြင်စွာ ရပ်တည်နေရင်း လော့ချန်၏သွေးဖြင့် မင်းသားတန်း၏ အရှက်တရားကို ဆေးကြောမည်ဟု ကြွေးကြော်ထားသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ကျွမ်းရှန်သည် သေးငယ်သောခွေးတစ်ကောင်လို မြေပြင်ပေါ်တွင် လဲကျလျက် လှံလက်နက်ကို သိမ်းဆည်းခံရပြီး အဝတ်အစားများပါ ခွာယူခံလိုက်ရသည်။
ဤသို့သော ပြောင်းပြန်လှည့်မှုသည် တကယ်ကို ကြီးမားလွန်းလှသည်။
မင်းသားတန်းမှ လူအုပ်ကြီးသည် တစ်ယောက်မှ စကားမပြောနိုင်ဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။
သူတို့ထဲက အများစုသည် ချန်ကျွမ်းရှန်က လော့ချန်ကို မည်သို့ အပြတ်အသတ်ဖျက်ဆီးမည်နည်းဆိုသည်ကို မျှော်လင့်ရင်း မျက်နှာထက်က စိတ်လှုပ်ရှားမှုများတောင် မပျောက်ကြသေးပေ။
ဤမြင်ကွင်းကြီးကို မြင်လိုက်ရသည့်အခါ သူတို့သည် မျက်နှာကို ဖိနပ်နှင့်အရိုက်ခံလိုက်ရသကဲ့သို့ နာကျင်ရှက်ရွံ့စွာ ခံစားနေရသည်။
အများဆုံး ဒေါသထွက်နေသူမှာ ရမ်ရှောင်ကွမ်ပင်။
“မိစ္ဆာကောင်... သူက အသုံးမကျတဲ့လူတစ်ယောက်ပဲလေ... ရွှေခန္ဓာအဆင့်ကို ကျင့်ကြံနိုင်လိုက်ရုံနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ထူးကဲအောင် သန်မာနိုင်ရတာလဲ...”
ရမ်ရှောင်ကွမ်၏ မျက်နှာသည် သံရောင်သမ်းနေပြီး သူ၏သွားများကို တင်းတင်းကြိတ်ထားသည်။
ချီဂူးယွမ်ကမူ ဘာမှမပြောဘဲ သူ၏မျက်ဝန်းများက ပိုမိုအေးစက်လာသည်။
ချန်ကျွမ်းရှန်ကို သူကိုယ်တိုင် စေလွှတ်လိုက်တာဖြစ်ပြီး ဤကဲ့သို့ အဆိုးဆုံးအရေးနိမ့်သွားသည်မှာ သူ့မှာ မျက်စိမရှိသည်ကို သက်သေပြလိုက်သလိုပင်။ ငယ်စဉ်ကလေးဘဝမှစ၍ ဤသည်မှာ ချီဂူးယွမ်အတွက် ပထမဆုံးအကြိမ် ရှုံးနိမ့်မှုကို ခံစားရခြင်းဖြစ်သည်။
ဧည့်သည်တော်ထိုင်ခုံတန်းတွင်...
အကြီးအကဲများအားလုံးလည်း အံ့အားသင့်ပြီး မှင်တက်မိနေကြသည်။
“ချန်ကျွမ်းရှန်တောင် မတိုက်နိုင်ဘူး... ဒါက နည်းနည်းလွန်ကဲလွန်းနေပြီမဟုတ်လား...”
တစ်စုံတစ်ဦးက မထိန်းနိုင်ဘဲ ပြောလိုက်သည်။
အခြားအကြီးအကဲများလည်း အံ့အားသင့်ပြီး သံသယဝင်နေကြသည်။
ထုံရွှမ်နယ်ပယ်ပထမအဆင့် အလယ်အလတ်ဖြင့် ထုံရွှမ်နယ်ပယ်ဒုတိယအဆင့် နောက်ပိုင်းသိုင်းသမားကို အနိုင်ယူခြင်းသည် ရိုးရှင်းသော အဆင့်ကျော်စိန်ခေါ်မှုမဟုတ်တော့ပေ။
လော့ချန်သည် ထူးချွန်သူဖြစ်လျှင်တော့ ပြဿနာမရှိပေ။
ယခင်က ယွမ်မန်လီသည် ထုံရွှမ်နယ်ပယ်ကို စတင်ဖြတ်ကျော်ခါစမှာပင် ထုံရွှမ်နယ်ပယ်ဒုတိယအဆင့်ရှိ ဓားပြဆယ်ဦးကျော်ကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ပြီး တစ်ချိန်လုံး ထင်ရှားခဲ့သည်။
သို့သော် လော့ချန်သည် ယွမ်မန်လီမဟုတ်ပေ။
ယွမ်မန်လီသည် နိုးကြားလာသော သိုင်းဝိညာဉ်မှာ အထူးသိုင်းဝိညာဉ်ထက် သာလွန်သည့် ဝိညာဉ်အဆင့်သိုင်းဝိညာဉ်ဖြစ်ပြီး တစ်သောင်းတွင် တစ်ယောက်သာရှိသည့် ထူးချွန်သည့်သမီးတော်ဖြစ်သည်။
လော့ချန်သည် နိုးကြားလာသော သိုင်းဝိညာဉ်မှာ မပြည့်စုံသောဝိညာဉ်စွမ်းအားသာဖြစ်သည်။
ရိုးရှင်းစွာပြောရလျှင် အရည်အချင်းအရ သူတို့နှစ်ဦးမှာ တစ်ဦးက မိုးကောင်းကင်ပေါ်တွင်ရှိပြီး တစ်ဦးက မြေကြီးပေါ်တွင်ရှိသည်။ နှိုင်းယှဉ်ရန်ပင် အခွင့်မရှိပေ။
ပဉ္စမအကြီးအကဲက ခဏစဉ်းစားပြီးနောက် ပြောသည်။
“ရွှေခန္ဓာအဆင့်ကို ကျင့်ကြံနိုင်ခဲ့လို့ဖြစ်ရမယ်...”
အကြီးအကဲတစ်ဦးက ချက်ချင်း ငြင်းဆိုသည်။
“မဖြစ်နိုင်ဘူး... ရွှေခန္ဓာအဆင့်ကို ကျင့်ကြံနိုင်ခဲ့ရုံနဲ့ အဆင့်တူတွေထဲမှာ ခန္ဓာကိုယ်သန်မာမှုမှာ အနိုင်ရရုံပဲ... အဆင့်ကျော်စိန်ခေါ်မှုကို အလွယ်တကူ လုပ်နိုင်တာမဟုတ်ဘူး... လော့ချန်ရဲ့ လက်ရှိစွမ်းဆောင်မှုက ယခင်က ယွမ်မန်လီရဲ့စွမ်းဆောင်မှုထက် မနိမ့်ပါဘူး... ရွှေခန္ဓာအဆင့် ကျင့်ကြံမှုတစ်ခုတည်းနဲ့ ရှင်းပြလို့ရမှာမဟုတ်ဘူး...”
ပဉ္စမအကြီးအကဲက ခေါင်းခါပြီး ပြောသည်။
“ရွှေခန္ဓာအဆင့်ကို သိုင်းပညာရဲ့ အမြင့်ဆုံးအခြေခံအဆင့်လို့ ခေါ်တယ်... ငါတို့မသိတဲ့ လျှို့ဝှက်ချက်တချို့ရှိမှာပဲ... ဒီအဆင့်ကို ရာစုနှစ်ပေါင်းများစွာ ဘယ်သူမှ မကျင့်ကြံနိုင်ခဲ့တာကြောင့် မှတ်တမ်းတွေမှာ ချို့ယွင်းချက်တွေ ရှိတာလည်း သာမန်ပဲ... မဟုတ်ရင် လက်ရှိဖြစ်ရပ်တွေကို ဘယ်လိုရှင်းပြမလဲ...”
“ဒါ...”
လူအားလုံး တိတ်ဆိတ်သွားပြီး နောက်ဆုံးမှာ ခေါင်းညိတ်လိုက်ကြသည်။
ဤအပြင် ဤအရာအားလုံးကို ကျိုးကြောင်းဆီလျော်စွာ ရှင်းပြရန်အတွက် အခြားနည်းလမ်းမရှိပေ။
ချင်တို့ယွမ်သည် အစအဆုံး စကားတစ်ခွန်းမှ မပြောခဲ့ပေ။
သူသည် လော့ချန်၏ ဤသို့သော တိုက်ခိုက်ရေးစွမ်းအားရှိခြင်းသည် ရွှေခန္ဓာအဆင့်ကျင့်မြှင့်မှုကြောင့်လား၊ အခြားအကြောင်းကြောင့်လားဆိုသည်ကို ဂရုမစိုက်ပေ။
သူဂရုစိုက်သည်မှာ လော့ချန်၏ အသက်ရှင်မှု၊ သေဆုံးမှုသာဖြစ်သည်။
“မင်း ဆက်ပြီး သေမယ့်အလုပ်တွေ လုပ်နေလိုက်တော့...”
လော့ချန်ကို ကြည့်ရင်း ချင်တို့ယွမ်သည် စိတ်ထဲမှာ အေးစက်စွာ ပြုံးလိုက်သည်။
လော့ချန်သည် ဤမျှ မာနကြီးမားလွန်းလှသဖြင့် မင်းသားတန်းမှ လူအားလုံး၏ ဒေါသကို ဖြစ်ပေါ်စေခဲ့ပြီး တစ်ဦးကို အနိုင်ယူတိုင်း ဤရန်ငြိုးဖွဲ့မှုသည် ပိုမိုနက်ရှိုင်းလာသည်။
ဤအဆင့်သို့ရောက်လာသည့်အခါ လော့ချန်သည် ပြိုင်ပွဲစင်ပေါ်မှ ဘေးကင်းစွာ ဆင်းနိုင်ဦးမည်ဟု သူမယုံကြည်ပေ။
လော့ချန်သည် မည်မျှသန်မာနေပါစေ၊ ထုံရွှမ်နယ်ပယ်ပထမအဆင့် အလယ်အလတ်သာဖြစ်ပြီး ထုံရွှမ်နယ်ပယ်ဒုတိယအဆင့်သိုင်းသမားများကို အကုန်လုံး အနိုင်ယူနိုင်မည်လား။
ပြိုင်ပွဲစင်ပေါ်တွင်...
“ဘမ်း...”
လော့ချန်သည် ကျောက်ခွဲလှံကို သိမ်းလိုက်ပြီး ချန်ကျွမ်းရှန်၏ တစ်ကိုယ်လုံးကို စတင်ရှာဖွေသည်။
ဤသူသည် တကယ်ကို ထူးချွန်သူဖြစ်ပြီး သူ့တွင် ပစ္စည်းဥစ္စာများစွာ ရှိသည်။
ကျောက်ခွဲလှံအပြင် ငွေကျပ်သန်းနှင့်ချီရှိသည့် ပစ္စည်းများနှင့် သူ၏အဝတ်အစားများပင်လျှင် ရွှေသားဖြင့် ရက်လုပ်ထားသည့် အဆင့်မြင့်အဝတ်ဖြစ်ပြီး ရွှေတစ်သောင်းတန်ဖိုးရှိသည်။ ဤအရာအားလုံးကို လော့ချန်က သိမ်းဆည်းလိုက်သည်။
“ဘုန်း...”
ချန်ကျွမ်းရှန်ကို အဝတ်အစားအားလုံး ခွာယူပြီးနောက် လော့ချန်က သူ့ကို ပြိုင်ပွဲစင်အောက်သို့ ခြေထောက်နှင့်ကန်ချလိုက်ပြီး မင်းသားတန်းမှ လူအုပ်ကို အကြည့်ဖြင့် ဝေ့ကြည့်ရင်း ကဲ့ရဲ့သည်။
“ငါ့ကို နင်းချေမယ်... ဖျက်ဆီးမယ်ဆိုပြီး ကြိမ်းဝါးထားတဲ့ ဆရာကြီး၊ ဆရာမကြီးတွေ အခု ဘယ်ရောက်ကုန်ပြီလဲ... လာကြလေ... ဘာလို့ တက်မလာကြသေးတာလဲ...”
မင်းသားတန်းမှ လူအုပ်သည် စိတ်ထဲတွင် ဒေါသအမျက်ထွက်နေပြီး စကားပြောဖို့ပင် ခက်ခဲနေသည်။
သို့သော် ချန်ကျွမ်းရှန်၏ အဆိုးဆုံးရှုံးနိမ့်မှုကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရသဖြင့် သူတို့သည် ထပ်မံပြီး ကြမ်းတမ်းသောစကားများကို အလွယ်တကူ မပြောရဲကြတော့ပေ။
မဟုတ်လျှင် ပြောထွက်လိုက်ပြီး မလုပ်နိုင်လျှင် ရှက်ရွံ့ရမည့်သူမှာ သူတို့ကိုယ်တိုင်သာဖြစ်သည်။
“ကောင်စုတ်လေး... မင်းက မာနကြီးလွန်းတယ်...”
အေးစက်သော အော်ဟစ်သံတစ်ခုထွက်ပေါ်လာသည်။
သို့သော် ဤအသံသည် ပရိသတ်ထိုင်ခုံတန်းမှလာခြင်းမဟုတ်ဘဲ သိုင်းပြိုင်ကွင်းဝင်ပေါက်မှဖြစ်သည်။
အစိမ်းရောင်ဝတ်ရုံဝတ်ထားသော လူငယ်တစ်ဦးသည် ဝင်ပေါက်တွင် ရပ်နေပြီး ပြိုင်ပွဲစင်ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။
အစိမ်းရောင်ဝတ်ရုံဝတ်လူငယ်သည် အသက်တစ်ဆယ့်ငါးနှစ်၊ တစ်ဆယ့်ခြောက်နှစ်ခန့်ရှိပြီး ခါးတွင် ရှည်လျားသောဓားတစ်ချောင်းဆွဲထားသည်။ သူ၏မျက်နှာသည် ချောမောပြီး ထူးချွန်ထက်မြက်သည့်အသွင်ရှိသည်။ အထူးသဖြင့် သူ၏မျက်ဝန်းနှစ်ဖက်သည် စူးရှသောအလင်းတန်းများ ထွက်ပေါ်နေပြီး လူများ၏မျက်လုံးများကို နာကျင်စေသည်။ သူ၏တစ်ကိုယ်လုံးတွင် သွေးကွက်များစွာရှိနေပြီး မကြာသေးမီကမှ သွေးထွက်သံယို တိုက်ပွဲကို ဖြတ်သန်းခဲ့ရသည်မှာ ထင်ရှားသည်။
“ဟာ... စီနီယာဂိုယွမ်ပဲ...”
“စီနီယာဂိုယွမ် ပြန်ရောက်လာပြီ... သူက ဒီတစ်ခါ တစ်ယောက်တည်း ကြယ်သုံးပွင့်အဆင့်မြင့်မစ်ရှင်တစ်ခုကို လက်ခံပြီး ကွယ်ဖုန်းရွာကို ဖျက်ဆီးဖို့သွားတာလို့ ကြားတယ်... အခု ပြန်ရောက်လာတာ မစ်ရှင်ပြီးသွားပြီထင်တယ်...”
“ကွယ်ဖုန်းရွာကို ဖျက်ဆီးတယ်ဟုတ်လား... ကွယ်ဖုန်းရွာရဲ့ ရွာခေါင်းဆောင်နှစ်ဦးက ထုံရွှမ်နယ်ပယ်ဒုတိယအဆင့် ထိပ်တန်းသိုင်းသမားတွေပဲ... ရွာသားတွေကလည်း ရာကျော်ရှိပြီး ထူးချွန်သူတွေ အများကြီးရှိတယ်... တစ်ယောက်တည်းနဲ့ ကွယ်ဖုန်းရွာကို ဖျက်ဆီးလိုက်တယ်ဆိုတာ လိမ်နေတာမဟုတ်လား...”
လူအုပ်ကြီး၏ အကြည့်များအားလုံးသည် အစိမ်းရောင်ဝတ်ရုံဝတ်လူငယ်ထံသို့ စုစည်းရောက်ရှိသွားပြီး တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြသည်။
“တကယ်ပဲ စီနီယာဂိုယွမ်ပဲ...”
“စီနီယာဂိုယွမ်... ဒီကောင်စုတ်လေးကို မြန်မြန်သင်ခန်းစာပေးလိုက်ပါ... ငါတို့မင်းသားတန်းရဲ့ အစွမ်းအစကို သိအောင်လုပ်ပေးပါ...”
မင်းသားတန်းမှ လူအုပ်သည် ဂိုယွမ်ကို မြင်လိုက်ရသည့်အခါ ချက်ချင်း စိတ်လှုပ်ရှားလာကြသည်။
ဂိုယွမ်သည် ထုံရွှမ်နယ်ပယ်ဒုတိယအဆင့် အထွတ်အထိပ်သိုင်းသမားဖြစ်ပြီး ဓားနှလုံးအလယ်အဆင့်ကို ထိုးထွင်းထားသည့် ဓားသမားတစ်ဦးဖြစ်သည်။ ထုံရွှမ်နယ်ပယ်တတိယအဆင့်သိုင်းသမားများပင်လျှင် သူ့လက်ထဲတွင် ရှုံးနိမ့်ခဲ့ဖူးသည်။
အမှန်အတိုင်း ဆိုရလျှင် ဂိုယွမ်၏ စွမ်းအားသည် ထုံရွှမ်နယ်ပယ်ဒုတိယအဆင့်၏ အဆုံးစွန်ထိပ်တန်းအဆင့်တွင် ရပ်တည်နေသည်။
“ဟားဟား... ဂိုယွမ်... မင်းပြန်ရောက်လာတာ တကယ်ပဲ အချိန်ကိုက်ပဲ...”
ရမ်ရှောင်ကွမ်က အော်ရယ်သည်။
ပြိုင်ပွဲကွင်းထဲတွင် မင်းသားတန်းမှ အပြင်စည်းတပည့်များအနက် ထုံရွှမ်နယ်ပယ်ဒုတိယအဆင့်သိုင်းသမားများစွာ ရှိသည်။
သို့သော် အခြားသူများတက်လှမ်းလျှင် ရမ်ရှောင်ကွမ်မှာ အနိုင်ရမည်ဟု ယုံကြည်ချက်မရှိပေ။
ဂိုယွမ်ပြန်ရောက်လာသည့်အခါ လော့ချန်ကို အနိုင်ယူပြီး အရှက်တရားအားလုံးကို ဆေးကြောနိုင်မည်မှာ သေချာသည်။
ဂိုယွမ်သည် လူအုပ်၏အကြည့်များကို ဂရုမစိုက်ဘဲ ပြိုင်ပွဲစင်ပေါ်သို့ တည့်တည့်တက်လှမ်းလာပြီး လော့ချန်ရှေ့တွင် နှစ်ဆယ်လှမ်းအကွာ၌ ရပ်တည်လိုက်သည်။ သူ၏အနက်ရောင်ဆံပင်ရှည်များသည် လေထဲတွင် လွင့်မျောနေပြီး သွေးစွန်းနေသောအဝတ်အစားများနှင့် တွဲဖက်လိုက်သည့်အခါ ဓားသမားတစ်ဦး၏ ကျက်သရေကို အနည်းငယ်ပြသနေသည်။
လော့ချန်ကို တစ်ချက်လှမ်းကြည့်ရင်း ဂိုယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး ခေါင်းခါသည်။
“နည်းနည်းလောက် စွမ်းအားရှိတာနဲ့ ထိန်းသိမ်းမှုမရှိဘဲ နေရာအနှံ့ လှုပ်ရှားပြသတယ်... မင်းလို လူမျိုးက ငါ့လက်ထဲ ဝင်ရောက်တိုက်ခိုက်ဖို့ အဆင့်မမီဘူး... ဒါပေမယ့် မင်းက မာနကြီးလွန်းတယ်... မင်းကို ဒီအတိုင်း ထားလိုက်ရင် တခြားသူတွေက ငါတို့မင်းသားတန်းမှာ ဘယ်သူမှ မရှိဘူးလို့ ထင်ကုန်ကြလိမ့်မယ်...”
လော့ချန်က အေးစက်စွာ ပြုံးလိုက်ပြီး ကဲ့ရဲ့သည်။
“မင်းက ပါးစပ်ဖွင့်လိုက်တာနဲ့ မင်းလိုလူတွေလို့ ပြောနေတယ်... မင်းကတော့ အရမ်းသန်မာနေတာပေါ့လေ... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေတာလား... ငါ ဘာလုပ်လုပ် မင်းလာပြီး ညွှန်ကြားဖို့ အခွင့်မရှိဘူး... ပြီးတော့ မင်းက ကိုယ့်ကိုယ်ကိုယ် ဒီလောက်ယုံကြည်နေတာ တကယ်ပဲ အနိုင်ရမှာလို့ သေချာနေလို့လား...”
ဤစကားကို ကြားလိုက်ရသည့်အခါ ဂိုယွမ်သည် မျက်ခုံးအနည်းငယ်တွန့်သွားပြီး ထပ်မံခေါင်းခါသည်။
“ရိုးအတဲ့ ဖားတစ်ကောင်... တချို့အရာတွေက အစပိုင်းမှာတင် ရလဒ်က သတ်မှတ်ပြီးသားဖြစ်နေပြီး ဘယ်တော့မှ ပြောင်းလဲလို့မရဘူး...”
“ဥပမာ မင်းရဲ့ အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားလာတဲ့အခါ မင်းဟာ သာမန်လူတစ်ယောက်အဖြစ်ပဲ ဆက်လက်ရှိနေရလိမ့်မယ်...”
“ဒါ့အပြင် ဒီနေ့ မင်းဟာ ငါ့ဓားအောက်မှာ ရှုံးနိမ့်ရလိမ့်မယ်...”
“ဒါက မင်းရဲ့ကံကြမ္မာပဲ...”