ရဲရင့်တဲ့နှလုံးသားနဲ့နေပါ
Vol. 50 Ch. 740
ဆေးမိုးကြိုး ဆိုသည်မှာ ဤသို့ နတ်ဘုရား ဆေးလုံး တစ်လုံးကို ဖော်စပ်သည့်အခါ သဘာဝတရား၏ စည်းမျဉ်းကို ဆန့်ကျင်တဲ့သောကြောင့် ကောင်းကင်ဘုံမှ မိုးကြိုးပြစ်ဒဏ် ပေးခြင်းဖြစ်သည်။
ဆေးလုံးများကို လူ၊ မြေ၊ ကောင်းကင်၊ နတ်ဘုရားနှင့် သူတော်စင် ဆိုပြီး အဆင့်ငါးမျိုး ခွဲခြားထားသည်ဟု သိရသည်။
ကောင်းကင်အဆင့် ဆေးလုံး ဆိုသည်မှာ ရှောင်တန်ချန်လို ကျွမ်းကျင်သော ဆေးဆရာတစ်ယောက်အတွက် အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်နေပါပြီဖြစ်သည်။
နတ်ဘုရားဆေးလုံး အတွက်ကတော့ ဖော်စပ်နိုင်သူ ရှိသည်ဟု ကြားရသည်မှာ ရှားပါးလှသည်။
ဖော်စပ်နိုင်သူရှိခဲ့လျှင်တောင် အလွန်အမင်း ရှည်လျားတဲ့ ပြင်ဆင်မှုနှင့် ကျိုချက်မှု ကာလတစ်ခုပေးရပြီး ကံ၏ အကူအညီ အနည်းငယ်ကိုလည်း လိုအပ်ကာ ထိုသို့မှ ဆေးတစ်လုံး အောင်မြင်စွာ ဖော်စပ်နိုင်သည်။
သို့သော် ရွှယ်အန်းသည် ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ရုံဖြင့် နတ်ဘူရားဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဤသည်မှာ ရှောင်တန်ချန်ကိုတောင် မေးရိုးများပြုတ်ကျသွားနိုင်သည်အထိ အံ့အားသင့်သွားစေခဲ့သည်။
ထိုအချိန်မှာပဲ ရွှယ်အန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
"စုစည်းစမ်း"
ဘမ်း
လျှပ်စီးကြောင်းများလည်း ပျောက်ကွယ်သွားသည်။
တောက်ပသော အနက်ရောင် ကျောက်စိမ်းနှင့် ထုဆစ်ထားသကဲ့သို့ ညို့မှိုင်းတောက်ပနေကာ အတွင်းထဲတွင် လျှပ်စီးတန်းများ ဖျတ်ခနဲ ဖျတ်ခနဲ လက်နေတဲ့ ရတနာဆေးလုံးတစ်လုံး လေထဲတွင် ပျံဝဲနေခဲ့သည်။
ထိုစဉ် လူတစ်ယောက်၏ နှလုံးသားနှင့် အသည်းများကို လန်းဆန်းစေသော ရနံ့တစ်ခု ပျံ့လွင့်လာပြီး ရင်ပြင်ကိုတင်မကဘဲ ရှန်ယိုမြို့တစ်မြို့လုံးကိုတောင် လွှမ်းခြုံသွားသည်။
ရှောင်တန်ချန်သခင်ပင် ကြောင်ငေးစွာ ရပ်နေမိသည်။
ရင်ပြင်ပေါ်မှ တခြားလူမျလည်း အလားတူ မှင်တက်နေခဲ့ကြသည်။
ရွှယ်အန်းသည် ဖူရှင်းယန်ကို ခပ်ဖွဖွ ပြုံးပြလိုက်သည်။
"ဆေးလုံးရပြီ"
ဖူရှင်းယန်က ကြောင်ငေးငေးဖြင့် ခေါင်းညိတ်လိုက်သည်။
အဖြစ်အပျက်များသည် အလွန်မြန်လွန်းသဖြင့် သူမ လုံးဝ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပေ။
"သွားကြစို့၊ စစ်ဟွာမြို့ကို ပြန်မယ်"
ရွှယ်အန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဟုတ်"
ဖူရှင်းယန်နှင့် စုရှောင်မုတို့သည် ရွှယ်အန၏ နောက်မှ ရိုသေလေးစားစွာ လိုက်ပါပြီး၊ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။
"ခဏစောင့်ပါဦး ဆရာကြီး"
ရှောင်တန်ချန်သည် သတိပြန်ဝင်လာပြီး အလျင်အမြန် အပြေးအလွှား ခေါ်လိုက်သည်။
ရွှယ်အန်းသည် သူ့ခြေလှမ်းမျကို ရပ်တန့်လိုက်သော်လည နောက်မလှည့်ဘဲ ဖြေလိုက်သည်။
"ဘာကိစ္စရှိသေးလို့လဲ"
"ဆရာကြီး၊ ကျွန်တော့် စောစောက မျက်စိမမြင်ခဲ့မိလို့ ဆရာကြီးကို ပြစ်မှားမိတဲ့အတွက် ခွင့်လွှတ်ပါ၊ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်ခင်ဗျာ"
ရွှယ်အန်းသည် ရှောင်တန်ချန်ကို လှည့်ကြည့်လိုက်ပြ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ခင်ဗျားက သံမဏီအရိုးမဟာမိတ်အဖွဲ့နဲ့ ဖန်မိသားစုကို မကြောက်တော့ဘူးလား"
ရှောင်တန်ချန်၏ မျက်နှာသည် နီရဲတက်လာပြီး၊ ရှက်ရွံ့မှုကြောင့် စကားလုံးများပင် ပျောက်ဆုံးသွားသည်။
ရွှယ်အန်းသည် နောက်ပြန်လှည့်သွားပြီး ရှေ့ဆက်လျှောက်သွားသည်။ သူ ရင်ပြင်မှ ထွက်ခါနီးအချိန်တွင် ခပ်ဖွဖွ ပြောလိုက်သည်။
"ဒီနှစ်တွေတစ်လျှောက်လုံး မင်းရဲ့ ဆေးဖပညာက ဘာလို့ နည်းနည်းမှ တိုးတက်မလာခဲ့လဲ သိလား"
ရှောင်တန်ချန်၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး ခေါင်းမော့လိုက်ကာ အဝေးရှိ ရွှယ်အန်း၏ ပုံရိပ်ဆီကို တောက်ပသေည မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဘာကြောင့်လဲဆိုတာ ပြောပြပေးနိုင်မလား ဆရာကြီး"
"ဘာလို့လဲဆိုတော့ မင်းမှာ ရဲရင့်တဲ့ နှလုံးသားမရှိလို့ပဲ"
"ရဲရင့်တဲ့ နှလုံးသား..."
"ဟုတ်တယ်၊ ဆေးဖော်ပညာ လမ်းကြောင်းက အခက်အခဲတွေနဲ့ ပြည့်နှက်နေပြီး နည်းနည်းလေး ပေါ့ဆလိုက်တာနဲ့ ဆေးလုံး ပျက်စီးပြီး အောင်မြင်မှုအားလုံး ဆုံးရှုံးသွားနိုင်တယ်၊ အန္တရာယ် ပိုကြီးမားလေ၊ ဘာမဆိုလုပ်ဆောင်ရဲတဲ့ နှလုံးသားက အရင်ကြီးလေလေပဲ၊ အန္တရာယ်ကင်းကင်းနဲ့ ဆေးဖော်ပညာကို လေ့ကျင့်ဖို့ ကြိုးစားနေတာက အိပ်မက်မက်နေတာပဲ"
ထိုစကားလုံးများသည် ရှောင်တန်ချန်ကို မိုးကြိုးများပမာ ထိမှန်သွားပြီး သူ့မျက်နှာအမူအရာလည်း လျင်မြန်စွာ ပြောင်းလဲသွားကာ သူ့ဘာသာ တီးတိုးရေရွတ်နေမိသည်။
"ဒါ ဒီလိုကိုး... ကျွန်တော် နားလည်သွားပြီ၊ နားလည်သွားပြီ၊ ဒီနှစ်တွေအတွင်းမှာ ကျွန်တော်က ဆေးဖော်ပညာကို လုံ့လဝီရိယနဲ့ လေ့လာနေတယ်လို့ ထင်ခဲ့တာ၊ တစ်ခါတစ်ခါ နှစ်နဲ့ချီပြီး တရားစခန်းဝင်ပေမယ့် တကယ်တမ်းတော့... ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် လှည့်စားနေခဲ့တာပဲ၊ ကျွန်တော့်ရဲ့ နှလုံးသားက ကြောက်ရွံ့အားနည်းနေခဲ့ပါပြီ"
ထိုစဉ် ရှောင်တန်ချန်၏ မျက်လုံးများသည် ကြည်လင်သွားပြီး ယခင်က ကောက်ကျစ်ကာ မောက်မာသော အမူအရာများလည်း ပျောက်ကွယ်သွားသည်။
ထို့နောက် သူသည် ဒူးထောက်ချလိုက်ပြီး၊ ရွှယ်အန် ထွက်ခွာသွားသော အရပ်မျက်နှာကို မျက်နှာမူကာ လေးစားစွာနှင်ြ သုံးကြိမ်တိုင်တိုင် ဦးခေါင်းကို မြေကြီးဖြင့် ထိကာ ကန်တော့လိုက်သည်။
"ဆရာကြီးကို ကျေးဇူးတင်ပါတယ်၊ ဒီတပည့်က ဉာဏ်အလင်းရသွားပါပြီ"
ရွှယ်အန်းသည် ပြုံးလိုက်ပြီး ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာသွားသည်။
ထို့နောက် တစ်နေရာလုံး တိတ်ဆိတ်မှု ကြီးစိုးသွားသည်။
ပုံမှန်အားဖြင့် မောက်မာလေ့ရှိသော ရှောင်တန်ချန်သည် ဤလူအပေါ် လေးစားမှုပြကာ တပည့်တစ်ယောက်အဖြစ် ဂါရဝပြုလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။
မကြာခင်တွင်...
ယနေ့တွင် ရှန်ယိုမြို့ရှိ ရှောင်မိသားစု အိမ်တော်မှာ ဖြစ်ပျက်သွားသော အဖြစ်အပျက်များသည် မယုံနိုင်လောက်သော အရှိန်နှင့် လျင်မြန်စွာ ပျံ့နှံ့သွားသည်။
သံမဏီအရိုးမဟာမိတ်အဖွဲ့ ရဲ့ ဒုတိယသခင်လေး သေဆုံးမှု၊ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ရဲ့ နေရာမှာတင် ဆေးလုံးဖော်စပ်မှု၊ ပြီးတော့ ရှောင်တန်ချန်က လေးစားရတဲ့ ဆေးဆရာကြီး ဒူးထောက် အရှုံးပေးမှု...
ထိုအဖြစ်အပျက်အားလုံးသည် ဗုံးများ ဆက်တိုက် ပေါက်ကွဲသကဲ့သို့မျိုးဖြး်သည်။ ပုံမှန်အားဖြင့် တည်ငြိမ်အေးချမ်းနေသော အရှေ့ဒေသကို ပွက်လောရိုက်သွားစေခဲ့သည်။
မရေမတွက်နိုင်သော လူများသည် ရွှယ်အန်၏ နောက်ခံကို ဖော်ထုတ်ရန် ကြိုးစားခဲ့ကြသော်လည်း အချည်းနှီးဖြစ်ခဲ့ရသည်။
ထို့ကြောင့် ကောလာဟလ အမျိုးမျိုး ထွက်ပေါ်လာတော့သည်။
တချို့သည် ရွှယ်အန်းမှာ မြောက်ဘက် အစွန်အဖျားရှိ ကြမ်းတမ်းအေးစက်သော နယ်မြေမှ လာကာ ခက်ခဲကြမ်းတမ်းသော လေ့ကျင့်မှုများကို ဖြတ်သန်းခဲ့ရသော် ကျင့်ကြံသူတစ်ယောက်ဟု ပြောကြသည်။
တချို့ဆိုလျှင် သူသည် အလယ်ပိုင်းဒေသ၏ ဝမ်တန်မြို့မှ လာခြင်းဖြစ်သည်ဟု ပြောကြသည်။ အဘယ့်ကြောင့်ဆို သူ၏ ကြောက်စရာကောင်းသော ဆေးဖော်စွမ်းရည်သည် ထိုမှအပ တခြားမဖြစ်နိုင်လို့ပေ။
သို့သော် ဤသို့ထင်ကြေးပေးမှုများသည် တည်ငြိမ်ကို ဖုံးကွယ်နေသော လှိုင်းတံပိုးလေးများသာဖြစ်သည်။ အဘယ့်ကြောင့်ဆို လူတိုင်းသည် စောင့်ဆိုင်းနေကြလို့ဖြစ်သည်။
ဖန်မိသားစုနှင့် သံမဏီအရိုးမဟာမိတ်အဖွဲ့သည် ဤကိစ္စအပေါ် မည်သို့ တုံ့ပြန်မလဲဆိုတာကို ၎င်းတို့ စောင့်ဆိုင်းနေကြခြင်းဖြး်သည်။
အပြင်လောကတွင် ဤဖြစ်ရပ်များကြောင့် ဆူညံနေချိန်မှာ...
ရွှယ်အန်းသည် အရှေ့ဒေသ အစွန်းဖျားတွင်တည်ရှိသော စစ်ဟွာမြို့ကို အန်းယန်နှင့် သူ့သမီးများဖြင့်အတူ ရောက်ရှိလာခဲ့ကြသည်။
ဤသည်မှာ ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည်။
တစ်ချိန်က မြင့်မားလှသော မြို့ရိုးများသည် ယခုအချိန်တွင် အချိန်ကာလတိုက်စားမှုကြောင့် အမှတ်အသားများဖြင့် ပြည့်နေသည်။
ယိုယွင်းနေသော ဂိတ်တံခါးများသည် မြို့၏ လက်ရှိ ဆုတ်ယုတ်နေသော အခြေအနေကို ပိုလို့တောင် ထင်ရှားစေသည်။
သို့သော် ကျန်ရစ်နေသေးသော ထည်ဝါမှုတစ်ချို့မှာ မြို့၏ အတိတ်က စည်ပင်ဝပြောခဲ့မှုကို ဖော်ပြနိုင်တုန်းဖြစ်သည်။
"အစ်မကြီး"
"အစ်မကြီး ပြန်လာပြီ"
မြို့ရိုးပေါ်မှ အမျိုးသမီးစစ်သားအားလုံးသည် ဖူရှင်းယန်ကို မြင်လိုက်ရသောအခါ အံ့ဩတကြီး အော်ဟစ်လာကြသည်။
ထို့နောက်မြို့တံခါးများကို ဖွင့်ပေးလိုက်သည်။
ဖူရှင်းယန်က ရှေ့ကနေ ဦးဆောင်ပြီး ရွှယ်အန်းကို စစ်ဟွာမြို့ထဲဆီ လမ်းပြခေါ်ဆောင်သွားသည်။
မြို့ထဲရှိ အိမ်များသည် အနည်းငယ် ဟောင်းနွမ်းနေပုံရသော်လည်း လမ်းများသည်တော့ သိပ်ကို သန့်ရှင်းနေသည်။
လမ်း၏ ဘေးနှစ်ဖက်ဆီတွင် ပန်းများထ အပင်များအား အများအပြား စိုက်ပျိုးထားသည်။
သူတို့ကြားထဲ လမ်းလျှောက်နေရခြင်းမှာ ပန်းပင်လယ်ကြီးထဲ လမ်းလျှောက်နေရသကဲ့သို့ခံစားရသည်။
ထို့ကြောင့် ရွှယ်အန်းသည် ဟွာနိုင်ငံ၏ ရှေးခေတ်ကာလကိုတောင် ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အဘယ့်ကြောင့်ဆို ဤနေရာရှိ အလှဆင်မှုများနှင့် အခင်းအကျင်းများသည် ရှေးခေတ် ဟွာနိုင်ငံနှင့် တစ်ပုံစံတည်း ဖြစ်နေလို့ဖြစ်သည်။
သူသည် ပတ်ဝန်းကျင်ရှိ အဆောက်အဦတွေကို လေ့လာစစ်ဆေးနေတုန်းပင်
လမ်းတစ်လျှောက်မှ လူများသည်လည်း ရွှယ်အန်ကို စူးစမ်းလိုစွာ အကဲခတ်နေကြသည်။
အပြင်လောကက ကောလာဟလများလိုပင် ဤစစ်ဟွာမြို့တွင် အမျိုးသမီးများသာ နေထိုင်ကြသည်။
မိန်းကလေးများသည် အတူစုဝေးကာ ရွှယ်အန်ကို လက်ညှိုးထိုးလျက် ဆွေးနွေးပြောဆိုနေကြပြီး တစ်ခါတစ်ရံ ပါးစပ်ကို အုပ်ကာ တခစ်ခစ် ရယ်မောကြသည်။
သူတို့အတွက် အမျိုးသားတစ်ယောက်သည် ဤမြို့ကို လာလည်သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ရွှယ်အန် ပေါ်လာမှုသည် အတော်လေးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
ပိုဆိုးသည်မှာ သူက အစ်မကြီး ဖူရှင်းယန်နှင့်အတူ ပြန်လာခဲ့သောကြောင့်ဖြစ်သည်။
ဤသည်မှာ သူတို့အားအမှန်ပင် အံ့ဩသွားစေခဲ့သည်။
သို့သော် ရွှယ်အန်း ထက်တောင် ပိုပြီး အာရုံစိုက်ခံရသည်မှာ အန်ယန်နှင့် သူမဘေးရှိ ကောင်မလေးငယ်နှစ်ယောက်ဖြစ်သည်။
အန်းယန်သည် သူမကို ဖုံးကွယ်ထားသော ပုံရိပ်ယောင် အစွမ်းကို ဖယ်ရှားလိုက်ပြီ သူမ၏ မျက်နှာကို ဖော်ပြထားခဲ့သည်။
သူမ၏ ဆံပင်များမှာ ခပ်ဖွဖွ ထုံးဖွဲ့ထားပြီး စကတ်သည် လေတွင် တလွင့်လွင့် ပျံဝဲနေကာ သူမ လမ်းလျှောက်သည့်အခါ လေထဲမှ မိုးမခပင်လေးပမာ ထင်ရပြီး ရပ်နေသည့်အခါ ရေပေါ်တွင် ထင်ဟပ်နေသော နူးညံ့သည့် ပန်းလေးတစ်ပွင့်လိုထင်ရသည်။
ဤသို့ထူးကဲသော အလှတရားသည် အမျိုးသမီးများကို သဘာဝအတိုင်း တုန်လှုပ်သွားစေခဲ့သည်။
ထို့အပြင် ကြွေရုပ်လေးများလို ချစ်စရာကောင်းသော ကလေးမလေးနှစ်ယောက်လည်း ရှိနေသေးသဖြင့် အမျိုးသမီးတော်တော်များများ၏ မျက်လုံးများသည် တောက်ပသွားသည်။
"ဘုရားရေ၊ သူတို့ အရမ်း ချစ်စရာကောင်းတာပဲ"
"အမြွှာလေးတွေ ကြည့်ပါဦး၊ တစ်ပုံစံတည်းပဲ"
ထိုသို့ အော်ဟစ်သံများနှင့် အားကျသံမျကြားတွင် ဖူရှင်းယန်သည် ရွှယ်အန်းကို စစ်ဟွာမြို့၏ အလယ်ဗဟိုတွင် တည်ရှိသော အိမ်တော်ကြီးတစ်ခုဆီကို ခေါ်ဆောင်သွားခဲ့သည်။
ဤအိမ်တော်ကြီးသည် တခြားအိမ်များထက် ပိုပြီး ကျယ်ဝန်းကာ ခမ်းနားသည်။
သို့သော် အချိန် တိုက်စားမှုကြောင့် အလွန်ကို ဟောင်းနွမ်းနေပုံရသည်။
ဖူရှင်းယန်က လူတိုင်းကို အိမ်တော်ရ၏ အနောက်ဘက်ဆီကို တန်းတန်းမတ်မတ် ခေါ်သွားသည်။
ထိုနေရာတွင် အမျိုးသမီး အများအပြားသည် ကင်းစောင့်နေကြသည်။
သူတို့သည် ဖူရှင်းယန် ပြန်လာသည်ကို မြင်လိုက်သောအခါ စုဝေးလာကြသည်။
"အစ်မကြီး"
ဖူရှင်းယန်က မေးလိုက်သည်။
"ငါတို့ရဲ့ ဘိုးဘေးကြီး နေကောင်းရဲ့လား"
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် အတူတတကွ ခေါင်းခါလိုက်ကြသည်။
"ကျွန်မတို့ထဲက ဘယ်သူမှ အတွင်းဆောင်ထဲကို ဝင်လို့မရဘူး၊ ဒါပေမဲ့ ကျွန်မတို့ ခံစားမိနေတာက... ဘိုးဘေးကြီးရဲ့ တည်ရှိမှုက တစ်နေ့ထက်တစ်နေ့ အားနည်းလာနေတယ်"
ဖူရှင်းယန်သည် မျက်မှောင်ကြုတ်လိုက်ပြီး အတွင်းဆောင်ဆီကို ဆက်သွားရန် ဟန်ပြင်စဥ် အိမ်တော် ဝင်လာကတည်းက တိတ်ဆိတ်နေခဲ့သော ရွှယ်အန်းသည် ရုတ်တရက် ပြောလာသည်။
"ငါ ဝင်သွားလိုက်မယ်”