တစ်ညတည်းဖြင့် မြို့တော်တစ်ခုလုံး ဖြူဖွေးသွားခြင်း
Vol. 50 Ch. 741
ဤအချိန်တွင်...
စီဟွာမြို့တော်သည် အဖြူရောင်ဖြင့် လွှမ်းခြုံလျက် ရှိသည်။
ဖူရှင်းယန်နှင့် စုရှောင်မုတို့ကဲ့သို့သော ကျင့်ကြံသူများအနေဖြင့် လျှော်ကြမ်းဖြင့် ချုပ်ထားသော ဝမ်းနည်းခြင်း အထိမ်းအမှတ် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
သို့သော် မြို့ထဲရှိ အမျိုးသမီးများအားလုံးသည်လည်း မိမိတို့ သဘောဆန္ဒအလျောက် ရိုးရိုးအဖြူရောင် အဝတ်အစားများသို့ ပြောင်းလဲ ဝတ်ဆင်ခဲ့ကြသည်။
ထို့ကြောင့် တစ်ညတည်းဖြင့် မြို့တော်တစ်ခုလုံးသည် အဖြူရောင် လွှမ်းသွားခဲ့သည်။
လုရိယွမ်၏ ခန္ဓာကိုယ်သည် ကောင်းကင်နှင့် မြေကြီးထံသို့ ပြန်သွားခဲ့ပြီ ဖြစ်သောကြောင့် သဘာဝအတိုင်း ရုပ်ကလာပ်ဟူ၍ ကျန်ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် အသုဘ အခမ်းအနားတွင် သူမ၏ ဝတ်ရုံနှင့် ဦးထုပ်ကိုသာ ထားရှိခဲ့သည်။
သို့သော်ငြား မြို့ထဲရှိ အမျိုးသမီးများအားလုံးသည် လာရောက် ဂါရဝပြုခဲ့ကြသည်။
ထို့ပြင် ဂါရဝပြုပြီးနောက် ထိုသူများသည် ထွက်ခွာမသွားကြဘဲ အပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။
ညအချိန်လည်း ကျရောက်လာသည်။
မြို့တော်သခင် အိမ်တော်၏ အပြင်ဘက် ဧရိယာသည် ညလုံးပေါက် အဖော်ပြု စောင့်ဆိုင်းနေသူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
၎င်းတို့ စကားတစ်ခွန်းမျှ မပြောကြသော်လည်း စီဟွာမြို့တော် တစ်ခုလုံးသည် ဝမ်းနည်းပူဆွေးမှု နှင့် လေးနက်တည်ငြိမ်မှု လေထုဖြင့် လွှမ်းခြုံနေခဲ့သည်။
ရွှယ်အန်းသည်လည်း မျိုးဆက်သစ် လူငယ်တစ်ယောက်၏ ကျင့်ဝတ်အတိုင်း မြို့တော်သခင်၏ အိမ်တော်အတွင်း၌ ညလုံးပေါက် စောင့်ဆိုင်းနေခဲ့သည်။
အသုဘ အခမ်းအနား တစ်ခုလုံးသည် အလွန် လေးနက်သော်လည်း၊ အလွန်အမင်း တိတ်ဆိတ်နေခဲ့သည်။
ယခုအချိန်အထိ အပြင်လူ တစ်ယောက်မျှ ဝမ်းနည်းကြောင်း လာရောက် ပြောကြားခြင်း မရှိသေးပေ။
စီဟွာမြို့နှင့် အနီးဆုံး မြို့များနှင့် ဂိုဏ်းများပင်လျှင် တိတ်ဆိတ်စွာ ရှိနေကြသည်။
ဤမြင်ကွင်းသည် ဖူရှင်းယန်တို့အား ရင်နာမှု နှင့် ဒေါသများ ပြည့်နှက်စေခဲ့သည်။
၎င်းတို့သည် စီဟွာမြို့၏ ကျဆုံးခန်းကို မြင်တွေ့ရန် စောင့်ဆိုင်းနေကြသည်မှာ ထင်ရှားလှသည်။
ရွှယ်အန်းသည် ဝမ်းနည်းခြင်း အခမ်းအနား ခန်းမ အပြင်ဘက်ရှိ ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်လျက် ရင်ပြင်တွင် စိုက်ထူထားသော အဖြူရောင် အသုဘအလံကို မော့ကြည့်နေခဲ့သည်။
လေသည် အလံကို တိုက်ခတ်နေပြီး၊ ညကောင်းကင်သည် အလင်းရောင် ကင်းမဲ့နေသည်။
ဤ တိတ်ဆိတ် ခြောက်ကပ်သော လေထုသည် လူများစွာ၏ နှလုံးသားကို အရိပ်မည်းပမာ လွှမ်းခြုံစေခဲ့သည်။
သို့သော် ရွှယ်အန်းသည် တိတ်ဆိတ်စွာ ကြည့်ရှုလျက် နက်ရှိုင်းသော တွေးတောမှုထဲသို့ နစ်မြုပ်နေခဲ့သည်။
လုရိယွမ် မသေဆုံးမီ သူ့ထံ ချန်ထားခဲ့သော ဝိညာဉ်အာရုံသည် ကြီးမားကာ ရှုပ်ထွေးလှသည်။ ရွှယ်အန်းသည် ၎င်းတို့ကို စီစစ်ရန် နေ့လည်ခင်း တစ်ခုလုံး အချိန်ယူခဲ့ရသည်။
ဤ ဝိညာဉ်အာရုံမှတ်ဉာဏ်များထဲတွင် အများစုမှာ သူမ၏ မွေးရပ်မြေနှင့် သက်ဆိုင်သော အကြောင်းအရာများ ဖြစ်သည်။
လုရိယွမ်သည် ကြီးမားသော ဘေးအန္တရာယ် မတိုင်မီ သူမ၏ မွေးရပ်မြေရှိ သိပ်မထင်ရှားသော ဂိုဏ်းတစ်ခုမှ ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သည်။
ထိုစဉ်က သူမသည် မည်သည့် ဒုက္ခကိုမျှ သတိမပြုမိဘဲ ပျော်ရွှင်စွာ နေထိုင်ခဲ့သည်။
သို့သော် တစ်နေ့တွင် ထိုအရာအားလုံးသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။
လုရိယွမ်၏ မှတ်ဉာဏ်များမှတစ်ဆင့် ရွှယ်အန်းသည် ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရသည်။
ကောင်းကင်ယံတွင် အလွှာလိုက် အလွှာလိုက်သော ကြယ်တာရာယာဉ်များ၊ ပျံသန်းယာဉ်များဖြင့် ဖုံးအုပ်နေပြီး ၎င်းတို့အပေါ်တွင် မရေမတွက်နိုင်သော နတ်ဘုရားများနှင့် နတ်ဆိုးများ ရပ်တည်နေကြသည်။
ကမ္ဘာဂြိုဟ်တစ်ခုလုံးပင်လျှင် အလွှာလိုက် ဝန်းရံခံထားရသည်။
သူမ၏ မွေးရပ်မြေမှ လူများ၊ သို့မဟုတ် ကမ္ဘာမြေတစ်ခုလုံးသည် ကမ္ဘာပျက် ဘေးဒုက္ခကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။
လုရိယွမ်၏ ဆရာနှင့် ဂိုဏ်းတူအစ်ကိုများသည် ဤတိုက်ပွဲတွင် ကျဆုံးခဲ့သကြည်။
သို့သော် သူတို့ မသေဆုံးမီ လုရိယွမ်၏ ဂိုဏ်းသည် မတည်ငြိမ်သော အချိန်-နေရာ လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ရန် အတူတကွ လုပ်ဆောင်ခဲ့ပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသော လုရိယွမ်ကို ၎င်းမှတစ်ဆင့် အတင်းအကျပ် တွန်းပို့ခဲ့သည်။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက လုဂိယွမ်သည် အမှန်တကယ် ပြန်လည် ကောင်းမွန်လာနိုင်ပြီး ရွှယ်အန်းလည်း ဤမျှ ဒေါသထွက်နေမည် မဟုတ်ပေ။
သို့သော် သူမသည် ကွေ့ရီ ကြယ်ဂြိုဟ်သို့ ရောက်ရှိသောအခါ သူမအား ဒေသခံ ကျင့်ကြံသူများသည် မနာလိုဖြစ်ခဲ့ကြပြီး ဂိုဏ်းအများအပြားမှာ သူမအား ယုတ်မာသော နည်းလမ်း မျိုးစုံဖြင့် ဆက်ဆံခဲ့ကြကာ ကျင့်ကြံသူ အမြောက်အများကို ဆင့်ခေါ်၍ သူမအား စုပေါင်း တိုက်ခိုက်ခဲ့ကြသည်။
လုရိယွမ်သည် အဆုံးတွင် ထိုသူများကို မနည်း ခုခံ တွန်းလှန်နိုင်ခဲ့သော်လည်း သူမ၏ ဒဏ်ရာများသည် ပြန်လည် ကုသ၍ မရနိုင်တော့သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
အဆုံးတွင် လုရိယွမ်သည် အသက်ရှင်သန်ရန်အတွက် ထို မာယာနယ်မြေထဲတွင် မိမိကိုယ်ကို ချိပ်ပိတ်ခဲ့ပြီး သူမ၏ တိုင်းပြည်တူသားများ ရောက်ရှိလာမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
ထိုဂိုဏ်းများသည် လုရိယွမ်၏ ကျင့်ကြံမှု အဆင့်ကို ကြောက်ရွံ့သောကြောင့် စီဟွာမြို့ကို နှစ်ထောင်ပေါင်းများစွာ ဖိနှိပ်ခဲ့ပြီး ရန်ငြိုးဖွဲ့ခဲ့ကြသည်။
ထိုဂိုဏ်းများသည် အဓိကအားဖြင့် ကွေ့ရီ အလယ်ပိုင်းဒေသမှ လာကြခြင်း ဖြစ်သည်။
ရုတ်တရက် ရွှယ်အန်းသည် ခေါင်းလှည့်ကာ အဝေးရှိ မိုးကုတ်စက်ဝိုင်းကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"သူတို့ နောက်ဆုံးတော့ ရောက်လာကြပြီလား"
တစ်ချိန်တည်းမှာပင် အဝေးရှိ ကောင်းကင်ယံတွင် မရေမတွက်နိုင်သော အလင်းတန်းများ ပေါ်ထွက်လာပြီး လျင်မြန်စွာ ချဉ်းကပ်လာသည်။
ခဏအတွင်းမှာပင် ထိုအလင်းတန်းများသည် စီဟွာမြို့ အထက်သို့ ရောက်ရှိလာသည်။
သူတို့ ရပ်တန့်လိုက်သည့်အခါ ကျင့်ကြံသူ တစ်စု ဖြစ်နေသည်ကို တွေ့နိုင်သည်။
ထိုအချိန်တွင် ဖူရှင်းယန်သည် ဆူညံသံကို ကြားသဖြင့် အပြင်သို့ ထွက်လာပြီး မော့ကြည့်လိုက်ရာ ထိုမြင်ကွင်းကြောင့် သူမ၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။
"ရှန်ယိုမြို့၊ ထိုက်ဝူဂိုဏ်း၊ နှလုံးသားမဲ့ သတ်ဖြတ်သူ... ရောက်လာတဲ့ သူတွေက အရှေ့ပိုင်းဒေသရဲ့ အဓိက ဂိုဏ်းကြီးတွေရဲ့ ဂိုဏ်းချုပ်တွေနဲ့ မြို့သခင်တွေပဲ"
ရွှယ်အန်း၏ မျက်နှာအမူအရာသည် မပြောင်းလဲသေးပေ။
ထိုအချိန်တွင် ဂိုဏ်းချုပ်များနှင့် မြို့သခင်များအားလုံးသည် အောက်ဘက်ရှိ ဖူရှင်းယန်နှင့် အခြားသူများကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ယောက် ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေကြပုံဖြင့် ဘေးသို့ ဆုတ်ခွာသွားကြသည်။
တစ်ခဏအကြာတွင်...
အဝေးမှ စိတ်တုန်လှုပ်ဖွယ် တုန်ခါမှုတစ်ခု ထွက်ပေါ်လာသည်။
မကြာမီ အမျိုးသားတစ်ဦး လေထဲမှ ချဉ်းကပ်လာသည်။
သူ၏ ခြေလှမ်းတိုင်းသည် ဟင်းလင်းပြင်သို့ ကျရောက်ချိန်တွင် ကောင်းကင်နှင့် မြေကြီးကို သူနှင့်အတူ တုန်ခါစေခဲ့သည်။
သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် စီဟွာမြို့အထက်ရှိ ကောင်းကင်ယံဆီသို့ ရောက်ရှိလာသည်။
ဤသလူကား အရပ်မြင့်ကာ တုတ်ခိုင်သော အမျိုးသားတစ်ဦး ဖြစ်သည်။
မှိန်သော အလင်းကွင်းတစ်ခုသည် သူ့အ လွှမ်းခြုံထားပြီး သူ၏ မျက်လုံးများသည် ပြင်းထန်သော အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် ရွှေရောင် အင်မော်တယ် တန်ခိုးရှင်တစ်ဦးဖြစ်သည်မှာ သေချာလှသည်။
ဖူရှင်းယန်သည် တုန်လှုပ်သွားပြီး သူမ၏ မျက်နှာသည် အလွန်အမင်း ရုပ်ဆိုးသွားသည်။
"သူက သံမဏိအရိုးမဟာမိတ်အဖွဲ့ရဲ့ သခင်လေး လီဟွေးပဲ"
ဤ လီဟွေးသည် သံမဏိ အရိုး မဟာမိတ်အဖွဲ့၏ သခင်လေး ဖြစ်ပြီး သေဆုံးသွားသော ကျိယန်ရှီ၏ အဖေတူအမေကွဲ အစ်ကို ဖြစ်သည်။
သူသည် အသုံးအဖြုန်းကြီးသော ကျိယန်ရှီနှင့် မတူဘဲ လီဟွေးသည် ငယ်စဉ်ကတည်းက ကွေ့ရီ အလယ်ပိုင်းဒေသရှိ ယူရွှီ နန်းတော်သို့ ပညာသင်ရန် စေလွှတ်ခြင်း ခံခဲ့ရသည်။
သူ ပြန်ရောက်လာသောအခါ သူသည် ရွှေရောင်အင်မော်တယ် တန်ခိုးရှင်တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သူ၏ အသက်အရွယ်အတွက် ဤ ကျင့်ကြံမှုအဆင့်သည် အရှေ့ပိုင်းဒေသတွင် ဂုဏ်ယူစရာ တစ်ခု ဖြစ်သည်။
မမျှော်လင့်စွာ သူသည် ယနေ့တွင် ရောက်ရှိလာခဲ့သည်။
ဖူရှင်းယန်သည် တုန်လှုပ်နေမိသည်။
ထိုအချိန်တွင် အလင်းတန်း ဒါဇင်ပေါင်းများစွာသည် အနောက်ဘက်မှ ပျံသန်းဝင်ရောက်လာသည်။
သူတို့ ဆင်းသက်လာသောအခါ ၎င်းတို့သည် အင်အားကြီးသော ကျင့်ကြံသူ တစ်စု ဖြစ်ကြကာ ခေါင်းဆောင်မှာ ဝတ်ရုံဖြူ ဝတ်ဆင်ထားသော မာနကြီးသော မိန်းကလေးငယ် တစ်ဦး ဖြစ်သည်။
သူမသည် လီဟွေးကို ပြောင်ချော်ချော် ပြုံးပြကာ ပြောလိုက်သည်။
"အစ်ကိုလီဟွေး ရှင် လမ်းလျှောက်တာ မြန်လွန်းလို့ ကျွန်မတောင် မနည်း လိုက်နေရတယ်"
ဖန်လင်းအာ...
သူမသည် ဖန်မိသားစု၏ အငယ်ဆုံး သမီးဖြစ်ပြီး ဖန်မိသားစု၏ ဘိုးဘေးကြီးမှ အသည်းကျော်အဖြစ် သတ်မှတ်ထားသူလည်းဖြစ်သည်။
သူမလည်း လိုက်လာတာလား
လီဟွေးသည် ခပ်ရေးရေး ပြုံးလိုက်ကာ အောက်ဘက်ရှိ စီဟွာမြို့ကို ငုံ့ကြည့်လျက် ပြောလိုက်သည်။
"ငါ့ညီငယ်ကို ဘယ်သူ သတ်တာလဲ"
သူ၏ အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း စီဟွာမြို့အပေါ်သို့ မိုးခြိမ်းသံကဲ့သို့ လိမ့်ဝင်လာသည်။
"အရှင်"
ဖူရှင်းယန်၊ စုရှောင်မု နှင့် အခြားသူများ အားလုံး မျက်နှာပျက်သွားကြသည်။
လီဟွေး၏ ရန်လိုသော ဟန်ပန်၊ ဂိုဏ်းချုပ်များ နှင့် မြို့သခင်များ အများအပြား ရောက်ရှိလာခြင်းကြောင့် ထိုအရှိန်အဝါသည် ဖူရှင်းယန်တို့ကို ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားစေခဲ့သည်။
ထိုအချိန်တွင် မိန်းကလေးငယ်သည် မြေပြင်ပေါ်ရှိ ရွှယ်အန်းကို လက်ညှိုးထိုးပြကာ သူမ၏ မျက်နှာသည် ရေခဲတမျှ အေးစက်လျက် ရှိသည်။
"အဲ့ကောင်ပဲ ဖြစ်ရမယ် အစ်ကိုလီဟွေး"
လီဟွေးသည် အမှန်တွင် ရွှယ်အန်းကို အစောကြီးကတည်းက သတိပြုမိခဲ့သည်။
အဘယ်ကြောင့်ဆိုသော် စီဟွာမြို့တွင် ရွှယ်အန်းသည် ရှိနေသော တစ်ဦးတည်းသော ယောက်ျား ဖြစ်သောကြောင့်ဖြစ်သဖြင့် သူ့ကို သတိမထားမိဘဲ နေရန်မှာမဖြစ်နိုင်ပေ။
သူ၏ ယခင် မေးခွန်းသည် ၎င်း၏ တည်ရှိမှုကို ပိုမိုသိသာစေရန်အတွက်သာ ဖြစ်သည်။
ဤအချိန်တွင် ကောင်းကင်ယံရှိ ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များ နှင့် မြို့သခင်များ အားလုံးသည် သူတို့၏ အကြည့်များကို ရွှယ်အန်းထံသို့ လှည့်လိုက်ကြသည်။
ထို့နောက် သူတို့သည် အချင်းချင်းတီးတိုး ပြောဆိုနေကြသည်။
"ပြောကြတာတော့ ဒီလူက ကျိ
သခင်လေးကို သတ်ရုံတင်မကဘူး၊ ဖန် မိသားစုရဲ့ တတိယသခင်လေးကိုပါ သတ်ခဲ့လို့ သံမဏိအရိုးမဟာမိတ်အဖွဲ့နဲ့ရော ဖန် မိသားစုနဲ့ပါ ရန်သူဖြစ်နေတာတဲ့။ ဒီလူတော့ သေမှာသေချာပြီ"
"ဟားဟား... သူက စီဟွာမြို့နဲ့တောင် ပူးပေါင်းကြံစည်နေသေးတယ်၊ အခု စီဟွာမြို့က ပြိုလဲခါနီး ဖြစ်နေပြီဆိုတာ ဘယ်သူ မသိဘဲ နေမလဲ၊ သူက တကယ့်ကို သူ့သေတွင်း သူတူးနေတာပဲ"
ဤ တီးတိုး ပြောဆိုသံများ အလယ်တွင် စီဟွာမြို့မှ လူများ အားလုံးသည်လည်း စိုးရိမ်သော မျက်နှာများဖြင့် ရွှယ်အန်းကို ကြည့်နေကြသည်။
ထိုအချိန်တွင် လီဟွေးသည် ပျော်စရာတွေ့သည့်ပမာ ရွှယ်အန်းကို အကဲခတ် ကြည့်ရှုလိုက်ပြီး ပြောလိုက်သည်။
"မင်း လုံးဝ မကြောက်ဘူးလား"
"ကြောက်တယ် ဟုတ်လား၊ ငါက ဘာလို့ ကြောက်ရမှာလဲ"
ရွှယ်အန်းသည် ထိုင်ခုံပေါ်တွင် ထိုင်လျက် ကောင်းကင်ပေါ်ရှိ လီဟွေးကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်သည်။
သို့သော် ဤသည်မှာ ဖန်လင်အာကို ဒေါသထွက်စေခဲ့သည်။
"လူယုတ်မာကောင်၊ နင်က ငါ့တတိယအစ်ကိုကို သတ်ရုံတင်မကဘူး၊ သံမဏိအရိုး မဟာမိတ်အဖွဲ့ကိုပါ ရန်စရဲသေးတယ်၊ ဒီနေ့ နင်ရော ဒီမြို့ပါ ငါ့တတိယအစ်ကိုနဲ့အတူ မြှုပ်နှံပစ်မယ်"
ဖန်လင်အာသည် မျက်နှာ ရှုံ့မဲ့လျက် ဒေါသတကြီး ပြောလိုက်သည်။