← Chapters

ရှောင်မု၊ ဝိုင်ပြင်ထား...

Vol. 50 Ch. 743

ရှောင်မု၊ ဝိုင်ပြင်ထား...

Vol. 50 Ch. 743

ရွှယ်အန်း၏ အကြည့်သည် ပိုလို့ပင်အေးစက်လာသည်။

ဤအချိန်တွင် ကျိလီဟွေးသည် ရယ်မောလိုက်သည်။

"တကယ်တော့၊ မင်း သေစရာမလိုပါဘူး၊ မင်းသာ ငါ့ရဲ့ သံမဏိအရိုးမဟာမိတ်အဖွဲ့အတွက် ဆေးလုံးတွေ ဖော်စပ်ပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ငါက မင်းကို မဟာမိတ်အဖွဲ့ရဲ့ ဧည့်ဂုဏ်ထူးဆောင် အကြီးအကဲတောင် ခန့်အပ်နိုင်သေးတယ်"

ဤသည်ကို ကြားသောအခါ ဖန်လင်းအာသည် အနည်းငယ် အံ့အားသင့်သွားသည်။

"အစ်ကိုလီဟွေး"

သို့သော် ကျလီဟွေးက လက်ဝှေ့ယမ်းပြပြီး ရွှယ်အန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ရွေးချယ်စရာ နှစ်ခုရှိမယ်၊ ပထမတစ်ခုက ငါ့ရဲ့ ဒုတိယညီနဲ့ ဖန်မိသားစုရဲ့ တတိယ သခင်လေးအတွက် မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်၊ ဒုတိယတစ်ခုက ငါ့ရဲ့ သံမဏိအရိုး မဟာမိတ်အဖွဲ့ကိုဝင်ပြီး မင်းရဲ့ ဆေးပညာနဲ့ ကျိမိသားစုအတွက် ဆေးလုံးတွေ ဖော်စပ်ပေးရမယ်၊ ကဲ... မင်းရဲ့ ရွေးချယ်မှုကို ပြောစမ်း"

ဖန်လင်းအာသည် ၀င်ပြောချင်မိသော်လည်း၊ အခြေအနေကို သုံးသပ်ပြီးနောက် သူမ ပါးစပ်သာပိတ်လိုက်သည်

။

အဘယ်ကြောင့်ဆိုသော် ဆေးပညာရှင် တစ်ဦးသည် ဂိုဏ်းတစ်ခုအတွက် မည်မျှ အရေးကြီးသည်ကို သူမလည်း နားလည်သောကြောင့် ဖြစ်သည်။

ရွှယ်အန်းသည် ရှန်ယိုမြို့ရှိ ရှောင် မိသားစုတွင် ဆေးဖော်စပ်ပညာကို လူအများရှေ့ ပြသခဲ့သည့် သတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။

ဤသည်မှာလည်း ကျိလီဟွေးက သူ့ကို စည်းရုံး သိမ်းသွင်းလိုသော အကြောင်းရင်း ဖြစ်သည်။

ဤအချိန်တွင်...

ကောင်းကင် အထက်နှင့် အောက်၊ လူတိုင်း၏ အကြည့်များသည် ရွှယ်အန်းအပေါ်တွင် စုစည်းနေသည်။

ရွှယ်အန်းမှာ ယခင်အတိုင်း မထူးခြားသော အမူအရာဖြင့် ရှိနေပြီး စုရှောင်မုကို ခပ်ရေးရေး ပြုံးပြလိုက်သည်။

"ရှောင်မု"

"အရှင်"

စုရှောင်မုသည် ရွှယ်အန်း၏ စကားကို ကြားသောအခါ အလျင်အမြန် ထူးလိုက်သည်။

"ငါ့အတွက် ဝိုင်တစ်အိုး ပြင်ထားပေး"

"ဟမ်"

စုရှောင်မုသည် ဤအချိန်တွင် ရွှယ်အန်းမှ အဘယ်ကြောင့် သူမကို ဝိုင်ပြင်ခိုင်းသည်ကို ရှင်းရှင်းလင်းလင်း နားမလည်ပေ။

ရွှယ်အန်းက ပြောလိုက်သည်။

"ညက ရှည်လျားလွန်းတယ်၊ အထီးကျန်မှုကို ဖြေဖျောက်ဖို့က ဝိုင်နည်းနည်းလိုမယ်"

"ဒါပေမဲ့ ဒီလူတွေက..."

စုရှောင်မုက စိုးရိမ်တကြီး ပြောလိုက်သည်။

ရွှယ်အန်းက ရယ်မောလိုက်ပြီး ထိုင်ခုံတွင် မှီလိုက်ကာ ကောင်းကင်ရှိ ကျင့်ကြံသူများကို ပျင်းရိစွာ လက်ညှိုးထိုးပြလိုက်သည်။

"သူတို့ကတော့... မင်းပြင်ပြီးသွားရင် ရှိတော့မှာ မဟုတ်ဘူး"

ဘမ်း

ရွှယ်အန်း၏ စကားသည် မိုးကြိုး ပစ်လိုက်သည့်ပမာ လှုပ်ခတ်သွားစေသည်။

၎င်းသည် ကောင်းကင်ပေါ်ရှိ ကျင့်ကြံသူများ အားလုံးကို တုန်လှုပ်သွားစေပြီး သူတို့သည် မထီမဲ့မြင် ရယ်မောလိုက်ကြသည်။

"ဒီကောင် ရူးသွားတာလား"

"သူက ကြွားရဲသေးတယ်"

ကျိလီဟွေး၏ မျက်နှာသည်လည်း မည်းမှောင်သွားပြီး အေးစက်စွာ နှာမှုန်လိုက်သည်။

သို့သော် ရွှယ်အန်း၏ စကားများသည် စုရှောင်မု၏ မျက်လုံးထဲတွင် လေးစား အထင်ကြီးမှုများ တောက်လောင်စေခဲ့သောကြောင့် ခေါင်းသာညိတ်လိုက်သည်။

"ဟုတ်ကဲ့ အရှင်"

သူမ ပြောပြီးသည်နှင့် ဝိုင်ပြင်ရန်အတွက် အပြေးအလွှား ထွက်သွားတော့သည်။

ဤအချိန်တွင် ဖန်လင်းအာမှာ လှောင်ပြောင်မှုများ ပြည့်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

"နင်က တကယ့်ကို သေလမ်း ရှာနေတာပဲ၊ အစ်ကိုလီဟွေးရှေ့မှာတောင် ဒီလို စကားတွေ ပြောရဲတယ်၊ အသက်ရှည်ရတာ ပင်ပန်းနေပြီလား"

သူမ စကားပင် မဆုံးသေးမီ ထိုင်ခုံတွင် ထိုင်နေသော ရွှယ်အန်းသည် ကောင်းကင်ယံသို့ ရောက်ရှိနေခဲ့ပြီး ပါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ဖန်လင်းအာသည် တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်ခင်ပဲ လွှင့်စင်သွားခဲ့သည်။

သူမ ပြန်တည်ငြိမ်သွားချိန်တွင် သူမ၏ မျက်နှာတစ်ခြမ်းသည် ပျက်စီးသွားခဲ့ပြီဖြစ်ကာ သူမ၏ မူလက လှပသော ပါးပြင်သည် ယခုအခါ ကြောက်မက်ဖွယ်ရာကောင်းနေခဲ့သည်။

ထိုအချိန်မှသာ လူတိုင်း သတိဝင်လာကြသည်။

ကျိလီဟွေးသည်လည်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"သေစမ်း"

ဤအချိန်တွင် ကျိလီဟွေးသည် ပြင်းထန်သော ဒေါသဖြင့် ပြည့်နှက်နေသည်။

အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းသည် သူ့မျက်စိရှေ့တွင်ပင် ဖန်လင်အာကို ပါးရိုက် လွှင့်ပစ်ရဲသောကြောင့် ဖြစ်သည်။ ဤသည်မှာ မာနကြီးသော ကျလီဟွေးအတွက် လက်ခံရ ခက်ခဲသော အရာ ဖြစ်သည်။

ထို့ကြောင့် သူ လှုပ်ရှားလိုက်သောအခါ သေစေနိုင်သော တိုက်ခိုက်မှုများကိုသာ သုံးလိုက်သည်။

ကြီးမားသော အနက်ရောင်လက်သည်းပမာ ကုတ်ခြစ်ရာ အမှတ်အသားကြီးတစ်ခုသည် လေထဲတွင် ပေါ်ထွက်လာပြီး ရွှယ်အန်းထံသို့ တည့်တည့် တိုးဝင်လာသည်။

ရွှယ်အန်းသည် ထို လက်သည်း ကုတ်ခြစ်ရာ၏ အနီးသို့ ရောက်လုနီးပါး ဖြစ်သည်အထိ တစ်လက်မမျှ မရွေ့လျားဘဲ ရပ်နေရာမှ သူ၏ လက်ကို ဖြည်းညှင်းစွာ မြှောက်ကာ ခါလိုက်သည်။

ဘန်း

ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေနိုင်သော အသံတစ်သံသည် ထွက်ပေါ်လာသည်။

အနက်ရောင် လက်သည်း ကုတ်ခြစ်ရာသည် ရွှယ်အန်း၏ လက်တစ်ချက်ခါလိုက်မှုဖြင့် ပျက်ဆီးသွားသည်။

က်ျလီဟွေး၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားသည်။ ဤ ရွှယ်အန်းသည် သူ ထင်ထားသည်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်။

သို့သော် သးသည် အလယ်ပိုင်းဒေသရှိ ယုရွှီ နန်းတော်မှ အထူးတပည့် တစ်ဦးအနေဖြင့်၊ မည်သို့ဆုတ်ခွာနိုင်မည်နည်း။

ထို့ကြောင့် သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ တိုးဝင်ကာသူ၏ လက်များသည် မီတာ တစ်ရာရှည်သော ဧရာမအနက်ရောင် လက်သည်းကြီးများအဖြစ်သို့ ပြောင်းလဲသွားပြီး ရွှယ်အန်းကို ကုတ်ခြစ် တိုက်ခိုက်တော့သည်။

တိုက်ခိုက်မှု တစ်ချက်တိုင်းသည် သူတို့၏ အောက်ရှိ စီဟွာမြို့ကို အနည်းငယ် တုန်ခါစေသည်။

ဖူရှင်းယန်သည် ကောင်းကင်ယံရှိ တိုက်ပွဲကို မော့ကြည့်ရင်း သူမ၏ နှလုံးသည် တင်းကြပ်စွာ ဆုပ်ကိုင်ခံရသည့်ပမာ ခံစားရသည်။

ဒါက ရွှေရောင်အင်မော်တယ် တစ်ယောက်ရဲ့ အစွမ်းလား

သူမရဲ့ အရှင်ကရောနိုင်ပါ့မလား...

ထိုအချိန်တွင် စုရှောင်မုသည် အမှန်တကယ်ပင် စားပွဲခုံငယ် တစ်လုံးကို ယူဆောင်လာပြီး ဝိုင်ကို အိုးငယ်လေးထဲသို့ လောင်းထည့်ကာ မီးဖိုပေါ်တင်၍ ပြင်ဆင်နေလိုက်သည်။

"အရှင် ကျွန်မ ဝိုင်စပြန်နေပြီနော်၊ အားလုံးက သခင့်အပေါ်မှာ မူတည်နေပြီ"

စုရှောင်မုက အော်ပြောလိုက်သည်။

ရွှယ်အန်းသည် တိုက်ခိုက်မှုများကို ပေါ့ပေါ့ပါးပါး ရှောင်တိမ်းနေရာမှာ ခေါင်းလှည့်ကာ စုရှောင်မုကို ပြုံးပြလိုက်သည်။

"ကောင်းပြီ"

ထို့နောက်၊ သူသည် သူ့ကို ပြင်းထန်စွာ တိုက်ခိုက်နေသော ကျိလီဟွေးဘက်သို့ ပြန်လှည့်လိုက်ပြီး သာမာန်ဆန်သော အသံဖြင့် ပြောလိုက်သည်။

"မင်း ရိုက်လို့ ဝပြီလား"ဈ

ကျိလီဟွေး၏ နှလုံးသားထဲတွင် အေးစက်မှုတစ်ခု စိမ့်ဝင်လာသည်။

သူ၏ အစွမ်းရှိသမျှ ထုတ်သုံးပြီး ဖြစ်သော်လည်း ဤလူသည် တည်ငြိမ်အေးဆေးစွာ စကားပြောနိုင်သေးသည်လား

"မင်း ရိုက်လို့ပြီးပြီဆိုရင်၊ ငါ့အလှည့်ပဲ"

"ဟန်ဆောင်မနေနဲ့၊ ငရဲကို သွားလိုက်စမ်း"

ကျိလီဟွေးသည် ဟိန်းဟောက်လိုက်သည်။ သူ၏ လက်များကြားမှထွက်ခာသော လက်သည်းပုံရိပ်များသည် တစ်ဖန် တိုးပွားလာပြီး သူ၏ အရှိန်အဝါသည် ဆက်လက် မြင့်တက်လာကာ သူ၏ ခြေဖဝါးအောက်ရှိ မြေပြင်သည် သူ၏ အသက်ရှုမှုနှင့်အတူ တုန်ခါနေသည်။

ကျိလီဟွေးသည် သူ၏ ကျင့်ကြံမှု အဆင့် ဆယ်ပုံတစ်ပုံကို အသုံးပြုခဲ့ပြီး ဖြစ်သည်။

သူ၏ လက်သည်း ကုတ်ခြစ်မှု တစ်ချက်တိုင်းသည် အာကာသထဲတွင် အနက်ရောင် အစင်းကြောင်းများ ချန်ထားခဲ့ပြီး ၎င်းတို့သည် အချိန်အတော်ကြာမှ ပျောက်ကွယ်သွားသည်။

သို့သော် ထိုကဲ့သို့သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါ ရွှယ်အန်းသည် ရိုးရှင်းစွာသာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြ သူ၏ လက်သီးကို မြှောက်ကာ တစ်ချက် ထိုးထုတ်လိုက်သည်။

ဤ လက်သီးချက်သည် အလွန် သာမန်ဖြစ်သောကြောင့်၊ ဤ အခြေအနေတွင် မသုံးသင့်ဟု လူအများအပြားကို ထင်မိစေသည်။

သို့သော် ကျိလီဟွေးတစ်ကိုယ်လုံးမှာ တုန်လှုပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ၎င်းကို ရှောင်တိမ်းနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

ထို သာမန်ဟုထင်ရသော လက်သီးချက်သည် သူ၏ ဖြစ်နိုင်သမျှသော ထွက်ပြေး လွတ်မြောက်ရာ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားခဲ့သည်။

သူ့တွင် ရှောင်ရှားရန် နည်းလမ်း မရှိပေ။

ကျိလီဟွေးသည် ထူးဆန်းစွာ ဟိန်းဟောက်လိုက်ပြီး သူ၏ လက်များဖြင့် ခုခံရန် ကြိုးစားလိုက်သည်။

သို့သော် လက်သီးချက်သည် မည်သူ့၏ ဆန္ဒကြောင့်မျှ သွားရာလမ်းကြောင်းကို မပြောင်းလဲခဲ့ပေ။ ကျိလီဟွေး မည်သို့ပင် ရုန်းကန်နေပါစေ ၎င်းသည် မရပ်မနား ဆက်လက် တိုးဝင်လာသည်။

ခရက်

လက်သီးချက်သည် ဂျီလီဟွေး၏ ရင်ဘတ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။

ကျိလီဟွေးသည် ထိုလက်သီးချက်ကို ငုံ့ကြည့်လိုက်ပြီးနောက် အသက်ရှူထုတ်လိုက်သည်။ "တော်တော်ကောင်းတဲ့ လက်သီးပဲ"

သူ့ စကားပြောပြီးနောက် သူ၏ ကျောပြင်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ပေါက်ထွက်လာသည်။

ထို့နောက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပျက်စီးစပြုလာပြီး သူ၏ မျက်လုံးများထဲရှိ အလင်းရောင်သည် ချက်ချင်း မှိန်ဖျော့သွားသည်။

မျက်တောင်တစ်ခတ်အတွင်း သူ၏ ခန္ဓာကိုယ်သည် သွေးမှုန်များ အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် ပျံ့လွင့်သွားသည်။

လက်သီးတစ်ချက်တည်းပင်...

ဤ ကျိမိသားစု၏ သခင်လေးလည်းတဖြစ် ယုရွှနနန်းတော်၏ အထူးတပည့်ဖြစ်သကဲ့သို့ ရွှေရောင်အင်မော်တယ်တန်ခိုးရှင် ဂျီလီဟွေးက...

သေဆုံးသွားပြီ!

ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားသည်။

လူအများအပြားသည် မိမိတို့၏ မျက်စိများကို မယုံကြည်နိုင် ဖြစ်နေကြသည်။

တစ်ခဏအကြာတွင် ဖန်လင်အာ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

"မဖြစ်နိုင်ဘူး၊ နင့်လိုကောင်က အစ်ကို လီဟွေးကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ"

ဖန်လင်အာအတွက် ကျီလီဟွေးသည် သူမ၏ ယုံကြည်ရာဖြစ်သည်။ ငယ်စဉ်ကတည်းက ကျီလီဟွေး ရှုံးနိမ့်သည်ကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

သို့သော် မမျှော်လင့်စွာ ဤတစ်ကြိမ်တွင် သူ ရှုံးနိမ့်ရုံသာမက သူ၏ အသက်ပါ ဆုံးရှုံးခဲ့ရသည်။

ရွှယ်အန်းသည် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းတို့ကို တစ်ယောက်ချင်း သတ်နေရတာ အရမ်းဒုက္ခများမှာပဲ၊ ငါ့ရဲ့ ဝိုင်သောက်ချိန်က နှောင့်နှေးသွားနိုင်တယ်"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သူ၏ ခြေထောက်ကို ပြင်းထန်စွာ ဆောင့်လိုက်ရာ ဓားအလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာပြီး ဖန်လင်းအာ နှင့် သူမ၏ အစောင့်အရှောက်များထံသို့ တည့်တည့် တိုးဝင်သွားသည်။

ဖန်လင်းအာသည် ရူးသွပ်မတတ် ရုန်းကန်ခဲ့ပြီး သူမ၏ အစောင့်အရှောက်များသည်လည်း ခုခံရန် ကြိုးစားခဲ့ကြသော်လည်း အားလုံး အချည်းနှီးသာ ဖြစ်သည်။ ခဏအတွင်းမှာပင် ဓားအလင်းတန်းများသည် သူတို့အားလုံးကို ဝါးမျိုချသွားသည်။

ထို့နောက် သွေးများမှလွဲ၍၊ သူတို့ တည်ရှိခဲ့သည့် အရိပ်အယောင် တစ်ခုတစ်လေမျှ မကျန်ရစ်တော့ပေ။

ရွှယ်အန်းသည် လေထဲတွင် ရပ်လျက် သူ့မျက်နှာချင်းဆိုင်ရှိ ဂိုဏ်းချုပ်များနှင့် မြို့သခင်များကို ကြည့်လိုက်သည်။

သူ၏ အကြည့် ကျရောက်ရာ နေရာတိုင်းရှိလူများသည် တုန်လှုပ်သွားကြပြီး ရူးသွပ်မတတ် အော်ဟစ် တောင်းပန်ကြတော့သည်။

"သခင် ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ"

"သခင်ကြီး ကျွန်တော်တို့က စီဟွာမြို့ရဲ့ ကွယ်လွန်သူ ဘိုးဘေးကို လာရောက် ဂါရဝပြုတာပါ"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်တော်တို့ ဂါရဝပြုဖို့ လာတာပါ"

ရွှယ်အန်းသည် ထိုသူများ၏ မျက်နှာများကို ကြည့်ကာ မထူးခြားသော အသံဖြင့် ပြောလိုက်သည်။

"စိတ်မပူကြနဲ့ ငါ မင်းတို့ကို မသတ်ဘူး၊ မင်းတို့ကို သတ်လိုက်ရင် ငါ့လက်တွေ ညစ်ပတ်သွားမှာပေါ့"

ဤသည်ကို ကြားသောအခါ ထိုသူများသည် စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီး မချမိဘဲ မနေနိုင်တော့ပေ။

"ဒါပေမဲ့ မင်းတို့ ပြန်သွားတဲ့အခ သံမဏိ အရိုးမဟာမိတ်အဖွဲ့နဲ့ ဖန်မိသားစုအတွက် သတင်းစကားတစ်ခု ပါးပေးရမယ်"

"ငါက မနက်ဖြန်ကျရင် သံမဏိ အရိုး မဟာမိတ်အဖွဲ့နဲ့ ဖန်မိသားစုကို အပြတ်ပြတ်ချေမှုန်းမယ်လို့"

ဤစကားကို ကြားသောအခါ ဂိုဏ်းချုပ်များ နှင့် မြို့သခင်များ အားလုံး၏ မျက်နှာများသည် ဖြူဖျော့သွားကြသည်။

ရွှယ်အန်းသည် လက်ကိုဝှေ့ယမ်းလိုက်သည်။

"အခု ထွက်သွားကြတော့”

All Chapters