ငါ ဆယ်နှစ်ကြာ ဓားသွေးခဲ့တယ်၊ ဒီနေ့ မင်းတို့ကို ပြမယ်
Vol. 50 Ch. 744
ဤလူများသည် ဘုရင့်၏ အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိပမာ အလုအယက် ထွက်ပြေးကြသဖြင့် လဲကျကုန်ကြသည်။
ခဏအတွင်းမှာပင် ကောင်းကင်အပြည့် ရှိနေသော ကျင့်ကြံသူများသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြသည်။
မြေပြင်ပေါ်ရှိ သွေးအိုင်သည် သူတို့ ရှိနေခဲ့ကြောင်း သက်သေခံနေသည်မှလွဲ၍ သူတို့သည် အခြား မည်သည့် ခြေရာမှ မချန်ထားခဲ့ပေ။
ရွှယ်အန်းသည် မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လာသည်။
ထိုအချိန်မှာပင်...
စုရှောင်မု၏ ဝိုင်သည်လည်း ပြီးသွားခဲ့ပြီ ဖြစ်သည်။
"အရှင်၊ ဝိုင်သုံးဆောင်တော်မူပါ"
စုရှောင်မုသည် ဝိုင်ခွက်ကို ကိုင်ဆောင်ရင်း စိတ်လှုပ်ရှားမှုကြောင့် သူမ တစ်ကိုယ်လုံး တုန်ရီနေသည်။
သူမလို မိန်းကလေးတစ်ဦးအတွက်၊ ဤသည်မှာ သူရဲကောင်းများကို ကိုးကွယ်ချင်သည့် အချိန် ဖြစ်သည်။
ထို့ပြင် ရွှယ်အန်းသည် ယခုလေးတင် ပြီးပြည့်စုံသော သူရဲကောင်းတစ်ဦး၏ လက္ခဏာများကို ပြသခဲ့သည်။
ဤသည်က စုရှောင်မုကို မည်သို့ စိတ်မလှုပ်ရှားစေဘဲ နေမည်နည်း။
ထိုသည်မှာ သူမ တစ်ယောက်တည် မဟုတ်ပေ။
ဤအချိန်တွင် စီဟွာမြို့ရှိ လူများအားလုံးသည် ရွှယ်အန်းကို ကြည်ညို လေးစားမှု အပြည့်ပါသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ရွှယ်အန်းသည် ပြုံးလိုက်ပြီး ဝိုင်ခွက်ကို ယူကာ ဖြည်းညှင်းစွာ သောက်လိုက်သည်။
"ဝိုင်ကောင်းပဲ"
"သခင်..."
ဖူရှင်းယန်က စကားစလိုက်ပြီးနောက် တုံ့ဆိုင်းသွားကာ သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်မှု အရိပ်အယောင်တစ်ခု ထင်ဟပ်နေသည်။
ရွှယ်အန်းက လက်ဝှေ့ယမ်းလိုက်သည်၊
"ဆက်ပြောစရာ မလိုတော့ဘူး၊ ဒီည ငါ ဒီနေရာမှာ စောင့်မယ် မိုးလင်းတာနဲ့၊ ငါ သံမဏိအရိုး မဟာမိတ်အဖွဲ့နဲ့ ဖန မိသားစုကို သွားပြီး ချေမှုန်းမယ်"
သူ၏ စကားလုံးများသည် တုနှိုင်းမရသော ပြင်းထန်သည့် ယုံကြည်မှုကို ထုတ်လွှတ်နေသည်။
ဖူရှင်းယန်သည် သူမ၏ နှလုံးသားထဲတွင် အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သော် ခေါင်းညိတ်လျက်သာ တုံ့ပြန်နိုင်ခဲ့သည်။
"ဟုတ်ကဲ့ပါ"
မကြာမီ...
လူတိုင်း ထွက်ခွာသွားကြသည်။
ထိုအခါ ရင်ပြင်ထဲတွင် ရွှယ်အန်း တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
သူသည် ထိုင်ခုံတွင် ထိုင်လျက် ဝိုင်ကို ဖြည်းညှင်းစွာ အရသာခံနေသည်။
"သံမဏိအရိုး မဟာမိတ်အဖွဲ့တဲ့... ဟက်"
ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာသည်။
လုရိယွမ်၏ မှတ်ဉာဏ်များမှတစ်ဆင့် ရွှယ်အန်းသည် သံမဏိ အရိုး မဟာမိတ်အဖွဲ့ ဖြစ်စေ ဖန်မိသားစုဖြစ်စေ စီဟွာမြို့ကို တိုက်ခိုက်ရန် ၎င်းတို့၏ နောက်ကွယ်တွင် တစ်စုံတစ်ယောက်က ညွှန်ကြားနေသည်မှာ သေချာကြောင်း ကောက်ချက်ချလိုက်သည်။
ထို့ကြောင့် ရွှယ်အန်းတွင် ဤမျှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ရှိခြင်းဖြစ်သည်။
အရာအားလုံးကို မိုးလင်းတဲ့အထိ စောင့်ရမယ်...
ထိုစဉ် သူမ၏ အခန်းသို့ ပြန်လာသော စုရှောင်မုသည် ယခု အခိုက်အတန့်အထိ စိတ်လှုပ်ရှားမှုကြားမှ မတည်ငြိမ်နိုင်သေးပေ။
"အစ်မဖူ အရှင်က တကယ့်ကို အံ့မခန်းပဲနော်၊ သူက ကျွန်မကို ဝိုင်ပြင်ခိုင်းပြီး ရန်သူတွေကို သတ်ဖြတ်ဖို့ ထွက်သွားတယ်၊ သူတို့ သေသွားတဲ့အချိန်မှာ ဝိုင်က အဆင်သင့် ဖြစ်နေပြီ၊ ဒါက အရမ်းမိုက်တာပဲ၊ ပြီးတော့ သူက သံမဏိအရိုး မဟာမိတ်အဖွဲ့ကို နင်းခြေတော့မယ်၊ တကယ့်ကို..."
စုရှောင်မုသည် သူမ၏ နှလုံးသားထဲရှိ လေးစား အထင်ကြီးမှုကို ဖော်ပြရန် စကားလုံးများ ရှာမတွေ့နိုင် ဖြစ်နေသည်။
သို့သော် ဖူရှင်းယန်သည် ပိုလို့ပင် တည်ငြိမ်လာပြီး သက်ပြင်းခပ်ဖွဖွသာ ချလိုက်သည်။
"အရှင်၊ ရှင်က ကျွန်မတို့ရဲ့ ဘိုးဘေးသခင်မ တမလွန်ဘဝကို စိတ်ချလက်ချ ကူးပြောင်းနိုင်ဖို့အတွက် သွေးလမ်းခင်းပေးနေတာပဲ"
ရွှယ်အန်းသည် လေပြေတိုက်သည့်ဘက်ကို မျက်နှာမူကာ ဝိုင်ကိုသောက်လျက် ရင်ပြင်ထဲတွင် တစ်ယောက်တည်း အဖော်ပြု စောင့်ဆိုင်းနေခဲ့သည်။
ရှည်လျားသော ညသည် ကုန်လွန်သွားပြီး ကောင်းကင်ယံတွင် ပထမဆုံးသော မှိန်ဖျော့ဖျော့ အလင်းရောင် ပေါ်ထွက်လာသောအချိန်...
ရွှယါအန်းသည် နောက်ဆုံး ဝိုင်တစ်ခွက်ကို သောက်သုံးလိုက်ပြီး ဖြည်းညှင်းစွာ ထရပ်လိုက်ကာ လုရိယွမ်၏ အထိမ်းအမှတ် ကမ္ဗည်းပြားကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဟွာမျိုးနွယ်ကို ဘယ်တော့မှ အရှက်ခွဲလို့ မရဘူး၊ အရှက်ခွဲတဲ့သူတွေ၊ သူတို့ရဲ့ သွေးနဲ့ ပြန်ဆပ်ရလိမ့်မယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ကောင်းကင်ယံသို့ ခြေလှမ်းလိုက်ပြီး နေထွက်ချိန်ကို မျက်နှာမူကာ ခပ်သွက်သွက် လှမ်းထွက်သွားသည်။
စီဟွာမြို့မှ လူများအားလုံးသည် နံနက်ခင်း နေရောင်ခြည်ဖြင့် ရွှေရောင် တောက်နေသော ရွှယ်အန်း၏ ပုံရိပ်ကို မော့ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင် ရွှယ်အန်း၏ ရွတ်ဆိုသံများသည် ကောင်းကင်နှင့် မြေကြီး အကြား ပဲ့တင်ထပ်သွားသည်။
"ဆယ်နှစ်ကြာ ဓားတစ်လက် သွေးခဲ့ပေမဲ့ သူ့ရဲ့ နှင်းခဲလို ဓားအသွားကို မစမ်းသပ်ရသေး~"
"ဒီနေ့ဒီအချိန်တော့ မင်းတို့ကို ပြသဖို့ ငါလာပြီ၊ မကျေနပ်တဲ့သူက ဘယ်သူရှိမှာလဲ"
သူသည် လွတ်လပ်မှုများ ပြည့်နှက်နေသော ကဗျာစာသားများကို ရွတ်ဆိုသွားပြီး ဖူရှင်းယန်နှင့် စုရှောင်မုတို့သည် ထိုထဲတွင် နစ်မျောနေကြသည်။
ရွှယ်အန်းသည် သံမဏိအရိုး မဟာမိတ်အဖွဲ့ထံသို့ သွားနေစဉ်...
သံမဏိအရိုး မဟာမိတ်အဖွဲ့၏ အဓိက ခန်းမကြီးအတွင်းတွင် ဖန်မိသားစု အကြီးအကဲ ဖန်ယုဝေါ်သည် သံမဏိအရိုး မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ကျိယင်းနှင့် စကားစမြည်ပြောဆိုနေသည်။
"လီဟွေးက သူ့ရဲ့ ကျင့်ကြံမှုအဆင့်မှာ မကြာသေးခင်ကပဲ အရမ်းကိုတိုးတက်မှု မြန်ဆန်နေတယ်၊ တကယ့် အင်မော်တယ်တစ်ပါး ပေါ်ထွန်းလာတော့မယ့်ပုံပဲ"
ဖန်ယုဝေါ်သည် လေးစားစွယ ပြောလိုက်သည်။
ကျိယင်းသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ဂုဏ်ယူမှုကို လုံးဝ ဖုံးကွယ်မထားနိုင်ချေ။
"လီဟွေးက တကယ့်ကို အရည်အချင်း ရှိတယ်၊ မဟုတ်ရင် သူက ယုရွှီ နန်းတော်ရဲ့ အဓိပတိ အကြီးအကဲဆီမှာ အထူးတပည့် အဖြစ် သတ်မှတ်ခံရမှာ မဟုတ်ဘူး"
"ကျွန်တော့် ရတနာလေး လင်းအာကလည်း ကျိလီဟွေးကို သတိရနေတာ၊ ကျိလီဟွေးက ဆန္ဒရှိပါ့မလားဆိုတာကိုပဲ မသိတာဗျာ"
ဖန်ယုဝေါ်သည် နောက်ပြောင်သကဲ့သို့ ပြောလိုက်သည်။
"ဒီလိုကိစ္စမျိုးမှာ ကျွန်တော်တို့ ဝင်မစွက်ဖက်ကြတာပေါ့၊ သူတို့ နှစ်ယောက်ကို တဖြည်းဖြည်း ရင်းနှီးသွားအောင် နေခွင့်ပေးလိုက်ပါ"
ကျိယင်းက မထူးခြားသကဲ့သို့ ပြောလိုက်သည်။
ဖန်ယုဝေါ်သည် ရုတ်တရက် သက်ပြင်းချလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ငါ့ရဲ့ လင်းဝူသာ အသက်ရှင်နေသေးရင်..."
ကျီယင်း၏ မျက်နှာအမူအရာလည်း အရုပ်ဆိုးသွားသည်။
"အခုအချိန်မှာ စီဟွာမြို့မှာ အခြေအနေ ဘယ်လိုရှိနေမလဲ မသိဘူး"
ဖန်ယုဝေါ်က အနည်းငယ် စိုးရိမ်သကဲ့သို့ ပြောလိုက်သည်။
သူ၏ ရည်ရွယ်ချက်မှာ မူလက ထိုနေရာသို့ သွားပြီး သတ်ဖြတ်ရန် ဖြစ်သည်။
သို့သော် ကျိယင်းက သူ့ကို တားမြစ်ခဲ့ပြီး အလယ်ပိုင်း ဒေသမှ ယခုလေးတင် ပြန်ရောက်လာသော ကျိလီဟွေးကို စီဟွာမြို့သို့ စေလွှတ်ခဲ့သည်။
ထိုမျှသာမက၊ သူသည် ဂိုဏ်းချုပ်များ နှင့် မြို့သခင်များ အများအပြားကိုလည်း အတူတကွ သွားရန် ဖိတ်ခေါ်ခဲ့သည်။
ထိုအခါမှ ဖန်ယုဝေါ် နားလည်သွားသည်။
ဤသည်မှာ ကျိယင်းက သူ၏ သားအကြီးဆုံးအတွက် အရှိန်အဝါ မြှင့်တင်ပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကျိလီဟွေးသည် ကြောက်မက်ဖွယ် ကောင်းသော်လည်း အရှေ့ပိုင်းဒေသတွင် တစ်ခါမျှ နာမည်မကျော်ဖူးပေ။
အကယ်၍ သူသည် တောင်ပေါ်မှ ပြန်လာပြီးနောက် လေးစားမှုများရရှိလိုပါက သူသည် ပြသရန် အောင်မြင်မှုအချို့ လိုအပ်ပေလိမ့်မည်။
ကျိယင်းသည် သူ၏ သားအကြီးဆုံးအပေါ် မျှော်လင့်ချက် ကြီးမားစွာ ထားရှိသည်ဟု ဆိုရပေမည်။
ဖန်ရိဝေါ်သည် ဤသည်ကို မြင်သောအခါ ဆက်လက် မတိုက်တွန်းတော့ဘဲ သူ၏ မြေးမလေး ဖန်လင်အာကိုလည်း သူတို့နှင့်အတူ လိုက်သွားခွင့် ပြုလိုက်သည်။
ကျိယင်းသည်လည်း ဤအချက်ကို ကောင်းစွာ သတိပြုမိသည်။
ထို့ကြောင့် သူတို့ နှစ်ဦးသည် သံမဏိအရိုး မဟာမိတ်အဖွဲ့၏ ဌာနချုပ်တွင် တစ်ညလုံး စောင့်ဆိုင်းနေခဲ့ကြသည်။
"ထူးဆန်းတယ်၊ လီဟွေးရဲ့ အမြန်နှုန်းနဲ့ဆိုရင် သူ ဒီလောက် အချိန်ကြာနေမှာ မဟုတ်ဘူး"
ကျိယင်းသည်လည်း ဤအချိန်တွင် စိတ်မရှည်ဖြစ်လာသည်။
သို့သော် တစ်စုံတစ်ခု မှားယွင်းသွားနိုင်သည်ဟု သူ တစ်ခါမျှ မစဉ်းစားမိခဲ့ပေ။
မည်သို့ပင်ဖြစ်စေကာမူ သူ၏ သားသည် ကြောက်မက်ဖွယ်ရာ ရွှေအင်မော်တယ်တစ်ဦး ဖြစ်သည်။
သူနှင့်အတူ ဖန်လင်းအာနှင့် ဖန် မိသားစုမှ အစောင့်အရှောက်များ အများအပြားလည လိုက်ပါသွားသည်။
ဤကဲ့သို့သော အင်အားဖြင့်ဆိုပါက စီဟွာမြို့ကို ချေမှုန်းပစ်ရန်ပင် ပြဿနာ မရှိပေ။
ထိုအချိန်မှာပင်...
ဖန်ယုဝေါ်နှင့် ကျိယင်းတို့ နှစ်ယောက်လုံးသည် တစ်ပြိုင်တည်း ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်ကြသည်။
"သူတို့ပြန်လာကြပြီ"
သူ့ စကားသံ ထွက်ပေါ်လာသည်နှင့် အလင်းတန်း တစ်ရာကျော်သည် သံမဏိအရိုး မဟာမိတ်အဖွဲ့၏ ဌာနချုပ်သို့ ပျံသန်း ပြန်လာသည်ကို တွေ့လိုက်ရသည်။
သူတို့ ဆင်းသက်လာသောအခါ ပုံမှန်ဆိုလျှင် ခန့်ညားထည်ဝါနေသော ဤ ဂိုဏ်းချုပ်များနှင့် မြို့သခင်များ အားလုံးသည် အတော်လေး ဖရိုဖရဲ ဖြစ်နေသည်။
"ဘာဖြစ်လာတာလဲ"
ကျိယင်း၏ မျက်နှာ မည်းမှောင်သွားသည်။
ပြန်ရောက်လာသော ကျင့်ကြံသူများသည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ စကားပြောရန် အလွန်ကြောက်ရွံ့နေပုံရသည်။
"လီဟွေးက ဘာလို့ ပြန်မလာသေးတာလဲ"
ကျိယင်းက မေးလိုက်သည်။
ထိုအချိန်တွင် ကျင့်ကြံသူတစ်ဦးသည် ရှေ့သို့ ထွက်လာပြီး သူ၏ မျက်နှာသည် ခါးသက်မှုများဖြင့် ပြောလိုက်သည်။
"ဂိုဏ်းချုပ်၊ အကြီးအကဲဖန်၊ သခင်လေးကျိနဲ့ သခင်မလေးဖန်... သူတို့..."
"သူတို့ ဘာဖြစ်သွားတယ်"
"သူတို့အားလုံး သေဆုံးသွားကြပါပြီ"
"ဘာ"
ကျိယင်း နှင့် ဖန်ယုဝေါ်တို့သည် တစ်ပြိုင်နက်တည်း အသံကျယ်ကြီးဖြင့် အော်လိုက်ကြသည်။
"အတိအကျ ဘာဖြစ်ခဲ့တာလဲ၊ မင်း အဓိပ္ပာယ်မရှိတာတွေ ပြောရဲရင် မင်းအသက်ကို ကြပ်ကြပ် သတိထား"
ကျိယင်းသည် ဤအချိန်တွင် ဟန်ဆောင်မနေနိုင်တော့ဘဲ သူ၏ စကားလုံးများသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။
ကျင့်ကြံသူသည် တစ်ကိုယ်လုံး တုန်ရီသွားပြီး အလျင်အမြန် ပြောလိုက်သည်၊
"ဂိုဏ်းချုပ်၊ စိတ်ကို လျှော့ပါ၊ ကျွန်တော် ဘယ်လိုလုပ် အဓိပ္ပာယ်မရှိတာတွေ ပြောရဲမှာလဲ၊ ဒီမှာရှိနေတဲ့ လူကြီးမင်းတွေ အားလုံး မြင်ခဲ့ပါတယ်"
ကျိယင်းသည် ဖြူဖျော့သော မျက်နှာများဖြင့်ရှိနေသော အခြား ကျင့်ကြံသူများကို တစ်ချက် ကြည့်လိုက်ရာ သူ၏ နှလုံးသားသည် နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ထို့နောက် အသက်ကိုပြင်းပြင်း ရှူလိုက်သည်။
"ဘယ်သူလုပ်တာလဲ၊ သူတို့ဘယ်လို သေသွားတာလဲ၊ ငါ့ကို အကုန်လုံး ပြောပြ"
"ဂိုဏ်းချုပ်... တိုက်ခိုက်ခဲ့တဲ့သူက ဖန်သခင်လေးနဲ့ ကျိသခင်လေးကို သတ်ခဲ့ပြီး ရှန်ယို မြို့မှာ ဆေးလုံးတွေ ဖော်စပ်ခဲ့တဲ့ လူပါပဲ"
"သူတို့ ဘယ်လို သေဆုံးသွားလဲ ဆိုတော့..."
"ဆက်ပြောစမ်း"
ဖန်ယုဝေါ်၏ မျက်နှာအမူအရာသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် တင်းမာနေပြီး စားပွဲကို ထုကာ ဟိန်းဟောက်လိုက်သည်။
"ဟုတ်ကဲ့! ကျိသခင်လေးက အဲ့ဒီလူရဲ့ လက်သီးတစ်ချက်တည်းနဲ့ သေဆုံးသွားတာပါ၊ ဖန်သခင်မလေးနဲ့ အဲ့ဒီအစောင့်အရှောက်တွေကတော့ မရေမတွက်နိုင်တဲ့ ဓားအလင်းတန်းတွေထဲမှာ နစ်မြုပ်သွားခဲ့ပါတယ်"
ထိုသို့ပြောလိုက်စဉ် ကျင့်ကြံသူသည်လည်း ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို ပြန်လည်သတိရသွားပြီး သူ၏ မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူတို့ နှစ်ယောက်လုံး မတ်တပ် ထရပ်လိုက်ကြကာ သူတို့၏ ခန္ဓာကိုယ်များမှ အရှိန်အဝါများ ထုတ်လွှတ်လာသည်။
အထူးသဖြင့် ကျိယင်းသည် ရွှေရောင်အင်မော်တယ် ဖြစ်နေပြီဖြစ်သော သူ၏ သားသည် တစ်စုံတစ်ယောက်၏ လက်သီးတစ်ချက်တည်းဖြင့် အသတ်ခံရနိုင်သည်ကို သူ လုံးဝ မယုံကြည်နိုင်ပေ။