← Chapters

အရှေ့ပိုင်းဒေသတစ်ခုလုံး တုန်လှုပ်သွားခြင်း

Vol. 50 Ch. 746

အရှေ့ပိုင်းဒေသတစ်ခုလုံး တုန်လှုပ်သွားခြင်း

Vol. 50 Ch. 746

စိဟွာမြို့တွင်

ဖူရှင်းယန် တစ်ယောက်သည် စိတ်မအေးနိုင်စွာဖြင့် ခြံဝင်းထဲကို လမ်းလျှောက်ဝင်လာပြီး မိုးကောင်းကင်ကို မော့ကြည့်မိသည်မှာ ခုနစ်ကြိမ်မြောက် ရှိသွားပြီဖြစ်သည်။

သူမတင်မကပဲ လူတိုင်းနီးပါး၏ စိတ်များသည် မယုံနိုင်လောက်အောင် လေးလံထိုင်းမှိုင်းနေခဲ့သည်။

စီနီယာရွှယ်သည် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို လုပ်ရပ်များကို သက်သေပြပြီးသား ဖြစ်သော်လည်း...

၎င်း ပြိုင်ဘက်သည် အရှေ့ပိုင်းဒေသကို နှစ်ပေါင်းများစွာ စိုးမိုးထားသော သံမဏိအရိုး မဟာမိတ်အဖွဲ့ နှင့် ဖုန်မိသားစုဖြစ်သည်။

"အစ်မဖူ ခဏလောက် သွားနားလိုက်ပါဦး၊ ကျွန်မ ခြံထဲမှာ စောင့်ကြည့်နေလိုက်မယ်" စုရှောင်မုက ပြောလိုက်သည်။

ဖူရှင်းယန်က ခေါင်းခါလိုက်သည်။

"ငါ မပင်ပန်းပါဘူး၊ ပြီးတော့ ငါ့စိတ်ကို ဘယ်လိုလုပ် အေးအေးမထားနိုင်မလဲဟယ်"

ဖူရှင်းယန်သည် တခြားသူများ၏ စိုးရိမ်ပူပန်မှုများနှင့်မတူဘဲ လက်ရှိ စိဟွာမြို့၏ အခြေအနေအတွက် ရွှယ်အန်းသည် မည်မျှတောင် အရေးပါလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနေသောကြောင့်ဖြစ်သည်။

အကယ်၍ သူသာ ရှုံးနိမ့်သွားခဲ့ရင်...

အရိပ်ထဲမှာ ကာလကြာရှည် ပုန်းအောင်းစောင့်ကြည့်နေသော မျက်လုံးများသည် သူတို့၏ သွားစွယ်များကို ချက်ချင်း ထုတ်ပြပြီး စိဟွာမြို့ကို တိုက်ခိုက်လာကြလိမ့်မည်။

ထို့ကြောင့် ရွှယ်အန်း ရှုံးလို့မဖြစ်ပေ။

သူရှုံးသွားပါက စိဟွာမြို့လည်း နိဂုံးချုပ်မည်ဖြစ်သည်။

ဖူရှင်းယန် တစ်ယောက် စိုးရိမ်ပူပန်မှုကြား နစ်မြုပ်နေတုန်းမှာ...

ရုတ်တရက်ဆိုသကဲ့သို့ အရှေ့အရပ်မှ အလင်းတန်းတစ်ခု ပျံသန်းလာပြီး မြို့သခင်အိမ်တော်နှင့် မနီးမဝေး မြေပြင်ပေါ်ကို ကျဆင်းလာခဲ့သည်။

ဖူရှင်းယန် တုန်လှုပ်သွားသည်။

ထိုသည်မှာ ဟဲယိုမြို့၏ မြို့သခင်ဖြစ်သည်။

ထိုမြို့သည် စိဟွာမြို့၏ အနီးဆုံးဖြစ်သော်လည်း အခြေအနေကို မသိချင်ယောင်ဆောင်နေခဲ့သော ဟဲယိုမြို့သခင်သည် ယခုအခါ ရိုးရိုးအဝတ်အစားကို ဝတ်ဆင်ထားပြီး သူ့မျက်နှာတွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသည်ကို သူမ တွေ့လိုက်ရသည်။

၎င်းသည် မြို့သခင်အိမ်တော်၏ ဂိတ်တံခါးကို ဖြတ်ကျော်ဝင်လာပြီးနောက် သူ့မျက်နှာပေါ်တွင် မျက်ရည်မျ တသွင်သွင် စီးကျလာခဲ့သည်။

"စီနီယာလု... ခင်ဗျားကြီး ကျွန်တော်တို့ကို ဒီလောက်မြန်မြန် ထားသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး၊ ဒီဟဲယို က ခင်ဗျားကြီးရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ဖို့ ရောက်လာခဲ့ပါပြီ"

ထိုစကားများနှင့်အတူ သူသည် ဝိညာဉ်ခန်းမဆီကို လေးလေးစားစား လျှောက်လာပြီး ဒူးထောက်ကာ ဦးချကန်တော့လိုက်သည်။

ဖူရှင်းယန်နှင့် တခြားသူများ အတန်ငယ် ကြောင်အသွားကြသည်။

ဒါ ဘာအဓိပ္ပာယ်လဲ

အရင်တုန်းကတော့ ဒီဟဲယိုမြို့သခင်က သူတို့ကို ဒီလိုပုံစံမျိုး ဘယ်တုန်းကမှ မဆက်ဆံခဲ့ဘူးလေ မြို့သခင်သည် ဦးချကန်တော့ပြီးနောက်မှာ ဖူရှင်းယန်ကို ဦးညွတ်ကာ တောင်းပန်စကားဆိုသည်။

"ကျွန်တော် တကယ့်ကို တောင်းပန်ပါတယ်၊ ကျွန်တော် ကိစ္စအမျိုးမျိုးနဲ့ အလုပ်ရှုပ်နေခဲ့လို့ အခုမှပဲ ရောက်လာနိုင်တော့တယ်"

ဖူရှင်းယန် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

ဤဟဲယိုမြို့သခင်သည် သူ့ဘာသာသူ တန်ခိုးသြဇာရှိသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သဖြင့် ယခင်ကဆိုပါက သူမကို ဤသို့ လေးစားမှုမျိုး ပြသရန်အကြောင်း လုံးဝမရှိပေ။

ဒီနေ့မှ ဘာတွေဖြစ်နေတာလဲ

သူမ ရှုပ်ထွေးစွာ စဉ်းစားနေစဥ်၌ အနောက်ဘက်မှ နောက်ထပ် အရိပ်တစ်ခု ပျံသန်းဝင်လာသည်ကိုတွေ့လိုက်ရသည်။ ၎င်းမှာ တုရှင်းမြို့၏ မြို့သခင်ဖြစ်သည်။

ဤ ၀‌၀တုတ်တုတ် တုရှင်းမြို့သခင်သည်လည်း ဟဲယိုမြို့သခင်နည်းတူ တူညီတဲ့ အခမ်းအနားအတိုင်း လိုက်နာကာ အရိုအသေပေး၍ ဒူးထောက်ဦးချပြီးနောက် တစ်ဖက်တွင် အလေးအနက်ထားသောပုံစံနှင့် ရပ်နေပုံမှာ အလွန်အမင်း ဝမ်းနည်းပူဆွေးနေပုံရသည်။

မကြာခင်တွင် အရပ်လေးမျက်နှာမှ အလင်းတန်းများလည်း ပျံသန်းဝင်ရောက်လာကြသည်။

တစ္ဆေနတ်မင်းဂိုဏ်း၊ သားရဲဧကရာဇ်ဂိုဏ်း၊ ချင်းနှင်းတောင်၊ ခရမ်းရောင်ဧကရာဇ်မြို့...

အစရှိသော အဓိက ဂိုဏ်းကြီးများ၏ အဖွဲ့ဝင်အားလုံးနီးပါး ရောက်ရှိလာကြပြီး ၎င်းတို့အားလုံသည် သူတို့၏ ဝမ်းနည်းပူဆွေးမှုများကို ပြသရာမှာ အလွန်အမင်း အားထုတ်နေကြသည်။

ဤအချိန်တွင် ဖူရှင်းယန်သည် မည်မျှ တုံးအနေပါစေ တစ်ခုခု မှားနေပြီဆိုတာကို သဘောပေါက်လိုက်သည်။

ဒါ... စီနီယာနဲ့များ ပတ်သက်နေမလား

ထိုအတွေးသည် ဖူရှင်းယန်၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာချိန်...

ခြံဝင်းထဲကို အလင်းတန်းတစ်ခု ပျံသန်းဝင်လာပြီး မြေပေါ်ကို ဆင်းသက်လာသူမှာ ဤတစ်ခေါက်‌တော့ ရွှယ်အန်းဖြစ်နေခဲ့သည်။

ဖူရှင်းယန်၏ နှလုံးသားသည် ဝမ်းမြောက်မှုနှင့်အတူ ခုန်ပေါက်သွားပြီး သူမ တစ်ခုခု ပြောဖို့ ပြင်လိုက်တုန်းမှာပင် အရိုအသေပေးဖို့ ရောက်နေကြသော ဂိုဏ်းပေါင်းစုံမှ လူအားလုံးသည် ရွှယ်အန်း ရောက်လာသည်ကို မြင်လိုက်ရ‌သောအခါ တုန်လှုပ်သွားကြပြီး လေးလေးစားစား အရိုအသေပေးလိုက်ကြသည်ကို သူမ တွေ့လိုက်ရသည်။

"စီနီယာရွှယ်"

"အရှင်ရွှယ်"

သူတို့အားလုံးသည် အလွန်အမင်း ရိုကျိုးသောပုံစံဖြစ်နေကြသည်။

သို့သော် ရွှယ်အန်းသည်တော့ ထိုလူများကို လုံးဝ လျစ်လျူရှုထားပြီး ဖူရှင်းယန်နှင့် တခြားသူများဘက်ကို ခေါင်းလှည့်လိုက်သည်။

"သံအရိုးမဟာမိတ်အဖွဲ့ နဲ့ ဖုန်းမိသားစုက ဒီနေ့ကစပြီး ပျောက်ကွယ်သွားပြီ"

ထိုစကားကို ကြားလိုက်ရသောအခါ ဖူရှင်းယန် အပါအဝင် လူတိုင်း ကြက်သေသေသွားကြသည်။

သူတို့သည် ရွှယ်အန်းရ သံအရိုးမဟာမိတ်အဖွဲ့ကို ချေမှုန်းနိုင်ခဲ့လျှင်တောင် အချိန် အတော်တော်လေး ကြာလိမ့်မည်ဟု ထင်ထားခဲ့ကြခြင်းဖြစ်သည်။

မည်သူမှ မိုးသောက်ချိန်မှာ ထွက်သွားပြီး နေ့လယ်မွန်းတည့်ချိန်မှာ ပြန်ရောက်လာလိမ့်ည်ဟု မမျှော်လင့်ထားကြပေ။

ဖူရှင်းယန်သည် ဖြစ်ရပ် အသေးစိတ်ကို သိလိုက်ရချိန် သူမ ပိုပြီးတော့တောင် တုန်လှုပ်မိသွားခဲ့သည်။

ရွှယ်အန်းသည် လိမ်မပြောခဲ့ပေ။ သူသည် သံမဏိအရိုးမဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ကျိယင်းနှင့် ဖုန်မိသားစုရဲ့ ဘိုးဘေးအိုကြီး ဖုန်ယုဝေါ်တို့ကို သတ်ဖြတ်ခဲ့ရုံတင်မကဘဲ မိသားစုနှစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းခဲ့သည်။

ရွှယ်အန်း ပြောခဲ့သကဲ့သို့ပင် ယနေ့ကစပြီး ထိုဂိုဏ်းနှစ်ခုသည် ပျောက်ကွယ်သွားတော့မှာ ဖြစ်သည်။

ဖူရှင်းယန် ခါးသီးစွာ ပြုံးလိုက်မိသည်။

ဒီလောက်များတဲ့ ဂိုဏ်းတွေက ဝမ်းနည်းကြောင်း လာပြကြတာ မဆန်းတော့ပါဘူး...,

တကယ်တော့ သူတို့အားလုံး ရွှယ်အန် ကြောင့် လာကြတာပဲ..

မကြာခင်တွင်...

ရွှယ်အန်းသည် ကျိယင်းနဲ့ ဖုန်ယုဝေါ်တို့ကို သုတ်သင်ပြီး ၎င်းတို့မိသားစုကို ဖျက်ဆီးပစ်လိုက်သော သတင်းသည် အဝေးကို ပျံ့နှံ့သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် အရှေ့ပိုင်းဒေသတစ်ခုလုံး တုန်လှုပ်သွားကြသည်။

အဖြစ်အပျက်ကို နောက်ကျမှ သိလိုက်ရသော ဂိုဏ်းများတောင်မှ လုရိယွမ် ကျဆုံးပြီးနောက် ကျဆင်းသွားလိမ့်မည်ဟု ထင်ခဲ့သော စိဟွာမြို့သည် ယခုဆိုရင် တိုင်တောင်ကြီးပမာ ခိုင်မာစွာ ရပ်တည်နေပြီး မည်သူမှ ရန်စဝံ့တော့မှာ မဟုတ်ဘူးဆိုတာကို နားလည်သွားကြသည်။

ထို့အပြင် ပိုများပြားလာသော လူအုပ်ကြီးသည် ဤအခွင့်အရေးကောင်းကိုယူကာ မြို့နှင့် ဆက်ဆံရေးတည်ဆောက်ရန် စိဟွာမြို့ဆီကို အလုံးအရင်းနှင့် လာရောက်ကြသည်။

ထိုအကျိုးဆက်ကြောင့် တစ်ချိန်က လူသူကင်းမဲ့ခဲ့သော စိဟွာမြို့သည် အရင်ကထက်ပိုလို့ပင် စည်ကားလှုပ်ရှားလာခဲ့သည်။

သုံးရက်ကြာပြီးနောက်...

အရှေ့ပိုင်းဒေသက ဂိုဏ်းပေါင်းများစွာ၏ ရှေ့မှောက်တွင် စိဟွာမြို့၏ ဘိုးဘေးကြီး လုရိယွမ်အတွက် အခမ်းအနားနှင့် ဂူသချိုင်းကို တည်ဆောက်ခဲ့ကြသည်။

အမျိုးသမီးအားလုံးသည် လျှော်ကြမ်းအဝတ်အစားတွေ ဝတ်ဆင်ပြီး စိဟွာမြို့ကို တည်ထောင်ခဲ့ကာ သူတို့ကို နှစ်ပေါင်း မရေမတွက်နိုင်အောင် အကာအကွယ်ပေးခဲ့သော လူသားမျိုးနွယ်၏ ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးကို ပို့ဆောင်နှုတ်ဆက်ရန် ဝမ်းနည်းခြင်း ဓလေ့ထုံးတမ်းများကို ပြုလုပ်ခဲ့ကြသည်။

ထိုကိစ္စအားလုံး ပြီးသွားသည့်အခါမှာတော့ တခြားဂိုဏ်းများလည်း လူစုခွဲသွားကြသည်။

ရွှယ်အန်လည်း စိဟွာမြို့ကို ပြန်ရောက်လာခဲ့သည်။

ဟုတ်ပါတယ်၊ သူ ဒီမှာ ထာဝရ နေနိုင်မှာမဟုတ်ဘူး၊ သူ ဒီကမ္ဘာကို ရောက်လာတာက သွေးဦးခေါင်းခွံ ပင်လယ်ဓားပြအဖွဲ့နဲ့ လျှို့ဝှက်သဘောတူညီမှုတွေ လုပ်ခဲ့တဲ့သူကို ရှာဖွေဖို့ပဲ

ထို့အပြင် လုရိယွမ်သည် ဤကလေးများကို စောင့်ရှောက်ဖို့ ရွှယ်အန်းကို တောင်းဆိုခဲ့သဖြင့် ထိုတောင်းဆိုမှုကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားသောကြောင့်ဖြစ်သည်။

ထို့ကြောင့် ရွှယ်အန်းသည် ဖူရှင်းယန် နှင့် တခြားသူများကို သင်ကြားပြသပေးရန် အချိန်အနည်းငယ် ဖယ်ထားလိုက်သည်။

လုရိယွမ်က စိဟွာမြို့ကို စတင်တည်ထောင်တုန်းက သူမကိုယ်တိုင် ပြင်းထန်စွာ ဒဏ်ရာရထားခဲ့သောကြောင့် နယ်ပယ်တော်တော်များများမှာ သူမ အပြည့်အဝ အာရုံမစိုက်နိုင်ခဲ့ဘဲ ရိုးရှင်းသော ကျင့်ကြံခြင်းနည်းလမ်းတချို့ကိုပဲ အကြမ်းဖျင်း သင်ပေးနိုင်ခဲ့သည်။

လျှို့ဝှက်ယင်ကျင့်စဉ်သည် အမှန်ကို မဆိုးလှသော်လည်း လိုအပ်သော တိုက်ခိုက်ရေးမန္တန်များ ချို့တဲ့နေခဲ့သည်။

ရွှယ်အန်းသည် ဖူရှင်းယန်တို့အား နည်းစနစ်အမျိုးမျိုး လက်ဆင့်ကမ်းပေးခဲ့သည်။

ဖူရှင်းယန်နှင့် တခြားသူများ၏ စွမ်းအားများသည် အရှိန်အဟုန်နှင့် တိုးပွားလာခဲ့သည်။ ရွှယ်အန်းသည် စိဟွာမြို့ပတ်လည်တွင် ကာကွယ်ရေးအစီရင်အမျိုးမျိုးကိုလည်း တည်ဆောက်ပေးခဲ့သည်။

တစ်လကြာပြီးနောက်...

ပဒုမ္မာကြာပလ္လင်တွင် တရားထိုင်နေသော ဖူရှင်းယန်သည် ရုတ်တရက် တုန်ခါသွားပြီး သူမ၏ စွမ်းအင်အရှိန်အဟုန်သည် တည်ငြိမ်စွာ တက်လာခဲ့သည်။ သူမသည် အဆုံးတွင် ရွှေအင်မော်တယ် တစ်၀က်အဆင့်မှ ရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ထိုမြင်ကွင်းကိုမြင်ချိန် ရွှယ်အန်းလည်း ခေါင်းညိတ်မိသွားသည်။

ဤဖူရှင်းယန်သည် တကယ့်ကို ပျိုးထောင်ထိုက်သော အရည်အချင်းကောင်းများ ရှိသည်။ လုရိယွမ်က သင်ကြားပေးနိုင်စွမ်း မရှိတော့ကြောင့်သာ သူမ နှောင့်နှေးခဲ့ရခြင်းဖြစ်သည်။

ယခုအခါ သူ၏ တစ်လတာ သင်ကြားပေးမှုအပြီးတွင်တော့ သူမသည် အတားအဆီးများစွာကို ရှင်းလင်းပြီး ရွှေအင်မော်တယ်အဆင့်ကို ဖောက်ထွက်နိုင်ခဲ့သည်။

ဤအခြေအနေနှင့်ဆိုပါက သူမသည် အနည်းဆုံးတော့ အရှေ့ပိုင်းဒေသတွင် ခိုင်မာသော ခြေကုပ်တစ်ခု ရယူနိုင်လောက်သည်။

ဤနေ့တွင် လူတစ်ယောက်သည် စိဟွာမြို့ကို အလျင်စလို ရောက်ရှိလာခဲ့သည်။

"ဆရာသခင်"

ရှောင်တန်ချန်က ရွှယ်အန်းကို လေးစားစွာ ဦးညွှတ်လိုက်သည်။

ဆံပင်များ ဖြူဖွေးနေသော အဘိုးအိုတစ်ယောက်သည် ရွှယ်အန်လို လူငယ်တစ်ယောက်ကို အရိုအသေပေးနေသော မြင်ကွင်းမှာ အနည်းငယ် ထူးဆန်းနေခဲ့သည်။

သို့သော် ရှောင်တန်ချန်၏ အမူအရာသည် လေးနက်ပြီး သူ့မျက်လုံးတွေထဲတွင် ကြည်ညိုလေးစားမှုများ အပြည့်ရှိနေသည်။

"အိုး မင်း ဒီကို ဘာလာလုပ်တာလဲ"

ရွှယ်အန်းက မထူးခြားသကဲ့သို့ ပြောလိုက်သည်။

"ဆရာ... အလယ်ပိုင်းဒေသက ဆေးလုံးပညာအသင်းကနေ ကျွန်တော့်ကို နောက်လမှာကျင်းပမယ့် ဆေးလုံးပညာပြိုင်ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားစာ ပို့လိုက်ပါတယ်၊ ဆရာသွားဖို့ အစီအစဉ် ရှိပါလား"

"ဆေးလုံးပညာပြိုင်ပွဲ"

"ဟုတ်ပါတယ်"

ရွှယ်အန်းလည်း ရှောင်တန်ချန်၏ ရှင်းပြမှုမှတစ်ဆင့် ဘာတွေဖြစ်နေလဲဆိုတာကို နားလည်သွားသည်။

ဤကွေ့ရိကြယ်တွင် မည်သည့်နေရာဖြစ်စေ ဆေးလုံးပညာ ကျွမ်းကျင်သူများသည် လူတိုင်း၏ လေးစားမှုကို ခံကြရသည်။

ဆေးလုံးပညာ ကျွမ်းကျင်သူ အများဆုံးရှိပြီး ဆေးလုံးပညာစွမ်းရည် အမြင့်မားဆုံးရှိ နေရာသည်တော့ အလယ်ပိုင်းဒေသတွင် ဖြစ်သည်။

အဘယ့်ကြောင့်ဆို ထိုနေရာတွင် ဆေးလုံးပညာအသင်း ရှိသောကြောင့်ဖြစ်သည်။

တစ်စုံတစ်ယောက်သည် ၎င်းတို့ ၏ဆေးလုံးပညာစွမ်းရည်ကို သက်သေပြချင်ပါက ဆေးလုံးပညာအသင်း၏ အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်နိုင်ရမည်။

ထိုသည်ကပဲ မရေမတွက်နိုင်သော ဆေးလုံးပညာရှင်များကို ဆွဲဆောင်နေခဲ့သည်။

ရှောင်တန်ချန် ပြောသကဲ့သို့ပင် သူ၏ ဆေးပညာစွမ်းရည်သည် အရှေ့ပိုင်းဒေသတွင်တော့ ထိပ်တန်းဟု သတ်မှတ်နိုင်သော်လည်း အလယ်ပိုင်းဒေသတွင်တော့ ထူးထူးခြားခြား မပေါ်လွင်နိုင်ပေ။

ထို့အပြင် အခြား ဆေးလုံးပညာရှင်တွေကို တွေ့ချင်တယ်ဆိုပါက ဆေးလုံးပညာပြိုင်ပွဲသည် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။

ရွှယ်အန်းရ ပြုံးလိုက်သည်။

"ကောင်းပြီ၊ တစ်ချက် သွားကြည့်လိုက်ကြတာပေါ့”

All Chapters