← Chapters

ကြိုးကြာဝေါယာဥ်နှင့် ဖီးနစ်ရထားလုံး

Vol. 50 Ch. 747

ကြိုးကြာဝေါယာဥ်နှင့် ဖီးနစ်ရထားလုံး

Vol. 50 Ch. 747

ရွှယ်အန်းသည် အလယ်ပိုင်းဒေသတွင် ကျင်းပမည့် ဆေးလုံးပညာ ညီလာခံကို သွားတက်မည်ဆိုသော သတင်းသည် ကွေ့ရိကြယ်၏ အရှေ့ပိုင်းဒေသတစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

အင်အားစုအားလုံးသည် ထိုသတင်းကြောင့် တုန်လှုပ်သွားကြသည်။

ရွှယ်အန်းသည် သံအရိုးမဟာမိတ်အဖွဲ့နှငိ့ ဖုန်းမိသားစုကို ဖြိုခွင်းလိုက်ပြီးနောက်ပိုင်း စိဟွာမြို့သည် အရှေ့ပိုင်းဒေသတွင် အဓိကနေရာကို အမှန်တကယ် ရောက်ရှိသွားခဲ့သည်။

အဓိက မြို့ကြီးများအားလုံးအပြင် ဂိုဏ်း၊မိသားစုတွေအားလုံးသည် စိဟွာမြို့ကို သူတို့ ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်ကြသည်။

ထိုကိစ္စအားလုံး၏ အရင်းခံသည်တော့ ရွှယ်အန်း၏ သြဇာအာဏာကြောင့်ဖြစ်သည်။

ယခုအခါ ရွှယ်အန်းသည် ရုတ်တရက်ကြီး အရှေ့ပိုင်းဒေသမှ အလယ်ပိုင်းဒေသကို သွားမည်ဆိုသော သတင်းကြားချိန် လူတော်တော်များများကို အံ့အားသင့်တုန်လှုပ်စေခဲ့သည်။

ထိုနေ့ကိုလည်း ရောက်လာခဲ့သည်။

စိဟွာမြို့သည် တောက်ပသော အလင်းရောင်များနှင့် ပြည့်နှက်နေပြီး အလွန်အမင်း စည်ကားသိုက်မြိုက်နေသည်။

အရှေ့ပိုင်းဒေသက အကြီးအကဲတွေအားလုံးသည် ရွှယ်အန်ကို လာရောက်နှုတ်ဆက် ပို့ဆောင်ကြသည်။

ရွှယ်အန်းသည် ထိုသည်ကို ကြိုတင်မျှော်လင့်ထားခဲ့သောကြောင့် စိဟွာမြို့၏ ကာကွယ်ရေး အစီအရင်များကို ကြိုတင်ဖွင့်ထားခိုင်းခဲ့ပြီး ရွှေအင်မော်တယ်အဆင့်ကို တက်လှမ်းသွားသောကြောင့် စွမ်းအားများ တိုးတက်လာပြီဖြစ်သော ဖူရှင်းယန်ကို လူတိုင်းကို ထွက်ကြိုရန် တာဝန်ပေးခဲ့သည်။

ထို့ကြောင့် ဤခေါင်းဆောင်များသည် စိဟွာမြို့၏ လက်ရှိအခြေအနေကို မြင်လိုက်ရချိန် အားလုံး အံ့အားသင့်သွားကြသည်။

သူတို့ မြင်တွေ့လိုက်ရသည်မှာ စိဟွာမြို့တစ်မြို့လုံးကို ဖုံးလွှမ်းထားသော မျက်စိကျိန်းလောက်တဲ့ အလင်းတန်းများနှင့် မြို့ရိုးများအနှံ့ထွင်းထုထားသော သိပ်သည်းကာ အစွမ်းထက်တဲ့ ဂါထာမန္တန် အစီအရင်များဖြစ်သည်။

မြို့ကို စောင့်ကြပ်နေသော အမျိုးသမီးစစ်သည်များသလည်း တောက်ပသော သံချပ်ကာများကို ဝတ်ဆင်ထားကြပြီး အစွမ်းထက်သေည အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။

ထို့အပြင် ၎င်းတို့ကို ထွက်ကြိုသော ဝတ်ရုံဖြူနှင့် ရွှေအင်မော်တယ်သည် စိဟွာမြို့၏ အကြီးဆုံး စီနီယာအစ်မကြီး ဖူရှင်းယန်ဖြစ်နေသည်။ ထိုမြင်ကွင်းများကြောင့် မကောင်းသော ရည်ရွယ်ချက်များနှင့် လာသောသူရှိလျှင်ပင် ပင့်သက်ရှိုက်မိကာ မသင့်လျော်သော် အတွေးများကို ဆက်တွေးရန် မဝံ့ရဲကြတော့ပေ။

အဘယ့်ကြောင့်ဆိုသော် ရွှယ်အန်း မရှိလျှင်ပင် စိဟွာမြို့တစ်မြို့တည်းနှင့်တင် ရပ်တည်နိုင်လောက်သောကြောင့်ဖြစ်သည်။ ထို့အပြင် ဤနတ်ဘုရားသတ်ဖြတ်သူသည် အလယ်ပိုင်းဒေသကို သွားပြီး ပြန်မလာတော့ဘူးဟု ပြော၍မရပေ။

တကယ်လို့ တစ်စုံတစ်ယောက်သာ စိဟွာမြို့ကို ရန်စခဲ့ပါက နတ်ဘုရားသတ်ဖြတ်သူပြန်လာသည့်အခါ ဘယ်သူက တာဝန်ယူနိုင်မည်နည်း။

ထို့ကြောင့် ရွှယ်အန်းသည် လက်နောက်ပစ်လျက် ကောင်းကင်ယံကို တက်သွားသည့်အခါ ခေါင်းဆောင်များလည်း လေးစားမှုများပိုတိုးလာကြသည်။

ရွှယ်အန်းသည် ၎င်းတို့တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော့်ကို လာပို့ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ဒီကြင်နာမှုကို ကျွန်တော် မှတ်ထားပါ့မယ်"

ခေါင်းဆောင်အားလုံး တုန်လှုပ်သွားကြပြီး၊ တချို့ဆို မထိန်းချုပ်နိုင်ဘဲ ချွေးအေးများတောင် စို့တက်လာကြသည်။

ထိုအချိန်မှာ ဟဲယိုမြို့သခင်သည် ရှေ့ထွက်လာပြီး လေးစားစွာ ပြောလိုက်သည်။

"မစ္စတာရွှယ်... အလယ်ပိုင်းဒေသဆီ ခရီးက ရှည်လျားပါတယ်၊ ကျွန်တော် ခင်ဗျားအတွက် အထူးပြင်ဆင်ထားတဲ့ ယာဉ်တစ်စီးကို လက်ဆောင်ပေးချင်ပါတယ်"

သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင်ြ ကြိုးကြာ‌ဝေါယာဉ်နှင့် ဖီးနစ်ရထားလုံးတစ်စီး ပျံသန်းလာခဲ့သည်။

ဤအရာသည် ရှေးကျသော ပုံစံရှိပြီး ကျယ်ဝန်းသော ကိုယ်ထည်နှင့် ကောင်းကင်ဘုံနန်းတော်ရှိ ရထားတစ်စီးပမာထင်ရသည်။

ထို့အပြင် ရထားလုံးကို ဆွဲထားသော သတ္တဝါသည် အလွန်ကြီးမားသော ကြိုးကြာငှက်နှစ်ကောင် ဖြစ်သည်။

ဟဲယိုမြို့သည် ဤသို့ပစ္စည်းများကို ထုတ်လုပ်မှုကြောင့် ကျော်ကြားသည့်နိုင်ငံဖြစ်သည်။

ရွှယ်အန်းသည် သဘောကျစွာ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

"မဆိုးဘူးပဲ၊ မင်းရဲ့ စဉ်းစားပေးမှုအတွက် ကျေးဇူးတင်တယ်"

ဟဲယိုမြို့သခင်သည် လျှို့ဝှက်စွာ သက်ပြင်းချလိုက်မိသည်။ မည်သို့ပင်ဖြစ်‌စေ ဤအချိန်အတွင်းမှာ သူသည် ဖိအားအများဆုံး ခံစားခဲ့ရခြင်းဖြစ်သည်။

အထူးသဖြင့် ဟဲယိုမြို့သည် စိဟွာမြို့နှငိ့ အနီးဆုံးဖြစ်ပြီး၊ သူကိုယ်တိုင်သည် ယခင်တုန်းက သံအရိုးမဟာမိတ်အဖွဲ့၏ သခင်လေး ကျိလိဟွေးနောက်ကို လိုက်ပြီး စိဟွာမြို့ကို သွားကာ ၎င်းကို အားပေးခဲ့ဖူးသည်။

ထိုကိစ္စအားလုံးသည် ဟဲယိုမြို့သခင်ကို စိတ်မအေးနိုင် ဖြစ်စေခဲ့သည်။

ထို့ကြောင့် ရွှယ်အန်းသည် အလယ်ပိုင်းဒေသကို သွားမည်ဟု ကြားသောအခါ သူတို့ကြားရှိ ဆက်ဆံရေးကို ပြန်လည် တိုးတက်စေရန် အခွင့်အရေးကောင်းတစ်ခုဟု သူ ချက်ချင်း တွေးလိုက်မိသည်။

သူသည် ဤကြိုးကြာရထားလုံးကို ဂရုတစိုက် ပြင်ဆင်ထားခဲ့တာခြင်းဖြစ်ပြီး မူလတွင် သူ့ကိုယ်ပိုင် သုံးဖို့ဖြစ်သည်။ သို့သော် အဆုံးတွင် အေးချမ်းမှုကိုရရန် ရွှယ်အန်းကိုဆက်သဖို့ ဆုံးဖြတ်လိုက်သည်။

ယခုအခါ ရွှယ်အန်းသည် အတော်လေး ကျေနပ်သွားသည်ကို မြင်ချိန် သူလည်း ဝမ်းသာသွားသည်။

ရွှယ်အန်းသည် ရထားလုံးပေါ်ကို တက်တော့မည့်အချိန် ဖူရှင်းယန်သည် ချဉ်းကပ်လာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"သခင်၊ အလယ်ပိုင်းဒေသမှာ ဂရုစိုက်ပါ စိဟွာမြို့က လူတိုင်းက သခင် ပြန်လာမှာကို စောင့်နေပါ့မယ်"

ထိုစကားကိုကြားသောအခါ ရွှယ်အန်းက ပြုံးလိုက်သည်။

"မင်းရဲ့ လေသံအရတော့ အလယ်ပိုင်းဒေသက တော်တော်လေး အန္တရာယ်များပုံပဲ"

ဖူရှင်းယန်က ခါးသီးစွာ ပြုံးလိုက်သည်။

"အလယ်ပိုင်းဒေသက အစွမ်းထက်တဲ့ ပြိုင်ဘက်တွေကို မွေးထုတ်ပေးတတ်လို့ အရှေ့ပိုင်းဒေသက အမြဲတမ်း အားနည်းခဲ့တယ်၊ သခင် အဲ့ဒီမှာဆို သတိထားတာက ပိုကောင်းပါတယ်"

ထိုသည်မှာ ဖူရှင်းယန် စိတ်ရင်းမှန်နှင့် ပြောသောစကားများ ဖြစ်သည်။

သူမသည် ရွှယ်အန်း၏ စိတ်ဓာတ်နှင့် ကျင့်ကြံမှုအဆင့်ကို ကောင်းကောင်း သိသော်လည်း အလယ်ပိုင်းဒေသတွင်ဆိုတာ မရေမတွက်နိုင်သည့် ဂိုဏ်းများ စုဝေးရာနေရာဖြစ်သောကြောင့် လျှော့တွက်လို့ မရပေ။

ထို့ကြောင့် သူမသည် အကြံပေးမိလိုက်သည်။

သူမ မမျှော်လင့်စွာ ရွှယ်အန်းသည်‌မူ ထိုစကားကို ကြားသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဒီလို အလယ်ပိုင်းဒေသမျိုးက ငါ့ရဲ့ အာရုံစိုက်မှုတောင် ခံဖို့မထိုက်ဘူးဘူး၊ ဒီတစ်ခေါက် ငါ အဲ့ဒီနေရာကို ရှင်းပစ်ပြီးတော့ အစွမ်းထက်တယ်ဆိုတဲ့ သတ္တဝါတွေကို ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာ သင်ပေးလိုက်ဦးမယ်"

သူ့ကို လာပို့ကြသော ဂိုဏ်းချုပ်များနှင့် မြို့သခင်များသည် ထိုစကားမျကြောင့် ကြက်သေသေသွားကြသည်။

သူက အလယ်ပိုင်းဒေသကို ရှင်းပစ်မယ်တဲ့၊ ဘယ်လောက်တောင် သတ္တိကောင်းလိုက်လဲ...

သူတို့ထဲက တော်တော်များများ၏ နှလုံးသားများ လှုပ်ရှားသွားသော်လည်း ပေါ်လာသော အတွေးများကို မြန်မြန်ပဲ ဖိနှိပ်လိုက်ကြသည်။

ရွှယ်အန်းသည်မူ ထိုသည်ကိုသိသော်လည်း ပြုံးရုံသာပြုံးလိုက်ပြီး နတ်ကြိုးကြာရထားပေါ်ကို တက်သွားကာ ပြောလိုက်သည်။

"သွားကြစို့၊ အလယ်ပိုင်းဒေသဆီကို"

"ဟုတ်ကဲ့"

ရှောင်တန်ချန်သည် ဇက်ကြိုးကို ကိုင်လိုက်ပြီး ကြိုးကြာရထား၏ ရှေ့ဆုံးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် အစီအရင် ကြာပွတ်ကို တစ်ချက်လွှဲယမ်းလိုက်ပြီး အော်လိုက်သည်။

"ထွက်ခွာမယ်"

နတ်ကြိုးကြာငှက် နှစ်ကောင်သည် အော်သံတစ်ချက် ပြုလိုက်ပြီးနောက် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံထဲကို ပျောက်ကွယ်သွားခဲ့သည်။

ဂိုဏ်းချုပ်များနှင့် မြို့သခင်များသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကာ တစ်ယောက်ပြီးတစ်ယောက် လူစုခွဲပြီးထွက်သွားကြသည်။

ဖူရှင်းယန်၊ စုရှောင်မုနှင့် တခြားသူမျသည်မူ အဝေးရှိ မိုးကုတ်စက်ဝိုင်းကို ကြည့်လျက် သူတို့နှလုံးသားထဲတွင် တိတ်တဆိတ် ဆုတောင်းနေခဲ့ကြသည်။

အရှင် အမြန်ဆုံးပြန်လာနိုင်ပါစေ...

ကွေ့ရိကြယ်၏ အရှေ့ပိုင်းဒေသမှ အလယ်ပိုင်းဒေသဆီအား အကွာအဝေးသည် မိုင်ပေါင်း သောင်းချီ ကျယ်ပြောလှသည်။

ရွှေအင်မော်တယ်တစ်ယောက်ပင်လျှင် ရောက်ရန် အနည်းဆုံး တစ်လလောက် ခရီးနှင်ရလိမ့်မည်။

ရွှယ်အန်းကမူ အလျင်မလိုနေပေ။

နတ်ကြိုးကြာရထားကို ကျွမ်းကျင်ပညာရှင်တစ်ယောက်မှ သွင်းလုပ်ထားသောကြောင့် သူ၏ အမြန်နှုန်းသည် အလွန်မြန်ဆန်ပြီး တစ်ရက်ကို မိုင်ပေါင်း သောင်းနဲ့ချီပြီး ခရီးနှင်နိုင်သည်။

ထို့အပြင် ဤရထားသည် ထူးကဲစွာ ကျယ်ဝန်းပြီး မြေပြင်ညီပေါ် သွားနေသကဲ့သို့မျိုး တည်ငြိမ်စွာ ခရီးနှင်နိုင်သည်။

ရွှယ်အန်းသည် အန်းယန်နှင့် သူ့သမီးနှစ်ယောက်ကို ရတနာပြခန်းထဲမှ ထုတ်လိုက်ပြီး ကောင်းကင်ပေါ်ရှိ ရှုခင်းများကို အတူတူ ကြည့်ရှုခံစားရန် ဖိတ်ခေါ်လိုက်သည်။

ကွေ့ရိကြယ်၏ အကျယ်အဝန်းသည် အလွန်ကြီးမားပြီး စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝတာကြောင့် ကျင့်ကြံခြင်းပညာသည် အလွန်တိုးတက်လှသည်။

ခရီးတစ်လျှောက်တွင် အရှိန်ပြင်းပြင်း သွားလာနေသေည ရထားအမျိုးမျိုးကို တွေ့မြင်နိုင်သည်။

သို့သော် သူတို့ နတ်ကြိုးကြာရထားအယး ဖုံးလွှမ်းထားသော နတ်ဘုရားအလင်းတန်းကို မြင်ကြချိန် ထိုလူမျအားလုံးသည် အဝေးကြီးမှ ရှောင်ရှားသွားကာ လေးစားမှုကို ပြသကြသည်။

ထိုသို့နှင့် သူတို့ခရီးလည်း အေးချမ်းနေခဲ့သည်။

တစ်ခါတလေ ကောင်းကင်ပေါ်တွင် ပျင်းလာသည့်အခါ ရွှယ်အန်းသည် သူ့ဇနီး၊ကလေးများနှင့်အတူ လမ်းလျှောက်ရင် မြေပြင်ပေါ်ရှိ ရှေးဟောင်းမြို့များဆီကို ဆင်းသက်လေ့ရှိသည်။

ထိုသို့နှင့် ခရီးသည် ပျင်းစရာမကောင်းခဲ့ပေ။

ထိုအရာသည် ယနေ့အထိဖြစ်သည်။

နတ်ကြိုးကြာရထား ပျံသန်းနေတုန်း၀ယ် ကောင်းကင်ယံတွင်လည်း သွားလာနေသော ရထားအရေအတွက်များ တိုးများလာသည်ကို သူ သတိပြုမိလိုက်သည်။

အလင်းတန်းများသည် ရထားကို ကျော်ဖြတ်ပြီး ရှေ့ကို ဦးတည်သွားနေကြသည်။ ကြည့်ရသည်မှာ ကိစ္စတစ်ခုခုကို တက်ရောက်ရန် အလျင်လိုနေပုံရသည်။

ရွှယ်အန်းသညမ အနည်းငယ် ထူးဆန်းသည်ဟု တွေးမိပြီး ရှေ့တွင် မောင်းနှင်နေသော ရှောင်တန်ချန်ကို မေးလိုက်သည်။

"ငါတို့ အခု ဘယ်နေရာမှာလဲ"

ရှောင်တန်ချန်သည် လေးစားစွာ ပြန်ဖြေသည်။

"သခင် ကျွန်တော်တို့က အလယ်ပိုင်းဒေသနဲ့ သိပ်မဝေးတော့ပါဘူး၊ ဒါက နက်ရှိုင်းမိုးကြိုးမြို့ရဲ့ နယ်မြေပါ"

"နက်ရှိုင်းမိုးကြိုးမြို့၊ ဒါဆို ဘာလို့ လူတွေ အများကြီး ဒီဘက်ကို ဦးတည်နေကြတာလဲ"

"နက်ရှိုင်းမိုးကြိုးမြို့ရဲ့ မြို့သခင်က ကျင့်ကြံမှုမှာ အဆင့်မြင့်မြင့်ရှိပြီး အလယ်ပိုင်းဒေသနဲ့လည နီးကပ်လို့ ကုန်ပစ္စည်းတွေ အများကြီးကို ဒီမှာ အရောင်းအဝယ် လုပ်ကြတယ်၊ ဒါကြောင့် ကူးသန်းရောင်းဝယ်ရေးက အရမ်း စည်ကားတာ၊ ပြီးတော့ နှစ်စဉ် လေလံပွဲတစ်ခုလည်း ကျင်းပလေ့ရှိတယ်၊ ကျွန်တော် အရင်က တစ်ခါ တက်ဖူးပါတယ်၊ ကြည့်ရတာ အခုလည်း လေလံပွဲ ကျင်းပမယ့်အချိန် ထပ်ရောက်လာပြန်ပြီ နဲ့တူတယ်"

ထိုစကားကိုကြားချိန် ရွှယ်အန်းက ပြုံးလိုက်သည်။

"အိုး၊ ငါတို့ အချိန်ကိုက် ရောက်လာကြတာပဲ၊ ဒါဆို သွားကြည့်လိုက်ကြတာပေါ့"

"ဟုတ်ကဲ့"

မကြာခင်မတွင်...

၎င်းတို့အရှေ့တွင် အလွန်ကြီးမားသော ရှေးဟောင်းမြို့ကြီးတစ်မြို့ ပေါ်လာခဲ့သည်။

ဤမြို့သည် သူတို့ ခရီးတစ်လျှောက်တွင် မြင်ခဲ့ရသော မည်သည့်မြို့ထက်မဆို ပိုကြီးမားသည်။

မြို့ရိုးများသည် ကျန့်တစ်ရာမြင့်ပြီး နေ့ခင်းကြောင်တောင်မှာတောင် ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နိုင်သော ပုံစံ ကွက်အများအပြားကို တပ်ဆင်ထားသည်။

သို့ဖြစ်ရာ နတ်ကြိုးကြာရထားလုံးလိုမျိား မြို့ထဲကို ပျံသန်းဝင်ရောက် မရတာ သဘာဝကျသည်။

ရွှယ်အန်းနှင့် တခြားသူများသည် မြို့အပြင်ဘက်မှာ ဆင်းသက်လိုက်ကြပြီး ကြိုးကြာရထားအား အထူးပြုလုပ်ထားသော ရတနာတစ်ခုထဲတွင် သိမ်းဆည်းလိုက်ကာ မြို့ထဲကို ဝင်ရောက်လာကြသည်။

All Chapters