← Chapters

သံမဏီအရိုးမဟာမိတ်အဖွဲ့ရဲ့ ဒုတိယသခင်လေး

Vol. 50 Ch. 737

သံမဏီအရိုးမဟာမိတ်အဖွဲ့ရဲ့ ဒုတိယသခင်လေး

Vol. 50 Ch. 737

သို့သော် ဤ စိတ်ဝိညာဉ်ကြည်လင်သစ်သီးသည် ဆုံးရှုံးမှုအားလုံးကို ပြန်လည်ကာမိစေလောက်သည်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ လူတစ်ယောက်၏ စိတ်၀ိဉာဥ်နယ်ပယ်အပေါ် တိုက်ရိုက်အကျိုးသက်ရောက်နိုင်ပြီး ကျင့်ကြံမှုလမ်းမှားကြောင့် ရူးသွပ်ခါနီးဖြစ်ဆဲဆဲ လူတစ်ယောက်ကိုတောင် ပြန်ဆွဲခေါ်နိုင်စွမ်းရှိသော ကောင်းကင်အဆင့် ဝိညာဉ်ဆေးတစ်မျိုးဖြစ်သည်။

သို့သော် ရှောင်တန်ချန်သည် ဤသို့ဆွဲဆောင်မှုမျိုးနှင့် ရင်ဆိုင်လိုက်ရသော်လည်း သူ့ မျက်နှာအမူအရာသည် အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားပြီးနောက် ညင်သာစွာ ခေါင်းကို ခါယမ်းလိုက်သည်။

"တောင်းပန်ပါတယ် သခင်မလေးဖူ၊ ကျွန်တော် မင်းအတွက် ဆေးလုံး မဖော်ပေးနိုင်ပါဘူး"

"ဘာလို့လဲ"

ဖူရှင်းယန်သည် သူ၏ စကားလုံးများနှင့် အမူအရာများကို အကဲခတ်နေခဲ့ခြင်းဖြစ်သည်။ သူမသည် ရှောင်တန်ချန်၏ မျက်လုံးထဲရှိ လောဘရိပ်ကို မြင်လိုက်ရချိန် သူမ အောင်မြင်ပြီဟုတောင် ထင်မိလိုက်သည်။

သို့သော် ရှောင်တန်ချန်က ငြင်းပယ်လိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်ထားခြင်းမရှိပေ။

ဤသည်မှာ သူမ မျှော်လင့်ထားသည်နှငိ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

ရှောင်တန်ချန်က ခေါင်းခါလိုက်သည်။

"ကျွန်တော်မပြောနိုင်ပါဘူး၊ ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့"

ဖူရှင်းယန်သည် ရှောင်တန်ချန်၏ ခိုင်မာသော အမူအရာကို မြင်လိုက်ရချိန် ရေခဲတိုက်ထဲ ကျဆင်းသွားသလို ခံစားလိုက်ရသည်။

သူမသည် စစ်ဟွာမြို့၏ ကောင်းကင်နှင့် မြေကြီးမှ ပေးသေည ရှားပါးရတနာနှစ်ခုကို ရနိုင်ရန် အလွန်အမင်း ကြိုးစားခဲ့ရသည်။ သူမသည် မရေမတွက်နိုင်သော ပစ္စည်းများနှင့် လူအင်အားများစွာကို သုံးစွဲခဲ့ရပြီးမှ ဤပစ္စည်းနှစ်ခုကို ရခဲ့ခြင်းဖြစ်သည်။

သူမ ထင်ခဲ့သည်မှာ ကွေ့ရီအရှေ့ပိုင်းရှိ နတ်ဆေးဆရာအား ဝိညာဉ်ဆေးလုံးတစ်လုံး ဖော်ခိုင်းလိုက်လျှင် သူမ လေးစားရသော ဆရာသခင်ကို ကယ်တင်နိုင်လိမ့်မည်ဟုထင်ခဲ့သည်။

ဤသို့ရလဒ်မျိုး ထွက်လာလိမ့်မည်ဟု မည်သူ မျှော်လင့်ထားမည်နည်း။

သူမသည် သေခါနီးဆဲဆဲ ဖြစ်နေသော သူမ ဆရာသခင်ကို ပြန်တွေးမိလိုက်ချိန် စိတ်ထားနူးညံ့သော ဖူရှင်းယန်၏ နှာခေါင်းထိပ်များသည် ချဉ်စူးလာပြီး မျက်ရည်များကျဆင်းလာခဲ့သည်။

"သခင်ကြီးရှောင် ခဏနေပါဦးရှင်"

ဖူရှင်းယန်သည် သူမ၏ စကတ်ကို မလိုက်ပြီး မြေကြီးပေါ်တွင် ဒူးထောက်ချလိုက်သည်။

စုရှောင်မုသည်လည်း သူ့အစ်မနောက် လိုက်ကာ ဒူးထောက်ချလိုက်သည်။

ထို့နောက် ဖူရှင်းယန်သည် ရှောင်တန်ချန်ကို မော့ကြည့်လိုက်သည်။

"သခင်ကြီးရှောင်၊ ကျွန်မတို့ စစ်ဟွာမြို့က အရှေ့ဒေသမှာ နှစ်ပေါင်းတစ်သောင်းကြာ ရပ်တည်လာခဲ့တာ ဘယ်သူနဲ့မှ ရန်ငြိုးမဖွဲ့ခဲ့ဖူးပါဘူး၊ ဒီတစ်ကြိမိတော့ ကျွန်မတို့ရဲ့ စစ်ဟွာမြို့ကို ကူညီပေးဖို့ သခင်ကြီးရှောင်ကို တောင်းဆိုပါတယ်"

ထို့နောက် ဖူရှင်းယန်သည် သူမနဖူးကို မြေကြီးနှင့် ထိပြီး ဦးချလိုက်သည်။

ရှောင်တန်ချန်သည် ထိုသည်ကိုမြင်ချိန် တုံ့ဆိုင်းမှုများ‌ကြား ရုန်းကန်နေရပုံဖြင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။

"သခင်မလေးဖူ၊ ကျေးဇူးပြုပြီး ထပါ... ကျွန်တော်က မကူညီချင်လို့ မဟုတ်ပါဘူး၊ ကျွန်တော် ဝင်မပါရဘူးလို့ တစ်ယောက်ယောက်က အမိန့်ပေးထားလို့ပါ"

ရှောင်တန်ချန်သည် ပြောနေတုန်း သူစကားမှားသွားမှန်း သတိထားမိလိုက်ပြီး သူ့မျက်နှာတွင် နောင်တရသော အရိပ်အယောင်များ ပေါ်လာသည်။ သို့သော် ဖူရှင်းယန်သည်တော့ ကြားသွားခဲ့ပြီဖြစ်ပြီး သူမသည် ခေါင်းကို အမြန်မော့လိုက်ကာ ဒေါသကြောင့် မျက်ခုံးများပင် တွန့်ချိုးလျက် မေးလိုက်သည်။

"သခင်ကြီးရှောင် ဘယ်သူက ရှင့်ကို အဲ့လို ပြောခဲ့တာလဲ"

"သခင်မလေးဖူ မမေးတာ ပိုကောင်းပါတယ်... ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှမတတ်နိုင်ဘူး၊ ကျွန်တော့်ကို ခွင့်လွှတ်ပါခင်ဗျာ"

"သခင်ကြီး‌ရှောင် ရှင့်ကို ဘယ်သူက အမိန့်ပေးခဲ့လဲဆိုတာတောင် ကျွန်မတို့ကို မပြောရဲဘူးလား"

"ကျွန်တော် မပြောရဲတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော် ပြောလိုက်ရင်တောင် စစ်ဟွာမြို့က ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဒီစကားကို ပြောခဲ့တဲ့သူက ကျွန်တော်တောင် မထိရဲတဲ့သူမို့လို့ပဲ"

ဖူရှင်းယန်၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ပေါ်လာသည်။

ကွေ့ရီအရှေ့ဒေသ၏ နံပါတ်တစ် နတ်ဆေးဖော်ဆရာဖြစ်သူ ရှောင်တန်ချန်တောင် မထိရဲသူမှာ လက်ချိုးရေနိုင်သော အရေအတွက်မျှသာ ရှိသည်။ ရှောင်တန်ချန် ပြောသကဲ့သို့ပင် ဤဒီလူများသည် အမှန်တကယ်ပင် စစ်ဟွာမြို့မှ မထိပါးနိုင်သော ပုဂ္ဂိုလ်များဖြစ်နိုင်သည်။ ဖူရှင်းယန်သည် တွေဝေသော အမူအရာနှင့် မတ်တပ်ထရပ်လိုက်ပြီး ကျောက်စိမ်းသေတ္တာနှစ်လုံးကို ကောက်ယူကာ ထွက်သွားရန်သာ ပြင်လိုက်သည်။

ထိုစဉ် လှောင်ပြောင်သရော်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"သွားတော့မလို့လား၊ မင်း ထွက်သွားလို့ရမယ်ထင်နေလား...၊ အဲ့ပစ္စည်းရော လူရော ဒီမှာပဲနေခဲ့ရမယ်"

ထို့နောက် လူတစ်စုသည် ရင်ပြင်၏ ကောင်းကင်ယံအထက်တွင် ဘယ်ကမှန်းမသိပဲ ပျံသန်းရောက်ရှိလာကြသည်။ ခေါင်းဆောင်လာသူမှာ ခမ်းနားသေသပ်သော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့မျက်နှာတွင် ကောက်ကျစ်သောဟန်ပန်ရှိနေသည်။

ရောက်ရှိလာသူများကို မြင်ချိန် ရင်ပြင်ထဲရှိ ကျင့်ကြံသူများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ထို့နောက် ၎င်းတို့အားလုံးသည် ရိုသေလေးစားစွာ ဦးညွှတ်လိုက်ကြသည်။

"သခင်လေးကျိကို ဂါရဝပြုပါတယ်"

ဖူရှင်းယန်၏ မျက်နှာအမူအရာသည် အလွန်အမင်း အရုပ်ဆိုးသွားပြီး သူမသည် အံ့ကိုကြိတ်ကာ ပြောလိုက်သည်။

"သံမဏီအရိုးမဟာမိတ်အဖွဲ့"

သူမသည် သံမဏီအရိုးမဟာမိတ်အဖွဲ့'၏ အမိန့်ဖြစ်နိုင်သည်ဟု သံသယရှိခဲ့သော်လည်း သူတို့ကိုယ်တိုင် ဝင်စွက်ဖက်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ရောက်ရှိလာသူသည် သံမဏီအရိုးမဟာမိတ်အဖွဲ့၏ ဒုတိယသခင်လေး ကျိယန်ရှီ ဖြစ်သည်။

ကွေ့ရီအရှေ့ဒေသတွင် သံမဏီအရိုးမဟာမိတ်အဖွဲ့သည် အုပ်စိုးထားခြင်းဖြစ်သည်။

ကျိယန်ရှီသည်လည်း ကျိမိသားစု၏ ဒုတိယသခင်လေးဖြစ်သောကြောင့် သူ့ စကားတစ်ခွန်းသည် မြို့တစ်မြို့၏ သေရေးရှင်ရေးကို ဆုံးဖြတ်ပေးနိုင်သည်။

ဤသည်မှာ သူ၏ အမိန့်သာဆိုပါက ရှောင်တန်ချန်သည် မနာခံရဲပဲနေနိုင်မည်မဟုတ်ပေ။

ဤအချိန်တွင်...

ကျိယန်ရှီသည် ဖူရှင်းယန်ကို စိတ်ဝင်တစားနဲ့ ကြည့်လိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"စစ်ဟွာမြို့ရဲ့ အမျိုးသမီး ကျင့်ကြံသူ တွေက တလောကလုံးမှာ ပြိုင်ဘက်ကင်းတယ်လို့ ကြားဖူးနေတာကြာပြီ၊ အခု မင်းကို မြင်လိုက်မှ တကယ်ဆိုတာ သဘောပေါက်သွားတာပဲ၊ မင်းရဲ့ အလှတရားက ကျော်ကြားမှုနဲ့ ထိုက်တန်ပါပေတယ်"

သူ၏ စကားလုံးများထဲတွငိ မထီမဲ့မြင်ပြုမှုများပါနေသည်။

ဖူရှင်းယန်သည် သူမ၏စိတ်ထဲတွင်ပြောမပြနိုင်သော အရှက်ရမှုတစ်ခုနှင့်အတူ အစော်ကားခံရမှုကို ခံစားလိုက်ရသော်လည်း သူမ၏ မျက်နှာသည် ထွေထွေထူးထူး မပြောင်းလဲချေ။ အဘယ့်ကြောင့်ဆိုသော် သူမသည် ဤဒုတိယသခင်လေးကျိကို ထိပါးနိုင်စွမ်းမရှိသဖြင့် သွားဆွ၍မရကြောင်း ကောင်းကောင်းကြီး သိသည်။

"ဒုတိယသခင်လေးကျိ၊ ကျွန်မတို့ စစ်ဟွာမြို့က ရှင့်ရဲ့ သံမဏီအရိုးမဟာမိတ်အဖွဲ့ ကို ဘယ်တုန်းကမှ မစော်ကားခဲ့ဖူးပါဘူး၊ နှစ်တိုင်းတောင် အခွန် အပြည့်အဝ ပေးဆောင်ပါတယ်၊ ဘာလို့ ကျွန်မတို့ကို ဒီလို အခက်တွေ့အောင် လုပ်ရတာလဲ၊ ရှင့်ရဲ့ ရည်ရွယ်ချက်က ဘာများလဲ"

ဖူရှင်းယန်သည် သူမ၏ နှလုံးသားထဲရှိ ဒေါသများကို အစွမ်းကုန် ချုပ်တည်းပြီး လေးနက်သော လေသံနှင့် မေးလိုက်သည်။ ထိုစကားကိုကြားမှ ကျိယန်ရှီ၏ လောဘတကြီး အကြည့်များသည် စုရှောင်မု၏ ကိုယ်ပေါ်မှ ဖယ်ခွာလိုက်ပြီး အေးစက်သော ရယ်မောသံတစ်ခု ပြုလိုက်သည်။

"ငါတို့ သံမဏီအရိုးမဟာမိတ်အဖွဲ့ကို ဘယ်တော့မှ မစော်ကားခဲ့ဖူးဘူး ဟုတ်လား၊ ကောင်းပြီလေ ဒါဆို မင်းကို ငါမေးမယ်၊ မနေ့က ဖန်လင်းဝူဆိုတဲ့ တတိယသခင်လေးဖန်က ဘယ်လိုသေသွားတာလဲ"

ဖူရှင်းယန်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။

"ဘာလဲထ ပြောစရာ မရှိတော့ဘူးလား"

ကျိယန်ရှီသည် ဤကိစ္စအတွက် သီးသန့်လာခဲ့ခြင်းတော့ မဟုတ်ပေ။ သို့သော် သူသည် ဤနေရာသို့ဖြတ်သွားမိရာမှ ဤသတင်းကို ကြားလိုက်ရခြင်းဖြစ်သည်။ ဖန်မိသားစုနှင့် သံမဏီအရိုးမဟာမိတ်အဖွဲ့ ကြားရှိ ဆက်ဆံရေးသည် အလွန် ကောင်းမွန်၍ ကျိယန်ရှီနှင့် သခင်လေးဖန်တို့သည် အကြိုက်ချင်းတူသောကြောင့် ရင်းနှီးသော သူငယ်ချင်းဟုပင်ပြောနိုင်သည်။

ထို့ကြောင့် ဖန်လင်းဝူ အမှန်တယ် သေသွားပြီဟု ကြားလိုက်ရချိန် သူ ဒေါသထွက်သွားသည်မှာ မဆန်းပေ။

သူသည် ရှောင်တန်ချန်ကို ချက်ချင်း အမိန့်ပေးပြီး စစ်ဟွာမြို့ကို မကူညီရန် ပြောခဲ့သည်။ ထို့နောက် သူသည် လုပ်စရာကိစ္စများကို ဖြေရှင်းကာ ဤနေရာကို အမြန်ဆုံး လာခဲ့ခြင်းဖြစ်သည်။

"အခု ငါ မေးခွန်းတစ်ခုပဲ မေးမယ်၊ ဖန်လင်ဝူကို သတ်သွားတဲ့တစ်ယောက်က မြို့ထဲမှာ ရှိနေတုန်းလား"

ကျိယန်ရှီက ပြောလိုက်သည်။ ဖူရှင်းယန်သည် တိတ်ဆိတ်စွာကာ အံ့ကြိတ်လျက် မည်သည့်အသံမှ ထွက်မလာပေ။

"ဘာလဲ စကားမပြောဘူးလား၊ ဟား မင်း မပြောရင်တောင်၊ အဲ့ဒီကောင် လွတ်နိုင်မှာ မဟုတ်ဘူး၊ မင်းတို့အတွက်ကတော့..."

ကျိယန်ရှီက သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

"စစ်ဟွာမြို့က အမျိုးသမီး ကျင့်ကြံသူတွေက ဒီလောကမှာ ပြိုင်ဘက်ကင်းတယ်လို့ ငါကြားဖူးတာတော့ဟုတ်ပေမဲ့ ဒီနေ့တော့ ဟုတ်မဟုတ် စမ်းသပ်ကြည့်ချင်တယ်"

"အရှက်မရှိတဲ့လူ"

ဖူရှင်းယန်သည် မထိန်းနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ချီးကျူးတဲ့အတွက် ကျေးဇူးပါကွာ"

ကျိယန်ရှီသည် ရုတ်တရက်ဆိုသလိူ အောက်ကို ဆင်းသက်လာပြီး ဖူရှင်းယန်၏ ရှေ့တည့်တည့်ကို ရောက်လာကာ သူ့လက်ကို မြှောက်ပြီး ဖူရှင်းယန်၏ မေးစေ့ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူသည် အလွန်မြန်သောကြောင့် သူ့လက်မှ သူမမေးစေ့ကို ထိပြီးသွားမှ ဖူရှင်းယန်က တုံ့ပြန်နိုင်ခဲ့သဖြင့် လှုပ်ရှားဖို့ ပြင်လိုက်သည်။

သို့သော် ဤအချိန်တွင် သူမ လုံးဝ လှုပ်ရှားလို့ မရမှန်း သိလိုက်သည်။ သူမသည် လက်ချောင်းများကိုပင် ကွေး၍ မရတော့ပေ။ သူမ လုပ်နိုင်သည်မှာ ကျိယန်ရှီ၏ လက်ချောင်းများက သူမ မေးစေ့နှင့် လည်တိုင်တစ်ဝိုက်အား ပွတ်သပ်နေသည်ကို အကူအညီမဲ့စွာသာ ကြည့်နေနိုင်ခြင်းဖြစ်သည်။

"မင်း အသားအရေက တကယ့်ကို နူးညံ့တာပဲ"

ကျိယန်ရှီသည် အဆက်မပြတ် ချီးကျူးနေသည်။

စုရှောင်မုသည် သူမ၏ ဆရာတူအစ်မဖြစ်သူ အစော်ကားခံနေရသည်ကို မကြည့်ရက်တော့ဘဲ သူ၏ အစွမ်းရှိသမျှ သုံးကာ နက်နဲသော ယင်ကျင့်စဉ်ကို နှိုးဆွရန် ပြင်လိုက်သည်။

သို့သော် ကျိယန်ရှီတောင် လှုပ်ရှားမှု မပြုခင်တွင် သူနှင့်အတူပါလာသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် တိတ်တဆိတ် လက်ညှိုးတစ်ချောင်းကို မြှောက်လိုက်သည်။

စုရှောင်မုသည် သူမ၏ တစ်ကိုယ်လုံး လှုပ်ရှားလို့ မရတော့ဘူးဆိုတာကိုသာ ခံစားလိုက်ရသည်။

"ဟား... တကယ့်ကို သူတို့ညီအစ်မနှစ်ယောက်က ပန်းပွင့်လေးနှစ်ပွင့်လိုပါပဲ၊ ဘယ်သူ့ကို အရင်ရွေးရမလဲတောင် ငါ မသိတော့ဘူး"

ကျိယန်ရှီသည် ကျေနပ်နေသော အမူအရာနှင့် စုရှောင်မုကို ထိရန် လက်လှမ်းလိုက်သည်။

ထိုသည်ကိုမြင်ချိန် ဖူရှင်းယန် ဒေါသထောင်းခနဲထွက်သွားပြီး သွေးအန်ထွက်လုနီးပါးပင် ဖြစ်သွားသည်။

ရင်ပြင်ထဲရှိတချို့ကျင့်ကြံသူများသည် မကျေနပ်သော အရိပ်အယောင်များဖြင့် ခေါင်းငုံ့ထားကြသလို တချို့သည်တော့ စိတ်လှုပ်ရှားမှုများ ပြည့်နေသော မျက်နှာများနှင့်ရှိနေကြသည်။ ရှောင်တန်ချန်သည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး အနေရခက်စွာ ခေါင်းလွှဲလိုက်သည်။

သူ၏ ဆေးစွမ်းရည်သည် နက်ရှိုင်းသော်လည်း ကွေ့ရီအရှေ့ဒေသတွင် ရှင်သန်နိုင်ရန် ဤနေရာ၏ ဧကရာဇ်လို ဖြစ်နေသည့် သံမဏီအရိုးမဟာမိတ်အဖွဲ့အား လုံလောက်သော လေးစားမှု ပြရမည်။

စစ်ဟွာမြို့အတွက်ကတော့...

ဒါက အတိတ်မှာ ကျန်ရစ်ခဲ့တဲ့ အရာတစ်ခု ဖြစ်သွားခဲ့ပြီပဲ

နှစ်ပေါင်းတစ်သောင်းကြာ ရုန်းကန်ရှင်သန်လာခဲ့သေည ဘိုးဘေးကြီးသာ ကျဆုံးသွားပါက စစ်ဟွာမြို့သည် ချက်ချင်းဆိုသလို သိမ်းပိုက်ခံရနိုင်ဖွယ် ရှိသည်။

All Chapters