← Chapters

ကောင်းကင်နှင့် မြေကြီးကို ချိပ်ပိတ်ခြင်း

Vol. 50 Ch. 738

ကောင်းကင်နှင့် မြေကြီးကို ချိပ်ပိတ်ခြင်း

Vol. 50 Ch. 738

ထို့ကြောင့်ရှောင်တန်ချန်သည် မမြင်ဟန်ဆောင်နေရုံမှလွဲပြီး တခြားရွေးချယ်စရာ မရှိပေ။ သို့သော် ကျိယန်ရှီ၏ လက်သည် စုရှောင်မု၏ ရင်ဘတ်ဆီကို ရောက်ခါနီးဆဲဆဲတွင်... ဓားအလင်းတန်းတစ်ခုမှာ ကောင်းကင်အား ဖြတ်ပျံလာပြီး ကျိယန်ရှီ၏ လက်များဆီ တန်းတန်းမတ်မတ် ဦးတည်လာခဲ့သည်။

ဓားအလင်းတန်း၏ အရှိန်သည် အလွန်မြန်လွန်းသောကြောင့် ကျိယန်ရှီက အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။

သို့သော် သူ့နောက်ရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားများသည်တော့ လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ သူတို့ထဲမှ တစ်ယောက်သည် ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး မျက်လုံးများတွင် အလင်းရောင်များ တောက်လောင်လျက် ခက်ထန်စွာ အော်ဟစ်လိုက်သည်။

"ဖိနှိပ်"

ဘမ်း

အပြာရောင်အလင်းတန်းတစ်ခုသည် ဓားအလင်းတန်းကို ဖုံးအုပ်လိုက်ပြီ အလယ်မှာတင် ရပ်တန့်သွားစေခဲ့သည်။

ဤအခြေအနေမှာ အသက်ရှူချိန် အနည်းငယ်လောက်သာ ကြာခဲ့ပြီး အပြာရောင်အလင်းတန်းသည် တုန်ခါသွားကာ ၎င်းရပ်တန့်နေသော နေရာတစ်ခုလုံးသည် ပေါက်ကွဲသွားပြီး ဓားအလင်းတန်းမှာ ကျိယန်ရှီဆီ တားဆီးလို့မရနိုင်သော လမ်းကြောင်းအတိုင်း ဆက်လက်တိုးဝင်လာခဲ့သည်။

ကျိယန်ရှီ၏ ကိုယ်ပေါ်တွင် ခေါင်းလောင်းပုံစံ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီ သက်လတ်ပိုင်းအရွယ် အမျိုးသားအားလုံးလည်း ရှေ့ကို အပြေးအလွှား တိုးဝင်လာကာ သူ့ကို ကာကွယ်ပေးထားလိုက်သည်။

"ကမ္ဘာလောကကို ချိပ်ပိတ်၊ ဖိနှိပ်"

လူလေးယောက်လုံးသည် ပြတ်သားစွာပြောလိုက်သည်။

အပြာရောင်အလင်းတန်းလေးခုသည် လင်းလက်လာပြီး သူတို့ကို ထိမှန်တော့မည်ဆဲဆဲတွင် ဓားအလင်းတန်းကို ခိုင်ခိုင်မာမာ ချည်နှောင်ထားနိုင်ခဲ့သည်။

သို့သော် ထိုစဥ် ဓားအလင်းတန်းသည် ပေါက်ကွဲသွားခဲ့သည်။

ဤသည်မှာ အပြာရောင်အလင်းတန်း အမျှင်ပေါင်းများစွာပမာ လုံးဝ ပျက်စီးသွားခဲ့သညမ။

လူလတ်ပိုင်းအမျိုးသားများအားလုံးလည်း သွေးတစ် အန်ထုတ်လိုက်ကြသည်။ ကြည့်ရှုနေကြသော ကျင့်ကြံသူအများအပြား၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပေါ်လာသည်။ မထင်မရှားပုံပေါက်သော ဓားအလင်းတန်းလေးတစ်ခုသည် ကျိယန်ရှီ့ ပတ်ပတ်လည်ရှိ အစွမ်းထက်သော အစောင့်အားလုံးကို ဒဏ်ရာရသွားစေခဲ့သည်။

ဒီလောက် မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားတဲ့သူက ဘယ်သူဖြစ်နိုင်မလဲ...

ကျိယန်ရှီ၏ မျက်နှာသည်လည်း မည်းမှောင်သွားသည်။ သူသည် တခြားသူများအမြင်တွင် အကာအကွယ်ပေးခံထားရပုံရသော်လည်း ဤဓားအလင်းတန်းအောက်တွင် အရိုးထဲထိ စိမ့်ဝင်သွားသော အအေးဓာတ်ကို ခံစားလိုက်ရသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အဲ့ဒီဓားကို ဘယ်သူ ပိုင်တာလဲ"

"ငါပဲ"

တည်ငြိမ်သော အသံတစ်ခုမှာ ထွက်ပေါ်လာသည်။ အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း လူတိုင်း၏ နားထဲကို ရှင်းရှင်းလင်းလင်း ရောက်ရှိသွားသည်။

ထို့အပြင် ဤစကားလုံးသုံးလုံးသည် သော့တစ်ချောင်းပမာ ဖူရှင်းယန်နှင့် စုရှောင်မုတို့ ကြားလိုက်ရချိန် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရပြီး သူမတို့၏ ခန္ဓာကိုယ်များလည်း ပြန်လည် ထိန်းချုပ်နိုင်သွားကြသည်။

အမျိုးသမီးနှစ်ယောက်လုံး အလျင်အမြန် လှည့်ကြည့်လိုက်သည်။

သူတို့သည် ရွှယခအန် တစ်ယောက်တည်း လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။

အန်ယန်နှင့် ကလေးမလေးနှစ်ယောက်သည် လူအုပ်ထဲကို လိုက်မလာချင်ကြသောကြောင့် သူတို့ကို တည်းခိုခန်းမှာ ထားခဲ့ပြီးသ သူ တစ်ယောက်တည်း လာခဲ့ခြင်းဖြစ်သည်။

ကျိယန်ရှီ၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း ခက်ထန်လာပြီး သူသည် နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ချိတ်ဆွဲထားကာ ရပ်နေသော ဤအရပ်မြင့်မြင့်နှင့် ရာပ်ရည်ချောမောသေည အမျိုးသားကို ထိုးဖောက်မမြင်ရောက်နိုင်ပေ။

သို့သော် ၎င်း၏ ဂရုမစိုက်သော အမူအရာနှင့် ၎င်းတွင်‌ရှိသောအရှိန်အဝါကြောင့် မည်သူ့ကိုမှ သူ့ကို လျှော့မတွက်လိုက်နိုင်ချေ။

"မင်း ဘယ်သူလဲ၊ ဘာလို့ ငါ့ကို ဓားနဲ့ လှမ်းတိုက်ခိုက်တာလဲ"

ကျိယန်ရှီက မေးလိုက်သည်။

ရွှယ်အန်သည်တော့ သူ့မေးခွန်းကို လျစ်လျူရှုကာ ဖူရှင်းယန်နှင့် စုရှောင်မုတို့ကို ပြုံးပြလိုက်သည်။

"ငါ တည်းခိုခန်းမှာ စောင့်နေရတာ ပျင်းလို့၊ စိတ်လှုပ်ရှားစရာတွေ လာကြည့်မလို့ လယတာကို၊ ဒီလို ကမောက်ကမဖြစ်နေတဲ့ အချိန်မှာ ကွက်တိ ရောက်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး"

အဘယ့်ကြောင့်မှန်းမသိ ရွှယ်အန်းကို မြင်လိုက်ရသောအခါ ဖူရှင်းယန်သည် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရပြီး သူမတွင် မည်သည့်အခက်အခဲမှမရှိတော့ဘူးဟုသော ခံစားချက်ဖြစ်သည်။

စုရှောင်မုက မတရားခံရသော အမူအရာနှင့် ပြောလိုက်သည်။

"စီနီယာရှု အဲ့ဈလူက သိပ်ကို ယုတ်မာတာပဲ၊ သူက ကျွန်မတို့ကို လုယက်ချင်ရုံတင်မကဘူး၊ ကျွန်မနဲ့ အစ်မဖူကိုပါ နှောင့်ယှက်ခဲ့တယ်"

"အိုး၊ ဒါဆို မင်းအတွက် ငါ လက်စားပြန်ချေပေးရမလား"

"ဟုတ်"

စုရှောင်မုက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီ သူမ၏ မျက်လုံးများသည် လခြမ်းပုံစံ ကွေးညွတ်သွားသည်အထိ ပြုံးလိုက်သည်။

ဤသို့ ၎င်းတို့၏ ဂရုမစိုက်သော အပြုအမူသည် ကျိယန်ရှီကို ဒေါသထွက်သွားစေသည်။

ထိုအချိန်တွင် ရွှယ်အန်းသည် အဆုံးတွင် သူ့ခေါင်းကို ဒုတိယသခင်လေးကျိဆီကို လှည့်လိုက်ပြီး ခပ်ပေါ့ပေါ့ မေးလိုက်သည်။

"သံမဏီအရိုးမဟာမိတ်အဖွဲ့တဲ့လား"

ကျိယန်ရှီသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်! ပြီးတော့ မင်းက ဘယ်သူလဲ"

ရွှယ်အန်က ခပ်ဖွဖွ ပြုံးလိုက်သည်။

"မင်း ခုနကပဲ ငါ့ကို ရှာနေခဲ့တာ မဟုတ်ဘူးလား"

"မင်းကို ရှာနေတာ၊ ဒါဆို မင်းက..."

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"အမှန်ပဲ၊ ဖန်မိသားစုရဲ့ တတိယသခင်လေးကို ငါသတ်ခဲ့တာ"

ထိုစကားကြောင့် နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။

ကျင့်ကြံသူတချို့သည် မနေ့က စားသောက်ဆိုင်မှာ ရှိခဲ့ကြသည်။ ထို့ကြောင့် ရွှယ်အန်းကို မြင်လိုက်ရသည့်အခါ သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

"ဟုတ်တယ်၊ ဒါ မနေ့က ဖန်စန်းရှောက်ကို သတ်ခဲ့တဲ့ လူပဲ"

"ဟစ်... ငယ်လိုက်တာ၊ ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လိုဖြစ်လို့ ထွင်းဖောက်ကြည့်လို့မရတာလဲ"

ထိုသို့တီးတိုးသံများကြားတွင် ကျိယန်ရှီ၏ မျက်နှာသည် ပိုလို့ပင် ရုပ်ဆိုးလာသည်။

အဘယ့်ကြောင့်ဆို သူသည် ဖန်စန်းရှောက်အား သတ်ခဲ့သော လူမှာ ဤမျှကြောက်စရာကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အစောက ဓားအလင်းတန်းသည် အရာအားလုံးကို ရှင်းပြသွားခဲ့သည်။

အထူးသဖြင့် သူ့ ကိုယ်ပိုင်သက်တော်စောင့်များတောင် ဒဏ်ရာရသွားခဲ့သည်။

ကျိယန်ရှီသည် ဤလူနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ရန် ပိုလို့တောင် ဆန္ဒမရှိဖြစ်လာသည်။

ထို့ကြောင့် သူ ခဏလောက် တုံ့ဆိုင်းပြီးနောက် လေးနက်သော အသံနှင့် မေးလိုက်သည်။

"ကောင်းတယ်! မင်းရဲ့ နာမည်ကို ပြောပြဖို့ရော သတ္တိရှိလား"

"ငါ့နာမည် ရွှယ်အန်းပဲ"

ရွှယ်အန်း...

ကျိယန်ရှီသည် သူ၏ မှတ်ဉာဏ်ထဲတွင် ထိုနာမည်ကို အသည်းအသန် ရှာဖွေခဲ့သော်လည်း သူ ဘာမှ မတွေးတောနိုင်သောကြောင့် သူ့ဘေးရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဆီ လှည့်ကြည့်လိုက်သည်။

ထိုလူသည်လည်း ခေါင်းခါပြသည်။ ၎င်းတို့သည် ဤနာမည်ကို ဘယ်တုန်းကမှ မကြားဖူးဘူးဆိုသော သဘောဖြစ်သည်။

"ငါက ဒီနေ့ ဒီနားက ဖြတ်သွားရုံပဲ မင်းမှာ သတ္တိရှိရင် ဒီနေရာမှာ နောက်တစ်ရက် လာစောင့်နေ၊ ငါ မနက်ဖြန် ထပ်လာခဲ့မယ်၊ မင်း စောင့်ရဲလား"

ကျိယန်ရှီက တမင်တကာ ရန်စလိုက်သည်။

သို့သော် ရွှယ်အန်းသည် သူ့ကို တိတ်တဆိတ် ကြည့်နေပြီး ခဏအကြာမှာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

ကျိယန်ရှီက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ငါ လူအင်အား အများကြီး စုပြီးရင် မင်း သေချာပေါက် သေဖို့ မြေနေရာတောင် ရှိမှာ မဟုတ်တော့ဘူး ဟု တိတ်တဆိတ် ဝမ်းသာအားရ တွေးမိလိုက်သည်။

သို့သော် ရွှယ်အန်း၏ နောက်စကားသညမ သူ့ကို တောင့်ခဲသွားစေသည်။

"ဒါပေမဲ့၊ မင်းရဲ့ လက်တစ်ဖက်ကိုတော့ ထားခဲ့ရမယ်"

"ဘာ"

ကျိယန်ရှီသည် သူ နားကြားမှားသွားသည်ဟု ထင်လိုက်သည်။

ရွှယ်အန်းသည် ပေါ့ပါးစွာ ပြောလိုက်သည်။

"မင်း ခုနက ဘယ်လက်ကို သုံးခဲ့လဲ၊ အဲ့ဒီလက်ကို ကိုယ့်ဘာသာ ဖြတ်လိုက်ထ နားလည်လား"

ဘမ်း

လူအုပ်တစ်စုလုံး ကျောက်ရုပ်များလို ဖြစ်သွားကြသည်။

စုရှောင်မုတောင် ရွှယ်အန်းကို ကြည့်လျက် သူမ ကြားလိုက်ရသည်ကို မယုံနိုင်ဖြစ်နေမိသည်။

ကျိယန်ရှီ၏ ထွက်သွားချင်သော ဆန္ဒသည် လူတော်တော်များများကို စိတိသက်သာရာရသွားစေခဲ့သည်။

သို့သော် မမျှော်လင့်စွာ ဤလူသည် ယခုလို အစွန်းရောက်သော တောင်းဆိုမှုမျိုးကို တောင်းဆိုရဲသည်။ သူသည် သံမဏီအရိုးမဟာမိတ်အဖွဲ့၏ ဒုတိယသခင်လေးကို သူ့လက်မောင်းသူ ဖြတ်ခိုင်းခဲ့သည်။

ဤသည်မှာ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ပမာ မယုံနိုင်စရာ ကောင်းနေသည်။

ကျိယန်ရှီ၏ နောက်ရှိ လူအနည်းငယ်သည် ရှေ့ကို တိုးလာကြသည်။

၎င်းတို့အားလုံးသည် ရွှယ်အန်းကို သတိထားနေကြသော်လည်း ဤအချိန်တွင် သူတို့ ဝင်မပါလို့မရပေ။ သို့မဟုတ်ပါက သူတို့ ပြန်ရောက်သည့်အခါ သေဒဏ်နှင့်ရင်ဆိုင်ရလိမ့်မည်။

ကျိယန်ရှီသည် ၎င်းတို့ကို တားရန် လက်ကို ဝှေ့ယမ်းလိုက်ပြီး လှောင်ရယ်လိုက်သည်။

"မင်း ဘယ်သူနဲ့ စကားပြောနေလဲဆိုတာရော သိရဲ့လား"

ရွှယ်အန်က ခေါင်းခါလိုက်ပြီး လက်ညှိုးနှစ်ချောင်း ထောင်ပြလိုက်သည်။

"မင်း ဘာကိုပြောချင်တာလဲ"

"ငါက အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောတဲ့လူတွေကို အရမ်းမုန်းတယ်၊ ဒါကြောင့် ငါ စိတ်ပြောင်းသွားပြီ၊ အခု မင်း ထွက်သွားဖို့ဆို လက်နှစ်ဖက်လုံး ဖြတ်ရမယ်"

ကျိယန်ရှီက ဒေါသထောင်းခနဲထွက်သွားသည်။

"ငါ မင်းကို ကြောက်နေတယ်လို့ တကယ် ထင်နေတာလား"

ကျိယန်ရှီသည် သံမဏီအရိုးမဟာမိတ်အဖွဲ့၏ ဒုတိယသခင်လေးဖြစ်ပြီး ငယ်စဉ်ကတည်းက သူသည် အဖိုးတန်ဆေးလုံးပေါင်းစုံကို ကျွေးမွေးခံခဲ့ရပြီး ရှားပါးလှပြီဆိုသော ကျင့်စဉ်များကို လေ့ကျင့်ခဲ့သည်။ ထို့ကြောင့် သူသည် အသက်ငယ်ငယ်နှင့်ပင် ရွှေအင်မော်တယ် အဆင့် တံခါးဝကို ရောက်ရှိနေခဲ့ပြီးသားဖြစ်သည်

ယခုအချိန် ရွှယ်အန်း၏ စကားများသည် သူ့မျက်လုံးများအား ဒေါသကြောင့် နီရဲလာစေသည်။

ထိုသည်မှာ မီးတောင်တစ်ခု ပေါက်ကွဲသကဲ့သို့ပင်အလားတူသည်။ ကြီးမားလှသော အရှိန်အဝါတစ်ခုသည် သူ့အတွင်းမှတစ်ဆင့် အပြင်ကို ပေါက်ကွဲထွက်လာသည်။

ထို့နောက် အစိမ်းရောင်ချီစွမ်းအင်များသည် ကောင်းကင်ပေါ် တက်သွားပြီး ရွှယ်အန်းဆီ တန်းတန်းမတ်မတ် ဦးတည်လာသည်။

"စီနီယာ သတိထား"

ဖူရှင်းယန်၏ စိတ်ထဲတွင် တင်းကြပ်သွားသည်။

သူမသည် ကျိယန်ရှီမှာ အလွယ်တကယ ယှဉ်နိုင်သော ပြိုင်ဘက်တစ်ယောက် မဟုတ်သကဲ့သို့ သံမဏီအရိုးမဟာမိတ်အဖွဲ့၏ သိုင်းပညာများသည် ကြိုတင်ခန့်မှန်းလို့မရအောင် ဆန်းကြယ်တယ်ဆိုတာ သူမ ကောင်းကောင်းကြီး သိသည်။

ဤအစိမ်းရောင်စွမ်းအင်သည်လည်း ဘာဖြစ်နိုင်မလဲဆိုတာ သူမ မသိချေ။

သို့သော် ကျိယန်ရှီက ထိုအစိမ်းရောင်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီးနောက် သူ အစောင့်များလည်း သူ့နောက်က လိုက်ပြီး ရွှယ်အန်းကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

ကျိယန်ရှီသည်တော့ ဤအခွင့်အရေးကို အသုံးချပြီး လှည့်ထွက်ပြေးသွားသည်။

သူသည် ရွှယ်အန်ကို ထွင်းဖောက်မမြင်နိုင်သည့်အပြင် သေဆုံးသွားသော ဖန်စန်းရှောက်မှာလည်း မည်သည့် ကျင့်ကြံအဆင့်ရှိခဲ့လဲဆိုတာ သူ ရှင်းရှင်းလင်းလင်း နားလည်သည်။

သူနှင့် ဖန်စန်းရှောက်သည် အကြမ်းဖျင်း တန်းတူလောက်ပဲ ရှိသောကြောင့် သူသည်လည်း ၎င်းလူပြိုင်ဘက်မဟုတ်ကြောင်း ဖြစ်နိုင်ခြေများသည်။

All Chapters