← Chapters

နက်ရှိုင်းမိုးကြိုးမြို့၏ ခမ်းနားထည်ဝါမှု၊ ရွှယ်ရှန်း တိုက်ခိုက်ခြင်း

Vol. 50 Ch. 748

နက်ရှိုင်းမိုးကြိုးမြို့၏ ခမ်းနားထည်ဝါမှု၊ ရွှယ်ရှန်း တိုက်ခိုက်ခြင်း

Vol. 50 Ch. 748

ရှောင်တန်ချန် ပြောသကဲ့သို့ပင် နက်ရှိုင်းမိုးကြိုးမြို့သည် တကယ့်ကို စည်ကားနေခဲ့သည်။

ကျယ်ဝန်းသော လမ်းမများပေါ်တွင် လမ်းသွားလမ်းလာများနှင့် ပြည့်ကျပ်နေပြီး လမ်းဘေးတစ်လျှောက်ရှိ ဆိုင်တန်းများမှာလည်း လူစည်ကားကာ ဈေးရောင်းသူများ၏ အော်ဟစ်သံများနှင့် ဆူညံနေသည်။

"ကောင်းကင်မိုးကြိုးကျင့်စဉ်၊ အဆင့်မြင့် နတ်ဘုရားအဆင့်၊ အခု ဈေးလျှော့ရောင်‌ပေးနေပြီနော်၊ နတ်ကျောက်သလင်း ငါးလုံးတည်းနဲ့ ရမယ်ဗျို့"

"ရုပုလဲမြက်ပင်၊ ပုံပြောင်းနိုင်တဲ့ အပင်ဝိညာဉ် ဖြစ်ခါနီးပြီနော်ထ အိမ်ယူသွားပြီး နှစ်တစ်ရာလောက် ပျိုးထောင်လိုက်... နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးတစ်ယောက်ကို မင်း ပိုင်ဆိုင်ရလိမ့်မယ်၊ အချိန်တန်တဲ့အခါ မင်းရဲ့ ကျွေးမွေးစောင့်ရှောက်မှုကို ပြန်ပေးဆပ်လိမ့်မယ်၊ ဘယ်လောက် ကောင်းလိုက်လဲ ဟုတ်တယ်ဟုတ် ဈေးကလား၊ မများပါဘူးဗျာ... နတ်ကျောက်သလင်း ငါးဆယ်တည်းပါပဲ၊ ဒီတစ်ရက်တည်းပဲ ရောင်းမှာ၊ လက်မလွှတ်စေနဲ့"

"ကောင်းကင်မိုးကြိုး ဓားအမွှာ၊ နေနဲ့လ အနှစ်သာရ ဘီးတွေနဲ့ဟေ့၊ ငါ အခု အရှုံးခံပြီး ရောင်းနေတာနော်၊ ဒါတွေက ရှေးဟောင်း အီမေ့ဂိုဏ်းကနေ အမွေဆက်ခံရရှိထားတဲ့ နတ်ဘုရားလက်နက်တွေကွ၊ ဝယ်သွားလို့ နောင်တရစရာ မရှိဘူး၊ ဖြတ်သွားရင်းနဲ့ ဒီအခွင့်အရေးကောင်းကို လက်လွှတ်မခံကြနဲ့"

"ရှေးဟောင်းနတ်ဘုရားဂိုဏ်း၊ ရှေးဟောင်းနတ်ဘုရားဂိုဏ်း၊ အကြီးဆုံးဂိုဏ်းဖြစ်တဲ့ ရှီဟယ်နန်းတော် ပြိုလဲသွားပြီ၊ အဲ့ဒီ ခွေးမသား ဂိုဏ်းချုပ်က စားစရာနဲ့ ပျော်စရာတွေမှာပဲ ဖြုန်းတီးပြီး နတ်ကျောက်သလင်း သုံး၊လေး၊ငါးသောင်းလောက် အကြွေးတင်ပြီးတော့ ဂျူနီယာညီမလေးနဲ့ ထွက်ပြေးသွားပြီ၊ ကျွန်တော်တို့မှာ လစာအစား ဝိညာဉ်ပစ္စည်းတွေနဲ့ အစားပြန်ပေးရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး၊ အစက တစ်ရာ၊ နှစ်ရာ၊ သုံးရာ တန်တာတွေပေမြဲ အခု အားလုံးကို အလုံး နှစ်ဆယ်တည်းနဲ့ ရောင်းတော့မယ်၊ အဲ့ဒီ ခွေးမသား ဂိုဏ်းချုပ်က လူမဆန်တဲ့ကောင်၊ ငါတို့ မင်းအတွက် တစ်နှစ်ခွဲလောက် ကျွန်ခံခဲ့ရတာ မင်းက လစာကျမပေးဘူး၊ ငါတို့ရဲ့ ချွေးနည်းစာကို ပြန်ပေးစမ်း၊ ငါတို့ရဲ့ ချွေးနည်းစာကို ပြန်ပေးကွ"

ထိုတင်မကသေး လမ်းမတစ်လျှောက်တွင် ကျင့်ကြံသူတစ်ယောက်သည် အပေါ်ပိုင်းဗလာကျင်းလျက် သူ့ကိုယ်သူ ဝိညာဉ်ဓားပေါင်းများစွာနှင့် ခုတ်ထစ်နေသည်ကို တွေ့နိုင်သည်။ သူ တစ်ချက် ခုတ်လိုက်တိုင်း ကြည့်ရှုသူများသည် နတ်ကျောက်သလင်း အကြွေစလေးများ ပစ်ထည့်ပေးကြသည်။

သူ့ဘေးတွင် ပိုလို့ပင် အစွန်းရောက်သော လူတစ်ယောက်သည် လမ်းဘေးမှာတင် ဧရာမ ဆေးလုံးဖိုကြီးတစ်လုံးကို တည်ထားသည်။ ယခုအချိန်တွင်မူ ဖိုထဲတွင် မီးများ တောက်လောင်နေပြီး ထိုအစ်ကိုကြီးသည် အပေါ်အင်္ကျီကိုချွတ်ကာ ဘောင်းဘီတိုတစ်ထည်ပဲ ဝတ်ထားထားလျင် ပတ်ပတ်လည်ရှိ ကြည့်ရှုသူများကို လက်သီးနဲ့ လက်ဖဝါးဆုတ်ကာ အရိုအသေပေးလိုက်သည်။

"ညီအစ်ကို၊ မောင်နှမ၊ မိတ်ဆွေ ၊သူငယ်ချင်းတို့ခင်ဗျာ...၊ အိမ်မှာဆို ဂိုဏ်းကို အားကိုး၊ အပြင်မှာ မိတ်ဆွေကို အားကိုး ဆိုတဲ့ စကားပုံအတိုင်းပါပဲ၊ ကျွန်တော် ဒီနေ့ ဒီနေရာမှာ ပိုက်ဆံလည်းမရှိ၊ စားစရာလည်းမရှိနဲ့ ဒုက္ခရောက်နေပါတယ်၊ ကျွန်တော့်မှာ အထူးစကေးလ်လည်း မရှိပါဘူး၊ ဒါကြောင့် ဒီနေ့ လူတိုင်းအတွက် ဆေးဖိုနဲ့ ကိုယ့်ကိုယ်ကိုယ် ကျိုချက်ခြင်း ကို တင်ဆက်ပြသပါ့မယ်၊ သဘောကျတယ်ဆိုရင်တော့ ဆုချီးမြှင့်ဖို့နဲ့ အသိအမှတ်ပြုကြောင်း ပြသဖို့ မမေ့ပါနဲ့နော်"

သူပြောနေရင်းဖြင့်ပင် ဆေးလုံးဖိုထဲကို တွားတွားပြီး ဝင်သွားခဲ့သည်။

ဘွမ်း!

လူအုပ်ကြီးဆီမှ လက်ခုပ်သံများသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ထို့နောက် လူတော်တော်များများသည် နတ်ကျောက်သလင်း အတုံးကြီးများကို ပစ်ချပေးကြသည်။

ထိုသို့ ဈေးရောင်းအော်ဟစ်သံများကို နားထောင်ရင်း ရွှယ်အန်းတစ်ယောက် သူ့ရှေ့က စည်ကားနေသော မြင်ကွင်းကို ကြည့်ကာ ဘာပြောရမှန်းမသိအောင် ရယ်မိသွားသည်။

အန်းယန်လည်း အရမ်း အံ့ဩနေမိသည်။

"ယောက်ျား ဘာလို့ ဒါက ကမ္ဘာပေါ်က ဈေးတစ်ခုလို ခံစားနေရတာလဲ"

"ဟုတ်တယ်၊ အသီးအရွက်တွေ ရောင်းနေသလိုပဲ... "

ရှောင်တန်ချန်က ရယ်လိုက်သည်။

"ဆရာကတော်၊ ဆရာရွှယ် ပြောတာ မှန်တယ်၊ ပြီးတော့ နက်ရှိုင်းသောမိုးကြိုးမြို့ကတင် ဒီလိုဖြစ်နေတာ မဟုတ်ပါဘူး၊ အလယ်ပိုင်းဒေသတစ်ခွင်လုံးက ကျင့်ကြံသူတွေ အများကြီးက ဒီလိုမျိုး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး ဒါနဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုကြတာ"

"ဒါပေမဲ့..."

အန်းယန်သည်မူ တစ်ခုခု လွဲချော်နေသကဲ့သို့ ခံစားနေရသည်။

ရွှယ်အန်းသည် အန်းယန်၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"ဒီကျင့်ကြံသူတွေကလည်း လူတွေပဲလေ၊ ရွေးချယ်စရာမှ မရှိတာ၊ သူတို့လည်း စားရဦးမှာပဲ ဟုတ်တယ်မဟုတ်လား"

သူသည် ထိုသို့ပြောကာ အဆင့်အမြင့်ဆုံး နတ်ကျောက်သလင်းတစ်တုံးကို လူအုပ်ထဲကို ပစ်ထည့်လိုက်သည်။

ဆေးလုံးဖိုထဲမှာ ထိုင်နေသော လူ၏ မျက်လုံးမျသားည် အရောင်တောက်သွားပြီး ရွှယ်အန်ကို အရိုအသေပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် မိတ်ဆွေ၊ မိတ်ဆွေရဲ့ ကျင့်ကြံခြင်းလမ်းခရီး ချောမွေ့ပါစေ၊ ဘေးဒုက္ခနဲ့ အခက်အခဲတွေ ကင်းဝေးပြီး မကြာခင်မှာ ရွှေအင်မော်တယ်တစ်ပါး ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်"

ရွှယ်အန်သည် လက်ရှိတွင် 'ရိုးရှင်းမှုသို့ ပြန်လည်ရောက်ရှိခြင်း' ကို ကျင့်ကြံနေသောကြောင့် သူ့ရဲ့ အရှိန်အဝါတစ်ခုတည်းနှင့် သူ၏ ကျင့်ကြံမှုအဆင့်ကို မခန့်မှန်းနိုင်သောကြောင့် ကျင့်ကြံသူသည် ဤသို့ ဆုတောင်းပေးလိုက်ခြင်းဖြစ်သည်။

သာမန်ကျင့်ကြံသူများအတွက်မူ ရွှေအင်မော်တယ်ဆိုသည်မှာ အလွန်အမင်းကို အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီဖြစ်သည်။

မည်သည့်နေရာတွင်ဖြစ်စေ ၎င်းတို့ကို ဒေသခံ အင်အားကြီးတစ်ယောက်ဟု ခေါ်နိုင်သည်။

အလယ်ပိုင်းဒေသမှာတောင် ဂိုဏ်းတစ်ခုမှ ဧည့်ဂုဏ်ထူးဆောင်အကြီးအကဲတစ်ယောက် ဖြစ်နိုင်သည်။

ရွှယ်အန် ပြုံးလိုက်ပြီး အန်းယန်နှင့် တခြားသူများကို မြို့လယ်ခေါင်ဆီသို့ ဦးဆောင် ခေါ်သွားခဲ့သည်။

လမ်းတစ်လျှောက်တွင် ကလေးမလေးနှစ်ယောက်၏ မျက်လုံးများသည် ဘယ်ညာကိုယမ်းကာ စိတ်ဝင်တစား ကြည့်နေကြသည်။

ရွှယ်အန်းသည် သူတို့ကို မတားမြစ်ခဲ့ပေ။

ကလေးမလေးနှစ်ယောက်သည် ရတနာပြခန်းထဲတွင်သာ တော်တော်ကြာကြာ ပိတ်မိနေခဲ့သောကြောင့် အတော်လေး ပျင်းနေလောက်သည်။

ဤတစ်ခေါက်မူ ကြည့်စရာလေးများ ရှိနေသောကြောင့် သူတို့ကို ပျော်ခိုင်းလိုက်မည်။

အန်းယန်သည် လက်ဝတ်ရတနာ အမျိုးမျိုး ရောင်းနေသော ဆိုင်တစ်ဆိုင်ကို တွေ့သွားပြီး ဝင်သွားကြသည်။

ရွှယ်အန်းသည် ကလေးမလေးနှစ်ယောက်ကို ကြည့်လိုက်ချိန် ကလေးကစားစရာများ ရောင်းနေသော ဈေးသည်တစ်ယောက်၏ ဆိုင်ရှေ့တွင် ပျော်ရွှင်စွာ ကစားနေသည်ကို မြင်လိုက်ရသည်။

သူသည် ၎င်းတို့နှစ်ယောက်အတွက် အကာအကွယ် အစီအရင်တစ်ခုကို ချလိုက်ပြီးနောက် ဆိုင်ထဲကို လျှောက်ဝင်သွားခဲ့သည်။

သို့သော် ထိုအချိန်မှာပင် မျက်လုံးသုံးလုံးပါ ရွှေရောင်ခွေးကြီးတစ်ကောင်သည် လမ်းမပေါ်ကို ခုန်ပေါက် ဝင်ရောက်လာခဲ့သည်။

သူ့ကိုမြင်လိုက်သူတိုင်း လန့်သွားပြီး အမြန် လမ်းဖယ်ပေးလိုက်ကြသည်။

ကလေးမလေးနှစ်ယောက်တည်းသာ ဆိုင်ရှေ့မှာ ဆက်ကစားနေပြီး ခွေးကြီးကို လုံးဝ သတိမထားမိကြပေ။

ထိုအချိန်မှာ မျက်လုံးသုံးလုံးပါ ရွှေရောင်ခွေးကြီးသည် ရဲတင်းစွာနှင့် အနီးအနားက မုန့်ဆိုင်တစ်ဆိုင်ဆီကို ပြေးသွားပြီး မုန့်အများစုကို တစ်ကိုက်တည်းနှင့် မျိုချပစ်လိုက်သည်။

မုန့်ရောင်းသူသည် ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။ ခွေးတစ်ကောင်သည် သူ့ကုန်ပစ္စည်းအများစုကို စားသွားသည်အား မြင်သောအခါ ဒေါသထွက်မိသော်လည်း ရွှေရောင်ခွေးကြီး၏ လည်ပင်းပေါ်ရှိ လည်ပတ်ကို မြင်လိုက်ရချိန် ကြောက်လန့်ပြီး စကားတစ်ခွန်းတောင် မဟဝံ့ရဲတော့ပေ။

မျက်လုံးသုံးလုံးပါ ရွှေရောင်ခွေးကြီးသည် မုန့်များကို ကျေနပ်စွာ ကိုက်စားပြီးနောက် လှည့်ထွက်ဖို့ ပြင်လိုက်ချိန် မလှမ်းမကမ်းမှာ ရပ်နေသော ရွှယ်ရှန်းနှင့် နျန်နျန်ကို သတိပြုမိသွားသည်။

ကလေးမလေးနှစ်ယောက်တွင် သန့်စင်သော အရှိန်အဝါများ ရှိနေပြီး အန်းယန်သည် ပုံရိပ်ယောင်များနှင့် ဖုံးကွယ်ထားသော်လည်း မည်သည့် ပုံရိပ်ယောင်မျိုးကိုမဆို ထိုးဖောက်မြင်နိုင်စွမ်းရှိသည်ြ မျက်လုံးသုံးလုံးပါ ရွှေရောင်ခွေးကြီးသည် သူတို့ ပုံစံအစစ်အမှန်ကို မြင်နေရသည်။

ထို့အပြင် သူတို့လည်ပင်းမှာ ဆွဲထားသော ပင်လယ်မိစ္ဆာ သွေးပုလဲကို မြင်လိုက်ရသောအခါ လောဘတကြီးနှင့် သွားရည်များ စတင်ကျလာခဲ့သည်။

သူ၏ အကြိုက်ဆုံးအရာသည် ဝိညာဉ်ကျောက်တုံးများနှင့် ကျောက်မျက်ရတနာ အမျိုးမျိုးကို မျိုချရခြင်းဖြစ်သည်။

ထို့အပြဂ် ပင်လယ်မိစ္ဆာ သွေးပုလဲ၏ အရသာသည် သူ ဘယ်တုန်းကမှ မစားဖူးသည့် အရသာမျိုး ဖြစ်သောကြောင့် သူ၏ တပ်မက်စိတ်ကို လှုံ့ဆော်လိုက်သည်။

ထိုသို့နှင့် ၎င်းသည် သူတို့ဆီကို တဟုန်ထိုး ပြေးဝင်သွားသည်။

ဟမ့်

တိုးညှင်းတဲ့ အသံတစ်ချက် ထွက်ပေါ်လာပြီး ကလေးမလေးနှစ်ယောက်၏ ပတ်ပတ်လည်တွင် အလင်းဖြူတန်းတစ်ခု ပေါ်လာကာ မျက်လုံးသုံးလုံးပါ ရွှေရောင်ခွေးကြီး၏ ရှေ့တိုးလာမှုကို တားဆီးလိုက်သည်။

ထိုသည်မှာ ရွှယ်အန် ချမှတ်ပေးထားခဲ့သော အကာအကွယ် အစီအရင်ဖြစ်သည်။

သို့သော် သတ္တဝါကြီး၏ တတိယမျက်လုံးထဲတွင် အလင်းမည်းတစ်ခု ရုတ်တရက် လက်ခနဲ ဖြစ်သွားပြီး အလင်းဖြူသို့ ပြောင်းလဲသွားချိန်မှာ သူသည် အလွယ်တကူပဲ လျှောတိုက် ဝင်ရောက်သွားနိုင်ခဲ့သည်။

ဤသည်မှာ မျက်လုံးသုံးလုံးပါ ရွှေရောင်ခွေးကြီး၏ အံ့ဩဖွယ် စွမ်းရည်ဖြစ်သည်။ သူ၏ မျက်လုံးများသည် အကာအကွယ် အစီအရင်များကို လှည့်စားဖို့ အရှိန်အဝါအမျိုးမျိုးကို တုပနိုင်သည်။

ကလေးမလေးနှစ်ယောက်သည် ကစားစရာအသစ်တွေ တွေ့ရှိသဖြင့် စိတ်လှုပ်ရှားနေရာမှ သတိပြန်ဝင်လာပြီး လှည့်ကြည့်လိုက်ချိန် ဧရာမခွေးကြီးတစ်ကောင် သူတို့ဆီ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။

အနီးဆုံးမှာရှိနေသော နျန်နျန်သည် မျက်လုံးသုံးလုံးပါ ရွှေရောင်ခွေးကြီး ပြေးဝင်လာသည်ကိုမြင်သောအခါ ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြဣးကြောင့် သူမ ချက်ချင်း တုန်ယင်ပြီး မြေပြင်ပေါ်ကို လဲကျသွားခဲ့သည်။

ထို့နောက်သတ္တဝါကြီးသည် သူ့ပါးစပ်ကို ဖွင့်ကာ နျန်နျန် လည်ပင်းတွင် ဆွဲထားဆသာ ပင်လယ်မိစ္ဆာ သွေးပုလဲ ဆွဲကြိုးကို မျိုချရန် ပြင်လိုက်သည်။

ကြောက်လန့်သွားသော နျန်နျန်၏ မျက်နှာလေးသည် ဖြူဖျော့သွားပြီး သူ့ခန္ဓာကိုယ်လေးသည် တုန်ရီနေခဲ့သည်။ ထိုအချိန်မှာ အနားတွင် ရပ်နေသော ရွှယ်ရှန်းသည် သည်းမခံနိုင်တော့ပေ။

သူမသည် ညီမလေးကို 'နျန်နျန်က ငတုံး' 'နျန်နျန်က ဘာမှလည်းမလုပ်တက်ဘူး' ဟု ပြောတက်သော်လည်း မည်သို့ပင်ဖြစ်စေ သူမ ညီမလေးဖြစ်သောကြောင့် တခြားဘယ်သူမှ ၎င်းကို အနိုင်ကျင့်ခွင့်မပေးသဖြင့် ယခုလိူ မြေပြင်ပေါ် လဲကျသည်အထိ လုပ်ဖို့ မဆိုနှင့် လက်ညှိုးဖြင့်ထိုးလျှင်ပင် သူမ မကြိုက်ပေ။

ထို့ကြောင့် အချိန်တစ်ခဏအတွင်းမှာပင် ရွှယ်ရှန်း၏ မျက်နှာလေးသည် တင်းမာသွားပြီး ခွေးကြီးကို ကန်ကျောက်လိုက်သည်။

ဖောင်း

သူမ၏ ကန်ချက်သည် ခွေးကို ခြေလှမ်းအနည်းငယ် နောက်ပြန် လွင့်စင်သွားစေသည်။ သးသည် နာကျင်မှုကြောင့် ရွှယ်ရှန်းကို သွားဖြဲ ပြလိုက်သည်။

ရွှယ်ရှန်းသည် မကြောက်မရွံ့ဘဲ ရွှယ်အန်း ပေးထားသော ဒယ်အိုးပြားငယ်လေးကို ဆွဲကြိုးမှ ဆွဲထုတ်လိုက်ပြီး လေထဲမှာ ဝှေ့ယမ်းလိုက်သည်နှင့် မှော်ပစ္စည်း ပုံစံအဖြစ် ပြန်ပြောင်းသွားသည်။ (ရွှယ်ရှန်းက ကြီးလာပြီမို့ အဲ့ဒီပစ္စည်းရဲ့ အမိန့်ပေးစကားလုံးက အရမ်းရှက်စရာကောင်းတယ်လို့ ထင်တော့ ရွှယ်အန်းကို ဖယ်ခိုင်းထားခဲ့ပါတယ်)

ထို့နောက် သူမသည် ရှေ့တိုးလိုက်ပြီး ဒယ်အိုးကို အားနှင့် လွှဲရိုက်ချလိုက်သည်။

"ငါ့ညီမလေးကို အနိုင်ကျင့်ရဲတဲ့အတွက် ဒါ နင့်အတွက် သင်ခန်းစာပဲ”

All Chapters