← Chapters

မောက်မာပြီး အနိုင်ကျင့် ဗိုလ်ကျခြင်း၊ မင်းကို သင်ခန်းစာပေးမယ်

Vol. 50 Ch. 749

မောက်မာပြီး အနိုင်ကျင့် ဗိုလ်ကျခြင်း၊ မင်းကို သင်ခန်းစာပေးမယ်

Vol. 50 Ch. 749

ဖြောင်း!

ဒယ်အိုးပြားသည် မျက်လုံးသုံးလုံးပါ ရွှေရောင်ခွေးကြီး၏ နံဘေးကို တည့်တည့် ထိမှန်သွားသည်။

ခွေးကြီးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် လွင့်စင်သွားသည်။ မြေပြင်ပေါ် ပြန်ကျလာသည့်အခါမှာတော့ ၎င်း တစ်ကိုယ်လုံး တုန်ရီနေပြီး ပြန်မထနိုင်တော့ပေ။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ကြောက်လန့်တကြားနှင့် လူစုခွဲသွားကြပြီး သတ္တိနည်းသူများဆိုလျှင် ထွက်ပြေးသွားကြကာ သတ္တိပိုရှိသူများတောင် အဝေးမှာ နေရင်း ထိတ်လန့်တကြား မျက်လုံးများနှင့် ကြည့်နေကြသည်။

"ကလေးမလေး... မြန်မြန်ပြေးတော့"

ကစားစရာရောင်းသူသည် တုန်ရီနေသော အသံနှင့် ပြောလိုက်သည်။

"ပြေးရမယ်၊ ဘာလို့ ပြေးရမှာလဲ"

ရွှယ်ရှန်းက ဒယ်အိုးကို ကိုင်ထားရင်း နားမထောင်ချင်မှန်းသိသာသည်။

ထိုစဥ် အဝေးမှ ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး လူတစ်စုသည် အလျင်စလို ရောက်ချလာသည်။ ပိုးသားဝတ်စုံနှင့် မိန်းကလေးတစ်ယောက်သည် ရှေ့ဆုံးကနေ ဦးဆောင်လာသည်။

သူမက မျက်လုံးသုံးလုံးပါ ရွှေရောင်ခွေးကြီးဆီကို ပြေးသွားပြီး သူ့ဘေးမှာ ထိတ်လန့်တကြား ဒူးထောက်ထိုင်ချလိုက်ပြီး သူ့အမွှေးတွေကို ညင်ညင်သာသာ ပွတ်သပ်ပေးကာ တုန်ရီစွာ ပြောလိုက်သည်။

"မောင်မောင် နင် ဘာဖြစ်သွားတာလဲ... မောင်မောင်"

မျက်လုံးသုံးလုံးပါ ရွှေရောင်ခွေးကြီးသည် အူသံသဲ့သဲ့ ပြုလိုက်ပြီး သူ့ခေါင်းကို အားနည်းစွာ မော့ကာ မိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး ပြန်လဲကျသွားပြန်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ချိန် မိန်းကလေး၏ ချစ်စရာကောင်းသော မျက်နှာပေါ်တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားပြီး ဒေါသတကြီးနှင့် တစ်လုံးချင်း အော်ဟစ်လိုက်သည်။

"ဘယ်.သူ.လုပ်.တာ.လဲ"

မည်သူမှ စကားမဟဝံ့ကြပေ။

ထိုအချိန်တွင် ရွှယ်ရှန်းကသည် နျန်နျန်ကို ဆွဲထူပေးလိုက်သည်။

"ညီမလေး အဆင်ပြေရဲ့လား"

နျန်နျန်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေဆဲဖြစ်သောမလည်း သူမ ခေါင်းခါလိုက်ပြီး လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

"ညီမလေး အဆင်ပြေပါတယ်၊ နည်းနည်း လန့်သွားရုံပါပဲ"

မိန်းကလေးသည် ညီအစ်မနှစ်ယောက်၏ စကားပြောသံကို ကြားချိန် သူတို့နှစ်ယောက်ကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် ဒေါသနှင့် နာကြည်းမှုများ ပြည့်လျှံနေသည်။

"မောင်မောင့်ကို ရိုက်တာ နင်တို့လား"

ရွှယ်ရှန်းက ဒယ်အိုးကို ကိုင်ထားရင်း မကြောက်မရွံ့ဘဲ ပြန်ပြောလိုက်သည်။

"ဟုတ်တယ် သမီး ရိုက်တာပဲ၊ နင့်ခွေးကြီးက ငါ့ညီမလေးကို မြေပေါ် လဲကျအောင် တွန်းလိုက်ပြီး သူ့ကို မျိုချဖို့တောင် ကြိုးစားသေးတယ်၊ သူ့ကို မသတ်ပစ်တာက သနားလို့"

သူမ၏ စကားကြောင့် လူအုပ်ကြီ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ကျင့်ကြံသူတချို့သည် တိတ်တဆိတ် ခေါင်းခါလိုက်ကြပြီး ကလေးမလေးများ ဒုက္ခရောက်တော့မည်ဟုတွေးပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်ကြသည်။

မိန်းကလေးသည် ဒေါသထွက်လွန်းသောကြောင့် ရယ်မောလိုက်သည်။

"ရယ်စရာကောင်းလိုက်တာ၊ ငါ့ မောင်မောင်က အယဉ်ကျေးဆုံး ခွေးလေးပဲ၊ နင်တို့ကို တွန်းတယ်လို့တောင် ပြောရဲသေးတယ်ပေါ့၊ နင်တို့က သူ့ကို အရင် သွားစကြတာပဲ ဖြစ်ရမယ်"

"နင် လျှောက်ပြောနေတာ၊ ငါနဲ့ ငါ့အစ်မက ဒီဆိုင်မှာ ကစားစရာတွေ ရွေးနေတုန်း နင့်ခွေးကြီးက ရုတ်တရက် ပြေးဝင်လာတာ"

ပုံမှန်ဆို စကားပြောရာတွင် ရှက်တက်နျန်နျန်သည် ငြိမ်မခံပဲ ပြန်ပြောလိုက်သည်။ သူမ၏ မျက်နှာလေးသည် စိတ်လှုပ်ရှားပြီး မျက်နှာလေး နီမြန်းနေကာ ပြန်လည် မငြင်းခုံဘဲ မနေနိုင်တော့ပေ။

မိန်းကလေးသည် ထိုမြင်ကွင်းကိုမြင်ချိန် ပိုလို့ပင် ဒေါသထွက်လာသည်။

"ငါ ဂရုမစိုက်ဘူး၊ ငါ့ မောင်မောင်က ဘယ်တော့မှ အမှားမလုပ်ဘူး၊ နင်တို့ ကောင်မလေးနှစ်ယောက်က သူ့ကို ဒီလိုအခြေအနေရောက်အောင် ရိုက်နှက်ထားတာ၊ နင်တို့ မိဘတွေကို ရှာပြီး သူ့ကို တောင်းပန်ခိုင်းရမယ်"

သူမ စကားဆုံးသည်နှင့် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။

"သူ့ကို တောင်းပန်ရမယ်ပေါ့၊ ဟက်..."

သူတို့ အသံလာရာနောက်ကို လိုက်ကြည့်လိုက်ချိန် ရွှယ်အန်းသည် မြင်ကွင်းထဲကို ဖြည်းဖြည်းချင်း လျှောက်ဝင်လာခဲ့သည်။

"ဖေဖေ၊ ဒီခွေးကြီးက နျန်နျန်ကို အနိုင်ကျင့်တယ်"

ရွှယ်ရှန်းသည် သူ့ကို မြင်သည်နှင့် အမြန် ပြေးလာလိုက်သည်။

ရွှယ်အန်းသည် သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"ရှန်းရှန်းက တော်လိုက်တာ၊ အစ်မတစ်ယောက်အနေနဲ့ ညီမလေးကို ကာကွယ်ပေးနိုင်တယ်"

"ဟုတ်"

ရွှယ်ရှန်းသည် အားရပါးရ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ရွှယ်အန်းသည် နျန်နျန်ကို ကြည့်ပြီး ဂရုတစိုက် စစ်ဆေးလိုက်သည်။ သူ့သမီးငယ်လေး ဒဏ်ရာမရတာကို တွေ့မှ သူ စိတ်သက်သာရာရသွားသည်။

အမှန်တွင် မျက်လုံးသုံးလုံးပါ ရွှေရောင်ခွေးကြီးသည် နျန်နျန်ကို တွန်းလှဲလိုက်ချိန်တည်းက ရွှယ်အန်း မြင်တွေ့ခဲ့သည်။

အန်းယန်သည် ပြေးသွားချင်‌သော်လည်း

ဒရွှယ်အန်း အလျင်မလိုခဲ့ဘဲ အန်းယန်ကိုတောင် တားထားလိုက်တယ်။

သူသည် သူ့သမီးနှစ်ယောက် ဤအခြေအနေကို မည်သို့ ကိုင်တွယ်မလဲဆိုတာ ကြည့်ချင်ခဲ့မိသည်။

သူ ယခုလိုလုပ်ခြင်းသည် သူ့သမီးများ ဘေးကင်းမှန်း သေချာသောကြောင့်ဖြစ်သည်။ ရွှယ်ရှန်း ဝင်မပါခဲ့လျှင်ပင် ရွှေရောင်ခွေးကြီး၏ ခေါင်းသည် လက်မဝက်လောက် ပိုနီးကပ်လာသည်နှင့် သူ့သမီးပေါ်တွင် ချထားသော အကာအကွယ် အစီအရင်များ အသက်ဝင်လာလိမ့်မည်။

ထိုအချိန်ဆိုပါက ရွှေရောင်ခွေးတင်မကပဲ လမ်းတစ်ဝက်လောက် ပျက်စီးသွားလိမ့်မည်။

ရွှယ်ရှန်းသည် ရွှေရောင်ခွေးကြီးကို ကန်ထုတ်လိုက်ပြီး ဒယ်အိုးကို ထုတ်ကာ လွင့်စင်သွားအောင် ရိုက်ထုတ်လိုက်သည့် မြင်ကွင်းကိုလည်း ရွှယ်အန်း အစအဆုံး မြင်ခဲ့သည်။

ရွှယ်အန်းသည် ထိုအရာကို အလွန်

ကျေနပ်နေခဲ့သည်။

သူသည် သူ့သမီးငယ်လေးနှစ်ယောက်အား ချစ်ခင်သော်လည်း ၎င်းတို့ကို ဖန်လုံအိမ်ထဲမှ ပန်းပွင့်လေးများ မဖြစ်စေလိုချေ။

ဤသို့ ရက်စက်ကြမ်းတမ်းသောကမ္ဘာတွင် ခွန်အားရှိမှာသာ ကိုယ်ပိုင် ဆုံးဖြတ်ချက်များချနိုင်မည်။

သူ့သမီးများသည် ငယ်သေးသော်လည်း ရွှယ်အန်းသည် ငယ်စဉ်တည်းက လေ့ကျင့်ပေးချင်မိသည်။

လူများ၏ စရိုက်လက္ခဏာများသည် မတူညီကြပေ။

အမြွှာများတောင်မှ အတူတူဖြစ်သည်။

ရွှယ်နျန်၏ သဘာဝသည် နူးညံ့သိမ်မွေ့သည်ကို ရွှယ်အန်းသိသကဲ့သို့ သဘောလည်းကိသောကြောင့် သူမကို ဘာမှ ပြောင်းလဲဖို့ သူ မတောင်းဆိုချင်ပေ။

ရွှယ်ရှန်း၏ စရိုက်သည်တော့ ရွှယ်အန်းနှင့် ပိုတူသည်။ အခက်အခဲများနှင့် ကြုံတွေ့ရသည့်အခါ မည်သို့သောအခါမှ ကြောက်ရွံ့ခြင်းဖြစ်စေ လက်မြှောက်အရှုံးပေးခြင်းဖြစ်စေ မရှိခဲ့ပေ။

ဤအရာသည် ရွှယ်အန်း အရလွန်သဘောကျမိသော အချက်ဖြစ်သည်။

မျက်လုံးသုံးလုံးပါ ရွှေရောင်ခွေးကြီး၏ ပိုင်ရှင်ပေါ်လာသည့်အခါမှာလည်း ကလေးမလေးနှစ်ယောက်သည် မကြောက်သေးဘဲ သူတို့ဘက်က မှန်ကန်ကြောင်း ငြင်းခုံနေခဲ့ကြသည်။

မိန်းကလေးသည် မောက်မာသော မျက်နှာနှင့် တောင်းပန်ခိုင်းသည့်အချိန်ကျမှ ရွှယ်အန်းက ဖြည်းဖြည်းချင်း ရှေ့ထွက်လာခဲ့သည်။

ထိုအချိန်တွင် ပိုးသားဝတ်စုံနှင့် မိန်းကလေးသည် ရွှယ်အန်းကို စိုက်ကြည့်လျက် ရွှယ်ရှန်းနဲ့ နျန်နျန်ကို လက်ညှိုးထိုးပြလိုက်သည်။

"နင်က ဒီကလေးမနှစ်ယောက်ရဲ့ အဖေလား"

ရွှယ်အန်းရ အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ နင့်ကလေးက ငါ့ မောင်မောင်ကို ဒီလိုမျိုး ဒဏ်ရာရအောင် လုပ်ထားတယ်၊ အခု နင် ငါ့ကို တောင်းပန်ရမယ်၊ မဟုတ်ရင်တော့..."

မိန်းကလေးသည် ဆက်မပြောခဲ့သော်လည်း သူမ၏ မျက်လုံးထဲမှ အေးစက်မှုသည် ကောင်းသောကိစ္စ မဟုတ်ကြောင်းကို ညွှန်ပြနေသည်။

သို့သော် ရွှယ်အန်းသည် ပြုံးလိုက်ပြီး လမ်းပေါ်က လူအုပ်ကြီး၏ ကြောက်လန့်နေသော အမူအရာတွေကို တစ်ချက် ဝေ့ကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်းက တော်တော် မောက်မာတာပဲ... မင်းမိဘတွေက ဒါကို သိရော သိရဲ့လား ဒါမှမဟုတ် ဒီ ခွေးက မင်းရဲ့ မိဘလား"

ထိုစကားကြောင့် တိတ်တဆိတ် စောင့်ကြည့်နေသော ကျင့်ကြံသူအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

တချို့သည် ရယ်သံကို မထိန်းနိုင်သော်လည်း မိန်းကလေး ကြားသွားမည်ကိုစိုးသောကြောင့် သူတို့ပါးစပ်များကို အမြန် ပြန်ပိတ်လိုက်ကြသည်။

တခြားသူများသည်တော့ တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။

ဤမိန်းကလေးသည် နက်ရှိုင်းမိုးကြိုးမြို့၏ အနိုင်ကျင့် ဗိုလ်ကျသူတစ်ယောက် ဖြစ်ပြီး ဘယ်သူမှ သူမကို ရန်မစဝံ့ကြချေ။

ယခုအခါ ရွှယ်အန်းမှ လှောင်ပြောင်လိုက်သောကြောင့် အကောင်းနှင့် အဆုံးသတ်မည်မဟုတ်ကြောင်း ရှင်းနေသည်။

အမှန်ပင် မိန်းကလေး၏ မျက်နှာသည် ဖြူရော်သွားသည်။

"နင်..."

သူမ စကားမဆုံးခင်မှာပင် ရွှယ်အန်း၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ဓားအလင်းတန်းတစ်ခုသည် လေထဲကို ဖြတ်သန်းလာကာ မြေပြင်ပေါ်တွင် လဲနေသော မျက်လုံးသုံးလုံးပါ ရွှေရောင်ခွေးကြီးကို နှစ်ပိုင်းပိုင်းဖြတ်လိုက်သည်။

သနားစဖွယ် သတ္တဝါကြီးသည် နှစ်ပိုင်း မပြတ်ခင်တွင် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ သွေးများသည် လမ်းမပေါ်မှာ ပျံ့ကျဲသွားသည်။

ထိုမြင်ကွင်းကိုမြင်ချိန် မိန်းကလေးသည် သူမမျက်လုံးကိုပင် မယုံနိုင်ဖြစ်သွားသည်။

"နင်... နင် တကယ်ပဲ မောင်မောင့်ကို သတ်လိုက်တယ်၊ ငါ နင့်ကို သေတဲ့အထိ တိုက်ခိုက်မယ်"

မိန်းကလေးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူမ၏ အစောင့်များလည်း ရှေ့ကို ပြေးတက်လာဖို့ ပြင်လိုက်ကြသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် မိန်းကလေး၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး အေးစက်စွာ ပြောလိုက်သည်။

"မင်းကို ဆုံးမသွန်သင်ပေးမယ့် မိဘ မရှိမှတော့ ဒီနေ့ ငါက မင်းကို ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာ သင်ပေးလိုက်မယ်"

ရွှယ်အန်းသည် သူ့လက်ကို မြှောက်လိုက်ပြီး သူမ၏ မျက်နှာကို ဖြတ်ရိုက်ချလိုက်သည်။

ဖြောင်း!

ရုတ်တရက် အတိုက်ခံလိုက်ရသောကြောင့် မိန်းကလေးလည်း လွင့်စင်သွားပြီး လေထဲမှာ အကြိမ်အနည်းငယ် လည်ပတ်သွားကာ မြေပြင်ပေါ်ကို ဗိုင်းခနဲ ပြုတ်ကျသွားသည်။

သူမ၏ နူးညံ့လှပသော ပါးတစ်ဖက်သည် ယခုဆိုလျှင် မယုံနိုင်လောက်သော အရွယ်အစားအထိ ရောင်ကိုင်းသွားခဲ့သည်။

ရှူး!

လမ်းမတစ်လျှောက်လုံး ထိတ်လန့်တကြား အသက်ရှူပင်မှားသွားကြသည်။

တချို့ဆို လှည့်ပြီး ထွက်ပြေးကုန်ကြသည်။

အဘယ့်ကြောင့်ဆို ဤအခြေအနေသည် ပိုဆိုးသွားပြီဆိုတာ သူတို့ သိလိုက်သောကြောင့်ပင်ဖြစ်ပြီး ပြဿနာမှာ ခွေးတစ်ကောင်တည်း၏ ကိစ္စ မဟုတ်တော့ပဲ အသက်ဆုံးရှုံးမှုများပင် ဖြစ်လာတော့မည်။

ပိုးသားဝတ်စုံနှင့် မိန်းကလေးသည် မျက်နှာတစ်ခြမ်းကို လက်တစ်ဖက်ဖြင့် အုပ်ကိုင်ထားရင်းဖြင့် ကြောင်ငေးငေး ထိုင်နေမိသည်။ သူမသည် ရွှယ်အန်းကို ကြောင်ငေးစွာ ကြည့်နေခဲ့သည်။ အသက်ရှူကြိမ်အနည်းငယ်ပြီးမှ သူမ သတိပြန်ဝင်လာပြီး စူးရှစွာ အော်ဟစ်လိုက်သည်။

"နင် ငါ့ကို ရိုက်ရဲတယ်၊ သူ့ကို သတ်ကြစမ်း၊ သူ့ကို အစိမ်းလိုက် ဆွဲဖြဲပြီး သူ့ဝိညာဉ်ကိုတောင် ဖျက်ဆီးကြ”

All Chapters