← Chapters

အခန်း (၃၁)

Vol. 4 Ch. 31

အခန်း (၃၁)

Vol. 4 Ch. 31

နဉ်ကျင်းသည် နောက်သို့အသာဆုတ်ကာ မေးစေ့အားပွတ်သပ်ရင်း

"အဲ့ဒါက.....အသုံးဝင်တဲ့ဟာမျိုးလား"

စူးယွင်၏အပြုံးမှာ ပိုပေါ်လွင်လာပြီး

"ရှင်မှန်းတာနီးစပ်နေပြီဆိုပေမယ့် ခုထိမမှန်သေးဘူး"

ကစားနည်းအ‌ေပါ် တစ်စထက်တစ်စပိုမိုစိတ်ပါဝင်စားလာသည့် နဉ်ကျင်းသည် ‌မှီချကာ အနက်ရောင်အဝတ်စပေါ် အာရုံစိုက်လိုက်၏။

"ကောင်းပြီလေ ဒါဆိုရင်.....ရှင်ဘာရလိုက်တယ်ဆိုတာ ကြည့်ကြတာပေါ့"

သူသည် ဗန်းပေါ်အုပ်ထားသည့်အဝတ်အား လှစ်ကနဲဆွဲကိုင်ကာ အဝတ်စအောက်ရှိ ဖုံးထားသည်ကို ဖော်ထုတ်‌ေန‌ေသး၏။

"အထဲမှာရှိနေတာကို ကိုယ်မှန်းကြည့်ရရင်...."

နဉ်ကျင်းသည် မျက်ခုံးအားပင့်ကာ သက်ရောက်မှုကြောင့်ရပ်တန့်သွားရပြီး တွေးတောဟန်ဆောင်လိုက်သည်။

"ကိုယ့်အဝတ်တွေပဲ"

"ပျင်းစရာကောင်းလိုက်တာ"

စူးယွင်သည် မျက်လုံးလှိမ့်လိုက်ကာ အနက်ရောင်အဝတ်စအားဆုပ်ကိုင်ရင်း ဆွဲဖယ်ပေးလိုက်၏။

ရိုးရှင်းသော အဖြူရောင်ဝတ်ရုံရှည်တစ်ထည်သည် အနက်ရောင်အဝတ်စအောက်၌ သပ်သပ်ရပ်ရပ်နေရာယူထားလေသည်။

စူးယွင်သည် သူ့ထံစူးစူးစိုက်စိုက်ကြည့်၍ သူမမျက်ဝန်းအစုံသည်လည်း မျှော်လင့်စောင့်စားဟန်တို့‌ပြည့်နှက်နေသည်မှာ တစ်ယောက်ယောက်သာ အနီးကပ်ကြည့်မိပါက စိုးရိမ်မှုတစ်စွန်းတစ်စကိုပင် တွေ့နိုင်ပါသေး၏။

သူမသည် တိုးဖွဖွမေးလိုက်၏။

"ရှင်ဘယ်လိုထင်လဲ"

နဉ်ကျင်းသည် ဖြူစွတ်နေသောဝတ်ရုံရှည်ထက်ရှိ အိုးပုတ်စံပယ်ပွင့်တို့အားကြည့်ကာ အသာပွတ်သပ်လိုက်သည်။

ချောမွေ့သောအထိအတွေ့နှင့် အထည်စ၏ဆွဲဆန့်နိုင်မှုတို့မှနေသူ့ထံ ချက်ချင်းပြောလာသည်မှာ အရည်အသွေးမြင့်ပိတ်သားတစ်ခုပါဟုပင်။

"ကိုယ်တစ်ကယ်သဘောကျပါတယ်"

"တစ်ကယ်လား"

စူးယွင်သည်ပြုံးလိုက်ပြီး ဗန်းပေါ်မှဝတ်ရုံရှည်အားယူကာ သူ့လက်မောင်းများထဲထည့်ပေးလိုက်၏။

"အထဲဝင်ပြီးစမ်းဝတ်ကြည့်ပါဦး တော်မတော်ကြည့်ရအောင်လို့"

လက်ရှိမင်းဆက်၏မင်းသားတစ်ပါးအနေဖြင့် နဉ်ကျင်း၏အဝတ်များမှာ တော်ဝင်အဝတ်ရုံမှသာအမြဲဆက်သလာခြင်းပင်။ထို့ကြောင့် လူကြားထဲအဝတ်လဲရမည်မှာ မေးခွန်းထုတ်စရာတစ်ခုဖြစ်လာပေလိမ့်မည်။

သူသည်ငြင်းဆိုရန် မသိစိတ်အရပြောဖို့လုပ်လိုက်ပေသိ စူးယွင်မျက်ဝန်းများထဲရှိ တောင့်တမှုမှာ သူ့အားငြင်းဆိုစကားပြောမထွက်အောင် လုပ်နေလေ၏။

အချိန်အတော်ကြာသည်ထိ သူ့ဘက်မှတုံ့ပြန်မလာသောကြောင့် စူးယွင်သည် လက်ဦးမှုထပ်ယူကာ အဝတ်များအားညှိပေးပြီး သူ့လက်ထဲထည့်ကာ တွန်းပို့လိုက်သည်။သူမမှာနူးညံ့သောလေသံလေးဖြင့်မေးလာသေး၏။

"ဘယ်လိုနေလဲ"

ဤဝတ်စုံအားသူမချုပ်လုပ်ပြီးစဉ်ကတည်းမှ နဉ်ကျင်းသည်ဝတ်စုံနှင့် လုံးဝလိုက်ဖက်နေမည်ဟု ခံစားမိခဲ့၏။

သူသည်အောက်ငုံ့ကြည့်ရင်း ဝတ်ရုံရှည်အားလက်ခံလိုက်ကာ ဩရှရှအသံဖြင့်ဖြေပေးလိုက်သည်။

"ကောင်းပါတယ်"

မကြာခင်မှာပင် သူသည်အဝတ်လဲခန်းတွင်းမှထွက်လာလေ၏။

ရိုးရှင်းသောအဖြူရောင်ဝတ်ရုံရှည်အားဝတ်ဆင်ကာ ခေါင်းထက်တွင် မတ်မတ်ရှိနေသော အဆင်တန်ဆာ(အမျိုးသားဝတ်သရဖူ)ဖြင့် သူ့အားကြည့်ရသည်မှာ အရပ်ရှည်ရှည် ကျက်သရေရှိရှိဖြင့် ထုံးစံအတိုင်း သိမ်မွေ့နန်းဆန်နေဆဲပါပင်။သို့သော်ငြား ညနေခင်း၏လေပြည်ညှင်းလေး တိုက်ခတ်လိုက်ချိန်တွင်တော့ ဝတ်ရုံရှည်ထက်ရှိ ချည်ထိုးထားသော အိုးပုတ်စံပယ်ပွင့်တို့မှာ လေနှင့်အတူယိမ်းနွှဲ့ကာ သူ၏နဂိုရှိပြီးသား ခန့်ညားသောသွင်ပြင်ဆီ ကွဲပြားခြားနားသောအသရေတစ်ရပ်အား ထပ်ပေါင်းထည့်ပေးလာ၏။

စူးယွင်သည် သူမအကြည့်အားရွှေ့လိုက်‌ေသာ်လည်း သဘောကျမှုတို့ဖြင့် သက်ပြင်းတချချလုပ်နေဆဲပင်။

"ပြည့်စုံချက်ပဲ"

"ရှင်သာအခုဒီလိုပုံစံနဲ့အပြင်ထွက်သွားကြည့်ရင် ရှင့်ကိုပညာသင်သားတစ်ဦးဆိုပြီး လူတိုင်းကထင်ကြမှာပဲ။ရှင့်မှာရှိတဲ့အရှိန်အဝါမျိုးနဲ့ တော်ဝင်စာမေးပွဲမှာဝင်မပါခဲ့တာ နှမြောစရာပဲ"

နဉ်ကျင်းသည်ခေါင်းငုံ့ကာ သူမနှင့်အကြည့်ချင်းဆုံစေလိုက်၏။

သူ၏နဂိုသိမ်မွေ့သော မျက်ဝန်းတို့မှာ လခြမ်း‌ေကွး‌ေလးအလား အတန်ငယ်ကွေးတက်သွားကာ လှိုင်းဂယက်တို့ထကာ စီးဆင်းနေသောဆောင်းဦးရေအလျင်ကဲ့သို့ ထင်ဟပ်နေစေသည်။

"မင်းကကိုယ့်ကို တစ်ကယ်ကြီးပညာသင်သားတစ်ဦးဖြစ်စေချင်နေတာလား"

ဤတစ်ကြိမ်ဖြင့်ဆိုလျှင် သူမမှထိုအကြောင်းအားပြောလာသည်မှာ ဒုတိယအကြိမ်မြောက်ဖြစ်လေသည်။စူးယွင်မှာ ခပ်သွက်သွက်ငြင်းဆန်လိုက်၏။

"မဟုတ်ပါဘူး ကျွန်မကဒီအတိုင်းပြောပြရုံပါ"

"တစ်ကယ်လား"

သူသည်မျက်ခုံးအားပင့်ကာ လေသံထဲတွင်လည်း သံသယအပြည့်ပင်။

"တစ်ကယ်ပါဆို"

စူးယွင်သည် ခေါင်းငြိမ့်ကာ သူမှသူမအားမယုံမည်စိုး၍ ထပ်ပြောလိုက်၏။

"ရှင်ကအခု ရှင်ဖြစ်နေတဲ့အတိုင်းတင်ကို အရမ်းကောင်းလွန်းနေပါပြီ"

သူ၏အမူအယာတို့မှာ ပညာရှင်တစ်ဦးအသွင်နှင့်အလွန်တူသောကြောင့်ဖြစ်နိုင်သလို ခေတ်သစ်ကာလရှိ သူမ၏ပြင်းထန်သော ပညာရှင်အငွေ့အသက်အား လိုချင်သောဆန္ဒကြောင့်လည်းဖြစ်နိုင်လေ၏။ဤကဲ့သို့အလားအလာကောင်းသောလူတစ်ဦးနှင့် သူမတွေ့ရချိန်တွင်တော့ သူမမှာ ထိုစကားအားထုတ်မပြောဘဲမနေနိုင်တော့ပေ။

သို့သော်ပွင့်ပွင့်လင်းလင်းပြောရလျှင် စူးယွင်မှာ သူ့အားပညာရှင်တစ်ယောက်ဖြစ်ရန် တွန်းအားပေးဖို့စိတ်ကူးမရှိပါချေ။

နဉ်ကျင်းသည် ဖွဖွရယ်ကာ မတ်မတ်ရပ်၍ တွေးတောနေဟန်ဖြင့်ခွန်းတုံ့ပြန်လာ၏။

"ကိုယ်နားလည်ပြီ"

"ရှင်ကဘာကိုနားလည်တာလဲ"

နဉ်ကျင်းမှမတ်မတ်ရပ်လိုက်သောကြောင့် သူသည်သူမထက်အ‌ေတာ်‌ေလးအရပ်ပိုရှည်သွားလေသည်။စူးယွင်မှာ သူမအကြည့်နှင့်တန်းတူဖြစ်သော သူ့ရင်ဘတ်ကိုသာတွေ့ရလေ၏။သူမသည်ခေါင်းမော့၍ မေးလိုက်သည်။

"ရှင့်ခေါင်းထဲ ပြဇာတ်တစ်ပုဒ်,ပုဒ်များ ပုံဖော်ကြည့်နေတာများလား"

"ပြဇာတ်တစ်ပုဒ်ပုံဖော်တာလား?"

နဉ်ကျင်းသည် မျက်နှာထက်ရှိအပြုံးအားဖယ်လိုက်ကာ လက်ဖဝါးပေါ် ခေါက်ယပ်တောင်ဖြင့် ပုတ်နေရင်း

"အင်းး မဟုတ်တာလည်းဖြစ်နိုင်ပါတယ်"

"ဪ ဟုတ်ပါပြီ။အဲ့စကားကို ဘယ်သူကယုံမှာလဲ"

စူးယွင်မှာ မျက်လုံးလှိမ့်လိုက်ပြီး သူမလက်အား တင်ပါးပေါ်တင်လိုက်သည်။

------------

ရှောင်ဟယ်သည် နေ့လည်စာထမင်းချိုင့်အားယူလာကာ စားပွဲပေါ်တင်ပြီးအော်ခေါ်လိုက်၏။

"သခင်မလေးစူး သခင်လေးနဉ် ထမင်းစားကြစို့လေ"

နဉ်ကျင်းသည် ဝိုင်ပုလင်းအားဆွဲယူကာ သူတို့လက်များအားဆေးကြောရန် စူးယွင်နောက်မှလိုက်သွားလေ၏။

သူသည် သူတို့၏ခွက်များထဲဝိုင်ငှဲ့ပေးရင်း

"မြည်းကြည့်လိုက် ဒီဝိုင်ကိုကိုယ့်ရဲ့ အစ်ကိုကြီးကပို့လိုက်တာ"

ဝိုင်အား ကျန်းနန်ရှိနာမည်ကြီးဝိုင်အရောင်းသမားတစ်ဦးဆီမှ နဉ်ကျင်း၏အစ်ကိုကြီးမင်းသားနဉ်မှာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

စူးယွင်မှာအံ့ဩသွားရ၏။

"ရှင့်မှာအစ်ကိုကြီးတစ်ယောက်ရှိတယ်ပေါ့"

သူနှင့်အချိန်အတော်ကြာသိခဲ့ပြီးနောက်တွင် သူ့မိသားစုနှင့်ပက်သက်သည့် တစ်ဦးတစ်ယောက်ကိုမှ မမြင်ဖူးသောကြောင့် သူ့ထံတွင်ဆွေမျိုးများမရှိဟု မသိစိတ်အရ ယူဆခဲ့မိလေသည်။

နဉ်ကျင်းမှာခေါင်းငြိမ့်၍

"ဟုတ်တယ်လေ သူကအတော်အလုပ်ရှုပ်တဲ့လူဆိုတော့ သူနဲ့တွေ့ရဖို့ကရှားတယ်"

စူးယွင်သည် သူ့မိသားစုကိစ္စနှင့်ပက်သက်သည်တို့ကို သိပ်ဂရုမစိုက်၍ သူပြန်ပြောသည်ကို သာမန်ကာလျှံကာမျှသာ သိပြီဖြစ်ကြောင်းပြောလိုက်၏။

သူမသည် အရက်ခွက်အားကိုင်ကာ အငုံလေးတစ်ငုံသောက်လိုက်သည်။

အရသာမှာ ချောမွေ့၍ အဆီအနှစ်ပြည့်ဝကာ သောက်ပြီးချိန်တွင်ပင် ခံတွင်းထဲဝိုင်အရသာဖျော့ဖျော့မှ စွဲကျန်နေခဲ့ပြီး ချိုမြိန်မှုသာကျန်ခဲ့သည်မှာ နောက်တစ်ငုံထပ်သောက်ရန်ဖိတ်ခေါ်နေသည့်အလား။

"အရသာရှိလိုက်တာ"

စူးယွင်သည် ပြောရင်းပင် နောက်တစ်ငုံထပ်သောက်လိုက်ပြန်၏။

သူမခွက်ထဲဗလာဖြစ်လုနီးနေသည်ကို တွေ့လိုက်ရသောနဉ်ကျင်းမှာ ‌မျက်မှောင်ကြုံ့၍ အကြံပေးလိုက်သည်။

"လျှော့သောက်လေ ဒီဝိုင်ကအတော်ပြင်းတယ်"

စူးယွင်သည် အရေးမထားဟန်ဖြင့် လက်ယမ်းပြရင်း

"အဆင်ပြေပါတယ် ကျွန်မကအရက်သောက်နိုင်စွမ်းမြင့်တယ်လေ"

သူမ၏ခေတ်သစ်ဘဝတွင်ဆို အရက်သောက်ရန် သူငယ်ချင်းများနှင့် မကြာမကြာထွက်လေ့ရှိရာ ဤပမာဏမှာ သူမအဖို့မပြောပလောက်ပါပင်။

ဝမ်ကော၏တံခါးမအား ပိတ်ထားသည်ကိုနဥ်ကျင်းတွေ့လိုက်ရရာ ယနေ့အဖို့ ဝယ်သူမရှိလောက်တော့ဟု ခန့်မှန်း၍ သူမအားထပ်မံဖိအားပေးမနေတော့ပေ။

သို့သော်ငြား စူးယွင်မေ့နေသည်မှာ ဤကိုယ်သည် သူမအပိုင်ဟုတ်မနေသည်ကိုပင်။သူမထံတွင် အရက်ခံနိုင်ရည်စွမ်းမြင့်မြင့်ရှိနေပေသိ မူလကိုယ်မှာတော့ အရက်တစ်စက်ပင်မထိတို့ဖူးသူဖြစ်လေ၏။

နှစ်ခွက်သောက်ပြီးချိန်တွင် စူးယွင်၏မျက်နှာမှာနီရဲလာပြီး သူမမျက်ဝန်းတို့မှာလည်း ရီဝေလာလေသည်။သူမသည် စားပွဲအားရိုက်ချကာ ဟိုကြည့်ဒီကြည့်ဖြင့် ယိုင်ထိုးနေလေ၏။

"မင်းကအရက်‌ေသာက်နိုင်စွမ်းမြင့်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား"

နဉ်ကျင်းသည် မျက်မှောင်ကြုံ့လိုက်ကာ သူ့စကားလုံးများသည်လည်း လှောင်ပြောင်ရိပ်တစ်စွန်းတစ်စအား တပ်ဆင်ထားလေသည်။

"ကျွန်မ...."

စူးယွင်သည် မတ်တပ်ထရပ်လိုက်ရာ သူမခေါင်းသည် လေးလံထိုင်းမှိုင်းနေသလိုခံစားနေရ၏။

"ကျွန်မ....ကျွန်မ.....တစ်ကယ်...တစ်ကယ်ကို.....အဆင်ပြေ.....အဆင်ပြေပါတယ်"

သူမသည် စကားပြောရင်း မတ်တပ်ရပ်ဖို့လုပ်ကာ သူ့အားသူမစကားမှန်ကန်ကြောင်း သက်သေပြချင်နေတော့သည်။

"ကြည့်နေနော်.....ကျွန်မကို ဝမ်ကောထဲနှစ်ပတ်,ပတ်လျှောက်ခိုင်းကြည့် ပြဿနာမရှိစေရဘူး"

နဉ်ကျင်းသည်လည်း မတ်တပ်ထရပ်ကာ သူမအားသိချင်စိတ်ဖြင့် ကြည့်နေလိုက်၏။

"မင်းမလုပ်နိုင်..."

သူ့စကားမဆုံးခင်မှာပင် စူးယွင်သည် သူမဘယ်ခြေထောက်ဖြင့်တိုက်ကာ ဘေးသို့ချော်လဲသွားလေသည်။

မသိစိတ်၏စေ့ဆော်မှုဖြင့် နဉ်ကျင်းသည် လက်ဆန့်ကာသူမအားဖမ်းလိုက်၏။ထို့နောက် သူသည် စူးယွင်၏ပုခုံးအား အသာဆွဲလှည့်ကာ သူနှင့်မျက်နှာချင်းဆိုင်စေလိုက်သည်။

"ကျွန်မသွားချင်တယ်.....ကျွန်မသွားချင်တယ်"

စူးယွင်သည် ပွစိပွစိပြောကာ သူမခန္ဓာကိုယ်အား မရပ်မနားတွန့်လိမ်နေတော့၏။

"မိန်းကလေးစူး"

သူမခါးအား‌ေပွ့ဖက်ထားသည့် နဉ်ကျင်း၏လက်မှာ အတန်ငယ်တင်းကြပ်လိုက်မိသည်။

"မင်းပွင့်လင်းရင်ပိုကောင်းမယ်နော်"

စူးယွင်၏မျက်လုံးထောင့်များမှာ နီရဲလာလေ၏။သူမသည်ခေါင်းစောင်း၍ နဉ်ကျင်း၏မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ ဖြည်းဖြည်းချင်းတိုးကပ်သွားလိုက်သည်။

All Chapters