← Chapters

အခန်း (၃၂)

Vol. 4 Ch. 32

အခန်း (၃၂)

Vol. 4 Ch. 32

သူတို့နှာတံချင်းထိတွေ့မိတော့မည့်အချိန်တွင် စူးယွင်မှာသူမ၏လှုပ်ရှားမှုအား ရပ်တန့်လိုက်၏။

သူမမှ အသာခေါင်းစောင်းလိုက်ရာ အေးမြလန်းဆန်းသောရနံ့တို့သယ်ဆောင်ထားသည့် ဆံနွယ်မျှင်တစ်စုမှာ နဉ်ကျင်း၏နှုတ်ခမ်းပါးများကို ပွတ်သပ်သွားလေသည်။

နဉ်ကျင်းသည် သူမ၏သေးသွယ်သော ခါးလေးအားကိုင်ထားပြီး သူ့လက်မှထိကိုင်ထားသော အထည်စမှတစ်ဆင့် ခံစားနေရသော အပူချိန်မှာ မြင့်တက်လာလေ၏။

သူ၏ခေါင်းအားငုံ့လိုက်ပြီး သူ့လက်မောင်းများကြားထဲရှိ လူသားလေးကိုကြည့်လိုက်သည်။သူမမျက်နှာမှာ နီသွေးကြွနေပြီး နှုတ်ခမ်းသေးသေးလေးမှာလည်း အတန်ငယ်ပွင့်ဟနေကာ ယစ်မူးနေသူတစ်ဦး၏ ရီဝေရှုပ်ထွေးမှုအရိပ်အယောင်တို့မှာ သူမမျက်ဝန်းများထဲ တောက်ပနေဆဲပင်။

စူးယွင်အားဤကဲ့သို့ပုံစံဖြင့်တွေ့ရသော် သူ့မျက်ဝန်းများထဲတွင် မသိလိုက်မသိဘာသာဖြင့်အပြုံးတစ်ပွင့် ဖြစ်တည်လာခဲ့၏။

သူ၏အကြည့်အားပြန်ရုတ်ကာ နဉ်ကျင်းသည် အတန်ငယ်ဩရှနေသောလေသံဖြင့်

"မိန်းကလေးစူးကတော့ အတော်လေးမူးနေပြီထင်ပါတယ်"

"အင်းးး"

စူးယွင်သည် ညည်းတွားရင်း နဉ်ကျင်း၏ခါးကို ခပ်ဆတ်ဆတ်ဆွဲလိမ်ချလိုက်၏။

"ကျွန်မကလုံးဝမမူးပါဘူးဆို"

"ခေါင်းမာနေသေးတယ်"

နဉ်ကျင်းသည် ညာလက်ဖြင့် သူမခေါင်းနောက်ဘက်အားထိန်းကိုင်ကာ သူမ၏ပိုးသားနှယ်ဆံနွယ်တို့အား သာသာလေးပွတ်သပ်ပေးနေလိုက်၏။

"မိန်းကလေးစူးလို ပါးနပ်တဲ့လူတွေကသာ ဝန်ခံဖို့အရေးငြင်းဆန်ကြတာပဲ"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သူမမှာပြန်ဖြေလာ၏။

စူးယွင်သည် သူ့အားခေါင်းမော့ကြည့်ကာ သူတို့အကြည့်များမှာ တစ်ယောက်စီ၏စိတ်ခံစားချက်တိုင်းပေါ် စွဲမြဲနေအောင် စိုက်ကြည့်နေကြ၏။

နဉ်ကျင်း၏နှုတ်ခမ်းများမှာ အပြုံးဖျော့ဖျော့အသွင် ကွေးတက်သွားပြီး သူ၏လက်ကြီးများမှ သူမ၏မျက်နှာသေးသေးလေးအား အုပ်ကိုင်လိုက်သည်။

နွေးနေတာပဲ...

"နောက်တစ်ခေါက်ဆို လျှော့သောက်နော်"

သူမှပြောလိုက်သည်။

စူးယွင်သည် ခေါင်းအားစောင်းလိုက်ပြီး သူမမျက်လုံးများအားပိတ်ကာ သူ့လက်ဖဝါးအား မျက်နှာဖြင့်ပွတ်သပ်ရင်း သက်တောင့်သက်တာရှိသောနေရာတစ်ခုအားရှာ၍ အသာခေါင်းငြိမ့်ပြလာ၏။

"ပင်ပန်းနေပြီလား"

သူ၏အမေးအားကြားသော် စူးယွင်သည်မျက်လုံးများပွင့်လာပြီး ပြုံးပြလာ၏။

"မပင်ပန်းပါဘူး ကျွန်မတက်ကြွနေတာပဲ"

"ဒါဆိုလမ်း‌ေလျှာက်ခဏထွက်ကြစို့"

သူမှအကြံပြုလာ၏။

"ကောင်းပြီလေ"

နဉ်ကျင်းသည် စူးယွင်၏လက်အားကိုင်ကာ သူမအားမြစ်ဘေးသို့ခေါ်သွားခဲ့၏။

မြစ်ကမ်းဘေးရှိ ညတာမှာ အေးချမ်းဆိတ်ငြိမ်၍ ကဗျာဆန်နေတော့သည်။ကမ်းခြေတစ်လျှောက်တွင်လည်း ရေမှရောင်ပြန်ဟပ်လာသည့် တံလျှပ်အလင်းရောင်တို့ရှိနေကာ လှိုင်းထနေသောအလင်းတန်းများအလား ဖန်တီးနေကြလေ၏။ညနေခင်း၏အေးမြသောလေညှင်းတစ်သုတ်မှာ သူမတို့အပေါ်ဖြတ်တိုက်သွားလေရာ သယ်ဆောင်လာသည့် လန်းဆန်းဖွယ်အအေးဓာတ်မှ စူးယွင်၏စိတ်အား အနည်းငယ်ကြည်လင်စေခဲ့သည်။သူမ၏အကြည့်မှာ လေညှင်း၏တိုက်ခတ်ရာအတိုင်း လိုက်ပါသွားကာ လေထုထဲရှိစိမ်းသက်သောနွေးထွေးမှုရပ်ဝန်းထံ ငုံ့ကြည့်လိုက်၏။

လှပတင့်တယ်သောလက်တစ်ဖက်သည် သူမလက်အား တင်းတင်းဆုပ်ကိုင်ထားလေသည်။

သူမတို့လက်များကြားရှိ ခြားနားသောအနွေးဓာတ်မှာ သိသာထင်ရှားလှလေ၏။

သူမခေါင်းထက်မှနေ အသံတစ်သံထွက်လာသည်။

"မင်းခဏနားချင်လား"

စူးယွင်သည် သူမအကြည့်အားရွှေ့လိုက်ကာ သူ့အကြည့်အတိုင်းလိုက်ကြည့်လိုက်၏။

သူမတို့ရှေ့တွင် ထိုင်ပြီးစကားစမြည်‌ေပြာနိုင်‌ေလာက်သည်ထိ ပြန့်ပြူးကျယ်ဝန်းသည့် မြက်ခင်းပြင်တစ်ခုရှိနေသည်။

"နားကြတာပေါ့"

သူမမှပြန်ဖြေလိုက်၏။

သူတို့နှစ်ဦးသား ခဏတာမျှ စကားစမြည်ပြောနေကြရင်း တစ်ဖြည်းဖြည်းဖြင့် စူးယွင်၏ကိုယ်မှာ အပန်းပြေလာတော့သည်။သူမသည် မတ်မတ်ထိုင်နေရာမှနေ နေရာရွှေ့၍ နဉ်ကျင်း၏ပေါင်ပေါ် ခေါင်းတင်ကာနားလိုက်၏။

နဉ်ကျင်းသည် ဖွဖွရယ်ကာ သူမနားထင်အားနှိပ်နယ်ပေးရန်လက်ဆန့်လိုက်သည်။

"နောက်တစ်ကြိမ်ကျအများကြီးမသောက်နဲ့။နောက်ကျမှ မင်းပြန်ပြီးနောင်တရနေလိမ့်မယ်"

ခဏတာတိတ်ဆိတ်နေပြီးနောက်တွင်တော့ တည်ငြိမ်သော အသက်ရှူသံမှတစ်ပါး မည်သည့်ပြန်ဖြေသံမှမကြားရတော့ပေ။

နဉ်ကျင်းသည် ကူကယ်ရာမဲ့ဟန်ဖြင့်ခေါင်းယမ်းကာ

"မင်းကတော့လေ...."

သူမ၏ခါးလေးအား အသာပွေ့ကာ သူမတစ်ကိုယ်လုံးကို ချီမလိုက်တော့၏။

-----------

ဇူလိုင်လ ၁၉ရက် လုံဟွမ်ဘုန်းကြီးကျောင်း

သူရိန်နေမင်းကြီးမှ မိုးကုပ်စက်ဝိုင်းထက်တွင် မေးတင်လာသော မိုးသောက်ချိန်တွင် စူးယွင်သည် နဉ်ကျင်းနောက်မှနေ တောင်ခြေသို့လိုက်လာခဲ့၏။

လမ်းတစ်လျှောက်တွင် အဖြူရောင်မြူခိုးတို့မှာ ရစ်ခွေယှက်သိုင်း၍ တိမ်လွှာတို့မှာလည်း မီးခိုးငွေ့များအလား လွှင့်တက်ပြန့်ကျဲနေတော့သည်။

စူးယွင်သည် လက်မှုပညာ၌ ကျွမ်းကျင်ပေသိ ကိုယ်ခံစွမ်းအားမှာတော့ ကင်းမဲ့‌လှ၏။‌ေတာင်တက်ခရီးလမ်းအများစုတွင် သူမအားနဉ်ကျင်းမှထောက်ကူပေးခဲ့ရသည်။

သစ်ပင်ကြီးတစ်ပင်အောက်တွင် ရပ်ကာသူမသည် ရှု‌ေမျှာ်ခင်းအားငုံ့ကြည့်လိုက်၏။

စိမ်းစိုနေသောတောင်ခါးပန်းတစ်‌ေလျှာက်တွင် တိမ်လွှာများရစ်သိုင်းကာ တစ်တောင်ပေါ်တစ်တောင်ဆင့်၍ ယှက်သွယ်နေသော အဆုံးမဲ့တောင်စဉ်တောင်တန်းကြီးများသည် ခမ်းနားလှပသောနတ်ဘုံနတ်နန်းတမျှထင်မှတ်ရလောက်သော ပုံရိပ်တစ်ခုကိုဖန်တီးနေလေသည်။ရင်သပ်ရှုမောဖွယ်ကောင်းလှပေ၏။

စူးယွင်သည် အသက်ပြင်းပြင်းရှူကာ သက်ပြင်းချရင်း

"ရှုခင်းက ဩချစရာပေမယ့် တက်လာရတာက အရမ်းခက်ခဲလွန်းတယ်"

နဉ်ကျင်းသည် သူ၏ခေါက်ယပ်တောင်အား ယမ်းကာသူမအား အေးမြသွားစေရန် ခပ်ပေးနေလိုက်၏။

"မင်းရဲ့ကြံ့ခိုင်မှုအတွက် ကိုယ်လက်လှုပ်ရှားတာတွေ လုပ်သင့်ပြီနော်"

တောင်တက်လမ်းမှာ မတ်စောက်လှသည်မဟုတ်သော်ငြား သူမအတွက်တော့ ချောက်ကမ်းပါးတစ်ခုကို ကပ်တွယ်နေရသလိုခက်ခဲလှကြောင်း သိလိုက်ရသည်။

စာသင်ခန်းထဲရှိ ကျောင်းသားလေးများကပင် သူမထက်ပိုကောင်းအောင် လုပ်နိုင်မည့်ပုံပေါ်နေလေ၏။

"ရှင်ဘာသိလို့လဲ"

စူးယွင်သည် သူ့အားကြည့်ကာ ပြန်လည်ချေပလိုက်သည်။

"လူတိုင်းမှာ မတူညီတဲ့ခွန်အားတွေရှိတာပဲလေ။ကျွန်မလိုမျိုး လက်မှုပညာရှင်တစ်ယောက်ဆိုရင် တိကျမှုနဲ့ အာရုံစိုက်မှုထားရမယ့်အလုပ်တွေမှာ တန်ဖိုးရှိတယ်။အဲ့အချက်တွေက တောင်တွေပေါ်တက်ဖို့ခွန်အားကြံ့ခိုင်မှုဆိုတာနဲ့ မဆိုင်ဘူးလေ"

"ပြီးတော့ပြောရရင် လမ်းကြောကမတ်နေတာလေ။အဲ့တော့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မကရှင့်ကို ဘယ်လိုယှဉ်နိုင်ပါ့မလဲ"

စူးယွင်မှ စကားအားအဆုံးသတ်လိုက်သည်နှင့် တောင်တက်လမ်းထက်တွင် ကလေးမလေးတစ်ဦး ပေါ်လာခဲ့ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလာလေ၏။

"ပါးပါး မားမား ကြည့်လိုက်!သမီးက တစ်လမ်းလုံးကိုယ့်ဘာသာတက်လာတာနော်"

နဉ်ကျင်းသည် ရယ်ရွှင်လိုဟန်ဖြင့်ခေါင်းစောင်းလိုက်ကာ မှတ်ချက်ပြုလာသည်။

"အဲ့တော့ ဒါက....."

စူးယွင်၏နှုတ်ခမ်းထောင့်ရှိ အပြုံးမှာ အတန်ငယ်တောင့်တင်းသွားရ၏။

နောက်ခဏတွင်ပင် သူမသည်ခေါင်းမော့ရင်ကော့ကာ ရင့်ကျက်ဟန်ဆောင်၍ ပြောလာသည်။

"ကလေးတွေက ငယ်ရွယ်ပြီးခွန်အားအပြည့်ရှိကြတာလေ။သူတို့ကကြီးထွားဆဲအရွယ်လေးတွေဆိုတော့ သူတို့ရဲ့ခံနိုင်ရည်ကို ကျွန်မလိုအသက်အရွယ်တွေက ဘယ်လိုလုပ်ယှဉ်နိုင်ပါ့မလဲ"

နဉ်ကျင်းသည် သူမ၏မခိုင်လုံသောအကြောင်းပြချက်အား မဖော်ထုတ်တော့ပေ။ထိုအစား သူသည်သူမလက်အားဆွဲ၍ တောင်တက်လမ်းကိုသာ ဆက်တက်သွားလိုက်တော့သည်။

"လူတွေအများကြီးရောက်မလာခင် အရင်ဆုံးအထဲဝင်ကြည့်ကြစို့"

လုံဟွမ်ဘုန်းကြီးကျောင်းသည် မိုင်တစ်ရာအတွင်း တန်ခိုးအာနုဘော်အကြီးဆုံး ကျောင်းတစ်ကျောင်းအဖြစ် လူသိများလေ၏။ပြောကြသည်မှာ လူတစ်ယောက်မှ မည်သည်ကိုမဆို ဆုတောင်းလိုက်ပါလျှင် ဆုတောင်းပြည့်လေသည်ဟုပင်။

ယနေ့မှာ ဘုန်းကြီးကျောင်း၏နှစ်ပတ်လည်ဘုရားပွဲဖြစ်၍ နှစ်တစ်နှစ်၏ အလုပ်အရှုပ်ဆုံးနှင့် အသက်အဝင်ဆုံးရက်ဖြစ်သွားစေ၏။

လာရောက်သူများမှာ မြို့တော်မှရာထူးကြီးအမတ်များနှင့် မျိုးရိုးမြင့်များ၊သာမန်လူတန်းစားများ၊မြို့တော်နားရှိ မြို့ငယ်များမှ ပြည်သူများပင် ဤနေရာသို့လာပြီး အမွှေးတိုင်ထွန်းညှိကာ ဆုတောင်းကြလေသည်။

သို့သော်ငြား နဉ်ကျင်းသည် နတ်ဘုရားများဖြစ်စေ ဗုဒ္ဓကိုဖြစ်စေ ယုံကြည်သူမဟုတ်ရာ ယခင်က ဤကဲ့သို့ဘုရားပွဲမျိုးကို မတက်ရောက်ဖူးပေ။

"ကောင်းပြီလေ"

စူးယွင်သည် ပြန်ဖြေလိုက်ပြီး သူ့ထံအားပြုကာ ဆက်လက်တက်သွားလိုက်သည်။

လုံဟွမ်ဘုန်းကြီးကျောင်း၏ အဓိကခန်းမဆီရောက်သော် သူတို့သည် လှေကားထစ်များတက်ရသေး၏။

လှေကားထစ်မှာ ကျဉ်းမြောင်းမနေပေသိ လာရောက်သူဦး‌ေရများပြားလွန်းရာ အချင်းချင်း အလွယ်တကူတွန်းတိုက်မိသွားစေသည်။

နဉ်ကျင်းသည် စူးယွင်၏လက်အားတင်းတင်းကိုင်ကာ သူ့အနားသို့ သူမကိုအသာဆွဲခေါ်လိုက်၏။ထို့နောက် သူသည် သူမလက်အားလွှတ်ကာ သူမပုခုံးထက် သူ့လက်အားအသာတင်လိုက်သည်။

စူးယွင်သည် သူ့အားလှည့်ကြည့်လာ၏။

နဉ်ကျင်းသည် တည်တည်ငြိမ်ငြိမ်ဖြင့်ရှင်းပြလာသည်။

"လူတွေအများကြီးရှိနေတာလေ။ကိုယ်မင်းကိုမထိခိုက်စေချင်ဘူး"

"အိုး"

သူမသည် တိုးတိုးလေးပြန်ဖြေလိုက်၏။

အဓိကခန်းမတွင်းတွင်တော့ အမွှေးတိုင်နံ့များမှာ မွှန်ထူနေလေသည်။ထူထပ်‌ေသာမီးခိုးငွေ့များမှာ စူးယွင်အား မျက်လုံးမှေးကျဉ်းသွားစေကာ ခဏတာမျှမျက်လုံးအားပြန်မဖွင့်နိုင်စေခဲ့ပေ။

သူမသည်မျက်လုံးများအား ပွတ်၍ကျင့်သားရသွားချိန်တွင်တော့ ဘေးဘက်တွင်သာရပ်ပြီး နဉ်ကျင်းကိုစောင့်နေလိုက်သည်။

ပျင်းရိလာသောကြောင့် စူးယွင်သည် လက်ထဲအမွှေးတိုင်စည်းများကိုင်ထားကြသည့် လူများမှ မျက်လုံးတို့အားပိတ်၍ လေးလေးနက်နက်ဒူးထောက်ဝပ်တွားကာ ဗုဒ္ဓရုပ်ထုများရှေ့ ဆုတောင်းနေကြသည်ကို ကြည့်နေလိုက်၏။

ထိုလုပ်ရပ်သည် သူမအား ခေတ်သစ်ကာလရှိ ဘုန်းကြီးကျောင်းများထံ သွားရသည်ကို နှစ်ခြိုက်သော သူမအဘွားဖြစ်သူမှ ဘုရားပွဲတိုင်းတွင် သူမအား အတူလိုက်ဖို့ဆွဲ‌ေခါ်ခဲ့ချိန်ကို ပြန်ပြောင်းသတိရစေခဲ့သည်။

All Chapters